၂၆။ အောက်သက်ကျေကျေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ သင်ယူခဲ့ရ

လုဟန်၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ခေါင်းဆောင်တွေဆီက စာတစ်စောင် ကျွန်မ လက်ခံရရှိခဲ့တယ်။ ကျွန်မမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်၊ လူတွေကို ရွေးချယ်ခန့်အပ်တဲ့အခါ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေဘဲ ကိုယ့်အလိုဆန္ဒအပေါ် အခြေခံပြီး မသင့်တော်တဲ့လူတွေကို အမြဲ ရွေးချယ်ခဲ့လို့ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်လို့ အဲဒီစာမှာ ပြောထားတယ်။ မိတ်သဟာယပြုပြီးတဲ့နောက်မှာတောင် ကျွန်မက အခြေအနေကို ပြောင်းလဲအောင် မလုပ်ခဲ့ဘူး၊ ခေါင်းဆောင်လုပ်တဲ့ တစ်နှစ်တာကာလအတွင်းမှာလည်း ကျွန်မက သိပ်တိုးတက်မလာခဲ့ဘူးလို့လည်း ပြောထားတယ်။ ခြုံပြောရရင်တော့ ကျွန်မမှာ သာမန်အစွမ်းပဲ ရှိပြီး ခေါင်းဆောင် အမှုဆောင်အနေနဲ့ ဆက်လက်ပျိုးထောင်ဖို့ မသင့်တော်ဘူးလို့ အကဲဖြတ်ခံရတာပေါ့။ စာရေးသားတဲ့ဘက်မှာ ပါရမီနည်းနည်းရှိလို့ ကျွန်မကို စာနဲ့ပတ်သက်တဲ့ တာဝန် ပေးအပ်လိုက်တယ်။ ခေါင်းဆောင်တွေရဲ့စာကို ဖတ်လိုက်ရတော့ ကျွန်မရဲ့ စိတ်နှလုံးက အကြီးအကျယ် ထိုးနှက်ခံလိုက်ရတယ်။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် ခေါင်းဆောင်တာဝန်က ကျွန်မနဲ့ မသင့်တော်ဘူးလို့ ခေါင်းဆောင်တွေက ဆိုလိုချင်တာပါ။ အဲဒါက ကျွန်မအနေနဲ့ ခေါင်းဆောင် အမှုဆောင်အဖြစ် ဆက်ပြီး တာဝန်မထမ်းဆောင်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ကျွန်မ ဆုံးရှုံးရမယ့်အပြင် သမ္မာတရားရရှိဖို့ အခွင့်အရေးအများကြီးကိုလည်း ဆုံးရှုံးရမှာဖြစ်ပြီး ကယ်တင်ခြင်းခံရမယ့် မျှော်လင့်ချက်ကလည်း နည်းပါးသွားမှာပဲ။ ဒီလိုတွေးမိတော့ ကျွန်မ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။ ညဘက်ရောက်တော့ အိပ်ရာထဲမှာ လူးလှိမ့်နေပြီး လုံးဝ အိပ်မပျော်နိုင်ဘဲ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ အစွမ်းအစ ညံ့ဖျင်းလို့ ငါ တာဝန်ပြောင်းရွှေ့ခံလိုက်ရတာ။ ငါ ရှေ့ဆုံးရောက်ဖို့ ဘယ်တော့မှ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။ ငါက ထာဝရ အညတြ တစ်ယောက်ပဲ ဖြစ်တော့မှာ။ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်တဲ့အခါ နေ့တိုင်း ငါလုပ်ရမှာက ဆောင်းပါးတွေကို စိစစ်ပြီး စာတွေပြန်ဖို့ပဲ ရှိတော့မယ်။ အဲဒါက အလုပ်ရဲ့ ကဏ္ဍပေါင်းစုံအတွက် စီစဉ်တာတွေ၊ ဆုံးဖြတ်ချက်ချတာတွေ လုပ်ရတဲ့၊ ဒါမှမဟုတ် အလုပ်ကို လမ်းပြဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲတွေ လုပ်ရတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ရတာနဲ့ ဘာမှမဆိုင်ဘူး။ သူတို့ရဲ့ အထင်ကြီးလေးစားမှုနဲ့ ထောက်ခံမှုကို ငါ ဘယ်တော့မှ ထပ်ပြီး ခံစားရတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် ငါ ဘာဖြစ်လို့ တာဝန်က ဖြုတ်ချခံခဲ့ရလဲဆိုတာ ငါ့ကိုသိတဲ့ ညီအစ်ကိုမောင်နှမတွေကို ခေါင်းဆောင်တွေက သေချာပေါက် ပြောပြမှာ။ သူတို့က ငါ့ကိုတောင် ပိုင်းခြားသိမြင်လောက်မှာပဲ။ အဲဒီကျရင် ငါ့နာမည်က ရေစုန်မျောပြီး နေရာအနှံ့ အရှက်ကွဲတော့မှာပဲ” လို့ပေါ့။ ပိုတွေးမိလေလေ၊ ကျွန်မဘဝက မှေးမှိန်ပြီး အနာဂတ်က လုံးဝ မျှော်လင့်ချက်မဲ့နေတယ်လို့ ခံစားရလေလေဖြစ်ပြီး မျက်ရည်တွေက ထိန်းမရသိမ်းမရ ကျလာတော့တာပဲ။ ကျွန်မရဲ့ ဒီအတွေးတွေ မှားမှန်း သဘောပေါက်လိုက်မိတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်စုစည်းပြီး ကိုယ့်တာဝန်မှာ ကိုယ့်ရဲ့ စိတ်နှလုံးကိုဆက်ကပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် တာဝန်ပြောင်းရွှေ့ခံခဲ့ရတာကို သတိရမိတိုင်းမှာ၊ ရင်ထဲမှာ ဓားနဲ့မွှေနေသလို ခံစားခဲ့ရတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ စိတ်နှလုံးကို ငြိမ်သက်အောင် မထားနိုင်ခဲ့ဘူး၊ တစ်ခါတလေဆို ပုန်းပြီးတော့ပဲ တိတ်တိတ်လေး ငိုမိတယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မက နေ့တိုင်း ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေပဲ လုပ်ပြီး အလုပ်တစ်ခုလုံးကို သိပ်ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်နိုင်နင်းတာနဲ့ပဲ ရောင့်ရဲနေခဲ့တာ။ ကျွန်မအဖွဲ့ထဲက ညီအစ်ကိုမောင်နှမတွေ အလုပ်မှာ ပေါ့လျော့နေတာ၊ အဖွဲ့ခေါင်းဆောင်က သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ် မရှိဘဲ အလုပ်အတွက် သင့်တင့်တဲ့ အစီအစဉ်တွေ မဆွဲတာကို တွေ့တဲ့အခါ အဲဒါက ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ ခံစားရပြီး ဖြေရှင်းဖို့ မိတ်သဟာယမဖွဲ့ခဲ့ဘူး။ ကိုယ့်တာဝန်မှာ ဝန်တာထားတဲ့စိတ် မရှိတဲ့အတွက် ဘာရလဒ်မှ မထွက်ခဲ့ဘူး။ ကြီးကြပ်ရေးမှူးက ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြပြီး ကျွန်မကို ပြုပြင်တော့မှပဲ ပြဿနာရဲ့ လေးနက်မှုကို ကျွန်မ သဘောပေါက်သွားတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ဖြုတ်ချခံရမယ်လို့ စိုးရိမ်မိလို့ ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေချင်ခဲ့တယ်။ ကျွန်မ ဆုတောင်းလိုက်တယ်၊ “အို ချစ်လှစွာသော ဘုရားသခင်၊ သမီးရဲ့ အခြေအနေက အရမ်းဆိုးနေပြီး ဘယ်တော့မှ အားမတင်းနိုင် ဖြစ်နေပါတယ်၊ ဒါပေမဲ့ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို သမီးမသိဘူး။ ကိုယ့်ပြဿနာတွေကို နားလည်ပြီး သင်ခန်းစာယူနိုင်အောင် သမီးကို ဉာဏ်ပွင့်စေတော်မူပါ” လို့ပေါ့။

ဆုတောင်းချိန်မှာ ကျွန်မရဲ့ အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူအချို့သည် ခေါင်းဆောင်ရာထူးမှ ဖြုတ်ချခြင်းခံရပြီး ၎င်းတို့အနေဖြင့် နောက်ထပ် ပျိုးထောင်ခြင်း သို့မဟုတ် အသုံးပြုခြင်း ခံရတော့မည်မဟုတ်ဟု အထက်က ပြောသည်ကို ၎င်းတို့ ကြားသောအခါ၊ ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အလား အလွန့်အလွန် ဝမ်းနည်းကြပြီး ခါးသီးစွာ ငိုကြွေးကြသည်။ ဤသည်မှာ အဘယ်ပြဿနာ ဖြစ်သနည်း။ ၎င်းတို့ နောက်ထပ် ပျိုးထောင်မခံရခြင်း သို့မဟုတ် အသုံးပြုမခံရခြင်းသည် ၎င်းတို့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်ဟု ဆိုလိုသလော။ ယင်းက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း မရရှိနိုင်ဟု ဆိုလိုသလော။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အမှန်တကယ် အလွန် အရေးကြီးသလော။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါက၊ မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ဆုံးရှုံးသောအခါ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်သင့်ပြီး စစ်မှန်သော နောင်တကို ခံစားသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်သင့်သည်၊ ဘဝကို အသစ်ပြန်စသင့်ပြီး အလွန်ဝမ်းမနည်းသင့် သို့မဟုတ် အလွန်မငိုကြွေးသင့်ပေ။ ၎င်းတို့အနေဖြင့် တကယ့်အလုပ်ကို မလုပ်သကဲ့သို့ သမ္မာတရားကို မလိုက်စားခြင်းတို့ကြောင့် ဘုရားအိမ်တော်၏ ဖြုတ်ချခြင်းကို ခံခဲ့ရကြောင်း မိမိတို့၏ စိတ်နှလုံးထဲ၌ သိရှိပြီး ဘုရားအိမ်တော်က ၎င်းတို့ကို နောက်ထပ် ရာထူးတိုးပေးတော့မည်မဟုတ်ဟုဖြစ်စေ၊ တစ်ဖန် အသုံးပြုခြင်းခံရမည်မဟုတ်ဟုဖြစ်စေ ပြောသည်ကို ၎င်းတို့ ကြားရပါက၊ ၎င်းတို့ ရှက်ရွံ့သင့်သည်၊ ဘုရားသခင်ကို အကြွေးတင်ပြီး ဘုရားသခင်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားသင့်ပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အသုံးပြုခြင်းကို မခံထိုက်ကြောင်း သိရှိသင့်ပြီး ဤနည်းဖြင့် ၎င်းတို့ကို ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဘုရားအိမ်တော်က ၎င်းတို့ကို နောက်ထပ် ပျိုးထောင်တော့မည်မဟုတ်၊ သို့မဟုတ် အသုံးပြုတော့မည်မဟုတ်သည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ဝမ်းနည်းကြကာ ဤအရာ ၎င်းတို့အနေဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားနေပြီး သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်းကို ပြသသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိတ်နှလုံးကို တိုက်ရိုက်ပြောလိုက်တော့ ကျွန်မ အရမ်းရှက်ပြီး အရမ်းလည်း ထိမိသွားခဲ့တယ်။ ဒီတာဝန် ပြောင်းရွှေ့မှုမှာ၊ ကျွန်မမှာ သာမန်အစွမ်းပဲ ရှိပြီး ခေါင်းဆောင်အဖြစ် ပျိုးထောင်ဖို့ မသင့်တော်ဘူးလို့ ခေါင်းဆောင်တွေ အကဲဖြတ်တာကို ကြားရတာက ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ အစွမ်းညံ့ဖျင်းမှုကြောင့် တာဝန်ပြောင်းရွှေ့ခံရတာမို့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့ကျင့်ခွင့်၊ ရှေ့ဆုံးရောက်ဖို့ အခွင့်အရေး ဘယ်တော့မှ ထပ်ရတော့မှာမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မဘဝက မှေးမှိန်ပြီး အနာဂတ်က မျှော်လင့်ချက်မဲ့နေတယ်လို့ ခံစားရပြီးတော့ ကိုယ့်တာဝန်အပေါ် အေးစက်စက် ဖြစ်နေခဲ့တာပေါ့။ အဆင့်အတန်းအတွက် ကျွန်မရဲ့ အလိုဆန္ဒက အရမ်းပြင်းထန်နေမှန်း ကျွန်မ မြင်ခဲ့တယ်။ အရင်က ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တုန်းက ကျွန်မမှာ အကန့်အသတ်မရှိတဲ့ အားအင်တွေ အပြည့်ရှိခဲ့တယ်။ အသင်းတော်အလုပ်ကို မနက်ကနေ ညအထိ လှည့်လည်လုပ်ဆောင်ခဲ့ပြီး ပြဿနာတစ်ခုခုတွေ့တိုင်းမှာ ကျွန်မ ပါဝင်ဖြေရှင်းခဲ့တယ်။ ကျွန်မမှာ စစ်မှန်တဲ့ ဝန်တာထားတဲ့စိတ် ရှိပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားတဲ့သူလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ခေါင်းဆောင်တာဝန် ဆုံးရှုံးပြီးတဲ့နောက်မှာတော့ ကျွန်မက လေလျှော့သွားတဲ့ ဘောလုံးလိုဖြစ်ပြီး ဘယ်လိုမှ အားမတင်းနိုင်တော့ဘူး။ နေ့တိုင်း ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေပဲ လုပ်တော့တယ်။ အဖွဲ့ခေါင်းဆောင်က သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ် မရှိတာ၊ အဖွဲ့ရဲ့အလုပ်က စနစ်တကျမရှိဘဲ ရှုပ်ထွေးနေတာကို တွေ့တာတောင် မမြင်ချင်ယောင်ဆောင် နေခဲ့တယ်။ အပြင်လူတစ်ယောက်လိုပဲ အလုပ်တွေ နှောင့်နှေးကြန့်ကြာနေတာကို ဒီတိုင်း ထားခဲ့တာ။ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ အလေးမထားမိခဲ့ဘူး။ ဆင်းဆင်းရဲရဲ အလုပ်လုပ်ပြီး အပင်ပန်းခံနေခဲ့ရုံ သက်သက်ပဲ။ ကျွန်မရဲ့ အရင်က တက်ကြွမှုနဲ့ ဝန်တာထားတဲ့စိတ်တွေ အားလုံးဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ ဖြစ်ပြီး သမ္မာတရား လိုက်စားတဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတာ မဟုတ်မှန်း ကျွန်မ မြင်လိုက်ရတယ်။ တကယ်တော့ ကျွန်မရဲ့ အစွမ်းအစညံ့ဖျင်းမှုက အဖြုတ်ခံရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲရှိသေးတယ်၊ အဓိကအကြောင်းရင်းက ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝနဲ့ သမ္မာတရားကို လက်မခံဘဲ ငြင်းဆန်မှုပါပဲ။ အဆင့်အတန်း ဆုံးရှုံးလို့ တစ်နေ့ကုန် စိတ်ဓာတ်ကျပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေမယ့်အစား ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကောင်းကောင်းမွန်မွန် ဆင်ခြင်သုံးသပ်ပြီး နားလည်ဖို့၊ ပြီးတော့ စစ်မှန်တဲ့ နောင်တရရှိဖို့ ဒီဖြုတ်ချခံမှုကို သုံးခဲ့သင့်တာပါ။ ဒါက မကောင်းမှုပြုတာ ဖြစ်ပြီး ဘုရားသခင် ရွံရှာတဲ့အရာပါပဲ။ အဲဒီနောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်နိုင်ဖို့ ကျွန်မပြဿနာတွေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ အတိတ်တုန်းက မာနထောင်လွှားတဲ့ စိတ်သဘောထားအပေါ် အခြေခံပြီး တာဝန်ထမ်းဆောင်ခဲ့တာ၊ ဉာဏ်ပညာနဲ့ ဆုကျေးဇူးအပေါ်မှာပဲ မူတည်ပြီး လူတွေကို ရွေးချယ်ခန့်အပ်ခဲ့တာတွေကို ကျွန်မ မြင်ခဲ့ရတယ်။ ခေါင်းဆောင်တွေက ကျွန်မနဲ့ သမ္မာတရားစည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့တဲ့အခါမှာ ကျွန်မက လုံးဝ နားမထောင်ခဲ့ဘူး။ ရလဒ်အနေနဲ့ ကျွန်မက မသင့်တော်တဲ့လူတွေကို ရွေးချယ်ခဲ့တယ်၊ အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့တယ်၊ ပြီးတော့ အလုပ်တာဝန်အမျိုးမျိုးကို တစ်ပိုင်းတစ်စ ရပ်တန့်နေတဲ့ အခြေအနေမှာ ထားခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မကို ဖြုတ်ချလိုက်တာ မှန်ပါတယ်၊ သူတို့က အသင်းတော်အလုပ်ကို ကာကွယ်နေကြတာပါ။ အသင်းတော်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးထားတုန်းမို့ ကျွန်မ အဲဒါကို တန်ဖိုးထားပြီး ကောင်းကောင်းမွန်မွန် နောင်တရသင့်တယ်။ အဲဒီနောက်မှာ ကျွန်မ ကိုယ့်ရဲ့ စိတ်နှလုံးကို ကိုယ့်တာဝန်မှာ ဆက်ကပ်ခဲ့ပြီး အဖွဲ့ရဲ့ အလုပ်မှာ တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်ခဲ့တယ်။ ကျွန်မတို့ တိုးတက်မှု နှေးကွေးရတဲ့ အကြောင်းရင်းတွေကို သေချာ တွေးဆခဲ့ပြီး ပြဿနာတွေ တွေ့တဲ့အခါ မိတ်သဟာယပြုပြီး ဖြေရှင်းဖို့ သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေခဲ့တယ်။ အဖွဲ့ခေါင်းဆောင်က ဝန်တာမထားတာကို မြင်တော့ ကျွန်မ ဒါကို ထောက်ပြပြီး သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ သူက သူ့ရဲ့ပြဿနာတွေကို နားလည်မှုတချို့ ရရှိခဲ့ပြီး အခြေအနေတွေကို ပြောင်းလဲပြီး နောင်တရဖို့ လိုလားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မတို့ အလုပ်ကို အတူတူ စီစဉ်ခဲ့ကြတယ်၊ အပြန်အလှန် ကြီးကြပ်ပြီး တစ်ယောက်အားသာချက်ကို တစ်ယောက် သင်ယူခဲ့ကြတယ်။ အချိန်အတန်ကြာတော့ အလုပ်ရဲ့ရလဒ်တွေက တိုးတက်မှုတချို့ စပြလာတယ်။

ဇွန်လရဲ့ တစ်ရက်မှာတော့ အထက်ခေါင်းဆောင်တွေက ဘုရားအိမ်တော် စာမူကြမ်းကို စိစစ်ပြင်ဆင်တဲ့အဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိလားလို့ ရုတ်တရက် မေးလာတယ်။ ဒါကိုကြားတော့ ကျွန်မ စိတ်ဒွိဟ ဖြစ်သွားတယ်။ စာနဲ့ပတ်သက်တဲ့ တာဝန် ပေးအပ်ခံရပြီးနောက် ကျွန်မရဲ့ စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေကို တွေးမိပြီး ရာထူးတိုးဖို့ မထိုက်တန်ဘူးလို့ ခံစားခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မ နည်းနည်း စိုးရိမ်မိတယ်၊ “စာမူကြမ်းကို စိစစ်ပြင်ဆင်တဲ့အဖွဲ့မှာ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ငါ ရွေးချယ်လိုက်ရင် ခေါင်းဆောင်ပြန်ဖြစ်ဖို့ အခွင့်အရေး ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး။ အဲဒါဆိုရင် ငါ့ကို တခြားသူတွေထက် ထင်ပေါ်ကျော်ကြားအောင် လုပ်ဖို့ ခက်ခဲသွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ တကယ် ငြင်းချင်ခဲ့ပေမဲ့ အသင်းတော်က အလုပ်ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး တာဝန်တွေကို အမြဲ စီစဉ်ပေးတယ် ဆိုတာရယ်၊ ဖန်ဆင်းခံတစ်ယောက်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားက ကျိုးနွံနာခံဖို့ဖြစ်တယ် ဆိုတာရယ်ကို သိတဲ့အတွက် သွားဖို့ သဘောတူလိုက်တယ်။ အစတုန်းကတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ချင်တဲ့ လိုအင် ဆန္ဒနည်းနည်း ရှိပေမဲ့ ကျွန်မရဲ့ အခြေအနေက တကယ် မပြောင်းလဲသေးတဲ့အတွက် ကိစ္စတစ်ခု ဖြစ်လာတာနဲ့ ကျွန်မ ထပ်ပြီး ထုတ်ဖော်ခံလိုက်ရတယ်။ တစ်ခါတုန်းက၊ ခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ချခံခဲ့ရတဲ့ ညီအစ်မတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သိမြင်မှုတချို့ ရရှိပြီး နောင်တရလို့ မကြာခင်မှာပဲ ခေါင်းဆောင်အနေနဲ့ ပြန်ရွေးကောက်ခံရတယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ ကျွန်မ အရမ်း အားကျမိတယ်၊ “ဘုရားသခင်က သူ့ကို ဘာလို့ ဒီလောက်တောင် ကျေးဇူးပြုပြီး ဒီလောက်ကောင်းတဲ့ အစွမ်းအစတွေ ပေးရတာလဲ။ ငါနဲ့ သူနဲ့က အသက်ချင်း သိပ်မကွာပေမဲ့ ငါ့အစွမ်း ညံ့ဖျင်းလို့ ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးလိုက်ရပြီ။ ဒီကနေ့ကစပြီး ငါက မပြောပလောက်တဲ့ အဖွဲ့သားလေး တစ်ယောက်ပဲ ဖြစ်တော့မှာ။ ဘုရားသခင်က ငါ့ကိုကျ ဘာလို့ အစွမ်းအစကောင်းတွေ မပေးခဲ့တာလဲ” လို့ပေါ့။ ဒီလိုတွေးမိတဲ့အခါ ကျွန်မက ဘုရားသခင်ရဲ့ ချီးမြှောက်တာ၊ မျက်နှာသာပေးတာ မခံရသလို သူများတွေရဲ့ အထင်ကြီးလေးစားမှုကိုလည်း မရခဲ့ဘူးလို့ ခံစားရပြီး ရှင်းပြလို့မရတဲ့ ဝမ်းနည်းမှုနဲ့ ဆုံးရှုံးမှုကို ခံစားလိုက်ရတယ်။ တစ်ခါတလေ ဒီအကြောင်းတွေကို မတွေးမိအောင် ကိုယ့်ကိုယ်ကိုယ် ကြိုးစားပြီး ချုပ်တည်းပေမဲ့ ကိုယ့်တာဝန်ပြီးလို့ ခဏလောက် နားလိုက်တာနဲ့ ဒီအတွေးတွေက ထိန်းမရသိမ်းမရ ပေါ်လာတော့တာပဲ။ ကျွန်မ ဒီအကြောင်းကို ပိုပြီးတွေးလေလေ၊ စိတ်နှလုံးက ပိုပြီး မငြိမ်မသက်ဖြစ်လေလေပဲ။ တာဝန်ကို မစွန့်ပစ်ရဲခဲ့ပေမဲ့ ကျွန်မလုပ်သမျှ ဘာကိစ္စအတွက်မှ ဘယ်လိုမှ အားမတင်းနိုင်ခဲ့ဘူး။ နေ့တိုင်း ဝတ်ကျေတမ်းကျေပဲ လုပ်ပြီး ဘာရလဒ်မှ မထွက်ခဲ့ဘူး။

တစ်ရက် ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်ရပြီး ကျွန်မ အခြေအနေ နည်းနည်း တိုးတက်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်ကို ယုံကြည်ကြသူတို့တွင် မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ၊ ထိုပြဿနာများက အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ကြွယ်ဝမှုတို့ကို ရဖို့ အားထုတ်ခြင်း ဖြစ်နေသည်ဖြစ်စေ၊ ပုဂ္ဂလိက ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်း ဖြစ်နေသည်ဖြစ်စေ မည်သို့ပင် ဖြစ်စေကာမူ ပြဿနာတိုင်းကို သမ္မာတရားလိုက်စားခြင်းမှတစ်ဆင့် ဖြေရှင်းရမည်။ မည်သည့်ပြဿနာမျှ သမ္မာတရားကို ကျော်လွှား၍မရ။ မည်သည့်ကိစ္စမျှ သမ္မာတရားနှင့် ကင်းကွာနေခြင်းမရှိ။ အကြင်လူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် သမ္မာတရားဆီမှ ထွက်ခွာသွားသည်နှင့် သူ၏ ယုံကြည်မှုသည် ဗလာကျင်းလေသည်။ အခြားမည်သည့်အရာကို ဖွေရှာခြင်းကမျှ အသုံးမဝင်တော့ပေ။ အချို့လူတို့သည် အထင်ကြီးဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော တာဝန်များကို လုပ်နေကာ သူတို့ကို အခြားသူများ အထင်ကြီးအားကျလာအောင် လုပ်နေရုံမျှဖြင့် စိတ်ချမ်းသာနေကြသည်။ ဤသည်ကား အသုံးဝင်ပါ၏လော။ ဤသည်ကား သင်၏ နောက်ဆုံး အဆုံးသတ်မဟုတ်သလို နောက်ဆုံး ဆုလာဘ်လည်း မဟုတ်။ ထို့ပြင် ယင်းသည် သင်၏ ပန်းတိုင်လည်း မုချ မဟုတ်။ ထို့ကြောင့် သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် ယာယီမျှသာဖြစ်သည်။ ထာဝစဉ်အတွက် မဟုတ်။ ယင်းသည် ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော အသိအမှတ်ပြုခြင်း မဟုတ်။ သင့်ကို ချီးမြှင့်ထားသော ဆုလာဘ်လည်း မဟုတ်ပေ။ နောက်ဆုံးတွင် လူတို့ အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ ကျိုးနွံနာခံနိုင်ခြင်းရှိမရှိ၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုခံပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းများကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားလော့။ ထို့ပြင် မစစ်မှန်သည့် အရာအချို့ကို လိုက်စားရန် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်းအား မည်သည့်အခါတွင်မျှ မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့် သက်ဆိုင်သည့် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။ ဘုရားသခင် တောင်းဆိုသော စံနှုန်းများအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းကို သင် ရရှိနိုင်သည်။ သင်က မရေမရာဖြစ်သောအရာများကို လိုက်စားဖို့ အခြားလမ်းကြောင်းကို ရှာဖွေပြီး သင်သည် ကံကောင်းပြီး အောင်မြင်လိမ့်မည်ဟု စိတ်ကူးလျှင် သင်သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သောသူတစ်ယောက်ဖြစ်ကာ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်က ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ရုံနဲ့ နောက်ဆုံးမှာ ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခု ရရှိမှာမဟုတ်ဘူးဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ လူတစ်ယောက် သမ္မာတရား ရရှိခြင်းရှိမရှိနဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိ ဆိုတာအပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ အဆုံးသတ်ကို ဘုရားသခင်က ဆုံးဖြတ်တာပါ။ ကျွန်မက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်ခဲ့ဘူး။ ခေါင်းဆောင်ဖြစ်တာက ဂုဏ်ရှိပြီး သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရစေရုံသာမက သမ္မာတရား ရရှိဖို့ အခွင့်အရေး ပိုများပြီး ကယ်တင်ခံရဖို့ မျှော်လင့်ချက် ပိုကြီးမားတယ်လို့ ကျွန်မ အမြဲ ခံစားခဲ့ရတယ်၊ ဒါကြောင့် ခေါင်းဆောင်ဖြစ်တဲ့သူတွေကို ကျွန်မ အားကျခဲ့တာ။ ကျွန်မရဲ့ ဒီအမြင်က သမ္မာတရားနဲ့ မညီပါဘူး။ အရင်က ခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့ သမ္မာတရား မလိုက်စားဘဲ လမ်းကြောင်းအမှားကို လျှောက်ခဲ့လို့ နောက်ဆုံးမှာ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရတဲ့ လူအများကြီးကို ကျွန်မ တွေးမိတယ်။ ကျွန်မသိတဲ့ ယန် ဆိုတဲ့တစ်ယောက်ကို ကြည့်ပါ။ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ကာလမှာ သူ့ရဲ့ မာနထောင်လွှားတဲ့ သဘာဝကြောင့် နာမည်ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားခဲ့တယ်။ နာမည်ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ညီအစ်ကိုမောင်နှမတွေနဲ့ ပြိုင်ဆိုင်ပြီး သူ့နဲ့ သဘောထားမတိုက်ဆိုင်တဲ့သူတွေကို နောက်ကျောဓားနဲ့ထိုးတာ၊ အပယ်ခံဖြစ်အောင် လုပ်တာမျိုးတွေတောင် လုပ်ခဲ့တယ်။ နောက်ဆုံးကျတော့ သူက အသင်းတော်အလုပ်ကို အကြီးအကျယ် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ သီးခြားခွဲထုတ်ခံလိုက်ရတယ်။ ပြီးတော့ အမြဲတမ်း ခေါင်းဆောင် အမှုဆောင် လုပ်ခဲ့တဲ့ ဒန် ဆိုတဲ့လူတစ်ယောက် ရှိခဲ့တယ်။ သူ့ရဲ့ ဆုကျေးဇူးတွေနဲ့ ပါရမီတွေက ထူးချွန်ပြောင်မြောက်ပေမဲ့ သူ့တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် အမြဲ ချီးမြှောက်ပြီး ကြွားဝါတယ်၊ အာဏာလက်ဝါးကြီးအုပ်ပြီး သူနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို ဘေးဖယ်ထားတယ်။ သူက ဒုစရိုက်အမှုတွေ အများကြီး ပြုလုပ်ခဲ့လို့ အန္တိခရစ်အဖြစ် သတ်မှတ်ခံရပြီး နှင်ထုတ်ခံလိုက်ရတယ်။ ဒီကျရှုံးသူတွေရဲ့ နမူနာတွေကနေ ခေါင်းဆောင်ဖြစ်ရုံနဲ့ ကိုယ်က ကယ်တင်ခြင်းခံရမယ်၊ စုံလင်အောင် ပြုခြင်းခံရမယ်ဆိုပြီး အာမခံချက်မပေးနိုင်မှန်း ကျွန်မ မြင်လိုက်ရတယ်။ အဓိက သော့ချက်က ကိုယ် သမ္မာတရား လိုက်စားပြီး လမ်းကြောင်းအမှန်ကို လျှောက်ခြင်း ရှိမရှိ ဆိုတာပါပဲ။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက လူ၊ ဖြစ်ရပ်နဲ့ အမှုအရာတွေကို ပိုပြီး ကြုံတွေ့ရတော့ သူတို့မှာ လေ့ကျင့်ဖို့ အခွင့်အရေး ပိုရတာတော့ သေချာပါတယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရား လိုက်စားခြင်းအပေါ် သူတို့ အာရုံစိုက်နိုင်ရင် သမ္မာတရားတွေ ပိုရရှိမှာ သေချာတယ်၊ အဲဒါက စုံလင်အောင် ပြုခြင်းခံရဖို့အတွက် အကျိုးရှိတာပေါ့။ ဒါပေမဲ့ သူတို့ သမ္မာတရား မလိုက်စားဘဲ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ မပြောင်းလဲရင် ခေါင်းဆောင်ဖြစ်ရင်တောင် သူတို့ ကယ်တင် မခံရနိုင်ဘူး။ သူတို့သာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအပေါ် အခြေခံပြီး မကောင်းမှုလုပ်ဆောင်ပြီး အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့ရင်၊ နောက်ဆုံးမှာ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ အခု ကိုယ်ထမ်းဆောင်နေတဲ့ တာဝန်က ကိုယ့်ရဲ့ အနာဂတ် အဆုံးသတ်နဲ့ ပန်းတိုင်ကို မဆုံးဖြတ်ပါဘူး။ သမ္မာတရား လိုက်စားပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားမှပဲ ကိုယ်က ရှင်သန်ကျန်ရစ်နိုင်မှာပါ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ စိတ်နှလုံးက အများကြီး လင်းလက်သွားခဲ့တယ်၊ ဂုဏ်သရေရှိပြီး လူတွေ အထင်ကြီးအားကျစေမယ့် တာဝန်တွေကို အခု ကျွန်မ မလိုက်စားသင့်တော့မှန်း မြင်လိုက်ရတယ်။ စိတ်သဘောထား ပြောင်းလဲဖို့အတွက် ကျွန်မ သမ္မာတရား လိုက်စားရမယ်၊ အဲဒါက အရေးအကြီးဆုံးပဲ။ အဲဒီနောက်မှာတော့ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ စိတ်ထား နည်းနည်း ပြောင်းလဲသွားတယ်။ အားလပ်ချိန် ရတိုင်း ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ ရေးတယ်။ အရင်ကထက် ကိုယ့်တာဝန်ကို ပိုဂရုစိုက်လာပြီး ရလဒ်တချို့ စထွက်လာခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မပြဿနာတွေကို သိမြင်ဖို့ အရမ်းအထောက်အကူပြုတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော် အပိုဒ်တချို့ကို ကျွန်မ ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော’ ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃))သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပန်းတိုင်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားခြင်းအား ပြန်လည်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းက သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင့်လိုက်စားမှု၏ ပန်းတိုင်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိမည်ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိမည်ဖြစ်သည်၊ ဤသို့ဆိုလျှင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ပြောစရာမလိုတော့ရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ မစွန့်လွှတ်နိုင်လျှင် ဤအရာသည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ ဤအရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည့် စရိုက်အနည်းငယ် မရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်၊ ဤသို့ဖြင့် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ လက်ခံခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃))

အန္တိခရစ်တွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့အသက်ထက်တောင် ပိုအရေးကြီးတယ်လို့ သဘောထားမှန်း ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က ဂုဏ်သတင်းကောင်း ရရှိဖို့နဲ့ မြင့်မားတဲ့ အဆင့်အတန်း ရရှိဖို့ကို သူတို့ရဲ့ လိုက်စားမှု ပန်းတိုင်အဖြစ် သတ်မှတ်ပြီး ဘုရားအိမ်တော်မှာ ခြေကုပ်ရယူဖို့နဲ့ သူများတွေ အထင်ကြီးလေးစားတာ ခံရဖို့ သူတို့စိတ်နှလုံးထဲမှာ အမြဲ ကြံစည်နေကြတယ်။ နာမည်ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ဆုံးရှုံးလိုက်ရပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ကိုးကွယ်မှုကို ဆုံးရှုံးလိုက်ပြီဆိုတာနဲ့ သူတို့က အင်အားတွေ အကုန် ဆုံးရှုံးပြီး အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးလို့ ခံစားကြတယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်တော့ ကျွန်မရဲ့ အပြုအမူက အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ တူနေခဲ့တယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ “ထင်ရှားကျော်ကြားမှုရရှိခြင်း” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ ပြီးတော့ “ဗိုလ်ချုပ်မဖြစ်ချင်သော စစ်သားသည် စစ်သားကောင်းတစ်ဦး မဟုတ်ပေ” ဆိုတာလိုမျိုး စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာကိုး။ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ရှင်သန်ဖို့အတွက် တခြားသူတွေထက် ထင်ပေါ်ကျော်ကြားအောင် နေရမယ်လို့ ယုံကြည်ခဲ့တယ်။ ကျောင်းတုန်းက ကျွန်မ စာကြိုးစားတယ်။ အတန်းခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရပြီးနောက်မှာ အတန်းဖော်တွေအားလုံးက ကျွန်မကို အထင်ကြီးပြီး ချီးကျူးကြတယ်။ ကျွန်မ အရမ်းဂုဏ်ယူပြီး ဘယ်လောက်ပဲ ဒုက္ခခံရပါစေ တန်တယ်လို့ ထင်ခဲ့တယ်။ ဘုရားသခင်ကို တွေ့ပြီးနောက်မှာ ခေါင်းဆောင်တစ်ယောက်ဖြစ်ရတာက အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးတယ်ဆိုတာကို ကျွန်မ မြင်ခဲ့တော့ ခေါင်းဆောင်ဖြစ်ဖို့ ကျွန်မ အမြဲ လိုက်စားခဲ့တယ်။ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ရရှိတဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးက ပျားရည်လို ချိုမြိန်နေခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ရာမှာ ကြိုးစားစရာ တစ်ခုခု ရှိတယ်လို့ ခံစားရတဲ့အတွက် ကျွန်မက အလုပ်ရဲ့ ကဏ္ဍပေါင်းစုံမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ နေ့တိုင်း ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခဲ့ပြီး ဘယ်တော့မှ မပင်ပန်းခဲ့ဘူး။ ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ အထက်ခေါင်းဆောင်တွေ ပြောတာကို ကြားလိုက်ရတဲ့အခါ တူကြီးနဲ့ ထုခံလိုက်ရသလို ခံစားလိုက်ရတယ်။ ကျွန်မ ခေါင်းဆောင် မဖြစ်နိုင်တော့ဘူး၊ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ကိုးကွယ်မှုကို ဘယ်တော့မှ ထပ်ရတော့မှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့ရဲ့ ပိုင်းခြားသိမြင်တာကိုတောင် ခံရနိုင်တယ်ဆိုတဲ့ အတွေးက ကျွန်မဘဝကို အောက်ဆုံးထိ ထိုးကျသွားစေသလို ခံစားရစေတယ်။ ကျွန်မ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ဝေဒနာခံစားရပြီး အရာရာမှာ လုံးဝ အင်အားမရှိတော့ဘူး။ ကျွန်မကို အစွမ်းအစကောင်းတွေ မပေးခဲ့လို့ ဘုရားသခင်ကိုတောင် ညည်းညူခဲ့တယ်၊ နေ့ရက်တွေကို နားလည်မှုလွဲမှားခြင်း၊ စိတ်မချမ်းမသာဖြစ်ခြင်းတွေနဲ့ တွေတွေဝေဝေ ရှင်သန် ဖြတ်သန်းခဲ့ပြီး ကိုယ့်တာဝန်မှာ ဝန်တာမထားဘဲ ကိုယ့်အလုပ်မှာ ဘာရလဒ်မှ မရခဲ့ဘူး။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မရဲ့ အသက်လို သဘောထားပြီး သမ္မာတရား လိုက်စားတာ၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်တာထက် ပိုအရေးကြီးတယ်လို့ သတ်မှတ်ခဲ့တာ။ အဆင့်အတန်း ရှိတုန်းကတော့ ကျွန်မ တက်တက်ကြွကြွ လိုက်စားခဲ့ပေမဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ဆုံးရှုံးသွားတဲ့အခါ ကျွန်မရဲ့ ဝိညာဉ် နှုတ်ယူခံလိုက်ရသလိုဖြစ်ပြီး တာဝန်မှာ အပျက်သဘောဆောင်လာခဲ့တယ်၊ ခိုကပ်ခဲ့တယ်။ အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒက အရမ်းပြင်းထန်လွန်းခဲ့တယ်။ ကျွန်မက ညံ့ဖျင်းတဲ့ အစွမ်းအစရှိပြီး မာနထောင်လွှားတယ်၊ သမ္မာတရားလက်တွေ့ကျမှု တစ်စက်မှ မရှိဘဲ၊ ခေါင်းဆောင်တာဝန်အတွက် လုံးဝ မသင့်တော်ဘူးဆိုတာ ရှင်းနေခဲ့တာပဲ။ ဒါတောင်မှ ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ကို မတွေးဘဲ မနေနိုင်သေးသလို ပြီးတော့ သာမန် စာနဲ့ပတ်သက်တဲ့ အမှုဆောင်တစ်ယောက်ဖြစ်ဖို့ မလိုလားခဲ့ဘူး။ တစ်နေ့ကျရင် ခေါင်းဆောင် ပြန်ဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ကိုးကွယ်မှုကို ခံစားရမယ်ဆိုတဲ့ အချည်းနှီး အိပ်မက်ကို မက်နေခဲ့တာ။ ကျွန်မက အရမ်း မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်၊ ပြီးတော့ ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့နေတာပဲ။ ခေါင်းဆောင်ဖြစ်ချင်တဲ့ ကျွန်မရဲ့ ဆန္ဒက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားဖို့၊ ဒါမှမဟုတ် ဘုရားသခင်ကို ကျေနပ်စေဖို့ လုံးဝ မဟုတ်သလို ကယ်တင်ခံရဖို့နဲ့ သမ္မာတရားကို အမှန်တကယ် လိုက်စားဖို့လည်း မဟုတ်ပါဘူး။ အဲဒါ အားလုံးက ကျွန်မရဲ့ ဝင့်ဝါမှုကို ဖြည့်ဆည်းဖို့နဲ့ အဆင့်အတန်းရဲ့ အကျိုးကျေးဇူးကို ခံစားပျော်မွေ့ဖို့ပါပဲ။ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာပဲ။ ဒီလမ်းကြောင်းအတိုင်း ကျွန်မ ခေါင်းမာမာနဲ့ ဆက်လိုက်စားရင် ဘုရားသခင်ကို ပိုပြီး ပုန်ကန်မိလာရုံ၊ အတိုက်အခံ လုပ်မိလာရုံပဲ ရှိတော့မှာ၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး အန္တိခရစ် တစ်ယောက်လိုပဲ ဘုရားသခင်ရဲ့ ထုတ်ဖော်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်း ခံရမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ကြောက်သွားတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေက အရမ်း ပြင်းထန်လွန်းတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။ ဒီနေ့ ခေါင်းဆောင် မဖြစ်ရတာက အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒကို ပြုပြင်ဖို့၊ ကိုယ်တော့်ကို ကျိုးနွံနာခံတတ်ဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာ ကျိုးကျိုးနွံနွံ ရပ်တည်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်တတ်အောင် သင်ပေးဖို့ ဘုရားသခင်ရဲ့ နည်းလမ်းပါပဲ။ ဒါက ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ ကယ်တင်ခြင်းပါ။ ကျွန်မ ရင်ထဲမှာ ဘုရားသခင်အတွက် ကျေးဇူးတင်စိတ်တွေ ပြည့်နှက်နေပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မလိုက်စားချင်တော့ဘူး။

နောက်ပိုင်းမှာ ကျွန်မက ဘုရားနှုတ်ကပတ်တော် နောက်ထပ်အပိုဒ်တချို့ကို ဖတ်ပြီး စည်းမျဉ်းတွေနဲ့ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားအိမ်တော်သည် လူတိုင်းကို အကောင်းဆုံးအသုံးချပြီး တစ်ဦးချင်းစီအတွက် အံဝင်ခွင်ကျဖြစ်စေရန် အတိအကျ စီစဉ်ပေးသည့်နည်းလမ်းဖြင့် လူတို့ကို အသုံးပြုသည်။ သင်၌ ကောင်းသော လူ့သဘောဝရှိသော်လည်း သင်၏ အစွမ်းအစက ညံ့ဖျင်းပါက၊ သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းရှိသမျှဖြင့် ကောင်းစွာ ထမ်းဆောင်သင့်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန်အလို့ငှာ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရမည်ဟု မဆိုလိုပေ။ သင့်ဘာသာ ဒုက္ခခံလိုစိတ်ပင်ရှိသော်လည်း ခေါင်းဆောင်တစ်ဦးအနေဖြင့် ဒုက္ခခံရမည့်နည်းလမ်းဖြက့် သင့်ဘာသာ ဒုက္ခမခံနိုင်သည့်အပြင်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်၌ ရှိသင့်သော အစွမ်းအစကို သင်မပိုင်ဆိုင်ဘဲ ယင်းကို စံမမီလျှင်၊ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ မိမိကိုယ်ကို အတင်းအကျပ်မပြုနှင့် သို့မဟုတ် မိမိကိုယ်ကို အခက်တွေ့အောင် မလုပ်နှင့်။ သင်သည် ၂၅ ကီလိုကို သယ်နိုင်ပါက ၂၅ ကီလိုသာ သယ်လော့။ ‘၂၅ ကီလိုက မလုံလောက်ပါ။ ကျွန်ုပ် ပို၍ပင် သယ်ချင်သည်။ ကျွန်ုပ် ကီလို ၅၀ သယ်ချင်သည်။ ပင်ပန်းနွမ်းနယ်၍ သေသွားလျှင်ပင် ယင်းကို လုပ်လိုစိတ်ရှိသည်’ဟု ပြောဆိုလျက်၊ သင်၏ အကန့်အသတ်များကို ကျော်လွန်၍ မိမိကိုယ်ကို တွန်းအားပေးခြင်းဖြင့် ကြွားဝါရန် မကြိုးစားနှင့်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီသော်လည်း၊ သင်သည် ကြွားဝါရန် သင်၏ အကန့်အသတ်များကို ကျော်လွန်၍ မိမိကိုယ်ကို တွန်းအားအေးနေဆဲဖြစ်လျှင်၊ သင်သည် ပင်ပန်းနွမ်းနယ်သွားမည် မဟုတ်သော်လည်း၊ သင်သည် အသင်းတော်အလုပ်ကို နှောင့်နှေးမှုများ ဖြစ်စေလိမ့်မည်၊ သင်သည် အလုပ်၏ တိုးတက်မှုနှင့် ထိရောက်မှုကို ထိခိုက်စေလိမ့်မည်ဖြစ်ပြီး၊ လူများစွာ၏ အသက်တိုးတက်မှုကို နှောင့်နှေးစေလိမ့်မည်၊ ဤသည်မှာ သင် မထမ်းဆောင်နိုင်သည့် တာဝန်ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈))သင်သည် အစွမ်းအစညံ့ဖျင်းသည့်တိုင်အောင် ခေါင်းဆောင်ဖြစ်လိုလျက်၊ သို့မဟုတ် အဘက်ဘက်မှ အလုပ်အားလုံးအတွက် တာဝန်ယူလိုလျက်၊ သို့မဟုတ် အသိအမှတ်ပြုခြင်းခံစေသည့်အရာတစ်ခုကို လုပ်ဆောင်လိုလျက် သင်၏ အချိန်အားလုံးကို ကုန်ဆုံးဆဲဖြစ်လျှင်၊ ဤသည်မှာ ရည်မှန်းချက်ဖြစ်သည်။ ရည်မှန်းချက်ကြီးခြင်းသည် ဘေးဥပဒ်ကို ဆောင်ကြဉ်းပေးနိုင်သည်၊ ထို့ကြောင့် သင်သည် ယင်းကို သတိထားသင့်သည်။ လူအားလုံးသည် တိုးတက်လိုစိတ်ရှိကြပြီး သမ္မာတရားဆီသို့ ကြိုးပမ်းလိုစိတ်ရှိကြရာ ယင်းမှာ ပြဿနာမဟုတ်ပေ။ အချို့လူများတွင် အစွမ်းအစရှိသည်၊ ခေါင်းဆောင်များဖြစ်ရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်၊ သမ္မာတရားဆီသို့ ကြိုးပမ်းနိုင်စွမ်းရှိသည်၊ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ အခြားသူများမှာမူ အစွမ်းအစကို မပိုင်ဆိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို စွဲကိုင်ထားသင့်ပြီး မိမိတို့ရှေ့မှောက်၌ရှိသော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ယင်းကို စည်းမျဉ်းနှင့်အညီ၊ ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ ၎င်းတို့အတွက်မူ ယင်းမှာ ပိုကောင်းသည်၊ ပိုလုံခြုံသည်၊ ပို၍ လက်တွေ့ကျသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅))ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန်၊ လူတစ်ဦးသည် အစွမ်းအစ အဆင့်တစ်ခုခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ လူတစ်ဦး၏ အစွမ်းအစသည် ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းနှင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ သဘောပေါက်သည့် အတိုင်းအတာအား အဆုံးအဖြတ်ပေးသည်။ သင်၏ အစွမ်းအစသည် အတော်အတန် ချို့တဲ့ပြီး သင်သည် သမ္မာတရားကို လုံလောက်အောင် နက်နက်နဲနဲ သဘောပေါက်နားလည်မှုမရှိသော်လည်း၊ သင် နားလည်နိုင်သလောက် လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင် နားလည်သည့်အရာကို လက်တွေ့အသုံးချနိုင်ကာ၊ သင်၏ စိတ်နှလုံးထဲတွင် ဖြူစင်ရိုးသားသည့်အပြင်၊ သင်ကိုယ်တိုင်ကို ကိုယ်စားပြု၍ မည်သည့်အရာအတွက်မျှ အကြံအစည်မထုတ်ဘဲ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို မလိုက်စားဘဲ၊ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင် လက်ခံနိုင်လျှင်၊ သင်သည် မှန်ကန်သောသူတစ်ဦး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်မှာ ဘုရားအိမ်တော်မှာ ခေါင်းဆောင် အမှုဆောင် ဖြစ်ဖို့ဆိုတာ သမ္မာတရား လိုက်စားရုံတင် မကဘူး၊ အတိုင်းအတာတစ်ခုအထိ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း ရှိဖို့ လိုအပ်မှန်း ကျွန်မ နားလည်သွားတယ်။ ဒါမှသာ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာကိုး။ အတိတ်တုန်းက အသင်းတော်က ကျွန်မကို ခေါင်းဆောင်အဖြစ် လေ့ကျင့်ဖို့ အခွင့်အရေးတွေ ပေးခဲ့ပြီး ကျွန်မကလည်း ကြိုးကြိုးစားစား လိုက်စားခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ကျွန်မ ဖြေရှင်းပေးနိုင်ပေမဲ့ လူတွေကို ရွေးချယ်ခန့်အပ်တာ၊ ဒါမှမဟုတ် ဆုံးဖြတ်ချက်ချရတဲ့ အလုပ်လိုမျိုး အဓိက ကိစ္စတွေနဲ့ပတ်သက်လာရင် လူတွေကို ပိုင်းခြားသိမြင်တာ၊ သင့်တော်သလို ရွေးချယ်တာမျိုး ကျွန်မ မလုပ်နိုင်ခဲ့ဘူး။ စည်းမျဉ်းတချို့ကို အယူဝါဒ သဘောအရ ကျွန်မ သိပေမဲ့ လက်တွေ့အသုံးချတဲ့အခါ အမြဲတမ်း မှားယွင်းခဲ့တယ်။ ကျွန်မက မာနထောင်လွှားပြီး သူများတွေရဲ့ အကြံပြုချက်ကိုလည်း နားမထောင်ဘူး၊ မသင့်တော်တဲ့လူတွေကို အမြဲ ရွေးချယ်ခန့်အပ်မိလို့ အသင်းတော်အလုပ်မှာ အဖျက်အမှောင့်တွေဖြစ်ပြီး နှောင့်ယှက်ခံခဲ့ရတယ်။ ကျွန်မရဲ့ အစွမ်းအစက တကယ် ညံ့ဖျင်းမှန်း ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မသာ ခေါင်းဆောင်အဖြစ် ဆက်လုပ်ရင် ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေရုံမက အသင်းတော်အလုပ်ကိုလည်း အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိမှာ။ အခု အသင်းတော်က ကျွန်မရဲ့ အစွမ်းအစနဲ့ အားသာချက်တွေအပေါ် အခြေခံပြီး စာနဲ့ပတ်သက်တဲ့ တာဝန်ကို ခန့်အပ်ပေးခဲ့တယ်၊ ကျွန်မရဲ့ အရည်အချင်းတွေကို အကောင်းဆုံး အသုံးချတာဖြစ်သလို ကျွန်မရဲ့ အတိုင်းအတာနဲ့လည်း ကိုက်ညီပါတယ်။ ဒါက ကျွန်မအတွက် ကာကွယ်မှုလည်း ဖြစ်ပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒက အရမ်းပြင်းထန်လွန်းလို့ ကျွန်မသာ ခေါင်းဆောင်ဖြစ်ရင် အဆင့်အတန်းအတွက် ပင်ပင်ပန်းပန်း လုပ်ဖို့ ထိန်းမနိုင်သိမ်းမရ တက်ကြွနေမှာပဲ၊ ကိုယ့်ရဲ့ အလုပ်နဲ့ ဒေသနာတွေမှာ အခွင့်အရေးရတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါနေမှာပဲ၊ ပြီးတော့ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ ဘုရားရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်အောင် ထားနိုင်မှာမဟုတ်ဘူး။ အဆင့်အတန်းအတွက်လည်း ကျွန်မရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိသလို အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကိုလည်း လျှောက်လှမ်းမိမှာပဲ။ ဒါကြောင့် ခေါင်းဆောင် မဖြစ်ရတာက ကျွန်မအတွက် တကယ်တော့ ကောင်းတဲ့ကိစ္စပါပဲ။ အခု ကျွန်မရဲ့ စာနဲ့ပတ်သက်တဲ့ တာဝန်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားကို တွေးဆဖို့ ကိုယ့်ရဲ့ စိတ်နှလုံးကို ပိုပြီး ငြိမ်သက်အောင် ထားနိုင်တယ်။ ဒါက ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်ဖို့ အထောက်အကူပြုသလို ကျွန်မရဲ့ အသက် ဝင်ရောက်မှုအတွက်လည်း အကျိုးရှိပါတယ်။ ဒါက ကျွန်မရဲ့ မာနနဲ့ ရည်မှန်းချက်ကို ချုပ်တည်းမှုတစ်ခုလည်းဖြစ်ပြီး ဒါက ကျွန်မကို ကာကွယ်ပေးပါတယ်။ ဒါက ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေပါပဲ။ ကျွန်မက အသင်းတော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်နေရာမှာ ရပ်တည်သင့်တယ်၊ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။ ဒီလို တွေးလိုက်တော့ ကျွန်မ စိတ်နှလုံးက အများကြီး လင်းလက်သွားတယ်။ လေးလံတဲ့ ဝန်ထုပ်တစ်ခုကို ပစ်ချလိုက်သလို ခံစားခဲ့ရပြီး အရမ်းကို လွတ်လပ်ပေါ့ပါးသွားခဲ့တယ်။

တစ်နေ့ကျတော့ အသင်းတော်ခေါင်းဆောင်အနေနဲ့ ညီအစ်မချီယာ ရွေးကောက်ခံရတာကို သိလိုက်ရပြီး ကျွန်မ တစ်ချက် မနာလိုစိတ် ဝင်မိတယ်။ “သူ့မှာ အစွမ်းအစကောင်းရှိပြီး အသင်းတော်မှာ ခေါင်းဆောင်အနေနဲ့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်၊ ငါကတော့ စာနဲ့ပတ်သက်တဲ့ တာဝန်ပဲ လုပ်နိုင်တယ်။ ခေါင်းဆောင်ဖြစ်ဖို့နဲ့ အထင်ကြီးခံရဖို့ အခွင့်အရေး ငါ ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး” လို့ပေါ့။ ဒီအတွေးတွေ သူ့ဟာသူ ပေါ်လာတဲ့အခါ ကျွန်မရဲ့ အဆင့်အတန်းအတွက် လိုအင်ဆန္ဒက ထပ်ပြီး ထကြွလာမှန်း ချက်ချင်း သဘောပေါက်လိုက်ပြီး၊ ကိုယ့်အတွေးတွေကို ပုန်ကန်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ တွေးမိတယ်။ “ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်သည် သင်၏ သင့်လျော်သောနေရာကို ထိန်းသိမ်းပြီး လိမ္မာသောဟန်အမူအရာဖြင့် ကျင့်ကြံပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်သောသူတစ်ဦး၊ မဟာလူသားတစ်ဦး သို့မဟုတ် ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကို မလိုက်စားနှင့်။ ပြီးလျှင် ဘုရားဖြစ်အောင်လည်း မလိုက်စားနှင့်။ ဤသည်တို့အားလုံးမှာ လူတို့တွင် မရှိသင့်သည့် ဆန္ဒများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသင့်သည့်အတွက် သင်တို့အသီးသီးက သင်၏ တာဝန်ကို ထမ်းဆောင်သင့်သည်၊ သင်တို့အသီးသီးက သင်၏ တာဝန်ကို အကောင်းဆုံးထမ်းဆောင်လျက် မိမိ၏ နေရာတွင်ရှိသင့်သည်။ ပြီးလျှင် အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေသင့်၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က လူတိုင်းကို မတူညီတဲ့ အစွမ်းအစတွေ ပေးထားပြီး မတူညီတဲ့ တာဝန်တွေကို စီစဉ်ပေးထားပါတယ်၊ တာဝန်တွေမှာ အဆင့်အတန်း အနိမ့်အမြင့်ဆိုတာ မရှိပါဘူး။ ကျွန်မ ကိုယ့်နေရာမှာ ရပ်တည်ပြီး သမ္မာတရား လိုက်စားသင့်တယ်၊ ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။ အဲဒါကမှ အဓိပ္ပာယ် အရှိဆုံးပါပဲ။ ဒီလိုတွေးမိတော့ ကိုယ့်တာဝန်အတွက် ကျွန်မ စိတ်နှလုံးတည်ငြိမ်အောင် ထားနိုင်ခဲ့တယ်။ တစ်ခါတလေ တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ခဲ့တဲ့အခါ ကျွန်မရဲ့ အားနည်းချက်တွေ ဘယ်မှာရှိသလဲ၊ ပြီးတော့ ဘယ်လိုတိုးတက်အောင် လုပ်ပြီး ကျော်လွှားနိုင်မလဲဆိုတာကို တွေးဆဖြစ်တယ်။ ဒီလိုနည်းနဲ့ အချိန်တစ်ခုကြာ လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကိုယ့်တာဝန်မှာ ရလဒ်ကောင်းတချို့ ရရှိနိုင်ခဲ့ပါတယ်။ ကျွန်မကို ဒီပြောင်းလဲမှုတွေ ရှိလာအောင် ဦးဆောင်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၂၅။ ကျွန်မအမေကို ရှင်းလင်းပစ်တော့မယ်လို့ သိလိုက်ရတဲ့အခါ

နောက်တစ်ခုသို့- ၂၇။ ကျွန်မသည် သူတစ်ပါး၏ ပြဿနာများကို ထောက်ပြရန် အဘယ်ကြောင့် မရဲဝံ့ခဲ့သနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။