၂၉၁ ဘုရားကြွလာသောအခါ မည်သူသည် ဘုရားကို သိကျွမ်းနိုင်သနည်းကျူး
၁
ဘုရား၏အမြင်တွင် လူဟာ အရာခပ်သိမ်းကို အုပ်စိုးသူ။
ဘုရား လူတို့ကို အခွင့်အာဏာများစွာကို ပေးလျက်
မြေကြီးပေါ်ရှိ အရာခပ်သိမ်း၊ တောင်များပေါ်ရှိ မြက်ခင်း၊
သစ်တောများကြားက ဖန်ဆင်းခံသတ္တဝါများ၊
ရေထဲက ငါးများအပေါ် စီမံခွင့်ပေးထား။
၂
သို့သော် ဤအရာအားလုံးဟာ လူကို ပျော်ရွှင်စေမည့်အစား
စိုးရိမ်ပူပန်မှုများစွာက ဝိုင်းရံဖိစီး။
သူတို့ဘဝတစ်ခုလုံး ဝေဒနာများနှင့် ပြည့်နှက်။
ဘယ်အရာမှ မဆန်းသစ်သလို၊
ပျော်ရွှင်စရာက အနှစ်မဲ့မှုအပေါ် ထပ်ပေါင်း။
ဘယ်သူမှ ကိုယ်တိုင် ရုန်းထွက်နိုင်စွမ်းမရှိ၊
ဘယ်သူမှ ကိုယ့်ကိုယ်ကို အဓိပ္ပာယ်မဲ့သော
အသက်တာထဲမှ လွတ်မြောက်အောင်မလုပ်နိုင်။
ဘယ်သူမှ အဓိပ္ပာယ်ရှိသော အသက်တာကို မရှာတွေ့ဖူးသလို
ဘယ်သူမှ စစ်မှန်သော အသက်တာကို မတွေ့ကြုံဖူး။
ကမ္ဘာပေါ်ရှိ ဘာသာတရား၊ လူ့အဖွဲ့အစည်းနှင့်
တိုင်းနိုင်ငံအားလုံးမှ လူတို့သည် အနှစ်မဲ့ခြင်းကို သိကြ။
ထိုသူအားလုံး ဘုရားကိုရှာဖွေရင်း
သူ၏ပြန်ကြွလာခြင်းကို စောင့်မျှော်နေကြ။
သို့သော် ကိုယ်တော် ကြွလာသည့်အခါ သူ့ကို
ဘယ်သူသိနိုင်မလဲ။
၃
လူတို့ ဘုရား၏အလင်းအောက်မှာ ယခု အသက်ရှင်ကြပေမယ့်
ကောင်းကင်ဘုံအသက်တာကို မသိ။
ဘုရားသည် လူကို မသနား၊ မကယ်တင်လျှင်
လူသည် လောကကို အဓိပ္ပာယ်မဲ့အသက်တာနှင့်
အချည်းနှီးရောက်လာခြင်း ဖြစ်လိမ့်မည်။
ဂုဏ်ယူစရာ နတ္ထိနဲ့ အချည်းနှီးထွက်သွားကြလိမ့်မည်။
ကမ္ဘာပေါ်ရှိ ဘာသာတရား၊ လူ့အဖွဲ့အစည်းနှင့်
တိုင်းနိုင်ငံအားလုံးမှ လူတို့သည် အနှစ်မဲ့ခြင်းကို သိကြ။
ထိုသူအားလုံး ဘုရားကိုရှာဖွေရင်း
သူ၏ပြန်ကြွလာခြင်းကို စောင့်မျှော်နေကြ။
သို့သော် ကိုယ်တော် ကြွလာသည့်အခါ သူ့ကို
ဘယ်သူသိနိုင်မလဲ။
သို့သော် ကိုယ်တော် ကြွလာသည့်အခါ သူ့ကို
ဘယ်သူသိနိုင်မလဲ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်