ဘုရားကို သိကျွမ်းခြင်းသည် ဖန်ဆင်းခံအရာများအတွက် အမြင့်မြတ်ဆုံးသောဂုဏ်တည်းကျူး
"၁ လူသားမျိုးနွယ်အား အမှုအဆင့်သုံးဆင့် ပဟေဠိကို အသိပေးသည့်အခါ ဘုရားသခင်ကိုသိသူ ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်းပေါ်လာပါလိမ့်မည်။ ဤသို့ဖြစ်ရန် ငါမျှော်လင့်သည်မှာ အမှန်ပင်ဖြစ်ကာ ထို့ထက်ပို၍ ငါသည် ဤအမှုအား အကောင်အထည်ဖော်ခြင်းကို လုပ်ဆောင်လျက်ရှိကာ မကြာမီအနာဂတ်တွင် ပိုမိုများပြားသည့် ထိုကဲ့သို့သော ပါရမီရှင်များ ပေါ်ထွက်လာသည်ကိုတွေ့ရန် ငါမျှော်လင့်သည်။ ထိုသူတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များအတွက် သက်သေခံသူများ ဖြစ်လာကြမည်ဖြစ်ပြီး၊ ဤအမှုအဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ အမှန်တကယ် လိုက်လျှောက်သူများသည် ဤကောင်းချီးမင်္ဂလာကို ရနိုင်မည်ဟု ငါမျှော်လင့်နေဆဲဖြစ်၏။ အချိန်ဟူသည် စတင်ကတည်းက ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိခဲ့ဖူးပါ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် ဤသို့လုပ်ငန်းတာဝန် တစ်ခါမျှ မရှိခဲ့ဖူးပါ။
၂ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက ဤသည်မှာ သတ္တဝါများအကြားတွင် အမြင့်မြတ်ဆုံးသော ဂုဏ်ပုဒ်တစ်ရပ် မဖြစ်ပေဘူးလော။ လူသားမျိုးနွယ်အကြား ဘုရားသခင်က သာ၍ချီးမွမ်းမည့်သတ္တဝါ ရှိဦးမည်လော။ ထိုကဲ့သို့သောအမှုကို စွမ်းဆောင်ရယူရန် မလွယ်သော်လည်း အဆုံး၌ ဆုလာဘ်များ ရိတ်သိမ်းရဦးမည်ဖြစ်သည်။ အမျိုးသား အမျိုးသမီးဖြစ်မှု၊ သို့မဟုတ် နိုင်ငံသားနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်ကို သိနိုင်စွမ်းရှိသူ အားလုံးသည် အဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိ၍ ၎င်းတို့သာလျှင် ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ ယနေ့၏အမှုဖြစ်၍ အနာဂတ်၏အမှုလည်းဖြစ်၏။ ဤသည်မှာ အနှစ် ၆၀ဝ၀ အမှုတွင် အောင်မြင်ပြီးဆုံးရမည့် နောက်ဆုံးသောအမှုနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အမျိုးအစားတစ်ရပ်စီကို ဖော်ထုတ်သည့် အမှုဆောင်နည်းဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။
"