ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

လူအများစု၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆိုင်သည့် အနှစ်သာရသည် ဘာသာရေးဆိုင်ရာ ခံယူချက် ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ၊ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် တောင့်တခြင်း၊ သို့မဟုတ် ကြည်ညိုခြင်း မရှိနိုင်ကြဘဲ၊ သူ့နောက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်နိုင်ကြသည်။ သူတို့သည် ဘုရားသခင်၏နောက်သို့ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ကြသည်။ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ချစ်သောသူကမူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ကပ်ဘေးဒုက္ခကို ကြောက်ကြသောကြောင့်သာလျှင်၊ ဘုရားသခင်ကို “ရိုသေလေးမြတ်ကြခြင်း” ဖြစ်သည်၊ သို့တည်းမဟုတ် ဘုရားသခင်သည် မြင့််မားပြီး တန်ခိုးကြီးသောကြောင့် ဘုရားသခင်ကို “လေးစားကြခြင်း” ဖြစ်သည်- သို့သော် သူတို့၏ ရိုသေလေးမြတ်မှုနှင့် သဘောကျ လေးစားမှုတွင် ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် စစ်မှန်သော တောင့်တမှုတို့ မပါပေ။ သူတို့သည် သမ္မာတရား၏ အသေးအဖွဲ အချက်အလက်များ၊ သို့မဟုတ် အရေးမပါသည့် နက်နဲမှုများကို သူတို့၏ အတွေ့အကြုံများ၌ ရှာဖွေကြသည်။ လူအများစုသည် ရှုပ်ထွေးပွေလီလှသော အခြေအနေများတွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို အမြတ်ထုတ်ရန်ကြိုးစားလျက် ဘုရားသခင်နောက်သို့ လိုက်သည်ဆိုရုံသာ လိုက်ကြသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရန်အတွက် သမ္မာတရားကို သူတို့မရှာဖွေကြသကဲ့သို့ ဘုရားသခင်ကိုလည်း အမှန်တကယ် မနာခံကြချေ။ ဘုရားသခင်ကို ယုံကြည်ကြသောသူ အားလုံးတို့၏ အသက်တာသည် အဓိပ္ပာယ်မဲ့ကြသည်၊ တန်ဖိုးလည်း မရှိပေ၊ ပြီးလျှင် ယင်း၌ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ထည့်တွက်စဉ်းစားမှုများနှင့် လိုက်စားမှုတို့သာ ရှိသည်။ သူတို့သည် ဘုရားသခင်ကို ချစ်ရန်အတွက် သူ့ကို ယုံကြည်ကြခြင်း မဟုတ်ဘဲ၊ ကောင်းချီး ပေးခံရရန်အတွက် သာလျှင် ယုံကြည်ကြသည်။ များစွာသောသူတို့သည် သူတို့ စိတ်တိုင်းကျ လုပ်ဆောင်ကြသည်။ သူတိုလုပ်ချင်သည့် အရာကို လုပ်ကြပြီး ဘုရားသခင်၏ အကျိုးစီးပွားအတွက် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိ၊ သို့မဟုတ် သူတို့လုပ်သည့် အရာများသည် ဘုရားသခင်၏ အလိုတော်နှင့် ညီ မညီကို တစ်ခါမျှ စဉ်းစားခြင်း မရှိပေ။ ထိုသို့သောသူများသည် ဘုရားသခင်ကိုချစ်ရန် မဆိုနှင့် စစ်မှန်သော ယုံကြည်ခြင်း ကိုပင် မရနိုင်ပေ။ ဘုရားသခင်၏အနှစ်သာရသည် လူသားယုံကြည်ရုံ အတွက်သာ မဟုတ်ပေ။ လူသား ချစ်ခင်ရန်အတွက်လည်း ဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊ ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို သူ၏အလုပ်တွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခံစားသည့်အခါမှသာလျှင်၊ သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သိနိုင်ကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သူတို့ သတိထားမိနိုင်မည် ဖြစ်သည်။ ၎င်းကို လက်တွေ့ဘဝတွင် စောင့်ကြည့်လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို သိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊ သို့ရာတွင် သူနှင့်အမှန်တကယ် ထိတွေ့ဆက်ဆံမှုမရှိဘဲ၊ လူတို့သည် ထိုအရာကို သိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိ မခံယူခဲ့ပါက၊ လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မထိတွေ့မဆက်ဆံနိုင်ပါက၊ ဘုရားသခင်၏ အလုပ်ကိုလည်း တွေ့ကြုံနိုင်ကြမည် မဟုတ်ချေ။ သို့ဖြစ်လျှင် ဘုရားသခင်အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာ သည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အမြားဖြင့် စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းသည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းလောက် မစစ်မှန်ပေ၊ အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏အသိဉာဏ်သည် သူတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်သည့်အရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက်၊ သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက် ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်နိုင်ကြသည်၊ ပြီးလျှင် သူ၏လက်တွေ့ကျပြီး သာမန်ဖြစ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သော အရာအားလုံးကို တွေ့နိုင်ကြသည်၊ ဤအရာများ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် အသိထက် အဆထောင်ပေါင်းများစွာ ပို၍စစ်မှန်သည်။ လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ၊ ထိုချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိဘဲ၊ ယင်းသည် လူသားတို့၏ ထင်မြင်ချက်များဖြင့်သာ ပြည့်နေသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သူတို့၏ချစ်ခြင်းမှာ မည်မျှပင်သေးငယ်စေကာမူ ဤချစ်ခြင်းသည် စစ်မှန်ပေသည်။ စိုးစဉ်းမျှသာ ဖြစ်နေလျှင်ပင်၊ ယင်းသည် စစ်မှန်ဆဲဖြစ်ပေသည်။ ဘုရားသခင်သည် စစ်မှန်သော အလုပ်မှတစ်ဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး ဤအသိမှတစ်ဆင့် လူတို့၏ချစ်ခြင်းမေတ္တာကို သူရယူသည်။ ယင်းမှာ ပေတရုကဲ့သို့ပင်ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ အသက်မရှင်ခဲ့လျှင်၊ ယေရှုကို သူ ကြည်ညိုရန် ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့အတူ ယေရှုအပေါ်ထားသော သူ၏ သစ္စာစောင့်သိမှုသည်လည်း ယေရှုနှင့် သူ၏ထိတွေ့ဆက်ဆံမှုအပေါ်တွင် တည်ဆောက် ထားခဲ့သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ အလယ်သို့ ကြွဆင်းလာပြီး လူတို့နှင့်အတူ နေထိုင်၏၊ ပြီးလျှင် ဘုရားသခင်က လူတို့ကို မြင်တွေ့စေသည့် တွေ့ကြုံခံစားစေသည့် အရာအားလုံးသည် ဘုရားသခင်၏ စစ်မှန်မှုပင် ဖြစ်သည်။

ဘုရားသခင်သည် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် လက်တွေ့အရှိတရားနှင့် အချက်အလက်များ ရောက်ရှိလာခြင်းကို အသုံးပြု၏။ လူတို့ကို ဘုရားသခင် စုံလင်စေခြင်း၏ တစ်စိတ်တစ်ပိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖြည့်ဆည်းပေးပြီး ဤသည်မှာ လမ်းပြခြင်းအပြင် လမ်းကြောင်းဖွင့်ပေးခြင်းနှင့်ဆိုင်သည့် အမှု ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထဲတွင် သင့်အနေဖြင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် ရူပါရုံများနှင့် ပတ်သက်သော အသိပညာကို ရှာဖွေရမည်။ ဤအရာတို့ကို နားလည်ခြင်းအားဖြင့် လူသည် သူ၏အမှန်တကယ် လက်တွေ့လုပ်ဆောင်မှု၌ လမ်းကြောင်းနှင့် ရူပါရုံများ ရှိလာမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဉာဏ်အလင်းရလာနိုင်မည် ဖြစ်သည်။ ဤအရာတို့သည် ဘုရားသခင်ထံမှ လာသည်ဟု နားလည်နိုင်၍ များစွာကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလာလိမ့်မည်။ နားလည်ပြီးသည့်နောက်တွင် လူတို့သည် ဤလက်တွေ့အရှိတရားထဲသို့ ချက်ချင်းဝင်ရောက်ရမည် ဖြစ်ပြီး သူတို့၏လက်တွေ့ဘဝတွင် ဘုရားသခင်ကို စိတ်ကျေနပ်အောင် ပြုရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရမည်။ ဘုရားသခင်သည် အရာရာ၌ သင့်ကို လမ်းပြပေးမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို သင့်အားပေးကာ၊ သူသည် အထူးတလည် ချစ်ခင်နှစ်သက်ဖွယ် ကောင်းသည်ဟု သင့်အား ခံစားလာစေမည်ဖြစ်၏၊ ပြီးလျှင် သင့်ထဲ၌ ဘုရားအမှု၏ အဆင့်တိုင်းသည် သင့်အား စုံလင်အောင် ပြုလုပ်ပေးရန် ရည်ရွယ်ကြောင်း သင့်ကို သိမြင်ခွင့် ပေးလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့လိုပါက၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံလိုပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရမည်၊ စစ်မှန်သော ဘဝအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ဘုရားသခင် ပြုသမျှသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ ဖြစ်ကြောင်း၊ သူပြုသမျှသည် မသန့်ရှင်းသည့် အရာများကို လူတို့ချန်ထားခဲ့နိုင်ရန် သူတို့ကို အထောက်အကူပေးဖို့ ဖြစ်ကြောင်း၊ ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သော လူတို့အတွင်းရှိ အရာများကို စစ်ဆေးဖို့ဖြစ်ကြောင်း သင့်အနေဖြင့် မြင်ရမည်။ ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြု၏။ လူသားတို့ ကြုံတွေ့ ခံစားရန်အတွက် လက်တွေ့ဘဝနှင့် ဆိုင်သည့် အခြေအနေများကို သူ စီစဉ်ပေးသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို စားသောက်ပါက၊ သူတို့အနေဖြင့် ထိုအရာများကို အကယ်စင်စစ် လက်တွေ့လုပ်ဆောင်သောအခါ၊ သူတို့၏ အသက်တာများထဲမှ အခက်အခဲအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အများအပြားကို အသုံးပြုကာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ရန်အတွက် သင့်ထံ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိနေရမည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းလည်း မရှိ၊ သင့်ထံ၌ ဘုရားသခင်၏ အမှုလည်း မရှိပါက၊ သင်၏လက်တွေ့ဘဝတွင် မည်သည့် လမ်းကြောင်းမျှ ရှိမည်မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ခါမျှ မစားမသောက်ပါက၊ တစ်စုံတစ်ခု ဖြစ်လာသောအချိန်တွင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်လိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သင့်သည်ကိုသာ သင်သိသည်၊ သို့သော် သင်သည် မည်သည့်ပိုင်းခြားခြင်းကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိ၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းလည်း သင်၌ မရှိပေ။ သင်သည် မရေမရာနှင့် စိတ်ရှုပ်ထွေးနေပြီး ဇာတိပကတိကို ဖြည့်ဆည်းခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း ဖြစ်သည်ဟုပင် တစ်ခါတစ်ရံတွင် သင်ယုံကြည်၏— ဤအရာအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အကူအညီမပါဘဲ၊ လက်တွေ့အရှိတရားအတွင်းတွင်သာ စမ်းတဝါးဝါး ရှာဖွေနေပါက၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို အခြေခံအားဖြင့် သင်ရှာဖွေနိုင်စွမ်းမရှိပေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ချစ်ခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကို နားလည်ရန်ဝေးစွ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကိုပင် အကယ်နားမလည်ကြပေ။ အကယ်၍ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို အသုံးပြုပြီး မကြာခဏ ဆုတောင်းခြင်း၊ စူးစမ်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ပြုလုပ်ကာ၊ ဤအရာမှတစ်ဆင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို တွေ့ရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အတွက် အခွင့်အရေးများကို ရှာဖွေ၍ ဘုရားသခင်နှင့် စစ်မှန်စွာ ပူးပေါင်းလျက် မရေမရာလည်းမဖြစ် စိတ်လည်း ရှုပ်ထွေးမနေတော့လျှင်၊ သင်သည် လက်တွေ့ဘဝတွင် လမ်းကြောင်းတစ်ခုကို ရရှိကာ ဘုရားသခင်ကို အမှန်တကယ် စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်အောင် သင်ပြုလုပ်ပြီးသောအခါ၊ သင့်အထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှု ရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အထူးတလည် ကောင်းချီးပေးခြင်းကို ခံရမည်ဖြစ်ကာ ထိုအရာက သင့်ကို ပျော်ရွှင်ခြင်း အသိစိတ်တစ်ခု ပေးမည်ဖြစ်သည်- ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည်ကို သင်သည် အထူးဂုဏ်ယူမိပြီး၊ စိတ်ထဲတွင် အထူးသဖြင့် ကြည်လင်ရွှင်ပျကာ သင်၏ စိတ်နှလုံးထဲတွင် ရှင်းလင်း၍ ငြိမ်သက်လာမည် ဖြစ်သည်။ သင်၏ အသိစိတ်သည် နှစ်သိမ့်မှုကို ခံစားရကာ အပြစ်တင်ခြင်းများနှင့် ကင်းဝေး၍ သင်၏ ညီအစ်ကို မောင်နှမများကို တွေ့ရသည့်အချိန်တွင် သင့်စိတ်ထဲ၌ သာယာပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ထိုသို့ခံစားရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ခြင်း ဖြစ်ပြီး၊ ထိုသို့ခံစားရခြင်းသည်သာလျှင် ဘုရားသခင်၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့၏မွေ့လျော်ခြင်းသည် တွေ့ကြုံခံစားမှုမှတစ်ဆင့် ရရှိနိုင်သည်။ အခက်အခဲနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို တွေ့ကြုံခံစားခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိကြသည်။ အကယ်၍ သင်သည် ဘုရားသခင်က သင့်အား အမှန်တကယ် ချစ်ကြောင်း၊ ဘုရားသခင်သည် လူတို့အတွက် ကြီးလေးသော အဖိုးအခကို ဧကန်အမှန် ပေးခဲ့ကြောင်း၊ ဘုရားသခင်သည် မြောက်မြားစွာသော နှုတ်ကပတ်တော်တို့ကို စိတ်ရှည်စွာ၊ ကြင်နာစွာဖြင့် ပြောကြားခဲ့ပြီး လူတို့ကို အမြဲတမ်း ကယ်တင်ကြောင်းကိုသာ ပြောရုံသာ ပြောပါက၊ ဤစကားများကို သင်ပြောဆိုခြင်းသည် ဘုရားသခင်၌ မွေ့လျော်ခြင်း၏ ဘက်တစ်ဖက်သာ ဖြစ်သည်။ သို့သော်လည်း ပို၍ ကြီးမားသော ပျော်ရွှင်မှု- စစ်မှန်သော ပျော်ရွှင်မှုမှာ- လူသားတို့အနေဖြင့် သူတို့၏ လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အချိန်၌ ဖြစ်၏၊ ထို့နောက်တွင် သူတို့၏ နှလုံးသားထဲ၌ ငြိမ်သက်ခြင်းနှင့် ရှင်းလင်းမှုကို ခံစားကြရ၏။ သူတို့သည် အတွင်း၌ ကြီးစွာ စိတ်ထိတွေ့လှုပ်ရှားပြီး ဘုရားသခင်သည် ချစ်ခင်နှစ်သက်ဖွယ် အကောင်းဆုံးဖြစ်သည်ဟု ခံစားရသည်။ သင်ပေးခဲ့သော အဖိုးအခသည် ပေးဆပ်ထိုက်သည်ထက် ပိုများသည်ဟု သင်ခံစားရလိမ့်မည်။ သင့်ကြိုးစားအားထုတ်မှု၌ ကြီးမားသော အဖိုးအခကို ပေးထားပြီးဖြစ်ရာ သင့်စိတ်ထဲတွင် အထူးအားတက်လာလိမ့်မည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေသည်ဟု ခံစားလာရပြီး ဘုရားသခင်သည် လူတို့အထဲတွင် ကယ်တင်ခြင်းအမှုအား လုပ်ဆောင်ပြီး ဖြစ်ကြောင်း၊ ဘုရားသခင်က လူသားများကို စစ်ဆေးခြင်းသည် သူတို့ကို သန့်စင်ရန်ဖြစ်ကြောင်း နှင့် ၎င်းတို့က သူ့အား အမှန်တကယ် ချစ် မချစ်ကို စမ်းသပ်ရန် ဘုရားသခင်က စစ်ကြောခြင်းဖြစ်ကြောင်းတို့ကို သင် နားလည်လာလိမ့်မည်။ သင်သည် သမ္မာတရားကို ဤသို့ အမြဲပင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏ အမှု များစွာနှင့်ပတ်သက်သည့် ရှင်းလင်းသော အသိတစ်ခုကို တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး၊ ထိုအချိန်တွင် သင့်ရှေ့၌ရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖန်သားတမျှ ရှင်းလင်းပြတ်သားသည်ဟု ခံစားလာရလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားများစွာကို ရှင်းလင်းစွာ နားလည်နိုင်ပါက၊ ကိစ္စအားလုံးသည် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူကြောင်း၊ ပြဿနာတိုင်းကို အောင်မြင်ကျော်လွှားနိုင်ကာ မည်သည့် စုံစမ်းသွေးဆောင်မှုကိုမဆို အနိုင်ယူနိုင်ကြောင်း ခံစားလာရမည်ဖြစ်ပြီး၊ မည်သည့်ကိစ္စကမျှ သင့်အတွက် ပြဿနာ မဟုတ်ကြောင်း သိမြင်လာမည်၊ ထိုသို့ခံစားသိမြင်ခြင်းက သင့်အား ကြီးစွာ လွတ်လပ်စေပြီး လွတ်မြောက်စေလိမ့်မည်။ ဤအချိန်၌ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်နေလိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် သင့်အပေါ်သို့ သက်ရောက်ပြီး ဖြစ်လိမ့်မည်။ သမ္မာတရား၊ အသိဉာဏ်နှင့် ရူပါရုံများရှိပြီး သူ့ကို အမှန်တကယ်ချစ်သောသူများကို ဘုရားသခင်သည် ကောင်းချီးပေး၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရန် ဆန္ဒရှိပါက၊ သူတို့အနေဖြင့် လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဝေဒနာကို တောင့်ခံလိုစိတ် ရှိရမည်ဖြစ်ပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် သူတို့ချစ်သော အရာများကို စွန့်လွှတ်ရမည်။ ထို့အပြင် သူတို့မျက်လုံးထဲတွင် မျက်ရည်များ ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်နှလုံးကျေနပ်စေရန်အတွက် ပြုလုပ်နိုင်ကြရမည်။ ထိုသို့ပြုလျှင် ဘုရားသခင်သည် သင့်အား အမှန်တကယ် ကောင်းချီးပေးမည်ဖြစ်သည်။ ထိုသို့သော အခက်အခဲကို သင်သည်းခံနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကလည်း နောက်မှ လိုက်လာလိမ့်မည်။ လက်တွေ့ဘဝအားဖြင့် သော်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းအားဖြင့် သော်လည်းကောင်း၊ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို မြင်နိုင်စွမ်းရှိကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းကြည့်ဖူးမှသာလျှင် သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်ကြမည် ဖြစ်သည်။

ဘုရားသခင်ကို ချစ်သောသူတို့သည် သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ၊ သမ္မာတရားကို ပို၍ရှိလေလေဖြစ်သည်။ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်လေလေ၊ ဘုရားသခင်၏ ချစ်ခြင်းပို၍ ရှိလေလေဖြစ်သည်။ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်လေလေ၊ ဘုရားသခင်၏ ကောင်းချီးများကို ခံရလေလေဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ သင့်အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပေတရုက ဘုရားသခင်ကို သိကျွမ်းလာခဲ့သည့်နည်းတူ သင့်အား တဖြည်းဖြည်း တွေ့မြင်စေလိမ့်မည်- ဘုရားသခင်၌ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသော ဉာဏ်ပညာ ရှိရုံမျှသာမကဘဲ၊ ထို့အပြင် လူတို့ထဲတွင် စစ်မှန်သော အမှုကို ပြုနိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ပေတရုက ပြောခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက၊ ထို့အပြင် လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို စုံလင်အောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော သူ့အစွမ်းတို့ကြောင့်လည်း လူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်ဟု ပေတရုက ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာရှိသည်ဟုလည်း ပြောခဲ့၏။ “လူတို့၏ချစ်ခြင်းကို ကိုယ်တော်ခံထိုက်သည့် အကြောင်းရင်းမှာ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခြင်းကြောင့်သာ ဖြစ်ပါသလော။ ကိုယ်တော်ထံတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အရာများစွာရှိပါ၏။ ကိုယ်တော်သည် လက်တွေ့ဘဝတွင် ပြုမူလုပ်ဆောင်ပြီး လှုပ်ရှား သွားလာတော်မူသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား အတွင်း၌ တို့ထိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်တင်ကာ ဆုံးမတော်မူသည်— ဤအရာများက လူတို့၏ချစ်ခြင်းကို သာ၍ခံထိုက်ပါ၏။” ဟု ပေတရုက ယေရှုကို ပြောခဲ့သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့ကာ ကြုံတွေ့ခံစားလိုသည့်ဆန္ဒ ရှိပါက၊ သင့်အနေဖြင့် လက်တွေ့ဘဝကို စူးစမ်းစစ်ဆေးကာ လက်တွေ့ဘဝ၌ ရှာဖွေရမည်ဖြစ်ပြီး သင့်ကိုယ်ပိုင် ဇာတိပကတိကို ဘေးသို့ ဖယ်ထားရန် လိုလားနေရမည်။ သင်သည် ထိုသန္နိဌာန်ကို ချရမည်။ သင်သည် ပျင်းရိခြင်း၊ သို့မဟုတ် ဇာတိပကတိကို မွေ့လျော်ခြင်းများကို တပ်မက်ခြင်း မရှိဘဲ၊ ဇာတိပကတိအတွက် အသက်ရှင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်အတွက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားသောသူ၊ အရာရာ၌ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်သောသူ ဖြစ်ရမည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးသည့် အချိန်များ ရှိနိုင်သည်။ ထိုသို့ဖြစ်သည်မှာ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် လုံ့လထုတ်ရန် ပိုလိုအပ်မည် ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်ကျေနပ်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ဇာတိခန္ဓာကျေနပ်အောင် မပြုလုပ်ရ။ ဤသို့ သင်တွေ့ကြုံသောအခါ၊ သင်သည် ဘုရားသခင်ကို သိရှိလာပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ကြောင်း၊ လူတို့သည် သူ့ကို အမှန်တကယ် မြင်နိုင်ရန်၊ သူနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စေရန်အတွက် ဘုရားသခင်သည် လူ့ဇာတိခံခဲ့ကြောင်း သင်မြင်လိမ့်မည်ဖြစ်သည်။ ထို့ပြင် လူတို့အလယ်တွင် သူသွားလာနိုင်စွမ်းရှိကြောင်း၊ သူ၏ဝိညာဉ်တော်သည် သူ၏ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို လူတို့အား တွေ့မြင်ခွင့်ပေးကာ သူ၏ဆုံးမပဲ့ပြင်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် ကောင်းချီးမင်္ဂလာများကို လူတို့အား ကြုံတွေ့ခံစားခွင့်ပေးလျက်၊ လက်တွေ့ဘဝတွင် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးနိုင်ကြောင်းကို သင်တွေ့မြင်လိမ့်မည်။ ဤသို့ အမြဲတမ်း တွေ့ကြုံခံစားရလျှင်၊ လက်တွေ့ဘဝတွင် သင်သည် ဘုရားသခင်နှင့် ခွဲခွာ၍ရမည် မဟုတ်ပေ၊ ပြီးလျှင် အကယ်၍ တစ်နေ့တွင် ဘုရားသခင်နှင့် သင့်ကြားရှိ ဆက်ဆံရေးသည် ပုံမှန်အတိုင်း မဟုတ်တော့လျှင်၊ သင်သည် ပြစ်တင်ရှုတ်ချမှုကို ခံနိုင်စွမ်းနှင့်နောင်တရနိုင်စွမ်းလည်း ရှိလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိချိန်တွင် ဘုရားသခင်အား လုံးဝ စွန့်ခွာလိုစိတ် ရှိမည်မဟုတ်။ အကယ်၍ တစ်နေ့ ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည်ဟု ပြောလျှင်၊ သင်သည် ကြောက်ရွံ့ကာ ဘုရားသခင် ထားခဲ့ခြင်းကို ခံရမည်ထက် အသေခံလိုက်မည်ဟု ပြောလိမ့်မည်။ ဤသို့သော စိတ်ခံစားချက်များ ရှိသည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို စွန့်ခွာနိုင်စွမ်းမရှိဟု ခံစားလာရမည်ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလာကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်လာနိုင်မည် ဖြစ်သည်။

လူတို့သည် ဘုရားသခင်အား သူတို့အသက်ဖြစ်စေမည့် အကြောင်းကို မကြာမကြာ ပြောကြသော်လည်း၊ သူတို့၏ တွေ့ကြုံခံစားမှုကမူ ထိုအဆင့်ကို မရောက်သေးပေ။ ဘုရားသခင်သည် သင်၏အသက်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သင့်ကို နေ့စဉ်လမ်းပြကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် နေ့စဉ် စားသောက်ကြောင်း၊ သူ့ထံ သင် နေ့စဉ်ဆုတောင်းကြောင်း၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ အသက် ဖြစ်လာကြောင်း သင်ပြောနေခြင်းမျှသာ ဖြစ်သည်။ ထိုသို့ပြောသူများ၏ အသိဉာဏ်သည် အတော်ပင် အပေါ်ယံကျ၏။ လူအများစုတွင် အခြေခံအုတ်မြစ် မရှိကြပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူတို့ထဲတွင် နေရာယူပြီးဖြစ်သော်လည်း၊ အသီးသီးရန် မပြောနှင့် အညှောက်ပင် မပေါက်သေးပေ။ ယနေ့ သင်သည် မည်သည့် အတိုင်းအတာအထိ တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သနည်း။ ဘုရားသခင်သည် သင့်အား လက်ရှိနေရာအထိရောက်အောင် တွန်းပို့ခဲ့ပြီးနောက် ယခုမှသာ သင်သည် ဘုရားသခင်ကို မစွန့်ခွာနိုင်ဟု ခံစားရသည်။ တစ်နေ့ သင်သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားခဲ့ပြီးသောအခါ၊ ဘုရားသခင်သည် သင့်အား ထွက်ခွာသွားခိုင်းလျှင် သင်ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။ သင့်အထဲတွင် ဘုရားသခင်မရှိဘဲ သင်မနေနိုင်ဟု အမြဲခံစားနေရမည်။ လင်ယောက်ျား၊ ဇနီးမယား၊ သို့မဟုတ် သားသမီးများ မရှိဘဲ၊ မိသားစုမရှိဘဲ၊ အမေ၊ သို့မဟုတ် အဖေ မရှိဘဲ၊ ဇာတိပကတိ၏ ပျော်မွေ့မှုများ မရှိဘဲ သင်နေနိုင်သော်လည်း၊ ဘုရားသခင် မရှိဘဲနှင့် သင်နေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်မရှိခြင်းသည် သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်း နှင့် တူလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်မရှိဘဲ သင်နေနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအဆင့်ထိ တွေ့ကြုံခံစားပြီး သောအခါ၊ ဘုရားသခင် အပေါ်ထားသော သင့်ယုံကြည်ခြင်း၌ အောင်မြင်မှုကို ရရှိနေပြီး ဖြစ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင့်အသက် ဖြစ်လာကာ သင့်တည်ရှိမှု၏ အခြေခံအုတ်မြစ် ဖြစ်လာပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ဘယ်သောအခါမျှ ထပ်မံစွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ တွေ့ကြုံခံစားပြီးသောအခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေပြီးဖြစ်လိမ့်မည်။ ထို့အပြင် သင်သည် ဘုရားသခင်နှင့် အတော်အတန် ရင်းနှီးသွားသောအခါ၊ ဘုရားသခင်သည် သင်၏အသက်၊ သင်၏အချစ် ဖြစ်လာလိမ့်မည်၊ ထိုအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အိုး ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်မစွန့်ခွာနိုင်ပါ။ ကိုယ်တော်သည် ကျွန်ုပ်၏အသက် ဖြစ်ပါ၏။ အခြားအရာအားလုံးမရှိဘဲ ကျွန်ုပ်နေနိုင်ပါ၏၊ သို့သော် ကိုယ်တော်မရှိဘဲ ကျွန်ုပ် အသက်ဆက်မရှင်နိုင်ပါ။” ဟူ၍ ပြောလိမ့်မည်။ ဤသည်မှာ လူသားတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်။ လူအချို့တို့သည် ယနေ့ သူတို့ရှိနေသည့် နေရာအထိ ရောက်အောင် တွန်းပို့ခြင်း ခံခဲ့ရသည်- သူတို့လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ဆက်လုပ်နေရပြီး သူတို့သည် မလူးသာမလွန့်သာ အခြေအနေနှစ်ခုအကြားတွင် သောင်တင်နေသည်ဟု အမြဲတမ်း ခံစားနေကြသည်။ ဘုရားသခင်သည် သင့်အသက် ဖြစ်သည်အထိ၊ ဘုရားသခင်ကို သင့်နှလုံးသားထဲမှ နုတ်ယူသွားမည်ဆိုပါက၊ သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်အထိ သင်တွေ့ကြုံခံစားရမည်။ ဘုရားသခင်သည် သင့်အသက်ဖြစ်ရမည်ဖြစ်ပြီး သင်သည် သူ့ကို စွန့်ခွာရန် မတတ်စွမ်းနိုင်ဘဲ ရှိနေရမည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီးဖြစ်လိမ့်မည်၊ဤအချိန်၌ သင်သည် ဘုရားသခင်ကို ချစ်သောအခါ၊ ဘုရားသခင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးလိမ့်မည် ဖြစ်ကာ သင်၏ချစ်ခြင်းမေတ္တာသည် ပြိုင်စံကင်းပြီး ဖြူစင်သည့်အချစ် ဖြစ်လိမ့်မည်။ တစ်နေ့ သင့်အတွေ့အကြုံများကြောင့် သင်၏အသက်တာသည် အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားသောအခါ၊ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို စားသောက်သောအခါ၊ သင်သည် အတွင်းထဲ၌ ဘုရားသခင်ကို စွန့်ခွာနိုင်မည် မဟုတ်သကဲ့သို့ သင်ဆန္ဒရှိခဲ့လျှင်ပင် သူ့ကို သင် မေ့လျော့နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်အသက်ဖြစ်လာပြီး ဖြစ်လိမ့်မည်၊ သင်သည် လောကကို လည်းကောင်း၊ သင့်ဇနီးမယား၊ သင့်လင်ယောက်ျား၊ သို့မဟုတ် သင့်သားသမီးများကိုလည်းကောင်း မေ့နိုင်သော်လည်း၊ ဘုရားသခင်ကို မေ့လျော့ဖို့ ခက်ခဲလိမ့်မည်— ထိုသို့ပြုလုပ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ သင်၏အသက်အစစ်၊ ဘုရားသခင်အပေါ်၌ထားသော သင်၏ ချစ်ခြင်းမေတ္တာအစစ် ဖြစ်သည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာသည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင်၊ ဘုရားသခင် အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့၏ အခြား မည်သည့် အရာအတွက် ချစ်ခြင်းနှင့်မျှ တန်းတူမဖြစ်တော့ပေ။ ဘုရားသခင်အတွက် သူတို့၏ ချစ်ခြင်းသည် ဦးစားပေးဖြစ်လာပေသည်။ ဤသို့အားဖြင့် သင်သည် အခြား အရာအားလုံးကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပြုပြင်မှုမှန်သမျှကို လက်ခံလိုသည့် ဆန္ဒ ရှိလာလိမ့်မည်။ ဘုရားသခင်အပေါ်ထားသော သင်၏ ချစ်ခြင်းသည် အရာအားလုံးထက် သာလွန်သွားပါက၊ သင်သည် လက်တွေ့အရှိတရားထဲ၌ အသက်ရှင်မည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထဲ၌ အသက်ရှင်မည် ဖြစ်သည်။

ဘုရားသခင်သည် လူတို့၏အတွင်း၌ အသက်ဖြစ် လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် ဘုရားသခင်ကို မစွန့်ခွာနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်မဟုတ်လော။ ဤထက် သာ၍ကြီးမြတ်သော သက်သေခံချက် မရှိတော့ချေ။ ဘုရားသခင်သည် အဆင့်တစ်နေရာအထိ အလုပ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လူတို့ကို အစေခံရန်၊ ပြစ်တင်ဆုံးမခြင်းခံရန်၊ သို့မဟုတ် အသေခံရန် သူပြောခဲ့သည်။ လူတို့သည်လည်း နောက်ပြန်မဆုတ်ခဲ့ကြပေ၊ ယင်းက ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခဲ့ပြီးကြောင်း ပြသနေသည်။ သမ္မာတရား ရှိသောသူများသည် သူတို့၏ လက်တွေ့အတွေ့အကြုံများတွင် နောက်သို့ ပြန်ဆုတ်ခြင်း အလျှင်းမရှိဘဲ၊ သူတို့၏ သက်သေခံချက်များ၌ ခိုင်မာစွာ ရပ်တည်နိုင်သောသူများ၊ သူတို့၏နေရာ၌ ခိုင်မာစွာရပ်တည် နိုင်သောသူများ၊ ဘုရားသခင်ကို သစ္စာရှိနိုင်သော သူများဖြစ်ပြီး ဘုရားသခင်ကို ချစ်သောသူများနှင့် ပုံမှန်ဆက်ဆံရေးရှိသောသူများ၊ တစ်စုံတစ်ခုဖြစ်သောအခါ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်သောသူများ၊ သေသည်အထိ ဘုရားသခင်ကို နာခံနိုင်သောသူများ ဖြစ်ကြ၏။ လက်တွေ့ဘဝတွင် သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် ထုတ်ဖော်မှုတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်အတွက် လူ၏အသက်ရှင်နေထိုင်ခြင်းနှင့် သက်သေခံချက်ဖြစ်၏၊ ထို့ပြင် ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ မွေ့လျော်ခြင်းဖြစ်သည်။ သင်သည် ဤအဆင့်အထိ တွေ့ကြုံခဲ့ပြီးသောအခါ၊ ထိုက်သင့်သော အကျိုးဆက်ကို ရရှိပြီးဖြစ်လိမ့်မည်။ သင်သည် စစ်မှန်သော အသက်ရှင်နေထိုင်မှုကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး သင့်လုပ်ဆောင်ချက်တိုင်းကို အခြားသူများက လေးစား အားကျမှုဖြင့် မော်ကြည့်ကြလိမ့်မည်။ သင်၏အဝတ်အစားနှင့် အပြင်ပန်းရုပ်သွင်သည် ထူးခြားခြင်းမရှိသော်လည်း၊ ဘုရားတရားကို အဆုံးစွန် ကိုင်းရှိုင်းသော အသက်တာကို သင်အသက်ရှင် နေထိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ပြောဆိုသည့် အချိန်တွင်၊ ဘုရားသခင်သည် သင့်အား လမ်းပြကာ ဉာဏ်အလင်းကို ဖွင့်ပေးမည်ဖြစ်သည်။ သင်သည် သင်၏ စကားလုံးများမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို ပြောဆိုနိုင်မည်၊ လက်တွေ့အရှိတရားကိုလည်း ပြောဆိုနိုင်ပြီး ဝိညာဉ်တော် အားဖြင့် အသုံးခံခြင်းအကြောင်းကို များစွာ နားလည်လာလိမ့်မည်။ သင်သည် စကားပြောရာတွင် တဲ့တိုးပြောပြီး သိက္ခာရှိကာ ဖြောင့်မတ်မည်။ ထိပ်တိုက်ရင်ဆိုင်မှု မရှိဘဲ၊ ယဉ်ကျေးသိမ်မွေ့ကာ ဘုရားသခင်၏ အစီအစဉ်များကို နာခံနိုင်ပြီး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက၊ သင်သည် သင့်သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်၊ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းရာတွင် သင်သည် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေမည် ဖြစ်သည်။ ဤသို့သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အချို့သော သူများသည် ငယ်ရွယ်သေးသော်လည်း၊ လူလတ်ပိုင်းတစ်ဦး ကဲ့သို့ ပြုမူကြသည်၊ သူတို့သည် ရင့်ကျက်၍ သမ္မာတရားကို ပိုင်ဆိုင်ကာ အခြားသူများ၏ လေးစားအားကျမှုကို ခံကြရသည်၊ ဤလူများသည် သက်သေခံချက်ရှိသူများဖြစ်ပြီး ဘုရားသခင်၏ သရုပ်သကန် ဖြစ်ကြသည်။ ဆိုလိုသည့်မှာ သူတို့သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားပြီးသောအခါ၊ သူတို့၏စိတ်အတွင်းတွင် ဘုရားသခင်ကို ထိုးထွင်းသိမြင်နိုင်မှု ရှိလာပြီး သူတို့၏အပြင်ပန်း စိတ်သဘောထားသည်လည်း တည်ငြိမ်သွားလိမ့်မည်။ များစွာသော လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့၊ သူတို့၏ သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်ခြင်းလည်း မရှိပေ။ ထိုသို့သောသူများ၌ ဘုရားသခင်အား ချစ်ခြင်းလည်း မရှိ၊ သို့မဟုတ် ဘုရားသခင်ကို သက်သေခံခြင်းလည်း မရှိပေ၊ ပြီးလျှင် ထိုသူတို့သည် ဘုရားသခင် အရွံရှာဆုံးသောသူများ ဖြစ်သည်။ သူတို့သည် ဝတ်ပြုအစည်းအဝေးများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြသော်လည်း၊ သူတို့ အသက်ရှင်နေထိုင်နေသည့်အရာမှာ စာတန်ဖြစ်နေပြီး၊ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်း၊ သွားပုပ်လေလွင့်ပြောခြင်း နှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ထိုကဲ့သို့သော သူတို့တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလက္ခဏာ လုံးဝ မရှိသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မရှိပေ။ ထို့ကြောင့် လူများ၏ စကားများနှင့် လုပ်ရပ်များက စာတန်ကို ကိုယ်စားပြုနေသည်။ အကယ်၍ သင့်နှလုံးသားသည် ဘုရားသခင်၏ရှေ့တွင် အမြဲတမ်း ငြိမ်သက်ခြင်းရှိပြီး သင့်အနီးအနားတွင် ရှိသောသူများနှင့် အရာများ၊ သင့်အနီးအနားတွင် ဖြစ်နေသော အရာများကို သင်အမြဲဂရုပြုနေလျှင်၊ သင်သည် ဘုရားသခင်၏ ဝန်တာကို သင့်စိတ်ထဲတွင် ဂရုပြုကာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသည့် စိတ်နှလုံးအမြဲရှိလျှင်၊ ဘုရားသခင်သည် မကြာခဏဆိုသလိုပင် သင့်အထဲ၌ ဉာဏ်အလင်းကို ဖွင့်ပေးမည် ဖြစ်သည်။ အသင်းတော်ထဲတွင် “ကြီးကြပ်သူများ” ရှိကြသည်။ သူတို့သည် အခြားသူတို့၏ ကျရှုံးခြင်းကို စောင့်ကြည့်ရန် ရည်ရွယ်ထားကြပြီး အတုယူကာ လိုက်လုပ်ကြသည်။ သူတို့၌ ခွဲခြားနိုင်စွမ်း မရှိကြပေ၊ သူတို့သည် အပြစ်ကို မမုန်းကြပေ၊ စာတန်နှင့်ပတ်သက်သည့် အရာများကို စက်ဆုပ်မုန်းတီးခြင်း၊ သို့မဟုတ် ရွံရှာခြင်း မရှိကြပေ။ ထိုကဲ့သို့သော သူများ၌ စာတန်နှင့်ပတ်သက်သော အရာများဖြင့် ပြည့်နေပြီး သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ လုံးဝစွန့်ခွာမှုကို ခံကြရမည် ဖြစ်သည်။ သင့်နှလုံးသားသည် ဘုရားသခင်ရှေ့၌ အမြဲတမ်း ရိုသေလေးမြတ်မှုနှင့် ပြည့်နေသင့်သည်၊ သင်၏စကားများနှင့် လုပ်ရပ်များကို အစွန်းရောက်မှု မရှိအောင် ထိန်းသိမ်းကာ ဘုရားသခင်ကို ဆန့်ကျင်ရန်၊ သို့မဟုတ် စိတ်ပျက်အောင် လုပ်ရန် လုံးဝဆန္ဒမရှိသင့်ပေ။ သင့်အထဲရှိ ဘုရားသခင်၏ လုပ်ဆောင်မှု အလဟဿ ဖြစ်သွားစေရန် သို့မဟုတ် သင်သည်းခံခဲ့သော အခက်အခဲများအားလုံးနှင့် သင် လက်တွေ့လုပ်ဆောင်ခဲ့သောအရာအားလုံးကို အလဟဿ ဖြစ်သွားခွင့် ပြုရန် မလိုလားသင့်ပေ။ သင်သည် ပို၍ကြိုးစားလုပ်ကိုင်ကာ ရှေ့ဆက်လမ်းတွင် ဘုရားသခင်အား ပိုမိုချစ်ရန် လိုလားသင့်သည်။ ထိုလူများသည် ရူပါရုံတစ်ခုကို မိမိတို့၏ အခြေခံအုတ်မြစ်အဖြစ် တည်ထားသူများ ဖြစ်သည်။ ထိုသူတို့သည် တိုးတက်မှုကို ရှာဖွေသောသူများဖြစ်ကြ၏။

အကယ်၍ လူတို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်သည့် နှလုံးသားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားပါက၊ ထိုသို့သောလူများထံ၌ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်သည်။ ထိုလူများသည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြ၏။ သူတို့သည် သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်ကာ၊ သူတို့ သက်သေခံသည့် အရာသည်လည်း သမ္မာတရား၊ ဘုရားသခင်၏ဖြစ်ခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအလယ်တွင် အသက်ရှင်ကြပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက၊ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို မြည်းစမ်းကြည့်ရမည် ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်ကြရမည်။ သို့မှသာ သူတို့အထဲ၌ ဘုရားသခင်ကိုချစ်သော နှလုံးသား၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို သစ္စာရှိစွာ ပေးဆပ်လာအောင် လူတို့ကို စေ့ဆော်ပေးသော နှလုံးသားက နိုးထလာပေမည်။ ဘုရားသခင်သည် သူ့ကို လူတို့ချစ်လာအောင် စကားလုံးများနှင့် အမူအရာများအားဖြင့် မလုပ်ပေ၊ သို့မဟုတ် သူတို့၏ စိတ်ကူးစိတ်သန်းအားဖြင့်လည်း မလုပ်ပေ။ လူတို့အား သူ့ကို အတင်းအဓမ္မလည်း မချစ်ခိုင်းပေ။ ထိုအစား သူသည် လူတို့ကို သူတို့သဘောနှင့်သူတို့ သူ့အား ချစ်လာစေပြီး သူ၏အလုပ်နှင့် မိန့်မြွက်ချက်များတွင် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်စေသည်။ ထို့နောက်တွင် သူတို့အထဲ၌ ဘုရားသခင်ကို ချစ်ခြင်း ပေါက်ဖွားလာသည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားသူများ၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို ချစ်ခြင်း မဟုတ်သကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်သော စိတ်ခံစားမှုဆန္ဒအရ ချစ်ခြင်းလည်း မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သောကြောင့်၊ လူတို့၏ ချစ်ခြင်းမေတ္တာကို ခံထိုက်သည့်အရာ သူ့အထဲ၌ များစွာရှိကြောင်းကို တွေ့မြင်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဉာဏ်ပညာနှင့် အံ့ဖွယ်လုပ်ရပ်များကို တွေ့မြင်ခဲ့သောကြောင့်၊ ဘုရားသခင်ကို ချစ်ကြခြင်းဖြစ်သည်— ရလဒ်အနေဖြင့် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းကာ အမှန်တကယ် တောင့်တကြပြီး သူတို့စိတ်ထဲတွင် ဘုရားသခင်ကို မရလျှင် အသက်မရှင်နိုင်တော့သည့် စိတ်ထက်သန်ပြင်းပြမှု ပေါ်ပေါက်လာသည်။ ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် သူ့အတွက် ထူးကဲသော သက်သေခံချက် ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့အပေါ်တွင် အခြေခံသောကြောင့် ဖြစ်သည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒမဟုတ်ဘဲ၊ ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိခြင်းအပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည် ဖြစ်ပြီး ဘုရားသခင်ကို တမ်းတသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏လက်တွေ့ကျမှုတို့ကို သိရမည်ဟု သူတို့ ခံစားကြရသည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များဖြစ်သည်။ ယင်းမှာ မှန်ကန်မှုရှိပြီး စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးတို့ရှိ၏။ ထိုသက်သေခံချက်များသည် တက်ကြွမှုမရှိသော၊ သို့မဟုတ် အနှစ်သာရမရှိဘဲ အဓိပ္ပာယ်ကင်းမဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည်သာ သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြ၏။ ဘုရားသခင်ကို သူတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏အမှုနှင့် စီမံခန့်ခွဲမှု အတွက် အသက်ရှင် နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ၊ အလင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင်ကောင်းချီးပေးသော အသက်တာကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ဘုရားသခင်နှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရသောသူများဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော် နိုင်ကြသည်။ ထိုသို့သောသူများသာလျှင် ထာဝရကာလတိုင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ သူသည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကိုရရှိရန် ထိုက်တန်သူဖြစ်သည်၊ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည်ကား မဟုတ်ပေ၊ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့်ပတ်သက်၍ သက်သေခံနိုင်ပြီး ဘုရားသခင်၏ အလုပ်အတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့်၊ သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို သူတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ၊ သွားလာနိုင်၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် မတူကွဲပြားသော ဘာသာစကား အမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်၊ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူကြ၏။ သူတို့အားလုံးထံတွင် ဘုရားသခင်ကို ချစ်သောနှလုံးသား ရှိကြပြီး တူညီသောသက်သေကိုခံကြကာ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသောဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်း သွားလာနိုင်ကြသည်၊ ဘုရားသခင်ကို သက်သေခံသော သူများသည် စကြဝဠာတစ်ခွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားကြမည် ဖြစ်ပေသည်။

အရှေ့သို့- စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

နောက်တစ်ခုသို့- လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။