ကောင်းကင်နိုင်ငံတော်သီချင်း

လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် ငါ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏၊ ငါ၏ ဇာတိအဖြစ်တော်သည် ကြွယ်ဝကာ အလျှံပယ်ဖြစ်၏။ အဘယ်သူသည် ဤအရာ၌ ဝမ်းမမြောက်ဘဲ ရှိမည်နည်း။ အဘယ်သူသည် ဝမ်းမြောက်ခြင်းအတွက် မကခုန်ဘဲနေမည်နည်း။ အို...ဇိအုန်၊ ငါ့ကို ချီးကျူးဂုဏ်ပြုရန် သင်၏အောင်လံကို လွှင့်ထူလော့။ ငါ၏ သန့်ရှင်းသောနာမကို ဖြန့်ကြက်ရန် သင်၏ အောင်ပွဲခံသီချင်းကို သီဆိုလော့။ မြေကြီးစွန်းတိုင်အောင်ရှိ ဖန်ဆင်းခြင်းအပေါင်းတို့။ သင်တို့သည် ငါ့အတွက် ပူဇော်သက္ကာများ ဖြစ်စေခြင်း ခံရနိုင်ဖို့အလို့ငှာ မိမိကိုယ်ကိုယ် အလျင်အမြန် သန့်စင်ကြလော့။ ကောင်းကင်၏ ကြယ်တာရာတို့။ မိုးမျက်နှာကြက်၌ ငါ၏ အားကြီးသောတန်ခိုးကို ပြသရန် သင်တို့၏အရပ်များသို့ အလျင်အမြန် ပြန်ကြလော့။ ငါသည် ငါ့အတွက်မိမိတို့၏ အသင်္ချေချစ်ခြင်းနှင့် ချစ်ကြောက်ရိုသေခြင်းကို သီချင်းဖြင့် သွန်းလောင်းသော မြေကြီးပေါ်ရှိ လူတို့၏ အသံများကို နားစိုက်ထောင်၏။ ဤနေ့ရက်တွင် ခပ်သိမ်းသော ဖန်ဆင်းခြင်း ပြန်လည် အသက်ဝင်လာချိန်တွင်၊ လူ့လောကထဲသို့ ငါဆင်းကြွလာ၏။ ဤအချိန်၌ ဤအဆင့်တွင်ပင် ပန်းများအပေါင်းတို့သည် ဗြုန်းခနဲ ဝေဝေဆာဆာ ပွင့်လန်းကြသည်၊ ငှက်များအပေါင်းတို့ သံပြိုင်သီချင်းဆိုကြသည်၊ အရာခပ်သိမ်းတို့သည် ဝမ်းမြောက်မှုဖြင့် တုန်လှုပ်ကြ၏။ ကောင်းကင်နိုင်ငံတော်၏ ဂုဏ်ပြုခြင်း အသံတွင်၊ စာတန်၏နိုင်ငံတော် ပြိုလဲ၏၊ ကောင်းကင်နိုင်ငံတော်သီချင်း၏ မြည်ဟည်းသံတွင် နောက်တစ်ဖန် လုံးဝ မပေါ်ထွန်းတော့ရန် အမြစ်ဖြတ်ချေမှုန်းခံရ၏။

ကမ္ဘာပေါ်က မည်သူသည် ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ငါဆင်းသက်သည်နှင့်အမျှ၊ ငါသည် လောင်ကျွမ်းခြင်းကို ဆောင်ကြဉ်း၏၊ အမျက်ဒေါသကို ဆောင်ကြဉ်း၏၊ ကပ်ဘေးမျိုးစုံကို ဆောင်ကြဉ်း၏။ လောကီနိုင်ငံတို့သည် ယခုတွင် ငါ၏ နိုင်ငံတော်ဖြစ်လေပြီ။ ကောင်းကင်ထက်တွင် တိမ်များလူးလိမ့်ပြီး တလိပ်လိပ်ထကြ၏။ ကောင်းကင်အောက်တွင် အိုင်များနှင့်မြစ်များ တစ်ဟုန်ထိုးစီးကာ၊ စိတ်လှုပ်ရှားစေသော တေးသွားတစ်ပုဒ်ကို ရွှင်ရွှင်မြူးမြူး ထုတ်ဆိုကြ၏။ နားနေသည့်တိရစ္ဆာန်များက ၎င်းတို့၏ သားရဲတွင်းများမှ ထွက်လာကြကာ လူမျိုးအပေါင်းတို့သည် အိပ်စက်ခြင်းမှ ငါ့ကြောင့် နိုးထကြ၏။ နောက်ဆုံးတွင် များလှစွာသောလူမျိုးတို့ စောင့်စားခဲ့သည့်နေ့ရက် ရောက်လာပေပြီ။ သူတို့သည် ငါ့အား အသာယာဆုံး သီချင်းများ ပူဇော်ကြ၏။

ဤနှစ်သက်ဖွယ်သောအချိန်၊ ဤပျော်စရာကောင်းသော အချိန်တွင်၊

အထက်ကောင်းကင်နှင့် အောက်မြေကြီး၊ နေရာတိုင်း၌ ချီးမွမ်းခြင်း ထွက်ပေါ်လာသည်။ အဘယ်သူသည် ဤအရာ၌ စိတ်မလှုပ်ရှားဘဲနေမည်နည်း။

အဘယ်သူ၏ စိတ်နှလုံးသည် ဤအရာ၌ မပေါ့ပါးဘဲ နေမည်နည်း။ အဘယ်သူသည် ဤမြင်ကွင်းတွင် မငိုကြွေးဘဲ နေမည်နည်း။

ကောင်းကင်သည် ရှေးက ကောင်းကင် မဟုတ်၊ ယခု နိုင်ငံတော်၏ကောင်းကင်ဖြစ်၏။

မြေကြီးသည် ယခင်မြေကြီး မဟုတ်၊ ယခု သန့်ရှင်းသောမြေ ဖြစ်၏။

မိုးသည်းထန်စွာ ရွာပြီးနောက်တွင်၊ ညစ်ညမ်းသော ကမ္ဘာဟောင်းသည် လုံးဝ အသစ်ပြုလုပ်ခြင်း ခံရ၏။

တောင်များ ပြောင်းလဲနေသည်...ရေများ ပြောင်းလဲနေသည်...

လူတို့သည်လည်း ပြောင်းလဲနေသည်...အရာခပ်သိမ်း ပြောင်းလဲနေသည်...

အို အသင် ဆိတ်ငြိမ်သောတောင်တို့၊ ငါ့အတွက် ထကာ ကခုန်ကြလော့။

အို အသင် ငြိမ်သက်သော ရေတို့၊ လွတ်လပ်စွာ ဆက်လက်စီးဆင်းကြလော့။

အသင် အိပ်မက်မက်နေသော လူသားတို့၊ မိမိကိုယ်ကိုယ် နိုးထစေ၍ လိုက်ကြလော့။

ငါရောက်လာပြီ...ငါသည် ရှင်ဘုရင်ဖြစ်၏...

လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့မျက်လုံးများဖြင့် ငါ၏မျက်နှာကို မြင်ကြလိမ့်မည်။ ၎င်းတို့နားများဖြင့် ငါ၏ အသံကြားကြလိမ့်မည်။

နိုင်ငံတော် အသက်တာကို ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်ကြလိမ့်မည်...

ချိုသာပေစွ...နှစ်သက်ဖွယ်ဖြစ်ပေတကား...

မေ့မရနိုင်...မေ့လျော့ဖို့ မဖြစ်နိုင်...


ငါ၏ အမျက်ဒေါသ လောင်ကျွမ်းမှုတွင် အဆင်းနီသော နဂါးကြီး ရုန်းကန်၏။

ငါ၏ဘုန်းအာနုဘော်ဖြစ်သော တရားစီရင်ခြင်းတွင် နတ်ဆိုးတို့သည် ၎င်းတို့၏ သဏ္ဌာန်အစစ်တို့ကို ပြကြ၏။

ငါ၏ ပြင်းထန်သော နှုတ်ကပတ်တော်တို့တွင် လူအားလုံး အလွန် အရှက်ရကြပြီး မိမိတို့ကိုယ်ကိုယ် ကွယ်ဝှက်ရန် နေရာမရှိကြပေ။

၎င်းတို့သည် ငါ့ကို လှောင်ပြောင်ပြီး ပြက်ရယ်ပြုခဲ့ကြပုံ၊ အတိတ်ကို ပြန်သတိရကြ၏။

၎င်းတို့ မိမိကိုယ်ကိုယ် မကြွားဝါသည့်အချိန် လုံးဝ မရှိခဲ့၊ ငါ့ကို အာမခံသည့်အချိန် လုံးဝ မရှိခဲ့ပေ။

ယနေ့ အဘယ်သူ မငိုကြွေးသနည်း။ အဘယ်သူ နောင်တမရသနည်း။

စကြဝဠာလောကတစ်ခုလုံး ငိုကြွေးခြင်းဖြင့် ပြည့်၏။...

ဝမ်းမြောက်ခြင်း အသံများဖြင့် ပြည့်၏...ရယ်သံများဖြင့် ပြည့်၏...

နှိုင်းမရသော ဝမ်းမြောက်မှု...နှိုင်းယှဉ်စရာမရှိသည့် ဝမ်းမြောက်မှု...


မိုးလေး တပေါက်ပေါက်ကျနေသည်...တဖျပ်ဖျပ် ရစ်ဝဲကျနေသည့် ထူသော နှင်းပွင့်များ...

လူတို့အထဲတွင် ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း ရောနေလျက်...အချို့ရယ်နေကြသည်...

အချို့ရှိုက်ငိုနေကြသည်...ပြီးလျှင် အချို့သြဘာပေးနေကြသည်...

အယောက်တိုင်း မေ့လျော့နေကြသည့်အလား... ဤသည်မှာ မိုးနှင့် တိမ်တိုက်များ ဖုံးသည့် နွေဦးလား၊

ပန်းများ ပွင့်လန်းနေသော နွေလား၊ ကြွယ်ဝသည့် ရိတ်သိမ်းခြင်းများရှိသည့် ဆောင်းဦးလား၊

သို့မဟုတ် နှင်းခဲနှင့် ရေခဲတမျှ အေးစက်သည့် ဆောင်းတစ်ခုလား၊ မည်သူမျှမသိ...

ကောင်းကင်တွင် တိမ်များလွင့်မျောနေကြသည်၊ မြေကြီးတွင် သမုဒ္ဒရာများ အနည်ထကြ၏။

သားတို့သည် ၎င်းတို့၏ လက်များ ဝှေ့ယမ်းပြကြ၏...လူတို့ ကခုန်ခြင်းဖြင့် ၎င်းတို့၏ခြေထောက်များကို လှုပ်ကြ၏...

ကောင်းကင်တမန်တို့ အလုပ်လုပ်နေကြ၏...ကောင်းကင်တမန်တို့ ထိန်းကျောင်းနေကြ၏...

မြေကြီးပေါ်ရှိ လူတို့သည် ပျားပန်းခပ်မျှ လှုပ်ရှားနေကြပြီး၊ မြေကြီးပေါ်ရှိ အရာခပ်သိမ်း ပွားများကြ၏။

အရှေ့သို့- အခန်း ၁၀

နောက်တစ်ခုသို့- အခန်း ၁၁

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။