သူ့ကို သိကျွမ်းခြင်းသည် ဘုရား၏နောက်ဆုံးလိုအပ်ချက်
၁
ဘုရားရဲ့ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်းဖြစ်စဉ်ဟာ
ဘုရားကို သိကျွမ်းလာခြင်းနှင့် အမှုတော်ကို သိလာခြင်းပဲ။
ရူပါရုံ မြင်ရခြင်းမှာ လူ့ဇာတိခံယူသော ဘုရား၊
သူ၏ လူ့သဘာဝ၊ နှုတ်ကပတ်တော်နှင့် အမှုတော်ကို သိမြင်ခြင်းပဲ။
ဘုရားရဲ့ နှုတ်ကပတ်တော်ကနေ လူသားများ ဘုရားကို သိမြင်လာ၊
သူတို့ ဘုရားအလိုတော်ကို သိရှိနားလည်။
ဘုရားရဲ့ အမှုတော်ကနေ လူသားတို့ ဘုရားရဲ့ စိတ်သဘောထားကို သိမြင်ရ၊
သူတို့ ဘုရားရဲ့ဖြစ်ခြင်းကို သိမြင်ရ။
ဘုရားရှင်ကို သိကျွမ်းခြင်းမှာ
ဘုရားအမှုတော် ပြီးဆုံးချိန် ရရှိခဲ့သော အကျိုးရလဒ်၊
ဘုရားသခင် လူသားတို့ဆီက နောက်ဆုံး တောင်းဆိုချက်ပဲ။
ဒါဟာ ဘုရားရဲ့ နောက်ဆုံးသက်သေအတွက်ပဲ။
ဘုရားသခင် ဒီအမှုကို ပြုရခြင်းမှာ
နောက်ဆုံး၌ လူသားများ သူ့ဆီ ပြန်လာနိုင်အောင်လို့ပဲ။
၂
ဘုရားရှင်ကို ယုံကြည်ခြင်းဟာ ဘုရားကို သိကျွမ်းဖို့ ပထမခြေလှမ်းပါ။
အစောပိုင်း ယုံကြည်ခြင်း အလွန်ပြင်းထန်လို့လာ။
ဒါဟာ ဘုရားသခင်ကို သိကျွမ်းလာခြင်းနှင့်
သူ လုပ်ဆောင်သော အမှုကို တွေ့ကြုံခံစားရခြင်းပဲ။
ဘုရားသခင်၌ သင့်ရဲ့ယုံကြည်ခြင်းက ယုံကြည်ဖို့သာဖြစ်ပြီး
သူ့ကို သိကျွမ်းခြင်းအတွက် မဟုတ်ရင်
သင့်ယုံကြည်ခြင်း စစ်မှန်မှု မရှိပါ။
သင်ဟာ ယုံကြည်မှု၌ စစ်မှန်ခြင်းမရှိတာ သေချာပါတယ်။
ဘုရားရှင်ကို သိကျွမ်းခြင်းမှာ
ဘုရားအမှုတော် ပြီးဆုံးချိန် ရရှိခဲ့သော အကျိုးရလဒ်၊
ဘုရားသခင် လူသားတို့ဆီက နောက်ဆုံး တောင်းဆိုချက်ပဲ။
ဒါဟာ ဘုရားရဲ့ နောက်ဆုံးသက်သေအတွက်ပဲ။
ဘုရားသခင် ဒီအမှုကို ပြုရခြင်းမှာ
နောက်ဆုံး၌ လူသားများ သူ့ဆီ ပြန်လာနိုင်အောင်လို့ပဲ။
၃
လူသားများ ဘုရားအမှုတော်နှင့် တွေ့ကြုံခံစား နေသည့်ဖြစ်စဉ်အတွင်း
လူသားများ ဘုရားကို တဖြည်းဖြည်း သိကျွမ်းလာပါက
စိတ်သဘောထား တဖြည်းဖြည်း ပြောင်းလဲလာကာ၊
ယုံကြည်ခြင်း ပိုလို့တောင် စစ်မှန်လာလိမ့်မယ်။
လူဟာ ဘုရား၌ ယုံကြည်ခြင်း ထားနိုင်တဲ့အခါ
သူ ဘုရားသခင်ကို အပြည့်အဝ ရရှိလိမ့်မယ်။
လူသားများ ဘုရားကို သိမြင်နိုင်အောင် ဘုရား(ရှင်)ဟာ လူ့ဖြစ်ခံယူရန် အစွမ်းကုန်ကြိုးပမ်းခဲ့။
ဘုရားရှင်ကို သိကျွမ်းခြင်းမှာ
ဘုရားအမှုတော် ပြီးဆုံးချိန် ရရှိခဲ့သော အကျိုးရလဒ်၊
ဘုရားသခင် လူသားတို့ဆီက နောက်ဆုံး တောင်းဆိုချက်ပဲ။
ဒါဟာ ဘုရားရဲ့ နောက်ဆုံးသက်သေအတွက်ပဲ။
ဘုရားသခင် ဒီအမှုကို ပြုရခြင်းမှာ
နောက်ဆုံး၌ လူသားများ သူ့ဆီ ပြန်လာနိုင်အောင်လို့ပဲ။
ဘုရားကို သိကျွမ်းခြင်းအားဖြင့်သာ လူသားတို့ ဘုရားကို ချစ်လာနိုင်မှာ။
ဘုရားကို ချစ်ခင်မြတ်နိုးတတ်ဖို့ လူတွေ ဘုရားကို နားလည်သိကျွမ်းရမယ်။
သူ ဘာကို ရှာဖွေ၊ ဘယ်လို ရှာဖွေပါစေ၊ ဘုရားကို သိမြင်နားလည် နိုင်စွမ်းရှိရမယ်။
ဒါဟာ ဘုရား၏အလိုတော်ကို ဖြည့်ဆည်းရန် တစ်ခုတည်းသော နည်းလမ်းပါပဲ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။