၂၉၀ ဘုရားသခင်၏အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲပေ
၁
ဘုရား သူ့အကြံအစည်ကို ဘယ်တော့မှ မပြောင်းဘူး၊
ဘုရားလက်ခံသောသူဦးရေ နည်းပါးလာသကဲ့သို့
သူနှင့် တိုက်ရိုက်စကားပြောခြင်းခံရသော
သူအရေအတွက်လည်း နည်းပါးလာသည်ဟု လူတို့ထင်ကြ
ဒါပေမဲ့ အကြံအစည်ကို ဘုရား ဘယ်တော့မှ မပြောင်းလဲခဲ့။
အမြဲပြောင်းလဲ၊ မှေးမှိန်သည်မှာ
လူ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသာ ဖြစ်သည်
လူသည် သူ့အပေါ် မျက်နှာလို
မျက်နှာရ လုပ်ခြင်းမှ သွေးအေးသွားခြင်း၊
သူ့အား မောင်းထုတ်ပစ်ခြင်းအထိ ဖြစ်သွားနိုင်သည်။
၂
သင်တို့ကို မုန်း၍ အပြစ်ပေးသည့်တိုင် သင်တို့အပေါ်
ဘုရား၏ သဘောထား နွေးထွေးနေဦးမည်။
သင်တို့ကို အပြစ်ပေးသော နေ့တွင်
သူ သင်တို့ကို မြင်ရသေးပေမဲ့ သင်တို့ သူ့ကို မြင်ရမည် မဟုတ်။
သင်တို့ထဲ နေရသည့်ဘဝ
သူ့အတွက် ငြီးငွေ့ဖွယ် ဖြစ်လာသည့်အတွက်
သင်တို့ ကိုယ်တော်ကို မလှည့်စား၊
အပေါ်ယံမဆက်ဆံနိုင်တော့ရန်အတွက်
သင်တို့စကား၏ နာကျင်စေမှုနှင့် သင်တို့၏
သည်းမခံနိုင်စရာ ယုတ်ညံ့သည့် အပြုအမူကို ရှောင်ကြဉ်ရန်
သူသည် ပိုကောင်းသော နေရာတွင် နေရန်ရွေးချယ်ခဲ့။
ဘုရား သင်တို့နှင့် မခွဲခွာမီ အမှန်တရားနှင့် ဆန့်ကျင်ဘက်
ပြုခြင်း ရှောင်ကြဉ်ရန် သင်တို့ကို သူ တိုက်တွန်းရလိမ့်မည်။
တကယ်တော့ အားလုံးကို ကျေနပ်စေမည့်၊
လူတိုင်းနှင့် သင်တို့ပန်းတိုင်ကို အကျိုးပြုမည့်အရာကို လုပ်သင့်သည်၊
မဟုတ်လျှင် ကပ်ဘေးအလယ်မှာ ဒုက္ခရောက်မည့်သူမှာ
အခြားသူမဟုတ်ဘဲ သင်ကိုယ်တိုင်ပဲ ဖြစ်လိမ့်မည်။
ဒုက္ခရောက်မည့်သူမှာ
အခြားသူမဟုတ်ဘဲ သင်ကိုယ်တိုင်ပဲ ဖြစ်လိမ့်မည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်