မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီး တရားဒေသနာများကို နားထောင်လာသည့် နှစ်များတစ်လျှောက်တွင် မိမိကိုယ်ကို အနည်းငယ် နားလည်သော၊ တကယ့်အတွေ့အကြုံအချို့ကို ပြောဆိုနိုင်သော၊ မိမိ၏ ကိုယ်ပိုင် တကယ့်အခြေအနေများ၊ တစ်ကိုယ်ရေ ဝင်ရောက်မှုများ၊ တစ်ကိုယ်ရေ တိုးတက်မှု၊ အားနည်းချက်များနှင့် မည်သို့ ဝင်ရောက်ရန် စီစဉ်ထားပုံတို့ကို ပြောဆိုနိုင်သောသူအချို့ရှိသည်။ သို့သော် မိမိကိုယ်မိမိ နားမလည်သော၊ တကယ့်အတွေ့အကြုံ တစ်ခုတလေကိုမျှ မပြောဆိုနိုင်သောသူအချို့ရှိသည်။ ၎င်းတို့သည် အယူဝါဒစကားများ၊ အပြင်ပန်းအလုပ်၊ လက်ရှိအခြေအနေများ၊ ဧဝံဂေလိဖြန့်ဝေခြင်း တိုးတက်မှုကဲ့သို့သော အပြင်ပန်းကိစ္စများကိုသာ ပြောဆိုနိုင်ပြီး အသက်အတွင်းသို့ ခိုင်ခိုင်မာမာ ဝင်ရောက်မှု၊ သို့မဟုတ် တစ်ကိုယ်ရေ အတွေ့အကြုံများအကြောင်းကိုမူ လုံးဝ မပြောနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့သည် အသက်သို့ ဝင်ရောက်ရေး လမ်းမှန်ပေါ်သို့ မရောက်သေးကြောင်း ပြသည်။ တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြုအမူ ပြောင်းလဲခြင်းမဟုတ်သကဲ့သို့ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ် စိတ်အားထက်သန်မှုကြောင့် ဖြစ်လာသည့် တဒင်္ဂ အပြောင်းအလဲတစ်ခုလည်း မဟုတ်ပေ။ ဤအပြောင်းအလဲများ မည်မျှကောင်းသည်ဖြစ်စေ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများကို အစားမထိုးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအပြင်ပန်း ပြောင်းလဲမှုများကို လူသား အားထုတ်မှုများဖြင့် စွမ်းဆောင်ရရှိနိုင်သော်လည်း အသက်စိတ်သဘောထား ပြောင်းလဲမှုများကို မိမိ၏ အားထုတ်မှုတစ်ခုတည်းဖြင့် မစွမ်းဆောင်မရရှိနိုင်သောကြောင့် ဖြစ်သည်။ ဤအရာကို ရရှိရန် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို တွေ့ကြုံခြင်းအပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကိုလည်း လိုအပ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် အပြုအမူကောင်းအချို့ကို ပြသော်ငြားလည်း ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို အမှန်တကယ် မနာခံကြ၊ ဘုရားသခင်ကို အမှန်တကယ် မချစ်ကြချေ။ သို့မဟုတ် ဘုရားအလိုတော်ကို မလုပ်ဆောင်နိုင်ကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာက အသက်စိတ်သဘောထား ပြောင်းလဲမှုကို လိုအပ်သောကြောင့်ဖြစ်ပြီး အပြုအမူ ပြောင်းလဲရုံမျှက လုံးဝ မလုံလောက်သောကြောင့်ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲမှုမှာ သမ္မာတရားကို သင် သိမှတ်ကာ တွေ့ကြုံပြီးဖြစ်ကြောင်းနှင့် သမ္မာတရားက သင်၏ အသက်ဖြစ်လာပြီးဖြစ်ကြောင်း၊ ယင်းက သင်၏ အသက်တာအပြင် သင်နှင့်ပတ်သက်သည့် အရာရာတိုင်းကို လမ်းညွှန်ကာ စိုးမိုးနိုင်ကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သမ္မာတရားကို အသက်အဖြစ် ပိုင်ဆိုင်သောသူတို့သည်သာလျှင် မိမိတို့ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့်သူများ ဖြစ်သည်။ အတိတ်တွင် သင်နားလည်လျက်နှင့် လက်တွေ့မလုပ်ဆောင်နိုင်သည့် သမ္မာတရားအချို့ ရှိကောင်းရှိမည်ဖြစ်သော်လည်း ယခုတွင် အတားအဆီးများ မရှိဘဲ၊ သို့မဟုတ် အခက်အခဲမရှိဘဲ သင်နားလည်သည့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို ယခု သင်လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် အေးချမ်းမှု၊ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့်အခါတွင်မူ နာကျင်မှုခံစားရပြီး သင်၏ အသိစိတ် နှောင့်ယှက်ခံရသည်။ အရာရာတွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ပြီး အသက်ရှင်ခြင်းအတွက် အခြေခံအုတ်မြစ်ရှိနိုင်သည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ယခုတွင် သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများ၊ သင်၏ ဇာတိပကတိဆိုင်ရာ နှစ်ခြိုက်မှုများနှင့် လိုက်စားမှုများ၊ ယခင်က သင် လက်မလွှတ်နိုင်သည့်အရာများကို အလွယ်တကူ လက်လွှတ်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက အမှန်တကယ် ကောင်းမွန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက လုပ်ဆောင်ရန် အကောင်းဆုံးသော အရာဖြစ်သည်ဟု သင် ခံစားသည်။ ဤသည်မှာ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသည်။ စိတ်သဘောထား ပြောင်းလဲမှုသည် အလွန်ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် အတွေ့အကြုံများစွာ ပါဝင်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဤကာလအတောအတွင်းတွင် လူတို့သည် အခက်အခဲများစွာ ခံစားဖို့လိုအပ်သည်၊ မိမိတို့ကိုယ်တိုင်၏ ခန္ဓာများကို ချိုးနှိမ်ပြီး မိမိတို့ ဇာတိပကတိကို စွန့်လွှတ်ဖို့ လိုအပ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကိုလည်း ၎င်းတို့ ကြုံဖို့လိုအပ်ပြီး များစွာသော ကျရှုံးမှုများ၊ ပြိုလဲမှုများ၊ အတွင်းပိုင်း ရုန်းကန်မှုများနှင့် မိမိတို့ စိတ်နှလုံးအတွင်းရှိ ညှဉ်းဆဲခြင်းများကိုလည်း တွေ့ကြုံဖို့ လိုအပ်သည်။ ဤအတွေ့အကြုံများနောက်တွင်သာ လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝအပေါ် သိနားလည်မှုအချို့ ရှိနိုင်၏။ သို့သော်လည်း အချို့ သိနားလည်မှုများသည် ပြည်စုံ ပြောင်းလဲမှုကို ချက်ချင်း မဖြစ်စေပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နည်းနည်းချင်းစီဖြင့် နောက်ဆုံးတွင် မဖယ်ရှားနိုင်မီ ရှည်ကြာသော အတွေ့အကြုံကာလကို ဖြန်သန်းရမည်ဖြစ်သည်။ ဤသည်မှာ တစ်ဦးတစ်ယောက်၏ စိတ်သဘောထားကို ပြောင်းလဲဖို့ တစ်သက်တာကြာရသည့် အကြောင်းရင်း ဖြစ်သည်။ ဥပမာအားဖြင့် ကိစ္စတစ်ခုတွင် ဖောက်ပြန်ပျက်စီးခြင်းကို သင်ဖွင့်ပြပါက ထိုအရာကို သဘောပေါက်လိုက်သည်နှင့် သမ္မာတရားကို သင် ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ ဤသိနားလည်မှု အဆင့်တွင် အခြားသူများသည် သင့်ကို ပြုပြင်ကြပြီး ကိုင်တွယ်ဖြေရှင်းကြသည်။ ထိုအခါ သင်၏ ပတ်ဝန်းကျင်က သင့်ကို သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ မဖြစ်မနေ ဆောင်ရွက်စေသည်။ တစ်ခါတစ်ရံ သင်သည် ထိုသို့လုပ်ဆောင်ရန် မပြေလည်သေးသကဲ့သို့ သင့်ကိုယ်သင် “ငါ ဤသို့ လုပ်ဆောင်ရန် လိုအပ်သလော။ ငါလုပ်ချင်သည့်အတိုင်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ငါအမြဲ စေခိုင်းခံနေရသနည်း။ ဤအရာကို ငါ မလုပ်ချင်၊ ငါ ငြီးငွေ့သည်” ဟု ဆိုသည်။ ဘုရားအမှုတော်ကို တွေ့ကြုံရန် အောက်ပါဖြစ်စဉ်ကို ဖြတ်သန်းဖို့ လိုအပ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးခြင်းမှ သမ္မာတရားကို လိုလိုလားလား လက်တွေ့လုပ်ဆောင်ခြင်းသို့၊ အပျက်သဘောဆောင်နေခြင်းနှင့် အားနည်းနေခြင်းမှ ဇာတိပကတိကို စွန့်ပစ်ရန် ခွန်အားနှင့် အစွမ်းအစ ရှိလာခြင်းသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ဖြစ်သည်။ လူတို့သည် အတွေ့အကြုံ အတိုင်းအတာတစ်ခုသို့ ရောက်ပြီးနောက် အချို့သော စမ်းသပ်မှုများ၊ စစ်ဆေးခြင်းကို ကြုံရပြီး နောက်ဆုံးတွင် ဘုရားအလိုတော်နှင့် သမ္မာတရားအချို့ကို သိနားလည်လာသည့်အခါ အနည်းငယ် ပျော်ရွှင်လာကာ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ ပြုမူရန် လိုလိုလားလား ရှိလာလိမ့်မည်။ အစတွင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးသည်။ မိမိ၏တာဝန်များကို သစ္စာရှိစွာဖြင့် ကျေပွန်အောင် ထမ်းရွက်ခြင်းကို ဥပမာတစ်ခုအဖြစ် ကြည့်လော့။ သင်၏တာဝန်များကို ကျေပွန်အောင် ထမ်းရွက်ခြင်းအကြောင်းနှင့် ဘုရားသခင်ကို ဆည်းကပ်ခြင်းအကြောင်း သိနားလည်မှုအချို့ သင်၌ ရှိသည်။ ထို့အပြင် သမ္မာတရားကို နားလည်မှုအချို့လည်း သင်၌ ရှိသည်။ သို့ရာတွင် မည်သည့်အချိန်၌ ဘုရားသခင်ထံ မိမိကိုယ်ကို လုံးလုံးလျားလျား သင် ဆက်ကပ်အပ်နှံနိုင်မည်နည်း။ သင်သည် သင်၏တာဝန်များကို အမည်ခံအရရော လုပ်ဆောင်ချက်အရပါ မည်သည့်အချိန်တွင် ကျေပွန်အောင် ထမ်းရွက်နိုင်လိမ့်မည်နည်း။ ဤအရာသည် လုပ်ငန်းစဉ်တစ်ခုကို လိုအပ်လိမ့်မည်။ ဤလုပ်ငန်းစဉ် အတောအတွင်း သင်သည် ဒုက္ခဆင်းရဲများစွာကို ခံစားရနိုင်သည်။ လူအချို့သည် သင့်ကို ကိုင်တွယ်ဖြေရှင်းကြမည်ဖြစ်ပြီး အခြားသူများက သင့်ကို ဝေဖန်ကောင်း ဝေဖန်ကြမည်။ အယောက်တိုင်း၏ မျက်လုံးများသည် သင့်အပေါ်တွင်ရှိပြီး သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာကြလိမ့်မည်ဖြစ်သဖြင့် ထိုအခါမှသာ သင်သည် အမှားပြုလုပ်မိပြီးဖြစ်ကြောင်း၊ ညံ့ဖျင်းစွာ လုပ်ဆောင်ထားသူမှာ သင်သာလျှင် ဖြစ်ကြောင်း၊ သင်၏တာဝန်ကို ဖြည့်ဆည်းမှုတွင် ဆက်ကပ်အပ်နှံမှု မရှိခြင်းသည် လက်မခံနိုင်စရာဖြစ်ကြောင်း၊ သင်သည် သတိမမူခြင်းနှင့် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိ၍ မဖြစ်ကြောင်းတို့ကို စတင်နားလည်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေ၍ အမှားတစ်ခုကို သင်ပြုလုပ်မိသောအခါ သင့်ကို ပြစ်တင်ဝေဖန်လိမ့်မည်။ ဤလုပ်ငန်းစဉ်အတောအတွင်း သင်သည် သင့်အကြောင်းနှင့်ပတ်သက်၍ အချို့အရာတို့ကို နားလည်လာလိမ့်မည် ဖြစ်သည့်အပြင် သင်၌ မစင်ကြယ်မှု မြောက်မြားစွာ ရှိနေကြောင်း၊ သင်၏တာဝန်များကို ဖြည့်ဆည်းနေချိန်တွင် များလွန်းသော ကိုယ်ပိုင်ရည်ရွယ်ချက်များကို သင်လက်သင့်ခံထားပြီး လွန်ကျူးသော အလိုဆန္ဒများစွာ သင်၌ ရှိနေကြောင်းတို့ကို သိလာလိမ့်မည်။ ဤအရာများ၏ အနှစ်သာရကို သင်နားလည်သွားသည်နှင့် တစ်ပြိုင်နက် သင်သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ပြီး စစ်မှန်သော နောင်တရရှိနိုင်လျှင် သင်သည် ထိုဖောက်ပြန်ပျက်စီးသော အရာများမှ သန့်စင်ခံရနိုင်၏။ အကယ်၍ ဤပုံစံဖြင့် သင်သည် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ ရှာဖွေပါက ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ခြေချမိလိမ့်မည် ဖြစ်သည်။ စစ်မှန်သော အသက်တာ အတွေ့အကြုံများကို သင် စတင် ရရှိလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြည်းဖြည်းချင်း စတင် သန့်စင်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပို၍ သန့်စင်လေလေ၊ အသက်တာ စိတ်သဘောထားက အသွင်သဏ္ဌာန် ပြောင်းလဲလေလေ ဖြစ်သည်။

ယခုတွင် လူများစွာတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြသော်လည်း အနှစ်သာရအားဖြင့် လူမည်မျှသည် မိမိတို့တာဝန်များကို ဖြစ်သလိုလုပ်နေကြသနည်း။ လူမည်မျှက သမ္မာတရားကို လက်ခံပြီး သမ္မာတရား၏ စည်းမျဉ်းများအတိုင်း မိမိတို့တာဝန်များကို ထမ်းဆောင်နိုင်ကြသနည်း။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးနောက်တွင် လူမည်မျှသည် မိမိတို့တာဝန်များကို ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ဖြည့်ဆည်းကြသနည်း။ ဤအရာများကို ပိုမိုဆန်းစစ်ခြင်းအားဖြင့် သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် အမှန်တကယ် စံမီခြင်းရှိမရှိဆိုသည်ကို သိနိုင်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်သဘောထား ပြောင်းလဲပြီးခြင်း ရှိမရှိဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်နိုင် လိမ့်မည်။ မိမိ၏ စိတ်သဘောထား ပြောင်းလဲအောင် စွမ်းဆောင်ခြင်းသည် ရိုးရှင်းသည့်ကိစ္စ မဟုတ်ပေ။ ယင်းမှာ အပြုအမူတွင် ပြောင်းလဲမှု အနည်းငယ် ရှိခြင်း၊ သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာအချို့ ရရှိခြင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ပတ်သက်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို အနည်းငယ် ပြောပြနိုင်ခြင်း၊ သို့မဟုတ် ပြောင်းလဲမှုအချို့ကို ရရှိခြင်း၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရပြီးနောက် အနည်းငယ် နာခံတတ်လာခြင်းတို့ကိုသာ မဆိုလိုပေ။ ဤအရာများသည် တစ်ဦးတစ်ယောက်၏ အသက်စိတ်သဘောထား အသွင်ပြောင်းလဲမှုကို မဖြစ်စေပေ။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင့်အနေဖြင့် အတော်အတန် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သော်လည်း သင်သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးပေ။ သင်သည် ယာယီ သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုနှင့် အဆင်ပြေသည့် အခြေအနေတစ်ခုတွင် ရှိကောင်း ရှိနေသောကြောင့် သို့မဟုတ် သင်၏ လတ်တလော အခြေအနေများက သင့်ကို မဖြစ်မနေလုပ်စေသောကြောင့် ဤနည်းဖြင့် သင် ပြုမူခြင်း ဖြစ်ကောင်းဖြစ်မည်။ ထို့အပြင် သင်သည် ကောင်းသည့် စိတ်အခြေအနေတွင် ရှိသည့်အခါ၊ သင်၏ အခြေအနေက ပုံမှန်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သင်၌ ရှိသည့်အခါ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သို့သော် သင်သည် စမ်းသပ်မှုအလယ်တွင် ရှိသည်ဆိုပါစို့၊ သင်၏ စမ်းသပ်မှုအလယ်တွင် ယောဘကဲ့သို့ ဆင်းရဲဒုက္ခကို သင် ခံစားနေရချိန်၊ သို့မဟုတ် သေခြင်းတရား၏ စမ်းသပ်မှုကို ရင်ဆိုင်ရသည်ဆိုပါစို့။ ဤအရာဖြစ်လာသည့်အခါ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ဦးမည်လော၊ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဦးမည်လော။ “ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း” ဟု ပေတရုပြောသည့်အရာကဲ့သို့သော အရာတစ်ခုကို သင် ပြောနိုင်သလော။ မည်သည့်အရာကို ပေတရုက တန်ဖိုးထားသနည်း။ ပေတရုတန်ဖိုးထားခဲ့သည်မှာ နာခံမှုဖြစ်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်းမှာ အရေးအကြီးဆုံးသော အရာဖြစ်သည်ဟု သူ မှတ်ယူသည်။ ထို့ကြောင့် သေသည်အထိ သူ နာခံနိုင်ခဲ့လေသည်။ စိတ်သဘောထား ပြောင်းလဲမှုသည် ညတွင်းချင်း ဖြစ်သည် မဟုတ်။ စွမ်းဆောင်ရရှိရန် တစ်သက်တာလုံး အတွေ့အကြုံလိုသည်။ သမ္မာတရားကို သိနားလည်ခြင်းသည် အနည်းငယ်သာ၍ လွယ်ကူသော်လည်း အမျိုးမျိုးသော အခြေအနေများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် ခက်ခဲ၏။ အဘယ်ကြောင့် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် အမြဲ အခက်ကြုံကြရသနည်း။ အမှန်တွင် ဤအခက်အခဲများအားလုံးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ထိုအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလာသည့် အဟန့်အတားများ ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိရန် ဆင်းရဲဒုက္ခများစွာ ခံစားပြီး အဖိုးအခပေးရမည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သင်၌ မရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုမည်မဟုတ်ပေ။ ဤသည်မှာ သိသာသည့်အချက်တစ်ခုဖြစ်သည် မဟုတ်လော။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသည့်အလား ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း လက်တွေ့တွင် သင်သည် ထိုသို့ လုပ်ဆောင်နေကြောင်း သင့်လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ ဘုရားသခင်နောက် လိုက်လျှောက်ကြရာတွင် များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ကြသဖြင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ယုံကြည်ကြလေသည်။ သို့ရာတွင် သူတို့သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မည်သည့်အခါမျှ ပေးနိုင်ခြင်း မရှိကြချေ။ ဤနေရာတွင် မည်သည့်အရာ အတိအကျဖြစ်ပျက်နေသနည်း။ ၎င်းတို့ကို လူ့အယူအဆများဖြင့် အကဲဖြတ်ရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည့်ပုံပေါက်သည့်တိုင် ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ဘုရားသခင်က အသိအမှတ်မပြုပေ။ သင်လုပ်ဆောင်သည့်အရာများ၏ နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များရှိပြီး မသန့်မရှင်းဖြစ်ပါက သင်သည် စည်းမျဉ်းများမှ သွေဖည်နိုင်ဖွယ်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ပြော၍ မရပေ။ ဤသည်မှာ အပြုအမူတစ်မျိုးသာ ဖြစ်သည်။ အတိအကျဆိုပါက သင်၏ ဤသို့သော အပြုအမူမျိုးသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရဖို့ သေချာသလောက် ရှိ၏။ ယင်းသည် ဘုရား၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့ခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို အနှစ်သာရနှင့် ဇာစ်မြစ်အထိ ဆက်လက်၍ ခွဲစိတ်လေ့လာကြည့်ပါက သင်သည် မကောင်းမှုပြုသည့်သူတစ်ဦးဖြစ်ပြီး သင်၏ ဤအပြင်ပန်း အပြုအမူများသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သဘောညီမျှ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတလေကို အမှန်တကယ် ထိခိုက်စေခြင်း မရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသည့်တိုင် အတွင်း၌မူ လူသား၏ ညစ်ညမ်းစေသောအရာများနှင့် ရည်ရွယ်ချက်များရှိကာ ယင်း၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထား ပြောင်းလဲမှု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းနှင့် သင့်လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူ့စိတ်ကူးများ၊ လူ့အတွေးအခေါ်များနှင့် ကိုက်ညီခြင်းရှိမရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိမရှိတို့အပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတလေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်တို့သည် စောစောထပြီး နောက်ကျမှ အိပ်ရာဝင်လျက် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် တစ်နေ့တာလုံး ပြေးလွှားလှုပ်ရှားကြသော်လည်း အသက်စိတ်သဘောထား အသွင်ပြောင်းလဲမှုကို မစွမ်းဆောင်မရရှိကြသေးသည့်အပြင် စိတ်သဘောထား အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ဖြစ်သည်ကိုလည်း သဘောမပေါက်နိုင်ကြပေ။ ဤအရာက သင်တို့၏ ဝင်ရောက်မှုမှာ ပေါ့တန်လွန်းသည်ဟု ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်ကို သင်တို့ မည်မျှကြာ ယုံကြည်လာသည်ဖြစ်စေ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း၏ အနှစ်သာရအပြင် ထိုအရာနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့် နက်ရှိုင်းသော အရာများကို မသိဘဲ ရှိနေနိုင်သည်။ ယင်းက သင်၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည်၊ မချီးမွမ်းမည်ကို သင်တို့ မည်သို့ သိရှိသနည်း။ အနည်းဆုံးအနေဖြင့် သင် လုပ်ဆောင်သည့် အရာတိုင်းနှင့်စပ်လျဉ်း၍ ထူးထူးခြားခြား တည်ကြည်ခိုင်မာလာသည်ကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်များကို ဖြည့်ဆည်းနေစဉ်တွင်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နေစဉ်တွင် သို့မဟုတ် သာမန်အချိန်များတွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြနေပြီး အသိဉာဏ် ပွင့်လင်းနေစေကာ သင့်အထဲတွင် အလုပ်လုပ်နေသည်ကို သင် ခံစားရလိမ့်မည်။ သင်၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဒွန်တွဲလျက် အံကိုက်ဖြစ်လိမ့်မည်ဖြစ်ပြီး အတွေ့အကြုံ အတိုင်းအတာတစ်ခု သင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက် အတိတ်က သင် ပြုမူခဲ့သည့်ပုံသည် အတော် သင့်တော်သည်ကို သင် ခံစားရလိမ့်မည်။ သို့သော် အချိန်ကာလတစ်ခုကြာ အတွေ့အကြုံ ရရှိပြီးနောက်တွင် အတိတ်က သင် လုပ်ဆောင်ခဲ့သည့် အရာများထဲမှ အချို့သည် မသင့်တော်သကဲ့သို့ ယင်းတို့နှင့် ပတ်သက်၍ သင် စိတ်ကျေနပ်မှုမရှိခဲ့သည်ကို သင် ခံစားရပြီး ထိုအရာများသည် သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဟု ခံစားရပါက ဤအရာက သင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းသည် ဘုရားသခင်ကို ခုခံရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သက်သေပြပေသည်။ ယင်းမှာ သင်၏ အစေခံခြင်းသည် ပုန်ကန်မှု၊ ခုခံမှုနှင့် လူသား ပြုမူသည့် နည်းလမ်းများဖြင့် ပြည့်နေပြီး စိတ်သဘောထား ပြောင်းလဲမှုများကို လုံးဝ စွမ်းဆောင်မရရှိနိုင်သည့် အထောက်အထားဖြစ်သည်။ ဤသို့ မိတ်သဟာယပြုပြီးပြီဖြစ်၍ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို သင်တို့ မည်သို့နားလည်သင့်ပုံနှင့်ပတ်သက်ပြီး ယခု ရှင်းသွားကြပြီလော။ သင်တို့သည် သင်တို့၏ စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်းကို အများအားဖြင့် ဆွေးနွေးလေ့မရှိဘဲ ဖြစ်နေနိုင်သကဲ့သို့ ကိုယ်ပိုင်အတွေ့အကြုံများအကြောင်းကိုလည်း ကြုံတောင့်ကြုံခဲသာ မိတ်သဟာယပြုနိုင်သည်။ အများဆုံးအနေဖြင့် သင်တို့သည် “ယခင် အချိန်အနည်းငယ်ခန့်က ကျွန်ုပ် မတက်မကြွ ဖြစ်နေခဲ့ပါသည်။ ထို့နောက် ဘုရားသခင်ကို ဆုတောင်းပါသည်။ ထိုအခါ ယုံကြည်သူများသည် စမ်းသပ်ခြင်းခံရမည်ဆိုသည့် အချက်ကို ဘုရားက ကျွန်ုပ်အား ဉာဏ်အလင်းဖွင့်ပြပေးခဲ့ပါ၏။ ဤအရာကို ကျွန်ုပ် အတန်ကြာသည်အထိ တွေးဆကြည့်သည့်အခါ ဤသည်မှာ အရှိအတိုင်းပင် ဖြစ်သည်ဟု တွက်ဆမိပါသည်။ ပြီးလျှင် ကျွန်ုပ်သည် တာဝန်ထမ်းဆောင်နေစဉ်တွင် သစ္စာမဲ့မိသည့် ကဏ္ဍများရှိသောကြောင့် ဤအရာကို လက်ခံခဲ့ပါသည်။ အချိန်အတန်ကြာပြီးနောက်တွင် ကျွန်ုပ်၏ လုပ်ချင်ကိုင်ချင်စိတ်က ပြန်ပေါ်လာပြီး မတက်မကြွဖြစ်ခြင်းလည်း မရှိတော့ပါ” ဟု မိတ်သဟာယဖွဲ့နိုင်သည်။ မိတ်သဟာယဖွဲ့ပြီးနောက်တွင် အခြားလူများကလည်း “ကျွန်ုပ်တို့၏ အခြေအနေက အတူတူနီးပါးပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာလည်း ထို့အတူပင် ဖြစ်သည်” ဟု ပြောသည်။ သင်သည် ဤအရာများကို အစဉ် မိတ်သဟာယပြုလျှင် ပြဿနာရှိလိမ့်မည်။ သင်သည် အမှုအရာများ၏ အနှစ်သာရကို နားလည်သဘောပေါက်မည်မဟုတ်၊ သို့မဟုတ် ရှင်းလင်းစွာ မြင်မည်မဟုတ်ပေ။ နှစ်မည်မျှကြာ ယုံကြည်သည်ဖြစ်စေ သင်၏ အသက်စိတ်သဘောထားသည် ပြောင်းလဲနိုင်မည် မဟုတ်ပေ။

စိတ်သဘောထား ပြောင်းလဲခြင်းသည် အဓိကအားဖြင့် လူတစ်ယောက်၏ သဘာဝ ပြောင်းလဲခြင်းကို ညွှန်းဆိုသည်။ လူတစ်ယောက်၏ သဘာဝနှင့် သက်ဆိုင်သော အရာများကို ပြင်ပအပြုအမူများဖြင့် မသိမြင်နိုင်ပေ။ ထိုအရာများသည် သူ့ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်အပြင် ဘဝအပေါ် သူ၏ အမြင်၊ သူ၏ တန်ဖိုးများနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။ ထိုအရာများတွင် သူ၏ ဝိညာဉ်အတွင်းပိုင်း၌ ရှိသောအရာများနှင့် သူ၏ အနှစ်သာရတို့ ပါဝင်သည်။ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်လျှင် ဤကဏ္ဍများတွင် ပြောင်းလဲမှုကို ကြုံရမည် မဟုတ်ပေ။ ဘုရားအမှုတော်ကို တွေ့ကြုံခြင်း၊ သမ္မာတရားသို့ အပြည့်အဝ ဝင်ရောက်ခြင်း၊ ဖြစ်တည်မှုနှင့် ဘဝအပေါ် မိမိ၏ တန်ဖိုးများနှင့် အမြင်များကို ပြောင်းလဲခြင်း၊ အမှုအရာများအပေါ် မိမိ၏ အမြင်များကို ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီစေခြင်း၊ ဘုရားသခင်အပေါ် အပြည့်အဝ နာခံနိုင်စွမ်းနှင့် ဆက်ကပ်အပ်နှံနိုင်စွမ်း ရှိလာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ လက်ရှိတွင် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရသောအခါ အနည်းငယ် အားစိုက်ထုတ်ပြီး ကြံ့ကြံ့ခံနိုင်သည့်ပုံစံ ရှိနိုင်သည်။ အထက်မှလာသော အလုပ်အစီအစဉ်များကို ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ သို့မဟုတ် သင့်ကို သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သင် သွားကောင်းသွားနိုင်သည်။ အပေါ်ယံတွင် သင်သည် အတော်အတန် နာခံခြင်းရှိသည့် ပုံစံရှိနိုင်သည်။ သို့သော် သင်၏ အယူအဆများနှင့် မကိုက်သောအရာတစ်ခုခု ဖြစ်ပျက်သောအခါ သင်၏ ပုန်ကန်ခြင်းက ထွက်ပေါ်လာတော့သည်။ ဥပမာ သင်သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို မနာခံပေ။ ကပ်ဘေးကျရောက်သောအခါ သင်သည် ပို၍ပင် နာခံခြင်းမရှိပေ။ ဘုရားသခင်အား အပြစ်ပင် တင်ရဲသည်။ ထို့ကြောင့် အပြင်ပန်းတွင်ရှိသော ထိုနာခံခြင်း၊ ပြောင်းလဲခြင်း အနည်းငယ်သည် အပြုအမူပြောင်းလဲခြင်း အနည်းငယ်သာဖြစ်သည်။ ပြောင်းလဲခြင်း အနည်းငယ် ရှိသော်လည်း ယင်းကို သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မှတ်ယူဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်သွားကောင်း လျှောက်သွားနိုင်မည်။ ဆင်းရဲဒုက္ခများစွာကို ခံစားကောင်း ခံစားနိုင်မည်။ ကြီးစွာသော အရှက်ရခြင်းကို တောင့်ခံကောင်း တောင့်ခံနိုင်မည်။ ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု သင်ခံစားကောင်း ခံစားရနိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ်တွင် အလုပ်အချို့ လုပ်ကောင်း လုပ်နိုင်မည်။ သို့ရာတွင် သင်၏ အယူအဆများနှင့် မညီသော အရာတစ်ခုကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်အား တောင်းဆိုသောအခါ သင်သည် နာခံခြင်းမရှိဘဲ ဖြစ်နေနိုင်သည်။ ထိုအစား သင်သည် ဆင်ခြေများ ရှာနိုင်သည်။ ဘုရားသခင်ကို ပုန်ကန်ပြီး အာခံနိုင်သည်။ အခြေအနေဆိုးလျှင် ဘုရားသခင်ကို မေးခွန်းထုတ်ပြီး ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုနိုင်သည်။ ဤသို့ဆိုလျှင် အလွန်ဆိုးသော ပြဿနာဖြစ်လိမ့်မည်။ သင့်တွင် ဘုရားသခင်ကို အာခံသော သဘာဝရှိသေးသည်ကိုလည်းကောင်း၊ သမ္မာတရားကို သင်အမှန်တကယ် နားမလည်သည်ကိုလည်းကောင်း၊ သင်၏အသက်စိတ်သဘောထား ပြောင်းလဲခြင်း လုံးဝမရှိသေးသည်ကိုလည်းကောင်း ပြလိမ့်မည်။ လူအချို့သည် အထုတ်ခံရပြီးနောက်၊ သို့မဟုတ် ရှင်းလင်းခံရပြီးနောက်တွင် ဘုရားသခင်ကို ဝေဖန်အပြစ်တင်ခြင်းပင် ပြုရဲသေးပြီး ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟုပင် ပြောရဲကြသေးသည်။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းခုံခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုကြသည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် ဘုရားသခင်အပေါ် မကျေနပ်မှုများကို ဖြန့်ဝေသည်။ ဤသို့သောသူများသည် ဘုရားသခင်ကို အာခံသည့် နတ်ဆိုးများဖြစ်သည်။ နတ်ဆိုးဆန်သော သဘာဝရှိသည့် သူများသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်၍ စွန့်ပစ်ခြင်းခံရသင့်သည်။ အခြေအနေတိုင်းတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး လက်ခံနိုင်သောသူများ၊ ဘုရားသခင်၏ အမှုတော်ကို နာခံနိုင်သောသူများသာ သမ္မာတရားကို ရရှိပြီး စိတ်သဘောထားပြောင်းလဲမှုကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ သင်၏ အတွေ့အကြုံများတွင် အပြင်ပန်း၌ သာမန်ပုံစံရှိသော အခြေအနေများကြား ပိုင်းခြားသိမြင်တတ်ရန် သင်ယူရမည်။ သင်သည် ဆုတောင်းစဉ်တွင် ရှိုက်ငိုခြင်း၊ ငိုယိုခြင်း ရှိနိုင်သည်။ သို့မဟုတ် သင်၏ စိတ်နှလုံးက ဘုရားသခင်ကို အလွန်ချစ်သည်၊ ဘုရားသခင်နှင့် အလွန်နီးစပ်သည်ဟု ခံစားရနိုင်သည်။ သို့တိုင်အောင် ဤအခြေအနေများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသာဖြစ်ပြီး သင်က ဘုရားသခင်ကို ချစ်သောသူဖြစ်သည်ဟု မညွှန်ပြပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်ခြင်း မရှိသည့် အချိန်တွင်ပင်၊ သင်၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီသော အရာများကို ဘုရားသခင် လုပ်ဆောင်သောအခါတွင်ပင် ဘုရားသခင်ကို ချစ်ပြီး နာခံနိုင်ဆဲ ဖြစ်လျှင် ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူ ဖြစ်သည်။ ထိုအခါမှသာ သင်သည် အသက်စိတ်သဘောထား ပြောင်းလဲပြီးသောသူဖြစ်သည်။ ဤသူကသာ သမ္မာတရား၏ စစ်မှန်မှုရှိသောသူ ဖြစ်သည်။

စိတ်သဘောထားကို ပြောင်းလဲရာတွင် မည်သည့်နေရာမှ စတင်သနည်း။ သင်ကိုယ်တိုင်၏ သဘာဝကို နားလည်ခြင်းမှ စတင်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏ သဘာဝကို မည်သို့ နားလည်ရမည်နည်း။ သင့်တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကို ပိုင်းခြားသိမြင်ခြင်းအားဖြင့် ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီးသည်နှင့် သင်၏ သဘာဝနှင့် အနှစ်သာရကို နားလည်လိမ့်မည်။ “ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့နားလည်ရမည်နည်း” ဟုမေးသောသူအချို့ ရှိသည်။ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ နားလည်ရမည်၊ သမ္မာတရားနှင့်အညီ ပိုင်းခြားသိမြင်ရမည်ဆိုသည်ကား ပြောစရာပင် မလိုပေ။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း။ သင်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဘုရားသခင် ဖွင့်ပြသော နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ခြင်းအားဖြင့် ဖြစ်သည်။ သင်ကိုက်ညှိကြည့်၍ ရသည့် ပမာဏက မည်မျှရှိသည်ဖြစ်စေ ယင်းက သင် ပိုင်းခြားသိမြင်သင့်သည့် ပမာဏပင် ဖြစ်သည်။ သင့်အနေနှင့် များစွာ ကိုက်ညှိကြည့်နိုင်ပြီး များစွာ ပိုင်းခြားသိမြင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်နိုင်လိမ့်မည်။ ဤနည်းဖြင့် ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ခဲ့သော သင်တို့သည် ယခုတွင် မိမိကိုယ်တိုင်၏ သဘာဝကို နားလည်ခြင်း ရှိသလော။ အလွန်အလှမ်းဝေးနေခြင်းသာ ဖြစ်ဖို့များသည်။ သင်တို့၏ နှိုင်းယှဉ်ချက်သည် လမ်းကြောင်းတစ်ခုနောက်ကို လိုက်ရမည်။ မည်သည့်အရာကိုမျှ အခြေမခံဘဲ အကြောင်းအရာများကို ပြောဆို၍ မရပေ။ ဘုရားသခင်က လူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို မည်သို့ ဖွင့်ပြပုံနှင့်ပတ်သက်သော ဘုရားနှုတ်ကပတ်တော်များကို သင် ပို၍ ဖတ်ရမည်။ ဤနှုတ်ကပတ်တော်အားလုံးကို ရှာဖွေရမည်။ ထို့နောက် ၎င်းတို့ကို မကြာခဏ ဖတ်ရှုပြီး သင့်ကိုယ်သင် မကြာခဏ ဆင်ခြင်သုံးသပ်ကာ သင်၏ အခြေအနေကို နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အပြည့်အဝ ကိုက်ညီသည့်အချိန်၌ ဘုရားနှုတ်ကပတ်တော်များက သင်၏ အခြေအနေကို အတိအကျ ဖွင့်ပြသည်ဟု သင်ခံစားရပြီး အလွန်ပင် တိကျမှုရှိသည်၊ မည်သည့်နည်းနှင့်မျှ မမှန်ကန်ခြင်း မရှိဟု သင်ခံစားရသည့်အခါ သင်သည် လက်ခံယုံကြည်မည်ပင် မဟုတ်လော။ လူအချို့က “မိမိကိုယ်တိုင်၏ သဘာဝကို နားလည်ခြင်းအားဖြင့် ထိုသဘာဝကို ပြောင်းလဲနိုင်သည်” ဟု ပြောကြသည်။ မည်သူမဆို ဤသို့ပြောရန် လွယ်ကူသည်။ သို့သော် ထိုအရာကို သင် မည်သို့ နားလည်ရမည်နည်း။ ဤတွင် လမ်းကြောင်းတစ်ခု ရှိရမည်။ လမ်းကြောင်းရှိလျှင် မည်သို့ တွေ့ကြုံရမည်ကို သင် သိလိမ့်မည်။ လမ်းကြောင်းမရှိလျှင် သင်သည် “ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့၏ သဘာဝကို နားလည်ရမည်။ ကျွန်ုပ်တို့၏ သဘာဝသည် ကောင်းမွန်ခြင်း မရှိဘဲ စာတန်နှင့် သက်ဆိုင်သည်။ ကျွန်ုပ်တို့၏ အနှစ်သာရနှင့် သဘာဝကို နားလည်သောအခါ ကျွန်ုပ်တို့၏ စိတ်သဘောထားများကို ပြောင်းလဲနိုင်သည်” ဟူသော ဆောင်ပုဒ်ကို အော်ဟစ်နေခြင်းသာဖြစ်သည်။ အော်ဟစ်ပြီးသောအခါတွင် မည်သည့်အရာကိုမျှ ထပ်၍ မလုပ်ဆောင်ပြီးပေ။ မည်သူကမျှ နားလည်ခြင်း လုံးဝ မရှိပေ။ ဤသည်မှာ လမ်းကြောင်းမရှိဘဲ အယူဝါဒများကို ပြောဆိုနေခြင်းဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ပြဿနာများကို မဖန်တီးသလော။ ဤသို့လုပ်ဆောင်ခြင်း၏ ရလဒ်မှာ မည်သည့်အရာဖြစ်မည်နည်း။ သင်တို့သည် “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သဘာဝကို နားလည်ရမည်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ကို ချစ်ရမည်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ကို နာခံရမည်။ ကျွန်ုပ်တို့အားလုံး ဘုရားရှေ့တွင် ပျပ်ဝပ်ရမည်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ကို ကိုးကွယ်ရမည်။ ဘုရားသခင်ကို မချစ်သူ မည်သူမဆိုသည် လက်မခံနိုင်ဖွယ်ဖြစ်သည်” ဟူသော ဆောင်ပုဒ်ကို ဟစ်ကြွေးလေ့ရှိသည်။ ဤအယူဝါဒများကို ပြောဆိုခြင်းသည် အသုံးမဝင်ဘဲ ပြဿနာများကို မဖြေရှင်းပေးပေ။ လူသားသဘာဝကို သင် မည်သို့ နားလည်သနည်း။ သင်၏ သဘာဝကို သိနားလည်ခြင်းသည် စင်စစ်အားဖြင့် သင့်ဝိညာဉ် နက်ရှိုင်းရာအတွင်းရှိ အမှုအရာများ၊ သင့်အသက်တာအတွင်းရှိ အမှုများနှင့် သင် အသက်ရှင်နေသည့် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် အတွေးအခေါ်များ၊ သင်အသက်ရှင်နေခဲ့သည့် စာတန်၏ အသက်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို ဆိုလိုပေသည်။ သင့် ဝိညာဉ်အတွင်းရှိ စိတ်ထဲမှ အမှုအရာများကို ထုတ်ဖော်ခြင်းအားဖြင့်သာ သင်၏ သဘာဝကို သင်နားလည်နိုင်သည်။ ဤအရာများကို မည်သို့ တူးဖော်နိုင်သနည်း။ ၎င်းတို့ကို ကိစ္စရပ် တစ်ခု၊ နှစ်ခုမျှဖြင့် တူးဖော်၍ မရနိုင်ပေ သို့မဟုတ် စိတ်ဖြာလေ့လာ၍ မရနိုင်ပေ။ ကြိမ်ဖန်များစွာပင် တစ်စုံတစ်ခုကို သင်လုပ်ဆောင်၍ ပြီးစီးသွားသည့်နောက်တွင် သိနားလည်မှု မရှိသေးဘဲ ဖြစ်နေတတ်သည်။ သဘောပေါက်မိခြင်း သို့မဟုတ် သိနားလည်ခြင်း အနည်းငယ်မျှကို သင်ရရှိဖို့ သုံးနှစ် သို့မဟုတ် ငါးနှစ် ကြာနိုင်ပေသည်။ ထို့ကြောင့် အခြေအနေများစွာတွင် သင်သည် မိမိကိုယ်ကို ဆန်းစစ်ပြီး မိမိကိုယ်ကို သိလာရမည်ဖြစ်သည်။ သင်သည် ရလဒ်တစ်ခုတလေ တွေ့ရဖို့အလို့ငှာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ သင့်ကိုယ်သင် နက်နက်နဲနဲ တူးဆွကြည့်ပြီး ဆန်းစစ်ရမည်ဖြစ်သည်။ သမ္မာတရားနှင့်ဆိုင်သော သင်၏ သိနားလည်မှု တိုး၍ နက်နဲသည်ထက် နက်နဲလာသည်နှင့်အမျှ သင်သည် မိမိကိုယ်ကို ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကို သိရှိခြင်းတို့မှတစ်ဆင့် သင်၏ ကိုယ်ပိုင်သဘာဝနှင့် အနှစ်သာရကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။

သင်၏ သဘာဝကို သိရှိဖို့ အချို့သော အရာများမှတစ်ဆင့် ထိုသဘာဝကို နားလည်နိုင်အောင် လုပ်ရမည်။ ပထမဦးစွာ သင်နှစ်သက်သောအရာကို သင် ရှင်းရှင်းလင်းလင်း သိရမည်။ ဤအရာက သင် စားလို၊ ဝတ်လိုသည့်အရာကို ရည်ညွှန်းခြင်း မဟုတ်။ ယင်းထက် သင် မွေ့လျော်သည့် အရာများ၊ သင် အားကျသည့် အရာများ၊ သင် ကိုးကွယ်သည့်အရာများ၊ သင် ရှာဖွေသည့်အရာများနှင့် သင်၏ စိတ်နှလုံးတွင် သင် အာရုံစိုက်သည့် အရာမျိုးများကို ဆိုလိုသည်။ ထိတွေ့ဆက်သွယ်ရာ၌ သင်ပျော်မွေ့သည့် လူအမျိုးအစားများနှင့် သင့်စိတ်နှလုံးတွင် သင် အားကျပြီး သင်ပုဂ္ဂိုလ်ရေး ကိုးကွယ်မိသည့် လူအမျိုးအစားများပင်ဖြစ်သည်။ ဥပမာအားဖြင့် လူအများစုက ကြီးမြတ်သည့် အဆင့်အတန်းရှိသည့် လူများ၊ ၎င်းတို့၏ ပြောပုံဆိုပုံနှင့် ကိုယ်ဟန်အမူအရာတို့တွင် ရည်မွန်သော လူတို့ကို နှစ်သက်ကြသည်၊ သို့မဟုတ် မြှောက်လုံးပင့်လုံး စကားပြောကောင်းသော သူများ သို့မဟုတ် ဟန်ဆောင်တတ်သော သူတို့ကို နှစ်သက်ကြသည်။ အထက်ရည်ညွှန်းပါ ပုဂ္ဂိုလ်မှာ မည်သည့်လူတို့ကို ၎င်းတို့ အပြန်အလှန်ဆက်ဆံချင်သည့် အကြောင်းဖြစ်သည်။ လူတို့ နှစ်သက်သည့် အရာများအတွက်မူ၊ လုပ်ရန် လွယ်ကူသည့် အချို့သော အရာများကို လုပ်ဆောင်လိုခြင်း၊ အခြားသူများက ကောင်းမြတ်သည်ဟု ထင်ပြီး လူတို့ကို ချီးမွမ်းသီဆိုစေပြီး ချီးကျူးစကားများ ပြောစေသည့် အရာများကို လုပ်ဆောင်ခြင်းအား ပျော်မွေ့ခြင်းတို့ ပါဝင်သည်။ လူတို့၏ သဘာဝများတွင် ၎င်းတို့ နှစ်သက်သည့် အမှုအရာများ၏ ဖြစ်နေကျ လက္ခဏာရပ်တစ်ခု ရှိ၏။ ယင်းမှာ အခြားသူများက အပြင်ပန်း ပုံသဏ္ဌာန်များကြောင့် မနာလိုဖြစ်ကြရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြသည်။ အလွန် လှပပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံပုံရသည့် အရာများကို ၎င်းတို့ နှစ်သက်ကြကာ အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြလေသည်။ လူတို့ မြတ်နိုးသော ဤအရာများမှာ ကြီးမြတ်သည်၊ ထူးချွန်ပြောင်မြောက်သည်၊ အလွန်လှပပြီး ခမ်းနားပေသည်။ လူအားလုံးက ဤအရာများကို ကိုးကွယ်ကြ၏။ လူတို့သည် မည်သည့် သမ္မာတရားမျှ မပိုင်ဆိုင်သကဲ့သို့ စစ်မှန်သော လူသားများ၏ ပုံသဏ္ဌာန်ကို ၎င်းတို့ မပိုင်ဆိုင်သည်ကို မြင်နိုင်ပေသည်။ ဤအရာများကို ကိုးကွယ်ရာတွင် အရေးပါမှု အတိုင်းအတာအနည်းငယ်မျှ မရှိသော်လည်း လူတို့သည် ၎င်းတို့ကို နှစ်သက်ကြဆဲဖြစ်၏။ လူများနှစ်သက်ကြသည့် ဤအရာများသည် ဘုရားသခင်ကို မယုံကြည်သည့်သူများအတွက် အထူးသဖြင့် ကောင်းမွန်ပုံရပြီး ထိုအရာအားလုံးမှာ လူများက လိုက်စားရန် အထူးလိုလားနေကြသည့် အရာများဖြစ်သည်။ ရိုးရှင်းသော ဥပမာပေးရလျှင် မယုံကြည်သူများကြားတွင် နာမည်ကြီးသူများနောက်သို့ တကောက်ကောက်လိုက်သော မိန်းကလေးများရှိသည်။ ၎င်းတို့သည် သရုပ်ဆောင်များ၊ အဆိုတော်များနောက်သို့ လိုက်ပြီး ထိုသူများကို အမှတ်တရလက်မှတ်ထိုးခိုင်းကာ စာများရေးခိုင်းသည်။ သို့မဟုတ် လက်ဆွဲနှုတ်ဆက်ပြီး ပွေ့ဖက်သည်။ ဤအရာများသည် ယုံကြည်သူများ၏ စိတ်နှလုံးတွင် တည်ရှိသလော။ သင်ကိုးကွယ်သော နာမည်ကြီးသူများ၏ သီချင်းများကို သင် ရံဖန်ရံခါ သီဆိုသလော။ သို့မဟုတ် ၎င်းတို့ကို ရံဖန်ရံခါ အတုယူပြီး သင်တောင့်တသည့် ၎င်းတို့ပုံစံအတိုင်း ဝတ်စားဆင်ယင်သလော။ သင်သည် ဤနာမည်ကြီးသူများနှင့် ကျော်ကြားသောသူများကို သင်ကိုးကွယ်သည့်အရာများ၊ သင်ကိုးကွယ်သည့် စံပြများအဖြစ် ပြုလုပ်သည်။ ဤအရာတို့သည် လူတို့နှစ်သက်သော အတွေ့ရများသည့် အရာများဖြစ်သည်။ မယုံကြည်သူများ ကိုးကွယ်သော ဤအရာတို့ကို ယုံကြည်သူများက အမှန်တကယ် မကိုးကွယ်ကြသလော။ လူအများစုသည် စိတ်အတွင်းထဲတွင် ၎င်းတို့ကို ကိုးကွယ်လိုစိတ် ရှိနေဆဲဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်။ ထိုအရာတို့ကို သင် ရှင်းလင်းစွာ လိုက်စားခြင်းမရှိတော့သည့် ပုံစံရှိသည်။ သို့ရာတွင် သင်၏ စိတ်နှလုံးထဲ၌မူ ထိုအရာများကို အားကျနေဆဲ ဖြစ်သည်။ ထိုအရာများကို နှစ်သက်ဆဲဖြစ်သည်။ သင်က “သူတို့၏ တေးဂီတကို ငါ နားထောင်ချင်သေးသည်။ သူတို့ သရုပ်ဆောင်သည့် တီဗီအစီအစဉ်များကို ငါ ကြည့်ချင်သေးသည်။ သူတို့ မည်သို့နေထိုင်ကြသနည်း။ ယခုတွင် သူတို့ မည်သည့်နေရာ၌ ရှိသနည်း။ သူတို့ကို မြင်ရပြီး လက်ဆွဲနှုတ်ဆက်နိုင်လျှင် အလွန်ကောင်းလိုက်မည့် ဖြစ်ခြင်း။ ငါသေလျှင်ပင် တန်လိမ့်ဦးမည်” ဟု ရံဖန်ရံခါ စဉ်းစားသည်။ လူအားလုံးတို့သည် မည်သူကို ကိုးကွယ်သည်ဖြစ်စေ ဤအရာများကို နှစ်သက်ကြသည်။ သင်သည် ဤလူများ၊ အမှုအရာများ၊ အရာဝတ္ထုများနှင့် ထိတွေ့ရန် အခွင့်အလမ်းမရှိခြင်း၊ သို့မဟုတ် အခြေအနေမပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဤအရာများသည် သင်၏ စိတ်နှလုံးအတွင်းတွင် ရှိနေသည်။ လူတို့လိုက်စားပြီး တမ်းတသည့်အရာများမှာ လောကီရေပန်းစားမှုများ ဖြစ်သည်၊ ဤအရာများသည် စာတန်နှင့် နတ်ဆိုးများ၏ အရာများဖြစ်သည်၊ ယင်းတို့ကို ဘုရားက စက်ဆုပ်ပြီး သမ္မာတရား တစ်စက်မျှ မရှိချေ။ လူတို့ တမ်းတလေ့ရှိသည့် အရာများက ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ပေါ်လွင်လာစေသည်။ လူများ၏ နှစ်သက်မှုများကို ၎င်းတို့ဝတ်စားဆင်ယင်ပုံတွင် တွေ့မြင်နိုင်သည်။ လူအချို့က အာရုံဖမ်းစားနိုင်သည့် အရောင်စုံသော အဝတ်အစား၊ သို့မဟုတ် သဘာဝ ယုတ္တိနှင့်မညီသော ဝတ်စုံများကို ဝတ်ဖို့ လိုလားကြသည်။ ယခင်က မည်သူမျှ မဝတ်ဆင်ဖူးသည့် အသုံးအဆောင်ပစ္စည်းများကို ၎င်းတို့ဝတ်ဆင်လိုစိတ် ရှိကြပြီး ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်နိုင်သည့် အရာများကို ၎င်းတို့က နှစ်သက်ကြသည်။ ဤအဝတ်အစားများနှင့် အသုံးအဆောင်များကို ၎င်းတို့ဝတ်ဆင်သည်မှာ ၎င်းတို့၏ အသက်တာများနှင့် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဤအရာများအတွက် ၎င်းတို့၌ ရှိသည့် နှစ်သက်မှုများကို ပြလေသည်။ ၎င်းတို့နှစ်သက်သည့် အရာများသည် သိက္ခာမရှိသကဲ့သို့ သင့်တင့်လျောက်ပတ်ခြင်းလည်း မရှိချေ။ ယင်းတို့သည် သာမန်လူတစ်ဦး လိုက်စားသင့်သည့် အရာများ အရာများ မဟုတ်ပေ။ ယင်းတို့ကို ၎င်းတို့တွယ်တာရာတွင် မဖြောင့်မတ်ခြင်း ရှိနေသည်။ ၎င်းတို့၏ သဘောထားအမြင်သည် လောကီလူများ၏ သဘောထားအမြင်နှင့် အတိအကျ တစ်ထေရာတည်း ဖြစ်လေသည်။ ဤအရာ၏ သမ္မာတရားနှင့် ကိုက်ညီသည့် တစ်စိတ်တစ်ဒေသကိုမျှ မမြင်နိုင်ပေ။ ၎င်းတို့၌ သမ္မာတရား စိုးစဉ်းမျှ မမြင်နိုင်ပေ။ ထို့ကြောင့် သင်နှစ်သက်သောအရာ၊ သင် အာရုံစိုက်သည့်အရာ၊ သင် ကိုးကွယ်သည့်အရာ၊ သင် အားကျသည့်အရာနှင့် သင့်စိတ်နှလုံးတွင် နေ့တိုင်း သင် တွေးသည့်အရာအားလုံးတို့သည် သင့်သဘာဝ၏ ကိုးစားပြုချက်များ ဖြစ်ကြသည်။ ဤလောကီအရာများကို သင်၏ မက်မောခြင်းသည် သင့် သဘာဝက မဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်၊ သင့် သဘာဝသည် ဆိုးယုတ်ပြီး ကုသ၍မရနိုင်သည်ကို သက်သေပြရန် လုံလောက်၏။ ဤနည်းဖြင့် သင်၏ သဘာဝကို စိတ်ဖြာလေ့လာသင့်၏။ သင့် ဘဝတွင် သင် မြတ်နိုးသောအရာနှင့် သင် စွန့်လွှတ်သောအရာကို ဆန်းစစ်လော့။ သင်သည် တစ်စုံတစ်ဦးအပေါ် အချိန်တစ်ခုကြာ ကောင်းနေနိုင်သည်။ သို့သော် ဤအရာက ၎င်းတို့ကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင်အမှန်တကယ် နှစ်သက်သောအရာများသည် သင်၏သဘာဝတွင် ရှိသည့်အရာ အတိအကျပင်ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင် ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။ ဥပမာ၊ အဖော်ကို ရှာဖွေခြင်းအား ကြည့်လော့။ လူများက မိမိတို့နှင့် အမျိုးအစားတူညီသည့် လူများကို ရှာဖွေကြသည်။ အမျိုးသမီးတစ်ဦးသည် တစ်စုံတစ်ဦးနှင့် အမှန်တကယ် ချစ်ကျွမ်းဝင်မိပါက သူ့ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သူ၏ ခြေထောက်များ ကျိုးလျှင်ပင် သူသည် ထိုသူနှင့်အတူ ရှိချင်ဦးမည်ဖြစ်သည်။ သူသေဆုံးရမည်ဆိုလျှင်ပင် ထိုသူကို လက်ထပ်ချင်မည်ဖြစ်သည်။ ဤအရာမှာ မည်သို့များ ဖြစ်နိုင်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့အရိုးများ၏ နက်ရှိုင်းရာတွင် ရှိသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ လူတစ်ဦးသေလျှင်ပင် သူ၏ စိတ်ဝိညာဉ်သည် အလားတူသောအရာများကို နှစ်သက်ဦးမည် ဖြစ်သည်။ ဤအရာများသည် လူသားသဘာဝနှင့်ဆိုင်သော အမှုအရာများဖြစ်ပြီး ယင်းတို့က လူတစ်ယောက်၏ အနှစ်သာရကို ကိုယ်စားပြုပေသည်။ လူတို့ နှစ်သက်သော အရာများတွင် မဖြောင့်မတ်မှုအချို့ ပါရှိ၏။ အချို့သည် ထိုအရာများအတွက် ၎င်းတို့၏ နှစ်သက်မှုတွင် သိသာကြသော်လည်း အချို့မှာ မသိသာပေ။ အချို့သည် ယင်းတို့အတွက် အားကောင်းသည့် နှစ်သက်မှုရှိသော်လည်း အချို့မှာ မရှိချေ။ လူအချို့သည် မိမိကိုယ်ကို ထိန်းချုပ်မှုရှိသော်လည်း အခြားသူတို့မှာ မိမိကိုယ်ကို မထိန်းချုပ်နိုင်ကြချေ။ လူအချို့သည် ဆိုးယုတ်ပြီး မကောင်းသော အရာများထဲသို့ နစ်မြုပ်တတ်သည်။ ယင်းက ၎င်းတို့သည် အသက် မပိုင်ဆိုင်သည်ကို သက်သေပြပေသည်။ လူအချို့သည် ဇာတိပကတိ၏ စုံစမ်းသွေးဆောင်မှုကို အောင်မြင်ကျော်လွှားနိုင်ကြသလို ထိုအရာများ၏ သိမ်းပိုက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းတို့ကို မခံရအောင် နေနိုင်ကြသဖြင့် ယင်းက ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ရှိကြောင်း၊ ၎င်းတို့၏ စိတ်သဘောထားများသည် အနည်းငယ်ပြောင်းလဲပြီးဖြစ်ကြောင်းကို သက်သေပြသည်။ လူအချို့သည် သမ္မာတရားအချို့ကို နားလည်ပြီး ၎င်းတို့က အသက်ရှိကာ ဘုရားသခင်ကို ချစ်ကြသည်ဟု ခံစားကြသည်။ သို့သော်လည်း စင်စစ်အားဖြင့် ယင်းသည် အလွန်စောလွန်းသေး၏။ တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲမှုကို ကြုံခြင်းသည် ရိုးရှင်းသည့် ကိစ္စမဟုတ်ပေ။ လူတစ်ဦး၏ သဘာဝနှင့် အနှစ်သာရတို့သည် နားလည်ရန် လွယ်ကူသလော။ တစ်စုံတစ်ဦးက အနည်းငယ် နားလည်လျှင်ပင် ထိုသိနားလည်မှုကို စွမ်းဆောင်ရရှိရန် အလှည့်အပြောင်းများကို သင် ဖြန်သန်းရမည်ဖြစ်ပြီး အနည်းငယ်မျှသော သိနားလည်မှုဖြင့်ပင် ပြောင်းလဲခြင်းသည် မလွယ်ကူပေ။ ဤသည်တို့မှာ လူတို့ရင်ဆိုင်ရသည့် အခက်အခဲများအားလုံးဖြစ်ပြီး သမ္မာတရားကို လိုက်စားရန် အလိုဆန္ဒမရှိဘဲနှင့် လူတို့သည် မိမိတို့ကိုယ်ကို မသိနိုင်ပေ။ သင်၏ အနီးတစ်ဝိုက်ရှိ လူများ၊ ကိစ္စရပ်များ၊ သို့မဟုတ် အမှုအရာများ မည်သို့ ပြောင်းလဲနိုင်သည်ဖြစ်စေ၊ ပြီးလျှင် ကမ္ဘာလောကသည် လုံးဝ ပြောင်းလဲနိုင်သည်ဖြစ်စေ သမ္မာတရားသည် အတွင်းမှ သင့်ကို လမ်းပြနေပါက၊ ယင်းသည် သင်၏ အတွင်းတွင် အမြစ်တွယ်ပြီး ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ အသက်တာ၊ သင်၏ နှစ်သက်မှုများ၊ အတွေ့အကြုံများနှင့် တည်ရှိမှုတို့ကို လမ်းပြပါက ထိုအခြေအနေတွင် သင်သည် အမှန်တကယ် ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ လက်ရှိတွင် လူများ၏ ပြောင်းလဲမှုဆိုသည့် ဤအရာသည် အနည်းငယ် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို စိတ်မပါလက်မပါဖြင့် လက်ခံနိုင်လာခြင်း၊ မိမိတို့၏တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ခြင်း၊ စိတ်အားထက်သန်မှုနှင့် ယုံကြည်ခြင်း အနည်းငယ် ရှိခြင်းတို့သာ ဖြစ်သည်။ ဤအရာကို စိတ်သဘောထား အသွင်ပြောင်းလဲခြင်းအဖြစ် ယူဆ၍ မရနိုင်သကဲ့သို့ ယင်းက လူတို့၌ အသက်ရှိသည်ဟုလည်း သက်သေမပြပေ။ ဤသည်မှာ လူတို့၏ နှစ်သက်မှုများနှင့် အထုံဆန္ဒတို့သာ ဖြစ်သည်။ ဤထက် ဘာမျှ မပို။

သဘာဝဗီဇများကို နားလည်ခြင်းတစ်ခုရဖို့၊ လူများ၏ သဘာဝဗီဇများထဲရှိ ၎င်းတို့မြတ်နိုးသော အရာများကို ဖော်ထုတ်ခြင်းအပြင် သူတို့၏ သဘာဝဗီဇများနှင့် သက်ဆိုင်သည့် အခြား ပိုအရေးကြီးသည့် သွင်ပြင်လက္ခဏာအချို့ကိုလည်း ဖော်ထုတ်ရန် လိုအပ်သည်။ ဥပမာအားဖြင့် အမှုအရာများအပေါ် လူတို့၏ သဘောထားများ၊ အသက်တာထဲရှိ လူတို့၏ နည်းစနစ်များနှင့် ပန်းတိုင်များ၊ လူတို့၏ ဘဝတန်ဖိုးများနှင့် အသက်တာအပေါ် ရှုမြင်ပုံတို့အပြင် သမ္မာတရားနှင့်စပ်လျဉ်းသည့် အရာခပ်သိမ်းအပေါ် ထားသော အမြင်များနှင့် စိတ်ကူးများပင် ဖြစ်ကြသည်။ ဤအရာများမှာ လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းစွာ ရှိသောအရာများ အားလုံးဖြစ်ပြီး ၎င်းတို့သည် စိတ်သဘောထားပြောင်းလဲခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိနေသည်။ ထိုသို့ဖြစ်လျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝအပေါ် ရှုမြင်ပုံမှာ အဘယ်နည်း။ ယင်းကို ဤသို့ ပြော၍ရနိုင်သည်- “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူ၍ ဖြစ်သည်။ လူများအားလုံးသည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်၊ သာ၍ ရှင်းရှင်းလင်းလင်း ပြောရလျှင် ၎င်းတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့၏ ပါးစပ်များထဲ အစားအစာများ ထည့်ဖို့သာ အသက်ရှင်နေကြ၏။ ဤတည်ရှိမှုသည် တိရစ္ဆာန်များ၏ တည်ရှိမှုနှင့် မည်သို့ ကွာခြားပါသနည်း။ ဤသို့ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိဖို့မဆိုထားနှင့်၊ တန်ဖိုး မည်သို့မျှ မရှိချေ။ မိမိ၏ ဘဝအပေါ် ရှုမြင်ပုံသည် လောကတွင် သင်ရှင်သန်နေထိုင်ဖို့ရန် အမှီပြုသည့်အရာ၊ သင် မည်သည့်အရာအတွက် အသက်ရှင်သည် နှင့် သင် အသက်ရှင်သည့်ပုံတို့အကြောင်း ဖြစ်ပြီး ဤအရာများအားလုံးသည် လူသား သဘာဝ၏ အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်းမှတစ်ဆင့် လူများအားလုံးသည် ဘုရားသခင်ကို ခုခံနေကြကြောင်း သင် တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများသာ ဖြစ်ကြပြီး အမှန်တကယ် ကောင်းသောလူဟူ၍ မရှိပေ။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်း အားဖြင့်သာလျှင် သင်သည် လူ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်သာရတို့ကို အမှန်တကယ် သိရှိနိုင်ပြီး လူတို့ အမှန်တကယ် သက်ဆိုင်သည့်အရာ၊ လူတို့ အမှန်တကယ် ချို့တဲ့သည့်အရာ၊ ၎င်းတို့ ပြင်ဆင်ထားသင့်သည့်အရာနှင့် လူသားပုံသဏ္ဌာန်တစ်ခု၌ မည်သို့ အသက်ရှင်သင့်သည်တို့ကို နားလည်နိုင်ပေသည်။ လူတစ်ဦး၏ သဘာဝကို အမှန်တကယ် စိတ်ဖြာလေ့လာခြင်းသည် မလွယ်ကူသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း သို့မဟုတ် စစ်မှန်သော အတွေ့အကြုံများ ရှိခြင်း မရှိဘဲနှင့် လုပ်ဆောင်၍မရနိုင်ပေ။

နွေဦးရာသီ၊ ၁၉၉၉

အရှေ့သို့- ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

နောက်တစ်ခုသို့- လူ့သဘာဝကို သိရှိရန် နည်းလမ်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။