ဘုရားသခင်အတွက် တောင့်တခြင်း
၁
ဘုရားသခင် ထွက်ခွာသည်ကို ကြည့်ရင်း၊ ကျွန်ုပ်၏ နှလုံးသား ကြေကွဲ။
အတိတ်က အခိုက်အတန့်များ ကျွန်ုပ်၏ စိတ်ထဲ ပြန်ပေါ်လာ၊ ဘုရားသခင်၏ သွန်သင်မှုက ကျွန်ုပ်၏ နားထဲ ပဲ့တင်ထပ်ပေ။
ဝမ်းမနည်းနှင့်၊ စိတ်မပျက်နှင့်။
ကျွန်ုပ်တို့ ခွဲခွာရသည့်အခိုက်တွင်၊ ကျွန်ုပ်ရင်ဖွင့်ချင်သည့် စကားများစွာ စိတ်နှလုံးထဲ ရှိပေ။
အို ဘုရားသခင်။ အို ဘုရားသခင်။ ချစ်ဖွယ်သော ဘုရားသခင်။
မည်သည့်အချိန်တွင် ကျွန်ုပ်တို့ တစ်ဖန် တွေ့ဆုံကြမည်နည်း၊ မည်သည့်အချိန်တွင် ကိုယ်တော်၏ သွန်သင်မှုများကို နောက်တစ်ဖန် ကျွန်ုပ်တို့ ကြားမည်နည်း။
၂
ဘုရားသခင်ကို ကျွန်ုပ် လွမ်းဆွတ်တသမိ၊ ကျွန်ုပ်၏ နှလုံးသား နောင်တရပေ။
များလှစွာသော အပြစ်များက ထေမိစေဖို့ ခက်ခဲပေ၊ အကြွေးတစ်ခုက ကျွန်ုပ်၏ နှလုံးသားထဲ ကျန်ရစ်ခဲ့။
ဘုရားသခင်၏ နှုတ်ကပတ်တော်များက တရားစီရင်ပြီး၊ ကျွန်ုပ်ကို ဖြေသိမ့်သည်။
ကျွန်ုပ်ကို အဖန်ဖန် သူ တိုက်တွန်းအားပေးကာ စိတ်ရှည်စွာ ကျွန်ုပ်ကို သွန်သင်သည်။ ခြေလှမ်းတိုင်း ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို လမ်းပြ။
အို ဘုရားသခင်။ အို ဘုရားသခင်။ ချစ်ဖွယ်သော ဘုရားသခင်။
ကိုယ်တော်ကို ကျွန်ုပ်တို့၏ နှလုံးသားများ တမ်းတကြပေ၊ ကိုယ်တော်၏ လူပုံအလယ် ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ ကြိုဆို။
၃
ဘုရားသခင်ကို တမ်းတရင်း၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ကျွန်ုပ်လွမ်းဆွတ်တသ။
ကြီးမားသည့် အခက်အခဲနှင့် ဘေးရန်တစ်လျှောက် ဘုရားသခင်နှင့်အတူ ကျွန်ုပ် လျှောက်လှမ်းပေ။ အန္တရာယ်ထဲတွင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို သာ၍နက်ရှိုင်းစွာ ကျွန်ုပ် ခံစားရ။
အရှက်ရခြင်းနှင့် မျက်ရည်များ၊ ထိခိုက်ခြင်းနှင့် နာကျင်မှု။
အခက်အခဲများနှင့် စစ်ဆေးမှုများအလယ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်နှင့်အတူရှိပေ။ ကျွန်ုပ်၏ သက်သေခံခြင်းတွင် ခိုင်မာစွာ ရပ်တည်ကာ စာတန်အပေါ် ကျွန်ုပ် အောင်ပွဲခံပေ။
အို ဘုရားသခင်။ အို ဘုရားသခင်။ ချစ်ဖွယ်သော ဘုရားသခင်။
ကျွန်ုပ်တို့အပေါ် ကိုယ်တော် အမြဲ စောင့်ရှောက်ပါစေ၊ သို့ဖြစ်လျှင် ကိုယ်တော်၏ ချစ်ခြင်း ထွေးပွေ့မှုထဲတွင် ကျွန်ုပ်တို့ အသက်ရှင်ကြလိမ့်မည်။
၄
အဆုံးမရှိ ဝေမျှခဲ့သည့် အတိတ်က အချိန်များကို ကျွန်ုပ် ပြောဆိုနိုင်ပေ။
သို့သော် ကျွန်ုပ် မျက်လုံးများက မျက်ရည်များ ပြည့်ကာ ကျွန်ုပ် စကားလုံးမဲ့ပေ။ ဘုရားသခင်၏ တိုက်တွန်းခွန်အားပေးခြင်းတို့က ကျွန်ုပ်၏ နှလုံးသားထဲတွင် အောက်မေ့ခဲ့ရပေ။
ကမ္ဘာမြေကြီး၏ ရေမြေဆုံးတိုင် ကျွန်ုပ် သွားသည်။
ခရီးက မည်မျှခက်ခဲကြမ်းတမ်းပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ပြည့်စုံစေခြင်းတွင် ကျွန်ုပ် သွေဖည်သွားမည် မဟုတ်။
အို ဘုရားသခင်။ အို ဘုရားသခင်။ ချစ်ဖွယ်သော ဘုရားသခင်။
ကိုယ်တော်သည် ထာဝရ ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပေ၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ထာဝရ ချစ်ကာ ကိုယ်တော်နှင့် ကျွန်ုပ်တို့ သက်ဆိုင်မည်။