၂၈၉ လူ၏ဒုက္ခအခက်အခဲများကို ဘုရားသခင် သိမြင်နားလည်သည်
၁
လူတို့ ရေထဲ နစ်တဲ့အချိန် သူတို့ကို ဘုရား ကယ်တင်၊
ဘဝသစ်ကို ရရှိဖို့ သူတို့ကို အခွင့်အရေးပေး၊
ဘဝကို သူတို့ ရင်မဆိုင်နိုင်သောအခါ
ဘုရားသခင်ကို အုတ်မြစ်အဖြစ်မှတ်ယူရန်
ဘုရား သူတို့ကို သေမင်းရဲ့ ချောက်ကမ်းပါးမှ ဆွဲတင်၍
ထိုသူတို့ နာခံခြင်းမရှိတဲ့အချိန် ဘုရား သူတို့ကို သူအား သိစေသည်
လူတို့ ဇာတိဟောင်းနှင့် ဘုရား၏ကရုဏာကို ရှုမြင်ကြည့်ရာတွင်
ဘုရားသည် သူတို့ကို သေဒဏ်မခတ်ဘဲ
နောင်တဖြင့် ဘဝသစ် စခွင့်ပြုသည်
သူတို့ နောက်ဆုံးချိန်ထိတိုင် အသက်ရှင်နေသေးသရွေ့
ဘုရား သူတို့ကို သေခြင်းမှ ကယ်တင်မည်
စာတန်၏လှည့်ကွက်ထဲ ကျရောက်မသွားရန် ကာကွယ်ကာရယ်
၂
ဘုရား ကမ်းနေသောလက်ကို လူတို့ ဘယ်နှစ်ကြိမ်များ မြင်ခဲ့ဖူးသလဲ
သူ၏မျက်လုံးထဲ ကြင်နာမှုကို ဘယ်နှစ်ခါများ မြင်တွေ့ဖူးသလဲ
ဘုရား၏အပြုံးကို သူတို့ မြင်ခဲ့ဖူးသလား၊
ဘုရား၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်ကို ထိုသူတို့ ဘယ်နှစ်ခါများ
မျက်မြင်တွေ့ခဲ့ဖူးသလဲ
လူတို့ ဇာတိဟောင်းနှင့် ဘုရား၏ကရုဏာကို ရှုမြင်ကြည့်ရာတွင်
ဘုရားသည် သူတို့ကို သေဒဏ်မခတ်ဘဲ
နောင်တဖြင့် ဘဝသစ် စခွင့်ပြုသည်
သူတို့ နောက်ဆုံးချိန်ထိတိုင် အသက်ရှင်နေသေးသရွေ့
ဘုရား သူတို့ကို သေခြင်းမှ ကယ်တင်မည်
စာတန်၏လှည့်ကွက်ထဲ ကျရောက်မသွားရန် ကာကွယ်ကာရယ်
လူတို့သည် ဘုရားကို လုံးဝမသိဖူးသေးသော်လည်း
ကိုယ်တော်သည် သူတို့အားနည်းချက်ကို ဘယ်တော့မှ တလွဲမသုံး
ဘုရားသည် ထိုသူတို့၏ ဒုက္ခအခက်အခဲများကို ထည့်တွက်ပြီး
လူ့သား၏ အားနည်းချက်ကို စာနာသနား
ဒါ လူသားများ၏ မနာခံခြင်း၊
ကျေးဇူးကန်းခြင်းကို တုံ့ပြန်သည့်အနေဖြင့်သာ
ဘုရားက အမျိုးမျိုးသောနည်းဖြင့် ဆုံးမဒဏ်ခတ်ခြင်းဖြစ်သည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်