လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်

ယခုတွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌တွင် လူအများစုသည် မကောင်းမှုကို လုပ်ဆောင်ခြင်း မရှိဘဲ မိမိတို့တာဝန်များကို ထိန်းသိမ်းနိုင်ကြသော်လည်း သစ္စာစောင့်သိကြသလော။ ၎င်းတို့သည် မိမိတို့တာဝန်များကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ လုပ်ဆောင်နိုင်ကြသလော။ ကြီးမားသည့် အတိုင်းအတာဖြင့် ၎င်းတို့ စံမမီကြဆဲ ဖြစ်သည်။ လူတို့က မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ လူ့သဘာဝ အရေးကိစ္စနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်သနည်း။ မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ မည်သည့်အရာကို ၎င်းတို့ ပိုင်ဆိုင်ရမည်နည်း။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူတို့သည် စေ့စပ်ကာ အလေးအနက် ထားရမည် ဖြစ်ပြီး မိမိတို့တာဝန်များကို ဖြည့်ဆည်းရမည်။ ထိုအခါမှ ၎င်းတို့၏ စိတ်နှလုံးက တည်ငြိမ်ကာ အေးချမ်းလိမ့်မည် ဖြစ်သည်။ မိမိ၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ လုံ့လဝီရိယရှိရန်၊ မိမိ၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ရန်၊ မိမိလုပ်သင့်သည့်အရာအားလုံးကို လုပ်ဆောင်ရန် ဆိုလိုသည်။ ဥပမာအားဖြင့် အသင်းတော် ခေါင်းဆောင်တစ်ဦးက သင့်အား တာဝန်တစ်ခု လုပ်ဆောင်ရန် တာဝန်ပေးပြီး ထိုတာဝန်နှင့်ဆိုင်သည့် ရိုးရှင်းသော စည်းမျဉ်းများကို မိတ်သဟာယပြုပေးသော်လည်း အလွန် အသေးစိတ်ကျကျ ပြောဆိုခြင်းမရှိဟု ဆိုပါစို့။ ဤတာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ သင်မည်သို့ပြုမူဆောင်ရွက်သင့်သနည်း။ (ကျွန်ုပ်တို့၏ အသိစိတ်ကို အမှီပြုရပါမည်။) အနည်းဆုံးအနေဖြင့် ထိုအရာကို လုပ်ဆောင်ရန် မိမိ၏ အသိစိတ်ကို အမှီပြုရမည်။ “မိမိ၏ အသိစိတ်ကို အမှီပြုရမည်” ဟူသည့် ဤစကားများကို မည်သို့အကောင်အထည် ဖော်နိုင်သနည်း။ ဤစကားများကို မည်သို့ကျင့်သုံးသနည်း။ (ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားခြင်းနှင့် ဘုရားသခင်အပေါ် အရှက်ရစေမည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်းအားဖြင့် ဖြစ်ပါသည်။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါ ထိုအရာကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ အကဲဖြတ်လျက် ထပ်တလဲလဲ ချင့်ချိန်ရမည်။ ထိုအရာကို ပြီးစီးသည့်နောက်တွင် သင်၏ စိတ်နှလုံးက အေးချမ်းခြင်း မခံစားရသကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေဆဲဟု ခံစားရပြီး ဆန်းစစ်ပြီးသည့်နောက်တွင် ပြဿနာကို ဧကန်အမှန် ရှာဖွေတွေ့ရှိရပါက ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုအရာကို အမြန် ပြုပြင်ကာ ပြဿနာကို ဖြေရှင်းရပေမည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ (စေ့စပ်ခြင်းနှင့် အသေးစိတ်အချက်များကို အာရုံစိုက်ခြင်း ဖြစ်ပါသည်။) ဤသည်မှာ စေ့စပ်ခြင်းနှင့် အသေးစိတ်အချက်များကို အာရုံစိုက်ခြင်း ဖြစ်သည်။ အလေးအနက်ထားသော၊ တိကျစေ့စပ်သော သဘောထား ဖြစ်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် “ဤအလုပ်ကို ငါ့အား ပေးထားလေပြီ။ ထို့ကြောင့် ငါသိရှိနိုင်ကာ စွမ်းဆောင်ရရှိနိုင်သည့် အတိုင်းအတာအတွင်းတွင် ထိုအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် တတ်နိုင်သမျှ ငါလုပ်ရမည်။ မည်သည့်အမှားကိုမျှ ငါလုပ်၍ မရ” ဟု ဆိုလျက် အလေးအနက်ထားသော၊ တာဝန်ယူတတ်သော သဘောထားကို အခြေခံရမည်။ “အသင့်အတင့်ဖြစ်နေလျှင် တော်လောက်ပြီ” ဟူသည့် စိတ်ထားမျိုး ရှိနေ၍ မရပေ။ သင့်ထံတွင် ဝတ်ကျေတမ်းကျေ ဖြစ်သော စဉ်းစားတွေးခေါ်ပုံ အမြဲရှိနေပါက သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ သင်၏ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်လော။ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော မိမိတို့စိတ်သဘောထားများ၏ အနိုင်အထက် သွေးဆောင်မှုကို ခံရသည့်အခါ ထိုအရာ ဖြစ်ပေါ်ပေသည်။ ထိုအရာက ၎င်းတို့တာဝန်များတွင် ရရှိသည့် ရလဒ်များကို တိုက်ရိုက် လာထိခိုက်၍ ၎င်းတို့အား ကိုယ့်အလုပ်ကို ကမောက်ကမ ဖြစ်အောင်ပင် လုပ်မိစေပြီး အသင်းတော်အလုပ်ကိုလည်း ထိခိုက်စေသည်။ ဤအကျိုးဆက်မှာ အလွန်ပြင်းထန်၏။ သင်သည် သင်၏တာဝန်ကို တစ်သမတ်တည်း ဝတ်ကျေတမ်းကျေ လုပ်နေပါက ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ဤသည်မှာ သင်၏ လူ့သဘာဝနှင့် ပတ်သက်နေသည့် ပြဿနာတစ်ခု ဖြစ်သည်။ အသိစိတ်၊ သို့မဟုတ် လူ့သဘာဝမရှိသည့် လူတို့သာ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေ လုပ်ကြခြင်း ဖြစ်သည်။ အမြဲ ဝတ်ကျေတမ်းကျေ လုပ်သော လူတို့ကို ယုံကြည်အားထား၍ ရသည်ဟု သင်တို့ထင်သလော။ (မထင်ပါ။) ၎င်းတို့သည် အင်မတန်မှပင် ယုံကြည်အားထား၍ မရပေ။ မိမိတာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် တစ်စုံတစ်ဦးသည် တာဝန်မဲ့သော လူတစ်ဦးဖြစ်ပြီး မိမိလုပ်ရပ်များတွင် တာဝန်မဲ့သော တစ်စုံတစ်ဦးသည် ရိုးသားသော လူတစ်ဦး မဟုတ်။ မယုံကြည်ရသော လူတစ်ဦး ဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ မယုံကြည်ရသော လူတစ်ဦးသည် ဝတ်ကျေတမ်းကျေသာ လုပ်၏။ သူ၏ အကျင့်စရိုက်က လက်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုကို မမီသောကြောင့် သူသည် သမ္မာတရားကို မချစ်သကဲ့သို့ ရိုးသားသော လူတစ်ဦးလည်း မုချ မဟုတ်ပေ။ မယုံကြည်ရသော လူတို့ကို ဘုရားသခင်က တစ်ခုတလေ အပ်နှံနိုင်သလော။ လုံးဝ မအပ်နှံနိုင်ပေ။ ဘုရားသခင်သည် လူတို့စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများကို စိစစ်သောကြောင့် လှည့်ဖြားတတ်သော လူတို့ကို တာဝန်များ လုပ်ဆောင်ရန် လုံးဝ အသုံးမပြုပေ။ ရိုးသားသူကိုသာ ဘုရားသခင် ကောင်းချီးပေးပြီး ရိုးသား၍ သမ္မာတရားကို ချစ်သောသူတို့အပေါ်သာ သူအမှုပြုသည်။ လှည့်ဖြားတတ်သော လူတစ်ဦးက တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါတိုင်းတွင် ယင်းသည် လူက ပြုလုပ်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး လူ၏ အမှားဖြစ်သည်။ ဝတ်ကျေတမ်းကျေ လုပ်လိုသော လူတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိ။ ၎င်းတို့၏ လူ့သဘာဝသည် ညံ့ဖျင်း၏။ ၎င်းတို့သည် ယုံကြည်၍ မရသကဲ့သို့ အင်မတန်မှပင် အားကိုးအားထားပြု၍လည်း မရနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော လူများအပေါ် အမှုပြုလိမ့်မည်လော။ လုံးဝ အမှုပြုမည်မဟုတ်။ ထို့ကြောင့် မိမိတို့တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်လိုသော သူတို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို လုံးဝ ခံရလိမ့်မည် မဟုတ်သကဲ့သို့ သူ၏ အသုံးပြုခြင်းကိုလည်း လုံးဝ ခံရလိမ့်မည် မဟုတ်ပေ။ ဝတ်ကျေတမ်းကျေ လုပ်လိုသောသူ အားလုံးသည် လှည့်ဖြားတတ်ကြသည်။ ဆိုးယုတ်သော ရည်ရွယ်ချက်များ အပြည့်ရှိကြပြီး အသိစိတ်နှင့် အသိတရား လုံးဝ ကင်းမဲ့ကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ သို့မဟုတ် အနိမ့်ဆုံး ကန့်သတ်ချက်များ မရှိဘဲ ပြုမူဆောင်ရွက်ကြသည်။ မိမိတို့ကိုယ်ပိုင် ကြိုက်နှစ်သက်မှုများအပေါ်သာ အခြေခံ၍ ပြုမူဆောင်ရွက်ကြပြီး မကောင်းသည့်အရာမျိုးစုံကို လုပ်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့၏ လုပ်ရပ်အားလုံးသည် ၎င်းတို့၏ စိတ်အခြေအနေများအပေါ် အခြေခံသည်။ ၎င်းတို့ ပျော်ရွှင်ပြီး စိတ်ကျေနပ်အားရသည့်အခါ အနည်းငယ် ပို၍ကောင်းစွာ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့ ဝမ်းနည်းပြီး စိတ်မကျေနပ်သည့်အခါ ဝတ်ကျေတမ်းကျေ လုပ်ကြလိမ့်မည်။ ၎င်းတို့ ဒေါသထွက်လျှင်မူ ထင်ရာမြင်ရာနှင့် မဆင်မခြင်ပြုကာ အရေးကြီးသည့် ကိစ္စများကို နှောင့်နှေးကောင်း နှောင့်နှေးစေနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင် လုံးဝ မရှိပေ။ သေခြင်းတရားကို ငုတ်တုတ်ထိုင် စောင့်ဆိုင်းရင်း နေ့ရက်ကာလများကို ဤအတိုင်း ကုန်လွန်စေကြသည်။ ထို့ကြောင့် မိမိတို့ တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည့် လူများအား မည်မျှအလေးအနက် တိုက်တွန်းသည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ သမ္မာတရားအကြောင်း ၎င်းတို့ကို မိတ်သဟာယပြုပေးခြင်းသည်လည်း အသုံးမဝင်ပေ။ အကြိမ်ကြိမ် ဆိုဆုံးမခြင်း ခံရလင့်ကစား ၎င်းတို့သည် မိမိတို့၏ လမ်းစဉ်များကို ပြုပြင်ရန် ငြင်းဆိုကြသည်။ ၎င်းတို့သည် သနားအကြင်နာမဲ့ကြ၏။ ၎င်းတို့ကို ဖယ်ရှား၍ရသာ ရနိုင်သည်။ ယင်းမှာ အသင့်တော်ဆုံးသော ဆောင်ရွက်ပုံနည်းလမ်းဖြစ်သည်။ သနားအကြင်နာမဲ့သော လူတို့သည် မိမိတို့လုပ်ရပ်များတွင် အနိမ့်ဆုံး ကန့်သတ်ချက်များ မရှိ။ မည်သည့်အရာကမျှ ၎င်းတို့ကို ချုပ်ထိန်း၍ မရပေ။ ထိုသို့သော လူများသည် ကိစ္စရပ်များကို အသိစိတ်ပေါ် အခြေခံ၍ ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။) အဘယ်ကြောင့် မကိုင်တွယ်နိုင်ကြသနည်း။ (၎င်းတို့သည် အသိစိတ် စံနှုန်းများ မပိုင်ဆိုင်ကြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် အနိမ့်ဆုံး ကန့်သတ်ချက်များလည်း မရှိကြပါ။) မှန်ပေ၏။ ၎င်းတို့၏ လုပ်ရပ်များတွင် အသိစိတ် စံနှုန်းများ မရှိကြ။ မိမိတို့၏ စိတ်အခြေအနေများပေါ် အခြေခံ၍ မိမိတို့ လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း ၎င်းတို့၏ ကြိုက်နှစ်သက်မှုများပေါ် အခြေခံ၍ ၎င်းတို့ ပြုမူဆောင်ရွက်ကြလေသည်။ ၎င်းတို့လုပ်ရပ်များတွင် ၎င်းတို့ရရှိသည့် ရလဒ်များက ကောင်းမကောင်းဆိုသည်မှာ ၎င်းတို့၏ စိတ်အခြေအနေပေါ် မူတည်သည်။ ၎င်းတို့၏ စိတ်အခြေအနေ ကောင်းမွန်ပါက ရလဒ်များ ကောင်းမွန်သော်လည်း ၎င်းတို့၏ စိတ်အခြေအနေ မကောင်းပါက ရလဒ်များပါ မကောင်းပေ။ မိမိတာဝန်ကို ဤသို့ လုပ်ဆောင်ခြင်းသည် လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုကို မီနိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို သမ္မာတရား စည်းမျဉ်းများပေါ် အခြေမခံဘဲ မိမိတို့၏ စိတ်အခြေအနေများပေါ် အခြေခံ၍ လုပ်ဆောင်ကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန် ခက်ခဲပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်လည်း ၎င်းတို့အတွက် အလွန် ခက်ခဲသည်။ ရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်မှုများပေါ် အခြေခံ၍ ပြုမူဆောင်ရွက်သော သူတို့သည် သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။

မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ပါဝင်သည်။ သမ္မာတရားနှင့် ပတ်သက်သည့် မည်သည့်အရာမဆိုသည် လူတို့၏ လူ့သဘာဝ အရည်အသွေးနှင့်လည်းကောင်း၊ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် သဘောထားနှင့်လည်းကောင်း ဆက်စပ်သည်။ အချိန်တော်တော်များများတွင် လူတို့သည် အမှုအရာများကို စည်းမျဉ်းမရှိဘဲ လုပ်ဆောင်သောအခါ ဤသည်မှာ ထိုအရာများနောက်ကွယ်ရှိ စည်းမျဉ်းများကို ၎င်းတို့နားမလည်သောကြောင့်ဖြစ်သည်။ သို့သော် အချိန်တော်တော်များများတွင် လူတို့သည် စည်းမျဉ်းများကို နားမလည်ရုံတင်မကဘဲ နားလည်ချင်စိတ်လည်းမရှိပေ။ ၎င်းတို့သည် ထိုအရာများကို အနည်းငယ်သိနိုင်သော်လည်း ကောင်းကောင်းလုပ်လိုခြင်းမရှိသေးပေ။ ဤစံနှုန်းသည် ၎င်းတို့၏ စိတ်နှလုံးတွင် မရှိသကဲ့သို့ ဤသတ်မှတ်ချက်သည်လည်း မရှိပေ။ ထို့ကြောင့် အမှုအရာများကို ကောင်းစွာလုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ သမ္မာတရားနှင့်ကိုက်ညီပြီး ဘုရားသခင်ကို ကျေနပ်စေသောနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ လူတို့သည် ၎င်းတို့၏ တာဝန်များကို လက်သင့်ခံနိုင်စွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိ၏ အဓိကအချက်သည် ၎င်းတို့ကြိုးပမ်းသည့်အရာ၊ သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်း ရှိမရှိနှင့် အပြုသဘောဆောင်သောအရာများကို ၎င်းတို့ ချစ်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ လူတို့သည် အပြုသဘောဆောင်သောအရာများကို မနှစ်သက်လျှင် သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဤသည်မှာ အလွန်ပင် ဒုက္ခပေးသည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း အလုပ်လုပ်ပေးကြခြင်းသာ ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ စည်းမျဉ်းများကို သဘောပေါက်နိုင်သည်ဖြစ်စေ၊ သဘောမပေါက်နိုင်သည်ဖြစ်စေ သင်၏တာဝန်ကို သင်၏အသိတရားအား အခြေခံ၍ ထမ်းဆောင်လျှင် သင်သည် အနည်းဆုံးအနေဖြင့် ပျမ်းမျှရလဒ်ကို ရရှိလိမ့်မည်။ ဤသည်ကသာ လက်ခံနိုင်ဖွယ်ဖြစ်သည်။ ထို့နောက်တွင် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး အမှုအရာများကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို လုံးဝ ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ (လူတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှ ပေးအပ်၍ မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်ပါသည်။) “မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှ ပေးအပ်ခြင်း” ဟူသည်ကို မည်သို့နားလည်သင့်သနည်း။ လူတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ စိတ်တစ်ခုလုံးကို နှစ်မြှုပ်လုပ်ကိုင်လျှင် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ရှိသမျှ စွမ်းအင်အားလုံးကို အသုံးပြုလျှင် အစွမ်းရှိသမျှကို ပေးအပ်နေခြင်းဖြစ်သည်။ မိမိ၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှကို ပေးအပ်ရန်မှာ လွယ်ကူသလော။ အသိတရားနှင့် အသိစိတ်တို့ မရှိလျှင် ဤအရာကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ လူတစ်ဦးသည် စိတ်နှလုံးမရှိလျှင်၊ အသိဉာဏ်ကင်းမဲ့ပြီး ချင့်ချိန်စဉ်းစားရန် မစွမ်းဆောင်နိုင်လျှင်၊ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသောအခါ သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မသိသကဲ့သို့ ထိုအရာကို လုပ်ဆောင်ရန် နည်းလမ်းများ၊ နည်းစနစ်များလည်း မရှိလျှင် မိမိစိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နိုင်စွမ်း ရှိသလော။ သေချာပေါက် မပေးအပ်နိုင်ပေ။ သို့ဆိုလျှင် တစ်စုံတစ်ဦး၌ စိတ်နှလုံး ရှိပါက ထိုသူသည် မိမိစိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နိုင်စွမ်း ရှိသလော။ (ရှိပါသည်။) လူတစ်ဦးတွင် စိတ်နှလုံးရှိသော်လည်း မိမိတာဝန်ကို လုပ်ဆောင်ရန် ထိုစိတ်နှလုံးကို အသုံးမပြုဘဲ ထိုအစား ဆိုးယုတ်ပြီး မရိုးဖြောင့်သော လမ်းကြောင်းများကိုသာ စဉ်းစားနေကာ သင့်တင့်လျောက်ပတ်မှု မရှိသည့် အရာများကို လုပ်ဆောင်ရန် ထိုစိတ်နှလုံးကို အသုံးပြုနေပါက ထိုသူသည် မိမိတာဝန်ကို မိမိစိတ်နှလုံးရှိသမျှနှင့် လုပ်နိုင်လိမ့်မည်လော။ (လုပ်နိုင်မည် မဟုတ်ပါ။) ထိုသူအနေဖြင့် ပြုပြင်ခြင်းကို တွေ့ကြုံရပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိလာသည့်အပြင် နောင်တရရန် လိုလားလျက်ရှိကြောင်း ဘုရားသခင်ထံ သစ္စာဆိုကာ မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ရှိသော်လည်း အခက်အခဲများ သို့မဟုတ် စုံစမ်းနှောင့်ယှက်မှုများ ကြုံရသည့်အခါ သူ့စိတ်နှလုံး တုန်လှုပ်သည်၊ သူ့တာဝန်ကို စိတ်မပါ့တပါ လုပ်ဆောင်သည် သို့မဟုတ် သူ့အထဲတွင် အပျက်သဘော ဖြစ်ပေါ်လာပြီး သူထွက်ပြေးသွားသည် ဆိုပါစို့။ ဤအချိန်တွင်ထိုသူသည် မိမိစိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နိုင်စွမ်း ရှိသလော။ (မရှိပါ။) တစ်စုံတစ်ဦးသည် စိတ်နှလုံးရှိပါက မိမိစိတ်နှလုံးအကြွင်းမဲ့ ပေးအပ်နိုင်စွမ်းရှိသည်ဟု သင်တို့ ယခုတင် ပြောခဲ့ကြသည်။ ထိုအဆိုသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) မည်သည့်အရာကို လုပ်သည်ဖြစ်စေ မိမိ၏ စိတ်ထက်သန်ပြင်းပြမှုအပေါ် အမှီပြုရန် မဆိုထားနှင့်၊ မိမိ၏ ရုတ်တရက် ဖြစ်ပေါ်သော ဆန္ဒများအပေါ် သို့မဟုတ် မိမိ၏ စိတ်ကူးများအပေါ်ပင် အမှီမပြုသင့်ပေ။ သင်၏ ခံစားချက်များပေါ် အခြေခံ၍ သင်ရှေ့မဆက်သင့်သကဲ့သို့ လူ့စိတ်ကူးများကို လိုက်နာခြင်းအားဖြင့်လည်း ရှေ့မဆက်သင့်ပေ။ ထို့ထက် သင့်အနေဖြင့် သမ္မာတရားကို အဆက်မပြတ် ရှာဖွေကာ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်။ စိတ်ထက်သန်မှုနှင့် ခံစားမှုများ သို့မဟုတ် စိတ်ထက်သန်ပြင်းပြမှုနှင့် ယာယီ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒများအပေါ် အမှီပြုပါက သင်၏ တာဝန်ကို သင် ကောင်းစွာ လုပ်ဆောင်လိမ့်မည်ဟူ၍ အာမခံချက် မပေးနိုင်ပေ။ ထိုအဖြစ်မှာ အလွန် ငယ်ရွယ်ချိန်တွင် လူတိုင်းက ၎င်းတို့၏ မိဘများအပေါ် ၎င်းတို့ ကြီးပြင်းလာသည့်နောက် သားသမီးဝတ်ကျေပွန်မှု ပြသလိုစိတ် ရှိကြပုံနှင့် တူသည်။ သင်အမှန်တကယ် ကြီးပြင်းလာပြီး ထိုပြင်းပြသော ဆန္ဒကို ဖြည့်ဆည်းရမည့်အချိန် ရောက်လာသည့်အခါ ထိုသို့ မဖြည့်ဆည်းအောင် မည်သည့်အခက်အခဲများက သင့်ကို တားဆီးကောင်း တားဆီးနိုင်သနည်း။ ဤအရာက တကယ့်ပြဿနာများနှင့် ပတ်သက်နေ၏။ လူတိုင်းအတွက် လက်တွေ့အရှိတရားမှာ ၎င်းတို့၏ အခက်အခဲများက ၎င်းတို့၏ စံထားရာများထက် ပိုကြီးမားနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ကောလိပ်မှ ဘွဲ့ရပြီး ငွေစရှာသည့်အခါ တွေးတောသည်မှာ “ယခု ငါ ငွေရှာနေပြီဖြစ်သဖြင့် ဦးစွာပထမ ငါ၏ မိခင်နှင့် ဖခင်အတွက် ဝတ်ဆင်ရန် အဝတ်အစားကောင်းတချို့ ဝယ်ပေးရမည်။ ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်တချို့ ဝယ်ယူပေးရမည်။ ယခုမှစ၍ သူတို့အပေါ် သားသမီးဝတ် ကျေပွန်မှု ပြသရမည်။ သူတို့ နေ့တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ သူတို့သုံးရန် ငါ့ပိုက်ဆံကို ပေးမည်” ဟု ဖြစ်သည်။ သို့ရာတွင် သင်၏ လုပ်အားခများကို ရရှိကာ ငွေစာရင်းတွက်ချက်ပြီးသည့်နောက်၊ သင်၏ အိမ်ငှားခအပြင် နေထိုင်စရိတ်များနှင့် အမျိုးမျိုးသော အခြား ကုန်ကျစရိတ်များကို နုတ်ပြီးသည့်နောက်တွင် ဘာမျှ မကျန်သလောက် ဖြစ်သွားသည်။ သင်ကိုယ်တိုင် ဝတ်ဆင်ရန် ဝတ်ကောင်းစားလှတချို့ ဝယ်ယူဖို့လည်း လိုအပ်နေသေးသည်။ သင်၏ ငွေအားလုံး သုံး၍ ကုန်သွားသည့်အခါ သင်သည် စိတ်မသက်မသာ ခံစားရလေတော့သည်။ ကြီးပြင်းလာသည့်အခါ သင်၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသရန် ငွေရှာမည်ဟု မိမိပြုခဲ့သော ကတိကို သင်ချိုးဖောက်ခဲ့သောကြောင့် ဖြစ်သည်။ “ငါ့မိဘများအပေါ် ငါသားသမီးဝတ် မကျေပွန်ဘဲ ဖြစ်နေသည်။ လာမည့်လတွင် ငွေတချို့ ငါစုရမည်” ဟု သင်စဉ်းစားသည်။ ထို့နောက် နောက်လ ရောက်လာသော်လည်း သင်ရသည့်ငွေမှာ မလောက်မငဖြစ်နေဆဲ ဖြစ်သောကြောင့် သင်က “ငါ့မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသရန် ငါ့အတွက် အချိန်များစွာ ရှိပါသည်” ဟု တွေးသည်။ တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှ သင်သည် လက်တွဲဖော်တစ်ဦး ရှာတွေ့ကာ မိသားစုတစ်ခု အစပြုပြီး သားသမီးများ ရလာ၍ ငွေကြေးက ယခင်ထက် ပိုကျပ်တည်းလာသည်။ သင်၏ အနေအထားနှင့် ဘဝ အခြေအနေများကို ထောက်သော် သင်၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသလိုသည့် သင့်ဆန္ဒကို အကောင်အထည်ဖော်ဖို့ အလွန် ခက်ခဲလာသည်။ သင့်အနေဖြင့် သင်၏ မိသားစုကို ထောက်ပံ့ပေးပြီး ဖူဖူလုံလုံရှိရန်၊ သင့်သားသမီးများ၏ ပညာရေးအတွက် ပံ့ပိုးပေးရန်လည်း လိုအပ်သောကြောင့် ဖြစ်သည်။ ရှင်သန်ရန်အလို့ငှာ ဒေသခံ အာဏာရှင်များ၊ အကျင့်ပျက်ခြစားသော အရာရှိများနှင့်လည်း ပေါင်းသင်းရသေးသောကြောင့် ဖြစ်သည်။ ထိုအရာက သင့်ကို စိတ်ဆင်းရဲစေ၏။ သင်၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသချင်သော်လည်း အသုံးမဝင်ပေ။ လက်တွေ့ဘဝ၏ အခက်အခဲအမျိုးမျိုးက သင့်ကို ဖိစီးလွှမ်းမိုးနေ၍ မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသလိုသည့် သင်၏ ဆန္ဒသည် လက်တွေ့အရှိတရားကြောင့် တဖြည်းဖြည်း လုံးပါးပါးသွားလေသည်။ ထို့ကြောင့် သားသမီးဝတ် ကျေပွန်မှု ပြသလိုသည့် သင်၏ ဆန္ဒသည် ယုတ္တိရှိသလော။ (မရှိပါ။) သို့ဆိုလျှင် မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်လိုသည့် သင်ငယ်ရွယ်စဉ်က သင်၏ ဆန္ဒသည် စစ်မှန်ခဲ့သလော၊ အတုအယောင်ဖြစ်ခဲ့သလော။ (စစ်မှန်ခဲ့ပါသည်။) ထိုအချိန်က သင်၏ ဆန္ဒသည် စစ်မှန်လင့်ကစား နုံအရာ ကျ၍ ကလေးကလားလည်း ဆန်ပြီး မိုက်လည်း မိုက်မဲသည်။ အားထား၍လည်း မရပေ။ မည်သည့်အရာသည် သင်၏ သရုပ်အမှန် ဖြစ်သနည်း။ သင့်ထံမှ ပွင့်အံထွက်သည့် အရာများနှင့် သင်၏ လက်တွေ့ဘဝတွင် သင်ပေါ်လွင်စေသည့် အရာများသည် မိမိချစ်ခင်ရသူများကို သင်ဆက်ဆံသည့် သင်၏ တကယ့်လူ့သဘာဝနှင့် တကယ့်သဘောထား ဖြစ်သည်။ သင်သည် သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသဖို့ကို အဆက်မပြတ် နေ့ရွှေ့လရွှေ့ လုပ်နေသည်မှာ သင်၏ အသိစိတ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တို့နှင့်ဆိုင်သည့် အသိအမြင်ကိုရော သင်၏ တာဝန်နှင့် ဝတ္တရားများကို သိသောစိတ်ကိုပါ အမှတ်တမဲ့ ဆုံးရှုံးသွားသည်အထိပင် ဖြစ်သည်။ ထို့နောက်တွင် သင်သည် “လူတိုင်း ဤကဲ့သို့ ဖြစ်ကြသည်။ ငါသည် အခြားမည်သူမဆိုထက် ဆိုးရွားစွာ လုပ်ဆောင်နေခြင်း မရှိ။ ထို့အပြင် ငါ၌ တကယ့် အခက်အခဲများလည်း ရှိသည်ပင်” ဟု တွေးသည်။ သင်၏ ယိုးမယ်ဖွဲ့ချက်များ၊ ငြင်းခုံချက်များ၊ ဆင်ခြေများ တစ်ခုစီတိုင်းသည် မည်သည့်အရာများ ဖြစ်သနည်း။ ယင်းတို့သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်ပေသည်။ လက်တွေ့အရှိတရားက သင့်အတွက် မည်မျှခက်ခဲသည်ဖြစ်စေ၊ သင်တာဝန်ယူသင့်သည့် တာဝန်များကို ရှောင်ရှားရန် ထိုအရာက သင့်အား အကြောင်းရင်းများနှင့် ယိုးမယ်ဖွဲ့စရာများ မည်မျှပေးသည်ဖြစ်စေ၊ သင်၏ ငြင်းခုံချက်များနှင့် ယိုးမယ်ဖွဲ့ချက်များက မည်မျှခိုင်မာသည်ဖြစ်စေ အဆုံးတွင်မူ သင်ထင်ရှားပြသည့် အရာများသည် သင်၏ ပြီးပြည့်စုံသည့် သရုပ်အမှန်ဖြစ်သည်။ ထို့ကြောင့် အပြုသဘောဆောင်သည့် စံထားရာကို သင်မည်သို့ ဖြည့်ဆည်းနိုင်မည်နည်း။ လက်တွေ့ဘဝ၌ သမ္မာတရားကို နားမလည်မီ သို့မဟုတ် မရရှိမီတွင် လူတို့ထင်ရှားပြသည့် အရာများမှာ အဘယ်နည်း။ ထိုအရာများသည် တရားမျှတပြီး အပြုသဘောဆောင်သလော။ (မဆောင်ပါ။) သင်သည် သမ္မာတရားကို နားမလည်လျှင် သင်၏ လုပ်ရပ်များက မည်မျှကောင်းမွန်သည်ဖြစ်စေ၊ သင်၏ စိတ်ကူးများက မည်မျှမှန်ကန်ပုံ ရသည်ဖြစ်စေ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်နေကြဆဲဖြစ်ကာ သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် နားမလည်ပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်အသက်ရှင်နေထိုင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းများ ဖြစ်လိမ့်မည်။ သင့်ကိုယ်သင် ကောင်းမြတ်သည်ဟု မည်မျှတွေးထင်သည်ဖြစ်စေ၊ မည်မျှကြီးမြတ်သည်ဖြစ်စေ၊ မည်မျှဖြောင့်မတ်တည်ကြည်ဖြစ်စေ ဤအခြေခံအုတ်မြစ်အပေါ် သင်လုပ်ဆောင်သည့် အရာများသည် သမ္မာတရားနှင့် အမှန်တကယ် မကိုက်ညီနိုင်ပေ။ နားလည်သလော။ (အနည်းငယ် နားလည်ပါသည်။) မည်သည့်အရာကို သင်တို့ နားလည်သနည်း။ (လူအားလုံးသည် မိမိတို့တာဝန်များကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်လိုကြပါ၏။ သို့ရာတွင် ဖောက်ပြန်ပျက်စီးသော ၎င်းတို့စိတ်သဘောထားများ၏ ထိန်းချုပ်မှုကို ခံရသောကြောင့် ၎င်းတို့၏ အသိစိတ်များအတိုင်း ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း ဖြစ်မြောက်အောင် မလုပ်နိုင်ကြပါ။ ထို့ကြောင့် မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ဖြေရှင်းရမည် ဖြစ်ပါသည်။) အခြားတစ်ယောက်ယောက် ပြောချေဦး။ နောက်ထပ် မည်သည့်အရာကို နားလည်ကြသေးသနည်း။ (သမ္မာတရားကို လူတစ်ဦး နားမလည်သည့်အခါ သူလုပ်ဆောင်သည့် အရာများကို လူတို့က မည်သို့မြင်သည်ဖြစ်စေ ယင်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပါ။ ဤလုပ်ရပ်များက အလွန်ကောင်းသည်ဟု လူတို့တွေးထင်လျှင်ပင် ဤလုပ်ရပ်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အမှန်တကယ် မကိုက်ညီနိုင်ပါ။ ထို့ကြောင့် သမ္မာတရားကို သိနားလည်ရေးက အလွန်အရေးကြီးသည်ကို ကျွန်ပ်မြင်သွားပါပြီ။) ပြောသွားသည်မှာ သိပ်ကောင်း၏။ ဤကာလအတောအတွင်း သင်တို့အားလုံး တိုးတက်မှုတချို့ ရှိခဲ့ပုံရသည်။ သမ္မာတရားကို ရရှိဖို့မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ လူတို့သည် ထိုအတွက် အဖိုးအခများစွာ ပေးရ၏။ ဇာတိပကတိကို ပုန်ကန်ခြင်းနှင့် သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ခြင်းအပြင် လူတို့သည် ဆင်းရဲဒုက္ခများစွာနှင့် ပြုပြင်မှုများစွာကိုလည်း ခံစားရမည်ဖြစ်ကာ စာတန်၏ လက်တွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်သည့် မတရား ဖိနှိပ်မှုတို့ကိုလည်း တွေ့ကြုံရမည် ဖြစ်သည်။ ၎င်းတို့ မသေလျှင်ပင် အရေခွံစုတ်ခံရဦးမည် ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်ကာ သမ္မာတရားကို ရရှိနိုင်ကြပေသည်။ သမ္မာတရားကို ရရှိခြင်းသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီး ထိုသို့ဖြင့် သန့်စင်ခံရခြင်း ဖြစ်စဉ်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။ သင့်ထံတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုရှိသည်ဟု သင်အသိအမှတ်ပြုကောင်းပြုနိုင်ပြီး သမ္မာတရားကိုလည်း အသိအမှတ်ပြုနိုင်လင့်ကစား သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည့်အခါတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်ကို တားဆီးကာ နှောင့်ယှက်ရန် ထွက်လာလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအချိန်တွင် လူတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အရာများ ပေါ်ထွက်လာသနည်း။ (၎င်းတို့သည် ငြင်းခုံပြီး ဆင်ခြေများ ရှာကြပါသည်။ တစ်ကိုယ်ကောင်းဆန်ခြင်းကို ထုတ်ဖော်ကြပြီး မိမိတို့ကိုယ်ပိုင် မာန်မာနနှင့် ဝင့်ဝါမှုတို့ကို ၎င်းတို့ စဉ်းစားကြပါသည်။) ဤသည်မှာ လူတို့၏ စိတ်သဘောထားများနှင့် ပတ်သက်သော ပြဿနာတစ်ခု ဖြစ်သည်။ လူတချို့သည် မည်သည့်အရာကိုမျှ ပြောဆိုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်း လုံးဝ မရှိသော်လည်း ၎င်းတို့၏ စိတ်သဘောထားကို ကြည့်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးတွင် ပုန်ကန်မှု ရှိနေသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ပုန်ကန်မှုသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ဖြစ်၏။ ၎င်းတို့သည် ငြင်းခုံနေကြသည်ဖြစ်စေ၊ ဆင်ခြေများ ရှာနေကြသည်ဖြစ်စေ အားလုံးကို မိမိတို့ကိုယ်ပိုင် အကျိုးစီးပွား၊ မာန်မာန၊ အဆင့်အတန်း၊ ဝင့်ဝါမှုတို့ကို ထိန်းသိမ်းရန်လည်းကောင်း၊ ကြံရွယ်ချက် သို့မဟုတ် ရည်ရွယ်ချက်တစ်မျိုး စွမ်းဆောင်ရရှိရန်လည်းကောင်း လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိအတွင်းတွင် ပုန်ကန်တတ်သော ဤစိတ်သဘောထားမျိုး ရှိနေပါက ဘုရားသခင်အပေါ် ရန်လိုပြီး ဆန့်ကျင်လိုသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ပုန်ကန်မှုဆိုသည်မှာ အဘယ်နည်း။ ရိုးရှင်းစွာ ပြောရလျှင် တစ်စုံတစ်ဦးက “ကိုယ်တော်ပြောသည့် စကားများသည် ကျွန်ုပ်တွေးထင်သည့်အရာနှင့် အဘယ်ကြောင့် ကွာခြားနေရသနည်း။ အဘယ်ကြောင့် ထိုစကားများကို ကျွန်ုပ်မနှစ်သက်ရပါသနည်း။ ထိုစကားများကို ကျွန်ုပ်မနှစ်သက်သောကြောင့် လက်မခံနိုင်ပါ။ ကိုယ်တော် စကားပြောသည်ကို ကျွန်ုပ်နားထောင်ရန် လိုလားခြင်းလည်း မရှိပါ” ဟု ဆိုလျက် သူ၏ စိတ်နှလုံးအတွင်း၌ ခုခံတွန်းလှန်မှု ရှိသည့်အခါ၊ ဘုရားသခင်ကို သူဆန့်ကျင်သည့်အခါ ပုန်ကန်မှုပင် ဖြစ်သည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကို ဆန့်ကျင်သည်အထိ၊ ၎င်းတို့အတွက် ဘုရားသခင် လုပ်ဆောင်ပေးခဲ့သမျှနှင့် ဘုရား၏ သတ်မှတ်ချက်များကို ဆန့်ကျင်သည်အထိ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ကြပြီး နာခံခြင်းလည်း မရှိကြချေ။ ဤသည်မှာ လူတို့ပုန်ကန်ကြသည့် နေရာဖြစ်ပြီး သမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်ရာ၌ လူတို့တွင် ရှိသည့် အကြီးမားဆုံး အခက်အခဲ ဖြစ်သည်။ သင့်အနေဖြင့် ဆင်ခြေများ ရှာနေသည်ဖြစ်စေ၊ အမျိုးမျိုးသော မျှတသည့် အကြောင်းပြချက်များ သို့မဟုတ် အခြေအနေများကို ရှာဖွေနေသည်ဖြစ်စေ မည်သို့ဆိုစေကာမူ ဤသည်မှာ သင့်အတွင်းတွင် တည်ရှိသည့် ပုန်ကန်တတ်သော စိတ်သဘောထားက ဒုက္ခပြဿနာ ဖြစ်အောင် လုပ်နေခြင်းပင် ဖြစ်သည်။ သင်သည် ပုန်ကန်တတ်သော ဤစိတ်သဘောထားကို ဖြေရှင်းနိုင်ပြီး ဤအခြေအနေမျိုးကို ပြောင်းပြန်လှန်ပစ်နိုင်သည် ဆိုပါစို့။ ထို့ပြင် သင့်ထံ မည်သည့်အရာ ဖြစ်လာသည်ဖြစ်စေ “ဤအရာက ငါ့ထံ ဖြစ်ပျက်လာလေပြီ။ သမ္မာတရားကို ငါနားမလည်သကဲ့သို့ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း ငါမသိ။ ငါလုပ်နိုင်သမျှမှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာတွေ့ရန် ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းအပေါ် အမှီပြုရန်သာ ဖြစ်သည်။ သို့မဟုတ် သမ္မာတရားကို သိနားလည်သည့် လူတစ်ဦးထံမှ ရှာဖွေရန်သာ ဖြစ်သည်။ သမ္မာတရားနှင့် ကိုက်ညီသည့်၊ ဘုရားသခင် နှစ်သက်ပြီး ဘုရားကို ကျေနပ်စေသည့် နည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ငါသိရှိပါက ထိုသို့ ငါလက်တွေ့လုပ်ဆောင်မည်” ဟု သင်ပြောသည် ဆိုပါစို့။ ထိုသို့သော စိတ်ထားမျိုး ရှိခြင်းသည် မှန်ကန်၏။ ဤသည်မှာ သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်သည်။ သင်သည် အနှောင့်အယှက်များအားလုံး ရှိလင့်ကစား အပျက်သဘောဆောင်လာခြင်း သို့မဟုတ် စိတ်ပျက်အားလျော့လာခြင်း မရှိဘဲ သာ၍ ကောင်းမွန်စွာ လုပ်ဆောင်ရန် ကြိုးစားလျက် သမ္မာတရားကို ဤသို့ လိုက်စားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

ယောဘကို ဘုရားသခင် ပထမဆုံး စစ်ဆေးခဲ့ချိန်တွင် ယောဘသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ထိုအချိန်က သူ၏ သိနားလည်မှုပေါ် အခြေခံ၍ မှန်ကန်စွာ သိရှိနိုင်ခဲ့သလော။ (မသိရှိနိုင်ခဲ့ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ယောဘ ပေါ်လွင်ထင်ရှားပြခဲ့သနည်း။ သူသည် ကျိုးနွံနာခံခဲ့သလော သို့မဟုတ် ပုန်ကန်၍ အတိုက်အခံလုပ်ကာ ညည်းညူခဲ့သလော။ (သူကျိုးနွံနာခံခဲ့ပါသည်။) သူ၏ အတွင်းပိုင်းမှ အပြင်ပိုင်းအထိ မည်သည့်အခြေအနေမျိုးတွင် သူရှိနေခဲ့သနည်း။ မလိုလားခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း ပမာဏ အနည်းငယ်မျှ သူထုတ်ဖော်ပြခဲ့ဖူးသလော။ မဖော်ပြခဲ့ချေ။ သမ္မာကျမ်းစာ မှတ်တမ်းတွင် ရိုးရှင်းသော ရေးသားဖော်ပြချက်ကိုသာ တွေ့မြင်နိုင်သော်လည်း ပုန်ကန်သော အခြေအနေတစ်ခုအား တစ်ကြိမ်တစ်ခါမျှ ယောဘထုတ်ဖော်ပြသည်ကိုမူ လုံးဝ မမြင်ရပေ။ သမ္မာတရားများစွာကို ယောဘနားလည်သည်ဟု ဤစကားများမှ သင်မြင်ရသလော။ (မမြင်ရပါ။) တကယ်တမ်းတွင် ယောဘသည် ထိုအချိန်က မည်သည့်သမ္မာတရားကို သိနားလည်ခဲ့သနည်း။ ဘုရားသခင်သည် ကျိုးနွံနာခံခြင်းဆိုင်ရာ သမ္မာတရားအကြောင်း ပြောဆိုခဲ့သလော။ လူတို့အနေဖြင့် သူ့ကို မပုန်ကန်သင့်ပုံအကြောင်း သူပြောဆိုခဲ့သလော။ ဤအရာများ တစ်ခုတလေကိုမျှ ဘုရားမပြောခဲ့ချေ။ ယောဘ၏ အခြေအနေက မည်သို့ဖြစ်နေခဲ့သနည်း။ ထိုအချိန်က သူ၌ အခြေခံအုတ်မြစ်အဖြစ် ဘုရားသခင်၏ ယနေ့ကာလ နှုတ်ကပတ်တော် မရှိခဲ့သော်လည်း သူ၏ အပြုအမူနှင့် လုပ်ဆောင်ခဲ့သမျှက လူတို့အား သူ့စိတ်နှလုံး၏ အတွေးများနှင့် သူ့စိတ်နှလုံးအတွင်းရှိ အခြေအနေတို့ကို မြင်ခွင့်ပေးခဲ့သည်။ ဤသည်မှာ လူတို့ မြင်နိုင်၊ ခံစားနိုင်သည့် အရာတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတချို့က “သူ၏ စိတ်နှလုံးတွင် မည်သည့်အရာကို သူတွေးနေခဲ့ကြောင်း ကျွန်ုပ်တို့ မသိပါ” ဟု ဆိုကြသည်။ ယင်းကို သင်သိရှိရန် မလိုပေ။ သူ၏ အပြင်ပန်း လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိသင့်သည်။ စမ်းသပ်မှုများကို ကြုံရသည့်အခါ ယောဘသည် ပုန်ကန်မှု လုံးဝ မရှိသကဲ့သို့ ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံသည့် လူတစ်ဦး၏ လုပ်ရပ်များကို ပြသခဲ့သည်။ သူ၏ အဝတ်အစားများကို ဆုတ်ဖြဲ၍ ပျပ်ဝပ်ခဲ့သည်။ သူ၏ ပျပ်ဝပ်ခြင်းသည် သူ့စိတ်နှလုံးအတွင်းထဲမှ ထွက်လာခြင်းဖြစ်၍ ထိုအချိန်က သူ၏ အတွေးများအားလုံးနှင့်ရော သူဖော်ပြချင်ခဲ့သမျှအားလုံးနှင့်ပါ လုံးဝ ကိုက်ညီနေခဲ့သည်။ ဤအရာက သူ၏ လိုက်စားမှုနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကိုယ်စားပြုခဲ့သည်။ သို့ဖြစ်လျှင် ဘုရားသခင်အပေါ် သူ၏ သဘောထားမှာ အဘယ်နည်း။ သူ့အပေါ် ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အရာများကို သူ၏ တုံ့ပြန်မှုမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ကန့်ကွက်ခြင်း မရှိသကဲ့သို့ သဘောထားကွဲလွဲမှုလည်း မရှိဘဲ လက်ခံပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်မှုမရှိသည့် လူတချို့က သံသယရှိစွာ ပြောကြသည်မှာ “လောကတွင် ထိုသို့သော လူတစ်ဦး မည်သို့ရှိနိုင်မည်နည်း။ သူသည် သန့်ရှင်းသူတစ်ဦးပင် ဖြစ်မနေသလော။ ဤသည်မှာ အတုအယောင်သာ ဖြစ်ရမည်” ဟူ၍ ဖြစ်သည်။ လက်တွေ့တွင်မူ ယောဘကဲ့သို့သော လူများ အမှန်တကယ် ရှိ၏။ သို့သော်လည်း ယောဘတစ်ဦးတည်းသာ ရှိခဲ့ပြီး အခြားတစ်ဦး မည်သည့်အခါတွင်မျှ ရှိလာမည်မဟုတ်သည်ကို ငါရင်လေးမိသည်။ ယောဘ၏ အခြေအနေမှာ ဘာသာတရားမရှိသူများက “ကိုယ်ကျိုးမငဲ့၍ လိုအင်ဆန္ဒ ကင်းခြင်း” ဟု ခေါ်ကြသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ စမ်းသပ်မှုက သူ့အပေါ် ကျရောက်လာသည့်အခါ သူသည် မည်သည့်အရာကိုမျှ မပြောခဲ့ပေ။ ထို့ထက် ဘုရားသခင်အပေါ် သူ၏ သဘောထားကို သူ၏ လုပ်ရပ်များဖြင့် ဖော်ပြခဲ့သည်။ စမ်းသပ်မှုများက သူ့အပေါ် ကျရောက်လာသည့်အခါ သူသည် အမှန်တကယ် လက်ခံတတ်ပြီး အမှန်တကယ် ကျိုးနွံနာခံတတ်ကြောင်းနှင့် အတိုက်အခံ လုံးဝ မလုပ်ခဲ့ကြောင်း သူ၏ ပျပ်ဝပ်မှုက သက်သေပြပေသည်။ သူသည် ဟန်ပြနေခြင်း မဟုတ်သကဲ့သို့ ဟန်ဆောင်နေခြင်းလည်း မဟုတ်ခဲ့ပေ။ အခြားလူများ မြင်ရန် ဤအရာကို သူလုပ်ခဲ့ခြင်း မဟုတ်။ ဘုရားသခင် မြင်ရန်အတွက် လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် ယောဘသည် ဤကျိုးနွံနာခံမှုမျိုးကို မည်သို့ရရှိခဲ့သနည်း။ သူသည် စမ်းသပ်မှုတစ်ခုကို တွေ့ကြုံပြီး ကျိုးနွံနာခံမှုကို သိနားလည်ရုံမျှဖြင့် ဤကျိုးနွံနာခံမှုမျိုးကို ရရှိခဲ့သည် မဟုတ်။ ကမ္ဘာမြေပေါ် အသက်ရှင်နေထိုင်သည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တိုင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ ၎င်းတို့အားလုံးတွင် ပုန်ကန်တတ်သော စိတ်သဘောထားများ ရှိကြ၏။ လူတို့သည် တစ်ကိုယ်ကောင်းဆန်ကြပြီး ဘုရားသခင်ကို ပုန်ကန်ကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးအောင် စာတန်လုပ်ထားသည့် သဘာဝဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အားလုံးတွင် ဤလူ့သဘာဝ ရှိကြသည်။ သို့ရာတွင် ယောဘသည် ညတွင်းချင်း ဤအတိုင်းအတာအထိ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ခြင်း ဖြစ်သလော။ မုချမဟုတ်ပေ။ သူသည် လိုက်စားခဲ့ရသည့်အပြင် လိုက်စားအားထုတ်ရန် ရှင်းလင်းသည့် ရည်မှန်းချက်တစ်ခုနှင့် မှန်ကန်သည့် လမ်းကြောင်းတစ်ခုလည်း ရှိခဲ့ရသည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်၏ လမ်းပြမှု ရှိထားဖို့နှင့် ဘုရားသခင်ကို သူ့အား စောင့်ရှောက်၍ ကာကွယ်စေဖို့လည်း လိုအပ်ခဲ့သည်။ ယောဘသည် ဘုရားသခင်ထံမှ ကျေးဇူးတော်၊ သနားကရုဏာနှင့် ကောင်းချီးများ ရရှိနိုင်ခဲ့သည်မှာ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းတို့အား လိုက်စားခဲ့သောကြောင့်သာ ဖြစ်သည်။ ထို့နောက်တွင် သူသည် ဘုရားသခင်၏ လက်တော်နှင့် လမ်းပြမှုကို အဆက်မပြတ် တွေ့မြင်ခဲ့ရပြီး ဘုရားသခင်၏ စောင့်ရှောက်မှုကို အဆက်မပြတ် လက်ခံရရှိခဲ့သည်။ ထိုအခါတွင်မှ သူသည် ကြီးထွားနိုင်ခဲ့ခြင်း ဖြစ်၏။ ယောဘအသက် နှစ်ဆယ်အရွယ်တွင် ဘုရားသခင်က ထိုသို့သော စမ်းသပ်မှုမျိုး သူ့အား မပေးခဲ့ခြင်းမှာ အဘယ်ကြောင့်ဖြစ်သည်ဟု သင်တို့ထင်သနည်း။ (ထိုအချိန်တွင် ယောဘသည် ဝိညာဉ်ရင့်ကျက်မှု မရှိခဲ့ပါ။) အချိန်မကျသေး၍ ဖြစ်သည်။ သူ့အသက် လေးဆယ်အရွယ်တွင် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် စမ်းသပ်မှုမျိုး မခံခဲ့ရသနည်း။ အချိန်မကျသေး၍ ဖြစ်သည်။ သူ့အသက် ခုနစ်ဆယ်အရွယ်တွင်မှ အဘယ်ကြောင့် ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သနည်း။ (ဘုရားသခင်၏အချိန် ကျရောက်လာ၍ ဖြစ်ပါသည်။) မှန်ပေ၏၊ အချိန်ကျရောက်လာ၍ ဖြစ်သည်။ သင်တို့အားလုံးသည်လည်း ယခုတွင် အသက် ခုနစ်ဆယ်အရွယ်ထိ စောင့်ဆိုင်းရန် လိုအပ်သလော။ (မလိုအပ်ပါ။) အဘယ်ကြောင့် မလိုအပ်သနည်း။ (ယခုတွင် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့သည် နားနှင့်ဆတ်ဆတ် နာယူနိုင်ကြ၍ ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို ကျွန်ုပ်တို့အား အလွန်ရှင်းရှင်းလင်းလင်း အသေးစိတ် ရှင်းပြတော်မူပါ၏။) ထိုခေတ်ကာလ၏ အမှုနှင့် ဤခေတ်ကာလ၏ အမှုက ကွဲပြားခြားနား၏။ ထိုခေတ်ကာလတွင် ဘုရားသခင်သည် လူကို စကားမပြောခဲ့သကဲ့သို့ လူသည်လည်း သမ္မာတရားကို နားမလည်ခဲ့ပေ။ ဘုရားသခင်သည် ရိုးရှင်းသည့်၊ ကိုယ်စားပြုသဘောဆောင်သည့် အလုပ်တချို့ကိုသာ လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်သော သူတို့သည် ပရောဖက်များက ထပ်ဆင့်ပြောပြသည့် ဘုရားနှုတ်ကပတ်တော်များကိုသာ စောင့်ထိန်းခဲ့ကြပြီး ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့သည် ဘုရား၏ ကောင်းချီးများကို ရရှိခဲ့ကြသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း မရှိသူများကမူ နားဝေတိမ်တောင် ဖြစ်ခဲ့ကြသည်။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ယဇ်ပူဇော်မှုများကို စောင့်ထိန်းကာ ဆုတောင်းခဲ့ကြ၏။ ယင်းမှာ သိပ်မဆိုးခဲ့ပေ။ ထိုစဉ်အချိန်က ယောဘ၏ မိတ်ဆွေများလည်း ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ယုံကြည်မှုက ယောဘ၏ ယုံကြည်မှုထက် များစွာ ညံ့ဖျင်းခဲ့သည် မဟုတ်လော။ ၎င်းတို့နှင့် ယောဘသည် တစ်ခေတ်တည်းတွင် ရှိခဲ့ကြသော်လည်း ယောဘသည် ၎င်းတို့ထက် များစွာ သာ၍ အားကောင်းခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ထိုမျှ ကြီးမားသည့် ကွာခြားမှု ရှိခဲ့သနည်း။ (လူတို့၏ သဘာဝ၊ လူတို့၏ လိုက်စားမှုနှင့် သက်ဆိုင်ပါသည်။) မှန်ပေ၏၊ လူတို့၏ လိုက်စားမှုနှင့် သက်ဆိုင်ပေသည်။ ကိုယ်စိုက်သည့်အတိုင်း ကိုယ်ရိတ်ရ၏။ မည်သည့်အရာကိုမျှ သင်မစိုက်ပျိုးခဲ့ပါက အချိန်ကျလာသည့်အခါ ရိတ်သိမ်းမှု လုံးဝ ရှိလိမ့်မည် မဟုတ်။ နားဝေတိမ်တောင်ဖြစ်သော ထိုလူနည်းစုသည် မလိုက်စားခဲ့ကြချေ။ ၎င်းတို့သည် ယနေ့ခေတ် အသင်းတော်ထဲရှိ မယုံကြည်သူများနှင့် အတူတူပင် ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများကိုသာ စောင့်ထိန်းပြီး အရာခပ်သိမ်းတွင် စည်းမျဉ်းစည်းကမ်းများအား လိုက်နာရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြဘဲ ၎င်းတို့ အမြဲ မှန်ကန်ကြောင်း၊ အရာရာကို နားလည်ကြောင်း တွေးထင်ခဲ့ကြသည်။ ယောဘပေါ် စမ်းသပ်မှုများ ကျရောက်လာသည့်အခါ ၎င်းတို့က သူ့ကို “သင်အမြန် ဝန်ချသင့်သည်။ တွေ့သလော၊ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ရောက်လာလေပြီ” ဟု ပြောဆိုခဲ့ကြသည်။ အဆုံးတွင် ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်က ဤသို့ ပြောခဲ့သည်။ “သင်တို့သည် ဤဇရာအိုအရွယ်ထိ အသက်ရှင်လာခဲ့သော်လည်း ငါ၏ လုပ်ရပ်များ သို့မဟုတ် လူတို့အပေါ်ထားသော ငါ၏ သဘောထားကိုဖြစ်စေ၊ ငါပြုမူဆောင်ရွက်သည့် ပုံစံကို ဖြစ်စေ ရှင်းလင်းစွာ မမြင်နိုင်ကြဘဲ ရှိနေ၏။ သင်တို့သည် ဧကန်အမှန်ပင် နားဝေတိမ်တောင်ဖြစ်သောသူများ ဖြစ်သည်။ ယောဘမူကား ရှင်းလင်းစွာ မြင်ပေ၏” ဟု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယောဘထံ ပေါ်ထွန်းခဲ့သော်လည်း ၎င်းတို့ထံ မပေါ်ထွန်းခဲ့ပေ။ ၎င်းတို့သည် ထိုက်တန်ခြင်း မရှိခဲ့ကြ။ ဘုရားသခင်ကို သိကျွမ်းဖို့ ၎င်းတို့ အားထုတ်လိုက်စားခြင်း မရှိခဲ့ကြသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းလည်း မရှိခဲ့ကြသောကြောင့် ၎င်းတို့ထံ ဘုရားသခင် မပေါ်ထွန်းခဲ့ပေ။

ယခုတွင် လူတိုင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်လာလိုကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်း၌ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ကြိုးစားခြင်းနှင့် သူ့ကို လုံးလုံးလျားလျားနှင့် အပြည့်အဝ ကျိုးနွံနာခံခြင်းတို့ ပါဝင်သည်ဟု ဆိုနိုင်သည်။ ယင်း၌ လှည့်ဖြားခြင်း၊ ခုခံခြင်း၊ သို့မဟုတ် ပုန်ကန်ခြင်း အရိပ်လက္ခဏာတစ်ခုတလေမျှ မရှိဘဲ၊ ဘုရားသခင်ကို စစ်မှန်စွာ စိုးရွံ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ပါဝင်သည်။ ယင်းသည် နှလုံးသား လုံးဝဖြူစင်ခြင်းနှင့် ဘုရားသခင်အပေါ် လုံးဝသစ္စာစောင့်သိကာ ကျိုးနွံနာခံခြင်းဖြစ်သည်။ ဤသစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် အကြွင်းမဲ့ဖြစ်ရမည်၊ အထိုက်အလျောက် မဖြစ်ရ။ ယင်းသည် အချိန်အပေါ်ဖြစ်စေ၊ နေရာအပေါ်ဖြစ်စေ၊ တစ်ဦးတစ်ယောက် မည်မျှအိုမင်းသည်ဆိုသည့်အပေါ်ဖြစ်စေ မမူတည်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်း ဖြစ်၏။ ထိုသို့သော လိုက်စားမှုဖြစ်စဉ်တွင်၊ သင်သည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာလိမ့်မည်ဖြစ်ပြီး သူ၏လုပ်ဆောင်ချက်များကို တွေ့ကြုံရလိမ့်မည်။ သူ၏ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှုတို့ကို သင်ခံစားရလိမ့်မည်၊ သူ၏တည်ရှိခြင်း အမှန်တရားကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး သူ၏အချုပ်အခြာအာဏာကို ခံစားရလိမ့်မည်။ နောက်ဆုံးတွင် သင်သည် ဘုရားသခင်က အရာခပ်သိမ်းတွင် ရှိကြောင်းနှင့် သူသည် သင်၏နံဘေးတွင်ပင် ရှိကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤသဘောပေါက်ခြင်းမျိုး ရှိလိမ့်မည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းကို လိုက်လျှောက်ခြင်းမရှိပါက၊ ဤအရာများနှင့် သက်ဆိုင်သည့် အသိပညာကို မည်သည့်အခါတွင်မျှ သင်ရရှိလိမ့်မည်မဟုတ်။ လူတို့က “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်။ ဘုရားသည် နေရာတိုင်းတွင် ရှိကာ အရာရာကို တတ်စွမ်းနိုင်သည်” ဟု ဆိုကြသည်။ သင်သည် ဤအရာကို သင်၏ စိတ်နှလုံးထဲတွင် လုံးဝ အသိအမှတ်ပြုသော်လည်း ဤအရာများကို မမြင်နိုင် သို့မဟုတ် မတွေ့ကြုံနိုင်သည်ဖြစ်ရာ ဘုရားသခင်ကို သင်မည်သို့ သိရှိလာနိုင်မည်နည်း။ ဘုရားသခင်ကို ယုံကြည်နေခဲ့သည့် ဤနှစ်ကာလများတစ်လျှောက်လုံးတွင် မည်သည့်အရာကို သင်လုပ်ဆောင်နေခဲ့သနည်း။ သင်သည် စုဝေးပွဲများကို မကြာခဏ တက်ရောက်ပြီး တရားဒေသနာများ မကြာမကြာ နားထောင်ကာ မိမိတာဝန်ကို အမြဲတစေ လုပ်ဆောင်သည်။ သုံးလေးလမ်းထက် မကလည်း ပြေးလွှားသွားလာခဲ့ပြီး ဧဝံဂေလိ ဖြန့်ဝေရာတွင် လူတချို့ကိုလည်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ သို့ဖြစ်လျက်နှင့် ဘုရားသခင်သည် အားလုံးအပေါ် အချုပ်အခြာအာဏာ ရှိကြောင်းကို သင်အဘယ်ကြောင့် နားမလည်သနည်း။ သင်သည် သမ္မာတရားကို နားလည်ခြင်း လုံးဝ မရှိပေတကား။ သင်သည် လုံးဝ မမြင်နိုင်ဘဲ ဖြစ်နေသလော။ ဤသည်မှာ မှန်သော လမ်းခရီး ဖြစ်ကြောင်းကို သင်ရှင်းလင်းစွာ သိရှိသော်လည်း သမ္မာတရားကို လိုက်စားခြင်း မရှိ။ သင်သည် စုဝေးပွဲများကို တက်ရောက်ကာ တရားဒေသနာများကို နားထောင်ပြီး အသင်းတော် အသက်တာကို အသက်ရှင်သော်လည်း သမ္မာတရားကို နားမလည်သကဲ့သို့ ပြောင်းလဲခြင်းလည်း လုံးဝ မရှိလေပြီ။ သင်သည် အလွန် သနားစဖွယ် ဖြစ်သည်တကား။ ဤသည်မှာ မယုံကြည်သူများ၏ အခြေအနေပင် ဖြစ်သည်။ ဘုရားအိမ်တော်နှင့် ၎င်းတို့ မသက်ဆိုင်သည့်အလား ဖြစ်နေ၏။ ဘုရားသခင်၏ အမြင်တွင် သင်သည် လူငှားလိုက်သူတစ်ဦး၊ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်သည်။ သင်ကမူ “ကျွန်ုပ်တာဝန်ကို ကျွန်ုပ်လုပ်ဆောင်နေသည်ပင်။ ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို အသိအမှတ်ပြုမှ ဖြစ်မည်” ဟု ပြောကောင်းပြောနိုင်၏။ ထိုအခါ ဘုရားသခင်က “ငါသည် သင်၏ စိတ်နှလုံးတွင် လုံးဝ မရှိသကဲ့သို့ မည်သည့်သမ္မာတရားကိုမျှ သင်လက်ခံခြင်းလည်း မရှိ။ သင်သည် မကောင်းမှုပြုသူတစ်ဦး ဖြစ်သည်။ ငါ့ထံမှ ဖယ်သွားလော့” ဟု ပြောပေမည်။ ဤသည်တို့မှာ ဘုရားသခင်၏ အတွင်းကျကျ အတွေးများ ဖြစ်သည်။ သင်သည် သမ္မာတရားကို မချစ်။ ဘုရားသခင်က သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်သည်ကို သင်နားမလည်။ သင့်ထံတွင် အတွေ့အကြုံကို အခြေခံသည့် အသိပညာလည်း မရှိ။ သင်ယုံကြည်သည့် ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်ကြောင်း သက်သေခံရန် စစ်မှန်သည့် အတွေ့အကြုံတစ်ခုတလေကိုမျှ သင်မထုတ်နိုင်ပေ။ သို့ဖြစ်၍ ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို သင်ရရှိနိုင်သလော။ ဘုရားသခင်ကို သင်သက်သေမခံနိုင်ပေ။ သင်သည် မိမိလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက် စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်နေဆဲဖြစ်သည်။ သင်နှင့် ဘာသာတရားမရှိသူတစ်ဦးကြားတွင် သိသာထင်ရှားသည့် ခြားနားမှု မရှိပေ။ သင်သည် မိမိတွင် ရှိသည့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ကောင်းသော သဘောထားသေးသိမ်မှုလေးကိုပင် ပုန်ကန်နိုင်ခြင်းမရှိဘဲ ဖြစ်နေပြီး မိမိ၏ အယူအဆများနှင့် ပုန်ကန်မှုတို့ကို ဖြေရှင်းရန် အခက်တွေ့နေသည်။ သင့်အတွက် အခြေအနေများကို ဘုရားသခင် စီစဉ်ပေးသည့် အခါတိုင်းတွင် သင်သည် သင်ခန်းစာ မယူ။ နှစ်အတန်ကြာ တွေ့ကြုံပြီးသည့်နောက် သိသာထင်ရှားသည့် ရိတ်သိမ်းမှုလည်း မရှိ။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခံရရန် မဖြစ်နိုင်ချေ။ ဘုရားသခင်ကို အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ် သို့မဟုတ် ထို့ထက်ပင် ကြာရှည်စွာ သင်ယုံကြည်ခဲ့သည်ဖြစ်စေ သင်၏ ပုန်ကန်မှု၊ အတိုက်အခံလုပ်မှု၊ ထို့ပြင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့က လုံးဝ ပြေလည်သွားခြင်း၊ သန့်စင်သွားခြင်း မရှိလျှင် သင်သည် လုံးဝ မပြောင်းလဲသေးသည့် ပုံစံမပျက်ရှိနေသော နတ်ဆိုးအိုပင် ဖြစ်သည်။ ဤသည်မှာ သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး အလွယ်တကူ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။

လူတချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြသည်။ တရားဒေသနာများစွာ နားထောင်ကြပြီး အယူဝါဒများစွာ နားလည်ကြသည်။ ထို့ကြောင့် စစ်မှန်သည့် လမ်းခရီးကို ၎င်းတို့ ရရှိထားကြောင်း၊ ဘုရားသခင်ကို ရရှိထားကြောင်း တွေးထင်ကြပြီး အသက်ကို ရရှိထားသည်ဟု တွေးထင်ကြသည်။ သို့ရာတွင် သာမန် ကိစ္စရပ်များ၌မူ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်၏။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် အကျည်းတန်မှုကို လုံးဝ လှစ်ဟပြလျက် အခြားသူများကိုပင် နာကျင်စေကာ ဖယ်ကြဉ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်ခြင်း လုံးဝ မရှိရသနည်း။ ၎င်းတို့သည် အချို့သော စကားများနှင့် အယူဝါဒများကို မည်သို့ပြောဆိုရမည်ဆိုသည်ကိုသာ သိရှိကြ၏။ ထို့ပြင် အသက်ကို ၎င်းတို့ရရှိထားသည်ဟု တလွဲထင်ကြသည်။ ဤသည်မှာ လူ၏ သနားစဖွယ် အခြေအနေပင် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကိုပင် ဘေးဖယ်ထားနိုင်ခြင်း မရှိကြသကဲ့သို့ ဤဆင်းရဲဒုက္ခ အနည်းငယ်လေးကိုလည်း မခံနိုင်ကြပေ။ သို့ဖြစ်လျှင် မည်သည့်အရာကို ၎င်းတို့ ခံစားနိုင်သနည်း။ အစမှ အဆုံးထိတိုင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို အခြားမည်သည့်အရာမဆိုထက် သာ၍ အရေးကြီးသည်ဟု မြင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို စတင် ယုံကြည်သည့် အချိန်တွင် ဤသို့ ဖြစ်ကြသည်။ လက်ရှိအချိန်ထိလည်း လုံးဝ ပြောင်းလဲခြင်း မရှိကြချေ။ သူတို့ကိုယ်သူတို့ ကောင်းမွန်သည်ဟု ထင်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့တာဝန်များကို လက်ရှိအချိန်ထိ လုပ်ဆောင်ရင်း ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် အတော်အတန် ဆင်းရဲဒုက္ခ ခံစားထားကြောင်းနှင့် ၎င်းတို့၏ ပံ့ပိုးမှုများက အရေးပါကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားသူများထက် သာလွန်ကြောင်း တွေးထင်ကြသည်။ အထူးသဖြင့် တရားဒေသနာ အများအပြားကို နှစ်ပေါင်းများစွာကြာ နားထောင်လာခဲ့ကြသည့် ဤလူများသည် သူများထက် မိမိသာလွန်မြင့်မြတ်သည်ဟူသည့် ခံစားချက် ရှိကြပြီး ဘုရားသခင်ကို ၎င်းတို့ ရရှိထားကြောင်း တလွဲတွေးထင်ကြသည်။ ၎င်းတို့ ကျိန်ဆိုသည့် ကတိသစ္စာများနှင့် ၎င်းတို့ ဖော်ပြသည့် စိတ်ပိုင်းဖြတ်မှုတို့သည် ဘုရားသခင်ကို ၎င်းတို့ ပထမဆုံး စတင်ယုံကြည်ခဲ့ချိန်နှင့် တစ်ထေရာတည်း တူညီနေ၏။ ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုဖြစ်စေ၊ ကျမ်းသစ္စာများဖြစ်စေ လုံးဝ ပြောင်းလဲသွားခြင်း မရှိသကဲ့သို့ ၎င်းတို့၏ စိတ်ထက်သန်မှု သို့မဟုတ် အလိုဆန္ဒသည်လည်း ပြောင်းလဲသွားခြင်း မရှိပေ။ ဘုရားသခင်အတွက် ၎င်းတို့ သုံးစွဲသည့် အားအင်သည် ကြီးမားဆဲ ဖြစ်သော်လည်း မပြောင်းလဲသေးသည့် အရာများလည်း ရှိနေ၏။ တစ်နည်းဆိုရလျှင် ၎င်းတို့၏ မာနထောင်လွှား၍ ပုန်ကန်တတ်ပြီး လှည့်ဖြားတတ်ကာ ခေါင်းမာသော စိတ်သဘောထားများက လုံးဝ မပြောင်းလဲသေးပေ။ ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံးတွင် ဤလူများသည် မည်သည့်အရာကို လုပ်ဆောင်နေခဲ့ကြသနည်းဟု ငါတွေးမိသည်။ ၎င်းတို့သည် မိမိတို့၏ ဘဝသက်တမ်း အများစုကို အသုံးချလျက် ဘုရားသခင်ကို ယုံကြည်ပြီး နေ့တိုင်း မိုးသောက်မှသည် နေဝင်ဆည်းဆာတိုင်အောင် မိမိတို့တာဝန်များကို လုပ်ဆောင်ကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် စစ်မှန်သော လမ်းခရီးတို့ကို ၎င်းတို့ရရှိထားသည်ဟု တွေးထင်ကြ၏။ ဤသည်မှာ အဖြစ်မှန် ဖြစ်သလော။ ၎င်းတို့၏ ထင်မြင်ခံစားချက်များကို ဘုရားသခင်က အတည်ပြုပေးထားပြီလော။ ဘုရားသခင်သည် မည်သည့်အရာကို မြင်လိုသနည်း။ ဤသည်မှာ တွေးဆထိုက်သည့် ကိစ္စတစ်ခု ဖြစ်သည် မဟုတ်လော။ မိမိကောင်းမွန်သည်ဟူသော လူတစ်ဦး၏ ခံစားချက်နှင့် ၎င်းတို့အပေါ် ဘုရားသခင် ရှုမြင်ပုံတို့အကြားတွင် သိသာထင်ရှားသည့် ကွဲလွဲမှုတစ်ခု ရှိပါက ပြဿနာ ရှိနေသူမှာ မည်သူဖြစ်သနည်း။ (လူဖြစ်ပါသည်။) ယင်းမှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မလွဲနိုင်သောကြောင့် ဖြစ်၏။ လူအပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းသည် မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ ထိုအစား လူကသာ ထိုစံနှုန်းကို စဉ်ဆက်မပြတ် အဓိပ္ပာယ်ကောက်လွဲနေခြင်း၊ မိမိကို အကျိုးပြုသည့် နည်းနှင့်သာ စဉ်ဆက်မပြတ် နားလည်နေခြင်း ဖြစ်သည်။ လူတချို့က “ဤလူများသည် ဘုရားသခင်ကို ၎င်းတို့၏ ဘဝသက်တမ်း အများစုကြာ ယုံကြည်ကြပြီး ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင် မနှစ်သက်လက်မခံပါက အလွန် သနားဖွယ်ဖြစ်သည် မဟုတ်ပါလော” ဟု တွေးထင်ကြသည်။ ထိုသို့သော လူများကို သနားထိုက်၊ စာနာထိုက်သလော။ ၎င်းတို့ကို သနားထိုက်ခြင်း၊ စာနာထိုက်ခြင်းမရှိဟု ပြောပါက ၎င်းတို့အပေါ် အလွန်ရက်စက်ရာ မကျနေသလော။ ရက်စက်ရာ မကျပေ။ အဘယ်ကြောင့် ဤသို့ ငါပြောရသနည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို အခွင့်အရေးများ အလုံအလောက် ပေးထားနှင့်ပြီးသား ဖြစ်သောကြောင့် ဖြစ်ပါသည်။ ၎င်းတို့၏ အဖြစ်က မည်သူမပြု မိမိမှုသာ ဖြစ်ပါ၏။) နားဝင်သိပ်မချိုသည့် စကားဖြင့် ပြောရလျှင် ထိုအရာနှင့် ၎င်းတို့ထိုက်တန်၍ ၎င်းတို့ကို မသနားထိုက်။ အခြားသူများအကြောင်း ငါပြောလျှင် သင်တို့အားလုံးက တွေးကြသည်မှာ “ဤအရာက သင်နှင့် ထိုက်တန်သည်။ သင်၏ အဖြစ်က မည်သူမပြု မိမိမှုသာ ဖြစ်သည်။ မည်သူကမျှ သင့်ကို ဘုရားနှုတ်ကပတ်တော်များ နားမထောင်ဖို့ တားဆီးခြင်း မရှိခဲ့။ ဘုရားသခင်က သင့်ကို အလိုမရှိသကဲ့သို့ ငါသည်လည်း သင့်ကို မစာနာ၊ မသနား။ ဤအရာက သင်နှင့် တန်၏” ဟု ဖြစ်သည်။ သို့ရာတွင် ဤအရာက သင်တို့ထံ ဖြစ်ပျက်လာလျှင် သင်တို့သည် ကိုယ့်အသိတရားကို စစ်ဆေးပြီး မိမိတို့ကိုယ်ကို ပြန်လည် ဆန်းစစ်ကြမည်လော။ မည်သည့်အရာကို သင်တို့ စဉ်းစားသင့်သနည်း။ ဖန်ဆင်းခံတစ်ဦး ဖြစ်သင့်ဖြစ်ထိုက်သည့် အခန်းကဏ္ဍတွင် ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အတွေးများနှင့် သဘောထားတို့ဖြင့် အသိစိတ်ရှိရှိ အသိတရားရှိရှိ မည်သို့ အကျိုးသင့် အကြောင်းသင့် စဉ်းစားသင့်သနည်း။ ဘုရားသခင်နှင့် လူထံ တတ်နိုင်သမျှ ယုတ္တိအတန်ဆုံးနှင့် အမျှတဆုံး ရှင်းလင်းချက်ကို ပေးရန်အလို့ငှာ သင့်အနေဖြင့် မည်သို့စဉ်းစားကာ ပြုမူဆောင်ရွက်သင့်သနည်း။ (ဘုရားသခင်၊ ကျွန်ုပ်၏ ကိုယ်ပိုင် ခံစားချက်များအကြောင်းကို အနည်းငယ် ကျွန်ုပ်ပြောလိုပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်လာခဲ့သော်လည်း သမ္မာတရား မရရှိသေးဟု ထင်ပါ၏။ ဤသည်မှာ ဘုရားသခင်က အမှားတစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သောကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အမှုတော်များက ရလဒ်များ မရရှိခြင်းကြောင့်လည်း မဟုတ်ဘဲ သမ္မာတရားကို ကျွန်ုပ် မလိုက်စားခဲ့သောကြောင့် ဖြစ်ပါသည်။ သခင်ယေရှု သုံးပြခဲ့သည့် ဤဥပမာကို ကျွန်ုပ်တွေးမိပါ၏။ စပျစ်ဥယျာဉ်ထဲ စေားစီးစွာ အလုပ်ဝင်လာသူများနှင့် နောက်ကျမှ အလုပ်ဝင်လာသူများ၏ လုပ်အားခများက အတူတူပင် ဖြစ်သည်ဟု ဆိုပါသည်။ ဘုရားသခင်၏ အမှုတော်ကို စောစီးစွာ လက်ခံသူများနှင့် ဘုရားသခင်၏ အမှုတော်ကို နောက်ကျမှ လက်ခံသူများအားလုံးကို သူပေးသည့်အရာတွင် ဘုရားသခင်သည် အလွန့်အလွန် မျှတပြီး အကျိုးသင့်အကြောင်းသင့် ရှိပါသည်။ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားသကဲ့သို့ အဆုံးတွင် လူတို့အပေါ် ဘုရားသခင် ပေးသနားသည့် သမ္မာတရားများကိုလည်း မရရှိလျှင် ဤသည်မှာ ဘုရားက ထိုသူအား အချိန်လုံလုံလောက်လောက် မပေးခဲ့သောကြောင့် မဟုတ်ဘဲ ထိုသူက သမ္မာတရားကို တန်ဖိုးထားခြင်း သို့မဟုတ် လက်ခံခြင်း မရှိသောကြောင့်သာ ဖြစ်ပါသည်။ ထိုသူသည် သူ့အား ဘုရားသခင် ပေးထားသည့် အခွင့်အရေးများကို တစ်ခုပြီးတစ်ခု လက်လွှတ်ကာ ဆုံးရှုံးပါသည်။ လူတချို့ကမူ ဘုရားသခင်ကို ယုံကြည်လာသည်မှာ အချိန်တိုတိုလေးသာ ရှိသေးသော်လည်း သမ္မာတရားကို လက်ခံပြီး လိုက်စားနိုင်ကြပါသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို နှစ်အတန်ကြာ ကြုံတွေ့ပြီးနောက်တွင် ပြောင်းလဲမှုတချို့ကို ၎င်းတို့ရရှိကာ ကယ်တင်ခံရနိုင်ကြပါသည်။ ဘုရားသခင် လုပ်ဆောင်ထားသည့် ဤအရာအားလုံး ဖြောင့်မတ်ပါ၏။ ဤသည်တို့မှာ ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို နားထောင်ပြီးသည့်နောက် ပေါ်လာသည့် ကျွန်ုပ်၏ ခံစားချက်တချို့ ဖြစ်ပါသည်။) အလွန် ကောင်းသည်။ ပထမဦးစွာ ဤကိစ္စရပ်ကို လူသားရှုထောင့်အမြင်မှ ကိုင်တွယ်ဖြေရှင်းကြစို့။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် လူ့ဇာတိမခံယူခဲ့ပါက ဘုရားသခင်ကို ယုံကြည်သူ အားလုံးသည် မည်သည့်အခြေအနေတွင် ရှိနေကြမည်နည်း။ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်တွင်၊ ဆိုးယုတ်မှု ရေစီးကြောင်းများထဲတွင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် လုံးဝ အသက်ရှင်နေကြမည် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြား အသက်ရှင်ခြင်းသည် နတ်ဆိုးများ၏ အကျဉ်းထောင်တွင် အသက်ရှင်ခြင်း သို့မဟုတ် မကောင်းဆိုးဝါးများ၏ သားရဲတွင်းထဲ အသက်ရှင်ခြင်း သို့မဟုတ် အရောင်ဆိုးသည့် စည်ကြီးထဲတွင် အသက်ရှင်ခြင်းနှင့် တူညီသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်ပါက မကောင်းသည့်အရာများ သို့မဟုတ် မကောင်းမှုကို လုပ်ဆောင်ရင်း မိမိ လိုအင်ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို အလွန် လွယ်လွယ်ကူကူ လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ သူ၏ ဖောက်ပြန်ပျက်စီးခြင်းသည် တိုး၍ နက်ရှိုင်းလာကာ သူသည်လည်း တိုး၍ တိုး၍ ဆိုးယုတ်လာသည်၊ တိုး၍ တိုး၍ ယုတ္တိမတန် ဖြစ်လာသည်။ ဤသို့ဖြင့် အဆုံးတွင် ရှင်သန်နေသည့် မကောင်းဆိုးဝါးများ ဖြစ်လာတော့၏။ သူ၏ စကားများနှင့် လုပ်ဆောင်ချက်များအရ သူသည် လူသားဖြစ်ပုံရသော်လည်း သူ၏ စိတ်နေစိတ်ထားနှင့် စိတ်သဘောထားတစ်ခုလုံးကမူ ရှင်သန်နေသော မကောင်းဆိုးဝါးတစ်ဦး၏ စိတ်နေစိတ်ထား၊ စိတ်သဘောထားတို့နှင့် တူလာနှင့်ပြီး ဖြစ်သည်။ ထိုသို့သော လူများ၏ အဆုံးသတ်မှာ အဘယ်နည်း။ စာတန်ကဲ့သို့ တူညီသည့် အဆုံးသတ်ကို ၎င်းတို့ကြုံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် စာတန်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း လုံးဝ ခံထားရသည်။ စာတန်၏ အဖော်များ ဖြစ်ကြ၍ စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများ ဖြစ်လာကြပြီးဖြစ်ကာ စာတန်တမျှပင် ဘုရားသခင်ကို အတိုက်အခံလုပ်ကြလေသည်။ ထိုသို့ဖြင့် ၎င်းတို့တွင် လူးသာလွန့်သာ အနေအထား မရှိတော့ဘဲ အဆုံး၌ ၎င်းတို့၏ အဆုံးသတ်မှာ အပြစ်ဒဏ်ပေးခံရပြီး ဖျက်ဆီးခံရရန် ဖြစ်သွားသည်။ ဤသည်မှာ လူသားများနှင့် စပ်လျဉ်း၍ ပြောဆိုခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို မယုံကြည်လျှင် ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။ သင့်အနေဖြင့် ဤလောကတွင် အလွန် လွတ်လပ်ကောင်း လွတ်လပ်လိမ့်မည်။ သင်ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ခြင်း ရှိကောင်းရှိလိမ့်မည်။ သင့်စိတ်ကြိုက် ပြုမူဆောင်ရွက်နိုင်ခြင်း ရှိကောင်းရှိလိမ့်မည်။ အသိစိတ်နှင့် အသိတရား၏ ချုပ်ထိန်းမှုကို ခံယူဖို့ မလိုအပ်သကဲ့သို့ ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းတို့ကို လက်ခံရန် မဆိုထားနှင့်၊ သမ္မာတရားကိုပင် လက်ခံရန် သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန်လည်း မလိုအပ်ဘဲ ရှိကောင်းရှိလိမ့်မည်။ သင်သည် သင်၏ ကိုယ်ပိုင် ကြိုက်နှစ်သက်မှုများအတိုင်းသာ အသက်ရှင်ပြီး လောက၏ ခေတ်ရေစီးကြောင်းများနောက် လိုက်ခြင်းဖြင့် အသက်ရှင်သည်မှာ အသိစိတ် မရှိတော့လောက်အောင်၊ အသိတရားအပေါ် သိမြင်မှု မရှိတော့လောက်အောင် လုံးဝ ပြောင်းလဲသွားသည်အထိပင် ဖြစ်သည်။ သင်သည် ရှင်သန်နေသည့် မကောင်းဆိုးဝါးတစ်ဦး၊ ရှင်သန်နေသည့် စာတန်၊ ရှင်သန်နေသည့် နတ်ဆိုးတစ်ဦးအဖြစ်သို့ အတွင်းရော အပြင်ပါ အကြွင်းမဲ့ လုံးဝ ဆုတ်ယုတ်သွားပေသည်။ သင့်အနေဖြင့် ဟန်ဆောင်နေရန် သို့မဟုတ် ဖုံးကွယ်နေရန် မလိုအပ်။ သင်သည် စာတန်စစ်စစ်၊ နတ်ဆိုးတစ်ဦး ဖြစ်သည်။ ဤသည်မှာ ဘာသာတရားမရှိသူများက စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ခြင်း၏ ရလဒ်ဖြစ်ပြီး အဆုံးတွင် ထိုသူတို့သည် ကပ်ဘေးများ၏ ဖျက်ဆီးခြင်းခံရမည် ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်ခံနိုင်ခြင်း လုံးဝ မရှိသည့်အပြင် မိမိကိုယ်ကို သိရှိနိုင်ခြင်းလည်း လုံးဝ မရှိသကဲ့သို့ အမှန်တကယ် နောင်တရခြင်းလည်း မရှိဟု ဆိုပါစို့။ ထိုသူသည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်လာခဲ့သော်လည်း၊ လုံးဝ ပြောင်းလဲခြင်း မရှိ။ သူ၏ အသိတရားနှင့် အသိစိတ်တို့ကလည်း ပြန်ကောင်းလာခြင်း မရှိသကဲ့သို့ သူ၏ ဘဝလမ်းစဉ်သည်လည်း ဘာသာတရားမရှိသူတစ်ဦး၏ ဘဝလမ်းစဉ်နှင့် အတူတူပင် ဖြစ်နေသည် ဆိုပါစို့။ ဘုရားသခင်က လူတို့ကို မည်သို့တရားစီရင်ကာ ပြစ်တင်ဆုံးမသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ သူသည် လုံးဝ အာရုံမစိုက်ဟု ဆိုပါစို့။ ထိုသို့သော လူများသည် မယုံကြည်သူများ၊ ဘုရားအိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် ဆိုးယုတ်သောသူများ ဖြစ်ကြသည်။ သမ္မာတရားနှင့် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေးများစွာကို ဘုရားသခင် ပေးထားပြီးဖြစ်၏။ လူတို့ကမူ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့မျှ အာရုံစိုက်ခြင်း မရှိဘဲ နှစ်များစွာ ယုံကြည်ကြသည်။ ၎င်းတို့သည် စားလိုက်၊ သောက်လိုက်၊ ပျော်မြူးလိုက်နှင့် ပုံမှန်အတိုင်းပင် ဇာတိပကတိ ပျော်ရွှင်မှုများကို လိုက်စားကြဆဲဖြစ်သည်။ ၎င်းတို့တွင် အသိတရားမရှိ၊ လူ့သဘာဝ၏ အပြုသဘောဆောင်သော အရိပ်လက္ခဏာများ မရှိပေ။ ၎င်းတို့သည် ကယ်တင်ခံရနိုင်သည့် အဆင့်၊ ပြန်လှည့်၍ ရနိုင်သည့် အဆင့်ကို ကျော်လွန်သွားကြပြီး ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် လက်လျှော့လိုက်ပြီး ၎င်းတို့ကို မကယ်တင်ပေ။ ၎င်းတို့၏ အဆုံးသတ်ကိုမူ ပြောနေရန်ပင် မလို။ ဤအချိန်တွင် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်သည့် ဘဝသည် အဆုံးသတ်သွားသည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ် ပြီးစီးသွားသည်။ ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်ထားပြီးဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ အဆုံးသတ်ဖြစ်သည်။ တစ်စုံတစ်ဦး၌ ဤအဆုံးသတ် ရှိသည့်အခါ သူ၏ စိတ်နှလုံးတွင် မည်သည့်ခံစားချက်များ ရှိနေမည်နည်း။ ထိုသူတို့၏ စိတ်နှလုံးက အနည်းငယ် နာကျင်ဆို့နင့်နေမည်။ ၎င်းတို့သည် အမှန်တကယ် စိတ်ကယောက်ကယက် ဖြစ်ကာ ဝမ်းနည်းနေမည်။ လုံးဝ ဒုက္ခရောက်ကာ လုံးဝ ကူကယ်ရာမဲ့ ဖြစ်နေလျက် နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲနိုင်ခြင်း မရှိဘဲ အကန့်အသတ်မဲ့ သမုဒ္ဒရာထဲ ရောက်နေသည့်အလား ၎င်းတို့ကို ဘုရားသခင်က စွန့်ပစ်သွားပြီဟု ခံစားနေမည်ဖြစ်သည်။ သင်သည် ထိုအဆင့်ထိ မကျဆင်းသေးချိန်တွင် ထိုဝေဒနာမျိုးကို မခံစားနိုင်ချေ။ သို့သော် ထိုအခြေအနေကို ရောက်သွားသည်နှင့် တစ်ပြိုင်နက် လှည့်ပြန်၍ မရနိုင်တော့ပေ။ ဘုရားသခင်က လူတို့ကို ကယ်တင်လိမ့်မည် မဟုတ်သည့် ဤအခြေအနေတွင် ဤသည်မှာ အဆိုပါ ကံကြမ္မာမျိုးဆီသို့၊ ထို့ပြင် အဆိုပါ အဆုံးသတ်မျိုးဆီသို့ နောက်ဆုံး၌ လူတို့ လျှောက်လှမ်းကြပုံ ဖြစ်သည်။ သို့သော် လူတို့တွင် ဤကံကြမ္မာမျိုး၊ ဤအဆုံးသတ်မျိုး ရှိခြင်းသည် ဘုရားသခင်အတွက် ဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်သလော။ ဘုရားဖန်ဆင်းခဲ့သည့် လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရလျှင်၊ ဘုရား၏ ကယ်တင်ခြင်းကို လက်ခံခြင်း လုံးဝ မရှိဘဲ ပျက်စီးခြင်းလမ်းဆီသို့ လျှောက်လှမ်းလျှင် ဘုရားသခင်အတွက် ဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်သလော။ လုံးဝ မဖြစ်ပေ။ သူ၏ ဖန်ဆင်းခံများထဲမှ တစ်ဦးတစ်ယောက် ဖျက်ဆီးခြင်း ခံရသောကြောင့် ဘုရားသခင်သည် ဘုရားဖြစ်ခြင်းမှ ရပ်တန့်သွားမည်လော။ ဘုရားသခင်ဟူသည့် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်း၊ ဘုရားသခင်ဟူသည့် သူ၏ အနှစ်သာရကို ဆုံးရှုံးသွားမည်လော။ ဤအရာက အရာခပ်သိမ်းအပေါ် သူအချုပ်အခြာအာဏာ ရှိသည်ဟူသည့် အချက်ကို ပြောင်းလဲစေမည်လော။ (ပြောင်းလဲစေမည် မဟုတ်ပါ။) ပြောင်းလဲစေမည်မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့က ဘုရားသခင်၏ အမှုတော်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ကယ်တင်ခြင်းကို ၎င်းတို့ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ဘုရားသခင်အတွက် ဆုံးရှုံးမှု မဖြစ်ကြောင်းပင်။ ဤသည်မှာ အမှုအရာများနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ ဘုရားသည်လည်း လူတို့ကို ကယ်တင်ရန် အမှုမပြုလျှင်ပင် မည်သည့်အရာကိုမျှ ဘုရားသခင် ဆုံးရှုံးခြင်း လုံးဝ မရှိ။ စာတန်က စာတန်ဖြစ်နေဆဲ၊ ဘုရားသခင်က ဘုရားသခင်ဖြစ်နေဆဲပင်။ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သောသူသည် ဘုရားသခင်ဖြစ်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းထားသူ ဖြစ်နေဆဲ ဖြစ်ကာ သူသည် အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်နေဆဲ ဖြစ်သည်။ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ စာတန်၏ ကံကြမ္မာ၊ အရာခပ်သိမ်း၏ ကံကြမ္မာတို့ကို ဘုရားလက်ထဲတွင် စွဲကိုင်ထား၏။ ဘုရားသခင်၏ အဆင့်အတန်း၊ ဘုရားသခင်၏ အတုမရှိမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရတို့က ပြောင်းလဲခြင်း မရှိနိုင်ပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည်လည်း ညစ်နွမ်းစေခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့ သူ၏ အမှုသည်လည်း နစ်နာဆုံးရှုံးမှု ခံစားရလိမ့်မည် မဟုတ်။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်နေဆဲ ဖြစ်သည်။ ဤအရာက လူတို့အား အချက်တစ်ချက်ကို နားလည်စေသည်။ လူသားမျိုးနွယ်သည် မည်မျှများပြားလာသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ကိန်းဂဏန်းတစ်ခုသာ ဖြစ်သည်။ မည်သည့်အင်အားစုမျိုးနှင့်မျှ ညီမျှခြင်းမရှိဘဲ ဘုရားသခင်အတွက် မည်သည့်ခြမ်းခြောက်မှုမျှလည်း မဖြစ်ပေါ်စေပေ။ မည်သည့်လမ်းကြောင်းကို လူသားမျိုးနွယ် လိုက်လျှောက်သည်ဖြစ်စေ ၎င်းတို့ကို ဘုရားသခင်၏ လက်တော်ထဲတွင် ထိန်းသိမ်းထားသည်။ မည်သည့်အဆုံးသတ်ကို လူသားမျိုးနွယ် ရင်ဆိုင်ရသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ တည်ရှိခြင်း သို့မဟုတ် အချုပ်အခြာအာဏာကို ၎င်းတို့ အသိအမှတ်ပြုခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအရာတစ်ခုကမျှ ဘုရားသခင်၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်းအပေါ် အကျိုးမသက်ရောက်နိုင်သကဲ့သို့ ဘုရားသခင်၏ အနှစ်သာရအပေါ်လည်း အကျိုးမသက်ရောက်နိုင်ပေ။ ဤသည်မှာ မည်သူမျှ ပြောင်းလဲမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ သို့ရာတွင် လူတို့အနေဖြင့် ရှင်းလင်းစွာ နားမလည်သေးဘဲ သို့မဟုတ် မတွေ့ကြုံရသေးဘဲ ဖြစ်နေနိုင်သည့် တစ်စုံတစ်ရာ ရှိသည်။ လူသားမျိုးနွယ်ထဲမှ တစ်ဦးတလေသည် ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရပြီး ဘုရားက ထိုသူကို ကယ်လည်း မကယ်တင်လျှင် သူ၏ နောက်ဆုံး အဆုံးသတ်သည် ပျက်စီးခြင်းဖြစ်လိမ့်မည် ဖြစ်သည်။ ယင်းမှာ ပြန်ပြင်၍ မရပေ။ စကြဝဠာတစ်ခုလုံးနှင့် အရာခပ်သိမ်းတွင် ၎င်းတို့ မည်မျှကြီးမားသည်ဖြစ်စေ၊ ဂြိုဟ်မည်မျှ ရှိသည်ဖြစ်စေ၊ သက်ရှိမည်မျှ ရှိသည်ဖြစ်စေ ဤအရာများက ဘုရားသခင်၏ ဖြစ်တည်မှု အမှန်တရားကို မပြောင်းလဲနိုင်ပေ။ ထို့ပြင် စကြဝဠာနှင့် အရာခပ်သိမ်းတို့၏ ကံကြမ္မာကို တစ်ပါးတည်းသော အရှင်၏ လက်တော်ထဲတွင်သာ ထိန်းသိမ်းထားသည်။ သက်ရှိဇီဝရုပ်မှသည် ကြယ်ထိတိုင်အောင် မည်သည့်အရာကမျှ ဘုရားသခင်၏ ဖြစ်တည်မှုအပေါ် အကျိုးမသက်ရောက်နိုင်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ်လည်း အကျိုးမသက်ရောက်နိုင်ပေ။ ဘုရားသခင်တွင် ရှိသည့် စိတ်ကူးတစ်စုံတစ်ရာကို တစ်ခုခုက ထိန်းချုပ်နိုင်ဖို့ ဆိုသည်မှာမူ ဝေလာဝေးပင်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ လူတချို့က “သင့်ကို ကျွန်ုပ်မယုံကြည်ပါ။ ထို့ကြောင့် သင်သည် ဘုရားသခင်မဟုတ်”၊ “သင့်ကို ယုံကြည်ကြသည့် လူများမှာ သိပ်မများလှသောကြောင့် သင်သည် ဘုရားသခင် မဟုတ်” ဟု ထင်မြင်ယူဆကြသည်။ ဤသည်မှာ ယုတ္တိရှိသည့် ပြောစကား ဟုတ်သလော။ (မဟုတ်ပါ။) အခြားသူတချို့က “ကျွန်ုပ်တို့သာ ကိုယ်တော့်ကို ယုံကြည်ကြသောကြောင့် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို အချုပ်အခြာအာဏာ စွဲကိုင်သည့် ကိုယ်တော်၏ တန်ခိုးသည် ဤမျှသာ ကြီးမြတ်သည်၊ ဤမျှထိသာ ဖြန့်ကြက်သည်” ဟု ပြောကြသည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) ထိုသို့သော အမြင်များရှိသည့် လူတို့သည် အလွန် မသိနားမလည်ကြ၊ အလွန် မိုက်မဲကြပေသည်။

ဘုရားသခင်သည် လူတို့ကို မကယ်တင်လျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းဆီသို့ ဦးတည်မည် ဖြစ်သော်လည်း ဘုရားသခင်၏ အနှစ်သာရကို မဆိုထားနှင့်၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းအပေါ်ပင် အကျိုးသက်ရောက်မှု လုံးဝ ရှိမည် မဟုတ်ကြောင်းကို ငါယခုတင် မိတ်သဟာယပြုခဲ့သည်။ ဤအချက်ကို သင်တို့ ရှင်းလင်းစွာ မြင်ကြသည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်က သမ္မာတရားကို လက်ခံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ဘုရားသခင်ကား ဘုရားသခင် ဖြစ်နေဆဲပင်။ သူ၏ အဆင့်အတန်း၊ ကိုယ်ပိုင်လက္ခဏာ၊ အနှစ်သာရတို့သည် ပြောင်းလဲလိမ့်မည် မဟုတ်။ သို့ရာတွင် လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ပတ်သက်၍မူ အလွန်ပြောင်းလဲတတ်ခြင်း ရှိသည်။ ထိုပြောင်းလဲတတ်ခြင်းကို မည်သူထိန်းချုပ်သနည်း။ လူတို့ကိုယ်တိုင် ဖြစ်သလော။ နိုင်ငံတစ်နိုင်ငံလော။ အုပ်စိုးသူတစ်ဦးလော။ အင်းအားတစ်စုလော။ မဟုတ်ပေ။ သင်၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို ကြီးကြပ်သူမှာ ဘုရားသခင် ဖြစ်သည်။ အားလုံး သူ၏ လက်ထဲတွင် ရှိသည်။ ထို့ကြောင့် ဤအချက်ကို သင်ရှင်းလင်းစွာ မြင်ရမည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သင့်ကို ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်သည် သင့်ကို ကျေးဇူးတော်ပြနေခြင်း ဖြစ်သည်။ ထိုအရာမှာ ကြီးမားသော ကယ်တင်ခြင်းဖြစ်သည်။ ကျေးဇူးတော်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ ကျေးဇူးတော်များထဲမှ အကြီးမြတ်ဆုံးဟု အဘယ်ကြောင့် ငါဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းသည် ရှောင်လွှဲ၍ မရသော ဥပဒေတစ်ခု မဟုတ်သကဲ့သို့ ရှောင်မရသည့် ခေတ်ရေစီးကြောင်းတစ်ခုလည်း မဟုတ်၊ လိုအပ်ချက်တစ်ခုလည်း မဟုတ်ပေ။ ဘုရားသခင်က ထိုအရာကို လုပ်ဆောင်ရန် လွတ်လပ်စွာ ရွေးချယ်ခြင်း ဖြစ်သည်။ ဘုရားသခင်က သင့်ကို မကယ်တင်ခဲ့လျှင် အဆင်ပြေမည်လော။ ဧကန်မုချ သူသည် သင့်ကို မကယ်တင်ဘဲ နေ၍ရသည် မဟုတ်လော။ အစကနဦးတွင် ဘုရားသခင်သည် သင့်ကို ကြိုတင်စီမံထားပြီးဖြစ်သော်လည်း ယခု သင့်ကို သူမရွေးချယ်လိုသည့်အပြင် ကယ်လည်း မကယ်တင်ပါက ဤကျေးဇူးတော်ကို သင်မရရှိနိုင်ပေ။ ထို့ကြောင့် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် ကောင်းစွာ စွမ်းဆောင်ရမည်ဖြစ်ပြီး ဘုရားသခင်ကို တို့ထိရန်နှင့် သူ၏ ကျေးဇူးတော်ကို ရရှိရန် သင်၏ လုပ်ရပ်များအပြင် သင်၏ စိတ်နှလုံးနှင့် သင်၏ စစ်မှန်သော ယုံကြည်ခြင်းတို့ကို အသုံးပြုဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ကြိုးစားရမည်။ ဤသည်မှာ သေချာပေါက် ဖြစ်နိုင်ခြေမရှိသည့်အရာ မဟုတ်ပေ။ လွန်ခဲ့သည့် အချိန်ကာလတွင် သခင်ယေရှုသည် ဧဝံဂေလိကို ဖြန့်နေခဲ့ချိန်၌ ခါနန်အမျိုးသမီးတစ်ဦး ရှိခဲ့၏။ ထိုအမျိုးသမီးက မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ (သူ၏သမီးက နတ်ဆိုးဝင်ပူးခြင်း ခံထားရသောကြောင့် ကူညီပေးပါရန် သခင်ယေရှုကို သူတောင်းလျှောက်ခဲ့ပါသည်။ သခင်ယေရှုက သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြောခဲ့ပါ၏။ ထိုအမျိုးသမီးကမူ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု ဆိုခဲ့ပါသည်။ သခင်ယေရှုက ထိုအမျိုးသမီး၏ ယုံကြည်ခြင်း ကြီးမားသည်ဟု ဆိုခဲ့ပြီး သူ၏ အလိုဆန္ဒများကို ဖြည့်ဆည်းပေးခဲ့ပါသည်။) သူနှင့်ပတ်သက်၍ မည်သည့်အရာကို သခင်ယေရှုက နှစ်သက်လက်ခံခဲ့သနည်း။ (သူ၏ ယုံကြည်ခြင်း ဖြစ်ပါသည်။) သူ၏ ယုံကြည်ခြင်းသည် အမှန်တကယ် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူ၏ ယုံကြည်ခြင်းကို ငါတို့အနေနှင့် မည်သို့နားလည်သင့်သနည်း။ (သခင်ယေရှုသည် ဘုရားသခင် ဖြစ်ကြောင်း သူအသိအမှတ်ပြုခဲ့ပါသည်။) သခင်ယေရှုက သူ့ကို ခွေးတစ်ကောင်ဖြစ်သည်ဟု ပြောခဲ့သည်။ သို့ဖြစ်လျက်နှင့် သူသည် အဘယ်ကြောင့် စိတ်မပျက်ခဲ့သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ အလွန်ရှင်းလင်းစွာ သင်တို့ မပြောနိုင်ကြပေ။ ဤအရာများမှာ အမှန်တရားများ ဖြစ်သည်။ ဤလူ၏ ယုံကြည်ခြင်းကို သခင်ယေရှုက အဘယ်ကြောင့် လက်ခံခဲ့သနည်း။ ခွေးတစ်ကောင်ဖြစ်ရန် ထိုအမျိုးသမီး လိုလားနေသည့် အချက်ကို သူနှစ်သက်လက်ခံခဲ့ခြင်း မဟုတ်သကဲ့သို့ စားနုပ်စားပေါက်များ စားရန် သူ၏ လိုလားစိတ်ကို နှစ်သက်လက်ခံခဲ့ခြင်းလည်း မဟုတ်။ ဤအရာအားလုံးက သာမညသာ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာကို သခင်ယေရှုက နှစ်သက်လက်ခံခဲ့သနည်း။ သခင်ယေရှုက သူ့ကို ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံသည်ဖြစ်စေ၊ လူတစ်ဦးကဲ့သို့ ဆက်ဆံသည်ဖြစ်စေ၊ နတ်ဆိုးတစ်ကောင်ကဲ့သို့၊ သို့မဟုတ် စာတန်တစ်ကောင်ကဲ့သို့ ဆက်ဆံသည်ဖြစ်စေ သူအရေးမစိုက်ခဲ့သည့် အချက်ကို ဖြစ်သည်။ သူ့ကို သခင်ယေရှု မည်သို့ဆက်ဆံသည် ဆိုသည်မှာ သူ့အတွက် အရေးမကြီးခဲ့ပေ။ အရေးအကြီးဆုံးသော အရာကား သခင်ယေရှုမှာ အရှင်သခင်နှင့် ဘုရားသခင်ဖြစ်ကြောင်း၊ ဤသည်မှာ ဘယ်သောအခါမျှ မပြောင်းလဲနိုင်မည့် သမ္မာတရားနှင့် အမှန်တရားတစ်ခု ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်လျက် သခင်ယေရှုကို ဘုရားသခင်အဖြစ် သူသဘောထားခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်နှင့် အရှင်သခင်ဖြစ်ပြီး မိမိ၏ စိတ်နှလုံးတွင် သူအသိအမှတ်ပြုခဲ့သော အရှင်ဖြစ်သည်။ ယင်းမှာ လုံလောက်ပေ၏။ သခင်ယေရှုက သူ့ကို ကယ်တင်သည်ဖြစ်စေ၊ မကယ်တင်သည်ဖြစ်စေ၊ သူ့ကို မိမိနှင့်အတူ စားသောက်သူတစ်ဦးအဖြစ်၊ တပည့်တော်တစ်ဦးအဖြစ်၊ နောက်လိုက်တစ်ဦးအဖြစ် ဆက်ဆံသည်ဖြစ်စေ၊ ခွေးတစ်ကောင်အဖြစ် ဆက်ဆံသည်ဖြစ်စေ သူ့အတွက် အရေးမကြီးခဲ့ပေ။ တိုတိုပြောရလျှင် သူ၏ စိတ်နှလုံးတွင် သခင်ယေရှုကို အရှင်သခင်အဖြစ် အသိအမှတ်ပြုသည့် အချက်က လုံလောက်ခဲ့ပေသည်။ ယင်းမှာ သူ၏ အကြီးမားဆုံး ယုံကြည်ခြင်း ဖြစ်ခဲ့သည်။ သင်တို့တွင် ဤယုံကြည်ခြင်းမျိုး ရှိကြသလော။ သင်တို့အားလုံးသည် ဘုရားအိမ်တော်၏ အစောင့်ခွေးများ ဖြစ်ကြသည်ဟု တစ်နေ့တွင် ငါပြောပါက လက်ခံရန် သင်တို့ လိုလားနေကြမည်လော။ သင်တို့သည် ဘုရားအိမ်တော်၏ အချစ်တော်လေးများ၊ ဘုရား၏ လူများ၊ ကောင်းကင်တမန်များ ဖြစ်သည်ဟု ငါဆိုလျှင် အတော်လေး စိတ်ကျေနပ်ဖွယ်ဖြစ်သည်ဟု သင်တို့မြင်မည် ဖြစ်သော်လည်း သင်တို့သည် ခွေးများဖြစ်သည်ဟု ငါပြောလျှင်မူ သင်တို့ ဝမ်းနည်းကြပေမည်။ အဘယ်ကြောင့် သင်တို့ ဝမ်းနည်းကြမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင့်ကိုယ်သင် အလွန်အရေးကြီးသည်ဟု မြင်သောကြောင့် ဖြစ်သည်။ သင်က တွေးသည်မှာ “ကိုယ်တော်သည် ဘုရားသခင် ဖြစ်ကြောင်း ကျွန်ုပ်အသိအမှတ်ပြုသည်ပင်။ သို့ဖြစ်လျက်နှင့် အဘယ်ကြောင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခွေးတစ်ကောင်ဟု ခေါ်ဆိုနိုင်ရသနည်း။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ်အသိအမှတ်ပြုသည်ပင်။ ထို့ကြောင့် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ တရားမျှတကာ အကျိုးသင့်အကြောင်းသင့် ဖြစ်သင့်ပါသည်။ ကျွန်ုပ်တို့နှစ်ဦးသည် တန်းတူရည်တူဖြစ်သည်၊ ကျွန်ုပ်တို့သည် အပေါင်းအသင်းများ ဖြစ်ကြပါသည်။ ကိုယ်တော့်ကို ကျွန်ုပ်ယုံကြည်သည်ဖြစ်၍ ကျွန်ုပ်၌ အင်မတန် ကြီးမားသော သတ္တိ၊ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်းတို့ ရှိကြောင်း ပြသနေသည်ပင်။ ကျွန်ုပ်မှာ ခွေးတစ်ကောင်ဖြစ်သည်ဟု ကိုယ်တော် အဘယ်သို့ပြောနိုင်ရပါသနည်း။ ကိုယ်တော်သည် လူကို မချစ်ပါတကား။ ကျွန်ုပ်တို့သည် အပေါင်းအသင်းများဖြစ်သည်၊ ကျွန်ုပ်တို့ အဆင့်အတန်း တူညီသင့်သည်။ ကိုယ်တော့်ကို ကျွန်ုပ် အသိအမှတ်ပြုသည်ပင်။ ကိုယ်တော့်ကို ကျွန်ုပ်ကြောက်ရွံ့ပြီး လေးစားသည်ပင်။ ကိုယ်တော်လည်း ကျွန်ုပ်ကို အသိအမှတ်ပြုကာ လူတစ်ဦးအဖြစ် ဆက်ဆံသင့်သည်။ ကျွန်ုပ်သည် လူတစ်ဦး ဖြစ်၏” ဟူ၍ ဖြစ်သည်။ ဤသဘောထားကို မည်သို့ထင်သနည်း။ (အသိစိတ်မဲ့ပါသည်။) လူတို့သည် ဘုရားသခင်နှင့် အဆင့်အတန်းချင်း တန်းတူဖြစ်လိုပြီး ဘုရားသခင်ကို မိမိတို့၏ အပေါင်းအသင်းအဖြစ် သဘောထားလိုသည့်အခါ ဤအရာက ပြဿနာ ဖြစ်လာနိုင်သည် မဟုတ်လော။ သင်က ဤသို့ ပြော၏။ “ကိုယ်တော်သည် သာမန်ရုပ်ရည်သာ ရှိသည်။ ကျွန်ုပ်သည် ကိုယ်တော်ထက် အမှန်တကယ် ပိုကြည့်ကောင်းပြီး ကိုယ်တော်ထက် အရပ်လည်း ပိုရှည်နေသည်။ အအေးမိသည့်အခါ ကိုယ်တော်လည်း ချောင်းဆိုးသည်ပင်။ စကားများစွာ ပြောသည့်အခါ ကိုယ်တော်လည်း ပင်ပန်းသည်ပင်။ ကျွန်ုပ်သည် ကိုယ်တော်ထက် ပိုကျန်းမာ၏။ ကိုယ်တော်၌ သမ္မာတရား ရှိနေခြင်းသာ ဖြစ်သည်။ ထိုအချက်တွင်မူ ကိုယ်တော်က ကျွန်ုပ်ထက် ပိုအားသာ၏။ ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီး သာ၍များသော သမ္မာတရားများကို နားလည်လာလျှင် ကိုယ်တော်ထက် များစွာ သာ၍ ဆိုးနေမည် မဟုတ်ပါ။ ထို့အပြင် ကိုယ်တော့်တွင် မရှိသည့် ကျွမ်းကျင်မှုတစ်ခု ကျွန်ုပ်တွင် ရှိသည်။ ထိုသို့ နှိုင်းယှဉ်ကြည့်လျှင် ကိုယ်တော်သည် ကျွန်ုပ်ထက် များစွာ ကြီးမြတ်နေခြင်း မရှိပါ” ဟူ၍ ဖြစ်သည်။ ဤရှုထောင့်အမြင်ကို မည်သို့ထင်သနည်း။ (မှားယွင်းပါသည်။) ဤနှိုင်းယှဉ်ခြင်း နည်းစနစ်ကို မည်သို့ထင်သနည်း။ လူသားများသည် ဘုရားသခင်နှင့် နှိုင်းယှဉ်ရန် အမှန်တကယ် မဖြစ်နိုင်ပေ။ ဤနှိုင်းယှဉ်ခြင်း နည်းစနစ်မှတစ်ဆင့် မည်သည့်အမှားမျိုး လုပ်နေခြင်း ဖြစ်သနည်း။ (ထိုလူသည် မိမိ၏ သင့်တင့်လျောက်ပတ်သော နေရာတွင် ရပ်တည်နေခြင်း မဟုတ်သကဲ့သို့ သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားနေခြင်း မဟုတ်ပါ။ သူသည် ဘုရားသခင်ကို သာမန်လူတစ်ဦးအဖြစ် သဘောထားနေခြင်း ဖြစ်ပါသည်။ လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝကိုသာ သူမြင်ပြီး ဘုရားသခင်၏ ဘုရားသဘာဝကို မမြင်ပါ။) ရှင်းလင်းစွာ ပြောရလျှင် ထိုသူတွင် အသိစိတ်ဖြစ်စေ၊ ဆင်ခြင်တုံတရားဖြစ်စေ မရှိခြင်း ဖြစ်သည်။ သူ့တွင် လူ့သဘာဝ မရှိ။ ထို့အပြင် လူတို့သည် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာကို မမြင်သေးသောကြောင့် ဘုရား၏ လူ့ဇာတိခန္ဓာကို လူသားတစ်ဦးအဖြစ် သဘောထားပြီး ဤသာမန်လူသည် ကြီးမြတ်ခြင်း မရှိသကဲ့သို့ အထင်ကြီးစရာလည်း မရှိကြောင်းနှင့် အနိုင်ကျင့်ပြီး လှည့်စားရန် လွယ်ကူကြောင်း တွေးထင်ကြသည်။ ယင်းမှာ အရှိတရားပင် ဖြစ်သည်။ လူသားများသည် အင်မတန် ဖောက်ပြန်ပျက်စီးသည့် အရာများသာ ဖြစ်၏။ သင်သည် သမ္မာတရားကို မလိုက်စားပါက ဤသည်မှာ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဖြစ်ပျက်လာမည့် အရာဖြစ်သည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အလန့်တကြားဖြစ်သည့် စိတ်နှလုံးဖြစ်စေ၊ ကြောက်ရွံ့သော စိတ်နှလုံးဖြစ်စေ ရှိလိမ့်မည် မဟုတ်။ သမ္မာတရားကို လူတို့လိုက်စားခြင်း အကြောင်းရင်းမှာ ဘုရားသခင်ကို ၎င်းတို့ကျိုးနွံနာခံနိုင်ရန်အတွက် ဖြစ်သည်။ ဘုရားက မည်သို့ပြုမူဆောင်ရွက်သည်ဖြစ်စေ၊ မည်သည့်ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းသည်ဖြစ်စေ၊ သင့်ကို မည်သည့်ပုံစံဖြင့် စကားပြောသည်ဖြစ်စေ သင်၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ နေရာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ သူ့ကို သင်၏ ကြောက်ရွံ့မှုသာမက သူနှင့် သင်၏ ဆက်ဆံရေးရော သူ့ကို သင်၏ စစ်မှန်သော ယုံကြည်ခြင်းပါ ပြောင်းလဲလိမ့်မည် မဟုတ်။ သင်၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ အနှစ်သာရနှင့် အဆင့်အတန်းတို့သည် ပြောင်းလဲလိမ့်မည် မဟုတ်။ သင်သည် သင်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးကို အလွန်ကောင်းမွန်စွာ၊ သင့်လျော်စွာနှင့် အကျိုးသင့် အကြောင်းသင့်၊ စံနှုန်းများဖြင့်၊ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်လိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားခြင်း မရှိပါက ဤအရာမှာ စွမ်းဆောင်ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ လုပ်ဆောင်ရန် သင့်အတွက် လွယ်ကူလိမ့်မည် မဟုတ်။ လူတို့သည် သမ္မာတရားကို မလိုက်စားပါက ဘုရားသခင်၏ အနှစ်သာရကိုဖြစ်စေ၊ သူ၏ ဘုရားသဘာဝကိုဖြစ်စေ လုံးဝ မြင်နိုင်လိမ့်မည် မဟုတ်။ သူ၏ စိတ်သဘောထား သို့မဟုတ် သူ၏ စစ်မှန်သော ပွင့်အံထွက်မှုများ၌ မည်သည့်အရာများ ပါဝင်သည်ကို သိကြလိမ့်မည် မဟုတ်။ လူတို့သည် ဤအရာများကို မြင်နိုင်ကြလိမ့်မည် မဟုတ်။ ထိုအရာများကို သင့်အား ပြောပြလျှင်ပင် သင်သည် မြင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သတိထားမိနိုင်လိမ့်မည်လည်း မဟုတ်ပေ။

ဘုရားသခင်က လူတို့ကို မကယ်တင်ခဲ့လျှင် လူတို့၏ အဆုံးသတ်က မည်သည့်အရာ ဖြစ်မည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ ယခုတင် ပြောဆိုခဲ့သည်။ မည်သည့်အဆုံးသတ် ဖြစ်သနည်း။ (ပျက်စီးခြင်းဖြစ်ပါသည်။) ဘုရားသခင်ကရော မည်သို့ရှိသနည်း။ (ဘုရားသခင်အပေါ် မည်သည့်သက်ရောက်မှုမျှ လုံးဝ ရှိလိမ့်မည် မဟုတ်ပါ။) ဤသည်မှာ ဘုရားသခင်က လူတို့ကို မကယ်တင်သည့် ရှုထောင့်အမြင်မှ ပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်အပေါ် လုံးဝ အကျိုးသက်ရောက်မည် မဟုတ်သော်လည်း လူတို့၏ ကံကြမ္မာနှင့် အဆုံးသတ်တို့ကမူ စိတ်မချမ်းမြေ့စရာ ဖြစ်လိမ့်မည်။ ယောဘနှင့် အာဗြဟံတို့ကဲ့သို့သော လူတို့၏ အဆုံးသတ်များနှင့် အလွန် ကွာခြားပေမည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို မကယ်တင်လျှင် ထိုသူသည် ဘုရား၏ ရန်သူအင်အားစုများထဲနှင့် ရန်ဘက် အတန်းအစားများထဲ ထည့်ရေတွက်ခြင်း ခံရ၏။ ဤအဆုံးသတ်မှာ သိသိသာသာပင် ဆိုးရွားပေသည်။ လူတစ်ဦးကို ကယ်တင်ရန်နှင့် ထိုသူအပေါ် အမှုပြုရန် ဘုရားသခင်အလိုရှိခြင်း အဖြစ်မှ ထိုသူက မည်သည့်အရာ ရရှိလိမ့်မည်ဆိုသည်နှင့်ပတ်သက်၍ ယခုအခါ ပြောဆိုဆွေးနွေးကြစို့။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်သူတို့သည် မည်သည့်အရာနောက် လိုက်နေကြသနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနောက် လိုက်နေကြသလော။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းနောက် လိုက်နေကြသလော။ စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် သက်သေခံခြင်းနောက် လိုက်နေကြသလော။ ဤအကြောင်းပြချက်များ အားလုံးသည် အတော်လေး ကြီးကျယ်လွန်းနေပြီး ယုံချင်စရာလည်း သိပ်မရှိ။ ဘုရားသခင်ကို နဂိုမူလက စတင်ယုံကြည်ခဲ့ချိန်တွင် သင်၌ ရှိနေခဲ့သည့် ကြံရွယ်ချက်များအကြောင်း ယခု သင့်ကို ငါပြောခိုင်းပါက သင်သည် ထိုစကားများကို ပြောနေစဉ်တွင် အပြစ်ရှိသည့်စိတ် ဖြစ်လာပြီး မျက်နှာနီမြန်းနေမည် ဖြစ်သည်။ ထိုအရာများသည် အဖြစ်မှန်များ မဟုတ်သောကြောင့် သင်သည် စကားပြောဆိုရန် ခက်ခဲပေမည်။ ထို့ကြောင့် အမှန်တကယ်တွင် အဖြစ်မှန်များမှာ အဘယ်နည်း။ (လူတို့သည် ကောင်းချီးများနောက် လိုက်နေကြသောကြောင့် ဘုရားသခင်ကို ယုံကြည်ကြခြင်း ဖြစ်ပါသည်။) (သူတို့သည် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု သို့မဟုတ် ဝိညာဉ်ရေးရာ အာဟာရ ရင်းမြစ်တစ်ခုနောက် လိုက်နေကြခြင်း ဖြစ်ပါသည်။) အချုပ်ဆိုရလျှင် ထိုသို့သော ကြံရွယ်ချက်များသည် အနည်းငယ် မလျောက်ပတ်သကဲ့သို့ သိပ်လည်း ကြည့်မကောင်းပေ။ သို့ရာတွင် လူတို့သည် ဦးစွာပထမ ဤရည်မှန်းချက်နောက် မလိုက်ခဲ့ပါက ဘုရားသခင်ကို ယုံကြည်ကြမည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် သေချာပေါက် မရည်ရွယ်ခဲ့ကြသကဲ့သို့ ယုံကြည်လိုခြင်းလည်း မရှိခဲ့ကြချေ။ ထိုအရာမှ မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့လျှင် ဘုရားသခင်ကို မည်သူယုံကြည်မည်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်လာသည့်အခါ ထိုအရာမှ အကျိုးအမြတ် အနည်းငယ် မရပါက အနည်းဆုံးအနေဖြင့် ကတိတစ်ခုကား ရရှိသင့်သည်ဟု လူတို့တွေးကြသည်။ မည်သည့်ကတိနည်း။ လူတချို့က ဤသို့ ပြောကြသည်။ “ဘုရားသခင်၏ ကတိတော်မှာ ဤဘဝတွင် ကျွန်ုပ်တို့ အဆတစ်ရာ လက်ခံရရှိလိမ်မ့ည်ဖြစ်ပြီး နောင်ဘဝတွင် ထာဝရအသက် ရရှိလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့အနေဖြင့် သေဆုံးခြင်းမရှိဘဲ ထာဝရ အသက်ရှင်လိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ခေတ်ကာလများတစ်လျှောက် ယခင်က မည်သူကမျှ မွေ့လျော်ခံစားခြင်း မရှိဖူးသည့် သို့မဟုတ် မရရှိဖူးသည့် ချမ်းမြေ့ပျော်ရွှင်မှုတစ်မျိုးနှင့် ကောင်းချီးတစ်ပါး ဖြစ်သည်။ ထို့အပြင် လူတို့သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားက ဤဘဝ၌ ၎င်းတို့ကို ကျေးဇူးတော်အချို့၊ ကောင်းချီးအချို့၊ ကွယ်ကာမှုအချို့ ပေးလိမ့်မည်” ဟူ၍ ဖြစ်သည်။ တိုတိုပြောရလျှင် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်ခါစအချိန်တွင် သူ၏ စိတ်နှလုံးသည် ဖြူစင်ခြင်း မရှိသကဲ့သို့ သန်ရှင်းခြင်းလည်း မရှိပေ။ ထိုသူသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန်၊ လူသားကဲ့သို့ အသက်ရှင်ရန်၊ ဘုရားသခင် ချစ်ခင်သည့် လူတစ်ဦး၏ ပုံသဏ္ဌာန်ကို နောက်ဆုံး အသက်ရှင်နေထိုင်သွားရန်၊ ဘုရားကို ဘုန်းထင်ရှားစေပြီး သက်သေခံသည့် နည်းလမ်းဖြင့် အသက်ရှင်ရန်၊ ဘုရားကို အရှက်မရစေရန်၊ သေပြီးနောက်တွင်ပင် ဘုရားအတွက် သက်သေခံနေသေးရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ပေ။ ထို့ထက် သူ၏ စိတ်နှလုံးအကြွင်းမဲ့နှင့် စိတ်ဝိညာဉ်ရှိသမျှဖြင့် သူသည် ကောင်းချီးခံစားလိုပြီး ဤဘဝတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ပိုမို မွေ့လျော်ခံစားလိုသည်။ သူ့အနေဖြင့် နောင်ဘဝသို့ ရောက်ရှိနိုင်ပါက ထိုဘဝ၌ သာ၍ပင် ကြီးမားသော ကောင်းချီးများ ရရှိလို၏။ ဤအရာများမှာ လူတို့အနေဖြင့် ဘုရားသခင်ကို စတင်ယုံကြည်လာကြချိန်တွင် ၎င်းတို့နှင့်အတူ သယ်ဆောင်လာသည့် အလိုဆန္ဒများ၊ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များ ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများနှင့် ဘုရားသခင်၏ ကတိတော်တို့ကို ရရှိရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ကြ၏။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ဤသည်မှာ သဘာဝကျ၍ ဘုရားသခင်က ထိုအတွက် လူတို့ကို အပြစ်ပြောလိမ့်မည် မဟုတ်။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်လာချိန်တွင် အားလုံးက မသိနားမလည် ဖြစ်ကြပြီး မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဘုရား၏ ဉာဏ်အလင်းပေးမှုကို တွေ့ကြုံခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သမ္မာတရားများနှင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်အဓိပ္ပာယ်အပြင် လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များအကြောင်းကို တဖြည်းဖြည်း စတင်နားလည်လာကြခြင်း ဖြစ်သည်။ ဤဖြစ်စဉ်အတောအတွင်းတွင် လူတို့သည် ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ကို မွေ့လျော်ခံစားကြရ၏။ လူတချို့၏ ရောဂါများ သက်သာပျောက်ကင်းသွားသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ အတော်လေး ကျန်းမာသွားကြသည်။ ၎င်းတို့၏ မိသားစုများ အေးချမ်းသွားပြီး ၎င်းတို့၏ အိမ်ထောင်ရေးကလည်း သာယာသည်။ ၎င်းတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို မတူညီသော အတိုင်းအတာနှင့် မွေ့လျော်ခံစားကြရသည်။ ဤအရာအားလုံးမှာ သာမညသာ ဖြစ်သည်ကား အမှန်ပင်။ ဘုရားသခင်၏ ရှုထောင့်အမြင်မှဆိုပါက ဤအရာများသည် သူ၏ အကြီးမားဆုံးသော အားစိုက်မှုများ မဟုတ်ပေ။ ဘုရား၏ အကြီးမားဆုံးသော အားစိုက်မှုမှာ အဘယ်နည်း။ (လူတို့အပေါ် ဘုရားထားရှိသည့် မျှော်လင့်ချက်များနှင့် ဘုရား၏ အပတ်တကုတ် အားထုတ်မှုများ ဖြစ်ပါသည်။) “ဘုရား၏ အပတ်တကုတ် အားထုတ်မှုများ” တွင် ခိုင်မာသည့် အကြောင်းအရာအချို့ ရှိသည်။ “မျှော်လင့်ချက်များ” မှာမူ အနည်းငယ် အနှစ်မဲ့သည်။ ဘုရားသခင်ထံမှ သင်တို့ရရှိထားသည့် လက်တွေ့အကျဆုံး အကျိုးကျေးဇူး၊ တန်ဖိုးအရှိဆုံးသော အရာမှာ အဘယ်နည်း။ (သမ္မာတရား ထောက်ပံ့မှုဖြစ်ပါသည်။) (သမ္မာတရားအချို့ကို နားလည်ခြင်းနှင့် အချို့သော ကိစ္စများကို ရိပ်စားမိနိုင်ခြင်း ဖြစ်ပါသည်။) ထိုအရာသည် ကျေးဇူးတော်များနှင့် ကောင်းချီးများဟု ဆိုလေသည့်အရာများ သေချာပေါက် မဟုတ်။ ဘုရားသခင်ထံမှ လူသားများ ရရှိသည့် တန်ဖိုးအရှိဆုံးသော အရာများမှာ ဘုရား၏ အသက်၊ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအပြင် ဘုရားသခင်က လူသားများ နားလည်အောင် ကူညီပေး၍ ဖန်ဆင်းခံတစ်ဦးအဖြစ် လူသားများ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းတို့ ဖြစ်သည် မဟုတ်လော။ တိုတိုပြောရလျှင် လူတို့သည် ဘုရားသခင်ထံမှ သမ္မာတရား၊ လမ်းခရီး၊ အသက်တို့ကို ရရှိထားကြပြီး ဖြစ်သည်။ ဤအရာများသည် အားလုံးထဲမှ တန်ဖိုးအရှိဆုံးသော အရာများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့ကို သင်တို့ ရရှိထားပြီလော။ (ထိုအရာများကို ကျွန်ုပ်တို့ အမှန်တကယ် မရရှိသေးပါ။) သင်ဆင်းရဲနုံချာနေချိန်တွင် တစ်စုံတစ်ဦးက သင့်ကို ဒေါ်လာတစ်ရာ ပေးလျှင် ခံစားရမည့်အဖြစ်တမျှ သို့မဟုတ် သင်ဆာလောင်နေချိန်တွင် တစ်စုံတစ်ဦးက သင့်ကို ပေါင်မုန့်နှစ်လုံး ပေးလျှင် ခံစားရမည့်အဖြစ်တမျှ လက်တွေ့ အကျိုးရှိသည် သို့မဟုတ် စစ်မှန်သည်ဟု မခံစားရဘဲ ရှိနေနိုင်သော်လည်း ဘုရားသခင်ထံမှ လာသည့် သမ္မာတရား၊ လမ်းခရီး၊ အသက်တို့သည် သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သည့် လူတိုင်းအား အမှန်တကယ် ပေးထားခြင်း ဖြစ်သည်။ ယင်းမှာ အဖြစ်မှန်တစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အဖြစ်မှန်တစ်ခု ဖြစ်၏။ သင်သည် ဘုရားနှုတ်ကပတ်တော်မည်မျှကို ကြားပြီးဖြစ်စေ၊ သမ္မာတရားမည်မျှကို သင်လက်ခံနိုင်ပြီး နားလည်ပြီးသည်ဖြစ်စေ၊ စစ်မှန်မှုမည်မျှကို သင် အသက်ရှင်နေထိုင်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် ရလဒ်မည်မျှကို သင် ရရှိပြီးသည်ဖြစ်စေ သင်နားလည်ရမည့် အချက်တစ်ခုရှိသည်။ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို လူတစ်ယောက်ချင်းစီတိုင်းအား အခမဲ့ အပ်နှင်းထားပြီး ဤသည်မှာ လူတိုင်းအတွက် မျှတမှုရှိသည်။ လူတို့က ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ မည်မျှကြာပြီဖြစ်သောကြောင့်၊ သို့မဟုတ် မည်မျှဒုက္ခခံခဲ့သောကြောင့်ဟူ၍ လူတစ်ယောက်ကို အခြားလူတစ်ယောက်ထက်ပိုပြီး မည်သည့်အခါမျှ ဘုရားသခင်က မျက်နှာသာပေးခြင်း ပြုမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်အပေါ် ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်၊ သို့မဟုတ် ဒုက္ခများစွာ ခံပြီးဖြစ်သောကြောင့်ဟူ၍ ထိုသူကို ဘုရားသခင်က မည်သည့်အခါမျှ မျက်နှာသာ သို့မဟုတ် ကောင်းချီးပေးမည်မဟုတ်ပေ။ လူတို့၏ အသက်အရွယ်၊ အသွင်အပြင်၊ လိင်၊ မိသားစုနောက်ခံ စသည်ဖြင့်တို့ကြောင့်လည်း ဘုရားသခင်သည် မည်သူ့ကိုမျှ တစ်မျိုးတစ်မည် ဆက်ဆံမည် မဟုတ်ပေ။ လူတိုင်းသည် ဘုရားသခင်ထံမှ တူညီသည့်အရာများ ရရှိသည်။ မည်သူကိုမျှ ပို၍ လျော့နည်းပြီးရရှိရန်၊ သို့မဟုတ် မည်သူကိုမျှ ပို၍များစွာ ရရှိစေရန် ဘုရားသခင် ခွင့်မပြုပေ။ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီတိုင်းအပေါ် တရားမျှတသည်။ ဘုရားသခင်သည် လူတို့အား ၎င်းတို့ လိုအပ်ချိန်တွင် လိုအပ်သည့်အရာကို အတိအကျ ပေးသည်။ လူတို့ကို ဆာလောင်ခြင်း၊ အေးစက်ခြင်း၊ ရေငတ်ခြင်း မဖြစ်စေသကဲ့သို့၊ ဘုရားသခင်သည် လူသား၏ စိတ်နှလုံး၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းသည်။ ဘုရားသခင်က ဤအရာများကို လုပ်ဆောင်သောအခါ လူတို့ထံမှ မည်သည့်အရာကို ဘုရားသခင် တောင်းဆိုသနည်း။ ဘုရားသခင်သည် ဤအရာများကို လူတို့အပေါ် ပေးသနားသည်။ ထို့ကြောင့် ဘုရားသခင်သည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက် တစ်ခုခုရှိသလော။ (မရှိပါ။) ဘုရားသခင်သည် လုံးဝ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုအားလုံးသည် လူသားမျိုးနွယ်၏ အကျိုးအတွက်ဖြစ်ပြီး လူတို့က ဘုရားသခင်ထံမှ စစ်မှန်သောဘဝကို ရရှိရန်အလို့ငှာ ၎င်းတို့၏ ဆင်းရဲဒုက္ခများနှင့် အခက်အခဲများအားလုံးကို ဖြေရှင်းရန် ရည်ရွယ်သည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ သို့ရာတွင် ဤအရာကို အချက်အလက်များဖြင့် သင်တို့ သက်သေပြနိုင်သလော။ ဤအရာကို အချက်အလက်များဖြင့် သင်တို့ သက်သေမပြနိုင်ပါက ဤအရာကို ပြောဆိုခြင်းအားဖြင့် သင်တို့သည် အလွန် မစစ်မှန်ရာ ကျနေပြီး ဤအဆိုသည်လည်း ရိုးအီနေသည့် စကားရပ်တစ်ခုသာ ဖြစ်သည်။ ထိုသို့ ငါပြော၍ ရနိုင်သလော။ ဥပမာအားဖြင့် လူများကို ရိုးသားဖို့၊ ရိုးသားစွာပြောဆိုဖို့၊ ရိုးသားသော အမှုအရာများကို လုပ်ဆောင်ဖို့နှင့် မလှည့်စားဖို့ ဘုရားသခင်က တောင်းဆိုသည်။ ဤအရာကို ဘုရားသခင် ပြောရခြင်း၏ အဓိပ္ပာယ်မှာ လူများကို စစ်မှန်သော လူသားပုံသဏ္ဌာန် ရှိနိုင်စေရန်နှင့် မြေကြီးပေါ်တွင် လိမ်ကောက်တွားသွားသည့် မြွေကဲ့သို့ စကားပြောကာ အမှုကိစ္စတစ်ခု၏ အမှန်တရားကို အစဉ် မရေမရာပြောသည့်၊ လူတို့အား နားလည်သဘောပေါက်ခြင်း မရှိအောင် တားဆီးသည့် စာတန်၏ ပုံသဏ္ဌာန်မရှိစေရန် ဖြစ်သည်။ ဆိုလိုသည်မှာ လူများသည် စကားရော လုပ်ဆောင်ချက်တွင်ပါ လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်အလို့ငှာ၊ မကောင်းသည့် ဘက်ခြမ်း သို့မဟုတ် မည်သည့်ရှက်ဖွယ်သောအရာ တစ်ခုကိုမျှ သိုထားခြင်းမရှိဘဲ သန့်ရှင်းသော စိတ်နှလုံးကို ပိုင်ဆိုင်လျက် ဂုဏ်သိက္ခာရှိကာ တည်ကြည်ဖြောင့်မတ်ပြီး ရည်မွန်ကြရန်အလို့ငှာ ထိုသို့ ပြောထားခြင်းဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်ကိုဖြစ်စေ၊ အခြားလူတစ်ဦးတလေကိုဖြစ်စေ လှည့်စားခြင်း မရှိဘဲ ၎င်းတို့စိတ်နှလုံးထဲတွင် တွေးသည့် မည်သည့်အရာကိုမဆို ပြောဆိုလျက် မည်သည့်အရာမျှ မထိမ်ချန်ထားဘဲ စင်ကြယ်သော မြေတစ်ကွက်ကဲ့သို့ ဖြစ်သည့် စိတ်နှလုံးဖြင့် အတွင်းတွင် ၎င်းတို့ဖြစ်သည့်အတိုင်း အပြင်ပန်းတွင် အလားတူ ဖြစ်ရန်အလို့ငှာ ထိုအရာကို ပြောဆိုထားခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်ပြီး၊ လူများကို ရိုးသားရန် တောင်းဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်လေသည်။ လူတို့အား ရိုးသားရန် တောင်းဆိုရာတွင် ဘုရားသခင်သည် ၎င်းတို့အား မည်သည့်အရာကို ရရှိစေလိုသနည်း။ သူသည် ၎င်းတို့အား မည်သည့်ပုံသဏ္ဌာန်မျိုးကို အသက်ရှင်နေထိုင်စေလိုသနည်း။ ဤအရာနှင့်သက်ဆိုင်၍ မည်သူသည် အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်သနည်း။ (လူဖြစ်ပါသည်။) လူအချို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါတွင်မျှ နားမလည်နိုင်ကြဘဲ “ဘုရားသခင်သည် ကျွန်ုပ်တို့၏ အခြေအနေ အစစ်အမှန်ကို သိရှိနိုင်ရန်နှင့် ထို့နောက်တွင် ကျွန်ုပ်တို့ကို သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအား လုံးဝ ကျိုးနွံနာခံစေလျက် ကျွန်ုပ်တို့ကို ထိန်းချုပ်ကာ ကြိုးကိုင်ခြယ်လှယ်နိုင်ရန်အလို့ငှာ သူသည် ကျွန်ုပ်တို့ကို ရိုးသားစေလိုပြီး သူ့အပေါ် ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ စကားပြောစေလိုခြင်း ဖြစ်သည်” ဟု ဆိုလျက် ဘုရားသခင်ကို အမြဲ သံသယရှိကြသည်။ ဤအတွေးသည် မှန်ကန်သလော။ ဤအတွေးသည် အလွန် ဆိုးညစ်လွန်းပြီး အရှက်မဲ့လွန်းလှ၏။ နတ်ဆိုးများသာ ဤနည်းဖြင့် ဘုရားသခင်အကြောင်း မှန်းဆကာ ဘုရားကို သံသယရှိကြမည် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို ရိုးသားရန်၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များဖြစ်စေ၊ ကြံရွယ်ချက်များဖြစ်စေ၊ ထင်ရာစိုင်းလိုစိတ်ဖြစ်စေ၊ ညစ်စွန်းမှုများ ဖြစ်စေ တစ်ခုမျှ မရှိသည့်၊ ပြီးလျှင် မကောင်းသော ဘက်ခြမ်းမရှိသည့် လူများဖြစ်လာရန် တောင်းဆိုခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်စေခြင်း ခံရခွင့်ပေးရန်၊ သန့်ရှင်းခြင်းကို တဖြည်းဖြည်း ရရှိခွင့်ပေးရန်၊ အလင်းတွင် အသက်ရှင်ခွင့်ပေးရန်၊ သာ၍ လွတ်လပ်စွာနှင့် လွတ်မြောက်စွာ အသက်ရှင်ခွင့်ပေးရန် ပျော်ရွင်ခြင်းနှင့် ပြည့်ကာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့် ပြည့်လျှမ်းခွင့်ပေးရန် ဖြစ်သည်။ ထိုသို့သော လူများသည် အားလုံးထဲတွင် ကောင်းချီးအခံစားရဆုံးသော လူများ ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်မှန်းချက်မှာ လူတို့ကို စုံလင်စေရန်၊ ကောင်းချီးအားလုံးထဲမှ အကြီးမားဆုံး ကောင်းချီးကို မွေ့လျော်ခံစားခွင့်ပေးရန် ဖြစ်သည်။ သင်သည် ဤလူစားမျိုး ဖြစ်လာပါက သင့်ထံမှ မည်သည့်အကျိုးကျေးဇူးများကို ဘုရားသခင် ရရှိနိုင်သနည်း။ ဘုရားသခင်တွင် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တစ်ခုတလေ ရှိသလော။ သူသည် ဤအရာမှ လုံးဝ အကျိုးအမြတ် ခံစားရသလော။ (မခံစားရပါ။) ထို့ကြောင့် လူတစ်ဦးသည် ရိုးသားပါက မည်သူသည် အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်သနည်း။ (ထိုသူကိုယ်တိုင် ဖြစ်ပါသည်။) ဤအရာမှ မည်သည့် အကျိုးကျေးဇူးများကို လူတစ်ဦးက ရရှိနိုင်သနည်း။ (ထိုသူ၏ စိတ်နှလုံးသည် လွတ်လပ်ကာ လွတ်မြောက်သွားလိမ့်မည် ဖြစ်ပြီး သူ၏ဘဝသည်လည်း အဆင်ပြေသည်ထက် ပိုအဆင်ပြေလာလိမ့်မည်။ သူသည် အခြားသူများနှင့် ဆက်ဆံသည်နှင့်အမျှ အခြားသူများ၏ ယုံကြည်ကိုးစားခြင်းကို ပိုပိုပြီး ခံရလိမ့်မည်ဖြစ်ကာ အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးများ ရှိပါလိမ့်မည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့်အညီ ပြုမူနေထိုင်ကြသည့်အခါ ဒုက္ခဝေဒနာ ခံစားရတော့မည် မဟုတ်ဘဲ ထိုအစား စိုးရိမ်သောကကင်း၍ အေးချမ်းပြီး ပျော်ရွှင်သည့် ဘဝကို အသက်ရှင်ကြပါလိမ့်မည်။) ဤခံစားချက်က အတော်လေး စစ်မှန်၏။ ထို့ကြောင့် လူကို ဘုရားသခင် ကယ်တင်ခြင်း၏ ရည်မှန်းချက်မှာ အဘယ်နည်း။ (အဆုံးတွင် ဘုရားသည် လူတို့ကို ရရှိနိုင်ရန်အလို့ငှာ ၎င်းတို့အား ပြောင်းလဲကာ သန့်စင်ပေးရန် ဖြစ်ပါသည်။) ဘုရားသခင်၏ ရရှိခြင်းကို ခံရသည့် အကျိုးဆက်မှာ အဘယ်နည်း။ ဘုရားသခင် ကတိပြုထားသည့် အလွန်ကောင်းမွန်သော ခရီးပန်းတိုင်ကို ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာနှင့်သက်ဆိုင်သည့် အကြီးမားဆုံး အကျိုးခံစားရသူမှာ အဘယ်သူနည်း။ (လူဖြစ်ပါသည်။) လူသည် အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်ပေ၏။

ဤနှစ်များတစ်လျှောက်လုံးတွင် ဘုရားသခင်နောက် လိုက်ခြင်းမှ မည်သည့်အရာကို လူတို့ရရှိကြသနည်း။ လူအများစုက ၎င်းတို့၏ ရိတ်သိမ်းခြင်း ကြီးမားခဲ့သည်ဟု ပြောကြပေမည်။ အစွမ်းအစကောင်းရှိပြီး သမ္မာတရား လိုက်စားသူတို့၏ ရိတ်သိမ်းခြင်းက မည်မျှကြီးမားသည်ဆိုသည့်အကြောင်းကို ယခုလောလောဆယ် ငါတို့ ပြောဆိုဆွေးနွေးကြမည် မဟုတ်။ သာမန် အစွမ်းအစ ရှိသောသူတို့ပင် များစွာ ရိတ်သိမ်းခြင်း ရှိသည်။ ပထမဆုံးအနေဖြင့် လူတို့သည် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသည့် ဤ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော လောကနှင့်စပ်လျဉ်း၍ ချင့်ချိန်နိုင်စွမ်းအချို့ ရှိကြသလော။ (ရှိကြပါသည်။) သင်သည် ဘာသာတရားမရှိသူများနှင့် ရောနှောပေါင်းဖော်ခဲ့စဉ်က မည်သို့ခံစားရလေ့ရှိသနည်း။ နေ့စဉ်နေ့တိုင်း သင်ပင်ပန်းခဲ့ရသည်။ စိတ်ဆိုးခဲ့ရသည်။ ဒေါသထွက်ခဲ့ရသည်။ စိတ်ထိခိုက်ခဲ့ရသည်။ ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့ရသည်။ သင့်ကို အနိုင်ကျင့်မည့် ဆိုးယုတ်သော လူတစ်ဦးနှင့် ကြုံဆုံရပြီး သူ့အပေါ် သင်အနိုင်မယူနိုင်မည်ကို ကြောက်သည့်အတွက် သင်သည် စိတ်လွတ်လက်လွတ် မနေဝံ့။ ထို့ကြောင့် သင်၏ မာနကို မျိုသိပ်ခဲ့ရသည်။ ဆိုလိုသည်မှာ ဘာသာတရားမရှိသူ၏ လောက၊ ဆိုးယုတ်သည့် ဤလောကတွင် အသက်ရှင်ရင်း သင်ထိတွေ့ဆက်ဆံလာရသူများသည် နတ်ဆိုးများ ဖြစ်ပေသည်။ ၎င်းတို့သည် အချင်းချင်း ရက်စက်ကြမ်းကြုတ်ကြသောကြောင့် သင်၏ စိတ်နှလုံးသည် အလွန် နာကျင်ခံစားရသည်။ ဤသည်မှာ အသိသာဆုံးသော ခံစားချက်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သည့်နောက်တွင် ဤသိသာထင်ရှားသည့် ခံစားချက်သည် မည်သည့်အရာအဖြစ်သို့ ပြောင်းလဲသွားသနည်း။ သင်၏ ဤအသိတရားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင် အပိုင်းအစသည် မည်သည့်အရာ ဖြစ်လာခဲ့သနည်း။ ဤဆိုးယုတ်သော ခေတ်ကာလအပေါ် စစ်မှန်သည့် ပိုင်းခြားသိမြင်မှုနှင့် စစ်မှန်သည့် အသိပညာ ဖြစ်လာခဲ့ပေသည်။ နှိပ်စက်ညှဉ်းပန်းမှုများစွာ ခံစားခြင်းအားဖြင့် နတ်ဆိုးမင်းများ၏ အကျည်းတန်သော ရုပ်သွင်အပြင် ဤခေတ်ကာလ၏ မှောင်မိုက်မှုနှင့် ဆိုးယုတ်မှုတို့ကို သင်မြင်နိုင်သည်။ ဤသည်မှာ ရိတ်သိမ်းခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သမ္မာတရားကိုလည်း လက်မခံပါက ထိုသို့သော ရိတ်သိမ်းခြင်း ရှိနိုင်သလော။ ယခင်၌ သင်သည် “လူတို့က အဘယ်သို့ဖြစ်ပြီး ပိုဆိုးသည်ထက် ဆိုးလာကြသနည်း။ မယုံကြည်နိုင်အောင်ဖြစ်ရသည်” ဟု ခံစားရုံမျှခံစားခဲ့သည်။ ယင်းကို ယခု သင်ပြောဦးမည်လော။ ယခု သင်သည် ဆိုးယုတ်သောလူများ၊ ယုတ်မာပြီး လောကီဆန်သည့် နတ်ဆိုးများအပေါ် အသိနှင့် ပိုင်းခြားသိမြင်မှုအချို့ ရှိသည်။ သင်သည် ၎င်းတို့နှင့် ထိတွေ့၊ ဆက်ဆံရန် လိုလားမည်လော။ (လိုလားမည်မဟုတ်ပါ။) သင်သည် သေချာပေါက် လိုလားမည်မဟုတ်။ ၎င်းတို့နှင့် ပေါင်းသင်းပြီး ရောနှောနေရန် စေခိုင်းခြင်းခံရပါက သင်သည် ထိုအစား “ကျွန်ုပ် စိုးရွံ့မိပါသည်။ သူတို့ကို ကျွန်ုပ် အနိုင်မယူနိုင်ပါ။ ထိုလူများသည် စာတန်နှင့် သက်ဆိုင်ကြသည်၊ အလွန် ဆိုးယုတ်ကြသည်” ဟု ဆိုလျက် ပင့်သက်ရှိုက်မိမည်ဖြစ်သည်။ သင့်ကို မည်သည့်အရာက အလွန် ပြောင်းလဲစေခဲ့သနည်း။ ထိုအရာမှာ ဘုရားနှုတ်ကပတ်တော်များ၏ အကျိုးတရားများ ဖြစ်သည် မဟုတ်လော။ ထိုအရာမှာ ဆိုးယုတ်သော လူများ၊ ဆိုးယုတ်သော ခေတ်ကာလ၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို မည်သို့ ပိုင်းခြားသိမြင်ရမည့်အကြောင်း အမြဲ ပြောဆိုခြင်းက သင့်အား ဤခေတ်ကာလနှင့် လူသားမျိုးနွယ်ကို သိရှိလာစေသည့် အချက်ပင် ဖြစ်သည် မဟုတ်လော။ သင့်ထံတွင် ဤအသိရှိသောကြောင့် သင်သည် ၎င်းတို့နှင့် ရောနှောနေရန် လိုလားခြင်း မရှိပေ။ သင့်အတွင်းရှိ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်နှင့် အသိတရားသည် ၎င်းတို့ကို စက်ဆုပ်ပြီး သင်သည် ပိုင်းခြားသိမြင်မှု စတင်ရှိလာသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရကို သင်တဖြည်းဖြည်း ရိပ်စားမိလာသည်။ ၎င်းတို့က နတ်ဆိုးများဖြစ်သည်ကို အလွန် ရိုးသားစစ်မှန်စွာဖြင့် သင်မြင်နိုင်သည်။ ၎င်းတို့နှင့် ပေါင်းဖော်နေရခြင်းက သင်၏ စိတ်နှလုံးကို နာကျင်စေပြီး သင့်ကို အလွန် စိတ်မချမ်းမသာ ဖြစ်စေသည်မှာ သင်သည် ဆက်လက်အသက်ရှင်ရန် နည်းလမ်းမရှိသည်အထိပင် ဖြစ်၏။ သင်၏ တစ်ခုတည်းသော ဆန္ဒမှာ ၎င်းတို့နှင့် သင့်ကိုယ်သင် ချက်ချင်း ကင်းကွာစေရန် ဖြစ်သည်။ လူအချို့သည် အသင်းတော်ထဲသို့ ပထမဆုံး ဝင်ရောက်လာပြီး ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရချိန်တွင် ခံစားကြရသည်မှာ “ဤလူများသည် အဘယ်သို့ဖြစ်ပြီး ကွာခြားနေရသနည်း။ သူတို့အားလုံးသည် မိသားစုဝင်များကဲ့သို့ မိမိတို့၏ အတွင်းကျကျ အတွေးများကို ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ ပြောဆိုနိုင်ကြသည်။ သူတို့သည် အဘယ်သို့ဖြစ်၍ မိမိတို့ကိုယ်ကို အခြားသူများထံမှ ခုခံကာကွယ်ထားခြင်း လုံးဝ မရှိကြရသနည်း။ သူတို့ နုံများ နုံအနေကြလေသလော။ ငါကား ပါးနပ်ချက်ချာသူ ဖြစ်သည်။ ငါ့ကိုယ်ငါ လူတိုင်းထံမှ ခုခံကာကွယ်ထားပြီး မည်သူနှင့်မျှ ငါ၏ အတွင်းကျကျ အတွေးများကို မပြော” ဟူ၍ ဖြစ်သည်။ အချိန်ကုန်လာသည်နှင့်အမျှ သမ္မာတရားအနည်းငယ်ကို ၎င်းတို့ နားလည်လာကြသည်။ ရိုးသားသော လူတစ်ဦး ဖြစ်လာဖို့ ၎င်းတို့ စတင်အားထုတ်ခြင်းမရှိဘဲ ထိုအစား အမြဲ မိမိတို့ကိုယ်ကို ဟန်ဆောင်နေပါက၊ လိမ်ညာပြီး လှည့်စားနေပါက ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သွားမည် မဟုတ်လောဟု တွေးမိကြသည်။ ၎င်းတို့ မုချ ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ “သမ္မာတရားကို ငါလက်ခံပြီး ရိုးသားသော လူတစ်ဦး ဖြစ်မှရမည်” ဟု တွေးမိကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးကို ညီအစ်ကို မောင်နှမများထံ ဖွင့်ဟပြီး မိမိတို့၏ အတွင်းကျကျ အတွေးများကို ပြောဆိုရန် ကြိုးစားကြသည်။ ၎င်းတို့ ရံဖန်ရံခါ အလိမ်အညာများ ပြောဆိုသည့်အခါ ဘုရားသခင်ထံ ဆုတောင်းပြီး မိမိတို့၏ အလိမ်အညာများကို စွန့်ပစ်၍ ရိုးသားသော လူတစ်ဦး၏ အပြုအမူကို လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဤသို့ အမြဲ လက်တွေ့လုပ်ဆောင်ကြပြီးနောက် တစ်နေ့တွင် ဤသို့ အသက်ရှင်ခြင်းက အမှန်တကယ် ကောင်းမြတ်သည်ဟု ခံစားကြရလေတော့သည်။ ၎င်းတို့ မပင်ပန်းသည်သာမက ဖိနှိပ်ချုပ်ချယ်ခံရခြင်းလည်း မရှိသကဲ့သို့ နာကျင်ခြင်းလည်း မရှိကြ။ ၎င်းတို့၏ စိတ်နှလုံးများက လွတ်လပ်ပြီး လွတ်မြောက်ကာ ၎င်းတို့တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ခံစားချက်များ အမှန်တကယ် ရှိကြသည်။ ဤနောက်ပိုင်းတွင်မူ ၎င်းတို့သည် မိမိတို့၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ညီအစ်ကို မောင်နှမများနှင့် ပွင့်လင်းစွာ မိတ်သဟာယပြုနိုင်ကြသည်။ “ဘုရားအိမ်တော်သာ သမ္မာတရားနှင့်ဆိုင်သည့် ပတ်ဝန်းကျင်ရှိသည်။ ထိုနေရာတွင်သာ ဘုရားနှုတ်ကပတ်တော်က ဩဇာအာဏာကို ကျင့်သုံးသည်။ ထိုနေရာတွင်သာ သန့်စင်သည့် နယ်မြေရှိသည်။ ဘုရားအိမ်တော်တွင်သာ လူတို့သည် ဆက်လက် အသက်ရှင်ကြသည်နှင့်အမျှ လူသားတစ်ဦးနှင့် ဆင်တူခြင်း ပိုမို ရှိလာနိုင်ကြသည်” သင့်ထံတွင် ထိုသို့သော ခံစားချက်များ အမှန်တကယ် ရှိပါက ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်း သင်မြင်ပြီး သူ၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားသောကြောင့် ဘုရားသခင်ကို သင်စွန့်ခွာလိမ့်မည် မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို ဤသို့ ယုံကြည်ကြပြီး သူ့နောက် ဤသို့ လိုက်ကြသည်ကို ဘာသာတရားမရှိသူများက မြင်သည့်အခါ သဘောမပေါက်ကြပေ။ ဤလူများက မည်သည့်အရာ လုပ်ဆောင်နေသည်၊ အဘယ်ကြောင့် ဘုရားသခင်အပေါ် ထိုမျှကြီးမားသည့် ယုံကြည်ခြင်းရှိကြသည် သို့မဟုတ် ထိုသို့သော ခက်ခဲသည့် အခြေအနေများတွင် ၎င်းတို့က အဘယ်ကြောင့် စုဝေးပွဲများ မရမကလုပ်နေကြဆဲ ဖြစ်သည်ကို ထိုမယုံကြည်သူများ နားမလည်ကြပေ။ ၎င်းတို့ ရှင်းလင်းခံရပြီး နှင်ထုတ်ခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို မစွန့်ခွာကြပေ။ ကောင်းမှုများကို ပြင်ဆင်ရန် ဧဝံဂေလိကို ဖြန့်သည့် ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းတွင် မဆုတ်မနစ် ကြိုးပမ်းကြဆဲ ဖြစ်သည်။ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို စွန့်ခွာဝံ့မည်မဟုတ်သည့် လူအချို့ကား ၎င်းတို့ထဲတွင် ရှိသည်။ ထိုသူတို့သည် စွန့်ခွာလျှင် ၎င်းတို့အပေါ် ဘုရားသခင်၏ အပြစ်ဒဏ် ကျရောက်လာမည်ကို ကြောက်ရွံ့ကြသည်။ သင့်ကို အမှန်တရား ငါပြောမည်။ သင်သည် စိတ်အေးလက်အေး ထွက်သွားနိုင်သည်။ ဘုရားသခင်က သင့်ကို အပြစ်ဒဏ်ပေးလိမ့်မည် မဟုတ်။ ဘုရားသခင်သည် လူတို့ကို လွတ်လပ်မှုပေးထား၏။ ဘုရားအိမ်တော် တံခါးလည်း အစဉ်အမြဲ ဖွင့်ထားပေသည်။ စွန့်ခွာလိုသောသူ မည်သူမဆို အချိန်မရွေး နေရာမရွေး ကန့်သတ်မှုမရှိဘဲ ထိုသို့လုပ်ဆောင်နိုင်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် စွန့်ခွာပြီးနောက် ပြန်လည်ဝင်ရောက်လိုပါက ထိုမျှမရိုးရှင်းပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသူသည် တင်းကျပ်သည့် စစ်ဆေးမှုကို ဖြတ်သန်းရမည်ဖြစ်သည်။ သူအမှန်တကယ် နောင်တရခြင်း ရှိမရှိ၊ လူကောင်းတစ်ဦး ဟုတ်မဟုတ်ဆိုသည်ကို စုံစမ်းစစ်ဆေးခြင်း ခံရမည်ဖြစ်သည်။ ထို့နောက်တွင်မှ အသင်းတော်ထဲသို့ ထိုသူကို ပြန်လည်လက်ခံ၍ ရနိုင်ပေသည်။ သို့ရာတွင် ဘုရားသခင်ကို စွန့်ပယ်ပြီး လောကသို့ ပြန်သွားလိုသည့်သူများအတွက်မူ ဘုရားအိမ်တော်တွင် မည်သည့်ကန့်သတ်ချက်မျှ လုံးဝ မရှိပေ။ အချို့သော လူတို့ကို စွန့်ခွာခွင့်မပြုဟု ဆိုသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုတလေ အသင်းတော်တွင် ရှိသလော။ (မရှိပါ။) လုံးဝ မရှိဖူးပေ။ ဘုရားအိမ်တော်က မည်သူကိုမဆို အသင်းတော်ကို စွန့်ခွာခွင့်ပေးသည်။ ဆိုးယုတ်သော လူတစ်ဦးက အသင်းတော်ကို စွန့်ခွှာလျှင် ဘုရားအိမ်တော်က ၎င်းတို့ကို ဝမ်းမြောက်ဝမ်းသာပင် လိုက်လံပို့ဆောင်နှုတ်ဆက်ပေးဦးမည် ဖြစ်သည်။ သို့ရာတွင် စွန့်ခွာလိုသည့် လူများထံ “သင်စွန့်ခွာ၍ မဖြစ်ပါ။ သင့်တွင် ဆုကျေးဇူးအချို့နှင့် အစွမ်းအစအချို့ ရှိနေဆဲ ဖြစ်သည်။ သင်သည် အသင်းတော်တွင် အနာဂတ်ရှိနေဆဲ ဖြစ်ပြီး အနာဂတ်တွင် ကြီးမားစွာ သင်ကောင်းချီးခံစားရနိုင်သည်” ဟု ဆိုလျက် မိမိတို့၏ စေတနာကို အမြဲ ဖော်ပြလိုသည့် လူအချို့ ရှိသည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု တွေးထင်လျက် လူတို့ကို ဤသို့ ဖျောင်းဖျရန် ကြိုးစားသည့် စေတနာကောင်းသော လူအချို့ ရှိကြသည်။ လူတို့အား ဤသို့ ဆက်နေခိုင်းခြင်းသည် အသုံးဝင်မှုတစ်ခုတလေ ရှိသလော။ သင်သည် လူတို့ကို ဆက်နေအောင် လုပ်၍ ရနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးကို ဆက်နေအောင် လုပ်၍ကား မရနိုင်ပေ။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားအိမ်တော်တွင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ၎င်းတို့ ဆက်နေအောင် သင်အနိုင်အထက် သွေးဆောင်လျှင်ပင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူ မဟုတ်သောကြောင့် မည်သည့်ကောင်းချီးများကို ၎င်းတို့ရရှိနိုင်မည်နည်း။ ၎င်းတို့အနေဖြင့် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများဖြစ်ပါက ဆက်ရှင်သန်နိုင်ခြင်း ကောင်းချီးသည် ပေါ့သေးသေး မဟုတ်ပေ။ သို့ရာတွင် သမ္မာတရားကို မလိုက်စားသောသူတို့အတွက်မူ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ငြီးငွေ့ဖွယ်ရာ ဖြစ်သောကြောင့် ၎င်းတို့သည် အလုပ်လုပ်ပေးရန် လိုလားနေကြသလော။ ထို့ကြောင့် စိတ်စေတနာကောင်းပေါ် အရင်းခံထားသည့် ဤဖျောင်းဖျခြင်း နည်းစနစ်သည် လူကောင်းတစ်ဦးအတွက် ရလဒ်အချို့ ရှိသော်လည်း ဆိုးယုတ်သော လူတစ်ဦးအတွက် အသုံးပြုသည့်အခါ အနည်းငယ် မိုက်မဲပေသည်။ အခြားသူများကို တိုက်တွန်းခြင်းအတွက် စည်းမျဉ်းများ ရှိ၏။ နောင်တရနိုင်သော သူတို့အတွက် တိုက်တွန်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် ရလဒ်အချို့ ရစေသော်လည်း ဆိုးယုတ်သော လူတို့အတွက် တိုက်တွန်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် အချည်းနှီး ဖြစ်သည်။ ၎င်းတို့ကို ဖျောင်းဖျရန် သင်ကြိုးစားလေ ၎င်းတို့က သင့်ကို စက်ဆုပ်လေဖြစ်ပြီး ၎င်းတို့၏ အရှက်တရားက ဒေါသအဖြစ်သို့ ပြောင်းသွားသည်။ ဤအရာက မိုက်မဲမှုကို ပြသည်။ ဆိုးယုတ်သော လူတစ်ဦးကို တိုက်တွန်းခြင်းသည် မိုက်မဲ၏။ ဘုရားသခင်ကို ယုံကြည်လာသည်မှာ အချိန်အားဖြင့် သိပ်မကြာသေးသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ၎င်းတို့ကို သမ္မာတရားများစွာအပေါ် သိမြင်နားလည်ခြင်းနှင့်ဆိုင်သည့်၊ ရှင်းလင်းသည့် အသိပညာပေးကြောင်း၊ သမ္မာတရားကို ၎င်းတို့ အပြည့်အဝ မရရှိသေးသော်လည်း ၎င်းတို့ အတော်အတန် ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်ထံမှ အမှန်တကယ် များစွာ ရရှိပြီးဖြစ်ကြောင်း ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်နေရာတွင် ခံစားရသည့် လူအချို့ ရှိသည်။ သင်သည် အတွေ့အကြုံဆိုင်ရာ အသိပညာနှင့် သက်သေခံချက်အကြောင်း ပြောဆိုရန် စေခိုင်းခြင်းခံရသည့်အခါ ရှင်းလင်းစွာ မပြောဆိုနိုင်သေးသော်လည်း သင့်အနေဖြင့် ကောင်းမွန်ပြီး အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် ရှေ့ဆက်နေကြောင်းနှင့် မကောင်းသည့် သို့မဟုတ် အပျက်သဘောဆောင်သည့် ဦးတည်ချက်ဖြင့် နောက်ပြန်သွားနေခြင်း မရှိကြောင်း သင်တကယ်ကို ခံစားရပြီး သင့်ကိုယ်သင် “ငါလူကောင်းတစ်ဦးဖြစ်ရန် လိုအပ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန် လိုအပ်သည်။ ငါသည် ဘုရားသခင် စက်ဆုပ်သောသူဖြစ်သည့် ဆိုးယုတ်မှု၏ မာနထောင်လွှားသော တပည့်ရင်းတစ်ဦး ဖြစ်ဖို့မဆိုထားနှင့်၊ လှည့်ဖြားတတ်သော လူတစ်ဦးပင် လုံးဝ ဖြစ်၍မရ။ ဘုရားသခင်ကို ကျေနပ်စေသော တစ်စုံတစ်ဦး ဖြစ်ရန် လိုအပ်သည်” ဟု စဉ်ဆက်မပြတ် ပြောနေသည်။ ထိုကဲ့သို့ သင်သည် မကြာခဏ မိမိကိုယ်ကို ဆုံးမကာ မိမိကိုယ်ကို ချုပ်ထိန်း၍ နှစ်အနည်းငယ် ကြာပြီးနောက်တွင် လူသားပုံသဏ္ဌာန်အနည်းငယ်ကို အသက်ရှင်နေထိုင်နိုင်သည်ဟု နောက်ဆုံး၌ သင်တွေးထင်သည်။ လူတို့၏ အစစ်မှန်ဆုံး ခံစားချက်များ၊ အတွေ့အကြုံများ၊ သိနားလည်မှုများမှ ပြောဆိုရလျှင် လူသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်နေစဉ် ဘုရားသခင့်အမှုတော်၏ အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်သည်။ လက်ရှိအချိန်ထိတိုင် ဘုရားသခင်ကို ယုံကြည်လာသည့်နောက် မည်သည့်အရာကို သင်တို့ လက်လွှတ်ဆုံးရှုံးလေပြီနည်း။ သင့်အတွက် ငါသေချာ ရှင်းပြပေးမည်။ စိတ်အလိုလိုက်လွန်းခြင်း၊ သင်အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်း၊ အကြင်နာမဲ့စွာ အသက်ရှင်ခြင်းတို့အပြင် နိုက်ကလပ်နှင့် ဘားများတွင် သွားရောက် ကခုန်၊ သီဆိုကာ ပါတီလုပ်ရန် အခွင့်အရေးများကို သင်တို့ လက်လွှတ်ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ဆိုးယုတ်မှု ရေစီးကြောင်းများထဲ မူးမော်သည်အထိ တဝတပြဲ စားသောက်ဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ပြီဖြစ်သည်။ ဤနေ့ရက်များ သင့်တွင် မရှိတော့ချေ။ သို့ရာတွင် ထို့ထက် ပို၍ မည်သည့်အရာကို သင်ရရှိခဲ့ပြီနည်း။ လူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းက ၎င်းတို့ကို အတော်လေး ပျော်ရွှင်စေကာ ပူပင်ကြောင့်ကြမဲ့စေသည်ဟု မကြာခဏ ခံစားကြသည်။ တစ်သက်တာလုံး ဤသို့ အသက်ရှင်သွားရလျှင် အတော်လေး အဆင်ပြေမည် ဖြစ်သည်။ သင်ရရှိသည့် အရာအများစုသည် ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတို့ ဖြစ်သည်။ ဤသည်တို့သည် စစ်မှန်သည့် အကျိုးကျေးဇူးများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့က “လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျွန်ုပ်သည် မိမိတာဝန်ကို လုပ်ဆောင်ခြင်းကြောင့် အနည်းငယ် ပင်ပန်းသော်လည်း မည်သို့ဆိုစေ စိတ်အေးလက်အေး ဖြစ်ပါသည်” ဟု ပြောကောင်းပြောကြပေမည်။ ဤစိတ်အေးလက်အေးဖြစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငွေဖြင့် ဝယ်ယူ၍ မရသကဲ့သို့ အဆင့်အတန်း သို့မဟုတ် ကျော်ကြားမှု သို့မဟုတ် အကျိုးအမြတ် သို့မဟုတ် ပညာရေး ဘွဲ့ဒီဂရီဖြင့် အလဲအလှယ်လုပ်၍လည်း မရနိုင်ပေ။

ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအတွက် သမ္မာတရားကို ရရှိခြင်းသည် အသက်ကို ရရှိခြင်းဖြစ်ပြီး အသက်ကို ရရှိခြင်းသည် စစ်မှန်သည့် အကျိုးကျေးဇူးများကို ရရှိခြင်း ဖြစ်သည်။ လူက စစ်မှန်သည့် အကျိုးကျေးဇူးများကို ရရှိသည့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် ၎င်းတို့ထံမှ မည်သည့်အရာကို ရရှိသနည်း။ လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ လူ့ထံမှ မည်သည့်အရာကို ဘုရားသခင်ရရှိရန် လိုအပ်သနည်း။ ဘုရားသခင်သည် အပေးအယူလုပ်ခြင်းတွင် ပါဝင်ပတ်သက်မှု ရှိသလော။ (မရှိပါ။) ဘုရားသခင်၏ စကားနှင့် လုပ်ရပ်များတွင် သူက “ဤစကားများကို ငါပြောပြီးဖြစ်သောကြောင့် သင်တို့သည် ဤမျှသော ငွေကို ငါ့အား ပေးရန်လိုအပ်သည်” ဟု ပြောဖူးသလော။ ဘုရားသခင်သည် သင့်ထံမှ တစ်ပြားတစ်ချပ် တောင်းဖူးသလော။ (မတောင်းဖူးပါ။) ဘုရားသခင်က လူ၏ အသက်ဖြစ်နိုင်သည့် အလွန်များသော သမ္မာတရားများကို လူသားမျိုးနွယ်အား အလွန် ကိုယ်ကျိုးမငဲ့စွာနှင့် အခမဲ့ပေးမည်ကို ယုံကြည်မှုကင်းသည့် လူအချို့က လုံးဝ မယုံကြည်ကြပေ။ ဤအချက်ကို ၎င်းတို့ မယုံကြည်ကြ။ ကမ္ဘာမြေပေါ်ရှိ ကိစ္စရပ်အားလုံးသည် အပေးအယူနှင့်ဆိုင်ကြောင်း၊ အလကားရသည့် အရာဟူ၍ ဘာမျှမရှိကြောင်း ၎င်းတို့ တွေးထင်ကြသောကြောင့် ဘုရားနှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအားလုံးကို လူသားမျိုးနွယ်ထံ အဖိုးအခမယူဘဲ အခမဲ့ ပေးထားခြင်းဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ဤသို့ဖြစ်နေလျှင်ပင် သေချာပေါက် ထောင်ချောက်တစ်ခု ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ၎င်းတို့က ဤသို့ သံသယထားခြင်းသည် အံ့အားသင့်စရာ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မည်သူ့အပေါ် သမ္မာတရား ပေးသနားထားသည်ကို ၎င်းတို့သိဖို့ မဆိုထားနှင့်၊ မည်သူကို ဘုရားသခင် ကယ်တင်ပြီး စုံလင်အောင် ပြုပေးသည်ကိုပင် ၎င်းတို့မသိကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် အမှန်တကယ် အခမဲ့ဖြစ်သည်။ သူ့အနေဖြင့် လူတို့ကို မည်သည့်အရာ လုပ်ဆောင်ရန် တောင်းဆိုသည်ဖြစ်စေ ထိုအရာကို ၎င်းတို့လုပ်ဆောင်သရွေ့ သူသည် စိတ်ကျေနပ်အားရပြီး လူတို့ကလည်း သူ၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြသည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို လူတို့လက်ခံနိုင်ပြီး သူ၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်သရွေ့ ဤသည်မှာ ဘုရားသခင် မျှော်လင့်သည့် ရလဒ်ဖြစ်ကာ လူတို့ကို သူကယ်တင်နေစဉ် ၎င်းတို့ထံမှ သူအလိုရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်က ဤမျှလေးကိုသာ အလိုရှိသော်လည်း လူတို့သည် သူ့ကို ပေးနိုင်ကြသလော။ ဘုရားသခင်၏ ဤတောင်းဆိုချက်ကို သူ့အား ပြန်ဆပ်ရန် ရှိသမျှအားလုံးထဲမှ တန်ဖိုးအရှိဆုံးသောအရာအဖြစ် သဘောထားနိုင်သည့် လူမည်မျှ ရှိသနည်း။ ဘုရားသခင်၏ စိတ်နှလုံးကို မည်သူနားလည်နိုင်သနည်း။ မည်သူမျှ နားမလည်နိုင်သကဲ့သို့ လူတို့သည် အားလုံးထဲမှ တန်ဖိုးအရှိဆုံးသောအရာကို မိမိတို့ရရှိထားကြောင်းကိုလည်း သတိမပြုမိကြချေ။ အားလုံးထဲမှ တန်ဖိုးအရှိဆုံးသော အရာကို ၎င်းတို့ရရှိထားပြီးဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုရသနည်း။ ဘုရားသခင်သည် သူ၏ အသက်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူ့အပေါ် ပေးသနားထားပြီးဖြစ်သည်။ ဤသည်မှာ ထိုအရာကို ၎င်းတို့အသက်ရှင်နေထိုင်နိုင်ရန်အလို့ငှာ ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းအပြင် သူပေးသနားထားသည့် သမ္မာတရားများကို ၎င်းတို့ယူ၍ မိမိတို့၏ ဘဝ ဦးတည်ချက်နှင့် ရည်မှန်းချက်များအဖြစ်သို့ ပြောင်းလဲနိုင်ရန်အလို့ငှာ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များအတိုင်း ၎င်းတို့အသက်ရှင်နိုင်ကာ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်ဖြစ်အောင် လုပ်နိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်သည် လူ၏ အသက်ဖြစ်လာနိုင်ရန်အလို့ငှာ လူ့အပေါ် သူ၏ အသက်ကို အခမဲ့ ပေးသနားထားပြီးဖြစ်သည်ဟု ဆို၍ မရနိုင်သလော။ (ရနိုင်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်ထံမှ လူတို့ ရရှိသည့်အရာမှာ အဘယ်နည်း။ သူ၏ မျှော်လင့်ချက်များလော။ သူ၏ ကတိတော်များလော။ သို့မဟုတ် မည်သည့်အရာနည်း။ ဘုရားသခင်ထံမှ လူတို့ရရှိသည့်အရာမှာ အနှစ်မဲ့သည့် စကားတစ်ခွန်းမဟုတ်၊ ဘုရားသခင်၏ အသက်ပင် ဖြစ်ချေတော့သည်။ လူတို့ကို ဘုရားသခင်က အသက်ပေးသည့် တစ်ချိန်တည်းတွင် ၎င်းတို့အပေါ် သူ၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ သူ၏ အသက်ကို ၎င်းတို့ကိုယ်ပိုင်အသက်အဖြစ် အသက်ရှင်နေထိုင်ကြရန်သာ ဖြစ်သည်။ ဤအသက်အား သင်အသက်ရှင်နေထိုင်နေသည်ကို ဘုရားသခင်မြင်သည့်အခါ ကျေနပ်ဝမ်းမြောက်သည်။ ဤသည်မှာ သူ၏ တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံမှ လူတို့ရရှိသည့်အရာမှာ တန်ဖိုးမဖြတ်နိုင်သည့် အရာတစ်ခုဖြစ်သော်လည်း ဤတန်ဖိုးမဖြတ်နိုင်သည့်အရာကို ၎င်းတို့အား သူပေးသည့် တစ်ချိန်တည်းတွင် မည်သည့်အရာကိုမျှ သူမရရှိပေ။ အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူမှာ လူဖြစ်သည်။ လူသည် အကြီးမားဆုံး ရိတ်သိမ်းခြင်းကို ခံစားရပြီး လူသည် အကြီးမားဆုံး အကျိုးကျေးဇူးခံစားရသူ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို လူတို့က မိမိတို့၏ အသက်အဖြစ် လက်ခံသည့်တစ်ချိန်တည်းတွင် သမ္မာတရားကို ၎င်းတို့ နားလည်ကြပြီး ပြုမူနေထိုင်ခြင်းအတွက် စည်းမျဉ်းများနှင့် အခြေခံအုတ်မြစ်တစ်ခု ရှိကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝလမ်းကြောင်းအတွက် ဦးတည်ချက်တစ်ခု ရှိကြလေသည်။ ၎င်းတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် ချည်နှောင်ခြင်း မခံရတော့သကဲ့သို့ ဆိုးယုတ်သော လူတို့၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် အသုံးချခြင်းကိုလည်း မခံရတော့ပေ။ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ ညစ်ညမ်းစေခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်း မခံရတော့ပေ။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် လွတ်လပ်ကာ လွတ်မြောက်လျက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အမှန်တကယ် အသက်ရှင်နိုင်ကြသည်။ ဆိုးယုတ်သော သို့မဟုတ် မကောင်းသော အင်အားစုတစ်ခုတလေ၏ တစ်ဖန် အကြမ်းဖက်ခြင်းကို လုံးဝ မခံရပေ။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဤအသက်မျိုးကို အသက်ရှင်နေထိုင်သည်နှင့်အမျှ စိတ်ဆင်းရဲခြင်း မခံစားရတော့သကဲ့သို့ ၎င်းတို့တွင် အခက်အခဲများလည်း မရှိကြောင်းပင်။ ပျော်ရွင်စွာ၊ လွတ်လပ်၊ လွယ်ကူစွာ ၎င်းတို့ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိကြသည်။ သူ့ကို ပုန်ကန်ခြင်း မရှိသကဲ့သို့ အတိုက်အခံလုပ်ခြင်းလည်း မရှိကြချေ။ သူ၏ အချုပ်အခြာအာဏာအောက်တွင် အမှန်တကယ် အသက်ရှင်ရင်း လုံးဝ တရားမျှတသည့် နည်းလမ်းဖြင့် လုံးလုံးလျားလျား အသက်ရှင်ကြသည်။ ၎င်းတို့တွင် သမ္မာတရားနှင့် လူ့သဘာဝ ရှိကြပြီး လူသားမျိုးနွယ်ဟူသည့် အမည်နာမနှင့်လည်း ၎င်းတို့ထိုက်တန်လာကြသည်။ ထိုသို့သော ကြီးမားလှသည့် အကျိုးကျေးဇူးတစ်ခု ရရှိခြင်းကို ဘုရားသခင်က လူအား ပေးထားသည့် ကတိတော်များဟု လူ၏ စိတ်ကူးအမြင်ထဲတွင် ရှိသည့်အရာများ သို့မဟုတ် လူက ရရှိရန် ဆန္ဒရှိသည့် ကောင်းချီးများနှင့် နှိုင်းယှဉ်ကြည့်လော့။ မည်သည့်အရာ သာ၍ ကောင်းမွန်သနည်း။ မည်သည့်အရာကို လူတို့ အလိုအပ်ဆုံး ဖြစ်သနည်း။ မည်သည့်အရာက ဘုရားသခင်ကို လူတို့ကျိုးနွံနာခံပြီး ကိုးကွယ်အောင် လုပ်ပေး၍ ၎င်းတို့အား ဘုရားသခင်၏ ဖျက်ဆီးခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မခံရစေဘဲ ထာဝရ အသက်ရှင်အောင် လုပ်ပေးနိုင်သနည်း။ ကောင်းချီခံစားလိုသည့် သင်၏ဆန္ဒသည် အရေးကြီးသလော သို့မဟုတ် သင့်အား ဘုရားသခင် ပေးထားပြီးဖြစ်သည့် အသက်ကို အမှန်တကယ် အသက်ရှင်နေထိုင်ခြင်းက အရေးကြီးသလော။ မည်သည့်အရာက သင့်ကို ဘုရားသခင်၏ စက်ဆုပ်ခြင်း သို့မဟုတ် စွန်လွှတ်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မခံရစေဘဲ ဘုရားသခင်ရှေ့မှောက်သို့ လာရန် သာ၍ ကူညီပေးနိုင်သနည်း။ သင်၏ဘဝကို မည်သည့်အရာက ထိန်းသိမ်းပေးနိုင်သနည်း။ ဘုရားသခင်ထံမှလာသည့် သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ သင်သည် ဤထာဝရအသက်ကို ရရှိနိုင်ပေသည်။ ဤအသက်ကို သင်ရရှိသည်နှင့်တစ်ပြိုင်နက် သင်၏ ဘဝသည် အချိန်အကန့်အသတ် မရှိဘဲ ဖြစ်သွားသည်။ ဤသည်မှာ ထာဝရအသက် ဖြစ်သည်။ သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ တစ်စုံတစ်ဦးသည် ဘုရားသခင်ထံမှ လာသည့် အသက်ကို မရရှိပါက သေဆုံးရမည် ဖြစ်ကြောင်းပင်။ လူသားအသက်သည် အချိန်ဖြင့် ကန့်သတ်ခြင်းခံရသည်။ အချိန်ဖြင့် ကန့်သတ်ခြင်းခံရသည့် အသက်သည် ထာဝရအသက် ဟုတ်သေးသလော။ မဟုတ်ပေ။ ကောင်းချီးခံစားလိုသည့် သင့်လိုအင်ဆန္ဒသည် ဘုရားသခင်ထံမှ ထာဝရအသက် ရရှိခြင်းနှင့်ဆိုင်သော နေရာကို ယူနိုင်သလော။ ကောင်းချီးခံစားလိုသည့် တစ်စုံတစ်ဦး၏ ဆန္ဒသည် ၎င်းတို့ကို သေခြင်းမှ တားဆီးပေးနိုင်သလော။ မတားဆီးပေးနိုင်ပေ။ ယင်းမှာ သေချာပေသည်။

ဘုရားသခင်သည် သမ္မာတရားများစွာ ဖော်ပြရန် ကြွလာပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်ထံမှ အသက်ကို ရရှိပြီး သူ့ထံမှလာသည့် ထာဝရအသက်၊ ထာဝရတည်သော အသက်တစ်ခုကို ရရှိကြသည်။ ဘုရားသခင် ပြောင်းလဲပြီလော။ (မပြောင်းလဲပါ။) သဘောတရားအရ ပြောရလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ကြီးမားသော စီမံကိန်းသည် လူတို့အား သေဆုံးခြင်းမရှိဘဲ ထာဝရ အသက်ရှင်ရန် နောက်ဆုံးတွင် အရည်အချင်းပြည့်မီစေပြီဖြစ်သည်။ ဤအဆင့်တွင် ဘုရားသခင်သည် သူ၏ ဆန္ဒများကို ပြည့်စုံစေပြီဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုအား ပြည့်စုံစေပြီဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်သော အမှု ပြီးမြောက်ပြီဖြစ်ကာ ထိုအရာမှ အကျိုးကျေးဇူးအချို့ကို ဘုရားသခင် ရရှိပြီးဖြစ်သည့်အလား ထင်ရသော်လည်း အမှန်တွင် မည်သူသည် ထာဝရ အသက်ရှင်မည့်သူ ဖြစ်သနည်း။ မည်သူသည် အကြီးမားဆုံး ကောင်းချီးများကို ရရှိနေသူ ဖြစ်သနည်း။ (လူဖြစ်ပါသည်။) လူသားမျိုးနွယ်ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို မရရှိပါက သူ၏ အဆင့်အတန်း ပြောင်းလဲသွားလိမ့်မည်လော။ (ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ။) ဘုရားသခင်၏ အဆင့်အတန်း ပြောင်းလဲမည်မဟုတ်သကဲ့သို့ သူ၏ အနှစ်သာရရော အခြား မည်သည့်အရာမျှပါ ပြောင်းလဲမည်မဟုတ်။ ဆန့်ကျင်ဖက်အနေဖြင့် လူ၏ ကံကြမ္မာမူကား သိသိသာသာ ပြောင်းလဲသွားပေမည်။ သေးငယ်သည့် ကွဲပြားခြားနားမှုမဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးကြား ခြားနားမှု ဖြစ်သည်။ တစ်ခုသည် ထာဝရ သေဆုံးရန်ဖြစ်သည်။ အခြားတစ်ခုမှာ ထာဝရ အသက်ရှင်ရန် ဖြစ်သည်။ မည်သည့်အရာကို လူတို့ ရွေးချယ်သင့်သနည်း။ (ထာဝရ အသက်ရှင်ရန် ရွေးချယ်သင့်ပါသည်။) ဘုရားသခင်က မည်သည့်အရာကို မြင်ရန် ဆန္ဒရှိသနည်း။ လူသားမျိုးနွယ်အပေါ် သူ၏ အကြီးမားဆုံး မျှော်လင့်ချက်မှာ အဘယ်နည်း။ အဘယ်ကြောင့် သူသည် ထိုမျှ ကြီးမားသော အဖိုးအခကို ပေးခဲ့သနည်း။ ဘုရားသခင်သည် တောင်းဆိုချက် သို့မဟုတ် အပေးအယူ တစ်ခုမျှမရှိဘဲ၊ ထပ်ဆင့် သတ်မှတ်ချက် တစ်ခုမျှမရှိဘဲ သူ၏ အသက်ကို လူအား အခမဲ့ပေးခဲ့သည်။ လူတို့အပေါ် သူတောင်းဆိုသမျှမှာ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စိတ်နှလုံးထဲ လက်ခံပြီး သူ၏ သတ်မှတ်ချက်များအတိုင်း လူသားအသွင်ကို အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ ထို့နောက်တွင် သူ၏ အမှုသည် ရလဒ်များ စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ကာ သူ၏ ဆန္ဒများ ပြည့်စုံသွားလိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူတို့သည် သဘောထားကျဉ်းမြောင်းကြသည်။ ဤနှုတ်ကပတ်တော်များ အားလုံးကို ပြောဆို၍ လူတို့အား ယင်းတို့ကို စားသောက်စေကာ ယင်းတို့ထဲ ဝင်ရောက်စေရာတွင်၊ လူတို့အား အမှုအရာများကို စွန့်ပယ်စေပြီး မိမိတို့ကိုယ်ကို အသုံးခံစေရာတွင်၊ မိမိတို့ကိုယ်ကို ပုန်ကန်ကာ၊ မိမိတို့ကိုယ်ကို ဘေးဖယ်ထားစေပြီး သူ့ကို စဉ်ဆက်မပြတ် ကိုးကွယ်စေရာတွင် ဘုရားသခင်သည် ကြီးမားသည့် အကျိုးအမြတ်တစ်ခုခု ရကောင်းရနေနိုင်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ အမှန်တွင် ဤသည်မှာ မှန်သလော။ (မမှန်ပါ။ ဘုရားသခင်သည် ကိုယ်ကျိုးမငဲ့ပါ။ သူသည် တောင်းဆိုချက်များမရှိဘဲ၊ လူတို့အား သူ့ကို ပြန်ဆပ်ရန် တောင်းဆိုခြင်းမရှိဘဲ လူ့အပေါ် သမ္မာတရားကို ပေးသနားပါသည်။) ဤကိစ္စများကို ကြည့်သည့်အခါ “ဘုရားသခင်သည် ကိုယ်ကျိုးမငဲ့” ဟူသည့် စကားရပ်သည် မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်သည် ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို တစ်ကိုယ်ကောင်းဆန်ခြင်း မရှိ။ မိမိကိုယ်တိုင်အတွက်သာဖြစ်ပြီး လူအတွက် မဟုတ်သည့် အရာတစ်ခုတလေကို ဘုရားသခင် လုပ်ဆောင်ဖူးသလော။ လုံးဝ မလုပ်ဆောင်ဖူးပေ။ လက်ရှိအချိန်ထိ ဘုရားသခင်သည် ထိုသို့သော အရာတစ်ခုကို မလုပ်ဆောင်ဖူးပေ။ ယင်းကို လူတို့က ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် သိရှိနိုင်၏။ ဘုရားသခင်က လူတို့ကို သမ္မာတရားအား သိနားလည်ခွင့်ပေးပြီး သူ့ထံမှလာသည့် အသက်ကို ရရှိခွင့်ပေးသည့် တစ်ချိန်တည်းတွင် အလွန်များသည့် အခြေအနေများ၊ လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကိုလည်း သူစီစဉ်ကာ လူတို့အား မိမိတို့တာဝန်များကို လုပ်ဆောင်ရန် သင့်တင့်လျောက်ပတ်သော အခွင့်အရေးများ ပေးလေသည်။ ထိုသို့အားဖြင့် ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ၏ စစ်မှန်မှုနှင့် ထိုအထဲတွင် ပါရှိသည့် သမ္မာတရားကို လုံလောက်စွာ တွေ့ကြုံပြီး နားလည်ရန် သင့်တော်သော အခြေအနေများနှင့် အနေအထားများ ရှိနိုင်ကြဖို့အလို့ငှာ ဖြစ်ပေသည်။ သူသည် လူတို့အား သူ၏ ရည်ရွယ်ချက်များကို သိနားလည်စေရန်၊ သူ၏ စိတ်နှလုံးကို အထင်မလွဲစေရန်၊ မှန်ကန်သည့် လမ်းခရီးပေါ် လူတို့ခြေချစေရန် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးမှု၊ နိုးဆော်မှုများနှင့် တိုက်တွန်းမှုများအပြင် အသင်းတော် အသက်တာနှင့် ညီအစ်ကိုမောင်နှမများ၏ အပြန်အလှန် မိတ်သဟာယပြုမှု၊ အားပေးမှု၊ အကူအညီပေးမှုတို့ကဲ့သို့သော နည်းစနစ်မျိုးစုံကို အသုံးပြုလေသည်။ ဤအရာအားလုံးကို ဘုရားသခင် လုပ်ဆောင်သည့် တစ်ချိန်တည်းတွင် သူသည် လူတို့အား သူ့အတွက် အထူးကိစ္စများ လုပ်ဆောင်ပေးရန် တောင်းဆိုလျက် လူတို့အပေါ် ထပ်ဆင့်သတ်မှတ်ချက်များ တစ်ခုတလေ ရှိသလော။ (မရှိပါ။) တိုတိုပြောရလျှင် လူတို့ကို ဘုရားသခင် ကယ်တင်ချိန်၌ သူသည် ၎င်းတို့ကို လုံလောက်သည့် အခွင့်အရေးများနှင့် လုံလောက်သည့် နေရာ ပေးကာ လူတစ်ဦးစီကို တည်ဆောက်ပေးရန် အမျိုးမျိုးသော အကျိုးကျေးဇူးများအပြင် အခန့်သင့်သော အနေအထားများနှင့် အခြေအနေများကို ပေးသည်။ တစ်ချိန်တည်းတွင် သူသည် လူတစ်ဦးစီတိုင်းကို သန့်စင်စေပြီး စုံလင်ခံရနိုင်သူများကို အဆုံးတွင် စုံလင်အောင် ပြုပေးသည်။ သမ္မာတရားကို ချစ်ပြီး လိုက်စားသောသူတို့ကို သူစုံလင်အောင် ပြုပေးသည်။ တိုတိုပြောရလျှင် လူတို့ထံ သူပြောသည့် နှုတ်ကပတ်တော်များဖြစ်စေ၊ သူပြုသည့် အမှုဖြစ်စေ၊ သူပေးသည့် အဖိုးအခဖြစ်စေ ဘုရားသခင်လုပ်ဆောင်သည့် ဤအရာအားလုံကို အခမဲ့ လုပ်ဆောင်ထားခြင်း ဖြစ်သည်။

အမှန်တွင် ဘုရားသခင်က နှစ်ပေါင်းမည်မျှ အမှုပြုသည်ဖြစ်စေ၊ လူတို့သည် ဘုရားနှုတ်ကပတ်တော် မည်မျှကို နားလည်နိုင်ကြသည်ဖြစ်စေ၊ သမ္မာတရား မည်မျှကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသည်ဖြစ်စေ၊ ဘုရားသခင်ထံမှ အသက်ထောက်ပံ့မှု မည်မျှကို ၎င်းတို့ ရရှိကြသည်ဖြစ်စေ လူသားမျိုးနွယ်ထဲမှ တစ်ဦးတလေသည် ဘုရားသခင်နှင့် အမှန်တကယ် စကားစမြည်ပြောဆိုနိုင်သလော။ စကားစမြည်ပြောဆိုခြင်းကို ယခုလောလောဆယ် ဘေးဖယ်ထားလော့။ ဤသတ်မှတ်ချက်သည် သင့်အတွက် ယခု အနည်းငယ် မြင့်မားနေ၏။ ဘုရားသခင်၏ စိတ်နှလုံးကို အမှန်တကယ် နားလည်နိုင်သောသူ တစ်ဦးတလေ ရှိသလော။ သူ့ကို စိတ်ကျေနပ်စေခြင်းအကြောင်းအား မပြောဘဲနေကြစို့။ သူ၏ စိတ်နှလုံးကို သင်နားလည်နိုင်သလော။ မည်သူမျှ နားမလည်နိုင်ပေ။ လူအချို့က၊ ပြောကြသည်မှာ “ဘုရားသခင် အလွန် ကြီးမြတ်ပြီး ကျွန်ုပ်တို့ လူသားများက အလွန် သေးငယ်သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ရှိပြီး ကျွန်ုပ်တို့သည် မြေကြီးပေါ်တွင် ရှိကြသည်။ ဘုရားသခင်၏ အတွေးများထဲမှ အတွေးတစ်ခုကိုပင် ကျွန်ုပ်တို့သည် နှစ်နှင့်ချီ၍ ချင့်ချိန်တွေးဆယူရသည်။ ဘုရားကို ကျွန်ုပ်တို့ မည်သို့လျှင် နားလည်နိုင်မည်နည်း။ ဤသည်မှာ စွမ်းဆောင်ရရှိရန် မလွယ်ပါ။ ဘုရားနှင့် စကားစမြည်ပြောဆိုရေးမှာမူ သာ၍ပင် စွမ်းဆောင်မရနိုင်သည့်အရာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဤအရာကို စွမ်းဆောင်ရရှိရေးမှာ ခက်ခဲသည့် ကိစ္စရပ်တစ်ခုလော။ ခက်ခဲမှု အတိုင်းအတာတစ်ခု ရှိသလော။ ထိုအခက်အခဲသည် မည်သည့်နေရာတွင် ဖြစ်ပေါ်လာသနည်း။ ဘုရားသခင်၏ အတွေးများသည် သူ၏ နှုတ်ကပတ်တော်များ အားလုံးထဲတွင်၊ သူဖော်ပြသည့် သမ္မာတရားထဲတွင်၊ သူ၏ စိတ်သဘောထားထဲတွင် ရှိသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ ဘုရားသခင်ထံမှလာသည့် သမ္မာတရားနှင့် အသက်ကိုလည်း မရရှိနိုင်ပါက ဘုရားကို မည်သည့်အခါတွင်မျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း မရှိပါက ဘုရားနှင့်အတူ စကားစမြည်ပြောဆိုရန် ဘုရားရှေ့မှောက်သို့ လုံးဝ မလာနိုင်သကဲ့သို့ စကားစမြည်ပြောဆိုနိုင်စွမ်းလည်း ရှိကြလိမ့်မည် မဟုတ်ပေ။ စကားစမြည်ပြောသည်ဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ ထိုအရာမှာ မိမိ၏ စိတ်နှလုံးကို ချခင်းထားရန်၊ စိတ်နှလုံးပါပါ စကားပြောဆိုရန် ဖြစ်သည်။ ဤအရာအား မည်သို့လုပ်ဆောင်ရမည်ကို သင်တို့သိသလော။ သင်သည် သင်၏ မိဘများနှင့်၊ သင်၏ မွေးချင်းများနှင့်၊ လည်ပင်းဖက်ကြီးလာသော မိတ်ဆွေများနှင့် စိတ်နှလုံးပါပါ မည်သို့စကားပြောရမည်ကို သိသော်လည်း ဘုရားသခင်နှင့် စိတ်နှလုံးပါပါ မည်သို့စကားပြောရမည်ကိုမူ လုံးဝ မသိပေ။ ထိုပြဿနာသည် မည်သည့်နေရာမှ လာသနည်း။ (ဘုရားသခင်၏ စိတ်နှလုံးကို နားလည်သဘောပေါက်မှုမရှိခြင်းမှ ဖြစ်ပါသည်။) ဘုရားသခင်၏ စိတ်နှလုံးကို သင်အဘယ်ကြောင့် နားလည်သဘောပေါက်ခြင်း မရှိနိုင်သနည်း။ (လူသည် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိမရှိပါ။) ဤသည်မှာ အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်သဘောပေါက်ခြင်း မရှိ။ သူ၏ စိတ်နှလုံးကို မသိကြသကဲ့သို့ မည်သည့်အရာကို သူတွေးနေသည် သို့မဟုတ် မည်သည့်အရာကို သူချစ်သည် သို့မဟုတ် မည်သည့်အရာကို သူမုန်းသည် သို့မဟုတ် သူအဘယ်ကြောင့် ဝမ်းနည်းသည် သို့မဟုတ် သူအဘယ်ကြောင့် စိတ်မကောင်းဖြစ်သည် ဆိုသည်တို့ကိုလည်း မသိကြပေ။ သင်သည် ဤအရာများကို နားမလည်နိုင်ပေ။ ယင်းက သင်သည် ဘုရားနှုတ်ကပတ်တော်များအတွင်းမှ လာသည့် သမ္မာတရား သို့မဟုတ် အသက်ကို မရရှိသေးကြောင်း သက်သေပြပြီး သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် အလှမ်းဝေးဆဲဖြစ်သည်။ မိမိ၏ စိတ်နှလုံးက ဘုရားသခင်နှင့် အလှမ်းဝေးနေသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ ပထမဦးစွာ လူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာမရှိဟု ဆိုလိုသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ သခင် ဖြစ်လိုကြဆဲဖြစ်သည်။ ဤကဲ့သို့ ဆက်အသက်ရှင်ခြင်းက ၎င်းတို့အား နေရာတိုင်း၊ အချိန်တိုင်းတွင် ဘုရားသခင်ကို ပုန်ကန်ကာ အတိုက်အခံလုပ်စေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စွန့်ပင်စွန့်ပစ်ကြပြီး သူ့ကို စွန့်ခွာကြသည်။ လူအချို့သည် ကပ်ဘေးနှင့် ဘေးဒုက္ခ ကြုံရပြီး ဘုရားသခင်ကို အထင်လွဲကာ သူ့ကို စောဒကတက်ကြသည်။ ဘုရားသခင်ကို ဝေဖန်ပြီး ငြင်းပယ်သည့် အရာများ ပြောဆိုကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်နေကြပြီးသား ဖြစ်သည်။ ဤသည်မှာ အခြေအနေ၏ အမှန်တရား ဖြစ်သည်။ ဘုရားသခင်အတွက်ဆိုပါက ထိုသို့သော အခြေအနေတွင် လူတို့ အသက်ရှင်ကြလျှင် ကောင်းသလော၊ ဆိုးသလော။ (ဆိုးပါသည်။) အဘယ်ကြောင့် ဆိုးသနည်း။ (ဤသည်မှာ ဘုရားသခင် အလိုရှိသည့်အရာ မဟုတ်သကဲ့သို့ သူမြင်ရန် မျှော်လင့်သည့်အရာလည်း မဟုတ်ပါ။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်၏။ ထိုသို့သော အရာများကို မြင်ရန် ဘုရားသခင် မမျှော်လင့်ပေ။ ထို့ကြောင့် သူ၏စိတ်နှလုံးတွင် ဘုရားသခင်က မည်သို့ခံစားရမည်နည်း။ (နောင်တရပြီး နာကျင်မည်ဖြစ်ပါသည်။) ပထမဦးစွာ သူနာကျင်မည်။ သင်သည် တစ်စုံတစ်ဦးအတွက် မျှော်လင့်ချက်များ အပြည့်ရှိပြီး သင့်ထံ သူ၏ စိတ်နှလုံးကို ဖွင့်ချပြလာဖို့ မျှော်လင့်ထားသော်လည်း ထိုအစား ထိုသူက သင်နှင့် ခပ်တန်းတန်းဖြစ်သွားပြီး သင့်ကို အထင်လွဲ၍ သင့်ထံမှ အမြဲ ပုန်းကွယ်ကာ သင့်ကို ရှောင်ရှားနေပါက သင်အဘယ်သို့ စဉ်းစားမည်နည်း။ ထိုသူက သူ၏ စိတ်နှလုံးကို သင့်ထံ ဖွင့်ဟပြီး သင်နှင့်အတူ စကားပြောလျှင်ပင် သူပြောသည့်အရာသည် သင်ကြားလိုသည့်အရာ မဟုတ်ပါက သင်အဘယ်သို့ စဉ်းစားမည်နည်း။ သင်အထီးကျန်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ပထမဦးစွာ သင့်ထံတွင် ချစ်ခင်ရသူများ မရှိသည့်အလား၊ လူယုံများ မရှိသည့်အလား၊ စိတ်နှလုံးပါပါ စကားပြောရမည့်သူ မည်သူမျှ မရှိသည့်အလား၊ ယုံကြည်ရမည့်သူ သို့မဟုတ် အားထားရမည့်သူ မည်သူမျှ မရှိသည့်အလား အထီးကျန်ကာ အဆက်ဖြတ်ခံရသည်ဟု ခံစားရမည်။ သင်၏ စိတ်နှလုံးသည် အထီးကျန်ပေမည်။ သင်အထီးကျန်နေသည့် တစ်ချိန်တည်းတွင် သင်အဘယ်သို့ တွေးထင်မည်နည်း။ သင်အဘယ်သို့ ခံစားရမည်နည်း။ သင်၏ စိတ်နှလုံး နာကျင်မည် မဟုတ်လော။ (နာကျင်ပါမည်။) နားကျင်မည်ဖြစ်သည်။ ဤနာကျင်မှု ဝေဒနာကို ဖြေရှင်းရန် လွယ်သလော။ မည်သည့်အရာမျိုးများက ဤနာကျင်မှုကို လျော့ပါးစေနိုင်မည်နည်း။ ဤအခြေအနေကို သင်မည်သို့ ပြောင်းလဲနိုင်မည်နည်း။ ဤစိတ်ဆန္ဒကို စွန့်လွှတ်လိုက်ခြင်းနှင့် ဤအမှန်တရားကို သင်မမြင်နိုင်သယောင် ဟန်ဆောင်ခြင်းသည် အလုပ်ဖြစ်နိုင်မည်လော။ (အလုပ်မဖြစ်နိုင်ပါ။) သို့ဆိုလျှင် အဆုံး၌ မည်သည့်အရာကို သင်လုပ်ဆောင်ရမည်နည်း။ နောက်ဆုံး ရွေးချယ်မှုက မည်သည့်အရာ ဖြစ်သင့်သနည်း။ ထိုသို့သော အခြေအနေတစ်ခုကို မည်သို့ပြောင်းလဲနိုင်သနည်း။ ဘုရားသခင်က အမှုအရာနှစ်ခု လုပ်ဆောင်နိုင်ပေမည်။ လူက အခြားနည်းစနစ်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရွေးချယ်မှုများသည် ဘုရားသခင်၏ ဆောင်ရွက်ပုံနည်းလမ်းများနှင့် သေချာပေါက် ကွာခြားပေသည်။ လူ၏ ရွေးချယ်မှုမှာ “သင်သည် ငါ၏ အလိုဆန္ဒနှင့်အညီ ပြုမူဆောင်ရွက်ခြင်းမရှိလျှင် သင့်ကို ငါမည်သို့မျှ အလေးဂရုပြုမည် မဟုတ်။ ဤလူက လုပ်ဆောင်လိမ့်မည် မဟုတ်လျှင် ထိုလူကို ငါရွေးချယ်မည်။ ပထမတစ်ဦး မကောင်းလျှင် ဒုတိယတစ်ဦးကို ငါရွေးချယ်မည်” ဟူ၍ ဖြစ်ပေမည်။ ဘုရားသခင်သည် ဤသို့ ပြုမူဆောင်ရွက်မည်လော။ သေချာပေါက် ဆောင်ရွက်မည် မဟုတ်။ ဘုရားသခင်သည် သူလုပ်ဆောင်လိုသည့် အရာများအပေါ် လက်မလျှော့ပေ။ သို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဤသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့သော အနှစ်သာရ သရုပ်ထင်နေသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ တစ်အချက်အနေဖြင့် ဘုရားသခင်သည် လူ၏ဘဝနှင့် စိတ်ဝိညာဉ်၏ လိုအပ်ချက်များအပြင် ၎င်းတို့အခြေအနေများ၏ လိုအပ်ချက်များနှင့် အမျိုးမျိုးသော အခြားလိုအပ်ချက်များအပါအဝင်၊ လူ၏ လိုအပ်ချက်များကို အခမဲ့ ဆက်လက် ပံ့ပိုးပေးမည်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ဒုတိယအချက်ကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။ ယင်းမှာ လွန်ခဲ့သည့် ထောင်ချီသော နှစ်ကာလအတော်များများတစ်လျှောက် သူလုပ်နေခဲ့သည့်အရာ ဖြစ်သည်။ ထိုအရာ မည်သည့်အရာဖြစ်သည်ကို သင်တို့ စဉ်းစားနိုင်ကြသလော။ (စောင့်ဆိုင်းခြင်းဖြစ်ပါသည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်သည် ဆက်လက်စောင့်ဆိုင်းမည်ဖြစ်ပြီး ၎င်းတို့ကို ဆက်လက် လမ်းပြမည်ဖြစ်ပါသည်။) သင်တို့တွင် သိနားလည်မှုအချို့ ရှိပုံရသည်၊ ဤတွေးခေါ်မှုအလေ့အထ ရှိပုံရသည်။ မှန်ပေ၏၊ သူစောင့်ဆိုင်းမည်ဖြစ်သည်။ ဘုရားသခင်သည် ရှောင်ရှားခြင်းဖြစ်စေ၊ လက်လျှော့ခြင်းဖြစ်စေ၊ သူ၏ ဝမ်းနည်းမှုကို လျော့ပါးစေခြင်းဖြစ်စေ ဒုတိယနည်းစနစ်ကို ရွေးချယ်မည် မဟုတ်။ သူသည် လူသားမျိုးနွယ်အား အသက်အထောက်အပံ့ကို အခမဲ့ပေးသည့်တစ်ချိန်တည်းတွင် လိုလိုလားလားလည်း စောင့်ဆိုင်းပေးသည်။ ဤသည်မှာ သူလုပ်ဆောင်သည့်အရာ ဖြစ်သည်။ ထိုအရာကို သူမည်မျှကောင်းစွာ လုပ်ဆောင်သနည်း။ လူ၏ စကားများကို အသုံးပြု၍ ပြောရလျှင် ဘုရားသခင်သည် အမှန်တကယ်ပင် အာဂအံ့ဖွယ်ဖြစ်နေသည် မဟုတ်လော။ (ဘုရားသခင်သည် သူတတ်နိုင်သမျှ လုပ်ဆောင်ပြီး လုပ်သင့်သမျှကို လုပ်ဆောင်ပါသည်။) လူတို့အနေဖြင့် ထာဝရအသက် ရရှိနိုင်ရန်အလို့ငှာ ဘုရားသခင်က ဤအရာအားလုံးကို လိုလိုလားလား လုပ်ဆောင်ပေးသည်။ သူ့ထံတွင် အခြားတောင်းဆိုချက်များ မရှိပေ။ အနည်းဆုံးအနေဖြင့် သူ့ထံတွင် လူ့အပေါ် ကျိုးကြောင်းမသင့်သည့် တောင်းဆိုချက်များ မရှိဟု ဆိုနိုင်သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို လူအား ပေးသည့်တစ်ချိန်တည်းတွင် လူက တန်ဖိုးအထားသင့်ဆုံးနှင့် အမြတ်နိုးသင့်ဆုံးသော အရာဖြစ်သည့် သူ၏ အဖိုးအတန်ဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာကို လူအား အခမဲ့ နည်းနည်းချင်းစီ ပေးလေသည်။ လူတို့သည် ဤအရာအားလုံးကို ရရှိသည်နှင့်အမျှ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းကို ရရှိကြကာ ရှင်သန်ခြင်းနှင့် လူသား အပြုအမူအတွက် အခြေခံအုတ်မြစ်တစ်ခုအပြင် ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အကျိုးကျေးဇူးများကိုပါ ရရှိကြပေသည်။ သို့ရာတွင် တစ်ချိန်တည်း၌ ဤလူများထဲမှ တစ်ဦးတလေသည် ဘုရားသခင်ကို စဉ်းစားပေးကြသလော။ သူလုပ်ဆောင်နေပြီး စဉ်းစားနေသည့်အရာကို ၎င်းတို့ထည့်တွေးကြသလော။ ဤအရာကို ၎င်းတို့ထည့်မတွေးကြပေ၊ ဟုတ်သလော။ လူတို့သည် ဤအရာအားလုံးကို ရရှိနေစဉ်တွင် ၎င်းတို့ထဲမှ တစ်ဦးတလေက “ငါတို့အပေါ် ဘုရားပေးသနားထားသည့် အရာအားလုံးအတွက် အပြန်အလှန်အနေဖြင့် မည်သည့်အရာကို ဘုရားသခင်အား ငါတို့ ပေးခဲ့သနည်း။ ငါတို့ထံမှ မည်သည့်အရာကို ဘုရားသခင် ရရှိသနည်း။ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ငါတို့ ရရှိသည့်အခါ ဘုရားသခင် ပျော်ရွှင်ပါသလော” ဟု မိမိတို့ကိုယ်ကို မေးကြသလော။ လူတို့သည် ဤအကြောင်းကို မမေးမြန်းကြဘဲ သို့မဟုတ် မတွေးကြဘဲ ရှိနေနိုင်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များအကြောင်း အချင်းချင်း မိတ်သဟာယပြုပြီး စိတ်ချမ်းမြေ့ခြင်း၊ ပျော်ရွှင်မြူးထူးခြင်းတို့နှင့် ပြည့်နှက်နေသည့်အခါ ၎င်းတို့ထဲမှ တစ်ဦးတလေသည် ဘုရားသခင်အကြောင်း စဉ်းစားကြလေသလော။ မစဉ်းစားကြပေ။ မည်သည့်အခါတွင်မျှ မစဉ်းစားကြသကဲ့သို့ မည်သို့စဉ်းစားရမည်ကိုလည်း မသိကြချေ။ ထိုသို့သောအရာများသည် ၎င်းတို့စိတ်နှလုံးထဲတွင် မရှိ။ လူတို့က ဤအရာအားလုံးကို ဘုရားသခင်ထံမှ ရရှိသည့် တစ်ချိန်တည်းတွင် “ငါအလွန် ကံကောင်းလေစွ။ ဤအရာအားလုံးကို ရရှိခြင်းသည် အလွန်ကောင်း၏။ ငါအလွန် ကောင်းချီးခံစားရပါတကား။ မည်သူမျှ ငါ့လောက် ကောင်းချီးမခံစားရ။ အမှန်တကယ် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ပင် ဖြစ်ပေတော့သည်” ဟု တွေးကြသည်။ ကျေးဇူးတင်စကား တစ်ခွန်းကိုသာ လူတို့ပြောဆိုကြသည်။ ကျေးဇူးတင်ရှိသည့် စိတ်အခြေအနေတစ်မျိုးသာ ၎င်းတို့တွင် ရှိကြသည်။ ၎င်းတို့ မည်မျှရိုးသားစစ်မှန်သည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်နှလုံးက မည်မျှထက်သန်သည်ဖြစ်စေ၊ မည်မျှကြီးမားသည့် ဝန်ထုပ်ကို ၎င်းတို့သယ်ဆောင်နိုင်သည်ဟု တွေးထင်ပါစေ၊ ပြီးလျှင် သမ္မတရားမည်မျှကို ၎င်းတို့နားလည်ပြီးသားဖြစ်သည်ဟု တွေးထင်ကြပါစေ၊ ဘုရားသခင်အတွက် မည်သည့်အရာကို လုပ်ဆောင်နိုင်ကြသည်ဖြစ်စေ ဘုရားသခင်သည် လူ၏ နံဘေးတွင် ရှိသည့်အခါ၌ပင် အထီးကျန်နေဆဲဖြစ်သည်။ အဘယ်ကြောင့် ဘုရားက အထီးကျန်သည်ဟု ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် အစမှသည် အဆုံးထိ လူ့အပေါ် မည်သည့်အရာကို ဘုရားသခင် ပေးသနားသည်ဖြစ်စေ၊ ၎င်းတို့အပေါ် မည်သည့်အရာကို သူလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ထံ မည်သည့်ပုံစံဖြင့် သူပေါ်ထွန်းသည်ဖြစ်စေ၊ ၎င်းတို့အပေါ် မည်သည့်ပုံစံဖြင့် သူအမှုပြုသည်ဖြစ်စေ ဘုရားသခင်သည် ၎င်းတို့၏ အဆက်ဖြတ်ခြင်းကို ခံရသောကြောင့် ဖြစ်လေသည်။ ဤသည်မှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်အနေဖြင့် စောင့်ဆိုင်းရန် မလိုတော့သကဲ့သို့ အထီးကျန်ခြင်းလည်း မရှိတော့ရန်အလို့ငှာ မည်သည့်အချိန်တွင် ဤအခြေအနေက ပြောင်းလဲလိမ့်မည်နည်း။ ဤအနေအထားကို ပြောင်းလဲရန်၊ ဤအခြေအနေကို ပြောင်းလဲရန်အလို့ငှာ လူတို့သည် မည်သည့်အရာများကို လုပ်ဆောင်ရန် လိုအပ်ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက မည်သည့်အဆင့်တွင် ရှိရန် လိုအပ်သနည်း။ ဤအရာသည် မည်သည့်အရာအပေါ် တည်မှီသနည်း။ (လူတို့၏ လိုက်စားမှုအပေါ် တည်မှီပါသည်။) ဤကိစ္စရပ်သည် ဘုရားသခင်အပေါ် မဟုတ်ဘဲ လူ့အပေါ် နောက်ဆုံးတွင် တည်မှီနေဆဲ ဖြစ်သည်။ ငါပြောပြီးသည့်အတိုင်းပင် လူသည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် စိတ်နှလုံးပါပါ စကားပြောနိုင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးက ခပ်တန်းတန်း မဖြစ်တော့သည့်အခါ၊ ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် စကားစမြည်ပြောဆိုနိုင်ပြီး သူ၏ စိတ်နှလုံးကို သဘောပေါက်နိုင်သည့်အခါ၊ သူစဉ်းစားနေသည့်အရာနှင့် သူလုပ်ဆောင်လိုသည့်အရာ၊ သူနှစ်သက်သည့်အရာနှင့် သူ စက်ဆုပ်သည့်အရာတို့အပြင် အဘယ်ကြောင့် သူဝမ်းနည်းပြီး အဘယ်ကြောင့် စိတ်ကျေနပ်ခြင်းရှိသည်ဆိုသည်တို့ကို သိရှိကြသည့်အခါ ဘုရားသခင် အထီးကျန်လိမ့်မည် မဟုတ်ပေ။ လူတို့သည် ဤအရာကို လုပ်ဆောင်နိုင်ပါက ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံကြရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က သူကိုယ်တိုင်နှင့် လူတို့ကြား မြင်လိုသည့် စစ်မှန်သော ဆက်ဆံရေး ဖြစ်သည်။ နားလည်သလော။ (အနည်းငယ် နားလည်ပါသည်။) ဘုရားသခင်၏ စိတ်နှလုံးသည် နားလည်ရန် လွယ်ကူသလော။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အလေးအနက် ဖတ်ရှုပြီး နှုတ်ကပတ်တော်တစ်လုံးစီတိုင်းနှင့် သူဖော်ပြသည့် သမ္မာတရားတိုင်းကို ဝီရိယရှိရှိ စဉ်းစားဆင်ခြင်ကာ တွေ့ကြုံသည့်အခါ ဘုရားသခင်၏ စိတ်နှလုံးထဲသို့ တဖြည်းဖြည်း ဝင်ရောက်၍ ဘုရားသခင်၏ စိတ်နှလုံးကို တဖြည်းဖြည်း သဘောပေါက်နားလည်လာလိမ့်မည်။ ဘုရားသခင်၏ စိတ်နှလုံးကို သင်နားလည်သဘောပေါက်သည့် တစ်ချိန်တည်းတွင် သူ၏ စိတ်နှလုံးအား မည်သို့ကျေနပ်စေရမည်ကိုလည်း သင်သိရှိလိမ့်မည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်သဘောပေါက်နိုင်ခြင်း မရှိပါက ဘုရားကို မည်သို့ စိတ်ကျေနပ်စေနိုင်မည်နည်း။ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်နည်း။ (နားလည်သဘောပေါက်ခြင်း ဖြစ်ပါသည်။) နားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့သည် ပထမဖြစ်ပြီး ထို့နောက်တွင် စိတ်ကျေနပ်စေခြင်းကို သင်ပြောဆိုနိုင်သည်။ ဤကိစ္စရပ်သည် သင်တို့အတွက် ခက်ခဲသလော။ (အားထုတ်ခြင်းနှင့် ဝီရိယရှိစွာ စဉ်းစားခြင်းအားဖြင့် မခက်ခဲပါ။) ဤကိစ္စရပ်သည် အမှန်တကယ်တွင် မခက်ခဲပေ။ လူတို့သည် ဘုရားသခင် ပြောသည့် စကားများကို ကြားနိုင်ပြီး သူပြုသည့်အမှုကို မြင်နိုင်ကြသည်။ ဤစကားများကို ၎င်းတို့စိတ်နှလုံးထဲတွင် အသိအမှတ်ပြုကာ ယင်းတို့ကို မည်သူမျှ မငြင်းပေ။ ဤအရာက လူတို့၏ စိတ်နှလုံးပေါ် တည်မှီသည်။ ထိုအတွက် ၎င်းတို့တွင် စိတ်နှလုံးရှိသရွေ့ ထိုအရာကို စွမ်းဆောင်ရရှိရန် လွယ်သည်။ သင်၌ စိတ်နှလုံး မရှိလျှင်မူ ပြဿနာဖြစ်သည်။ သင့်ကို စကားမည်မျှပြောဆိုထားသည်ဆိုသည်မှာ အရေးမကြီးပေ၊ အားလုံး အချည်းနှီးသာ ဖြစ်သည်။

လူသည် ဘုရားသခင့် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ အကြီးမားဆုံး အကျိုးခံစားရသူဖြစ်ပုံအကြောင်း ငါယခုတင် မိတ်သဟာယပြုခဲ့သည်။ ယင်းမှာ အမှန်တရားဖြစ်သည် မဟုတ်လော။ ဤအချက်ကို သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) လူအချို့သည် ကြားကာ နားလည်သွားကြပြီဖြစ်ပြီး “ထိုသို့ဖြစ်လျှင် စစ်မှန်သည့် အကျိုးကျေးဇူးများကို ငါရရှိနိုင်သည်။ ဤသည်မှာ ကလေးပုံပြင်တစ်ပုဒ်သာ မဟုတ်။ ထာဝရအသက်ကို ငါအမှန်တကယ် ရရှိနိုင်သည်တကား” ဟု ယခုတွင် တွေးဆနေကြသည်။ ထာဝရအသက်ကို မည်သို့ရရှိနိုင်သနည်း။ (ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဖြစ်ပါသည်။) ဘုရားသခင် ဖော်ပြထားသည့် ဤသမ္မာတရားများကို မည်သူအလိုအပ်ဆုံးဖြစ်သည်ဟု သင်တို့ထင်သနည်း။ ဘုရားသခင် လိုအပ်သလော။ (ဘုရားသခင်က ထိုအရာများကို မလိုအပ်ပါ။ လူက လိုအပ်ပါသည်။) ထိုအရာများကို အလိုအပ်ဆုံးသောသူမှာ လူဖြစ်သည်။ ဘုရားသခင်က မလိုအပ်ချေ။ ဘုရားသခင်သည် လူအား သူတို့အလိုအပ်ဆုံးသော အရာများကို ပေးထားပေသည်။ ၎င်းတို့သည် ကောင်းချီးအခံစားရဆုံး ဖြစ်ကြသည်မဟုတ်လော။ (ဟုတ်ပါသည်။) ယခု လောကကြီးတစ်ခုလုံးနှင့် ထာဝရအသက်ကြား ရွေးချယ်ခွင့် သင့်ကို ပေးပါက မည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ အချို့သော မိုက်မဲသည့် လူတို့က “ထာဝရအသက်ကို ကျွန်ုပ်မမြင်နိုင်၊ မခံစားနိုင်သည့်အတွက် ကျွန်ုပ်မလိုချင်ပါ။ ထိုအရာကို လိုက်စားခြင်းသည် အလွန် ပင်ပန်းစရာဖြစ်သည်။ ငွေအသပြာ၊ အိမ်ကြီးရခိုင်တစ်လုံး၊ ဇိမ်ခံကားတစ်စီးတို့ကို ကျွန်ုပ်လိုချင်သည်။ ထိုအရာများသည် ထိတွေ့ကိုင်တွယ်နိုင်သည့် အကျိုးအမြတ်များဖြစ်သည်” ဟု ဆိုကြပေမည်။ ထိုသို့သောလူများ ရှိသလော။ မရှိဟု သင်ပြော၍ မရနိုင်ပေ။ အပြင်တွင် နုံအသူမျိုးစုံ ရှိသည်။ ငါမည်သို့ပြောဆိုသည်ဖြစ်စေ ၎င်းတို့ နားမလည်ကြသောကြောင့် ထွက်သွားကြပါစေ။ ၎င်းတို့တွင် ဤကောင်းချီးမင်္ဂလာမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှု ပြုလုပ်ကြပြီးဖြစ်သည်။ အဆုံးတွင် သင်ရွေးချယ်သည့်အရာကို သင်ရရှိလိမ့်မည်။ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများအတွက် သင်တာဝန်ယူရမည်။ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများအတွက် သင်ပေးဆပ်ရမည်။ သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ သင်ရွေးချယ်သည့် လမ်းကြောင်းပေါ် တည်မှီသည်။ သင်သည် ဘုရားသခင်ကို အဆုံးထိတိုင် အတိုက်အခံလုပ်လိုပါက သေခြင်းသို့သွားရာ လမ်းပေါ် သင်ရှိပေသည်။ “ဘုရားသခင်က ကျွန်ုပ်ကို ညွှန်ပြသည့် လမ်းကြောင်းကို လိုက်လျှောက်ခြင်းအားဖြင့် ကျွန်ုပ်အသက်ရှင်မည်” ဟု သင်ပြောဆိုလျှင်မူ သင်သည် အမြဲ အသက်ရှင်နိုင်လိမ့်မည်။ ဤအရာက အမှန်တကယ် ဖြစ်လာလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်တိုင်း ပြည့်စုံရလိမ့်မည်ဖြစ်ပြီး အမှန်ဖြစ်လာလိမ့်မည်။ ယင်းကို ငြင်း၍မရနိုင်ပေ။ လူတချို့က “အဘယ်သို့ဖြစ်၍ ဤကိစ္စရပ်ကို ကျွန်ုပ်မသိရသနည်း” ဟု ဆိုကြသည်။ သင်မသိဘဲဖြစ်နေ၍ သင့်ကို ငါပြောပြလိုက်ပါက ထိုအရာကို သင်သိသွားသည် မဟုတ်လော။ အခြားသူအချို့က “ထိုအရာကို ကျွန်ုပ်ကြားဖူးလျှင်ပင် ကိုယ့်မျက်စိဖြင့် မမြင်ရသေးသောကြောင့် အမှန်တကယ်မဟုတ်ဟု ကျွန်ုပ်တွေးနေဆဲဖြစ်သည်” ဟု ဆိုကြသည်။ သို့ဆိုလျှင် လုပ်ဆောင်ရန် ဘာမျှမရှိပေ။ တစ်စုံတစ်ဦးတွင် ယုံကြည်ခြင်းမရှိပါက မိမိတို့ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်လျှင်ပင် ယုံကြလိမ့်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိသောသူတို့သည် မြင်လျှင်ပင် မသိကြသကဲ့သို့ ကြားလျှင်ပင်လည်း နားမလည်ကြပေ။ ဝိညာဉ်ရေးရာ သိနားလည်မှုရှိပြီး သမ္မာတရားကို နားလည်သောသူတို့သာ ဘုရားနှုတ်ကပတ်တော်များ နေ့စဉ် ဖြစ်မြောက်နေပြီး ပြည့်စုံနေသည်ကို မြင်နိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက အရာရာကို ဖြစ်မြောက်စေကြောင်း၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း၊ သူ၏ နှုတ်ကပတ်တော်များအားလုံး ပြည့်စုံလိမ့်မည်ဖြစ်ကြောင်း သင်ယုံကြည်ပါက သမ္မာတရားကို သင်လိုက်စားသင့်သည်။ ဘုရားနှုတ်ကပတ်တော်များက သင့်အထဲတွင် ပြည့်စုံလာပြီး ဖြစ်မြောက်နေသည်ကို သင်မြင်ပါက သူ့ကို သင်ယုံကြည်ခြင်း ရှိလိမ့်မည်။ စိတ်ချနေလော့။ သင့်အတွက် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများသည် သင်တောင်းလျှောက်သမျှ သို့မဟုတ် စိတ်ကူးသမျှအားလုံးကို ဧကန်မုချ ကျော်လွန်လိမ့်မည် ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်

အရှေ့သို့- ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်

နောက်တစ်ခုသို့- သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။