၇၄။ ငွေကြေးကို လိုက်စားသည့် ဝဲဂယက်ထဲမှ ရုန်းထွက်ခြင်း

ချန်ယန်၊ တရုတ်ပြည်

ကျွန်မ ငယ်ငယ်တုန်းက ကျွန်မ မိသားစုက တော်တော်ဆင်းရဲပါတယ်။ မိဘတွေက လယ်လုပ်ပြီး အသက်မွေးကြတယ်၊ အဖေဆိုရင် ဝင်ငွေရဖို့ အပြင်ထွက်ပြီး ကုန်ထမ်းတဲ့အလုပ် ဝင်လုပ်ရတာများတယ်။ နေရေးထိုင်ရေး နည်းနည်းချောင်လည်အောင်လို့ ဂျုံရိတ်ချိန်မှာ အမေနဲ့ကျွန်မက လယ်ထဲဆင်းပြီး ဂျုံနှံ အကြွင်းအကျန်တွေကို လိုက်ကောက်ပြီးတော့ ပြန်ရောင်းကြရတာပေါ့။ အဲဒီလိုလုပ်တိုင်း သူများတွေက ကျွန်မတို့ကို လှောင်ကြတာကို အမြဲကြားရတယ်။ “နင်က နင့်အမေနဲ့လိုက်ပြီး ဂျုံကောက်နေပြန်ပြီလား။ နင့်အဖေက နင့်ကို ရှာမကျွေးနိုင်ဘူးလား” တဲ့။ ကျွန်မ စိတ်ထဲ တော်တော်မကောင်းဖြစ်ရတယ်။ ဒါကြောင့် နောင်ကျရင် ပိုက်ဆံကြိုးစားရှာမယ်၊ သူများထက်သာအောင်လုပ်မယ်၊ ဒါမှ ငါတို့ကို ဘယ်သူမှ ထပ်လှောင်မှာမဟုတ်ဘူးလို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ၇ နှစ်သမီးအရွယ်မှာ ကိုယ့်အိမ်က တည်သီးပင်ကနေ အသီးတွေကို ခူးပြီး လမ်းပေါ်ထွက်ရောင်းခဲ့တယ်။ အထက်တန်းကျောင်းရောက်တော့ နွေရာသီကျောင်းပိတ်ရက်မှာ ကျူရှင်ဖွင့်ဖို့ ကြိုးစားခဲ့သေးတယ်၊ မအောင်မြင်ခဲ့ပေမဲ့ ပိုက်ဆံရှာဖို့ကိုတော့ ကျွန်မ လက်မလျှော့ခဲ့ဘူး။ ကောလိပ်ရောက်တော့လည်း ကျောင်းပိတ်ရက်မှာ လမ်းဘေးဈေးသည်လုပ်ပြီး ပိုက်ဆံရှာတယ်၊ အချိန်ပိုင်းအလုပ်လည်း လုပ်ခဲ့သေးတာ။ တကယ်တော့ ၂၀၀၆ ခုနှစ် အလယ်တန်းကျောင်းသူဘဝတုန်းက အမေနဲ့အတူ ဘုရားသခင်ကို ယုံကြည်ပြီး စုဝေးပွဲတွေ တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ပဲ စိတ်ရောက်နေတော့ ကိုယ့်ယုံကြည်ခြင်းကို ဘေးဖယ်ထားလိုက်တာပေါ့။ တစ်ခါတလေ အိမ်ပြန်ရောက်တဲ့အခါမှာ အမေက ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မကို ပြတယ်။ ဒါပေမဲ့ ကျွန်မက စိတ်မရှည်ဘဲ ငြင်းလွှတ်တတ်တယ်။ စုဝေးပွဲတက်တာ၊ ဘုရားနှုတ်ကပတ်တော်ဖတ်တာက အချိန်ဖြုန်းတာပဲလို့ ထင်ခဲ့တာကိုး။ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ် တိုးတက်ဖို့ကိုပဲ တစိုက်မတ်မတ် အာရုံစိုက်ခဲ့တာ။ ကိုယ့်ဘာသာ ကြိုးစားရုန်းကန်မှ ပိုက်ဆံပိုရှာနိုင်မယ်လို့ ယုံကြည်ခဲ့တာလေ။ တကယ်တမ်းတော့ အခုခေတ်မှာ လူတစ်ယောက်အောင်မြင်တယ်ဆိုတာ အိမ်၊ ကား၊ ပိုက်ဆံတွေ ရှိတာကို ပြောတာမဟုတ်လား။ ပိုက်ဆံ လုံလောက်အောင်ရှာတဲ့အခါမှ လူတစ်ယောက်က သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရမှာ၊ သူ့မိဘတွေတောင် တော်စပ်မှုကနေ အကျိုးခံစားမှု ရနိုင်တယ်လေ။

ကျွန်မက ဂီတဖျော်ဖြေရေး မေဂျာ ယူထားတော့ ၂၀၁၆ မှာ ဘွဲ့ရပြီးတဲ့နောက် ကျောင်းမှာ အစားထိုးဆရာမ ဝင်လုပ်တယ်။ ၂၀၁၈ ကျတော့ ကိုယ်ပိုင်စီးပွားရေးစလုပ်တယ်၊ အနုပညာသင်တန်းကျောင်း ဖွင့်လိုက်တာပေါ့။ ကျောင်းသားရဖို့အတွက် နေ့ခင်းဘက်ဆို နေပူကျဲတဲထဲမှာ တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင်တွေ လိုက်ဝေတယ်၊ ညဘက်ကျတော့ ဂီတတူရိယာတွေ သယ်ပြီး မြို့ထဲမှာ လှည့်ပတ်ပြီး ကျောင်းသားစုဆောင်းတာ၊ အိမ်ကို ည ၁၁ နာရီလောက်မှ ပြန်ရောက်တာမျိုးတောင် ရှိတတ်တယ်။ ဖိအားတွေများတာရယ်၊ အိပ်ရေးပျက်တာတွေရယ်ကြောင့် ခေါင်းခဏခဏ ကိုက်တတ်တယ်။ ဒါပေမဲ့ ကျောင်းသားတွေ ပိုရလာပြီး ပိုက်ဆံပိုရလာတာကို တွေးလိုက်ရင် ဒါတွေက ကြိုးစားရကျိုးနပ်ပါတယ်လို့ ခံစားမိတယ်။ ကျွန်မရဲ့ ကြိုးစားပမ်းစားလုပ်ကိုင်မှုအောက်မှာ ကျောင်းသားတွေ ပိုပိုများလာပြီး ဘဝမှာ ပထမဦးဆုံး ငွေတော်တော်များများ ရခဲ့တယ်။ ကျောင်းလုပ်ငန်း အဆင်ပြေလာတာကိုကြည့်ပြီး ကိုယ့်အိမ်နီးနားချင်းတွေနဲ့ ကျောင်းသားမိဘတွေက ကျွန်မကို တော်လိုက်တာ၊ အစွမ်းအစရှိလိုက်တာဆိုပြီး ဝိုင်းချီးကျူးကြတယ်။ သူတို့ရဲ့ အသိအမှတ်ပြုစကားတွေကို ကြားရတော့ ကျွန်မ ဂုဏ်ယူမိတယ်၊ နောက်ဆုံးတော့ ဂုဏ်ယူဝင့်ကြွားနိုင်ပြီလေ။

အနုပညာသင်တန်းကျောင်းအနေနဲ့ ဇူလိုင်လဟာ တစ်နှစ်တာလုံးမှာ အကောင်းဆုံးအချိန်ပဲ။ ကျောင်းသားတွေ နွေရာသီကျောင်းပိတ်ရက်ဖြစ်လို့ ကျောင်းသားလက်ခံရတာများရင် ဒီတစ်လတည်းနဲ့တင် သောင်းနဲ့ချီပြီး မြတ်နိုင်တယ်လေ။ ၂၀၂၁ ဇူလိုင်လမှာ ပိုက်ဆံပိုရှာဖို့ ဒီအခွင့်အရေးကို လက်မလွတ်တမ်း အသုံးချဖို့ ဘာသာရပ်တွေ ထပ်တိုးလိုက်ပြီးတော့ ကျောင်းသားတွေရဲ့ စားသောက်ရေးကိုပါ တာဝန်ယူလိုက်တယ်။ ကျောင်းသားအများကြီးရဲ့ စားသောက်ရေးကို ဂရုစိုက်ရတာဆိုတော့ ကျွန်မရဲ့ အလုပ်ပမာဏက အများကြီး ပိုများလာတာပေါ့၊ နေ့တိုင်း အပြင်ထွက်ပြီး ဈေးဝယ်ရတယ်။ မှတ်မိသေးတယ်။ မနက်ခင်းတစ်ခုမှာ မိုးက တော်တော်လေးကို သည်းကြီးမည်းကြီး ရွာနေတာ၊ ကျွန်မက မိုးရွာထဲမှာပဲ ဆယ်ပေါင်ကျော်လောက်လေးတဲ့ ဟင်းသီးဟင်းရွက်ခြင်းတွေကို တစ်ခြင်းပြီးတစ်ခြင်း ကားပေါ် မတင်နေရတယ်။ တစ်ကိုယ်လုံး ရွှဲရွှဲစိုလို့ပေါ့၊ ဒါပေမဲ့ ခက်ခဲတယ်လို့ တစ်ချက်လေးတောင် မခံစားရဘူး။ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီတစ်လပဲလေ၊ ကြိတ်မှိတ်ခံလိုက်ရင် ခဏနေရင် ပြီးသွားမှာပါ။ ဒီတစ်လပြီးရင် ပိုက်ဆံရေရတော့မယ်၊ ငါလိုလားတောင့်တနေခဲ့တဲ့ အဆင့်အတန်းမြင့်တဲ့ ဘဝနဲ့ ပိုနီးစပ်လာတော့မယ်” ပေါ့။ တွေးလိုက်မိရုံနဲ့တင် ပျော်နေမိတာ။ ဒါပေမဲ့ ဇူလိုင်လ တတိယပတ်ရောက်တော့ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျောင်းတွေအားလုံး ပိတ်ရမယ်ဆိုတဲ့သတင်း ရောက်လာမယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး။ အဲဒီသတင်းက ကျွန်မအတွက် နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ဒီနွေရာသီသင်တန်းတွေအတွက် ကျွန်မ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားခဲ့တာ၊ လုပ်အားတွေ၊ ပစ္စည်းတွေ၊ ငွေကြေးတွေ အများကြီး ရင်းနှီးထားရတာလေ။ ကျွန်မအစီအစဉ်အရဆိုရင် ဒီတစ်လလေး ကျော်ဖြတ်လိုက်တာနဲ့ ပိုက်ဆံတွေကို အေးဆေး အိတ်ထဲထည့်နိုင်ပြီ၊ ဒါပေမဲ့ အခုကျတော့ သင်တန်းက တစ်ဝက်ပဲ ပြီးသေးတယ်၊ မသင်ရသေးတဲ့ အချိန်တွေအတွက် ပိုက်ဆံတွေ ပြန်အမ်းပေးရဦးမယ်။ ကိုယ့်လက်ထဲရောက်ခါနီး ပိုက်ဆံတွေ ပြန်ထွက်သွားတာကို ဒီအတိုင်းကြည့်နေရင်း ငိုတောင်ငိုချင်မိတယ်၊ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။ ငွေတွေပြန်အမ်းပြီးတော့ ကျွန်မက ဒီနွေရာသီတစ်ခုလုံး အလကား အလုပ်လုပ်လိုက်ရသလိုဖြစ်နေတာကို သတိထားမိပြီး ဒါနဲ့ပတ်သက်ပြီးတော့ စိတ်ထဲ တော်တော်မကောင်းဘူး၊ တစ်နေ့တစ်နေ့ စိတ်ဓာတ်ကျရိုးရိုးပါပဲ။ ကမ္ဘာ့ကပ်ရောဂါကြောင့် သင်တန်းတွေရပ်လိုက်ရတော့ ကျွန်မ ရုတ်တရက် အားသွားတယ်။ အဲဒီအချိန်မှာ ညီအစ်မတစ်ယောက် အိမ်ရောက်လာပြီး ဘုရားသခင်ဟာ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲတယ်၊ ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ထားပြီးသားဖြစ်တယ်ဆိုတာတွေကို ကျွန်မနဲ့ မိတ်သဟာယပြုတယ်။ ပြီးတော့ ကျွန်မ စုဝေးပွဲမတက်တဲ့ ဒီနှစ်တွေအတွင်းမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မအကြောင်းကို အမြဲတမ်း တွေးမိကြတဲ့အကြောင်း၊ ကျွန်မကို ကူညီပြီး ထောက်ပံ့ပေးချင်ကြတဲ့အကြောင်း ပြောပြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ မဖတ်တာ တော်တော်ကြာနေပြီးတော့ ဘုရားနဲ့ ဝေးကွာနေတာတောင်မှ ဘုရားက ကျွန်မကို အရေးစိုက်ပြီး ကျွန်မကို နှစ်သိမ့်ပေးဖို့ ညီအစ်မကို စီစဉ်ပေးနေတုန်းပဲဆိုတာ တွေးမိတယ်။ ရင်ထဲမှာ အရမ်းနွေးထွေးသွားတယ်။ ဒီတစ်ခါတော့ ကျွန်မ ထပ်မငြင်းတော့ပါဘူး။ ၁၃ နှစ်ကြာပြီးတဲ့နောက်မှာ ကျွန်မ ဘုရားအိမ်တော်ကို ပြန်ရောက်လာပြီး အသင်းတော်အသက်တာကို ပြန်စတင်နိုင်ခဲ့တယ်။

တစ်ခါက ဝတ်ပြုနေရင်း ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်။ “လူတစ်ယောက်က မည်သည့်အလုပ်အကိုင် ရွေးချယ်သည်၊ မည်သို့ အသက်မွေးဝမ်းကျောင်း ပြုသည်၊ ဤအရာများ၌ ကောင်းမွန်သည့် ရွေးချယ်မှု သို့မဟုတ် မကောင်းသည့် ရွေးချယ်မှုကို လုပ်ဆောင်ခြင်း ရှိမရှိဆိုသည့်အပေါ် လူတို့အနေဖြင့် ထိန်းချုပ်မှုတစ်ခုတလေ ရှိကြသလော။ ဤအရာများသည်လူတို့၏ စိတ်ဆန္ဒများ၊ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီကြသလော။ လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြသည်။ နေထဲ မိုးထဲတွင် မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ဖို့၊ နေရာတိုင်း၌ လင်းလက်တောက်ပနေဖို့၊ တခြားလူများအား လွှမ်းမိုးဖို့၊ သူတို့၏ ဘိုးဘေးများကို ဂုဏ်တက်စေရန် ဆန္ဒရှိကြသည်။ ပြီးပြည့်စုံခြင်းကို လူတို့ မျှော်လင့်ကြသည်၊ သို့သော်လည်း သူတို့ဘဝခရီးတွင် ပထမခြေလှမ်းကို စလှမ်းသည့်အခါ လူသား၏ကံတရားက အဘယ်မျှ ပြည့်စုံခြင်းမရှိသည်ကို တဖြည်းဖြည်း နားလည်လာ ကြပြီး လူတစ်ယောက်သည် သူ၏အနာဂတ်အတွက် ရဲရင့်သော အစီအစဉ်များကို ပြုလုပ်နိုင်သော်လည်း၊ လူတစ်ယောက်သည် ရဲတင်းသည့် စိတ်ကူးယဉ်အိပ်မက်များ သိုထားနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အိပ်မက်များကို အကောင်အထည်ဖော်ဖို့ မည်သူမျှ အရည်အချင်း သို့မဟုတ် တန်ခိုးအာဏာမရှိကြသကဲ့သို့ မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်သည့် နေရာတွင် မရှိသည့်အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် သဘောပေါက်လာကြသည်။ လူတစ်ယောက်၏ အိပ်မက်နှင့် သူရင်ဆိုင်ရမည့် လက်တွေ့အရှိတရားတို့ကြား အကွာအဝေးတချို့ အမြဲရှိနေပါလိမ့်မည်။ အမှုအရာများသည် လူတစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ဘယ်သောအခါမှ မဖြစ်သကဲ့သို့ ထိုသို့သော လက်တွေ့အရှိတရားများနှင့် ရင်ဆိုင်ရလျက်၊ လူတို့သည် စိတ်ကျေနပ်မှု သို့မဟုတ် ရောင့်ရဲမှုကို ဘယ်သောအခါမျှ မရရှိကြချေ။ တချို့လူတို့သည် စိတ်ကူးလို့ရသည့် မည်သည့် အတိုင်းအတာအထိမဆို သွားကြလိမ့်မည်၊ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးပမ်းမှုတစ်ခုအနေဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်အတွက် ကြီးမားသည့် အားစိုက်မှုများ ပြုလုပ်ပြီး ကြီးမားသည့် စွန့်လွှတ်မှုများ ပြုလုပ်ကြပေလိမ့်မည်။ သို့သော်လည်း အဆုံးတွင်၊ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုများအားဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် စိတ်ဆန္ဒများကို အကောင်အထည် ဖော်နိုင်လျှင်ပင်၊ ၎င်းတို့၏ ကံကြမ္မာတွေကို ဘယ်သောအခါမျှ ၎င်းတို့ မပြောင်းလဲနိုင်ပေ။ မည်မျှပင်ဇွဲကြီးကြီးနှင့် ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြားသတ်မှတ်ပေးသည်ထက် ဘယ်သောအခါမျှ ကျော်လွန် နိုင်မည်မဟုတ်ပေ။ အရည်အချင်း၊ ဉာဏ်ပညာ၊ စိတ်စွမ်းအား မတူညီမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ၊ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမြတ်သူနှင့် သေးနုတ်သူ၊ မြင့်သောသူနှင့် နိမ့်သောသူ၊ ချီးမြှောက်ခံရသူနှင့် နှိမ့်ကျသောသူတို့ကြား မခွဲခြားပေ။ လူတစ်ယောက်က မည်သည့် အလုပ်အကိုင်ကို ရှာဖွေလိုက်စားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ကြွယ်ဝချမ်းသာမှု မည်မျှ စုဆောင်းသည် စသည်တို့သည် မိမိ၏မိဘ၊ မိမိပါရမီ၊ အားစိုက်ထုတ်မှုများ သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အိပ်မက်က လန့်နိုးသွားသလိုမျိုး နှိုးဆော်လိုက်တယ်လေ။ ကျွန်မရဲ့ ကံကြမ္မာရယ်၊ ကျွန်မမှာ ဥစ္စာဓန ရှိမရှိဆိုတာရယ်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေအောက်မှာပဲ ရှိတယ်ဆိုတာ နားလည်သွားတယ်။ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားရုန်းကန်ပါစေ၊ နောက်ဆုံးကျတော့ ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်ကို မပြောင်းလဲနိုင်ဘူးဆိုတာပေါ့။ အရင်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မသိခဲ့တော့ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ ကိုယ့်အားကိုပဲ အမြဲ ကိုးစားချင်ခဲ့တာ။ ငယ်ငယ်က ကျွန်မ မိသားစုကဆင်းရဲလို့ သူများလှောင်တာ အမြဲခံရတော့ တစ်နေ့ကျရင် သူများတွေ အထင်ကြီးလေးစားရတဲ့ သူဌေးဘဝမျိုးနဲ့ နေမယ်လို့ အိမ်မက်မက်ခဲ့ဖူးတယ်။ ဒါကြောင့် ကလေးဘဝတည်းက လူကြီးတွေလုပ်သလိုမျိုး လိုက်လုပ်ပြီး ဈေးရောင်းတယ်၊ အထက်တန်းမပြီးခင် နွေရာသီကျောင်းပိတ်ရက်မှာ ကျူရှင်ဖွင့်တယ်၊ ကောလိပ်ရောက်တော့လည်း လမ်းဘေးဈေးဆိုင် ဆက်ဖွင့်တယ်၊ အချိန်ပိုင်းအလုပ်တွေလုပ်တယ်၊ ဘွဲ့ရပြီးတော့လည်း ကျောင်းဖွင့်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ခဲ့တယ်။ ဒါတွေအားလုံးက ပိုက်ဆံပိုရှာချင်လို့ချည်းပါပဲ။ ဒါပေမဲ့ ကမ္ဘာ့ကပ်ရောဂါ ရုတ်တရက်ဖြစ်လာပြီး သင်တန်းတွေ ရပ်လိုက်ရတဲ့အခါ ကျွန်မရဲ့ အစီအစဉ်တွေအားလုံး ပျက်စီးကုန်တယ်၊ ကိုယ့်အိတ်ထဲရောက်ပြီးသား ပိုက်ဆံတွေ ပြန်ထွက်သွားတာကိုပဲ ထိုင်ကြည့်နေလိုက်ရတယ်။ အဲဒီတော့မှ ကြိုးစားတိုင်း အရာထင်ချင်မှ ထင်မယ်၊ အရာအားလုံးက လူ့အစီအစဉ်အတိုင်း ဖြစ်လာတာမဟုတ်ဘူးဆိုတာ ကျွန်မ တကယ် ခံစားနားလည်လိုက်ရတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ လုံးလုံးရှိနေတာပါ။ ဒီတစ်သက်မှာ ကျွန်မ ဥစ္စာဓန ဘယ်လောက် ပိုင်ဆိုင်မလဲဆိုတာက ကျွန်မရဲ့ ကြိုးစားမှု၊ အစီအစဉ်တွေအပေါ် မမူတည်ဘဲ ဖန်ဆင်းရှင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်နဲ့ အချုပ်အခြာအာဏာအပေါ်မှာပဲ မူတည်နေတာပါ။ လူရဲ့ အစီအစဉ်တွေ၊ ကြိုးစားမှုတွေဆိုတာက စိတ်ကူးတွေ၊ ရည်သန်မျှော်မှန်းချက်တွေ သက်သက်ပါပဲ။ အဲဒါတွေက ဘယ်လိုအဆုံးသတ်ရလဒ်ကိုမှ အဆုံးအဖြတ်မပေးနိုင်ဘူး၊ ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်ကိုလည်း မပြောင်းလဲနိုင်ဘူးလေ။ ဘုရားက ကျွန်မကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင်လို့ ဂီတနဲ့အနုပညာစွမ်းရည်တွေ ပေးထားတာပါ။ ဒါပေမဲ့ ကျွန်မက မကျေနပ်နေသေးဘူး။ ချမ်းသာပြီး ပေါများတဲ့ဘဝမှာနေဖို့အတွက် ကိုယ့်ကြိုးစားအားထုတ်မှုတွေကိုပဲ အမြဲတမ်း အမှီပြုနေချင်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်တာမျိုး မရှိခဲ့ဘူး။ နောက်ဆုံးကျတော့ ကျွန်မဆန္ဒတွေ မပြည့်ဝတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်လုပ်သလိုဖြစ်ပြီး စိတ်ထဲမှာလည်း တော်တော် ဆင်းရဲရတယ်။ ကျွန်မ တကယ်ကို မိုက်မဲခဲ့တာပါပဲ။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို တွေ့သွားတယ်။ ဘုရားသခင်က ပြောသည် “ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်လုပ်ဆောင်သင့်သည့် အရာမှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို လက်လွှတ်ပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ ယင်းအတွက် အစီအစဉ်များ ပြုလုပ်စေဖို့၊ ကိုယ်ပိုင်ရွေးချယ်မှုများ မပြုလုပ်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့သာ၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန်သာ လိုက်စားဖို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ကျွန်မ ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ပြီး မရုန်းကန်ချင်တော့ဘူး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကိုပဲ လိုလိုလားလား ကျိုးနွံနာခံချင်တော့တယ်။ အဲဒီနောက်ပိုင်း စုဝေးပွဲတွေ တက်တက်ကြွကြွတက်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တယ်၊ ပြီးတော့ ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့လည်း စတင်လေ့ကျင့်တယ်။ ရင်ထဲမှာ ပေါ့ပါးလွတ်လပ်ပြီး ဘုရားရဲ့ ကျေးဇူးတော်ကိုလည်း မြင်တွေ့ရတယ်။ ကမ္ဘာ့ကပ်ရောဂါကာလတုန်းက လုပ်ငန်းတွေအားလုံး ကျဆင်းနေတာ၊ ပညာရေးအဖွဲ့အစည်း အများစုဆို အကြီးအကျယ် ရှုံးကြတယ်။ ဒါပေမဲ့ ကျွန်မကျောင်းက ပုံမှန်လည်ပတ်နိုင်ရုံတင်မကဘူး၊ တခြားအဖွဲ့အစည်းနှစ်ခုကတောင် ပူးပေါင်းလုပ်ဖို့ လာကမ်းလှမ်းကြတယ်၊ ဒီလိုနဲ့ အဲဒီခက်ခဲတဲ့အချိန်ကာလကို ကျော်ဖြတ်ဖို့ အထောက်အကူဖြစ်ခဲ့တာပေါ့။

၂၀၂၂ ဇွန်လမှာ ကျွန်မ ရေလောင်းအဖွဲ့ခေါင်းဆောင် တာဝန်ကို စယူခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ရင်းနဲ့ အခုအချိန်ဟာ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ နောက်ဆုံးသော ကယ်တင်ခြင်းကို ဆောင်ရွက်နေတယ်၊ နောက်ဆုံးမှာ ဘုရားသခင်က ကပ်ဘေးမျိုးစုံနဲ့ ဒီခေတ်ကို အဆုံးသတ်လိမ့်မယ်၊ ကိုယ့်လုပ်ရပ်တွေအပေါ်မူတည်လို့ ကောင်းသူကို ဆုချီးမြှင့်ပြီး ဆိုးယုတ်သူကို အပြစ်ဒဏ်ပေးလိမ့်မယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တာဝန်ထမ်းဆောင်တဲ့သူ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား သန့်စင်ခံရတဲ့သူတွေမှသာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး ကျန်ရစ်နိုင်မှာလေ။ ကျွန်မအတွက်ကတော့ အပတ်တိုင်း အချိန်မမှန်တဲ့ စာသင်ချိန်တွေအပြင် တွဲဘက် ကျောင်းခွဲတွေက ကိစ္စအမျိုးမျိုးကိုပါ ဖြေရှင်းနေရတော့ သမ္မာတရားကို လိုက်စားဖို့နဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် အချိန်၊ အင်အား လုံလောက်မှုမရှိဘူးဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်တာဝန်အတွက် အချိန်ပိုရအောင် ကိုယ့်အလုပ်တချို့ကနေ နုတ်ထွက်လိုက်ရင် ကောင်းမလားလို့ တွေးမိတယ်။ ဒါပေမဲ့ စိတ်ထဲမှာ ဗျာများနေတုန်းပဲ။ “ငါ့တာဝန်ဟာ စာသင်ပြီးပိုက်ဆံရှာတာထက် ပိုအရေးကြီးပေမဲ့ စာသင်ရတာက သိပ်မပင်ပန်းဘူးလေ၊ တွဲဘက်ကျောင်းခွဲတွေကလည်း ပုံမှန်တိုးတက်နေတာ။ ဒါတွေကို စွန့်လွှတ်လိုက်ရင် ဝင်ငွေတော်တော်လျော့သွားမှာ” ဆိုပြီးတွေးမိတယ်။ ကျွန်မ အဲဒါတွေကို လက်မလွှတ်ချင်သလို ဖြစ်နေတယ်။ ဒါနဲ့ ဒီဝန်ထုတ်ဝန်ပိုးတွေကို လက်လွှတ်နိုင်အောင်၊ ဘုရားနှုတ်ကပတ်တော် စားသောက်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ရအောင် အချိန်ပိုရနိုင်ဖို့ လမ်းပြပေးပါလို့ တောင်းလျှောက်ရင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို စဉ်းစားမိတယ်။ “နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။ ယနေ့၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် လူသားမျိုးနွယ်ဝင် မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ ပြင်ပတွင် တည်ရှိသနည်း။ ငါ၏ အသစ်သော စမှတ်ကို လူသိရှင်ကြား ကြေညာလိုက်သည့်အခါတွင် လူတို့သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူ့ကမ္ဘာ၏ အခြေအနေကို သင်တို့ မျက်စိများဖြင့်တပ်အပ် တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကထဲတွင် အစဉ်ထာဝရ အသက်ရှင်နေထိုင်ဖို့ အတွေးများ မပထုတ်ရသေးသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားက ကမ္ဘာ့နိုင်ငံအသီးသီးဆီ ပျံ့နှံ့နေပြီ၊ ဘေးအန္တရာယ်တွေနဲ့နဲ့ စစ်ပွဲအမျိုးမျိုးလည်း ဖြစ်နေပြီ၊ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့အလုပ်ကလည်း ပြီးဆုံးခါနီးနေပြီလေ။ ကျွန်မသာ တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ဘဲ ငွေကြေးကို လိုက်စားဖို့ကိုပဲ အာရုံစိုက်နေမယ်ဆိုရင် သမ္မာတရားရဖို့နဲ့ ကယ်တင်ခံရဖို့ ကိုယ့်အခွင့်အရေးကိုယ် ဖျက်စီးလိုက်မှာပဲ။ နောက်ဆုံး ဘေးအန္တရာယ်ထဲ ကျရောက်သွားတဲ့အခါ ဘယ်ပိုက်ဆံပမာဏကမှ ကျွန်မအသက်ကို မကယ်နိုင်ပါဘူး။ သမ္မာတရားကို လိုက်စားတာနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာကသာ တကယ်အရေးကြီးတာပါ။ အဲဒါနဲ့ ကိုယ်ပိုင်ကျောင်းအတန်းတွေကနေ စပြီး နုတ်ထွက်လိုက်တယ်။ ပြီးတော့ ကျောင်းခွဲနှစ်ခုနဲ့ ပူးပေါင်းထားတာကိုလည်း တစ်ခုပြီးတစ်ခု ရပ်လိုက်တယ်။ အဲဒီလိုလုပ်လိုက်တော့ တနင်္လာကနေ သောကြာအထိ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အချိန်ရသွားတာပေါ့၊ စနေ၊ တနင်္ဂနွေမှာပဲ စာသင်တော့တယ်။ အခု ကျွန်မက ပူးပေါင်းထားတဲ့ ကျောင်းတွေနည်းသွားပြီး ဝင်ငွေနည်းသွားပေမဲ့ ဘုရားနှုတ်ကပတ်တော် စားသောက်ဖို့၊ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အချိန်ပိုရလာတော့ စိတ်ထဲမှာ ပေါ့ပါးပြီး ငြိမ်းချမ်းနေတယ်။ ကျွန်မစိတ်ထဲ ပိုက်ဆံအပေါ် တွယ်တာမှု နည်းနည်းလက်လွှတ်လိုက်ပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ထပ် စုံစမ်းသွေးဆောင်မှုကြီးတစ်ခုက ကျွန်မကို စောင့်ကြိုနေမယ်လို့ ဘယ်ထင်ထားမလဲ။

၂၀၂၃ ဧပြီလမှာ ကျွန်မယောက်မက အွန်လိုင်းဈေးဆိုင်လုပ်ငန်းတစ်ခုနဲ့ မိတ်ဆက်ပေးတယ်၊ ၃ လကနေ ၆ လအတွင်း ယွမ် ၅ သိန်း ရှာနိုင်တယ်တဲ့။ ကျွန်မ တော်တော်စိတ်ပါသွားတာပေါ့။ “အချိန်တိုတိုလေးနဲ့ ၅ သိန်းတောင် ရှာနိုင်မယ်ဆိုရင် စာသင်တာထက် အများကြီး ပိုရမှာပဲ။ ငါ့မှာ အိမ်လည်းရှိပြီးသားဆိုတော့ ကားကိုသာ တံဆိပ်ကောင်းကောင်း ဇိမ်ခံကားတစ်စီးလောက်နဲ့ လဲလိုက်ရင် မြို့ထဲ လှည့်ပတ်မောင်းတဲ့အခါ ပိုတောင် အထင်ကြီးစရာကောင်းဦးမယ်” ဆိုပြီး တွေးမိတယ်။ ဒါပေမဲ့ အဲဒီတုန်းက စိတ်ထဲ မသိုးမသန့်ဖြစ်ပြီး အလိမ်ခံရမှာလည်း ကြောက်တယ်၊ ပြီးတော့ စီးပွားရေးလုပ်တာက ကိုယ့်တာဝန်ကို ထိခိုက်မှာကိုလည်း စိုးရိမ်တာနဲ့ ငြင်းလိုက်ပါတယ်။ နောက်ပိုင်းမှာ ကျွန်မယောက်မက ဆိုင်ဖွင့်ပြီး မန်နေဂျာဖြစ်လာတယ်၊ သူ့ဝင်ငွေက တစ်နေ့ကို ဆယ်ဂဏန်းလောက်ကနေ တဖြည်းဖြည်းနဲ့ တစ်ထောင်၊ နှစ်ထောင်လောက်အထိ တိုးလာတာကို ကျွန်မ မြင်နေရတယ်။ သူ့နောက်လိုက်လုပ်တဲ့ တချို့လူတွေဆို ကျွန်မလောက် အစွမ်းအစမရှိပေမဲ့ သူတို့လည်း ဆိုင်ဖွင့်ပြီး မန်နေဂျာတွေဖြစ်၊ တစ်နေ့ကို ထောင်ချီဝင်ငွေရနေကြတာလေ။ ဒါတွေအားလုံးက ကျွန်မကို ပိုပြီး စိတ်ပါလာစေတယ်။ ကျွန်မ တွေးလိုက်မိတယ်၊ “ဒီအလုပ်က ပိုက်ဆံရလွယ်ပုံပဲ။ ငါသာ တစ်နေ့ကို ထောင်ချီရှာနိုင်ရင် ၃ လနဲ့တင် ၅ သိန်းလောက် ရနိုင်တာ၊ အဲဒါဆိုရင် ကားသစ်လဲချင်တဲ့ ငါ့ဆန္ဒလည်း မကြာခင် ပြည့်တော့မှာ” လို့ တွေးမိတယ်။ ကားသစ်ဝယ်ပြီးရင် သူများတွေ အားကျပြီး အထင်ကြီးကြမယ့်မြင်ကွင်းကို တွေးမိလိုက်တာနဲ့ ကျွန်မ တော်တော်တက်ကြွသွားတယ်၊ ဒါနဲ့ ထပ်တွေဝေမနေတော့ဘဲ ယွမ်ထောင်ဂဏန်းလောက် ရင်းလိုက်တယ်။ နောက်ပိုင်း ပိုက်ဆံပိုရချင်တာနဲ့ ဆွေမျိုးမိတ်ဆွေတချို့ကိုပါ ဒီလုပ်ငန်းလုပ်ဖို့ ဝင်ပါအောင် စည်းရုံးပြီး မိတ်ဆက်ပေးခဲ့တယ်၊ သေချာပေါက် ပိုက်ဆံရမယ်။ ရှုံးရင် ကျွန်မ တာဝန်ယူပေးမယ်လို့ ကတိပေးပြီးတော့ပေါ့။ ကျွန်မအဖွဲ့ကို ချဲ့ထွင်လာလိုက်တာ ရောင်းအားတွေလည်း တောက်လျှောက် တက်လာတယ်။ ဇွန်လရောက်တော့ ကျွန်မလည်း ဆိုင်မန်နေဂျာဖြစ်လာပြီး တစ်နေ့ဝင်ငွေက ယွမ် ၂၀၀၀ နီးပါး ရနေပြီလေ။ ဇူလိုင်လကျတော့ နောက်ထပ်ဆိုင်ခွဲတစ်ခု ထပ်ဖွင့်လိုက်တယ်။ အလုပ်တွေက အရင်ကထက် ပိုရှုပ်လာသလို ပိုက်ဆံလည်း ပိုရလာတာပေါ့။

၂၀၂၃ ဩဂုတ်လမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ရေလောင်းသင်းထောက်အဖြစ် ရွေးချယ်လိုက်ကြတယ်။ ကိုယ့်တာဝန်တွေ မထိခိုက်အောင်လို့ ကျွန်မက အမြဲတမ်း နေ့ခင်းဘက်မှာ ကိုယ့်တာဝန်တွေ ထမ်းဆောင်ပြီး ညဘက်အိမ်ပြန်ရောက်မှ အွန်လိုင်းဆိုင်ကိစ္စတွေကို လုပ်တယ်။ အများအားဖြင့်ဆို မနက် ၁ နာရီ၊ ၂ နာရီလောက်အထိ ဖုန်းနဲ့ အစည်းအဝေးထိုင်နေရတုန်းပဲ။ အလုပ်ရှုပ်လွန်းလို့ ထမင်းစားချိန်တောင် မရှိတာ ခဏခဏပါပဲ။ ၃ လအတွင်းမှာတင် ကျွန်မ ဆိုင် ၈ ဆိုင်ဖွင့်နိုင်ခဲ့ပြီး ရောင်းအား ယွမ် ၂ သန်းကျော် ရခဲ့တယ်။ ဒါပေမဲ့ ညဘက် အိပ်ရေးပျက်တာများတော့ နေ့ခင်းဘက်ဆို ခေါင်းခဏခဏကိုက်ပြီး ပင်ပန်းနွမ်းနယ်နေတတ်တယ်၊ ခေါင်းမူးပြီး အားမရှိသလို ဖြစ်နေတာပေါ့။ ဒါက ကျွန်မ တာဝန်တွေ ထမ်းဆောင်တဲ့ အခြေအနေကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်။ စုဝေးပွဲတွေမှာလည်း ဝတ်ကျေတမ်းကျေပဲ ဖြစ်နေတော့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မတွေ့နိုင်သလို အခက်အခဲတွေကိုလည်း မဖြေရှင်းပေးနိုင်ဘူး။ အိမ်ပြန်ရောက်တာနဲ့ အွန်လိုင်းဆိုင်က ပြဿနာတွေက ကျွန်မကို စောင့်နေပြန်ရော၊ ကျွန်မ လုံးလုံးကို ခြေကုန်လက်ပန်းကျနေပြီ။ ဒါပေမဲ့ ပိုက်ဆံရဖို့အတွက် ရုန်းထွက်ဖို့ အားမရှိသလိုပဲ၊ ကျွန်မက ထိန်းချုပ်ခံထားရသလိုမျိုးပဲ။ ကျွန်မယောက်မကို မေးလိုက်တယ်။ “ဘယ်အချိန်ကျမှ ယွမ် ၅ သိန်းရပြီး အွန်လိုင်းစတိုးကို ဆက်စီမံခန့်ခွဲစရာမလိုဘဲ ပုံမှန်လည်ပတ်နိုင်မှာလဲ” ပေါ့။ သူက ပြန်ပြောတယ်။ “နင့်အဖွဲ့လိုက် ရောင်းအားက ၅ သန်းပြည့်တဲ့အချိန်ကျရင် ဒီလုပ်ငန်းကို ပစ်ထားလိုက်ပြီး ဆိုင်ကို ဆက်စီမံခန့်ခွဲတာမျိုး မလုပ်ဘဲ နေလို့ရပြီ။ အဲဒီအချိန်ကျရင် နင်လည်း ၅ သိန်းပြည့်အောင် ရှာပြီးသားဖြစ်မှာပါ” တဲ့။ ဒီစကားကို ကြားတော့ ခေါင်းက ချာချာလည်သွားပြီး အလိမ်ခံလိုက်ရမှန်း ချက်ချင်းသိလိုက်တယ်။ ကျွန်မထင်ထားတာက ၅ သိန်းရဖို့ ၃ လလောက်ပဲ ကြာမယ်၊ အဲဒီအချိန်ကျရင် ပိုက်ဆံလည်းရမယ်၊ တာဝန်လည်း မနှောင့်နှေးတော့ဘူးပေါ့။ အဖွဲ့လိုက်ရောင်းအား ၅ သန်းပြည့်ရမယ်ဆိုတဲ့ အချက်ပါလာမယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားဘူးလေ။ ဘယ်အချိန်ကျမှ ကျွန်မက အဲဒီအချက်နဲ့ကိုက်ညီပြီး လွတ်မြောက်နိုင်မှာလဲ။ ဒီပမာဏက ကျွန်မနဲ့ အရမ်းဝေးကွာလွန်းနေတယ်။ ကျွန်မ စိတ်ပူလွန်းလို့ ထမင်းလည်း မစားနိုင်၊ အိပ်လည်း မပျော်တော့ဘူး။ အဲဒီတုန်းက တစ်နေ့ကို ယွမ် ၈ ထောင်ကျော် ရနေပေမဲ့ ကျွန်မ လုံးဝ မပျော်နိုင်ဘူး။ ကိုယ်လမ်းကြောင်း အမှားကို လျှောက်မိပြီဆိုတာ သိလိုက်ရပြီး စိတ်ထဲ အရမ်းခံစားနေရတယ်၊ ဒါနဲ့ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်...သမီး ငွေကြေးရဲ့ ဝဲဂယက်ထဲ ကျသွားပြီဆိုတာ အခုမှ သိပါတော့တယ်။ အစကတော့ ငွေထောင်ဂဏန်းလောက်ပဲရှိတဲ့ စီးပွားရေးအသေးစားလေးလို့ပဲ ထင်ခဲ့တာ၊ အခုတော့ သမီးကို ချည်နှောင်ထားတဲ့ ခြေကျင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့မိပါဘူး။ သမီး ဒါကို ဘယ်လို ဖယ်ရှားရမလဲ။ ဘုရားသခင်...ကျေးဇူးပြုပြီး ကူညီလမ်းပြပေးပါ” ဆိုပြီးတော့ပေါ့။ ဆုတောင်းပြီးတော့ အဲဒီ ၅ သိန်းကို မရှာတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်၊ ယောက်မဆီဖုန်းဆက်ပြီး ကျွန်မဆုံးဖြတ်ချက်ကို ပြောပြလိုက်တယ်။ ယောက်မက ကျွန်မ သဘောထားပြတ်သားတာ မြင်တော့ သဘောတူလိုက်ပါတယ်။ ကျွန်မ နှုတ်ထွက်ပြီး သိပ်မကြာခင်မှာပဲ ဒီအွန်လိုင်းဈေးဆိုင်လုပ်ငန်းဟာ တကယ်တော့ အင်တာနက်ပေါ်က နာမည်ကြီးနေတဲ့ လိမ်လည်မှုပုံစံသစ်တစ်ခုပဲဆိုတဲ့ သတင်း ရုတ်တရက် ကြားလိုက်ရတယ်။ အဲဒါက လူတွေကို အရင်ဆုံး ပိုက်ဆံရအောင်လုပ်ပေးတယ်၊ ပြီးတော့မှ လူတွေ သတိလက်လွတ်ဖြစ်သွားတဲ့အချိန်ကျရင် လူလိမ်တွေက ရင်းနှီးထားတဲ့ငွေတွေအကုန်လုံးကို ယူပြီး ထွက်ပြေးသွားကြတာတဲ့။ ကျွန်မ အလှည့်စားခံလိုက်ရပြီဆိုတာ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ ကျွန်မ အံ့အားသင့်ပြီး ကြက်သေသေသွားတယ်။ အဖွဲ့ချဲ့ထွင်ဖို့အတွက် လူအများကြီးကို ကျွန်မ မိတ်ဆက်ပေးခဲ့ဖူးတာကိုး၊ တစ်ယောက်ချင်းစီကိုလည်း ရှုံးရင် ကျွန်မတာဝန်ယူမယ်လို့ အာမခံခဲ့ဖူးတာလေ။ အခု အွန်လိုင်းစတိုးတွေ ပြိုလဲသွားတော့ ကျွန်မ ညွှန်လိုက်တဲ့လူတွေအကုန်လုံးက ကျွန်မဆီကနေ ပိုက်ဆံလာတောင်းကြတော့တာပေါ့။ အဲဒီလိုနဲ့ပဲ ငွေမက်မိလို့ လိမ်လည်မှုတစ်ခုထဲ ဆွဲထည့်ခံလိုက်ရတာပါပဲ။ လျော်ကြေးငွေ သိန်းဂဏန်းလောက် ပေးရဖို့ကြုံလာတော့ ကျွန်မ ဘာလုပ်ရမှန်းကို မသိခဲ့ဘူး။ တစ်ပတ်လုံးလုံး ခြိမ်းခြောက်တာတွေ၊ ဆဲဆိုတာတွေ၊ စစ်မေးတာတွေကြားမှာ ကျွန်မ ဝိုင်းဝိုင်းလည်နေရတယ်၊ ပိုက်ဆံတောင်းတဲ့ ဖုန်းတွေ၊ စာတိုတွေကလည်း တရစပ် ဝင်နေတာ။ ကြောက်လွန်းလို့ ဖုန်းတောင် မကြည့်ရဲတော့ဘူး၊ ဒါတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာလည်း မသိတော့ဘူး။ နာကျင်လွန်းလို့ အဆုံးစီရင်ဖို့အတွက် တိုက်ပေါ်က ခုန်ချဖို့တောင် တွေးမိတယ်။ ကျွန်မလည်း အလိမ်ခံရတာပဲ ဆိုပေမဲ့ အကျိုးဆက်ကို မခံဘဲ နေလို့မရဘူးလို့ တွေးမိတယ်။ အဲဒါနဲ့ နောက်ဆုံးတော့ လျော်ကြေးငွေ ယွမ် ၂ သိန်းနီးပါး ပေးလိုက်ရတယ်။ တစ်ပတ်အတွင်းမှာတင် ပေါင်ချိန် ၁၀ ပေါင်ကျော်လောက် ကျသွားတယ်။ နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့နေတဲ့ကြားကနေ ကျွန်မ မျက်ရည်တွေနဲ့ ဆုတောင်းခဲ့ပါတယ်။ “ဘုရားသခင်...သမီး မှားသွားပါပြီ။ သမီးရဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒတွေက သမီးကို ဖျက်ဆီးလိုက်ပြီဆိုတာ သိပါပြီ။ သမီး အရမ်းနာကျင်ရပေမဲ့ ဒါတွေအားလုံးက ကိုယ်တော် ခွင့်ပြုလို့ သမီးအပေါ်ကျရောက်လာတာဆိုတာကို သိပါတယ်။ ကိုယ်တော့် ရည်ရွယ်ချက်ကို နားလည်နိုင်အောင် သမီးကို လမ်းပြပေးပါ” ဆိုပြီးတော့ပေါ့။ ဆုတောင်းပြီးတော့ စိတ်က တဖြည်းဖြည်း တည်ငြိမ်လာပြီး သမ္မာတရားကို ရှာဖွေချင်စိတ် ဖြစ်လာတယ်။

ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖြစ်တယ်၊ စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုသုံးပြီး လူတွေကို ဘယ်လို ဖောက်ပြန်ပျက်စီးစေသလဲဆိုတာ နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။...လူတစ်ဦးသည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ မည်မျှ နက်ရှိုင်းသော အတွေ့အကြုံ ရှိသည်ဖြစ်စေ ယင်းက ၎င်းတို့၏ စိတ်နှလုံးအပေါ် မည်သို့သော အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။ ယင်းမှာ သင်တို့တစ်ဦးချင်းစီတိုင်း ပါဝင်သည်ဟု ဆိုနိုင်သည့် ဤလောကရှိ လူတို့သည် ၎င်းတို့၏ စိတ်သဘောထားမှ တစ်စုံတစ်ခုကို ထုတ်ဖော်ပြသကြသည်။ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ငွေကို ကိုးကွယ်ခြင်း ဖြစ်သည်။ ဤအရာကို လူတို့၏ စိတ်နှလုံးများမှ ဖယ်ရှားရန် လွယ်ကူပါသလော။ မလွယ်ကူပေ။ ဤသည်မှာ စာတန်၏ လူကို ဖောက်ပြန်ပျက်စီးစေခြင်းသည် အမှန်တကယ် နက်ရှိုင်းကြောင်း ပြသနေခြင်းပင်တည်း။ စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။ ဤကဲ့သို့သော ဆိုရိုးစကားတစ်ခုသည် လူသိများလာပြီး ထိုနည်းအတိုင်းပင် သင်သည် ယင်းကို သဘောမတူရာမှ နောက်ဆုံးတွင် ယင်းမှာ သမ္မာတရားဖြစ်သည်ဟု ယုံကြည်သည်အထိ ဖြစ်သွားကာ ထိုအချိန်တွင် သင်၏ စိတ်နှလုံးသည် စာတန်၏ ချုပ်ကိုင်မှုအောက်သို့ လုံးဝ ကျရောက်သွားခဲ့ပြီးဖြစ်၍ သင်သည် ထိုဆိုရိုးစကားအတိုင်း အလိုအလျောက် အသက်ရှင်လာပေသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။‌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားသုံးသပ်ရင်းနဲ့ ကျွန်မ နားလည်လိုက်တာက စာတန်ဟာ လူတွေရဲ့စိတ်ထဲကို မှားယွင်းတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ အများကြီး သွတ်သွင်းထားတာပဲ။ အဲဒါကြောင့် လူတွေက ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအင်ဆန္ဒတွေကို ကိုးကွယ်လာကြတယ်၊ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုပဲ တစိုက်မတ်မတ် လိုက်စားပြီးတော့ သမ္မာတရားကို လိုက်စားဖို့နဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားသခင်ရှေ့မှောက်ကို မရောက်နိုင်ကြတော့ဘူး။ ကျွန်မလည်း စာတန်သွတ်သွင်းပေးထားတဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေခဲ့တာကိုး။ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”၊ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်”၊ “ထင်ရှားကျော်ကြားမှုရရှိခြင်း”၊ “လူအများအပေါ်မှာ နေရာယူရမယ်” ဆိုတာတွေပေါ့။ ငွေက အရာရာအတွက် အဖြေပဲ၊ ငွေမရှိရင် လူက အသက်ရှင်လို့မရဘူး၊ လူတစ်ယောက်က ငွေရှိရင် သူ့အဆင့်အတန်းက သိက္ခာရှိလာတယ်၊ သူများတွေက သူ့ကို အထင်မသေးရဲတော့ဘူး၊ ဒါမှမဟုတ် မလှောင်ရဲတော့ဘူးလို့ ကျွန်မ ထင်ခဲ့တာ။ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မ မိသားစုကဆင်းရဲလို့ အလှောင်ခံရဖူးတော့ ချမ်းချမ်းသာသာနဲ့ ပြည့်စုံတဲ့ဘဝကို နေရပြီး သူများတွေ ကျွန်မကို အထင်ကြီးလေးစားအောင် လုပ်ချင်ခဲ့တယ်။ ပိုက်ဆံရဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တဲ့အပြင် စုဝေးပွဲတက်တာ၊ ဘုရားနှုတ်ကပတ်တော်ဖတ်တာတွေကို ရပ်ပစ်ခဲ့တယ်။ အမေက ဘုရားနှုတ်ကပတ်တော်စာအုပ် လာပေးရင်တောင် စိတ်မရှည်ဘဲ တွန်းထုတ်ခဲ့ဖူးတယ်။ အနုပညာသင်တန်းကျောင်း ဖွင့်ပြီးတော့လည်း ပိုက်ဆံပိုရအောင် ဘယ်လိုဈေးကွက်တင်ပြီး ကျောင်းသားတွေကို ဘယ်လိုပိုစုရမလဲဆိုတာပဲ အမြဲတွေးနေခဲ့တာ။ နေ့တိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပြီး အိပ်မပျော်၊ ခေါင်းကိုက်တဲ့အထိ ပင်ပန်းခဲ့ရတယ်။ နောက်ဆုံး ကမ္ဘာ့ကပ်ရောဂါဖြစ်ပြီး အရာအားလုံး ရပ်ဆိုင်းသွားမှပဲ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကို ကျွန်မ ပြန်ရောက်လာခဲ့တာပါ။ နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရင်းနဲ့ ကျွန်မဘဝရဲ့ ကံကြမ္မာရယ်၊ ဥစ္စာဓန ဘယ်လောက်ရခဲ့မယ်ဆိုတာရယ်က ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးသား၊ ကျွန်မရဲ့ ကြိုးစားမှု၊ အစီအစဉ်တွေအပေါ် မူတည်တာမဟုတ်ဘူးဆိုတာ သိလာရတယ်။ ဒါပေမဲ့ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ကိုယ့်လိုအင်ဆန္ဒက ပြင်းပြလွန်းတော့ လူတွေကို ဒုက္ခပေးဖို့ စာတန်ရဲ့ သုံးတဲ့ ဆိုးယုတ်တဲ့ နည်းလမ်းတွေကို ကျွန်မ သတိမထားမိခဲ့ဘူး။ ဒါကြောင့် ဇိမ်ခံကားဝယ်ဖို့၊ သူများတွေ အထင်ကြီးလေးစားတာ၊ အားကျတာခံရဖို့အတွက် နောက်ထပ် ယွမ် ၅ သိန်းရမယ်ဆိုပြီး ငွေကြေးနဲ့ ထပ်မြှူဆွယ်ခံရတဲ့အခါ ကျွန်မ လမ်းလွဲသွားပြီး အွန်လိုင်းလိမ်လည်မှုထောင်ချောက်ထဲ မိသွားတာပေါ့။ လူလေးစားခံရတဲ့ ကျောင်းအုပ်ဘဝကနေ သူများပိုက်ဆံကို လိမ်ယူတဲ့ လူလိမ်ဘဝ ရောက်သွားတယ်။ ကြီးမားတဲ့ လျော်ကြေးငွေတွေ၊ ဆွေမျိုးမိတ်ဆွေတွေရဲ့ အဆုံးမရှိတဲ့ ကဲ့ရဲ့ပြီး ဆဲဆိုမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လမ်းပေါ်က ကြွက်တစ်ကောင်လို ခံစားခဲ့ရတယ်။ စိတ်ရောလူပါ အကြီးအကျယ် ထိုးနှက်ခံရပြီး ညှဉ်းပန်းခံရသလိုပါပဲ၊ ဒါတွေ အားလုံးကနေ လွတ်မြောက်ဖို့ ကိုယ့်ဘဝကိုတောင် အဆုံးသတ်ဖို့ တွေးခဲ့တယ်။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက မမြင်ရတဲ့ ကြိုးတစ်ချောင်းလို ကျွန်မကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတယ်ဆိုတာ၊ ကျွန်မက ဒီစာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်ပြီး ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ ရဖို့ကို ကျွန်မရဲ့ ဘဝပန်းတိုင်အနေနဲ့ သဘောထားခဲ့တယ်ဆိုတာကို မြင်ခဲ့ပါတယ်။ ရလဒ်ကတော့ စာတန်ရဲ့ လှည့်စားတာခံလိုက်ရပြီး မပြောပြတတ်အောင် ဒုက္ခရောက်ရတာပါပဲ။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တို့ကို လိုက်စားတာက ကျွန်မဘဝကို ပိုနာကျင်စေတာပဲရှိတယ်၊ ဘုရားသခင်ဆီကနေ လမ်းလွဲသွားစေပြီး ဘုရားရဲ့ ကယ်တင်ခြင်းရဖို့ ကျွန်မ အခွင့်အရေးကို ဆုံးရှုံးစေတာပဲရှိတယ်ဆိုတာ ကျွန်မ မြင်သွားပါပြီ။ နောက်ပြီးတော့ စီးပွားရေးတွေကို စွန့်စားပြီးလုပ်ရာကနေ ငွေတွေဆုံးရှုံးပြီး စိတ်ဓာတ်ကျသွားတဲ့သူတွေ ဘယ်လောက်များသလဲဆိုတာ၊ တချို့ဆိုရင် မခံနိုင်လွန်းလို့ တိုက်ပေါ်ကခုန်ချပြီး သေကြောင်းကြံသွားကြတာတွေကို ကျွန်မ တွေးမိတယ်။ ငွေကို လိုက်စားတာက ပျက်စီးခြင်းလမ်းကြောင်းပဲဆိုတာကို ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မ ဘုရားနောက်ကို လိုက်ခဲ့ရတာကို တော်တော်ဝမ်းသာမိတယ်။ အဲဒီတော့ ဒီလိုကိစ္စတွေကြုံလာတဲ့အခါ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ ဦးဆောင်မှု ရပြီး သမ္မာတရားကိုလည်း နားလည်အောင်လုပ်ပေးတယ်၊ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိးအမြတ်ကို အသုံးပြုပြီး လူတွေကို စာတန်က ဘယ်လိုဖောက်ပြန်ပျက်စီးစေသလဲဆိုတာကိုလည်း ပိုင်းခြားသိမြင်မှု နည်းနည်းရှိစေတယ်။ အဲဒီလိုသာမဟုတ်ရင် ကျွန်မလည်း သူတို့လိုပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အထဲ ပါသွားလောက်ပြီ။ ဒီကိစ္စမှာ ငွေကြေးဆုံးရှုံးလိုက်ရပေမဲ့ ကျွန်မကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို မြင်ခဲ့ရပါတယ်။ ဘုရားသခင်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

တစ်နေ့ ဝတ်ပြုနေရင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ဘုရားသခင်က လူတွေအပေါ် ဘာကိုတောင်းဆိုတယ်၊ ဘာကိုလိုက်စားတာက တကယ် အဓိပ္ပာယ်ရှိတယ်ဆိုတာ ကျွန်မနားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ရှင်သန်ကာ ဆက်လက် အသက်ရှင်ရန်အတွက်သာ သင်၏ ခွန်အားကို သုံးစွဲဖို့ ဘုရားသခင်မတောင်းဆိုပေ။ မက်မောဖွယ်ကောင်းသော ဘဝတစ်ခုကို သင် အသက်ရှင်ကာ ထိုဘဝမှတစ်ဆင့် သူ့ကို ဘုန်းထင်ရှားစေဖို့ ဘုရားသခင် မလိုအပ်သကဲ့သို့၊ ဤကမ္ဘာလောကတွင် မည်သည့်ကြီးမြတ်သည့် လုပ်ဆောင်ချက်ကိုမဆို ပြီးမြောက်ရန်၊ နိမိတ်လက္ခဏာတစ်ခုတလေကို ဆောင်ရွက်ရန်၊ လူသားမျိုးနွယ်ထံ မည်သည့်အရာကိုမဆို ပံ့ပိုးပေးရန်၊ မည်သည့်လူအရေအတွက်ကိုမဆို အကူအညီပေးရန် သို့မဟုတ် မည်သည့်လူအရေအတွက်မဆို၏ အလုပ်ထမ်းဆောင်ခြင်း ပြဿနာများကို ဖြေရှင်းရန် သူသည် သင့်ကို မတောင်းဆိုပေ။ ကြီးကျယ်ခမ်းနားသည့် အသက်မွေးမှုလုပ်ငန်းတစ်ခု ရှိရန်၊ ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာရန်နှင့် ထို့နောက်တွင် ‘ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်သည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပါသည်’ဟု ကမ္ဘာလောကကို ကြွေးကြော်လျက် ဘုရားသခင်၏ အမည်နာမ ဘုန်းထင်ရှားစေရန် ဤအရာများကို အသုံးပြုဖို့ သင့်အတွက် မလိုအပ်ပေ။ သင့်အနေဖြင့် သာမန်လူတစ်ဦးနှင့် ဤကမ္ဘာလောကရှိ သာမန် လူပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ရန်သာ ဘုရားသခင် မျှော်လင့်သည်။ မည်သည့် နိမိတ်လက္ခဏာမျှ သင် ပြရန် မလိုအပ်။ အမျိုးမျိုးသော အလုပ်အကိုင်များတွင် သို့မဟုတ် နယ်ပယ်များတွင် သာလွန်ရန် သို့မဟုတ် ကျော်ကြားသည့် လူတစ်ဦး၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် သင် မလိုအပ်ပေ။ သင်သည် လူတို့၏ လေးစားမှုဖြစ်စေ၊ ရိုသေမှုဖြစ်စေ ရှာမှီးသော တစ်စုံတစ်ဦး ဖြစ်ရန် မလိုအပ်သကဲ့သို့၊ အမျိုးမျိုးသော ကဏ္ဍများတွင် မကြုံစဖူး ဖြစ်ထွန်းမှုများ သို့မဟုတ် အောင်မြင်မှုတစ်ခုတလေ ရှိရန် မလိုအပ်ပေ။ ဘုရားသခင်ကို ဘုန်းထင်ရှားစေရန်အလို့ငှာ အမျိုးမျိုးသော အလုပ်အကိုင်များတွင် ပံ့ပိုးမှုတစ်ခုတလေ ပြုလုပ်ရန် သင့်အတွက် သေချာပေါက် မလိုအပ်ပေ။ သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်မှာ ရိုးရှင်းစွာပင် သင်၏ ဘဝကို ကောင်းကောင်းမွန်မွန် အသက်ရှင်ရန်၊ အခြေခံလိုအပ်ချက်များ ရှိရန်၊ ဆာလောင်ငတ်မွတ်ခြင်း မရှိရန်၊ ဆောင်းရာသီတွင် နွေးထွေးစွာ ဝတ်စားဆင်ယင်ပြီး၊ နွေရာသီတွင် သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ရန် ဖြစ်သည်။ သင်၏ ဘဝသည် ပုံမှန်ဖြစ်ကာ ရှင်သန်ရန် အစွမ်းအစ သင်၌ရှိသရွေ့၊ ယင်းမှာ လုံလောက်ပေသည်။ ယင်းမှာ သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်သည်။ မည်သည့် ဆုကျေးဇူးများ၊ ပါရမီများ၊ သို့မဟုတ် အထူး စွမ်းရည်များ သင့်တွင် ရှိသည်ဖြစ်စေ၊ ယင်းတို့ကို လောကီ အောင်မြင်မှုများ ရရှိရန် သင်အသုံးပြုဖို့ဘုရားသခင် ဆန္ဒမရှိပေ။ ထိုအစား၊ သင့်တွင် ရှိသည့် မည်သည့် ဆုကျေးဇူး သို့မဟုတ် အစွမ်းအစကိုမဆို သင်၏ တာဝန် ထမ်းဆောင်ခြင်းအတွက်၊ သင့်ကို သူအပ်နှံထားသည့် အရာအတွက်၊ ပြီးလျှင် သမ္မာတရား လိုက်စားခြင်းအတွက်၊ နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိခြင်းအတွက် သူသည် သင့်ကို အသုံးပြုစေလိုသည်။ ဤသည်မှာ အရေးအကြီးဆုံးသော အရာဖြစ်ပြီး၊ ယင်းထက်ကျော်လွန်၍ မည်သည့်အရာကိုမျှ ဘုရားသခင် မတောင်းဆိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၁))နောက်ဆုံးသော ကာလသည်လည်း အထူး အချိန်ကာလတစ်ခု ဖြစ်သည်။ တစ်ဖက်တွင် အသင်းတော်၏ အရေးကိစ္စများသည် အလုပ်များပြီး ခက်ခဲရှုပ်ထွေး၏။ အခြားတစ်ဖက်တွင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား တိုးချဲ့နေချိန်တွင် ဤအခိုက်အတန့်ကို ရင်ဆိုင်နေရသည့်အခါ၊ ဘုရားအိမ်တော်အတွင်းရှိ အမျိုးမျိုးသော ပရောဂျက်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ ပို၍များသောလူများက မိမိတို့၏ အချိန်နှင့် အားအင်ကို ရည်စူးအပ်နှံရန်၊ မိမိတို့၏ အားထုတ်မှုများကို ပံ့ပိုးကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရန် လိုအပ်ပေသည်။ ထို့ကြောင့် သင်၏ အလုပ်အကိုင် မည်သည့်အရာဖြစ်စေ၊ သင်၏ အခြေခံ အသက်မွေးမှု လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း အပြင်၊ အမျိုးမျိုးသော ပရောဂျက်များတွင် ပူးပေါင်းဆောင်ရွက်လျက် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ဖြည့်ဆည်းရန် သင်၏ အချိန်နှင့် အားအင်ကို ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်၏ အမြင်တွင် ဤအရာသည် နှစ်လိုဖွယ်ကောင်းသည်သာမက၊ အထူးသဖြင့် တန်ဖိုးလည်း ရှိပေသည်။ ဘုရားသခင်၏ အောက်မေ့ဂုဏ်ပြုခြင်းနှင့် ထိုက်တန်သကဲ့သို့ ဤမျှရင်းနှီးမြှုပ်နှံကာ ကုန်ဆုံးခြင်းသည်လည်း လူတို့အတွက် ထိုက်တန်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဇာတိပကတိ၏ မွေ့လျော်မှုများကို သင် စတေးခဲ့သော်လည်း၊ သင် ရရှိသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များ၏ တန်ဖိုးမဖြတ်နိုင်သော အသက်၊ ထာဝရအသက်တစ်ခု၊ လောကရှိ မည်သည့်အရာနှင့်မျှ၊ ငွေ သို့မဟုတ် အခြား မည်သည့်အရာနှင့်မျှ လဲလှယ်၍ မရနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။ ပြီးလျှင် ဤတန်ဖိုးမဖြတ်နိုင်သော ရတနာ၊ အချိန်နှင့် အားအင်ကို ရင်းနှီးမြှုပ်နှံခြင်းမှတစ်ဆင့်၊ သင်၏ ကိုယ်ပိုင် အားထုတ်မှုများနှင့် လိုက်စားမှုများမှတစ်ဆင့် သင် ရရှိသည့် အရာဖြစ်သည့် ဤအရာသည် အထူးကူညီမှုဖြစ်ပြီး သင်ကံကောင်းစွာရရှိခဲ့သည့် တစ်စုံတစ်ရာ ဖြစ်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက မိမိ၏ အသက်ဖြစ်လာခြင်းသည် အရာရာကို ပူဇော်ဆက်ကပ်ထိုက်သည့်အရာအတွက် အလဲအလှယ်အနေဖြင့် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။...အစားအစာနှင့် အဝတ်အစားရှိပြီးနောက်တွင်၊ သင်သည် အပိုဆောင်း အချိန်နှင့် အားအင်ကို အသုံးပြုသည်ဆိုလျှင်၊ ပိုများသည့် ငွေကို ရှာသည်ဆိုလျှင်၊ ပိုများသည့် ရုပ်ဝတ္ထု ပျော်ရွှင်မှုများကို ဆည်းပူးရယူကာ သင်၏ ဇာတိပကတိသည် ဖြည့်ဆည်းခြင်းခံရသည့်တိုင်၊ ထိုသို့ လုပ်ဆောင်ရာတွင်၊ သင်သည် သင်၏ ကိုယ်ပိုင် ကယ်တင်ခြင်း မျှော်လင့်ချက်ကို ပျက်စီးသွားစေပြီးဖြစ်လျှင်၊ ဤသည်မှာ အသေအချာပင် သင့်အတွက် ကောင်းမွန်သည့် အရာတစ်ခု မဟုတ်ချေ။ ထိုအရာနှင့်ပတ်သက်၍ သင် စိတ်မချမ်းမသာဖြစ်ကာ ပူပန်သောကရောက်သင့်သည်။ ရုပ်ပိုင်းဆိုင်ရာ ဘဝ အရည်အသွေးနှင့်စပ်လျဉ်းသည့် ဘဝနှင့် တောင်းဆိုချက်များနှင့် ပတ်သက်၍ သင်၏ အလုပ် သို့မဟုတ် သဘောထားတို့ကို သင် ချိန်ညှိသင့်ပေသည်။ လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် ဇာတိပကတိ၌ရှိသော ဘဝအတွက် အချို့သော စိတ်ဆန္ဒများ၊ အစီအစဉ်များနှင့် လုပ်ငန်းစဉ်များကို သင် လက်လွှတ်သင့်သည်။ သင်သည် ဘုရားသခင်ထံဆုတောင်းပြီး သူ၏ မျက်မှောက်တော်သို့ လာရောက်ကာ သင်၏ ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းရန် စိတ်ဆုံးဖြတ်သင့်သည်။ ဘုရားအိမ်တော်တွင်ရှိသော အလုပ်အမျိုးမျိုးထံသို့ သင့်၏စိတ်နှင့် ခန္ဓာကို နှစ်မြုပ်ကာ ကြိုးပမ်းသင့်သည်။ ဤသို့အားဖြင့် အနာဂတ်တွင်၊ ဘုရားအမှုတော် အဆုံးသတ်သောအခါတွင်၊ ဘုရားသခင်က အားလုံးသောလူအမျိုးမျိုး၏ အလုပ်ကို ဆန်းစစ်ပြီး ဤအားလုံးသောလူအမျိုးမျိုး၏ ဝိညာဉ်ရင့်ကျက်မှုများကို တိုင်းတာသောအခါတွင် သင်သည် ထိုလူများထဲတွင် ပါဝင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်သည့် အမှု ပြီးမြောက်သည့်အခါ၊ ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားပြီးဖြစ်သည့်အခါ၊ ဤဝမ်းမြောက်ဖွယ် မြင်ကွင်းကို ဖွင့်ပြသည့်အခါ၊ သင်၏ အားထုတ်မှု၊ သင်၏ ရင်းနှီးမြှုပ်နှံမှုနှင့် သင်၏ စွန့်လွှတ်စတေးမှုတို့ ရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်က ဘုန်းအသရေ ရရှိသည့်အခါ၊ စကြဝဠာတစ်ခွင်လုံး သူ၏ အမှုတော် ချဲ့ထွင်သည့်အခါ၊ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် အောင်မြင်ပြီးမြောက်မှုကို လူတိုင်း အောင်ပွဲခံနေကြချိန်၊ ထိုဝမ်းမြောက်ခြင်း အခိုက်အတန့်ကို ဖွင့်ပြရာတွင်၊ သင်သည် ဤဝမ်းမြောက်ခြင်းနှင့် ဆက်စပ်သည့်သူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဤဝမ်းမြောက်မှုတွင် ပါဝင်ဆင်နွှဲသူတစ်ဦး ဖြစ်လိမ့်မည်၊ ငိုယိုကာ မိမိတို့၏ အံသွားခဲကြိတ်မည့်သူ၊ အခြားလူတိုင်းက ဝမ်းမြောက်ခြင်းအတွက် ဟစ်ကြွေးကာ ခုန်ပေါက်နေကြစဉ်တွင် ရင်ဘတ်စည်တီးကာ ကျောထုကြမည့်သူ ဖြစ်လိမ့်မည် မဟုတ်၊ အပြစ်ဒဏ် ရရှိနေသူ၊ ဘုရားသခင်၏ လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခြင်းနှင့် စွန့်ပစ်ခြင်း ခံရလိမ့်မည့်သူ ဖြစ်သည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)) ဘုရားသခင် ဘုန်းတော်ထင်ရှားစေဖို့၊ သူ့ကို သက်သေခံဖို့အတွက် လူတွေ နာမည်ကြီးအောင်၊ ကြီးကျယ်အောင် လုပ်တာမျိုးကို ဘုရားသခင်က မလိုအပ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်လိုက်တယ်။ လူတွေအနေနဲ့ စားဖို့ဝတ်ဖို့ရှိသရွေ့ သမ္မာတရားကို လိုက်စားဖို့၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ အချိန်ပိုပေးမှာကိုပဲ ဘုရားသခင်က မျှော်လင့်တာပါ။ ကျွန်မ ငယ်ငယ်တည်းက ဂီတပိုင်းမှာ ပင်ကိုစွမ်းရည်ရှိခဲ့တာကို စဉ်းစားမိတယ်။ ဘွဲ့ရပြီးတဲ့နောက် ဒီပင်ကိုစွမ်းရည်နဲ့ပဲ အသက်မွေးခဲ့တာလေ၊ ကျွန်မဘဝမှာ စားဖို့ဝတ်ဖို့တင်မကဘူး ပိုလျှံတာလေးတွေတောင် ရှိသေးတယ်။ ဒါပေမဲ့ အဲဒါနဲ့ ကျွန်မ မကျေနပ်နိုင်ခဲ့ဘူး၊ ပိုက်ဆံတွေ ဒီထက်ပိုရှာချင်တယ်၊ လူတွေရဲ့ အထင်ကြီးလေးစားတာကို ပိုခံချင်ခဲ့တယ်။ လူတွေကြားမှာ ထင်ပေါ်ကျော်ကြားတာက ဘာထက်မဆို ပိုအရေးကြီးတယ်လို့ ထင်ခဲ့တာကိုး။ ပြန်စဉ်းစားကြည့်ရင် ဘုရားသခင်ကို မတွေ့ခင်တုန်းက ပိုက်ဆံနည်းနည်းရခဲ့တယ်၊ လူတွေရဲ့ အထင်ကြီးလေးစားတာကို ခံခဲ့ရတယ်၊ ဒါပေမဲ့ ရင်ထဲမှာတော့ မငြိမ်းချမ်းခဲ့ဘူး၊ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ ပိုလို့တောင် မရှိခဲ့ဘူး။ နေ့တိုင်း ကျွန်မက အလုပ်ချိန်ကလွဲပြီးတော့ အပျင်းပြေအောင် သူငယ်ချင်းတွေနဲ့ စားလိုက်သောက်လိုက် ပျော်ပါးလိုက်နဲ့ပဲ နေခဲ့တာ။ ဘဝရဲ့ ရည်ရွယ်ချက်၊ အဓိပ္ပာယ်နဲ့ တန်ဖိုးဆိုတာကို လုံးဝနားမလည်ခဲ့ဘူး။ ပိုက်ဆံက ခဏတာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို ပေးနိုင်ပေမဲ့ ကျွန်မရဲ့ စိတ်အတွင်းထဲက အနှစ်သာရကင်းမဲ့နေမှုကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တို့ကို လိုက်စားတာက အနှစ်သာရကင်းမဲ့မှုဆီပဲ ဦးတည်စေတယ်၊ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာ နားလည်သွားတယ်။ သမ္မာတရားကို လိုက်စားပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းမှသာ ဘဝက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိမှာပါ။ သခင်ယေရှု ပြောခဲ့တာကို သတိရမိတယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။(ရှင်မဿဲခရစ်ဝင် ၁၆:၂၆) အရင်တုန်းက ပိုက်ဆံမရှိတဲ့အချိန်မှာ ပိုက်ဆံရှိခဲ့ရင် ကျေနပ်အားရမှာပဲလို့ အမြဲထင်ခဲ့တာ၊ ဒါပေမဲ့ တကယ် ပိုက်ဆံရှိလာတဲ့အခါတောင်မှ ဟာတာတာကြီး ဖြစ်နေတုန်းပဲ၊ ဘဝက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတုန်းပဲ။ ပိုက်ဆံဆိုတာ လူတွေ တကယ်လိုအပ်တဲ့အရာ မဟုတ်ပါဘူး။ ဥပမာ၊ ကျွန်မတို့ ဇာတိမြို့မှာ ကုလို့မရတော့တဲ့ ရောဂါ ခံစားနေရတဲ့ သူတစ်ယောက်ရှိတယ်။ သူက တံတားတစ်ခုဆီကို သွားပြီး သူ့ပိုက်ဆံတွေအကုန်လုံးကို အောက်ပစ်ချလိုက်တယ်။ ပြီးတော့ မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်။ ရောဂါဘယတွေ၊ သေခြင်းတရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ ဘယ်လောက်ပဲရှိရှိ၊ လူတွေ ဘယ်လောက်ပဲ အထင်ကြီးလေးစားပါစေ၊ အဲဒါတွေက လုံးဝ အသုံးမဝင်တော့ပါဘူး။ ဒီအရာတွေက အသက်ကို မဝယ်နိုင်ဘူးလေ။ ဘုရားနောက်မလိုက်ဘဲ၊ သမ္မာတရားမလိုက်စားဘဲ၊ တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းဘဲ နေတာက နောက်ဆုံးမှာ အနှစ်သာရမဲ့ခြင်းဆီကို ဦးတည်သွားမှာပါ။ အခု ဘုရားသခင်ရဲ့အမှုက နောက်ဆုံးအဆင့် ရောက်နေပြီ၊ သမ္မာတရားကို လိုက်စားဖို့ အခွင့်အရေးနဲ့ အချိန်တွေက ကုန်ခါနီးပြီ။ ကျွန်မ အချိန်တွေကို အကောင်းဆုံး အသုံးချရမယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး စားသောက်ရမယ်၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မတာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းရမယ်။ ဒါက အဓိပ္ပာယ်အရှိဆုံး အရာပါပဲ။ လောတရဲ့မိန်းမအကြောင်း တွေးမိတယ်။ သူက ကောင်းကင်တမန်တွေ ကယ်လို့ သောဒုံမြို့ကနေ လွတ်လာပြီးသား၊ ဒါပေမဲ့ စည်းစိမ်ဥစ္စာတွေကို လက်မလွှတ်နိုင်လို့ လှည့်ကြည့်လိုက်တာ ဆားတိုင်ဖြစ်သွားပြီး ရှက်စရာ အမှတ်အသားတစ်ခု ဖြစ်သွားခဲ့ရတယ်။ အခု ကျွန်မတို့က လမ်းကြောင်းရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ လောတရဲ့ မိန်းမအပေါ် ဖြစ်သွားတဲ့အရာကနေ ကျွန်မ သင်ခန်းစာယူသင့်တယ်။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားတာတွေကို စွန့်လွှတ်ရမယ်၊ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားရမယ်။ ဒါဟာ ဘုရားသခင် အသိအမှတ်ပြုတဲ့ အဓိပ္ပာယ်အရှိဆုံး ဘဝပဲ။

အခု ကျွန်မ အသင်းတော်မှာ ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေပါပြီ။ ကိုယ့်မှာ သမ္မာတရားရှိထားဖို့နဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အချိန်နဲ့အင်အား ပိုရှိအောင်လို့၊ ကျောင်းသား ဆယ်ဂဏန်းလောက်ပဲထားပြီး နေ့စဉ်ကုန်ကျစရိတ် ကို ကာမိဖို့အတွက် တစ်ပတ်ကို ၆ နာရီ အလုပ်လုပ်တယ်။ ကျန်တဲ့အချိန်အများစုကို ကိုယ့်တာဝန်တွေ ထမ်းဆောင်ဖို့ အသုံးပြုတယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ လူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ၊ စံနှုန်းပြည့်မီအောင် တာဝန်ကို ဘယ်လိုထမ်းဆောင်ရမလဲ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဘယ်လိုသိမြင်ရမလဲဆိုတာတွေအပြင် တခြားအရာတွေကိုပါ သင်ယူခဲ့တယ်။ အခုဆိုရင် နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေပါပြီ။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေရဲ့ ချည်နှောင်မှု၊ ဒုက္ခပေးမှုတွေကို မခံရတော့ဘဲ စိတ်ထဲမှာ ပေါ့ပါးပြီး ငြိမ်းချမ်းနေပါပြီ။ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၇၃။ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တာက တကယ် အန္တရာယ်များတယ်

နောက်တစ်ခုသို့- ၇၅။ နာမကျန်းဖြစ်ခြင်းက ကျွန်တော့်အပေါ်သက်ရောက်သေ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၃။ တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံ ဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။