၂၅။ ကျွန်မအမေကို ရှင်းလင်းပစ်တော့မယ်လို့ သိလိုက်ရတဲ့အခါ

နန်ရှင်း၊ တရုတ်နိုင်ငံ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ အသင်းတော်က သန့်စင်ခြင်းအလုပ်ကို လုပ်နေခဲ့ပြီး ခေါင်းဆောင်က ကျွန်မကို ကျွန်မအမေအကြောင်း သုံးသပ်ချက်တစ်ခု ရေးခိုင်းတယ်။ ကျွန်မ နည်းနည်းတော့ စိတ်မပူဘဲမနေနိုင်ခဲ့ဘူး။ ကျွန်မအမေက အိမ်မှာ သီးသန့်ခွဲနေရတာ မကြာသေးဘူးလေ။ သူ့ရဲ့ တာဝန်ထမ်းဆောင်မှု စွမ်းဆောင်ရည်အကြောင်းကို ကျွန်မ မသိခဲ့ပေမဲ့ သီးသန့်ခွဲနေပြီးနောက်မှာ သူက ပိုက်ဆံရှာပြီး ချမ်းသာတဲ့ဘဝနဲ့ နေထိုင်ဖို့အတွက် အလုပ်လုပ်ဖို့ကိုပဲ ဆက်ပြီးစဉ်းစားနေခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ လိုက်စားမှုနောက်ကွယ်က အမြင်ရှုထောင့်တွေက ဘာသာတရား မရှိသူတွေရဲ့ အမြင်ရှုထောင့်တွေလိုပဲ၊ မယုံကြည်သူ အပြုအမူတချို့ကို ပြသခဲ့တယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ကျွန်မအမေက စုံစမ်းစစ်ဆေးခံနေရပြီး အသင်းတော်ကနေ ဖယ်ရှားခံရနိုင်တယ်လို့ တွေးမိတဲ့အခါ ကျွန်မစိတ်ထဲမှာ တော်တော်လေး ရှုပ်ထွေးသွားတယ်။ “ငါ့အမေက ဘုရားသခင်ကို ယုံကြည်လာတာ နှစ်သုံးဆယ်ရှိပြီ၊ ဆွေမျိုးတွေရဲ့ လှောင်ပြောင်တာတွေ၊ ကဲ့ရဲ့တာတွေကို အမြဲတမ်း ခံခဲ့ရတယ်၊ ငါ့အဖေကလည်း သူ့ကို ခဏခဏ ဖိနှိပ်ပြီး၊ ရိုက်နှက်ဆဲဆိုပေမဲ့ သူက ဘုရားသခင်ကို ဘယ်တော့မှ မစွန့်ခွာခဲ့ဘူး။ ငါ့ကိုတောင် ယုံကြည်ခြင်းနဲ့ ကြီးပြင်းစေခဲ့တယ်၊ ငါ အချိန်ပြည့် တာဝန်ထမ်းဆောင်တော့ ထောက်ပံ့ပေးခဲ့တယ်။ ပြီးတော့ သူက အသင်းတော်မှာလည်း တောက်လျှောက် တာဝန်ထမ်းဆောင်နေခဲ့ပြီး နေ့တိုင်း ဆုတောင်း၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်နေခဲ့တာပဲ။ ဒီတစ်လော သူ့အခြေအနေ မကောင်းလို့ အပျက်သဘောဆောင်ပြီး ပျက်စီးသွားတာ ဖြစ်နိုင်ပေမဲ့ ဘုရားသခင်ကို ရိုးရိုးသားသား ယုံကြည်တဲ့သူတစ်ယောက်လို့တော့ သူ့ကို သတ်မှတ်သင့်ပါတယ်။ ဒါကြောင့် သူက ရှင်းလင်းပစ်တာ ခံရဖို့ မထိုက်တန်လောက်ဘူး၊ ဟုတ်တယ်မလား” လို့ပေါ့။ အိမ်ပြန်ရောက်တော့ ကျွန်မက သူ့ရဲ့ ပြဿနာတွေကို ထောက်ပြချင်စိတ်ပဲ ရှိခဲ့တယ်။ ဒါမှ သူက ဆင်ခြင်သုံးသပ်ပြီး နားလည်လာမယ်၊ အမြန်ဆုံး နောင်တရပြီး ပြောင်းလဲလာမယ်လေ။ ကျွန်မ အမေ့ကို ဘာကြောင့် သီးခြားခွဲခံခဲ့ရတာလဲလို့ မေးခဲ့တယ်။ သူကပြောတယ်၊ အရင်နှစ် အောက်တိုဘာလတုန်းက သူက ဧည့်ခံဝတ်ပြုတဲ့တာဝန်ကို စထမ်းဆောင်ခဲ့တယ်၊ ဒါပေမဲ့ အိမ်အသစ်ကို ပြောင်းသွားတဲ့အခါ အိမ်သုံးပစ္စည်းတွေ မရှိလို့ အထွေထွေရေးရာအဖွဲ့ကို ပစ္စည်းတွေ လာပို့ပေးဖို့ စာသုံးစောင် ရေးတောင်းခဲ့တယ်၊ ဒါပေမဲ့ သူတို့က လာမပို့ပေးခဲ့ဘူးလို့ သူကပြောတယ်။ ဒီတော့ ကျွန်မအမေက အိမ်ပြန်ပြီး ဆယ်ရက်ကျော်လောက် နေခဲ့တာပေါ့။ နောက်ပိုင်းမှာ ခေါင်းဆောင်က သူ့ကို တာဝန်ကို စွန့်ပစ်ခဲ့ပြီး တာဝန်မသိတတ်ဘူးဆိုပြီး ပြင်းပြင်းထန်ထန် ပြုပြင်ခဲ့တယ်။ နောက်တစ်ခါမှာကျတော့ ကျွန်မအမေက ညီအစ်ကိုမောင်နှမတချို့ အိမ်ပြောင်းတာကို ကူညီနေပြီးတော့ အမေက အဖမ်းခံရတဲ့ ညီမတစ်ယောက်ရဲ့ လျှပ်စစ်ဆိုင်ကယ်ကို ငှားစီးခဲ့တယ်။ နောက်နေ့မှာ ခေါင်းဆောင်က ကျွန်မအမေကို ပြုပြင်ခဲ့တယ်၊ ဒါက အန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ ပြောပြီးတော့ သူက အမေ့ကို ချက်ချင်း ပုန်းဖို့ ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မအမေက တော်တော်လေး အတိုက်အခံလုပ်ပြီး အိမ်ကို တန်းပြန်သွားခဲ့တာ။ အဲဒီနောက်ပိုင်းမှာ ခေါင်းဆောင်က သူ့ကို ဘာတာဝန်မှ မပေးတော့ဘူးတဲ့။ ကျွန်မအမေက ၂၀၂၀ မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်လာခဲ့တယ်၊ ဒါပေမဲ့ နှစ်ရက်ပဲကြာသေးတယ်၊ ခေါင်းဆောင်က သူ့ကို အိမ်ပြန်ခိုင်းခဲ့တယ်၊ အဖေက အမေ့ကိုရဲတိုင်လိုက်ရင် ညီအစ်ကိုမောင်နှမတွေအတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ ပြောတယ်။ သူအိမ်ပြန်ရောက်ပြီးနောက်မှာ ခေါင်းဆောင်က ဘယ်တာဝန်မှ သူ့ကို ချက်ချင်း ပြန်မပေးခဲ့ဘူးတဲ့။ ဒါကိုကြားတော့ ကျွန်မ တကယ်ကို ဒေါသထွက်သွားတယ်၊ တွေးလိုက်တယ်၊ “ငါ့အမေက သူ့သဘောနဲ့သူ တာဝန်ထမ်းဆောင်ဖို့ ထွက်လာခဲ့တာကို ခေါင်းဆောင်က ဘာလို့တားရတာလဲ။ ဒါက သူ့ရဲ့ တာဝန်ထမ်းဆောင်ခွင့်ကို လုယူတာ၊ သူ့ရဲ့ စိတ်အားထက်သန်မှုကို ရိုက်ချိုးတာပဲ။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက စည်းမျဉ်းတွေကို နားမလည်ဘဲ ငါ့အမေကို ပေါ့ပေါ့ဆဆ ရှင်းလင်းပစ်လိုက်ရင် ဒါက လူကောင်းတစ်ယောက်ကို မတရားလုပ်တာ မဟုတ်ဘူးလား။ ဒါ အတော်မတရားတာပဲ။ မဖြစ်ဘူး၊ ငါ ဒီကိစ္စကို အောက်ခြေအထိ လိုက်ရမယ်၊ ငါ့အမေ မတရားတဲ့ စွပ်စွဲချက်တွေ ခံစားရတာ အဖြစ်မခံနိုင်ဘူး” လို့ပေါ့။

သုံးလေးရက်ကြာတော့ ကျွန်မ အသင်းတော်ခေါင်းဆောင်နဲ့ အမှတ်မထင်တွေ့ဖြစ်တော့ သူ့ကို မေးလိုက်တယ်၊ “ကျွန်မအမေက တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်လာရတာ လွယ်တာမဟုတ်ဘူး၊ အစ်မက ဘာလို့ သူ့ကို ပြန်လွှတ်လိုက်ရတာလဲ။ ဒါကြောင့် သူ အချိန်အကြာကြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရောက်သွားခဲ့တယ်” လို့ပေါ့။ ခေါင်းဆောင်ကပြောတယ်၊ အဓိကကတော့ ကျွန်မအဖေရဲ့ လူ့သဘာဝက ရက်စက်ကြမ်းကြုတ်လို့ပါတဲ့၊ ကျွန်မအမေသာ အိမ်မှာမရှိရင် သူက ရဲတိုင်လိုက်နိုင်ပြီး တခြားညီအစ်ကိုမောင်နှမတွေကို အမှုပတ်သွားနိုင်တယ်တဲ့။ သူက ဆက်ပြောသေးတယ်၊ ကျွန်မအမေက အမြဲတမ်း သူ့စိတ်ခံစားချက်အတိုင်းပဲ လုပ်တတ်ပြီး တော်တော်လေး ဇွတ်တရွတ်နိုင်တယ်တဲ့။ သူ အပြုသဘောဆောင်တဲ့အချိန်မှာတော့ ဘာမဆိုလုပ်ဖို့ ဆန္ဒရှိပေမဲ့ ဒါပေမဲ့ သူ အပျက်သဘောဆောင်တဲ့အခါ ဘယ်သူကပဲ မိတ်သဟာယဖွဲ့ဖို့၊ ကူညီဖို့ ကြိုးစားပါစေ သူ နားမထောင်ဘူး၊ ပြီးတော့ သူ့တာဝန်ကို စွန့်ပစ်တတ်တယ်တဲ့။ သူက တာဝန်ကို သူကျေနပ်သလို သဘောထားပြီး တစ်ဇွတ်ထိုးလုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမအများစုက သူ့ကို မယုံကြည်ရဲကြဘူးတဲ့။ သူတာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လာတာက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတဲ့အတွက် သူ့ကို အိမ်ပြန်ဖို့ စီစဉ်လိုက်ရတာပါတဲ့။ ခေါင်းဆောင်က ဆက်ပြောသေးတယ်၊ “သူ ဧည့်ခံဝတ်ပြုတဲ့တာဝန်ထမ်းဆောင်ပြီး အိမ်အသစ်ကို ပြောင်းသွားတော့ အိမ်မှာ အိမ်သုံးပစ္စည်းတချို့မရှိတာကို သူတွေ့တယ်၊ ဒါပေမဲ့ သူက ကိုယ့်ပိုက်ဆံနဲ့ကိုယ် မဝယ်ချင်တော့ အထွေထွေရေးရာအဖွဲ့ကို စာရေးပြီး ဒီပစ္စည်းတွေကို တစ်ရက်အတွင်း ပို့ပေးရမယ်ဆိုပြီး တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အချိန်က အရမ်းကပ်နေတော့ အထွေထွေကိစ္စရပ်များဆိုင်ရာအဖွဲ့က စာကိုရတဲ့အချိန်မှာ သူသတ်မှတ်ထားတဲ့ နောက်ဆုံးရက်က ကျော်သွားပြီ။ အဲဒီအခါမှာ သူက ညီအစ်ကိုမောင်နှမတွေကို အပြစ်တင်တယ်၊ တာဝန်ကိုတောင် စွန့်ပစ်ပြီး အိမ်ကို ဆယ့်ငါးရက်လောက် ပြန်သွားခဲ့တယ်။ နောက်ပိုင်းမှာ သူက သူ့တာဝန်မှာ တာဝန်မသိတတ်တဲ့အတွက် ပြုပြင်ခြင်းခံခဲ့ရတယ်၊ သူက ပါးစပ်ကတော့ အမှားကိုဝန်ခံပေမဲ့ နောက်ပိုင်းကျတော့လည်း ဒီအတိုင်းပဲ။ နောက်တစ်ခါမှာကျတော့ သူကိုယ်တိုင်မှာ လျှပ်စစ်ဆိုင်ကယ်ရှိလျက်သားနဲ့ အဖမ်းခံရတဲ့ ညီမတစ်ယောက်ပိုင်တဲ့ဆိုင်ကယ်ကိုပဲ ဇွတ်တောင်းစီးတော့ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခု ဖြစ်သွားတာပေါ့။ ညီအစ်ကိုမောင်နှမတွေက သူ့ကို နောက်ပိုင်းမှာ ပြုပြင်တဲ့အခါ သူက ကမူးရှူးထိုးဖြစ်ပြီး ပြောတော့တာပဲ၊ ‘ကျွန်မ ကောင်းကောင်းလုပ်တဲ့အခါကျတော့ ရှင်တို့က အသိအမှတ်မပြုဘူး၊ အမှားတစ်ခု လုပ်မိတာနဲ့ ရှင်တို့က ပြုပြင်တော့တာပဲ။ ကျွန်မ ဒါကို သည်းမခံနိုင်တော့ဘူး။ ဒီတာဝန်ကို ကျွန်မ ဆက်မထမ်းဆောင်တော့ဘူး။ အိမ်ပြန်တော့မယ်။ ငရဲကျရင်တောင်၊ ကျွန်မ မလုပ်တော့ဘူး’ ဆိုပြီးတော့လေ။ ကျွန်မနဲ့ ကြီးကြပ်ရေးမှူးနှစ်ယောက်လုံးက သူနဲ့ မိတ်သဟာယဖွဲ့ပေးခဲ့ပေမဲ့ သူက နည်းနည်းလေးမှ လက်မခံဘဲ သူ့အိတ်ကိုဆွဲပြီး ထွက်သွားတော့တာပဲ” တဲ့။ ခေါင်းဆောင်ဆီက ဒီအကြောင်းအားလုံးကို ကြားရတော့ ကျွန်မ တုန်လှုပ်သွားခဲ့တယ်။ ကိစ္စတွေက အမေပြောခဲ့သလို မဟုတ်ခဲ့ဘူး။ သူက ဒီလောက်တောင် ဇွတ်တရွတ်နိုင်ပြီး အသင်းတော်အလုပ်ကို ဒီလောက်တောင် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ခေါင်းဆောင်က သူ့ရဲ့ မပြောင်းလဲတဲ့အပြုအမူကို နားလည်ချင်တာ မဆန်းပါဘူး။ ကျွန်မအမေရဲ့ မယုံကြည်သူအပြုအမူက အရမ်းသိသာနေတော့ ဒီတစ်ခါတော့ သူ တကယ် အရှင်းလင်းပစ်ခံရတော့မယ်လို့ ကျွန်မစိုးရိမ်သွားတယ်။ သူသာ တကယ် အရှင်းလင်းပစ်ခံလိုက်ရရင် သူ့ရဲ့ ယုံကြည်ခြင်းခရီးက အဆုံးသတ်သွားတော့မှာပဲ၊ နောက်ဆုံးကျရင် ကပ်ဘေးတွေထဲမှာ အပြစ်ပေးခံရတော့မှာ။ သနားစရာကောင်းလိုက်တာ။ ဒီလိုတွေးမိတော့ ကျွန်မ စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်မအမေက တကယ်ပဲ အရှင်းလင်းပစ်ခံရမဲ့အဆင့်ကို ရောက်သွားပြီလား။ ကျွန်မသာ သူနဲ့ ထပ်ပြီးမိတ်သဟာယဖွဲ့ရင်၊ ပြီးတော့ သူက နောင်တရတဲ့ လက္ခဏာတွေ ပြရင် သူ အသင်းတော်မှာ အလုပ်လုပ်ပေးနိုင်သေးလောက်တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒါနဲ့ ကျွန်မ ခေါင်းဆောင်ကို မေးလိုက်တယ်၊ “ကျွန်မအမေရဲ့ အပြုအမူတွေအရဆိုရင် သူနဲ့ မိတ်သဟာယဖွဲ့တော့ ဒီပြဿနာတွေရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သလား။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ သူ့ကို စိစစ် ဖော်ထုတ်ခဲ့သလား။ သူက နားလည်မှုအားနည်းတယ်၊ အစွမ်းအစနိမ့်တယ်၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိတယ်ဆိုရင် သူက အဲဒီအခါ ပိုပြီးတော့တောင် မိတ်သဟာယဖွဲ့တာတွေ၊ ပြုပြင်တာတွေကို လိုအပ်တာပေါ့” လို့ပေါ့။ ဒီလိုကြားတော့ ခေါင်းဆောင်က “ကျွန်မတို့ သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်၊ ဒါပေမဲ့ သူက လက်မခံခဲ့ဘူး။ ရှင် သူနဲ့ မိတ်သဟာယဖွဲ့ကြည့်ပြီးတော့ သူ နောင်တရပြီး ပြောင်းလဲတဲ့ လက္ခဏာတစ်ခုခု ပြသလားဆိုတာကို ကြည့်လို့ရတယ်” လို့ ပြောပါတယ်။

အိမ်ပြန်ရောက်တာနဲ့ ကျွန်မ အမေနဲ့ အမြန်ဆုံး မိတ်သဟာယဖွဲ့လိုက်တယ်၊ အသင်းတော်မှာ သူလုပ်ခဲ့တဲ့ အရာအားလုံးကို ပြန်သုံးသပ်ပြီး တစ်ခုချင်းစီကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ သူက နောင်တရတဲ့၊ ဒါမှမဟုတ် အပြစ်ဝန်ခံတဲ့ လက္ခဏာတစ်ခုမှ မပြဘဲ အဲဒီအစား တခြားသူတွေနဲ့ သီးခြားကိစ္စတွေအပေါ်မှာပဲ စွဲလမ်းနေခဲ့တယ်။ သူကပြောတယ်၊ “ဘာလို့ ငါတစ်ယောက်တည်းကိုပဲ ဆင်ခြင်သုံးသပ်ခိုင်းနေရတာလဲ။ ခေါင်းဆောင်တွေကျတော့ ဘာအမှားမှ မလုပ်ဘူးလား။ သူတို့ပြောတဲ့စကားတွေကိုပဲ နားထောင်မနေနဲ့၊ သူတို့လည်း မှားနိုင်တာပဲ။ တစ်ခါတလေ ခေါင်းဆောင်တွေရဲ့ စီစဉ်မှုတွေကလည်း စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တာပဲ။ မဟုတ်ရင် ဘုရားသခင်က အခု ခေါင်းဆောင်အယောင်ဆောင်တွေကို ပိုင်းခြားသိမြင်ခြင်းအကြောင်း နှုတ်ကပတ်တော်တွေ အများကြီးကို ဘာလို့ဖော်ပြနေမှာလဲ။ ဒါက ဒီနေ့ခေတ်မှာ ခေါင်းဆောင်အယောင်ဆောင်တွေ အများကြီး ရှိနေလို့ပဲ...” အမေက အမှားအမှန်ကို ငြင်းခုံနေသေးတာကို မြင်တော့ ကျွန်မ အရမ်းကို စိုးရိမ်ပြီး စိတ်ပျက်သွားတယ်။ ဒါနဲ့ သူ့ကို ကျွန်မ သတိပေးလိုက်တယ်၊ “အမေသာ မဆင်ခြင်မသုံးသပ်ဘူး၊ နောင်တမရဘူးဆိုရင် ရှင်းလင်းပစ်ခံရမှာနော်” လို့ပေါ့။ အဲဒါကိုကြားတော့ ကျွန်မအမေက ပါးစပ်ကတော့ ပြောင်းလဲပြီး နောင်တရချင်ပါတယ်လို့ ပြောပေမဲ့ မကြာခင်မှာပဲ ကျွန်မကို ပြောတယ်၊ “ငါ့အထင်တော့ နင် အခု အလုပ်တစ်ခု ရှာတာ အကောင်းဆုံးပဲ၊ ဘုရားကိုယုံကြည်တာကို အရမ်းအတည်ပေါက်ကြီး မလုပ်သင့်ဘူး။ အလုပ်လုပ်ရင်းနဲ့ တစ်ချိန်တည်းမှာ တာဝန်ထမ်းဆောင်နေတဲ့လူတွေ အများကြီးပဲ၊ သူတို့လည်း ဘုရားသခင်ကို ယုံကြည်နေသေးတာပဲ မဟုတ်ဘူးလား။ ပြီးတော့ အချိန်ပြည့် တာဝန်ထမ်းဆောင်နေတဲ့လူတွေအားလုံးထဲမှာ တစ်ယောက်ပိုတာ၊ လျော့တာက အရေးမကြီးပါဘူး။ ကိုယ့်အတွက် ထွက်ပေါက်တစ်ခု ထားခဲ့သင့်ပြီး ကိုယ့်အနာဂတ်အကြောင်းကို စဉ်းစားသင့်တယ်။ ငါက နင့်အမေလေ၊ ငါ ဒါတွေအားလုံးပြောနေတာ နင့်အတွက် ကောင်းဖို့ပဲ။ နင်သာ ငါ့စကားကို နားမထောင်ရင် နောင်တရလိမ့်မယ်” တဲ့။ သူ့ဆီက ဒီစကားတွေကိုကြားရတော့ ကျွန်မ ဒေါသလည်းထွက်၊ စိုးရိမ်လည်းစိုးရိမ်မိတယ်။ နောက်တစ်လကျော်လောက်မှာ ကျွန်မ သူနဲ့ ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပါစေ၊ သူက သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်တာ၊ သိလာတာမျိုး လုံးဝမရှိခဲ့ဘူး။ အဲဒီအစား သူက သူ့ကိုယ်သူ အကြောင်းပြချက်တွေပေးပြီး ငြင်းခုန်တယ်၊ အဖြစ်မှန်တွေကို လိမ်ညာပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ အမှားတွေကိုပဲ လိုက်ရှာနေခဲ့တယ်။ သူက ကျွန်မကို လောကီအရာတွေကို လိုက်စားအောင် ဖြားယောင်းဖို့ ကြိုးစားခဲ့ပြီး ကျွန်မ စုဝေးပွဲသွားတာ၊ တာဝန်ထမ်းဆောင်တာတွေကို အကြိမ်ကြိမ် အဟန့်အတားလုပ်ခဲ့တယ်။ သူ့ရဲ့ အနှစ်သာရကို ကျွန်မ လုံးဝ မြင်သွားတယ်၊ သူက မယုံကြည်သူတစ်ယောက်ပဲ။

ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်၊ “အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ ဘာသာတရားမရှိသူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် ဘာသာတရားမရှိသူများထက်ပင် ပို၍ ကောက်ကျစ်ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)လူအချို့သည် ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတိုင်းတွင် မလိုအပ်ဘဲ ငြင်းခုံပြီး အကျိုးမရှိသောအရာများကို လုပ်ဆောင်သည်မှာ ဆိုးယုတ်ခြင်းမရှိသလော။ ဤသည်မှာ ကြီးမားသော ပြဿနာဖြစ်သည်။ စိတ်ရှင်းလင်းသောလူတို့သည် ဤအမှားကို ပြုလုပ်မည်မဟုတ်ပေ။ သို့သော် အဓိပ္ပာယ်မရှိသောသူများသည် ဤကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့က အခြားလူများသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင်ပြုလုပ်သည်၊ အခြားလူများသည် ၎င်းတို့ကို တမင်ရည်ရွယ်၍ ခက်ခဲအောင်ပြုလုပ်သည်ဟု အစဉ်သဖြင့် စိတ်ကူးထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများကို အစဉ် ရန်မူကြသည်။ ဤသည်မှာ လမ်းလွဲခြင်းမဟုတ်လော။ ၎င်းတို့သည် သမ္မာတရားနှင့် ပတ်သက်သောအခါတွင် အားစိုက်ထုတ်ခြင်းမရှိ။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အရေးမကြီးသောအရာများကို အငြင်းပွားရန် နှစ်သက်ကြပြီး ရှင်းပြရန် တောင်းဆိုကြသည်။ သိက္ခာဆည်ရန် ကြိုးစားကြသည်။ ပြီးလျှင် ဤကိစ္စရပ်များကို ချဉ်းကပ်ရန်အတွက် လူသား၏ ဖြေရှင်းချက်များကို အစဉ် အသုံးပြုကြသည်။ ဤသည်မှာ အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဤသို့ ယုံကြည်လျှင်၊ သို့မဟုတ် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာရောက်သောကြောင့် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် အရာအားလုံးကို လက်ခံရရှိရန် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာသကဲ့သို့ ဤအရာအားလုံးကို ချဉ်းကပ်ရန်အတွက် သမ္မာတရားကို အသုံးမပြုပေ။ ထိုအစား သင်သည် အမှုအရာများကို ချဉ်းကပ်ရန် လူသား၏ ဖြေရှင်းချက်များကို အသုံးပြုသည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သင်သည် သူ့ထံမှ အလွန်ဝေးကွာသည်အထိ လမ်းလွဲသွားပြီဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံမှ ဝေးကွာသွားရုံမကဘဲ သင်၏ ဖြစ်တည်မှုတစ်ခုလုံးက သူ၏ မျက်မှောက်တော်တွင် အသက်မရှင်ပေ။ ဤသည်မှာ အမှုအရာများကို အစဉ်သဖြင့် အလွန်အကျွံ စိစစ်ပြီး မလိုအပ်ဘဲ ငြင်းခုံမှုများပြုသူတို့ကို ဘုရားသခင် မြင်သည့်ပုံစံဖြစ်သည်။...ငါ သင်တို့ကို ပြောသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ပြင်ပအမှုကိစ္စများကို ကိုင်တွယ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်၊ သို့မဟုတ် ကျွမ်းကျင်မှုနယ်ပယ်များနှင့် ဆက်စပ်သောတာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ ကြိမ်ဖန်များစွာ မလာလျှင်လည်းကောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်လျှင်လည်းကောင်း၊ ဘုရားသခင်၏ စိစစ်မှုကို လက်မခံရဲလျှင်လည်းကောင်း၊ ဘုရားသခင်ထံမှ သမ္မာတရားကို မရှာဖွေလျှင်လည်းကောင်း သူသည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ ၎င်းတို့သည် ဘာသာတရားမရှိသူတစ်ယောက်နှင့် မကွာခြားပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားသခင်က ပြောတယ်၊ လူတစ်ယောက်ဟာ ဘုရားသခင်ကို ရှာတွေ့ပြီးနောက်မှာ သူ့ရဲ့ ပြောဆိုပြုမူပုံတွေက ဘာသာတရားမရှိသူတွေနဲ့ အတူတူပဲဖြစ်နေသေးရင်၊ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ဆီကနေ အရာရာကို ဘယ်တော့မှ လက်မခံဘူးဆိုရင်၊ လူတွေနဲ့ ပြဿနာတွေကိုပဲ အမြဲအာရုံစိုက်နေပြီး သမ္မာတရားကို ဘယ်တော့မှ လက်မခံဘူးဆိုရင် အဲဒီလိုလူမျိုးက မယုံကြည်သူတစ်ယောက်ပဲတဲ့။ ကျွန်မအမေက ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ ဘုရားသခင်ဆီကနေ အမှုအရာတွေကို ဘယ်တော့မှ လက်မခံခဲ့ဘူးဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ သူက စုဝေးပွဲတက်ပြီး သူ့တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပေမဲ့ အဲဒါက ဘယ်တော့မှ စစ်မှန်တာမဟုတ်ခဲ့ဘူး။ သူ့ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေ ပါဝင်ပတ်သက်လာတဲ့အခါတိုင်း သူက သူ့တာဝန်ကို ဘေးဖယ်လိုက်တာပဲ။ ညီအစ်ကိုမောင်နှမတွေက သူနဲ့ အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပေးပေမဲ့ သူက ဘယ်တစ်ခုကိုမှ လက်မခံခဲ့ဘူး။ သီးသန့်ခွဲနေရပြီးနောက်မှာတောင် သူက သူ့ပြဿနာတွေကို မဆင်ခြင်မသုံးသပ်ဘဲ အဖြစ်မှန်တွေကို လိမ်ညာတယ်၊ မကျေမနပ်နဲ့ အော်ငိုပြိး ငြီးငြူတယ်။ သူက အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တဲ့အဖြစ်မှန်ကို ဝန်ခံဖို့ ငြင်းဆန်ခဲ့တယ်၊ သူမက လူတွေနဲ့ ကိစ္စတွေအပေါ်မှာ စွဲလမ်းခဲ့တယ်၊ လူတွေကို မရပ်မနား နှောင့်ယှက်တယ်၊ ပြီးတော့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ အပြစ်တွေကို အမိအရအသုံးချခဲ့တယ်။ သူ ကောင်းချီးမင်္ဂလာတွေ ရဖို့ မျှော်လင့်ချက်မရှိဘူးဆိုတာ မြင်သွားတော့ ချမ်းသာတဲ့ဘဝကို လိုက်စားပြီး အစားအသောက်၊ အဝတ်အစားနဲ့ သာယာမှုတွေကိုပဲ စပြီးအာရုံစိုက်တော့တယ်။ သူက အယူအဆတွေကိုတောင် ဖြန့်တယ်၊ အပျက်သဘောဆောင်တာတွေကို ပွင့်အံချတယ်၊ ပြီးတော့ ကျွန်မ စုဝေးပွဲတက်တာ၊ တာဝန်ထမ်းဆောင်တာတွေကို နှောင့်ယှက်ပြီး အဟန့်အတားလုပ်ခဲ့တယ်။ သူက ကျွန်မကို သူ့လိုမျိုး ပိုက်ဆံအတွက် အလုပ်လုပ်ဖို့၊ ပြီးတော့ လောကီလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဖြားယောင်းခဲ့တယ်။ ကျွန်မအမေက ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ သမ္မာတရားကို လုံးဝလက်မခံခဲ့ဘူး၊ သူ့ရဲ့စကားတွေ၊ အပြုအမူတွေ၊ အမြင်ရှုထောင့်တွေက ဘာသာတရားမရှိသူတွေနဲ့ တစ်ပုံစံတည်းပဲဖြစ်နေတယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်၊ သူက လုံးလုံးကို မယုံကြည်သူတစ်ယောက်ပဲ။ အသင်းတော်က ဖယ်ရှားခြင်း အလုပ်ကို လုပ်ဆောင်နေတော့ သူ့ရဲ့ အပြုအမူအားလုံးကို ကျွန်မ ရေးမှတ်ပြီး ခေါင်းဆောင်တွေကို သတင်းပို့သင့်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် သူက သေချာပေါက် အရှင်းလင်းပစ်ခံရမှာပဲ။ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မတို့မိသားစုက မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ပိုမျက်နှာသာပေးခဲ့တာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မအဘွား၊ အဒေါ်နဲ့ ဦးလေးတွေအားလုံးက ကျွန်မအပေါ် အေးစက်စက်နိုင်ခဲ့ကြတယ်၊ ကျွန်မအဖေကလည်း ကျွန်မကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး။ သူ နေ့တိုင်းလုပ်တာဆိုလို့ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာပဲ၊ ပြီးတော့ စိတ်မကြည်တဲ့အခါကျရင် ဆဲဆိုတယ်၊ လူတွေကို ရိုက်နှက်တယ်၊ ပစ္စည်းတွေကို ရိုက်ခွဲတယ်။ အိမ်မှာတော့ ကျွန်မနဲ့ အမေပဲ တစ်ယောက်ကိုတစ်ယောက် မှီခိုနေခဲ့ကြတယ်။ ကျွန်မအမေက ကျွန်မကို ဘုရားသခင်ရှေ့မှောက် ခေါ်ဆောင်လာခဲ့ပြီး အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့လည်း ထောက်ပံ့ပေးခဲ့တယ်။ သူက ကျွန်မအတွက် သူ့ရဲ့ကြီးမားတဲ့ အဖိုးအခတွေ အများကြီးကို ပေးဆပ်ခဲ့တယ်။ သူ့အပြုအမူတွေကို ကျွန်မ သတင်းပို့ခဲ့မှန်းသာ သူသိသွားရင် သူ ရင်ကွဲနာကျမှာ မဟုတ်ဘူးလား။ သူ ကျွန်မအပေါ် တကယ်ပဲ စိတ်ပျက်သွားမှာ မဟုတ်ဘူးလား။ ဒီလိုလုပ်တာက ကျွန်မမှာ တကယ် အသိတရား မရှိရာကျပြီး သူ့ကို တကယ် စိတ်ပျက်အောင် လုပ်သလိုဖြစ်မယ်လို့ ကျွန်မ ခံစားရတယ်။ ဒီအတွေးနဲ့ ကျွန်မ မျက်ရည်တွေကို ထပ်ပြီးမထိန်းနိုင်တော့ဘူး၊ ပြီးတော့ စိတ်ထဲမှာ အရမ်းကို ရှုပ်ထွေးပြီး နာကျင်ခံစားရတယ်။ အကြိမ်ကြိမ်အခါခါ စဉ်းစားပြီးတဲ့နောက်မှာတော့ ကျွန်မအမေရဲ့ မယုံကြည်သူအပြုအမူတွေကို ကျွန်မ သတင်းမပို့ဖြစ်ခဲ့ဘဲ အဲဒီကိစ္စကို ဘေးဖယ်ထားလိုက်တယ်။

တစ်လကျော်လောက်ကြာတော့ ခေါင်းဆောင်က ကျွန်မကို အမေ့ရဲ့ အပြုအမူအကြောင်း ထပ်ရေးခိုင်းပြန်ရော။ ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်နေသေးတော့ ဘုရားသခင်ဆီကို ဆုတောင်းပြီး ရှာဖွေခဲ့တယ်၊ “အို ဘုရားသခင်၊ အသင်းတော်က ကျွန်မအမေ့ကို မယုံကြည်သူတစ်ယောက်အနေနဲ့ သတင်းအချက်အလက်တွေ စုစည်းနေပါတယ်။ သူတို့က သူ့ရဲ့အပြုအမူတွေကို သတင်းပို့ဖို့ သမီးကို လိုအပ်နေပါတယ်၊ ဒါပေမဲ့ သမီး နည်းနည်း တုံ့ဆိုင်းနေတုန်းပဲ၊ သူ့အပြုအမူတွေကို သတင်းပို့လိုက်ရင် သမီးမှာ အသိတရား မရှိရာကျမယ်လို့ တွေးမိလို့ပါ။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ သမီးမသိပါဘူး၊ ဒီအခြေအနေကို ဖြေရှင်းဖို့ သမီးကို ကူညီတော်မူပါ” ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်သည် တစ်စုံတစ်ယောက်အပေါ်၌ အမှုကိုစတင်သည့်အခါ၊ တစ်စုံတစ်ယောက်အား ရွေးချယ်ပြီးသည့်အခါ၊ သူသည် ဤသတင်းကို မည်သူကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို၊ စာတန်ထံ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ၊ မည်သည့် ထည်ဝါခံ့ညားသော အမူအရာကိုမျှ သာ၍မပြုပေ။ ဘုရားသခင်သည် အလွန်တိတ်ဆိတ်စွာ၊ သဘာဝကျစွာဖြင့်ပင် လိုအပ်သောအရာကို လုပ်ဆောင်သည်။ ဦးစွာပထမ သူသည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ သင့်မိသားစု၏ နောက်ခံသမိုင်း၊ သင့်မိဘများ၊ သင့်ဘိုးဘေးများ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင် ရွေးချယ်သည်။ တစ်နည်းဆိုရသော်၊ ဘုရားသခင်သည် ဤဆုံးဖြတ်ချက်တို့ကို စိတ်ကူးပေါက်ရာ လုပ်ခြင်းမဟုတ်၊ ယင်းထက် အချိန်ကြာမြင့်စွာ ကတည်းက ဤအမှုကို သူစတင်ခဲ့ခြင်းဖြစ်သည်။ သင့်အတွက် မိသားစုတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည်နှင့်၊ သင်မွေးဖွားလာမည့် နေ့စွဲကို သူ ရွေးချယ်၏။ ထို့နောက်၊ သင် ငိုယိုမွေးဖွားကာ လောကထဲ ရောက်လာစဉ် ဘုရားသခင်က စောင့်ကြည့်၏။ သင်၏ မွေးဖွားခြင်းကို သူစောင့်ကြည့်၏၊ သင်က ပထမဆုံးသော စကားများ ဟသည်ကို စောင့်ကြည့်၏၊ သင်က မည်သို့ လမ်းလျှောက်ရမည်ကို သင်ယူသည်နှင့်အမျှ သင်၏ ပထမဆုံးခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်ကာ တော့တီးတော့တ ဖြစ်သည်ကို သူစောင့်ကြည့်၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို လှမ်း၏— ယခုသော် သင်သည် ပြေးနိုင်သည်၊ ခုန်နိုင်သည်၊ စကားပြောနိုင်ပြီး သင်၏ခံစားချက်တို့ကို ဖော်ပြနိုင်သည်...လူသားက ကြီးပြင်းလာသည်နှင့်အမျှ၊ စာတန်၏ စူးစိုက်သော အကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ လူတိုင်းအပေါ်တွင် စူးစိုက်ကြည့်လေသည်။ သို့ရာတွင် သူ၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများ၊ အချိန်နှင့် နေရာတို့မှ ထွက်ပေါ်သည့် ကန့်သတ်ချက်များကို လုံးဝ မခံရပေ။ သူသည် ပြုသင့်သည်ကို ပြုကာ၊ သူ ပြုရမည့်အရာကို ပြုလေသည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် သင် မကြိုက်နှစ်သက်သည့် အရာများစွာအပြင် နာမကျန်း ဖြစ်ခြင်းနှင့် စိတ်ပျက်ခြင်းများကိုပါ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ၊ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက်၊ သင်၏ဘေးတွင် ရှိနေသည့် အတွက်၊ သူသည် သင်၏အသက်တာ တစ်ခုလုံးကို တာရှည်ခံဖို့ စစ်မှန်သည့်အာမခံချက်တစ်ခုကို ပေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ နားလည်လာတယ်။ ကျွန်မတို့ မွေးဖွားလာတဲ့မိသားစု၊ ကျွန်မတို့ ကြီးပြင်းလာမှုနဲ့ ကျွန်မတို့ရဲ့ ရှင်သန်နေထိုင်မှု အခြေအနေတွေအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီး စီစဉ်ထားခဲ့တာပဲ။ ကျွန်မ ဒီနေ့ အသက်ရှင်နေတယ်၊ ဘုရားသခင်ကို ယုံကြည်နိုင်ပြီး အသင်းတော်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တယ်ဆိုတဲ့အချက်က လုံးဝကို ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့်ပဲ။ ကျွန်မအမေ ကျွန်မကို မွေးတုန်းက မွေးရခက်ပြီး အခြေအနေက စိုးရိမ်စရာဖြစ်ခဲ့တယ်။ ဆရာဝန်က ကျွန်မအဖေ့ကို လူကြီးကိုကယ်မလား၊ ကလေးကိုကယ်မလားလို့ မေးခဲ့တယ်။ ကျွန်မအဖေက အရမ်းကြောက်ပြီး လက်တွေတုန်နေခဲ့တယ်၊ သူ ဘာလုပ်ရမှန်းမသိခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မအမေက သခင်ယေရှုဆီကို ဆုတောင်းခဲ့တယ်၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့်ပဲ ကျွန်မရော အမေရော အသက်ရှင်ခဲ့ရတာပါ။ ပြီးတော့ ကျွန်မငယ်ငယ်တုန်းက ဆော့နေရင်းနဲ့ သဲတွေပါတဲ့ တုတ်တစ်ချောင်းနဲ့ မျက်လုံးကို ထိုးမိခဲ့တယ်။ ကျွန်မရဲ့ ညာဘက်မျက်လုံးက ချက်ချင်း ဘာမှမမြင်ရတော့ဘူး။ ကျွန်မ လန့်သွားပြီး မျက်စိကွယ်တော့မယ်လို့ ထင်ခဲ့တယ်။ မျက်လုံးကို ပွတ်နေခဲ့ပေမဲ့ သဲက ထွက်မလာခဲ့ဘူး။ စိုးရိမ်စိတ်နဲ့ ကျွန်မလုပ်နိုင်တာဆိုလို့ စိတ်ထဲကနေ သခင်ယေရှုကို အော်ဟစ်တိုင်တည်ဖို့ပဲ ရှိခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မမျက်လုံးက မျက်ရည်တွေ ဆက်တိုက်ကျလာပြီး သဲတွေက အကုန်ထွက်သွားခဲ့တယ်။ အဆုံးမှာတော့ ကျွန်မရဲ့ ညာဘက်မျက်လုံးက ဘယ်ဘက်မျက်လုံးနဲ့ ယှဉ်လိုက်ရင် နည်းနည်းလေး ချိုင့်ဝင်သွားခဲ့ပေမဲ့ အမြင်အာရုံကတော့ ပုံမှန်ရှိတုန်းပဲ။ ကျွန်မက ကံကောင်းတာသက်သက်ပဲလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာတော့ ကျွန်မကို နောက်ကွယ်ကနေ စောင့်ကြည့်ပြီး ကာကွယ်ပေးနေခဲ့တာ ဘုရားသခင်ပဲဆိုတာကို နောက်ဆုံးမှာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ အများကြီး ဒုက္ခခံခဲ့ပြီး ကျွန်မကို ဘုရားသခင်ရှေ့မှောက် ခေါ်ဆောင်လာခဲ့တယ်လို့ ထင်ရတယ်၊ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေအရဆိုရင် ကျွန်မ ဘယ်အချိန်မှာ မွေးဖွားလာခဲ့တယ်၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာခဲ့တယ်၊ ဘယ်လိုလူတွေနဲ့ တွေ့ဆုံမယ်၊ ဘယ်လိုအရာတွေကို တွေ့ကြုံခံစားရမယ်၊ ဘယ်အချိန်မှာ တာဝန်ထမ်းဆောင်ဖို့ ဘုရားသခင်ရဲ့ အိမ်တော်ကို ရောက်လာမယ်ဆိုတာတွေအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေအောက်မှာပဲ ရှိခဲ့တာပဲ။ ဘုရားသခင်က ကျွန်မကို ခြေလှမ်းတိုင်းကို ဦးဆောင်နေခဲ့တယ်။ ဒီလိုတွေးမိတော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားပြီး “ဘုရားသခင်က တကယ်ကို ကြီးမြတ်တာပဲ။ ကိုယ်တော့်ရဲ့ မေတ္တာက အရမ်းစစ်မှန်တာပဲ” လို့တွေးမိတယ်။ ဒါပေမဲ့ ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ ဒုက္ခဆင်းရဲခံပြီး ပင်ပန်းခဲ့တဲ့အတွက် ကျွန်မ သူ့ကို ကျေးဇူးကြွေးတင်တယ်လို့ ဆက်ပြီးခံစားနေခဲ့တယ်။ ဒါကြောင့် သူ့ကို အသင်းတော်မှာ ဆက်ထားနိုင်ဖို့အတွက် သူက မယုံကြည်သူတစ်ယောက်ဖြစ်တဲ့ သရုပ်သကန်တွေအများကြီးကို ကျွန်မ သိသိကြီးနဲ့ ဖုံးကွယ်ခဲ့တယ်၊ သူ့ကို အကာအကွယ်ပေးခဲ့ပြီး အသင်းတော်အလုပ်ကို မစောင့်ရှောက်ခဲ့ဘူး။ ဒါကမှ တကယ့်ကို အသိတရား ကင်းမဲ့တာကို ပြတာပဲ။

ဘုရားနှုတ်ကပတ်တော်တွေမှာ ပြောထားတာကိုလည်း ကျွန်မ ဖတ်ခဲ့ရတယ်။ “အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။...အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သည့်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည် ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင် ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ပြောဆိုစရာ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိတော့မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊ လူသားသည် အစဉ် ပြောင်းလဲသွားလိမ့်မည်၊ နေသည် တိုး၍ မှိန်သွားလိမ့်မည်၊ လသည် မှောင်သွားမည်၊ လူသားသည် အေးချမ်းမှုဖြင့် အသက်ရှင်ခြင်း နေ့ရက်များ နောက်ထပ် ရှိတော့မည်မဟုတ်၊ မြေပေါ်တွင် ငြိမ်သက်အေးချမ်းသည့်အချိန်များ ရှိတော့မည် မဟုတ်၊ ကောင်းကင်တို့သည် တစ်ဖန် မည်သည့်အခါမျှ တည်ကြည်ကာ ဆိတ်ငြိမ်လိမ့်မည် မဟုတ်သကဲ့သို့ အဓွန့်ရှည်စွာ တည်တံတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းသည် အသစ်ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ မူလအသွင်ကို ပြန်ရကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုအပေါင်းသည် တစ်ကွဲတစ်ပြားစီဖြစ်လိမ့်မည်ဖြစ်ပြီး၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲလိမ့်မည်။ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ် ရှိဖူးသော အရာအားလုံးကို ငါ ချေမှုန်းမည်။ ငါသည် ခံစားချက် မရှိသည့်အတွက်၊ လူများကို ၎င်းတို့၏ ခံစားချက်များအား ဖော်ပြခွင့် ငါမပေးသကဲ့သို့ လွန်ကဲသောအတိုင်းအတာ တစ်ခုအထိ လူတို့၏ ခံစားချက်များကို ငါ တိုး၍ မုန်းတီးမိပြီဖြစ်သည်။ ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် ‘အခြားသူ’ ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါသည် မေ့လျော့ခြင်းခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ ‘အသိစိတ်’ကို ရယူရန် အခွင့်ကောင်းကို မလွတ်တမ်း အသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ပင် အလွန်အမင်း မနှစ်မြို့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသကဲ့သို့ မတရားဟု ဆိုကာ ငါ၏အမှုအရာများကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ငါ အလေးဂရုမပြုဟု သူဆိုသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ ငါသည် မြေကြီးပေါ်တွင် ဆွေမျိုးသားချင်းများလည်း ရှိပါသလော။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးအတွက်၊ အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစဉ်းစားဘဲ နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးသနည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။ ဖန်ဆင်းသော ဘုရားသခင်သည် ဖန်ဆင်းခံရသော လူသားနှင့် အဘယ်သို့ အမျိုးအစား တူနိုင်မည်နည်း။ ငါသည် မြေကြီးပေါ်တွင် လူသားနှင့်အတူတကွ မည်သို့ အစဉ်နေပြီး ဆောင်ရွက်နိုင်မည်နည်း။ ငါ၏ စိတ်နှလုံးအတွက် အဘယ်သူ ပူပန်နိုင်သနည်း။ လူသား၏ ဆုတောင်းချက်များလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ဘုရားသခင် အမှုတော်ရဲ့ လမ်းကြောင်းကို နားလည်လာခဲ့တယ်။ အဲဒါက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့သူအားလုံးကို သူ့ကို အမှန်တကယ်ယုံကြည်တဲ့သူတွေနဲ့ ခွဲခြားဖို့ပဲ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တဲ့သူတွေက ကိုယ်တော်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ကျေးဇူးတော်ကို ရရှိမယ်၊ သူ့ကို အတိုက်အခံလုပ်တဲ့သူတွေကတော့ ကျိန်ဆဲခြင်းနဲ့ အပြစ်ဒဏ်ပေးတာကို ခံရမှာပါ။ ဘုရားသခင်က လူတစ်ယောက်ချင်းစီရဲ့ အဆုံးသတ်ကို သူတို့ရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေ၊ ပြီးတော့ သူတို့ရဲ့ သဘာဝ အနှစ်သာရကို အခြေခံပြီး ဆုံးဖြတ်တယ်၊ မျက်နှာသာပေးတာတွေ၊ ကြိုးကိုင်ခြယ်လှယ်တာမျိုးတွေဆိုတာ မရှိဘူး။ ဘုရားသခင်ရဲ့ အိမ်တော်မှာ သမ္မာတရားက အာဏာစက်တည်တယ်၊ မျက်နှာလိုက်တာတွေ၊ မျက်နှာသာပေးတာတွေ မရှိဘူး။ အခု ဘုရားသခင်ရဲ့ အလုပ်က အဆုံးသတ်ခါနီးပြီဆိုတော့ လူအမျိုးမျိုးကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်နေပြီ။ ဒါက တောပင်တွေကို စပါးတွေနဲ့ ခွဲခြားရမယ့်အချိန်ပဲ။ ဒါက ဘုရားသခင်ရဲ့ စစ်ထုတ်ခြင်းအချိန်ပဲ။ ကျွန်မအမေနဲ့ ကျွန်မက သွေးသားအရ အရမ်းကို နီးစပ်ပေမဲ့ သူ့ရဲ့ နောက်ဆုံးအဆုံးသတ်ကတော့ ကျွန်မ ဆုံးဖြတ်ပေးနိုင်တဲ့အရာ မဟုတ်ဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ “ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၄၀-၄၁) ကျွန်မအမေက ဒီဘဝမှာ ဘယ်လိုဒုက္ခဆင်းရဲမျိုးကို ခံရမလဲ၊ သူ့ရဲ့ နောက်ဆုံးအဆုံးသတ်နဲ့ ပန်းတိုင်က ဘာဖြစ်မလဲဆိုတာက သူ့ကိုယ်ပိုင်ရွေးချယ်မှုတွေအပေါ်မှာ မူတည်ပြီး သူလျှောက်လှမ်းတဲ့လမ်းကြောင်းက ဆုံးဖြတ်ပေးမှာပဲ။ ကျွန်မ သူနဲ့ ဘယ်လောက်ပဲ မိတ်သဟာယဖွဲ့ပါစေ၊ သူ့ကို အသင်းတော်မှာ ဆက်ထားဖို့ ဘယ်လိုပဲ ကြိုးစားပါစေ၊ သူ့ရဲ့ သဘာဝ အနှစ်သာရက မယုံကြည်သူတစ်ယောက်ရဲ့ သဘာဝအနှစ်သာရပဲ၊ သူ အသင်းတော်မှာ နေတာက အသင်းတော်အသက်တာကို နှောင့်ယှက်ရုံပဲရှိမယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ထိခိုက်စေမယ်၊ ပြီးတော့ အနှေးနဲ့အမြန်ဆိုသလို သူက ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ကျွန်မအမေရဲ့ အပြုအမူတွေကို သတင်းမပို့တာက ချစ်ခင်တွယ်တာမှုအရ ပြုမူနေတာပဲ။ သူ့တာဝန်မှာ ကျွန်မအမေက အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ပြီး ခိုကပ်လုပ်တယ်၊ ပြီးတော့ သူ့တာဝန်ကို ခဏခဏ စွန့်ပစ်တတ်တယ်။ ညီအစ်ကိုမောင်နှမတွေက သူနဲ့ မိတ်သဟာယဖွဲ့တဲ့အခါ ပါးစပ်ကတော့ သဘောတူပေမဲ့ နောက်ပိုင်းကျတော့ အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝ ထည့်မစဉ်းစားဘဲ တစ်ဇွတ်ထိုးပြုမူနေတုန်းပဲ။ ခေါင်းဆောင်က သူ့ကို ဖော်ထုတ်ပြီး ပြုပြင်တဲ့အခါ သူက လွဲမှားတဲ့အကြောင်းပြချက်တွေနဲ့ ငြင်းခုံပြီး ဒေါသထွက်ခဲ့တယ်။ သူ ဖြုတ်ချခံရပြီးနောက်မှာ သူက လူတွေကို မရပ်မနား နှောင့်ယှက်တယ်၊ အဖြစ်မှန်တွေကို လိမ်ညာတယ်၊ ပြီးတော့ သူ မတရားလုပ်ခံရတယ်လို့ အော်ဟစ်ခဲ့တယ်။ သူက အသင်းတော်မှာ ဘာအပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကမှ မပါဝင်ဘဲ အမြဲတမ်း အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်ထမ်းဆောင်မှု စွမ်းရည်ကိုလည်း ထိခိုက်ခဲ့တယ်။ ကျွန်မအမေက အသင်းတော်ကို အများကြီး အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်၊ ပြီးတော့ သူက သမ္မာတရားကို နည်းနည်းလေးမှ လက်မခံခဲ့ဘူး။ သူ့ရဲ့ မယုံကြည်သူအပြုအမူက အရမ်းကို သိသာနေပြီ၊ သူ အရှင်းလင်းပစ်ခံရသင့်တယ်ဆိုတာကို ကျွန်မ ကောင်းကောင်းသိနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို အကာအကွယ်ပေးနေခဲ့ပြီး သူ့အပြုအမူတွေကို သတင်းပို့ဖို့ ဆန္ဒမရှိခဲ့ဘူး။ ဒါက ကျွန်မက စာတန်ကို အကာအကွယ်ပေးပြီး မယုံကြည်သူတစ်ယောက်ကို ဖုံးကွယ်ပေးနေတာ မဟုတ်ဘူးလား။ ချစ်ခင်တွယ်တာမှုနဲ့ အသက်ရှင်နေတာက ကျွန်မကို အမှားအမှန် မခွဲခြားနိုင်အောင်နဲ့ လုံးဝ ဆင်ခြင်တုံတရားမဲ့အောင် လုပ်ခဲ့တယ်။ ကျွန်မ ဘုရားသခင်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေတာ မဟုတ်ဘူးလား။ အဲဒီအချိန်မှာမှ ဘုရားသခင်က လူ့စိတ်ခံစားချက်တွေကို ဘာလို့ ဒီလောက်တောင် စက်ဆုပ်ရွံရှာရသလဲဆိုတာကို ကျွန်မ နောက်ဆုံးမှာ တွေ့ကြုံခံစားခဲ့ရတယ်။ ဘုရားသခင်က ပြောသည် “ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် ‘အခြားသူ’ ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါသည် မေ့လျော့ခြင်းခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ ‘အသိစိတ်’ကို ရယူရန် အခွင့်ကောင်းကို မလွတ်တမ်း အသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ပင် အလွန်အမင်း မနှစ်မြို့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသကဲ့သို့ မတရားဟု ဆိုကာ။” ဒီလိုတွေးမိတော့ ကျွန်မ ဘုရားသခင်အပေါ်မှာ တကယ်ကို အကြွေးတင်တယ်လို့ ခံစားရပြီး စိတ်ထဲမှာ ဘုရားသခင်ရဲ့ သတ်မှတ်ချက်အတိုင်း လက်တွေ့လုပ်ဆောင်ချင်တဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခု ရှိလာခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဆက်ပြီး မတွေဝေနိုင်တော့ဘူးဆိုတာကို ကျွန်မသိလိုက်တယ်၊ ဒါနဲ့ ကျွန်မအမေရဲ့ အပြုအမူအားလုံးကို သတင်းပို့ခဲ့လိုက်တယ်။

တစ်လကြာတော့ ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ ကျွန်မအမေက သူ အသင်းတော်ကနေ ရှင်းလင်းပစ်ခံလိုက်ရပြီဆိုတာကို မျက်နှာသေနဲ့ ပြောပြတယ်။ ပြီးတော့ သူက ကျွန်မကို အပြစ်တင်တယ်၊ “နင်က ဘာလို့ ငါနင့်ကိုပြောခဲ့တာတွေအားလုံးကို သူတို့ကို သွားပြောရတာလဲ။ နင်က တကယ်ကို ကျေးဇူးမသိတတ်တာပဲ၊ နင့်မှာ အသိတရားလည်းမရှိဘူး။ ကိုယ့်အမေကိုတောင် နင် သစ္စာဖောက်လိမ့်မယ်လို့ ငါ မယုံနိုင်ဘူး” တဲ့။ သူ့ဆီက ဒီစကားတွေကိုကြားရတော့ ကျွန်မ အရမ်းကို နာကျင်ပြီး စိတ်ဆင်းရဲသွားတယ်။ သူ့အပေါ်မှာ ကျွန်မ အမှားတစ်ခုခု လုပ်ခဲ့မိသလိုပဲ၊ သူ့ကို မျက်နှာချင်းဆိုင်ဖို့ ရှက်သလို ခံစားရတယ်။ ဒါပေမဲ့ ခဏကြာတော့ ကျွန်မ ပြန်စဉ်းစားမိတယ်၊ “ငါက ဘာလို့ ငါ့အမေရဲ့ စွပ်စွဲတာတွေ၊ မကျေမနပ်ပြောတာတွေကို ဒီလောက်ကြောက်နေရတာလဲ။ ငါက စည်းမျဉ်းတွေအတိုင်း ပြုမူခဲ့တာပဲ” လို့ပေါ့။ ချစ်ခင်တွယ်တာမှုနဲ့ ထပ်ပြီးဘောင်ခတ်ခံနေရတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်၊ ဒါကြောင့် စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီအခြေအနေမှာ သမီး လက်တွေ့လုပ်ဆောင်ရမယ့် မှန်ကန်တဲ့နည်းလမ်းက ဘာပါလဲ” ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိလိုက်တယ်။ “ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်ထဲမှာ အရမ်းကို ဉာဏ်အလင်းပွင့်သွားသလို ခံစားရစေခဲ့တယ်။ ကျွန်မအမေ အရှင်းလင်းပစ်ခံရတာက သူက အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တာတွေ အများကြီးလုပ်ခဲ့တယ်၊ သမ္မာတရားကို နည်းနည်းလေးမှ လက်မခံခဲ့ဘူး၊ ပြီးတော့ အသင်းတော်မှာ ဘာအပြုသဘောဆောင်တဲ့ သက်ရောက်မှုမှ မရှိခဲ့လို့ပဲ။ သူ့အပြုအမူတွေကို သတင်းပို့ခဲ့တဲ့အတွက် ကျွန်မက သူ့အပေါ်မှာ ဘာအမှားမှ လုပ်နေတာမဟုတ်ဘူး။ အဲဒီအစား ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတာ၊ စည်းမျဉ်းအတိုင်း ပြုမူနေတာဖြစ်လို့ အပြစ်ရှိသလို ခံစားနေစရာမလိုဘူး။ ကျွန်မအမေ ရှင်းလင်းပစ်ခံရတာက အသင်းတော်ရဲ့ စည်းမျဉ်းတွေကို အခြေခံတာပဲ။ သူက အခု နောင်တမရတဲ့အပြင် ဒီလိုစကားမျိုးတွေတောင် ပြောသေးတယ်။ သူ့ရဲ့ သဘာဝ အနှစ်သာရက မယုံကြည်သူတစ်ယောက်ရဲ့ သဘာဝအနှစ်သာရပဲဆိုတာကို ကျွန်မ ပိုပြီးတော့တောင် သေချာသွားတယ်။ ဒီလိုလူတစ်ယောက်သာ အသင်းတော်မှာ ဆက်ရှိနေရင် သူက ညီအစ်ကိုမောင်နှမတွေရဲ့ အသင်းတော်အသက်တာကို နှောင့်ယှက်မှာ သေချာတယ်၊ ပြီးတော့ သူများတွေအတွက် ဘာအကျိုးကျေးဇူးမှ ဆောင်ကြဉ်းပေးမှာမဟုတ်ဘူး။ သူတို့ကို ရှင်းလင်းပစ်ရမယ်။ ဘုရားသခင်က ကိုယ်တော်ချစ်သောအရာကို ချစ်ပြီး၊ ကိုယ်တော်မုန်းသောအရာကို မုန်းဖို့ ပြောထားတယ်။ ကျွန်မ စည်းမျဉ်းတွေအတိုင်း ပြုမူခဲ့တာ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဒီလိုတွေးမိတော့ ကျွန်မ စိတ်သက်သာရာရသွားပြီး ကျွန်မအမေအပေါ်မှာ အကြွေးတင်သလို ခံစားရတာတွေ၊ အပြစ်ရှိသလို ခံစားရတာတွေ မရှိတော့ဘူး။

ကျွန်မအမေ ရှင်းလင်းပစ်ခံရတဲ့အတွေ့အကြုံကို ဖြတ်သန်းပြီးနောက်မှာ မယုံကြည်သူတွေရဲ့ အပြုအမူအပေါ်မှာ ကျွန်မ ပိုင်းခြားသိမြင်မှုတချို့ ရခဲ့တယ်၊ ပြီးတော့ လူတွေကို ချစ်ခင်တွယ်တာမှုအပေါ် အခြေခံပြီး ဆက်ဆံတဲ့အခါ ကိုယ့်လုပ်ရပ်တွေမှာ စည်းမျဉ်းကင်းမဲ့သွားတယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ချစ်ခင်တွယ်တာမှုအပေါ် အခြေခံပြီး ဆက်ပြီးမပြုမူနိုင်တော့ဘူးဆိုတာကို ကျွန်မသိလိုက်တယ်။ ဒီသင်ခန်းစာကို သင်ယူဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၁၉။ ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်နောက်ကို ကျွန်မ မလိုက်တော့ပါ

နောက်တစ်ခုသို့- ၂၈။ ကျွန်မ ယခု သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပါပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။