၂၄။ အိန္ဒိယမိန်းကလေးတစ်ဦး၏ ခက်ခဲသော ယုံကြည်ခြင်းလမ်းကြောင်း

ကျွန်မက ခရစ်ယာန်မိသားစုမှာ မွေးဖွားခဲ့တာပါ။ အဖေက သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး၊ ကျွန်မအမေကလည်း အသင်းတော်မှာ အစေခံတယ်။ ကျွန်မ ငယ်ငယ်ကတည်းက သူတို့နဲ့အတူ သခင့်ကို ယုံကြည်ခဲ့တယ်။ ကျွန်မမိဘတွေက သခင့်ကို အရမ်းကိုင်းရှိုင်းတဲ့ ယုံကြည်သူတွေဖြစ်ပြီး တခြားသူတွေအပေါ်မှာလည်း အရမ်း ဖော်ရွေကြတယ်။ ကျွန်မတို့မိသားစုက အရမ်း သာယာတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေဆိုရင် ပျော်ရွှင်ရတဲ့ မိသားစုရှိလို့ ကျွန်မကို အားကျကြတယ်၊ ကျွန်မလည်း တော်တော် ကံကောင်းတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ အသက်ကြီးလာတော့၊ ဘေးနားကလူတွေ အပြစ်ခဏခဏကျူးလွန်ကြတာကို မြင်ရတယ်၊ ကျွန်မလည်း အပြစ်ရဲ့ နှောင်ဖွဲ့မှုအောက်မှာ နေနေခဲ့ရတယ်။ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်၊ ကျွန်မ လိမ်ပြောတယ်၊ စိတ်လိုက်မာန်ပါလုပ်တယ်၊ ပြီးတော့ သူများတွေကို မနာလိုဖြစ်ပြီး မုန်းတီးတာတွေလည်း ရှိခဲ့တယ်။ ကျွန်မ အရမ်း ဒုက္ခပေးခဲ့တယ်။ ဒီလိုဖြစ်နေတဲ့ ကိုယ့်ပုံစံကို ကိုယ်တောင် မကြိုက်ဘူး၊ ဒီတော့ ဘုရားသခင်က ကျွန်မကို ဘယ်လိုလုပ် နှစ်သက်နိုင်မှာလဲ။ ကျွန်မ ခဏခဏ ငိုပြီး ဘုရားသခင်ဆီ အပြစ်ဝန်ခံခဲ့ပေမဲ့ ပြီးသွားရင် အမှုမဲ့အမှတ်မဲ့ အပြစ်ထပ်လုပ်မိပြန်ရော။ ကျွန်မ အရမ်း စိတ်ပူမိတယ် နောင်တမရဘဲ၊ မပြောင်းလဲဘဲ ဒီအတိုင်းသာ ဆက်သွားရင်၊ အဆုံးမှာ ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်ပါ့မလားပေါ့။ ဒါနဲ့ ကျွန်မအဖေကို မေးလိုက်တယ်။ “သမီး အပြစ်ခဏခဏ လုပ်မိနေတယ်၊ သခင်က ခွင့်လွှတ်ပါ့မလား။ စစ်မှန်တဲ့ နောင်တရဖို့ ဘာလုပ်ရမလဲ” လို့ပေါ့။ အဖေက ပြောတယ်။ “စိတ်မပူပါနဲ့။ သခင့်ဆီ အပြစ်ဝန်ခံပြီး နောင်တရသရွေ့၊ ကိုယ်တော်က အဖေတို့အပြစ်တွေကို ခွင့်လွှတ်မှာပါ။ သခင်က အဖေတို့ကို စွန့်ပစ်မှာ မဟုတ်ပါဘူး” တဲ့။ အဖေ့အဖြေက ကျွန်မရဲ့ ဝေခွဲမရဖြစ်မှုတွေကို လုံးဝ မဖြေရှင်းပေးနိုင်ခဲ့ပါဘူး။

၂၀၂၀ မတ်လမှာ၊ ကမ္ဘာ့ကူးစက်ရောဂါက ပိုပိုဆိုးလာပြီး နေရာတွေအကုန် ပိတ်ဖို့ အမိန့်ထုတ်ခံရတယ်။ အဲဒီအချိန်တုန်းက ကျွန်မက သူနာပြုဘွဲ့အတွက် တက်နေတာ၊ ကျောင်းပိတ်လိုက်လို့ အိမ်လည်းပြန်ခဲ့ရတယ်။ ဧပြီလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အွန်လိုင်း စုဝေးပွဲတက်ဖို့ ကျွန်မရဲ့သူငယ်ချင်း အယ်လာဆီကနေ ဖေ့စ်ဘွတ်မှာ ဖိတ်ခေါ်မှုတစ်ခု လက်ခံရရှိခဲ့တယ်။ စုံစမ်းလေ့လာမှု တစ်ခု လုပ်ပြီးတဲ့နောက်မှာ၊ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်း သမ္မာတရားကို ကျွန်မ နားလည်လာတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က အမှုတော် သုံးဆင့် လုပ်တယ်ဆိုတာကို သိလာပြီး၊ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်က လူတွေရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး ပြောင်းလဲပေးဖို့၊ အပြစ်ရဲ့ နှောင်ဖွဲ့မှုကနေ လွတ်မြောက်စေပြီး အပြည့်အဝ ကယ်တင်ဖို့ ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့တယ်။ ဒါက အပြစ်ကနေ လွတ်မြောက်ဖို့ ကျွန်မ ရှာဖွေနေခဲ့တဲ့ လမ်းကြောင်း အတိအကျပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက နှစ်ချီကြာ ကျွန်မကို နှိပ်စက်နေတဲ့ ဇဝေဇဝါဖြစ်မှုတွေကို ဖယ်ရှားပေးလိုက်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲလို့ စိတ်နှလုံးထဲကနေ အခိုင်အမာ ယုံကြည်လိုက်တယ်။ အဲဒီနောက်ပိုင်း၊ စုဝေးပွဲတွေ ခဏခဏ တက်တယ်။ စုဝေးပွဲတိုင်းကနေ သမ္မာတရားတချို့ကို နားလည်နိုင်ခဲ့ပြီး ကျွန်မစိတ်နှလုံးက တကယ်ကို ထောက်ပံ့ခံရတယ်။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတွေကို ဖေ့စ်ဘွတ်မှာ ကျွန်မ မျှဝေခဲ့တယ်။ အဲဒါကို သင်းအုပ်ဆရာတစ်ယောက် မြင်သွားတယ်။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့အကြောင်း အဖေ့ကို သွားပြောတယ်။ အဖေက ကျွန်မကို မေးခွန်းထုတ်ပါလေရော။ “နင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အွန်လိုင်း စုဝေးပွဲတွေ တက်နေတာလား။ နင် မိစ္ဆာဒိဋ္ဌိအယူကို ယုံကြည်နေတယ်လို့ တစ်ယောက်ယောက်က ငါ့ကို လာပြောတယ်။ နင်သိလား။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဟောပြောတဲ့ လမ်းခရီးက သမ္မာကျမ်းစာနဲ့ မညီညွတ်ဘူး။ နင် အဲဒါကို ဆက်မယုံကြည်ရဘူး။ ငါ့သမီးက ဘယ်လိုလုပ်ပြီး ငါ့စကားကိုနားမထောင်ဘဲ တခြားလမ်းခရီးတစ်ခုကို ယုံကြည်နိုင်ရတာလဲ” တဲ့။ အဖေက သူ့သိက္ခာဆယ်ဖို့ကိုပဲ အရမ်းစိုးရိမ်ပြီး ဒီလိုတောင် ပြောတယ်။ “ငါ့သမီးအရင်းခေါက်ခေါက်တောင် ငါဆုံးမတာတွေကို နားမထောင်ချင်ဘူး။ ဒီတော့ သူများတွေကို ငါ ဘယ်လို ဆက်ဆုံးမနိုင်မှာလဲ” တဲ့။ ကျွန်မ ပြောလိုက်တယ်။ “အဖေ၊ သမီးတို့အားလုံး အပြစ်ထဲမှာ အသက်ရှင်ပြီး အမှုမဲ့အမှတ်မဲ့ အပြစ်ခဏခဏ လုပ်မိတာ၊ လွတ်မြောက်ချင်ရင်တောင် မလွတ်မြောက်နိုင်တာကို အဖေလည်း သိတာပဲ။ ဒါက သမီးတို့အတွင်းထဲက အပြစ်ရှိတဲ့ သဘာဝ မဖြေရှင်းရသေးလို့လေ။ နောက်ဆုံးသော ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုတော်ကို ပြုတာက သမီးတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝကို ဖြေရှင်းဖို့၊ သမီးတို့ကို သန့်စင်ပေးပြီး အပြစ်ကနေ ကယ်တင်ဖို့ အတိအကျပဲ” လို့ပေါ့။ ဒါကို ကြားပြီးနောက်မှာ၊ အဖေက အရမ်း ဒေါသထွက်ပြီး ပြောတယ်။ “ဘုရားသခင်က အမှုတော်အသစ်ပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဖေတို့ မသန့်စင်သေးပေမဲ့၊ သခင့်ဆီ ဆုတောင်းပြီး ဝန်ချသရွေ့၊ ကိုယ်တော်က အဖေတို့ကို ခွင့်လွှတ်မှာပါ။ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော် တစ်ခုမှ လိုကို မလိုပါဘူး” တဲ့။ ကျွန်မ အဖေ့ကို ပြောလိုက်တယ်။ “ကျမ်းစာထဲက ပရောဖက်ပြုချက် အများကြီးမှာ သခင် ပြန်ကြွလာတဲ့အခါ နောက်ထပ် အမှုတော်တစ်ဆင့် ပြုမယ်ဆိုတာ ဖော်ပြထားတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ ‘သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) ဘုရားသခင်က သမ္မာတရား ဖော်ပြဖို့နဲ့ လူတွေကို သူတို့အပြစ်တွေကနေ သန့်စင်ပေးဖို့ နောက်ဆုံးသော ကာလမှာ ကြွလာတယ်ဆိုတာ ဒါက ပြောပြနေတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်က ဒီပရောဖက်ပြုချက်တွေကို အပြည့်အဝ ပြည့်စုံစေပါတယ်။ သခင်က သန့်ရှင်းပါတယ်။ ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲသြဝါဒစာ ၁၂:၁၄) သမီးတို့အားလုံး အခု အပြစ်ထဲမှာ ရှင်သန်နေကြတာလေ။ သမီးတို့က တစ်ကိုယ်ကောင်းဆန်တယ်၊ လောဘကြီးတယ်၊ မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တယ်၊ ပြီးတော့ ခဏခဏ ကိုယ်ရည်သွေးကြတယ်။ လိမ်တယ်၊ လှည့်စားတယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ကြတယ်၊ စသည်ဖြင့်ပေါ့။ ဒီအပြစ်တွေကို မဖယ်ရှားဘဲနဲ့ ကောင်းကင်နိုင်ငံတော် ဝင်ဖို့ သမီးတို့ လုံးဝ အရည်အချင်း မပြည့်မီပါဘူး” လို့ပေါ့။ ဒါပေမဲ့ အဖေက ကျွန်မပြောတာတွေကို လုံးဝ နားမထောင်ခဲ့ဘူး။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်အောင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပုတ်ခတ်ဖို့ စီစီပီ အသုံးပြုတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ အကုန်လုံးကို သူ ကျွန်မကို ပြောပြတယ်။ ပြီးတော့ ဝမ်းနည်းတဲ့ မျက်နှာထားနဲ့ ပြောတယ်။ “ဒါတွေအားလုံး ငါ့အပြစ်ပါ။ ငါ နင့်ကို ကောင်းကောင်း ဂရုမစိုက်ခဲ့မိလို့၊ နင် သူတို့ရဲ့ အထင်အမြင်မှားအောင်တာ ခံလိုက်ရပြီ” တဲ့။ ဒီစကားတွေကို ကြားတော့ ကျွန်မ အရမ်း ဝမ်းနည်းမိပြီး၊ စိတ်နည်းနည်း ထိခိုက်ခဲ့တယ်။ ကျွန်မကို လမ်းပြပေးဖို့ တောင်းပန်ရင်း စိတ်ထဲကနေ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်လအတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော် အများကြီးကို ဖတ်ခဲ့ရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အားလုံးက သမ္မာတရား ဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပုံကို ကျွန်မ ပြန်စဉ်းစားမိတယ်။ အဲဒီနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပစ်ပယ်ဖို့နဲ့ ပုံမှန် လူ့သဘာဝနဲ့အညီ အသက်ရှင်နေထိုင်ဖို့ လမ်းပြပေးနေခဲ့တာလေ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ပတ်သက်တဲ့ အသိပညာတချို့ကိုလည်း ပေးခဲ့တယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားနှုတ်ကပတ်တော်ကို တကယ် တောင့်တခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တိုင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ရှိနေခြင်းကို ကျွန်မ မွေ့လျော်နိုင်ခဲ့တယ်။ ကျွန်မစိတ်နှလုံးက ထောက်ပံ့ခံရပြီး ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ရှိခဲ့တယ်။ ဒါက ကျွန်မ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့အရာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကသာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပေးနိုင်ပြီး၊ အပြစ်ရဲ့ နှောင်ဖွဲ့မှုကနေ ကယ်တင်နိုင်မယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိပါတယ်။ အဖေ ဘာပြောပြော၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို ကျွန်မ ဇွဲမလျှော့ဘဲ ဆက်ယုံကြည်ရမယ်။ အဖေ့ကို ဖုန်းထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပြချင်ပေမဲ့၊ သူက ဖုန်းထုတ်ခွင့် မပေးဘဲ ကျွန်မကို အော်ငေါက်တယ်။ “နင် တစ်ခုခု သိချင်ရင်၊ ကျမ်းစာဖတ်။ နင် နားမလည်ရင်၊ ငါ့ကို လာမေး။ တခြားသွန်သင်ချက်တွေကို မစဉ်းမစား နားမထောင်နဲ့” တဲ့။ အဖေက ကျမ်းစာထဲက စာသားတွေကိုပဲ ဖက်တွယ်ထားပြီး သမ္မာတရားကို လက်မခံလို့ ကျွန်မ အရမ်း စိတ်ဓာတ်ကျမိတယ်။ အဲဒီအချိန်မှာ၊ အဖေက ကျွန်မဖုန်းကို သိမ်းသွားတယ်။ သူ ပြန်ပေးပါ့မလား၊ ဒါမှမဟုတ် အွန်လိုင်း စုဝေးပွဲတွေကို ကျွန်မ ဆက်တက်နိုင်ပါ့မလားဆိုတာ မသိတော့ဘူး။ ကိုယ့်မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရတာက တွေ့ကြုံရ လွယ်ကူတဲ့ကိစ္စ မဟုတ်မှန်း ကျွန်မ သိတဲ့အပြင် ဝိညာဉ်ရင့်ကျက်မှု အားနည်းလို့ ကျွန်မ ခိုင်ခိုင်မာမာ မရပ်တည်နိုင်မှာကိုလည်း စိုးရိမ်မိတယ်။ ကျွန်မကို လမ်းပြဖို့နဲ့ ကာကွယ်ပေးဖို့ တောင်းပန်ရင်း စိတ်ထဲကနေ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။

ခဏနေတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကနေ ထွက်ဖို့ အဖေက ထပ်ပြောတယ်။ ကျွန်မ တိတ်နေတာကို မြင်တော့၊ သူ အရမ်း ဒေါသထွက်လာပြီး ကျွန်မကို မေးတယ်။ “နင် ငါ ဆုံးမတာတွေကို နာခံမှာလား၊ ဒါမှမဟုတ် သခင်ယေရှု ပြန်ကြွလာခြင်းအကြောင်း ဟောပြောတဲ့ အဲဒီတရုတ်လူမျိုးတွေနောက် လိုက်မှာလား” တဲ့။ ကျွန်မ ပြန်ဖြေလိုက်တယ်။ “သမီး ဘုရားသခင်နောက် လိုက်မယ်” လို့ပေါ့။ ကျွန်မ အဲဒီလိုပြောပြီးပြီးချင်းမှာပဲ အဖေက ကျွန်မပါးကို ရိုက်လိုက်တယ်။ သူ နောက်ထပ် နှစ်ခါ ထပ်မေးတယ်၊ နှစ်ခါစလုံး ကျွန်မအဖြေက ဒီအတိုင်းပဲ။ ကျွန်မဖြေလိုက်တိုင်း သူ ကျွန်မကို ပါးရိုက်ခဲ့တယ်။ မောင်လေးက ပြောတယ်။ “မမ၊ ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။ အဖေပြောတာ နားထောင်ပြီး၊ အရင်ကလိုပဲ သားတို့မိသားစု သာသာယာယာ နေကြပါစို့” တဲ့။ ကျွန်မ ဘာမှမပြောဘူး၊ အဖေက ဒေါသတကြီးနဲ့ တခြားအခန်းထဲ ဝင်သွားတယ်။ သခင်ယေရှုပြောခဲ့တာကို ကျွန်မ သတိရလိုက်တယ်။ “မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ဓါးကို စေလွှတ်အံ့သောငှါ ငါလာသတည်း။ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း။(ရှင်မဿဲခရစ်ဝင် ၁၀:၃၄-၃၅) ကျွန်မ သိခဲ့တာက သခင်ပြန်ကြွလာခဲ့ပြီ၊ လူတချို့က ကိုယ်တော့်အသံတော်ကို မှတ်မိပြီး ကိုယ်တော့်နောက်ကို လိုက်နိုင်ကြပေမဲ့၊ ကိုယ်တော်ကို မမှတ်မိတဲ့ တခြားသူတွေကတော့ ကိုယ်တော်ကို အတိုက်အခံလုပ်ကြလိမ့်မယ်။ ကျွန်မတို့က မိသားစုတစ်စုတည်းဖြစ်ပေမဲ့လည်း၊ ဒီအကြောင်းကြောင့်ပဲ ကွဲပြားသွားကြလိမ့်မယ်။ ဒါက ကျွန်မ ရင်ဆိုင်ရမဲ့အရာတစ်ခုပဲ။ နှစ်မိနစ် သုံးမိနစ်လောက်နေတော့၊ အဖေက ကျွန်မကို အဲဒီအခန်းထဲ ခေါ်သွားတယ်။ တုတ်ချောင်း ရှည်ရှည်တုတ်တုတ်ကြီး တစ်ချောင်းကို ကိုင်ရင်း “ငါ့ကို ပြောစမ်း။ နင် ဘယ်သူ့စကား နားထောင်မှာလဲ” လို့ မေးတယ်။ ကျွန်မက “သမီး ဘုရားသခင်စကားကိုပဲ နားထောင်မယ်” လို့ ပြောလိုက်တယ်။ ကျွန်မအဖေက ဒေါသအကြီးအကျယ်ထွက်သွားပြီး၊ တုတ်အဖျားနဲ့ ကျွန်မပခုံးကို ထိုးလိုက်တာ ကျွန်မပခုံး အညိုအမည်းစွဲသွားတယ်။ မောင်လေးကလည်း ဘေးကနေ အော်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်ဖို့ ပြောတယ်။ အဖေက ပြောတယ်။ “အခု ငါက စာတန်ပဲ။ မင်း ငါ့စကားနားမထောင်ရင် မင်းကို ငါသတ်ပစ်မယ်” တဲ့။ အဲဒီအချိန်မှာ၊ ကျွန်မ အရမ်း အံ့သြသွားတယ်။ တစ်ချိန်က ကျွန်မ ယုံကြည်လေးစားခဲ့တဲ့ အဖေ၊ သခင့်ကို ယုံကြည်ရာမှာ အရမ်း ဖော်ရွေပြီး နှိမ့်ချပုံရတဲ့ ဒီလူက ဒီလိုစကားတွေ ပြောထွက်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ သူက ယုံကြည်သူဖြစ်လာတာ နှစ်အများကြီး ကြာခဲ့ပြီ၊ နေရာစုံမှာ တရားဟောဖူးတဲ့ သင်းအုပ်ဆရာကြီး ဖြစ်ပေမဲ့၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က သူ့ကို ထုတ်ဖော်တာ လုံးလုံး ခံလိုက်ရပြီ။ သခင်ယေရှု ပြန်ကြွလာတဲ့ သတင်းကို ကြားတဲ့အခါ၊ ရှာဖွေလိုစိတ် လုံးဝ မရှိခဲ့ဘူး။ အနှစ်သာရအနေနဲ့ သူက မယုံကြည်သူတစ်ယောက်ပဲ။ အစတုန်းကတော့၊ ဘုရားသခင်အတွက် ကျွန်မ သက်သေခံတာကို အဖေ နားထောင်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အဲဒီအချိန်မှာ၊ သူက သင်းအုပ်ဆရာ ဖြစ်ပေမဲ့၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး လုံးဝ မရှိမှန်း ကျွန်မ သိလိုက်ရတယ်။ သူက ဘုရားသခင်ကို အစေခံပေမဲ့ ကိုယ်တော်ကို အတိုက်အခံလုပ်တဲ့ အယောင်ဆောင်သိုးထိန်းတစ်ယောက်ပဲ။ သူက သမ္မာတရားကို မချစ်ခဲ့ဘူး၊ သူဂရုစိုက်ခဲ့တာက သူ့ရဲ့သိက္ခာပဲ။ သူက အပေါ်ယံမှာပဲ ဘာသာတရားကိုင်းရှိုင်းပုံပေါ်ခဲ့ပေမဲ့ အတွင်းစိတ်ထဲမှာတော့ သူက သမ္မာတရားကို မုန်းတီးခဲ့တယ်။ ကျွန်မ အဖေ့ကို ပြောလိုက်တယ်။ “မှန်တဲ့ လမ်းခရီးကို သမီး စွန့်လွှတ်မှာ မဟုတ်ဘူး” လို့ပေါ့။ အဖေ အရမ်း ဒေါသထွက်ပြီး ကျွန်မဖုန်းထဲက ညီအစ်ကို မောင်နှမတွေ အားလုံးရဲ့ အဆက်အသွယ်တွေကို ဖျက်ပစ်ဖို့ အမိန့်ပေးတယ်။ ကျွန်မကို ဆက်ပြီး ခြိမ်းခြောက်တဲ့အပြင် ပါးလည်း စပြီးတော့ ရိုက်လာတယ်။ အဖေ့ကို ဒီလိုမြင်ရတော့၊ ကျွန်မ အရမ်း ကြောက်ပြီး နည်းနည်း အားနည်းသွားတယ်။ ဘုရားသခင်ကို ယုံကြည်တာကြောင့် ဒီလို ညှဉ်းပန်းနှိပ်စက်တာ ခံရမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ နောက်ထပ် ဘာတွေ ရင်ဆိုင်ရဦးမလဲ မသိဘူး။ နောင်မှာ ပိုနာကျင်ရတာတွေ ခံရရင်၊ ဒါမှမဟုတ် သေဘေး ကြုံရရင်၊ သက်သေခံချက်မှာ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါ့မလား။ အဲဒီအချိန်မှာ တရုတ်ပြည်မှာ စီစီပီရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံတွေကို ကျွန်မ သတိရသွားတယ်။ သူတို့က ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးကြားထဲမှာ ဘုရားသခင်အတွက် သူတို့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ကြတယ်။ ကျွန်မခံစားနေရတဲ့ ဒီနှိပ်စက်မှုနည်းနည်းလောက်က ဘာများပြောပလောက်လို့လဲ။ ဘုရားသခင်က သူ့ရှေ့မှောက်ကို ခေါ်ဆောင်ပြီး သမ္မာတရားနဲ့ ထောက်ပံ့ပေးရင်း ကျွန်မကို ကျေးဇူးပြုခဲ့တာလေ။ သက်သေခံချက်မှာ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်သင့်တယ်။ ကျွန်မ သတ္တိနည်းရုံနဲ့ မှန်တဲ့လမ်းခရီးကို စွန့်လွှတ်လို့မဖြစ်ဘူး။ ကျွန်မရဲ့ ခိုင်မာတဲ့ သဘောထားကို မြင်တော့၊ အဖေက ရုတ်တရက် တုတ်နဲ့ ကျွန်မခေါင်းကို အားကုန် ရိုက်ပါလေရော။ မောင်လေးက ကျွန်မခေါင်းကွဲသွားမှာ စိုးရိမ်လို့၊ အဖေ့ကို တားဖို့ ဝင်လာပြီး ကျွန်မကို အော်တယ်။ “နင် အဖေ့လက်ချက်နဲ့ သေချင်နေတာလား။ နင် ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။ နင် မှားပါတယ်လို့ ဝန်ခံလိုက်ရုံလေးကို ဘာလို့ မလုပ်နိုင်ရတာလဲ” တဲ့။ အဖေက ကျွန်မဆံပင်ကို ဆွဲပြီး ဟိုတွန်းဒီတွန်း လုပ်တယ်၊ ပြီးတော့ တုတ်ဖျားနဲ့ ကျွန်မပခုံးကို ဆက်တိုက် ထိုးတယ်။ ပခုံးမှာ အညိုအမည်းတွေ စွဲသွားတဲ့အထိ သူ မရပ်ခဲ့ဘူး။ အဖေ့ကို ဒီလိုမြင်ရတော့၊ ကျွန်မစိတ်ထဲ နည်းနည်း အားနည်းသွားတယ်။

နောက်ပိုင်းမှာ၊ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မည်သည့်အခြေအနေများကို သင်ကြုံရသည်ဖြစ်စေ သင်၏ စိတ်ပိုင်းဖြတ်ချက်ကို ပြောင်းလဲ၍မရနိုင်သည့် အဆင့်သို့ သင်ရောက်ရှိရမည်။ ထိုအခါမှသာ သင်သည် သမ္မာတရားကို အမှန်တကယ် ချစ်ပြီး လိုက်စားသည့်သူတစ်ယောက် ဖြစ်လိမ့်မည်။ တစ်စုံတစ်ခုက သင့်အပေါ်သို့ ကျရောက်ပြီး သင်သည် အခက်အခဲ အနည်းငယ် ကြုံရသောအခါ နောက်ဆုတ်လျှင်၊ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျလျှင်၊ သင်၏ စိတ်ပိုင်းဖြတ်ချက်ကို လက်လျှော့လျှင် ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် သင်၏အသက်ကို စွန့်လွှတ်ပြီး ‘မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ငါသေမည့်သဘောဖြစ်လျှင်ပင် သမ္မာတရားကိုဖြစ်စေ၊ သမ္မာတရားအား လိုက်စားရန် ငါ၏ ပန်းတိုင်ကိုဖြစ်စေ လက်လျှော့မည်မဟုတ်’ ဟု ပြောရန် သန္နိဋ္ဌာန် ရှိရမည်။ ဤသို့ဆိုလျှင် မည်သည့်အခက်အခဲကမျှ သင့်အား တားဆီးနိုင်မည်မဟုတ်ပေ။ သင်သည် အမှန်ပင် အခက်အခဲများကို ကြုံရလျှင်၊ သင်သည် ထွက်ပေါက်မရှိသည့်နေရာသို့ တွန်းပို့ခံရလျှင် ဘုရားသခင်က အရေးယူဆောင်ရွက်လိမ့်မည်။ ထို့အပြင် သင့်ထံတွင် ဤနားလည်မှုရှိရမည်။ ‘ငါသည် မည်သည့်အရာကို ကြုံရပါစေ ထိုအရာများအားလုံးသည် သမ္မာတရားအား လိုက်စားရာ၌ ငါသင်ယူရမည့် သင်ခန်းစာများဖြစ်သည်။ ထိုအရာများကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ငါသည် အားနည်းနိုင်သည်။ သို့သော် အပျက်သဘောမဆောင်ပေ။ ဤသင်ခန်းစာများကို သင်ယူရန် အခွင့်အရေးကို ငါ့အားပေးသည့်အတွက် ဘုရားသခင်အား ငါ ကျေးဇူးတင်သည်။ ငါ့အတွက် ဤအခြေအနေကို စီစဉ်ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ဘုရားသခင်နောက်သို့လိုက်ပြီး သမ္မာတရားကို ရရှိရန် ငါ၏ စိတ်ပိုင်းဖြတ်ချက်ကို လက်လျှော့၍ မဖြစ်ပါ။ ငါသည် ယင်းနှင့်ပတ်သက်၍ လက်လျှော့လျှင်၊ စာတန်ထံ အလျှော့ပေးလိုက်ခြင်း၊ မိမိကိုယ်ကို ဖျက်ဆီးပြီး ဘုရားသခင်အား သစ္စာဖောက်ခြင်းနှင့် အလားတူပင်ဖြစ်လိမ့်မည်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင့်တွင်ရှိရမည့် စိတ်ပိုင်းဖြတ်ချက်မျိုးဖြစ်သည်။ မည်သည့်အသေးအဖွဲကိစ္စများကို သင် ကြုံရပါစေ ၎င်းတို့အားလုံးသည် သင်၏ အသက်တာဖွံ့ဖြိုးတိုးတက်မှုတွင် ဖြစ်ရပ်ငယ်များဖြစ်သည်။ ထိုအရာများကို သင်၏ တိုးတက်မှုဦးတည်ချက်အား ပိတ်ဆို့ခွင့် မပြုရပေ။ အခက်အခဲများနှင့် သင် ကြုံတွေ့ရသောအခါ သင်သည် ရှာဖွေပြီး စောင့်ဆိုင်းနိုင်သည်။ သို့သော် သင်၏ တိုးတက်မှု ဦးတည်ချက်သည် မပြောင်းလဲရပေ။ ဤသည်မှာ မမှန်ကန်သလော။ (မှန်သည်။) အခြားလူများက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ဘုရားသခင်က သင့်အား မည်သို့ဆက်ဆံသည်ဖြစ်စေ သင်၏ စိတ်ပိုင်းဖြတ်ချက်သည် မပြောင်းလဲရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ကျွန်မ သူ့နောက်လိုက်တာကို ဇွဲမလျှော့ဖို့ ဘုရားသခင် မျှော်လင့်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ ဘယ်သူကမှ ကျွန်မကို မထောက်ခံဘဲ လူတိုင်းက ကျွန်မကို ငြင်းပယ်ခဲ့ရင်တောင်၊ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်လို့ မရဘူး။ ကျွန်မသက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ရတယ်။ အရင်က ညီအစ်ကိုမောင်နှမတွေ မိတ်သဟာယဖွဲ့တာကို ကျွန်မကြားတဲ့အခါ၊ ဒုက္ခဆင်းရဲတွေနဲ့ စမ်းသပ်မှုတွေက ဘုရားသခင်ရဲ့ကောင်းချီးတွေပဲလို့ ပြောကြတာ၊ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်မ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မ နားလည်မှုတချို့ ရခဲ့တယ်။ ကျွန်မမိသားစုရဲ့ နှိပ်စက်ညှဉ်းပန်းမှုကတစ်ဆင့်၊ စာတန်ရဲ့အရုပ်ဆိုးအကျည်းတန်မှုနဲ့ ဆိုးညစ်မှုကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင်၊ ကယ်တင်ခြင်းရဖို့ ကိုယ့်အခွင့်အရေး ဆုံးရှုံးအောင် ကျွန်မကို အတင်းအကျပ်ခိုင်းဖို့ ကျွန်မရဲ့ မိသားစုကို စာတန်က အသုံးပြုချင်ခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို အမြဲကာကွယ်ပေးခဲ့တယ်၊ ယုံကြည်ခြင်းပေးခဲ့တယ်၊ အခက်အခဲတစ်ခုပြီးတစ်ခုကို ကျော်လွှားနိုင်အောင် ကျွန်မကို လမ်းပြခဲ့တယ်။ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်မှု ရရှိနိုင်အောင်လို့၊ ကျွန်မကို စုံလင်အောင် ပြုလုပ်ပေးဖို့ မိသားစုဆီက ညှဉ်းပန်းနှိပ်စက်မှုကို ကျွန်မဆီ ရောက်လာခွင့်ပေးခဲ့တာလေ။ ဘုရားသခင်တစ်ပါးတည်းသာ လူတွေကို အချစ်ဆုံးဆိုတာ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့တယ်၊ “ငါ့ဇာတိပကတိ ဘယ်လောက်ပဲ အားနည်းနေပါစေ၊ သမ္မာတရားကို လိုက်စားတာကို ငါ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး” လို့ပေါ့။ နောက်ပိုင်းမှာ၊ သူနာပြုစာမေးပွဲ အွန်လိုင်း ဖြေရမှာမို့လို့ ဖုန်းပြန်ရခဲ့တယ်။ ဒါပေမဲ့ ကျွန်မမိဘတွေက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အွန်လိုင်း စုဝေးပွဲတွေကို ကျွန်မ ဆက်တက်မှာ စိုးရိမ်လို့၊ ကျွန်မကို မျက်ခြေမပြတ် စောင့်ကြည့်တယ်။ ကျွန်မ ခဏခဏ ဆူပူကြိမ်းမောင်း ခံရတဲ့အပြင် မိသားစုကလည်း ကျွန်မကို အေးစက်စက်နဲ့ ခါးခါးသီးသီး ပြောဆိုကြတယ်။ ကျွန်မ အရမ်း နာကျင်ပြီး အားနည်းတယ်လို့ ခံစားရလို့၊ ယုံကြည်ခြင်းပေးဖို့နဲ့ ကျွန်မစိတ်နှလုံးကို ခွန်အားဖြည့်ပေးဖို့ ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းခဲ့တယ်။

၂၀၂၀ နိုဝင်ဘာလက ရက်တစ်ရက်မှာ၊ ကျွန်မ အွန်လိုင်း စုဝေးပွဲ တက်နေတုန်း၊ အမေက ရုတ်တရက် အခန်းထဲ ဝင်လာပြီး ပြောတယ်။ “နင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ တစ်ယောက်ယောက်က သိသွားပြီး နင့်အဖေကို မေးနေပြီ။” အဲဒီနောက် အဖေက မီးဖိုချောင်ထဲ ကျွန်မကို ခေါ်သွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ စုဝေးပွဲတွေ တက်နေတုန်းလားလို့ မေးတယ်။ ကျွန်မက “တက်နေတယ်” လို့ ဖြေလိုက်တယ်။ အဖေက လေသံပျော့ပျော့နဲ့ ပြောတယ်။ “ငါ့သမီးရယ်၊ နင် ဘာလို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ စုဝေးပွဲတွေ တက်နေရသေးတာလဲ။ အဲဒါ မှန်တဲ့ လမ်းခရီး မဟုတ်ဘူးလို့ ငါ နင့်ကို အရင်က သတိပေးပြီးပြီပဲ တဲ့။ သမီး အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကနေ ထွက်သွားပြီလို့ အဖေ လုပ်ဖော်ဆောင်ဖက်တွေကို ပြောထားပြီးပြီ၊ ဒါပေမဲ့ သမီးက သူတို့ရဲ့ စုဝေးပွဲတွေ တက်နေတုန်းပဲ။ သမီးလုပ်တာ အဖေ အရမ်းစိတ်ပျက်ရတယ်” တဲ့။ ကျွန်မ ရှင်းပြဖို့ ကြိုးစားပေမဲ့၊ အဖေက ကျွန်မမျက်နှာကို တံတွေးနဲ့ ထွေးပြီး မျက်လုံးကို လက်သီးနဲ့ ထိုးတယ်။ အမေက သူ့ကို တားဖို့ ဝင်လာတော့၊ အဖေက ကျွန်မဆံပင်ကို ဆွဲဖို့ ကြိုးစားရင်း အသင်းတော်မှာ သခင့်ကို ယုံကြည်ရာမှာ သူ့စကားနားမထောင်ရင်၊ ကျွန်မကို သတ်မယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်း ကြောက်ပြီး၊ စိတ်ထဲကနေ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ မငြင်းပယ်တာ မြင်တော့၊ အဖေက နောက်နည်းလမ်းတစ်ခု သုံးတယ်။ သူက ပြောတယ်။ “အဖေ တရားဟောခဲ့တာ နှစ်တွေအများကြီးရှိပြီ၊ အဖေ့တရားဒေသနာတွေမှာ ပြဿနာရှိတယ်လို့ ဘယ်သူကမှ တစ်ခါမှမပြောခဲ့ဘူး၊ ဒါပေမဲ့ အခု အဖေ့သမီးအရင်းက အဖေ့ကို ဆန့်ကျင်နေပြီ။ သမီးက အဖေ့တရားဒေသနာတွေကို နားကိုမထောင်ဘဲ တခြားသူတွေရဲ့တရားဒေသနာတွေက မှန်တယ်လို့ ထင်နေမှတော့၊ အဖေ သင်းအုပ်ဆရာအဖြစ်ကနေ နုတ်ထွက်တော့မယ်။ နင်တို့ပစ္စည်းတွေ သိမ်း၊ ဒီည ငါတို့ ဇာတိမြေကို ပြန်ကြမယ်” တဲ့။ အမေနဲ့ မောင်လေးတွေ အကုန်လုံး ငိုပြီး၊ ကျွန်မကို စိတ်ပြောင်းဖို့ တောင်းပန်ကြတယ်။ အဖေက ဒေါသထွက်ပြီး၊ သတိပေးတာ၊ ရိုက်ဖို့လုပ်တာတင် မကဘဲ၊ နံရံကိုလည်း ဒေါသတကြီး ထိုးတယ်။ သူ ဒီညပဲ ကားမောင်းထွက်ပြီး သူ့အသက်ကို အဆုံးစီရင်တော့မယ်လို့ ပြောခဲ့တယ်။ ကျွန်မ ကြောက်လန့်သွားတယ်။ ကျွန်မအဖေသာ တကယ်ပဲ တစ်ခုခုဖြစ်သွားရင် သူ့အပေါ် တာဝန်ပျက်ကွက်ခဲ့တယ်ဆိုပြီး ကျွန်မ စိတ်မကောင်းဖြစ်ရမှာ။ ဒီအခြေအနေက ကျွန်မအတွက် စမ်းသပ်မှုတစ်ခုဆိုတာ သိပေမဲ့၊ ကျွန်မ အရမ်း ကြောက်နေတုန်းပဲ။ ကျွန်မအမေက ကျွန်မကို အဖေ့ဆီသွားပြီး အတင်းတောင်းပန်ခိုင်းခဲ့တယ်၊ အဖေတစ်ခုခုဖြစ်ခဲ့ရင်၊ အဲဒါအားလုံးက ကျွန်မတာဝန်ပဲ၊ သူ ကျွန်မကို ခွင့်လွှတ်မှာမဟုတ်ဘူး၊ ကျွန်မရဲ့မွေးချင်းတွေကလည်း ကျွန်မကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ အမေကလည်း ကျွန်မ အရမ်း စိတ်နှလုံးမာကျောပြီး သူတို့ခံစားချက်တွေကို ထည့်မတွက်ဘူးလို့ ပြောတယ်။ ကျွန်မမိသားစု ဒီလောက်တောင် နာကျင်ဝမ်းနည်းနေတာကို မြင်တော့ ကျွန်မ အရမ်းအားနည်းခဲ့တယ်။ အဲဒီအချိန်မှာပဲ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ အသုံးပြုတဲ့နည်းလမ်းတွေကို ဖော်ပြထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ပထမသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်သည် သင်၏နှလုံးသားကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်လိမ့်မည်ဖြစ်သည်။ ‘အကျပ်ကိုင်ခြင်း’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်မနာခံပါက ခံစားရမည့် အကျိုးဆက်များကို သင့်အား တွေးတောစေလျက် သင့်အား သူ့ကိုနာခံစေဖို့ ခြိမ်းခြောက်မှု နှင့် အတင်းအဓမ္မ နည်းလမ်းများအား အသုံးပြုခြင်းကို ဆိုလိုသည်။ သင်သည် ကြောက်ရွံ့ပြီး မဖီဆန်ရဲသောကြောင့် သင်သည် အလျှော့ပေးလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ စာတန်ရဲ့လှည့်ဖြားမှုတွေရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ စာတန်က လူတွေကို ထိန်းချုပ်ဖို့၊ အကျပ်ကိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ဘုရားသခင်ကို သူတို့ သစ္စာဖောက်အောင် လုပ်တယ်။ ကျွန်မ ဘဝမှာ၊ မိသားစုက ကျွန်မအတွက် အရမ်း တန်ဖိုးရှိတယ်။ ကျွန်မကြောင့် သူတို့ တစ်ခုခု ဖြစ်သွားရင်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ အဖေက သူ့ကိုယ့်သူ ကားနဲ့တိုက်ပြီး အဆုံးစီရင်မယ်ပြောတဲ့အပြင် ကျွန်မကို ခွင့်မလွှတ်ဘူးလို့ အမေက ပြောတဲ့အခါ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဇွဲမလျှော့ဘဲ ဆက်ယုံကြည်ရင်၊ မိသားစု အားလုံးက ကျွန်မကို ဝေဖန်ပြစ်တင်ပြီး အိမ်ကနေ မောင်းထုတ်ကြတော့မယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။ ဒါက ကျွန်မကို အားနည်းစေတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်အောင် လုပ်ဖို့ကြိုးစားရာမှာ စာတန်က မိသားစု ချစ်ခင်တွယ်တာမှုကို အသုံးပြုပြီး ခြိမ်းခြောက်နေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို သဘောပေါက်စေခဲ့တယ်။ ကျွန်မသာ အဖေ့စကားကိုနားထောင်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ရင်၊ ကျွန်မမှာ သက်သေခံချက် ရှိတော့မှာမဟုတ်ဘူး။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လုံးဝလိုက်ကိုလိုက်ရမယ်၊ သူတို့စကားကို နားထောင်လို့မဖြစ်ဘူးလို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

အဲဒီညမှာ၊ အဖေက ဖုန်းကို ထပ်သိမ်းသွားပြီး၊ အမေက ကျွန်မကို စောင့်ကြည့်ဖို့ အတူလာအိပ်တယ်။ ကျွန်မ စုဝေးပွဲတွေ တက်ဖို့၊ ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဖို့ အရမ်း ခက်ခဲသွားအောင်လို့၊ ကျောင်းကို အမြန်ဆုံး ပြန်ပို့မယ်လို့လည်း သူတို့ ပြောကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကျွန်မဖုန်းသုံးခွင့်ရမှာမဟုတ်ဘူး၊ အပြင်ထွက်ခွင့်လည်း တော်ရုံတန်ရုံ ရမှာမဟုတ်ဘူး၊ အိပ်ရာထဲ လှဲရင်း၊ ကျွန်မ ငိုတာ မရပ်နိုင်ခဲ့ဘူး။ ခွန်အားနဲ့ သတ္တိပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်မသာ ဘုရားသခင်ကို ဆက်ပြီးယုံကြည်လို့ ကိုယ့်တာဝန်ထမ်းဆောင်ချင်ရင် အိမ်ကထွက်သွားဖို့ တစ်ခုပဲ ရွေးချယ်စရာရှိမှန်း ကျွန်မသိခဲ့တယ်။ မဟုတ်ရင်၊ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို ကန့်သတ်ချုပ်ချယ်ဖို့ သူတို့ ကျွန်မကို ကျောင်း ပြန်ပို့ကြတော့မှာ။ ဒါပေမဲ့ ကျွန်မက မိန်းကလေးတစ်ယောက်ပါ၊ အိမ်ကထွက်သွားရင် ဘယ်ကိုသွားနိုင်မှာလဲ။ ကျွန်မမှာ ပိုက်ဆံမရှိတော့၊ နောင်မှာ ဘယ်လို အသက်ရှင်မလဲ။ ဒါပေမဲ့ အိမ်မှာနေရင်လည်း၊ ဘုရားနောက်လိုက်ခွင့် သူတို့ ပေးမှာ မဟုတ်ဘူး။ ကျွန်မ ဘာလုပ်သင့်သလဲ။ အဲဒီရက်တွေအတောအတွင်း၊ ကျွန်မ အိပ်မပျော်ဘဲ စိတ်တွေ အရမ်း ရှုပ်ထွေးနေခဲ့တယ်။ ကျွန်မက အကြီးဆုံးသမီးဖြစ်တဲ့အတွက် ကျွန်မရဲ့မောင်နှမငယ်တွေကို စောင့်ရှောက်ရာမှာ ကျွန်မမိဘတွေကို ကူညီဖို့ တာဝန်ယူသင့်ခဲ့တယ်လို့ တစ်ခါတလေ ကျွန်မထင်ခဲ့တယ္။ ကျွန်မက ကျောင်းမှာ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ လေ့ကျင့်မှုခံယူနေခဲ့တာ၊ ဘွဲ့ရရင် အလုပ်ရှာနိုင်မှာ။ ကျွန်မမိဘတွေက ကျွန်မအပေါ်မှာ မျှော်လင့်ချက်အများကြီး ထားခဲ့ကြတယ်။ ကျွန်မ ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ပညာရေးကို စွန့်လွှတ်နိုင်မှာလဲ။ ဒါပေမဲ့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ သူ့အိမ်တော်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးပေးရင်း ဘုရားသခင်က ကျွန်မကို ကျေးဇူးပြုခဲ့တာလေ။ ဒါက ဘုရားသခင်ရဲ့ ချီးမြှောက်မှုဖြစ်ပြီး၊ ပိုတိတိကျကျပြောရရင် ဒါက ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်ပဲ။ ကျွန်မရဲ့ပညာရေးနဲ့ ယုံကြည်ခြင်းကြားမှာ ဘယ်လိုရွေးချယ်ရမှာလဲ။ ဒါကို ထပ်ခါတလဲလဲ စဉ်းစားရင်းနဲ့၊ ကျွန်မ စိတ်ဒုက္ခရောက်ပြီး နာကျင်ရတယ်။ အဲဒီအချိန်တုန်းက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိခဲ့တယ်။ “နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ ဆုံးရှုံးသွားသော အချိန်ကို အဖတ်ဆယ်ဖို့ ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံးပါက ယင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် ပြန်လေ့လာနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ဤသည်တို့မှာ ငါ၏ ကြင်နာသော တိုက်တွန်းသည့် နှုတ်ကပတ်တော်များဖြစ်၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟပြီးဖြစ်ကာ ကြီးမားသော ကပ်ဘေးသည် မကြာမီ ရောက်လာတော့မည်။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း။ သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။ နောက်ထပ် သံသယမရှိလေနှင့်။ သင်သည် ဤအရာများကို အတည်ယူရန် အလွန်ကြောက်ရွံ့နေသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀)) ကပ်ဘေးတွေ စတင်နေပြီဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိထားတော့၊ ၂၀၁၆ ခုနှစ်မှာ ကျွန်မနေထိုင်တဲ့နေရာမှာ ပြင်းအား ၆.၇ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့တယ်၊ ၂၀၂၀ ပြည့်နှစ်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြီး ဖြစ်ပွားခဲ့တယ်။ ဘေးအန္တရာယ်တွေက ပိုပိုပြီး ကြီးမားလာနေတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတော်ကို ဆောင်ရွက်ဖို့ ဘုရားသခင်ရဲ့ တိတ်တဆိတ်ကြွရောက်လာခြင်းက ပြီးဆုံးတော့မှာဖြစ်ပြီး၊ အချိန်က အခုဆိုရင် အရမ်းနည်းနေပြီ။ ကျွန်မသာ ပညာရေးကို ဆက်ပြီးပြီးဆုံးအောင် လုပ်ခဲ့ရင်၊ အဲဒါက သမ္မာတရားကို ကျွန်မလိုက်စားတာနဲ့ ကျွန်မအသက်တာကြီးထွားမှုကို နှောင့်နှေးစေလိမ့်မယ်။ ကျောင်းဆက်မတက်ချင်တော့ဘူး။ နောင်မှာ အခက်အခဲ အများကြီး ရင်ဆိုင်ရမယ်ဆိုတာ သိပေမဲ့၊ ဘုရားသခင်က ကျွန်မအတွက် လမ်းဖွင့်ပေးမယ်လို့ ယုံကြည်တယ်။

အဲဒီအချိန်တုန်းက၊ မက်ဆေ့ခ်ျတွေ စစ်ဖို့ ညီမလေးဖုန်းကို သုံးပြီး ဖေ့စ်ဘွတ် အကောင့်ထဲ ဝင်ကြည့်လေ့ရှိတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ကူညီဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ခဏခဏ ပို့ပေးကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့ရတယ်။ “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ စွမ်းအားအောက်၊ စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကို တွေ့ရချိန်တွင် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ ပင်ကို ယုံကြည်စိတ်ချမှုနှင့် မိမိတို့၏ ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သင်၏သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အပေါ် သင်၏ သစ္စာစောင့်သိခြင်းကို သင် ထိန်းသိမ်းသင့်သည်) ဘုရားသခင်က အောင်မြင်သူများ ဖြစ်စေချင်တဲ့သူတွေဟာ စမ်းသပ်မှုတွေကြားမှာ ဘုရားသခင်ကို စစ်မှန်တဲ့ စိတ်နှလုံး ပေးနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ ဒီလူတွေက စမ်းသပ်မှုတွေ ပိုကြုံရလေ၊ သူတို့ရဲ့ ဘုရားသခင်ကို ချစ်တဲ့ စိတ်နှလုံးက ပိုအားကြီးလာလေပဲ။ လူတွေကို စုံလင်အောင် ပြုလုပ်ဖို့ ဘုရားသခင်က စမ်းသပ်မှုတွေကို အသုံးပြုတယ်ဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။ ပြန်စဉ်းစားကြည့်ရင်၊ ဒါက တကယ် မှန်ပါတယ်။ ညှဉ်းပန်းနှိပ်စက်မှု ကြုံရတိုင်း၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းက နည်းနည်း ပိုခိုင်မာလာတယ်။ ဒီထပ်ခါတလဲလဲ ညှဉ်းပန်းနှိပ်စက်မှုက ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့နဲ့ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုကို ကြီးထွားလာစေဖို့အတွက် ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုအတိုင်း ဘုရားသခင်က လက်တွေ့ကျကျ စီစဉ်ပေးထားတဲ့ ပတ်ဝန်းကျင်တွေပါပဲ။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က မှန်တဲ့ လမ်းခရီးကို စွဲကိုင်ဖို့ ကျွန်မကို ယုံကြည်ခြင်းနဲ့ သတ္တိ ပေးခဲ့တယ်။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး သူ့အတွက် ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်၊ ပြီးတော့ နောင်မှာ ဘယ်လို နာကျင်မှုမျိုးပဲ ရင်ဆိုင်ရပါစေ ဘုရားသခင်ကို မညည်းညူမိအောင် ကျွန်မကို ကူညီဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ညနေခင်းတစ်ခုမှာ၊ အရင်က စုဝေးပွဲတစ်ခုမှာ မိတ်သဟာယပြုခဲ့ဖူးတဲ့ ပေတရုရဲ့ အတွေ့အကြုံတွေကို ကျွန်မ သတိရမိတယ်။ သူ ၁၈ နှစ်အရွယ်မှာ ပေတရုက သူ့မိဘတွေ၊ မိသားစု၊ လောကီရှေ့ရေးတွေကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းခဲ့တယ်။ နောက်ပိုင်းမှာ သခင့်ရဲ့ခေါ်သံကို သူကြားတဲ့အခါ၊ တခြားဘာကိုမှ ဂရုမစိုက်ဘဲ သခင့်နောက်ကို သူလိုက်ခဲ့တယ်။ ဒါက ကျွန်မကို အများကြီး စဉ်းစားစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ စစ်မှန်တဲ့ဘုရားသခင်၊ ပြန်ကြွလာပြီဖြစ်တဲ့ သခင်ယေရှုပဲဆိုတာ ကျွန်မသိခဲ့ပေမဲ့ ဘုရားနောက်လိုက်ဖို့ ကျွန်မက ဘာအဖိုးအခမှ မပေးဆပ်ရသေးဘူး။ ကျွန်မ ဘုရားသခင်နောက်ကို စွဲစွဲမြဲမြဲ မလိုက်နိုင်ခဲ့ဘူး။ ကျွန်မ တကယ်ကို ရှက်မိခဲ့တယ်။ ဒီလိုတွေးမိတော့ ကျွန်မစိတ်နှလုံးက တောက်ပသွားပြီး၊ ဘုရားသခင်က ကျွန်မကို ရွေးချယ်မှုတစ်ခုလုပ်ဖို့ လမ်းပြနေတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ ဘုရားသခင်နောက်ကို စွဲစွဲမြဲမြဲလိုက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ လိုအပ်ခဲ့တယ်။ ဒါနဲ့ ညီအစ်ကို မောင်နှမတွေကို ဆက်သွယ်ဖို့ ညီမလေးဖုန်းကို သုံးလိုက်ပြီး၊ ကျွန်မ ကျောင်းထွက်ပြီး ဘုရားနောက်လိုက်ချင်တဲ့အကြောင်း၊ ပြီးတော့ မိဘတွေက ထပ်တားဖို့ ကြိုးစားရင် အိမ်ကနေ ထွက်ပြေးမယ်ဆိုတဲ့အကြောင်း ပြောပြလိုက်တယ်။ ညီမတစ်ယောက်က ကျွန်မနဲ့ မိတ်သဟာယပြုတယ်၊ “ညီမလေးက မိန်းကလေးလေ၊ အဲဒီလို ထွက်ပြေးရင် မိသားစုက စိတ်ပူမှာပေါ့။ အစ်မတို့တွေ ဘုရားနောက်လိုက်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ ညီမလေး ဘုရားနောက်လိုက်ဖို့ ရွေးချယ်တယ်ဆိုတာ မိဘတွေကို သေသေချာချာ ရှင်းပြလို့ရပါတယ်။ သူတို့က တားဖို့ ကြိုးစားနေတုန်းဆိုရင်တော့၊ ညီမလေး လျှောက်သင့်တဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်ရလိမ့်မယ်” တဲ့။ အဲဒီအစ်မ ပြောတာ မှန်တယ်လို့ ခံစားရပြီး၊ အဖေ့ကို ကိုယ့်ရပ်တည်ချက်အကြောင်း ဘယ်လို ပြောပြရမလဲဆိုတာ စဉ်းစားမိတယ်။

မထင်မှတ်ဘဲ၊ နောက်ရက်နည်းနည်းကြာတော့၊ ကျွန်မအပေါ် မိဘတွေရဲ့ သဘောထားက ရုတ်တရက် အရမ်း ကောင်းလာတယ်။ ကျွန်မ မွေးကတည်းက ကျွန်မကို ဂရုစိုက်ဖို့ သူတို့ ဘယ်လောက် ပင်ပင်ပန်းပန်း လုပ်ခဲ့ရတယ်ဆိုတာ ပြောပြကြတယ်။ အဖေက ခဏခဏ ပြောတယ်၊ “အဖေ့သမီးလေးရေ၊ သမီးကို အဖေတို့တွေ ဘယ်လောက်ချစ်တယ်ဆိုတာ သိလား။ သမီး ငယ်ငယ်တုန်းက ပန်းနာရင်ကျပ် ရှိတော့ ညဘက်ဆို အသက်ရှူရခက်တယ်။ အမေနဲ့ အဖေက သမီးကို ပေါင်ပေါ်တင်ပြီး ဆေးတိုက်ခဲ့ရတာ။ ညဘက်ဆို သမီး အိပ်ရအဆင်ပြေအောင် အဖေတို့တွေ တစ်လှည့်စီ ပွေ့ထားပေးရတယ်။ အဖေတို့သာ အဲဒီလို ဂရုမစိုက်ခဲ့ရင် သမီး ဘယ်လိုလုပ်ပြီး သက်သာလာနိုင်မှာလဲ။ နောင်မှာ လူတကာထက် သာအောင်လို့ သမီးကို အကောင်းဆုံး ပညာရေးပေးဖို့ အဖေတို့တွေ ခြိုးခြံချွေတာခဲ့ရတာ။ အဖေတို့ပိုက်ဆံတွေ အကုန်လုံး သမီးအတွက် သုံးခဲ့ရတာလေ။ အဖေတို့ကျေးဇူးကို သမီး မမေ့နဲ့နော်” တဲ့။ မိဘတွေရဲ့ စကားကို ကြားတော့၊ ကျွန်မ ရင်ထဲ နာကျင်ရပြီး၊ သူတို့အပေါ် အကြွေးတင်နေသလို ခံစားရတယ်။ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ၊ ကျွန်မရဲ့ အခြေအနေအကြောင်း ရင်ဖွင့် မိတ်သဟာယပြုခဲ့တယ်။ ညီမတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြတယ်။ “ကျွန်ုပ်တို့၏ အသက်များနှင့် ဝိညာဉ်များအားလုံးဘုရားသခင်ထံမှ လာပြီး၊ သူက ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့် သဘာဝမှ သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သားသမီးများက ကျွန်ုပ်တို့ထံမှ မွေးဖွားကြသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည်သာ မိဘများထံမှ မွေးဖွားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်လက်ထဲတွင် လုံးဝ ရှိပေသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်မှာ မိဘတွေက ကျွန်မအတွက် အများကြီး ပေးဆပ်ခဲ့တယ်၊ ကျွန်မကို ဂရုအစိုက်ဆုံးသူတွေ ဖြစ်တယ်၊ ဘုရားနောက်လိုက်ဖို့ ရွေးချယ်တာက သူတို့အပေါ် အကြွေးတင်နေတာပဲလို့ ကျွန်မ ယုံကြည်ခဲ့တာ မှားမှန်း သဘောပေါက်လိုက်တယ်။ တကယ်တော့၊ ဒီအရာအားလုံးကို ကျွန်မဆီ ပေးသနားခဲ့တာ ဘုရားသခင်ပါ။ ကျွန်မအသက်နဲ့ ကြီးပြင်းဖို့ လိုအပ်တဲ့အရာ အားလုံးကို ဘုရားသခင်က ပေးသနားခဲ့တာလေ။ မိဘတွေက ကျွန်မကို ကျွေးမွေးပြုစုပျိုးထောင်တာကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကြောင့်ပါပဲ။ ကျွန်မ အကြွေးတင်နေတာက ဘုရားသခင်ပါ၊ မိဘတွေကို မဟုတ်ပါဘူး။ ကျွန်မ ပျော်မွေ့ခံစားဖို့ ကောင်းတဲ့အရာတွေ အကုန်ပေးခဲ့တယ်၊ ပညာရေးကောင်းကောင်း ပေးခဲ့တယ်၊ ပြီးတော့ ကျွန်မကို အရမ်းချစ်တယ်လို့ မိဘတွေ ပြောခဲ့တာကို ပြန်စဉ်းစားမိတယ်။ တကယ်တော့၊ သူတို့က ကျွန်မအပေါ် အပေါ်ယံပဲ ကောင်းခဲ့တာပါ။ သခင် ပြန်ကြွလာခြင်းဆိုတဲ့ အရေးကိစ္စကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ၊ မှန်တဲ့ လမ်းခရီးကို ကျွန်မ လက်မခံအောင် သူတို့ အမြဲ တားဖို့ ကြိုးစားခဲ့တယ်။ ဒါက ဘယ်လိုလုပ် မေတ္တာ ဖြစ်မှာလဲ။ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်အောင် သွေးဆောင်ဖို့ သူတို့ ဒီလိုစကားတွေ ပြောခဲ့တာပဲ။ စာတန်ရဲ့ ပရိယာယ်တွေကို မြင်နိုင်အောင် လုပ်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကို ကျွန်မ ကျေးဇူးတင်တယ်။ နောက်ပိုင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်အကြောင်း သူ့ကို နောက်တစ်ကြိမ် သက်သေခံတဲ့ စာတစ်စောင်ကို အဖေ့ဆီရေးဖို့ တစ်ညလုံး အချိန်ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ရတဲ့အခါ ဘယ်လိုခံစားရကြောင်းလည်း ရေးခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်ဖို့ ကျွန်မရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ဖော်ပြခဲ့တယ်။ စာအဆုံးမှာ ကျွန်မ ဒီလိုရေးခဲ့တယ်၊ “သခင်ပြန်ကြွလာခြင်းဆိုင်ရာ ပရောဖက်ပြုချက်တွေ ပြည့်စုံနှင့်ပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ သမီး အဖေ့ကို အများကြီး မိတ်သဟာယဖွဲ့ခဲ့ပြီးပြီ၊ ဒါပေမဲ့ အဖေက နားမထောင်ဘဲ သမီးကိုတောင် နှိပ်စက်ပြီး တားဆီးနေတယ်။ အခု သမီး ယုံကြည်ခြင်းလွတ်လပ်ခွင့်ပေးဖို့ အဖေ့ကို တောင်းဆိုတယ်၊ စုဝေးပွဲတွေတက်ဖို့ သမီးကို ခွင့်ပြုပါ။ အဖေသာ သမီးကို ဆက်ပြီးတားဆီးနေရင် တစ်နေ့ကျရင် သမီး အိမ်ကနေ ထွက်သွားလိမ့်မယ်။ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံမှာ နေထိုင်နေကြတာ၊ ဒါတောင်မှ အဖေက သမီးရဲ့ လွတ်လပ်တဲ့ ယုံကြည်ခွင့်ကို လုယူသွားခဲ့ပြီ။ သမီး အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို အမြဲလိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်၊ အဖေ သမီးကို တားလို့မရဘူး” လို့ပေါ့။ အဲဒီနောက် အဖေ့ကို အဲဒီစာ ပေးဖတ်လိုက်တယ်။ ဖတ်ပြီးတဲ့နောက်၊ အဖေက ကျွန်မကို ပြောတယ်၊ “နင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ဆက်မယုံကြည်ဖို့ ငါ တားမြစ်တယ်။ ငါ နင့်ကို သုံးခါ သတိပေးပြီးပြီ။ နင် ဘာလို့ ဆက်ယုံကြည်ဖို့ ခေါင်းမာနေရတာလဲ။ ဘာလို့ ဒီကိစ္စကို ထပ်ခါတလဲလဲ ပြောနေရတာလဲ။ သူတို့အသင်းတော်ကို နင် ဘာလို့ ဝင်ချင်နေရသေးတာလဲ” တဲ့။ ကျွန်မ အဖေ့ကို ပြောလိုက်တယ်၊ “သမီး ပြောစရာရှိတာတွေ ပြောပြီးပြီ။ ဘာပဲဖြစ်ဖြစ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်တာကို သမီး စွန့်လွှတ်မှာ မဟုတ်ဘူး” လို့ပေါ့။ အဖေ ခဏလောက် တိတ်သွားတယ်၊ “အဖေ သမီးကို ပညာသင်ပေးခဲ့တာက သမီးက အဖေ့ကို နည်းလမ်းအမျိုးမျိုးနဲ့ ကူညီနိုင်ဖို့ပဲ၊ ဒါပေမဲ့ အခု သမီးရဲ့အသိပညာက အဖေ့ထက်သာလွန်သွားပြီ၊ သမီးက အဖေ့ကို မကူညီရုံတင်မကဘူး၊ အဖေ ဆုံးမတာတွေက မှားတယ်လို့တောင် သမီးက ပြောနေသေးတယ်။ အဖေ ဘယ်လိုလုပ်ပြီး တခြားသူတွေကို တရားဟောနိုင်တော့မှာလဲ။ အဖေ ဘယ်လိုလုပ်ပြီး သင်းအုပ်ဆရာလုပ်နိုင်တော့မှာလဲ။ သမီးသာ အဖေ့ကိုချစ်ရင် အဖေပြောတဲ့အတိုင်း လုပ်ရမယ်။ ကျမ်းစာထဲမှာ သားသမီးတွေက မိဘစကားကို နာခံရမယ်လို့ ပြောထားတယ်။ အဖေ့စကားကို နာခံမှသာ၊ သမီးယုံကြည်တဲ့လမ်းခရီးက မှန်ကန်တယ်ဆိုတာကို သက်သေပြနိုင်မှာ” တဲ့။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်တာက သင်းအုပ်ဆရာတစ်ယောက်အနေနဲ့ သူ့ရဲ့အဆင့်အတန်းကို ထိခိုက်မှာ၊ ယုံကြည်သူတွေကြားထဲမှာ သူ့ရဲ့ဂုဏ်သတင်းကို ပျက်စီးစေမှာကို သူကြောက်နေတယ်ဆိုတာ ကျွန်မသိခဲ့တယ်။ ကျွန်မက “သမီး ခရစ်ယာန်မိသားစုမှာ မွေးဖွားခဲ့ရလို့၊ ငယ်ငယ်ကတည်းက ဘုရားသခင်ရှိမှန်း သိခဲ့ရလို့ အရမ်းကံကောင်းပါတယ်။ ဒါပေမဲ့ အဖေ့သွန်သင်ချက်အားလုံးက မှန်တာတော့မဟုတ်ဘူး။ အဖေပြောတဲ့ မှန်ကန်တဲ့အရာတွေကို သမီး နာခံပါ့မယ်၊ ဒါပေမဲ့ အဖေပြောတဲ့ မမှန်ကန်တဲ့အရာတွေကိုတော့ သမီး နာခံလို့မရဘူး။ သမီး ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပြီးပြီ၊ သခင်ယေရှု ပြန်ကြွလာတာကို ကြိုဆိုခဲ့ပြီးပြီ။ သမီးကို တားဆီးရာမှာ၊ အဖေက သမီးကို ဘုရားသခင်ရဲ့အသံတော်ကို ကြားခွင့်မပေးဘဲ ဘုရားသခင်ကို ကျိုးနွံနာခံခွင့်မပေးဘူး။ သမီး ဘယ်လိုလုပ်ပြီး အဖေ့စကားကို နားထောင်နိုင်မှာလဲ” လို့ ပြောလိုက်တယ်။ ကျွန်မ လျှော့ပေးမှာ မဟုတ်မှန်း မြင်တော့၊ အဖေက ဆက်ပြောတယ်၊ “နင့်ကို ငါ အတင်းမတိုက်တွန်းတော့ဘူး။ နင့်လမ်း နင်ရွေးလို့ရတယ်။ ဒါပေမဲ့ နင် သိထားရမှာက ငါပြောတာ နင် နားထောင်ရင် အဖေတို့တွေ အတူတူ သာသာယာယာ နေလို့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်ဖို့ နင် ရွေးချယ်ရင် အဖေတို့မိသားစု ပြိုကွဲလိမ့်မယ်၊ ဘာလို့လဲဆိုတော့ အဖေတို့ လျှောက်တဲ့လမ်းက မတူဘူးလေ။ အဲဒါက အခုအချိန်ကစပြီး ကိုယ့်လမ်းကိုယ် လျှောက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ” တဲ့။ ကျွန်မ နည်းနည်း ကြောက်သွားပြီး တွေးမိတယ်၊ “မိသားစုနဲ့ ကွဲကွာသွားရင်၊ ငါ ဘယ်သွားရမလဲ။ ငါ့ဘာသာ ဘယ်လို အသက်ရှင်မလဲ” လို့ပေါ့။ ဒါပေမဲ့ အရာအားလုံး ဆုံးရှုံးရရင်တောင်၊ ဘုရားသခင်ကို ကျွန်မ သစ္စာမဖောက်နိုင်ဘူးဆိုတာ သိတယ်။ ဒါနဲ့ အဖေ့ကို နောက်တစ်ကြိမ် ပြတ်ပြတ်သားသား ပြောလိုက်တယ်၊ “သမီး အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်ချင်တယ်” လို့ပေါ့။

ဒီနောက်မှာတော့ ကျွန်မ တခြားဒေသက သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားနေခဲ့တယ်။ ကျွန်မသူငယ်ချင်းက ဘုရားသခင်ကို မယုံကြည်ပေမဲ့၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကျွန်မအတွေ့အကြုံကို ကြားတဲ့အခါ သူ ကျွန်မကို နားလည်ပေးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုဆီ ကျွန်မ အကူအညီတောင်းခဲ့တယ်။ ကျွန်မရဲ့ ထွက်ဆိုချက်ကို ကြားပြီးနောက်မှာ၊ ကျွန်မရဲ့ လွတ်လပ်စွာ ယုံကြည်ခွင့်ကို မိသားစုက နှောင့်ယှက်ရင်၊ တရားစွဲလို့ရပြီး မိဘတွေကို သတိပေးစာ ထုတ်လို့ရတယ်လို့ ဝန်ထမ်းတွေက ပြောပြတယ်။ အဲဒီနောက်၊ သူတို့က ကျွန်မကို ခိုလှုံရေးစခန်းတစ်ခုဆီ ခေါ်သွားတယ်။ ဒီမှာ အသက်ရှင်ဖို့ လိုအပ်တာတွေ ရှိပေမဲ့၊ အသင်းတော် အသက်တာ မရှိတဲ့အပြင် ဘုရားနှုတ်ကပတ်တော်လည်း မဖတ်ရတော့၊ ကျွန်မစိတ်နှလုံးက အရမ်း နာကျင်နေတုန်းပဲ။ နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေကို ဆက်သွယ်ဖို့ သူများဖုန်းကို ကျွန်မ သုံးခဲ့တယ်။ ကျွန်မကို ရှာဖို့အတွက် မိဘတွေက ရဲနဲ့ ပူးပေါင်းကြံစည်ပြီး၊ ကျွန်မနဲ့ အဆက်အသွယ်ရှိတဲ့ ညီအစ်ကို မောင်နှမ သုံးယောက်ကို ဖမ်းသွားတယ်လို့ ညီမ ဆစ်လ်ဗီးယားက ပြောပြတယ်။ ကျွန်မ လန့်သွားတယ်။ ရဲတွေ ဒီလိုလုပ်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဒါနဲ့ အကူအညီရဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းဆီ ကျွန်မ သွားခဲ့တယ်။ မထင်မှတ်ဘဲ၊ အဲဒီနေ့ နေ့လယ်မှာ၊ မိဘတွေက ရဲအရာရှိ အများကြီးကို လူ့အခွင့်အရေး အဖွဲ့အစည်းရှိတဲ့နေရာဆီ ခေါ်လာကြတယ်။ အမေက ငိုပြီး အိမ်ပြန်လိုက်ဖို့ တောင်းပန်တယ်၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို သူတို့ မနှောင့်ယှက်ပါဘူးလို့ ပြောတယ်။ အဲဒီနောက် ကျွန်မတို့ သဘောတူညီချက်တစ်ခု ရခဲ့ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းက အမေ့ကို သဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ်။ ညီအစ်ကို မောင်နှမတွေကို ပြန်လွှတ်ပေးပြီးပြီလို့ ပြောပြီး ရဲတွေက ကျွန်မကို လှည့်စားခဲ့တယ်။ ဒါပေမဲ့ ရဲစခန်းရောက်တော့၊ ညီအစ်ကို မောင်နှမတွေက အချုပ်ခန်းထဲမှာ ပိတ်လှောင်ခံထားရတုန်းပဲ၊ ပြီးတော့ ရက်ရက်စက်စက် အရိုက်ခံထားရတယ်။ ညီမတစ်ယောက်ဆို သတိလစ်တဲ့အထိ အရိုက်ခံထားရတယ်။ ကျွန်မ အိမ်ကထွက်လာရတဲ့ အကြောင်းရင်းနဲ့ မိသားစုက ကျွန်မကို ဘယ်လို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတာ ရဲကို ပြောပြခဲ့တယ်၊ အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီး လွတ်လပ်စွာ ယုံကြည်ခွင့်ကို ဥပဒေနဲ့ ကာကွယ်ထားကြောင်း၊ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ မိဘတွေက ထပ်ခါတလဲလဲ အတင်းအကျပ် လုပ်တာက အိန္ဒိယဥပဒေနဲ့ မညီညွတ်ကြောင်း ကျွန်မ ရှင်းပြတယ်။ အမျိုးသား ရဲအရာရှိတစ်ယောက်က ကျွန်မကို ဒေါသတကြီး အော်ငေါက်တယ်၊ “ဘာ ယုံကြည်ခြင်းလဲ။ တော်လိုက်တော့။ ယုံကြည်ခြင်းအတွက် နင့်မိဘတွေကို နင် သစ္စာဖောက်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မိဘတွေကိုယ် နာခံရမယ်” တဲ့။ ရဲအရာရှိက အော်ငေါက်နေတာနဲ့ ကျွန်မ ကြောက်လန့်သွားတယ်။ အရင်တုန်းက၊ စီစီပီ အစိုးရက ဘုရားသခင်ကို အတိုက်အခံလုပ်တယ်ဆိုတာပဲ ကျွန်မ သိခဲ့တာ။ အခုတော့ ဒီက ရဲအရာရှိ အများကြီးကလည်း ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး မုန်းတီးကြတာ ကျွန်မ မြင်လိုက်ရပြီ။ နောက်ဆုံးမှာ၊ ရဲမှူးက အပြီးသတ် ပြောတယ်၊ “ငါတို့တွေ သဘောတူညီချက်တစ်ခု ရဖို့လိုတယ်။ မင်း အိမ်ပြန်ပြီး မိဘတွေနဲ့ နေရမယ်၊ မင်းမိဘတွေကလည်း မင်းကို ဆက်ပြီး ညှဉ်းပန်းနှိပ်စက်တာ၊ ဘုရားသခင်ကို မယုံကြည်အောင် တားဆီးတာမျိုး မလုပ်ရတော့ဘူး။ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅ ကနေ ၂၈ အရ၊ အိန္ဒိယနိုင်ငံသားတွေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတယ်။ ခင်ဗျားတို့အားလုံး ဒါကို မှတ်ထားရမယ်” တဲ့။ အမေက သဘောတူခဲ့တယ်။

ရဲစခန်းက ပြန်လာပြီး သုံးရက်မြောက်နေ့မှာ၊ ဝမ်းကွဲတွေက မိဘတွေနဲ့ ပူးပေါင်းကြံစည်ပြီး၊ ဇာတိမြေကို ပြန်ဖို့နဲ့ အဲဒီက အသင်းတော်တစ်ခုကို သွားဖို့ ကျွန်မကို လှည့်စားခဲ့ကြတယ်။ သူတို့ပြောတဲ့ “မကောင်းဆိုးဝါးတွေ” ကို နှင်ထုတ်ဖို့အတွက် ကျွန်မကို ဆုတောင်းပေးဖို့ အဲဒီက သင်းအုပ်ဆရာကို ခိုင်းကြတယ်။ မသွားဖို့ ကျွန်မ ကြိုးစားပြီး ခုခံပေမဲ့၊ သူတို့ကို မယှဉ်နိုင်ခဲ့ဘူး။ ဒါနဲ့၊ သူတို့ ဘာလုပ်ကြမလဲဆိုတာ ကျွန်မ သတိထားပြီး စောင့်ကြည့်နေလိုက်တယ်။ သူတို့ အတူတူ သီချင်းဆိုကြတယ်၊ မျက်လုံးမှိတ်၊ လက်တွေမြှောက်ပြီး မျက်ရည်တွေကျရင်း အရမ်း ဝမ်းနည်းနေတဲ့ပုံစံမျိုးနဲ့ပေါ့။ မိန်းကလေးတစ်ယောက် သတိလစ်သွားတော့၊ သူတို့က ခုံတန်းလျားတစ်ခုဆီ မသွားပြီး သူဆုံးသွားပြီ၊ ဒါပေမဲ့ ပြန်နိုးလာလိမ့်မယ်လို့ ပြောကြတယ်။ အဲဒီမိန်းကလေးက ကောင်းကင်ဘုံက သတင်းစကားတချို့ သယ်လာမယ်လို့ သူတို့ ယုံကြည်ကြတယ်။ ပြီးတော့ ကျွန်မ အထင်အမြင်မှားအောင် လုပ်ခံရပြီဆိုပြီး ပေါက်ကရတွေ စပြောတော့တာပဲ။ ဒီဘာသာရေးသမားတွေ တခြားသူတွေကို ဘယ်လို လှည့်စားတယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ ပြီးတော့ ပိုင်းခြားသိမြင်မှု ကြီးထွားလာအောင်၊ စာတန်ရဲ့ ကောက်ကျစ်ဆိုးယုတ်မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်၊ ဒီဘာသာရေးသမားတွေ သူများတွေကို ဘယ်လို လှည့်စားပြီး အထင်အမြင်မှားအောင် လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်လို့ ဒီအရာတွေကို တွေ့ကြုံရဖို့ ဘုရားသခင် ကျွန်မကို ခွင့်ပြုခဲ့တာဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ နာရီပိုင်းအတွင်းမှာပဲ၊ သူတို့က ရောက်နေတဲ့လူ အများကြီးကို လှည့်စားခဲ့ကြတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် ပြောလိုက်တယ်၊ “သူတို့ ဘာပဲပြောပြော၊ ဘာပဲဖြစ်ဖြစ်၊ ငါ့ရပ်တည်ချက်မှာ ငါ ခိုင်မာစွာ ရပ်တည်ရမယ်” လို့ပေါ့။ နောက်ဆုံးမှာ၊ သူတို့အားလုံး ကျွန်မကို ဝိုင်းတိုက်ခိုက်ကြတဲ့အခါမှာတောင် ကျွန်မ စိတ်မထိခိုက်ခဲ့ပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းက ခိုင်မာနေတုန်းပဲဆိုတာ မြင်တော့၊ မိသားစုက ပိုတောင် မယုံနိုင်စရာကောင်းတာတစ်ခု လုပ်ကြတယ်။ နောက်ရက် မနက်မှာ၊ ကျွန်မရဲ့ ဝမ်းကွဲတွေနဲ့ မိဘတွေက စုန်းအတတ် သုံးတဲ့နေရာတစ်ခုဆီ ကျွန်မကို အတင်းအကျပ် ခေါ်သွားကြတယ်။ ဒါ ကျွန်မ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးတဲ့အရာပါ။ သခင်ယေရှုကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တဲ့ ကျွန်မမိဘတွေက သူတို့မို့လို့ ဒါမျိုး လုပ်ရက်ကြတယ်။ မှော်ဆရာတစ်ယောက်က တစ်ယောက်ယောက်ကို ပြုစားတဲ့အခါ၊ အဲဒီလူ ရူးသွားနိုင်တယ်လို့ ကျွန်မ ကြားဖူးတယ်။ ကျွန်မ စိတ်ထဲ နည်းနည်း ကြောက်သွားတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝက်ဘ်ဆိုက်ပေါ်က ညှဉ်းပန်းနှိပ်စက်မှုကြားက ရရှိသော အသက်တာသစ် ဆိုတဲ့ ရုပ်ရှင်ကို ကျွန်မ သတိရလိုက်တယ်။ ရုပ်ရှင်ထဲမှာ၊ ဘုရားသခင်ကို သစ္စာဖောက်အောင် အတင်းအကျပ်လုပ်ဖို့၊ စိတ်ဖောက်ပြန်သွားအောင် ကြိုးစားရာမှာ ရဲတွေက ညီမတစ်ယောက်ကို ဆေးတိုက်ကြတယ်။ ဒါပေမဲ့ အဲဒီညီမက ရဲတွေရဲ့ ဖျက်ဆီးတာနဲ့ ညှဉ်းပန်းနှိပ်စက်တာကို ကျော်လွှားဖို့ ဘုရားနှုတ်ကပတ်တော်ကို မှီခိုခဲ့ပြီး၊ နောက်ဆုံးမှာ သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့အပြင် စာတန်ကို အရှက်ရစေခဲ့တယ်။ ဒါကို တွေးမိတော့၊ ကျွန်မ သတ္တိတချို့ ရရှိခဲ့တယ်။ ဖြစ်ပျက်ခဲ့တာ အကုန်လုံးကို ပြောပြထားတဲ့ စာတစ်စောင်ကို ညီမ ဆစ်လ်ဗီးယားဆီ ပို့လိုက်တယ်။ ဘုရားသခင်ကို မှီခိုဖို့ သူက ပြောပြီး ဘုရားနှုတ်ကပတ်တော်တချို့ကိုလည်း ကျွန်မကို ပို့ပေးတယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်က ကျွန်မကို ခွန်အားပေးခဲ့ပြီး၊ ဖြစ်လာမဲ့အရာကို ရင်ဆိုင်ဖို့ ယုံကြည်ခြင်း ပိုပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်က လူတစ်ဦးကို ရွေးချယ်ပြီး ထိုသူကို စာတန်၏အာဏာမှ သူ၏အိမ်တော်ထဲသို့ ပို့ဆောင်သောအခါ စာတန်သည် ဘုရားသခင်အား သတ်မှတ်ချက် တစ်စုံတစ်ရာ ပြဋ္ဌာန်းဝံ့သလော။ မည်သည့်သတ်မှတ်ချက်ကိုမျှ မပြဋ္ဌာန်းဝံ့သကဲ့သို့ မည်သည့်အရာကိုမျှလည်း မပြောဝံ့ချေ။ အကယ်၍ ဘုရားသခင်က ‘ဤသူသည် ငါ့အပိုင်ဖြစ်၏။ ထိုသူကို သင့်အား ထိခွင့်မပေး’ ဟု ဆိုပါက စာတန်သည် ကျိုးနွံစွာဖြင့် ထိုသူကို အပ်နှံရသည်။ ဤသူ၏ အစားအစာ၊ အဝတ်အစား၊ နေထိုင်စရာ၊ သယ်ယူပို့ဆောင်ရေးနှင့် လှုပ်ရှားမှုတိုင်းသည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် စောင့်ကြပ်မှုအောက်၌ရှိပြီး ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ စာတန်သည် ထိုလူကို နောက်တစ်ကြိမ် မထိဝံ့ပေ။ ဤအရာက မည်သည့်အရာကို ညွှန်းဆိုသနည်း။ ဆိုလိုသည်မှာ ထိုလူသည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင် လုံးလုံးလျားလျား နေထိုင်ကြောင်း၊ ပြင်ပစွမ်းအားများ၏ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ၎င်း၏ နေ့စဉ် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် နာကျင်မှုအားလုံးမှာ ဘုရားမျက်လုံးများ၏ ကြည့်ရှုစစ်ဆေးမှုအောက်၊ သူ၏ စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင် ရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖန်ဆင်းခံတစ်ဦး၏တာဝန်အား ကောင်းမွန်စွာထမ်းဆောင်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏) စာတန်လည်း ဘုရားလက်ထဲမှာ ရှိတယ်ဆိုတာရယ်၊ ဘုရားသခင် ခွင့်မပြုဘဲနဲ့ စာတန်က ဘာမှ မလုပ်ရဲဘူးဆိုတာရယ်ကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ မိသားစုက ကျွန်မကို ခြောက်လှန့်ဖို့ ဘယ်နည်းလမ်းပဲ သုံးပါစေ၊ ဘုရားသခင်ကို သစ္စာဖောက်အောင် အတင်းအကျပ်လုပ်ဖို့ ဘယ်လို လှည့်ကွက်တွေပဲ သုံးရင်သုံးပါစေ ကျွန်မ မကြောက်တော့ဘူး။ ခရစ်ယာန်တွေ ဖြစ်ရက်နဲ့ ဝိညာဉ်ဆိုးတွေကို ကိုးကွယ်ဖို့ သွားနိုင်တာ၊ သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးမှ ဘုရားသခင်ကို သစ္စာဖောက်ပြီး အရှက်ရစေတဲ့အရာတွေ လုပ်နိုင်တာကို မြင်တော့၊ ကျွန်မ တော်တော်ကို စိတ်ပျက်မိတယ်။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံလိုက်တာလေး တစ်ခုတည်းကြောင့်၊ ကျွန်မကို နှောင့်ယှက်ဖို့နဲ့ မှန်သော လမ်းခရီးကို သစ္စာဖောက်ခိုင်းဖို့ သူတို့ ဒီနည်းလမ်းတွေကို သုံးခဲ့ကြတာ။ သူတို့ သမ္မာတရားကို တော်တော်ကို မုန်းကြတာပဲ။ ကျွန်မ အမေ့ကို ပြောလိုက်တယ်၊ “အမေ ဘာလို့ ဒါကို လုပ်နေတာလဲ။ ဒါ ပြုစားခြင်းအတတ်လေ၊ ဒါ စာတန်နဲ့ ဝိညာဉ်ဆိုးတွေပဲဆိုတာ အမေ မသိဘူးလား။ အမေတို့က သခင့်ကို ယုံကြည်သူတွေလေ၊ ဒါတောင်မှ ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို သမီး လက်မခံအောင် တားဖို့အတွက် စာတန်နဲ့ ဝိညဉ်ဆိုးတွေဘက်ကို အမေတို့ တကယ် လှည့်သွားကြပြီ” လို့ပေါ့။ အမေက ပြောတယ်၊ “အမေတို့ ဒါလုပ်တာ နင့်ကောင်းကျိုးအတွက်ပါ။ ဘုရားသခင်ဆီ အမေတို့ဆုတောင်းတာတွေက နင့်ကို မပြောင်းလဲနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ဒီကိစ္စအတွက် စာတန်က ကူညီနိုင်တယ်။ အမေတို့ သူတို့ကို ကိုးကွယ်ဖို့ လာတာ မဟုတ်ပါဘူး” တဲ့။ သူတို့ရဲ့သရုပ်မှန်ကို မြင်လိုက်ရတော့ ကျွန်မ အရမ်းဝမ်းနည်းခဲ့တယ်။ သူတို့က မယုံကြည်သူတွေနဲ့ ဘာမှ မခြားပါဘူး။ ကျွန်မ မထင်မှတ်ထားတာက၊ မှော်ဆရာက ကျွန်မကို မိသားစု ခေါ်လာတဲ့ ရည်ရွယ်ချက်ကို သိတော့၊ ကျွန်မကို ပြောတယ်။ “သမီးလေး၊ မင်းယုံကြည်တဲ့ဘုရားသခင်ကို ဆုတောင်းပါ။ ဘုရားသခင်က တစ်ပါးတည်းပဲရှိတယ်၊ မင်းယုံကြည်တဲ့ဘုရားသခင်က မှန်ကန်တဲ့တစ်ပါးပဲ” တဲ့။ ကျွန်မ အရမ်း ဝမ်းသာခဲ့ရပြီး၊ ဘုရားသခင်ရဲ့ ကာကွယ်မှုကို တကယ် မြင်တွေ့ခဲ့ရတယ်။ ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးတာပါ။ သူတို့ ကြိုးပမ်းမှုတွေ အားလုံး ပြီးတဲ့နောက်၊ ကျွန်မကို ဘာမှ လုပ်လို့မရမှန်း မိဘတွေ မြင်တော့၊ စုဝေးပွဲတွေ တက်တာကို ဆက်မချုပ်ချယ်တော့ဖို့၊ ယုံကြည်ခြင်းကို ဆက်မနှောင့်ယှက်တော့ဖို့၊ ပြီးတော့ ကျောင်းတက်မတက် ဂရုမစိုက်တော့ဖို့ သူတို့ သဘောတူလိုက်ကြတယ်။ ၂၀၂၁၊ ဇန်နဝါရီ ၁၂ မှာ၊ အိမ်မှာ အွန်လိုင်း စုဝေးပွဲတွေကို ကျွန်မ နောက်ဆုံးမှာ ပေါ်ပေါ်ထင်ထင် တက်နိုင်ခဲ့တယ်။ တစ်ခါတလေ ကျွန်မ စုဝေးပွဲတက်တာ မြင်ရင် မိဘတွေက ဆူပူပြီး ကျောင်းပြန်တက်ဖို့ ဖျောင်းဖျကြသေးပေမဲ့ ကျွန်မ စိတ်မထိခိုက်တော့ပါဘူး။ နောက်ပိုင်းမှာ ကျွန်မ အိမ်ကနေထွက်ခဲ့ပြီး အသင်းတော်မှာ အချိန်ပြည့်တာဝန်ကို စတင်ထမ်းဆောင်ခဲ့တယ်။

ဒီအတွေ့အကြုံကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ၊ အရာအားလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာ ကျွန်မ တကယ်ပဲ ခံစားခဲ့ရတယ်။ ဘုရားသခင်က ကျွန်မရဲ့ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီခက်ခဲတဲ့အခြေအနေတွေကို အသုံးပြုခဲ့တယ်၊ ကျွန်မမိသားစုနဲ့ ဘာသာရေးသမားတွေကို ကျွန်မရဲ့ ပိုင်းခြားသိမြင်မှု ကြီးထွားလာစေဖို့လည်း ခွင့်ပြုခဲ့တယ်။ ကျွန်မမိသားစုက မျိုးဆက်ပေါင်းများစွာ သခင့်ကို ယုံကြည်ခဲ့ကြပြီး၊ တော်တော်များများက သင်းအုပ်ဆရာတွေပဲ။ အရင်က သူတို့က ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ အစေခံပြီး ဘုရားသခင်ကို ချစ်ကြတယ်လို့ ကျွန်မ ထင်ခဲ့ဖူးပေမဲ့ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်က သူတို့အားလုံးကို ထုတ်ဖော်ခဲ့တယ်။ အခုတော့ သူတို့ရဲ့သမ္မာတရားကို မုန်းတီးတဲ့အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီ။ သူတို့က ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ လုံးဝမယုံကြည်ကြဘူး။ သူတို့က ဘုရားသခင်ကို အတိုက်အခံလုပ်ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဦးဆောင်မှုနဲ့ လမ်းပြမှုကြောင့်သာ၊ ကျွန်မမိသားစုရဲ့ ဘက်ပေါင်းစုံက တိုက်ခိုက်မှုတွေကြားထဲမှာ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တာ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ခဲ့တဲ့အတွက် ကျွန်မ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။

အရှေ့သို့- ၂၃။ မနာလိုစိတ်ကို ကျွန်မ ဘယ်လိုဖြေရှင်းခဲ့သလဲ

နောက်တစ်ခုသို့- ၂၅။ ကျွန်မအမေကို ရှင်းလင်းပစ်တော့မယ်လို့ သိလိုက်ရတဲ့အခါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံ ဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။