၅။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။ ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်ဆယ်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် အခန်း)

ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည်မှာ သူ့အမှု၏ ရည်မှန်းချက်သည် စာတန်၏ဝိညာဉ်၊ သို့မဟုတ် အကောင်အထည် မရှိသော အရာတစ်ခုတစ်လေမျှ မဟုတ်ဘဲ၊ ဇာတိခန္ဓာ ရှိပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော လူသား ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အသွေးအသားနှင့် လူသားကို သူ့အမှု၏ ရည်မှန်းချက် ဖြစ်စေလေသည်မှာ လူသား၏ ဇာတိခန္ဓာသည် ဖောက်ပြန်ပျက်စီးပြီး ဖြစ်သောကြောင့် အတိအကျ ဖြစ်သည်။ ထို့အပြင် လူသားသည် ဖောက်ပြန်ပျက်စီးခြင်းခံရသည့်အရာ ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူသားကို သူ၏ ကယ်တင်ခြင်းအမှု၏ အဆင့် အားလုံးတစ်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်စေပြီးဖြစ်သည်။ လူသားသည် သေမျိုးဖြစ်သည်၊ အသွေးနှင့်အသား ရှိပြီး၊ ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုက သာ၍ ကောင်းမွန်သော အကျိုးတရားများ ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏အမှုကို လုပ်ဆောင်ရန် လူကဲ့သို့ တူညီသော ပင်ကိုအရည်အသွေးများ ပိုင်ဆိုင်သည့် လူ့ဇာတိတစ်ခုကို ခံယူရပေမည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိခံယူရမည့် အကြောင်းမှာ လူသားသည် ဇာတိခန္ဓာ ရှိပြီး၊ အပြစ်ကို အောင်မြင်နိုင်စွမ်း မရှိ သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်စွမ်း မရှိသောကြောင့် အတိအကျ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် လူသား၏အနှစ်သာရ၊ ပင်ကိုလက္ခဏာတို့နှင့် ကြီးမားစွာ မတူကွဲပြားသော်လည်း၊ သူ၏အသွင်သဏ္ဌာန်သည် လူနှင့် တထေရာတည်းတူလေသည်။ သူသည် သာမန်လူတစ်ဦး၏ အဆင်းသဏ္ဌာန် ရှိကာ၊ သာမန်လူတစ်ဦး၏ ဘဝကို နေထိုင်ကာ သူ့ကို မြင်သောသူများသည် သာမန်လူတစ်ဦးနှင့် ကွဲပြားမှုကို ပိုင်းခြားမသိမြင်နိုင်ပေ။ ဤပုံမှန်အဆင်းသဏ္ဌာန်နှင့် ပုံမှန်လူ့သဘာဝတို့သည် ပုံမှန်လူ့သဘာဝ၌ သူ၏ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပေသည်။ သူ၏ဇာတိခန္ဓာသည် ပုံမှန်လူ့သဘာဝ၌ သူ၏အမှုကို သူ့အား လုပ်ဆောင်ခွင့်ပေးပြီး၊ လူသားအလယ် သူ၏ အမှုကို လုပ်ဆောင်ရန် ကူညီပေးကာ၊ ထို့အပြင် သူ၏ ပုံမှန်လူ့သဘာဝက လူသားအလယ် ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် သူ့ကို ကူညီလေသည်။ သူ၏ပုံမှန်လူ့သဘာဝသည် လူသားအလယ် များစွာသော အုတ်အော်သောင်းတင်းဖြစ်ခြင်းကို ဖြစ်စေပြီးဖြစ်သော်လည်း၊ ထိုသို့သော အုတ်အော်သောင်းတင်း ဖြစ်ခြင်းသည် သူ့အမှု၏ ပုံမှန်အကျိုးတရားများအပေါ် ထိခိုက်ခြင်း မရှိလေပြီ။ တိုတိုပြောရလျှင်၊ သူ၏ ပုံမှန်လူ့ဇာတိ၏ အမှုသည် လူသားအဖို့ အထွတ်အထိပ် အကျိုးရှိလေသည်။ လူအများစုသည် သူ၏ပုံမှန်လူ့သဘာဝကို လက်မခံကြသော်လည်း၊ သူ၏အမှုသည် ရလဒ်များ ရရှိနိုင်ဆဲဖြစ်ပြီး၊ ဤရလဒ်များကို သူ၏ ပုံမှန်လူ့သဘာဝကြောင့် ရရှိခြင်း ဖြစ်သည်။ ဤအရာနှင့်သက်ဆိုင်၍ ယုံမှားဖွယ်ရာမရှိပေ။ လူ့ဇာတိထဲက သူ၏အမှုမှ၊ ဘုရားသခင်၏ ပုံမှန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့အလယ် တည်ရှိသော အယူအဆများထက် လူသားသည် ဆယ်ဆ၊ သို့မဟုတ် များစွာပိုသော အရာတို့ကို ရရှိပြီး၊ ထိုသို့သော အယူအဆများ အားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှု၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။ ပြီးလျှင် သူ့အမှုက ရရှိပြီးဖြစ်သော အကျိုးတရား၊ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် လူသားရှိသည့် အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အယူအဆများထက် သာလွန်များပြားသည်။ သူ၏ဇာတိခန္ဓာသည် မည်သည့် အသွေးအသားရှိသည့်‌ လူသားနှင့်မျှ မတူညီသည့်အတွက်၊ လူ့ဇာတိ၌ သူပြုသော အမှုကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အပြင်ဘက် အကာသည် ဆင်တူသော်လည်း၊ အနှစ်သာရသည် မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူအလယ် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများစွာ ပေါက်ဖွားစေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာပင် ရရှိရန်လည်း ခွင့်ပြုနိုင်ပြီး၊ တူညီသော အပြင်ပန်းအကာ ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် လူသားမျှ မဟုတ်ဘဲ၊ လူသား၏ အပြင်ပန်း အကာရှိသော ဘုရားသခင် ဖြစ်ပြီး၊ မည်သူမျှ သူ့ကို လုံးဝ ဉာဏ်မမီနိုင် သို့မဟုတ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍ မရနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူသားအဖို့ မမြင်ရသည့် ဝိညာဉ်တော်တစ်ပါးသာ ဖြစ်ပါက လူသားအတွက် ဘုရားသခင်ကို ယုံကြည်ရန် အလွန် လွယ်ကူသည်။ လူတို့သည် မိမိတို့၏စိတ်ကူးစိတ်သန်းများကို ဇက်ကုန်လွှတ်နိုင်သည်၊ မိမိတို့ကိုယ်ကိုယ် စိတ်ကျေနပ်စေရန်နှင့် မိမိတို့ကိုယ်ကိုယ် ပျော်ရွှင်စေရန် ၎င်းတို့နှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းဖြင့်၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင်ဘုရားသခင်က အကြိုက်နှစ်သက်ဆုံးအရာနှင့် ၎င်းတို့ကို လုပ်ဆောင်ရန် ဆန္ဒအရှိဆုံးသော မည်သည့်အရာကိုမဆို မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ ထို့အပြင် ဘုရားသခင်အပေါ် ၎င်းတို့ထက် မည်သူမျှ သစ္စာမစောင့်သိသကဲ့သို့ ဆက်ကပ်အပ်နှံခြင်းမရှိ၊ ပြီးလျှင် အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း မရှိကြဟု လူတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်မှုသည် မရေမရာဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့ရှာဖွေသောအရာအားလုံးသည် အပြောင်းအလဲ အနည်းငယ်ဖြင့် များစွာတူညီကြပေသည်။ ယင်းမှာ ၎င်းတို့၏ စိတ်ကူးများထဲရှိ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြသော်လည်း၊ ယင်းတို့၏ အနှစ်သာရမှာ အမှန်တကယ် အတူတူမျှသာ ဖြစ်သည်။

လူသားသည် ဘုရားသခင်၌ သူ၏ကြောင့်ကြမဲ့သည့် ယုံကြည်မှုအားဖြင့် သောကမရောက်သကဲ့သို့၊ မိမိ စိတ်ကျေနပ်သည်အတိုင်း ဘုရားသခင်ကို ယုံကြည်လေသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဘုရားသခင်ကို ယုံကြည်ကြပြီး အခြားမည်သူမျှ၏ ဘုရားသခင်ကို မယုံကြည်ကြသည့်အတွက်၊ ဤသည်မှာ မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်သည့် “လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ” ထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်သီးသန့် ပိုင်ဆိုင်မှုဖြစ်ပြီး ဤသီးသန့် ပိုင်ဆိုင်မှုမျိုးကို အယောက်တိုင်းနီးပါး ပိုင်ဆိုင်လေသည်။ လူတို့သည် ဤပိုင်ဆိုင်မှုကို အဖိုးထိုက်သော ရတနာတစ်ခု အဖြစ် မှတ်ယူကြသော်လည်း၊ လူ၏ ဤသီးသန့် ပိုင်ဆိုင်မှုထက် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် သာ၍ရှင်းလင်းသော ဖော်ပြချက် မရှိသည့်အတွက်၊ ဘုရားသခင်အဖို့ ယင်းထက် သာ၍ နိမ့်ကျသောအရာ၊ သို့မဟုတ် သာ၍ အသုံးမကျသောအရာ မရှိပေ။ ဘုရားသခင်သည် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် လူ့ဇာတိတစ်ခုနှင့် လူသားက တွေ့မြင်နိုင်ပြီး ထိတွေ့နိုင်သည့်သူတစ်ဦး ဖြစ်လာသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကြောင့် ဖြစ်သည်။ သူသည် ပုံသဏ္ဌာန် မရှိသော ဝိညာဉ်မဟုတ်ဘဲ၊ လူသားအနေဖြင့် တွေ့မြင်နိုင်ကာ ထိတွေ့လာနိုင်သည့် ဇာတိခန္ဓာတစ်ခု ဖြစ်သည်။ သို့ရာတွင် လူတို့ ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန် ကင်းမဲ့သည့်၊ လွတ်လပ်သည့် ပုံသဏ္ဌာန်ဖြင့်လည်း ရှိကြသည့် အသွေးအသားမဲ့ နတ်ဘုရားများ ဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ရန်သူ ဖြစ်လာပြီးဖြစ်ကာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူစွာ ဘုရားသခင်၏ ရန်ဘက်များ ဖြစ်လာကြပြီးဖြစ်သည်။ လူသားသည် သူ၏စဉ်းစားမှုပုံစံကြောင့် သို့မဟုတ် သူ၏ ပုန်ကန်တတ်မှုကြောင့် အယူအဆများ ပိုင်ဆိုင်သည် မဟုတ်ဘဲ လူနှင့်ဆိုင်သည့် ဤသီးသန့် ပိုင်ဆိုင်မှုကြောင့် ဖြစ်သည်။ လူအများစု သေဆုံးကြသည်မှာ ဤပိုင်ဆိုင်မှုကြောင့် ဖြစ်ပြီး၊ လူ၏ အသက်တာကို ဖျက်ဆီးသည်မှာ ဤထိတွေ့၍မရ၊ မြင်၍မရသကဲ့သို့ လက်တွေ့အရှိတရားတွင် မတည်ရှိသော ဘုရားသခင် ဖြစ်သည်။ လူ၏အသက်တာသည် ကောင်းကင်ဘုံရှိ ဘုရားသခင်အားဖြင့် မဆိုထားနှင့်၊ လူ့ဇာတိခံ ဘုရားသခင်အားဖြင့် ဆုံးရှုံးရသည် မဟုတ်ဘဲ၊ လူ၏ ကိုယ်ပိုင်စိတ်ကူးနှင့်ဆိုင်သော ဘုရားကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လူ့ဇာတိအဖြစ်သို့ ကြွလာပြီးဖြစ်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက်ကြောင့် မဟုတ်ပေ၊ ပြီးလျှင် ဘုရားသခင်၏ စွန့်လွှတ်မှုများနှင့် ဆင်းရဲဒုက္ခအားလုံးသည် လူသားမျိုးနွယ်အတွက် ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင်အတွက် အကောင်းနှင့် အဆိုးများ၊ သို့မဟုတ် ဆုလာဘ်များ မရှိပေ။ သူသည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းလိမ့်မည် မဟုတ်ဘဲ၊ မူလက သူ့ကို အကြွေးတင်ထားခဲ့သည့် အရာတို့ကို ရိတ်သိမ်းလိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူ လုပ်ဆောင်ပြီး စွန့်လွှတ်သည့်အရာ အားလုံးသည် ကြီးစွာသော ဆုလာဘ်များကို သူ ရရှိရန်အလို့ငှာ မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက် ဖြစ်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတွင် မစဉ်းစားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း၊ နောက်ဆုံးတွင် ယင်းက စွမ်းဆောင်ရရှိသည့် အကျိုးတရားများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အကျိုးတရားများထက် သာလွန် များပြားသည်။ လူ့ဇာတိ၏ အမှုသည် များစွာသော အခက်အခဲများ ဖြစ်ပေါ်စေပြီး၊ လူ့ဇာတိသည် ဝိညာဉ်တော်ကဲ့သို့ အလားတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော ပင်ကိုလက္ခဏာ မပိုင်ဆိုင်နိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှု မရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အနှစ်သာရ ထက်သာ၍ များစွာသာလွန်ပြီး၊ ဤလူ့ဇာတိ ကိုယ်တိုင်သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ လိုအပ်ချက်များအဖို့ အဖြေ ဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် လူ့ဇာတိကို အသုံးပြုနိုင်သည့် တန်ဖိုးထက် များစွာ နိမ့်ကျသည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာများ အားလုံးအနှံ့ ခြုံငုံနိုင်သော်လည်း၊ လူ့ဇာတိ၏ အမှုသည် သူနှင့် ထိတွေ့သော လူတိုင်းနှင့် သာ၍ ထိရောက်စွာ နှီးနွှယ်လေသည်။ ထို့အပြင် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် ဘုရားသခင်၏ လူ့ဇာတိကို လူသားက ပို၍နားလည်နိုင်ပြီး ပို၍ယုံကြည်နိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို သာ၍နက်သည်ထက် နက်လာနိုင်စေပြီး၊ ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ နှင့်ဆိုင်သော သာ၍နက်နဲသည့် ထင်မြင်ချက်များကို လူသားအပေါ် ချန်ထားနိုင်ပေသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ပိတ်ဖုံးနေပြီး၊ သေမျိုးတို့အတွက် နားလည်ရန် ခက်ခဲကာ၊ တွေ့မြင်နိုင်ရန် သာ၍ပင်ခက်ခဲလေသည်၊ ထို့ကြောင့် ၎င်းတို့သည် အနှစ်မဲ့သော စိတ်ကူးစိတ်သန်းများ အပေါ်တွင်သာ မှီခိုနိုင်ကြလေသည်။ သို့ရာတွင် လူ့ဇာတိ၏ အမှုသည် ပုံမှန်ဖြစ်ပြီး၊ လက်တွေ့အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာကို ပိုင်ဆိုင်သကဲ့သို့၊ လူသား၏ ရုပ်ခန္ဓာမျက်လုံးဖြင့် ရှုမြင်၍ရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်ကာ သူ၏ ပေါများလှသော စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်ပေ။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုး ဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့ မမြင်နိုင်သကဲ့သို့ လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာအားဖြင့် ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဝိညာဉ်တော်၏ လမ်းပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်သည်၊ သို့ရာတွင် ဉာဏ်ရှိသော လူသားအတွက် ဤအရာတို့သည် မည်သည့် ရှင်းလင်းသော အဓိပ္ပာယ်ကိုမျှ မပေးချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးပြီး၊ နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက် တစ်ခုကို မပေးနိုင်ပေ။ သို့သော် လူ့ဇာတိ၌ ဘုရားသခင်၏အမှုမှာမူ အလွန် ကွာခြား၏။ ယင်းသည် နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းပြမှု ပါဝင်သည်၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ရည်မှန်းချက်ပန်းတိုင်များ ရှိသည်။ သို့ဖြစ်၍ လူသည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် ၎င်း၏ စိတ်ကူးစိတ်သန်းများကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် အမှု၏ ရှင်းလင်းပြတ်သားမှု ဖြစ်ပြီး ဝိညာဉ်တော်၏ အမှုမှ ယင်း၏ ကြီးမားသော ကွာခြားမှု ဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွက်သာ သင့်လျော်ပြီး၊ လူ့ဇာတိ၏အမှုကို အစားမထိုးနိုင်ပေ။ လူ့ဇာတိ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို အလွန်တရာ ပို၍ တိကျပြီး လိုအပ်သော ရည်မှန်းချက်ပန်းတိုင်များနှင့် များစွာ ပို၍ စစ်မှန်၊ တန်ဖိုးရှိသော အသိပညာကို ပေးလေသည်။ ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ စစ်မှန်သော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲ အနှစ်သာရ ဖြစ်သော်လည်း၊ ဤသို့သောအမှုကို သူ၏လူ့ဇာတိဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်း အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ရှင်းလင်းသော အမှန်တရား ဖြစ်သည်။ လူအများစုသည် ဤလူ့ဇာတိကြောင့် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး ဖြစ်သော်လည်း၊ ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ၊ သူ၏အလိုကို ဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်လိမ့်မည် ဖြစ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်မြင်သက်သေများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်သည့် သက်သေများ၊ သူနှင့်သဟဇာတ ဖြစ်ပြီး သူနှင့်ခွဲ၍မရသော သက်သေများ ဖြစ်လာကြလိမ့်မည်။ သူသည် လူသားအဖို့ လူ့ဇာတိ၌ သူ့အမှု၏ အရေးကြီးခြင်းကို လူသားအား သိရှိစေမည် ဖြစ်ပြီး၊ လူသားသည် လူ၏တည်ရှိမှု အဓိပ္ပာယ်အဖို့ ဤလူ့ဇာတိ၏ အရေးပါမှုကို သိရှိလိမ့်မည်၊ လူ့အသက်တာ ကြီးထွားမှုအဖို့ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိရှိလိမ့်မည် ဖြစ်ပြီး၊ ထို့အပြင် ဤလူ့ဇာတိသည် လူသားက ခွဲခွာ၍မရသည့် အသက်စမ်းရေ ဖြစ်လာလိမ့်မည်ကို သိရှိပေမည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနေအထားတို့နှင့်ကိုက်ညီခြင်းမှ အလှမ်းဝေးပြီး၊ လူသားအဖို့ ဘုရားသခင်၏ တကယ့် အဆင့်အတန်းနှင့် သဟဇာတဖြစ်ပုံ မရသော်လည်း၊ ဘုရားသခင်၏ စစ်မှန်သော ပုံသဏ္ဌာန် သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို မပိုင်ဆိုင်သော ဤလူ့ဇာတိသည် ဘုရားသခင်၏ဝိညာဉ်တော်က တိုက်ရိုက် မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်လေသည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ စစ်မှန်သောအရေးပါမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူသားအနေဖြင့် နားမလည်နိုင်သကဲ့သို့၊ အသိအမှတ်မပြုနိုင်သည်မှာ ဤအရေးပါမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ လူ့ဇာတိကို အထင်သေးကြသော်လည်း၊ ၎င်းတို့ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ သို့မဟုတ် တွေးထင်စေကာမူ၊ လူ့ဇာတိ၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ မှန်ပေ၏၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်ပေသည်။ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသောသူ အားလုံးအတွက်၊ ဝိညာဉ်တော်၏ အမှုသည် တို့ထိမှု သို့မဟုတ် လှုံ့ဆော်မှု၊ ပြီးလျှင် ရှင်းပြ၍မရနိုင်သကဲ့သို့ မတွေးတတ်သော အံ့သြဖွယ်ခံစားချက်တစ်ခုနှင့် ကြီးမြတ်သော၊ ထူးကဲသာလွန်သကဲ့သို့ နှစ်လိုဖွယ်ကောင်းသော်လည်း အားလုံးအဖို့ ရယူရန်မဖြစ်နိုင်သကဲ့သို့ မရရှိနိုင်သောအရာလည်း ဖြစ်သည့် ခံစားချက်တစ်ခုကိုသာ ပေးနိုင်သည်။ လူသားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့ကြားတွင် ကြီးမားသည့် အကွာအဝေးတစ်ခု ရှိသည့်အလား၊ အဝေးမှသာ အချင်းချင်း ကြည့်ရှုနိုင်ကြပြီး၊ လူသားနှင့် ဘုရားသခင်တို့သည် မမြင်ရသော အပိုင်းအခြားတစ်ခုဖြင့် ခွဲခြားခံထားရသည့်နှယ် ၎င်းတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင် ဤသည်မှာ ဝိညာဉ်တော်က လူသားကိုပေးထားသော အတွေးမှားတစ်ခု ဖြစ်သည်၊ ယင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် လူသားတို့သည် လောကတစ်ခုတည်းတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်မည် မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်သည် လူနှင့်ဆိုင်သောအရာ မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသားက အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက် မလုပ်ဆောင်နိုင်သည့်အတွက်၊ လူသားသည် ဝိညာဉ်တော်၏ လိုအပ်ချက် မရှိပေ။ လူ့ဇာတိ၏အမှုသည် လိုက်စားရမည့် စစ်မှန်သော ရည်မှန်းချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသော ခံစားမှုတစ်ခု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသော ခံစားမှုတို့ကို လူသားကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း၊ လူအများစုအတွက် သူသည် နားလည်သဘောပေါက်ဖို့ လွယ်ကူသည်။ လူသားသည် သူ၏ မျက်နှာကို ရှုမြင်နိုင်ပြီး၊ သူ၏အသံကိုကြားနိုင်ကာ သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤလူ့ဇာတိသည် လူသားကဲ့သို့ တူညီသော ကမ္ဘာလောကထဲတွင် ရှိသည့်အတွက်၊ ဤလူ့ဇာတိသည် လူသားအဖို့ ချဉ်းကပ်၍ရနိုင်သည်၊ မဝေးကွာဘဲ သို့မဟုတ် နားမလည်နိုင်စရာ မဟုတ်ဘဲ၊ မြင်၍ရနိုင်သကဲ့သို့ ထိတွေ့၍ရနိုင်ပေသည်။

ဇာတိခန္ဓာဖြင့် နေထိုင်သူအားလုံးအတွက် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်စားရမည့် ပန်းတိုင်များ လိုအပ်ကာ၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် စစ်မှန်သော မျက်နှာကို မျက်မြင်တွေ့ခြင်း လိုအပ်ပေသည်။ နှစ်ခုလုံးကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်ပြီး၊ နှစ်ခုလုံးကို ပုံမှန်ဖြစ်ကာ စစ်မှန်သည့် လူ့ဇာတိဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်း လိုအပ်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် တစ်ရပ်လုံးက ယင်းကို လိုအပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိရှိရန်လိုအပ်သည့်အတွက်၊ မရေရာသကဲ့သို့ သဘာဝလွန်ဖြစ်သော ဘုရားများ၏ ပုံရိပ်များကို ၎င်းတို့၏နှလုံးသားများမှ ပပျောက်စေရမည် ဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရန် လိုအပ်သည့်အတွက်၊ ၎င်းတို့သည် ပထမဦးစွာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကြရမည် ဖြစ်သည်။ အကယ်၍ လူသည် လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ပပျောက်စေသည့် အလုပ်ကိုသာ လုပ်ဆောင်ပါက၊ သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည် မဟုတ်ပေ။ လူတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများတစ်ခုတည်းဖြင့်သာ ဖော်ထုတ်၍ မရနိုင်၊ ဖယ်ရှား၍ မရနိုင်ပေ သို့မဟုတ် လုံးဝ ပပျောက်သွားစေ၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူတို့ထံမှ နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးတွင် ဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဤမရေမရာဖြစ်ပြီး သဘာဝလွန် အမှုအရာများကို လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အစစ်တို့ဖြင့် အစားထိုးခြင်းနှင့် လူတို့အား ယင်းတို့ကို တဖြည်းဖြည်း သိစေခြင်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။ လူသည် အတိတ်အချိန် ကာလများက ၎င်းရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှု မရှိသကဲ့သို့ သဘာဝလွန် ဖြစ်သည်ကို သတိပြုမိလေသည်။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်မှာ လူတစ်ဦးဦး၏ သွန်သင်မှုများဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက် ဦးဆောင်မှုပင် မဟုတ်ဘဲ၊ လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းတို့သည် လူသား၏စိတ်ကူးထဲက မရေရာသကဲ့သို့ သဘာဝလွန်သော ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို တရားဝင် လုပ်ဆောင်သောအခါ လူသား၏ အယူအဆများသည် ဖွင့်ချခံရလေသည်။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံ ဘုရားသခင်နှင့် ဆန့်ကျင်ကွဲလွဲသည့်အခါတွင်သာ ထုတ်ဖော်ပြနိုင်သည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ၊ လူသား၏ အယူအဆများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ တစ်နည်းအားဖြင့်၊ အဖြည့်ခံအဖြစ် လက်တွေ့အရှိတရား မရှိဘဲ၊ မရေရာသော အရာများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ မည်သူမျှ ဤအမှုကို လုပ်ဆောင်ရန် စကားလုံးများ သုံးနိုင်စွမ်း မရှိပေသကဲ့သို့၊ စကားလုံးများကို အသုံးပြုလျက် မည်သူမျှ ဤအမှုကို ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်း မရှိပေ။ ဘုရားသခင်ကိုယ်တိုင်သာ သူ၏ကိုယ်ပိုင် အမှုကို လုပ်ဆောင်နိုင်ပြီး သူ၏ကိုယ်စား အခြားမည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ၊ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုကာ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ဖြစ်ခြင်းတို့ကို လုံးဝ ထုတ်ပြသမှသာလျှင်၊ လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ စွမ်းဆောင်မရရှိနိုင်ပေ။ ဟုတ်ပေ၏၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် မပြီးမြောက်နိုင်ပေ။ ထို့ထက် ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤလူ့ဇာတိသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့် လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့် ပိုင်ဆိုင်သော ဘုရားသခင်လည်း ဖြစ်သည်။ ထို့ကြောင့် ဤလူ့ဇာတိသည် ဘုရားသခင်၏ ဝိညာဉ်တော် မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် အလွန် ကွာခြားလှသော်လည်း၊ ယင်းသည် ဝိညာဉ်တော် ဖြစ်ပြီး လူ့ဇာတိလည်း ဖြစ်သော၊ လူသားကို ကယ်တင်သည့် လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင် လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေဆဲဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိနှင့် ခွဲခြား၍မရသကဲ့သို့၊ လူ့ဇာတိ၏ အမှုသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုကို ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ထားခြင်း မဟုတ်ဘဲ၊ လူ့ဇာတိ၏ ပင်ကိုလက္ခဏာကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ထားခြင်းမျှသာ ဖြစ်သည်။ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် လုပ်ဆောင်ရန် လိုအပ်သည့် အမှုသည် လူ့ဇာတိခံယူခြင်းကို မလိုအပ်ပေ၊ ပြီးလျှင် လူ့ဇာတိက လုပ်ဆောင်ရန် လိုအပ်သည့် အမှုကိုလည်း ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်၍ မရနိုင်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ကသာ လုပ်ဆောင်နိုင်ပေသည်။ ဤသည်မှာ ဤအမှုအတွက် လိုအပ်သည့်အရာ ဖြစ်ပြီး၊ ဖောက်ပြန် ပျက်စီးနေသော လူသားမျိုးနွယ်က လိုအပ်သည့်အရာ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်တွင် အဆင့်တစ်ဆင့်ကိုသာ ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်အဆင့်နှစ်ဆင့်ကို လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့သော ပညတ်တော်ခေတ်၏ အမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်း မပါဝင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာနှင့်လည်း မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သို့သော် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏ လူ့ဇာတိ အမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီးကာ အရေးပါလှသော အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ တိုက်ရိုက်အမှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် ၎င်းကို ထိန်းကျောင်းပေးရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လူ့ဇာတိခံ ဘုရားသခင်ကို လိုအပ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ထံမှ ပို၍များသော ကျေးဇူးတော်နှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်လေသည်။ လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်သာ လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသား၏ အမြဲရှိနေသော အထောက်အမ ဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့ရော အတိတ်ကာလများတွင်ပါ လူ့ဇာတိခံယူခြင်း၏ လိုအပ်မှုဖြစ်သည်။

လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ အားလုံးထဲမှ အမြင့်ဆုံး ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက်သည် စာတန် မဟုတ်ဘဲ လူသားဖြစ်ပြီး၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ကာ နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်း ခံရမည့်အရာ ဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက် ဖြစ်ကာ၊ လူသား၏ ဇာတိခန္ဓာကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်၊ ထို့ကြောင့် ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာ ဖြစ်ရပေမည်။ လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထို့ကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍ကောင်းစွာ သိမ်းပိုက်နိုင်ရန်အလို့ငှာ၊ သူသည် လူ့ဇာတိဖြင့် အလုပ်လုပ်သည်၊ လူ့ဇာတိဖြင့် စကားပြောပြီး၊ လူ့ဇာတိဖြင့် အမှုအားလုံးကို ပြုလေသည်။ ဘုရားသခင်အနေဖြင့် နောက်ဆုံးအကြိမ် လူ့ဇာတိခံယူချိန်တွင်၊ နောက်ဆုံးသောကာလနှင့်ဆိုင်သည့် သူ၏အမှုသည် လူ့ဇာတိဖြင့် အဆုံးသတ်လိမ့်မည်။ သူသည် လူသားအားလုံးကို အမျိုးအစားအလိုက် ခွဲခြားလိမ့်မည် ဖြစ်သည်၊ သူ၏စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး၊ လူ့ဇာတိ၌ရှိသည့် သူ၏အမှုအားလုံးကိုလည်း အဆုံးသတ်လိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအားလုံး အဆုံးသို့ ရောက်သည့်နောက်တွင်၊ သူသည် လုံးဝ အောင်နိုင်လိမ့်မည်။ လူ့ဇာတိ၌ အမှုပြုခြင်းဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ သိမ်းပိုက်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်ကို အပြည့်အဝ ရယူပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး အဆုံးသို့ ရောက်လာပြီးဖြစ်မည်ကို ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏အမှုကို အဆုံးသတ်သောအခါ၊ စာတန်ကို သူ အပြည့်အဝ အနိုင်ယူကာ အောင်နိုင်ပြီးဖြစ်သည်နှင့်အမျှ၊ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေဖို့ နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်း အမှုသည် လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်း ဖြစ်သည်။ ယခုတွင် ယင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် အပြည့်အဝ ရယူခြင်းနှင့်ဆိုင်သည့် အမှုဖြစ်ပေသည်၊ သို့မှသာ စာတန်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် မည်သည့် နည်းလမ်းမျှ ရှိတော့မည် မဟုတ်သကဲ့သို့ လုံးဝရှုံးနိမ့်ကာ ဘုရားသခင်သည် အပြည့်အဝ အောင်နိုင်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လူ့ဇာတိ၏အမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သောအမှု ဖြစ်သည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ကနဦးအမှုကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ပြီး လူ့ဇာတိက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော် ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ဆုံးအမှုကို လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ပြီး ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ အလယ်အဆင့်၏ ရွေးနုတ်ခြင်း အမှုကိုလည်း လူ့ဇာတိ၌ရှိသည့် ဘုရားသခင်က လုပ်ဆောင်ခဲ့သည်။ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝ သိမ်းပိုက်ခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းနှင့် လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ ပုံမှန်အသက်တာကို ရရှိခွင့်ပေးခြင်း ဖြစ်သည်။ ဤအမှုသည် အရေးပါလှပြီး၊ စီမံခန့်ခွဲခြင်း အမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်တွင် ပညတ်တော်ခေတ်၏ အမှုနှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ဗဟိုချက်နှင့် အလှမ်းကွာဝေး၏။ ယင်းသည် ကယ်တင်ခြင်းအမှု၏ အသွင်သဏ္ဌာန် အနည်းငယ်သာ ရှိပြီး စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှု အစမဟုတ်ပေ။ ပညတ်တော်အောက်တွင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ သိရှိကြပြီး သာ၍ များသော သမ္မာတရား မရှိခဲ့ကြသောကြောင့်၊ ပြီးလျှင် ပညတ်တော်ခေတ်ထဲက အမှုသည် စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်ပုံနှင့် သက်ဆိုင်သည့် အမှုနှင့်ပတ်သက်ရန် မဆိုထားနှင့်၊ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများ ပါဝင်မှု မရှိသလောက် ဖြစ်သောကြောင့်၊ အမှု၏ ပထမအဆင့်ကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့သည်။ ထိုသို့ဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန့်အလွန် ရိုးရှင်းသည့် ဤအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲခြင်း ဗဟိုချက်နှင့် ပတ်သက်မှု နည်းပါးပြီး၊ လူသား၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် တရားဝင်အမှုနှင့် ကြီးမားသော ဆက်စပ်မှု မရှိပေ၊ ထို့ကြောင့် ဘုရားသခင်အနေဖြင့် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လူ့ဇာတိခံယူဖို့ မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်က လုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ပြီး၊ နားလည်၍ မရနိုင်သကဲ့သို့၊ ယင်းသည် လူသားအဖို့ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းပြီး ချဉ်းကပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ခြင်းနှင့် မသင့်တော်သကဲ့သို့၊ လူသားထံ အသက်ကို တိုက်ရိုက် ထောက်ပံ့ပေးရန် မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် ချဉ်းကပ်နည်း တစ်ခုအဖြစ်သို့ အသွင်ပြောင်းရန် ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် ရိုးရိုး ပုံမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ပေတည်း။ ဤအရာက သူ၏ အမှုတွင် ဝိညာဉ်တော်၏နေရာကို ယူရန် ဘုရားသခင်သည် လူ့ဇာတိခံဖို့ လိုအပ်ပြီး၊ လူသားအတွက် ဘုရားသခင်အနေဖြင့် အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်း မရှိတော့ပေ။ အမှု၏ ဤအဆင့်သုံးဆင့်ထဲတွင် အဆင့်နှစ်ဆင့်ကို လူ့ဇာတိက လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူခြင်း နှစ်ခုသည် နှစ်ဦးနှစ်ဖက် လိုက်ဖက်ညီကာ နှစ်ဦးနှစ်ဖက် လုံးဝ ပြည့်စုံစေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ပထမအဆင့်သည် ဒုတိယ အဆင့်အတွက် အခြေခံအုတ်မြစ်ကို ခင်းပေးပြီး၊ ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုသည် တစ်လုံးတစ်ဝတည်း ဖြစ်ကာ၊ အချင်းချင်း သဟဇာတမဖြစ်ခြင်းမရှိဟု ဆိုနိုင်သည်။ ဘုရားသခင့် အမှု၏ ဤအဆင့် နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန် အရေးကြီးသောကြောင့်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုနှင့်ဆိုင်သည့် အမှုမရှိဘဲနှင့်၊ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးသည် ရပ်တန့်သွားမည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် အနှစ်မဲ့သည့် စကားသာ ဖြစ်သွားမည်ဟု ပြော၍ရလုနီးနီး ဖြစ်သည်။ ဤအမှု အရေးကြီးသည် မကြီးသည်ဆိုသည်မှာ လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ်၊ လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားနှင့် စာတန်၏ မနာခံမှုနှင့် အမှုကို ၎င်း၏ နှောင့်ယှက်မှု ပြင်းထန်ခြင်းတို့အပေါ် အခြေခံသည်။ ဤအမှုကို လုပ်ဆောင်ဖို့လိုလားသည့် သင့်တော်သောသူကို အလုပ်လုပ်သူအားဖြင့် ထမ်းဆောင်သည့် အမှု၏သဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် ကြိုတင်ခန့်မှန်းရပေသည်။ ဤအမှု၏ အရေးကြီးမှုနှင့် ပတ်သက်လာသည့်အခါ- ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူသားမှတစ်ဆင့် လုပ်ဆောင်သောအမှု- အမှုနှင့်ဆိုင်သည့် ခံယူရမည့် နည်းစနစ်အရ၊ ပထမဆုံး ဖယ်ရှားရမည်မှာ လူသားမှတစ်ဆင့် လုပ်ဆောင်သော အမှုဖြစ်ပြီး၊ အမှု၏သဘာဝ၊ ဝိညာဉ်တော်အမှုနှင့် လူ့ဇာတိ၏ အမှု၏ သဘာဝတို့အပေါ် အခြေခံ၍၊ လူသားအတွက် လူ့ဇာတိဖြင့် လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်သော အမှုထက် ပို၍ အကျိုးရှိပြီး၊ သာ၍ အကျိုးကျေးဇူးများ ပေးသည်ကို နောက်ဆုံးတွင် ဆုံးဖြတ်လေသည်။ ဤသည်မှာ အမှုကို ဝိညာဉ်တော်ဖြင့် လုပ်ဆောင်မည်၊ သို့မဟုတ် လူ့ဇာတိဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန် ထိုအချိန်က ဘုရားသခင်၏အကြံအစည် ဖြစ်သည်။ အမှု၏အဆင့် အသီးသီးအဖို့ အရေးပါမှုနှင့် အခြေခံတို့ရှိသည်။ ယင်းတို့သည် အခြေအမြစ် မရှိသော စိတ်ကူးစိတ်သန်းများ မဟုတ်သကဲ့သို့၊ ထင်ရာမြင်ရာ ဆောင်ရွက်ခြင်း မဟုတ်ပေ။ ယင်းတို့အဖို့ တိကျသေချာသော ဉာဏ်ပညာတစ်ခု ရှိပေသည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံး နောက်ကွယ်မှ အမှန်တရား ဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံ ဘုရားသခင်က လူသားအလယ် ကိုယ်တိုင်ကိုယ်ကျ အမှုပြုခြင်းကဲ့သို့သော ကြီးမားသည့် အမှုတစ်ခုတွင် ဘုရားသခင်၏ အစီအစဉ် သာ၍ပင် ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် သူ၏ အမှုထဲက လုပ်ရပ်တိုင်း၊ အကြံအစည်တိုင်းနှင့် စိတ်ကူးတိုင်းတို့တွင် ထင်ဟပ်သည်။ ဤသည်မှာ သာ၍ ခိုင်လုံပြီး စနစ်ကျသော ဘုရားသခင်၏ ဖြစ်တည်ခြင်း ဖြစ်သည်။ ဤသိမ်မွေ့သော အကြံအစည်များနှင့် စိတ်ကူးများသည် လူသားအတွက် စိတ်ကူးရန် ခက်ခဲပြီး၊ ယုံကြည်ရန် ခက်ခဲကာ၊ ထို့အပြင် လူသားအတွက် သိရှိရန် ခက်ခဲပေသည်။ လူသားက လုပ်ဆောင်သောအမှုသည် လူသားအတွက် အလွန် စိတ်ကျေနပ်ဖွယ် ဖြစ်သော ယေဘုယျ အခြေခံသဘောတရားအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်ပါက၊ အလွန် ကြီးမားသော ကွာဟချက်တစ်ခု တကယ်ကို ရှိပေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်ပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာတစ်ခု ရှိသော်လည်း၊ ယင်းတို့နောက်ကွယ်တွင် လူသားအဖို့ မတွေးတတ်သည့် သေးငယ်ပြီး တိကျသော စီမံချက်များနှင့် အစီအစဉ်များစွာ ရှိလေသည်။ သူ၏အမှု အဆင့်တိုင်းကို အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်သာမက၊ အဆင့်အသီးသီးသည် လူ့ဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်း ပြောဆို၍ မရနိုင်သည့်အရာများစွာ ပါဝင်ကာ၊ ဤသည်တို့မှာ လူသားဖို့ မြင်၍မရနိုင်သည့် အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှု ဖြစ်စေ၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏အမှု ဖြစ်စေ အသီးသီးသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အစီအစဉ်များ ပါရှိသည်။ ဘုရားသခင်သည် အခြေအမြစ် မရှိဘဲ အမှုမပြုသကဲ့သို့၊ အရေးမပါသော အမှုကို မလုပ်ဆောင်ပေ။ ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်သောအခါတွင်၊ ယင်းသည် သူ၏ပန်းတိုင်များဖြင့် ဖြစ်ပြီး၊ အမှုပြုရန် သူလူ့ဇာတိခံယူချိန်တွင် (ဆိုလိုသည်မှာ သူ၏ပြင်ပအကာကို အသွင်ပြောင်းချိန်တွင်)၊ ယင်းသည် သာ၍ပင် သူ၏ ရည်ရွယ်ချက်များဖြင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် သူ၏ ပင်ကိုလက္ခဏာကို အဘယ်ကြောင့်များ လိုလိုလားလား ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက အဘယ်ကြောင့်များ သူသည် နိမ့်ကျသကဲ့သို့ မှတ်ယူခံရပြီး နှိပ်စက်ညှဉ်းပန်းခံရသည့် လူတစ်ယောက် ဖြစ်လာမည်နည်း။

အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက လူ့ဇာတိထဲရှိ ဘုရားသခင်၏ အမှုသည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးသူမှာ လူ့ဇာတိခံ ဘုရားသခင် ဖြစ်ကာ ဝိညာဉ်တော် မဟုတ်ပေ။ ဘုရားသခင်သည် မသိလိုက်သည့်အချိန်အချို့တွင် ကမ္ဘာမြေပေါ်သို့ ကြွကောင်းကြွလာနိုင်ပြီး လူသားထံ ပေါ်ထွန်းကာ၊ ပြီးနောက် မည်သူ့ကိုမျှ အလွတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တရားစီရင်မည်ဟု အချို့က ယုံကြည်ကြသည်။ ဤနည်းဖြင့် တွေးထင်သူတို့သည် လူ့ဇာတိခံယူခြင်း အမှု၏ ဤအဆင့်ကို မသိကြပေ။ ဘုရားသခင်သည် လူကို တစ်ယောက်ပြီး တစ်ယောက် တရားမစီရင်သကဲ့သို့၊ တစ်ယောက်ပြီး တစ်ယောက် မစစ်ဆေးပေ။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အနှစ်သာရသည် အတူတူ ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်း ခံရသည်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အသေးအဖွဲဖြစ်ပြီး အရေးမပါသော အမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုသောအရာဖြစ်ပြီး၊ အထူးသဖြင့် လူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထို့ထက် ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်ဆိုင်သည့် တရားစီရင်ခြင်းကို ကိုယ်စားပြုရန်အလို့ငှာ လူတစ်စုက တရားစီရင်ခြင်း ခံရသည့် အမှုဖြစ်သည်။ လူတစ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိဖြင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ ထို့နောက်တွင် ယင်းသည် တဖြည်းဖြည်း ပျံ့နှံ့လေသည်။ ဤသည်မှာ တရားစီရင်ခြင်းအမှု ပြုသည့်ပုံလည်း ဖြစ်သည်။ ဘုရားသခင်သည် လူတစ်မျိုး၊ သို့မဟုတ် လူတစ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ မဖြောင့်မတ်ခြင်း- ဥပမာအားဖြင့် ဘုရားသခင်ကို လူသား၏ဆန့်ကျင်မှု၊ သို့မဟုတ် လူသား၏ ဘုရားသခင်အပေါ် မကြောက်ရွံ့မှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို လူသား၏ နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားက မျက်မြင်တွေ့ကြုံရသည့် လူ့ဇာတိခံ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ အတိတ်ကာလများအတောအတွင်း စိတ်ကူးပေါက်ခဲ့သော နောက်ဆုံးသောကာလ အတောအတွင်း ပလ္လင်ဖြူကြီးရှေ့က တရားစီရင်ခြင်း အမှုဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လတ်တလော လုပ်ဆောင်လျက်ရှိသော အမှုသည် ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း အတိအကျဖြစ်သည်။ မျက်မှောက်ခေတ် လူ့ဇာတိခံ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင် ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ သူ၏ နှုတ်ကပတ်တော်နှင့် သူ၏ စိတ်သဘောထား တစ်ခုလုံးတို့သည် ဘုရားသခင်၏ အလုံးစုံ ဖြစ်သည်။ သူ့အမှု၏ နယ်ပယ်သည် ကန့်သတ်ချက် ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက် ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်း ဖြစ်သည်- တရုတ်နိုင်ငံမှ ရွေးချယ်ခံရသော လူတို့အတွက်သာ မဟုတ်သကဲ့သို့၊ လူအရေအတွက် အနည်းငယ်အတွက်လည်း မဟုတ်ပေ။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုအတောတွင်းတွင်၊ ဤအမှု၏နယ်ပယ်သည် စကြဝဠာ တစ်ခွင်လုံး မပါဝင်သော်လည်း၊ စကြဝဠာတစ်ခွင်လုံး၏အမှုကို ကိုယ်စားပြုပြီး၊ သူ၏ ဇာတိခန္ဓာနှင့်ဆိုင်သည့် အမှု နယ်ပယ်အတွင်းရှိ အမှုကို သူ အဆုံးသတ်ပြီးသည့်နောက်တွင် ယေရှု၏ ဧဝံဂေလိတရားသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွခြင်းနောက်တွင် စကြဝဠာအနှံ့ ပျံ့နှံ့သွားသည့်နည်းတူ သူသည် ဤအမှုကို စကြဝဠာတစ်ခွင်လုံးသို့ ချက်ချင်း တိုးချဲ့လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ လူ့ဇာတိ၏အမှု ဖြစ်စေ၊ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်း ဆောင်ရွက်သော အမှု ဖြစ်သည်၊ သို့သော် ယင်းအမှုသည် စကြဝဠာတစ်ခွင်လုံး၏အမှုကို ကိုယ်စားပြုပေသည်။ နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ပေါ်ထွန်းခြင်းအားဖြင့် သူ၏အမှုကို ဆောင်ရွက်ပြီး၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားကို တရားစီရင်သည့် ဘုရားသခင် ဖြစ်သည်။ သူသည် ဝိညာဉ်တော်ဖြစ်စေ၊ လူ့ဇာတိ ဖြစ်စေ၊ တရားစီရင်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလအတွင်း လူသားမျိုးနွယ်ကို တရားစီရင်သည့် ဘုရားသခင် ဖြစ်သည်။ ဤအရာကို သူ၏အမှုအပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်ပြီး၊ သူ၏ အပြင်ပန်းသဏ္ဌာန်၊ သို့မဟုတ် အခြားသော အကြောင်းခံအချို့နှင့်အညီ သတ်မှတ်ထားခြင်း မဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အယူအဆများ သိုထားသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့် သိမ်းပိုက်ခြင်း အမှန်တရားကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းနှင့်သက်ဆိုင်၍ လူသားက မည်သို့ တွေးထင်သည်ဖြစ်စေ၊ အမှန်တရားများသည် နောက်ဆုံး၌ အမှန်တရားများသာ ဖြစ်သည်။ မည်သူကမျှ၊ “အမှုကို ဘုရားသခင်က လုပ်ဆောင်သော်လည်း လူ့ဇာတိသည် ဘုရားသခင်မဟုတ်။” ဟု မပြောနိုင်ပေ။ ဤအမှုကို လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်မှလွဲ၍ မည်သူမျှ မလုပ်ဆောင်နိုင်သည့်အတွက်၊ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ ဤအမှုသည် ပြီးစီးနှင့်ပြီးဖြစ်သည့်အတွက်၊ ဤအမှုနောက်တွင် ဘုရားသခင်၏ လူသားကို တရားစီရင်ခြင်း အမှုသည် ဒုတိယအကြိမ် ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။ သူ၏ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲခြင်း အမှု အားလုံးကို အဆုံးသတ်နှင့်ပြီးဖြစ်ကာ၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် စတုတ္ထအဆင့် ရှိလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကို ခံရသူမှာ လူသား၊ ဇာတိခန္ဓာရှိပြီး၊ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော လူသားဖြစ်ကာ၊ တိုက်ရိုက် တရားစီရင်ခြင်းခံရသည့်သူမှာ စာတန်၏ ဝိညာဉ် မဟုတ်သောကြောင့်၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည် မဟုတ်ဘဲ၊ လူသားအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်း ခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားများမှတစ်ဆင့်သာ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်၊ လူသည် ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်း အတောအတွင်းတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံခြင်း အတောအတွင်းတွင် အသက်အထောက်အပံ့ကို ဘုရားသခင်ထံမှ လူသားက ရရှိပေသည်။ ဤအမှုအားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်အဖြစ် သူ၏ပင်ကိုလက္ခဏာ၌ ရှိသည့် ဘုရားသခင်၏ အမှု မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံးအမှုနှင့် အနက်နဲဆုံးသော အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်ထဲမှ အရေးပါလှသော အပိုင်းများမှာ လူ့ဇာတိခံယူခြင်း အမှု၏ အဆင့်နှစ်ဆင့် ဖြစ်သည်။ လူသား၏ နက်နဲသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုအဖို့ ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလ၏ လူတို့အပေါ် ဆောင်ရွက်သည့် အမှုသည် အလွန်တရာ ခက်ခဲပြီး၊ ပတ်ဝန်းကျင်သည် ရန်လိုကာ လူတစ်မျိုးစီတိုင်း၏ အရည်အချင်းသည်လည်း အတော်အတန် ညံ့ဖျင်းလေသည်။ သို့ရာတွင် ဤအမှု၏အဆုံးတွင်၊ အပြစ်အနာအဆာများ မရှိဘဲ မှန်ကန်သည့် အကျိုးတရားကို ရရှိလိမ့်ဦးမည် ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိ အမှု၏ အကျိုးတရား ဖြစ်ပြီး၊ ဤအကျိုးတရားသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားထက် သာ၍ ဆွဲဆောင်နိုင်‌ပေသည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်တို့ကို လူ့ဇာတိ၌ အဆုံးသတ်မည် ဖြစ်ပြီး၊ ယင်းတို့ကို လူ့ဇာတိခံ ဘုရားသခင်က နိဂုံးချုပ်ရမည် ဖြစ်သည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို လူ့ဇာတိဖြင့် လုပ်ဆောင်ပြီး၊ လူသား၏ ကယ်တင်ခြင်းကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည် ဖြစ်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားနှင့် ဆက်နွှယ်မှု မရှိပုံပေါ်သည်ဟု လူသားမျိုးနွယ် တစ်ရပ်လုံးက ခံစားကြရသော်လည်း၊ အမှန်တွင် ဤလူ့ဇာတိသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

ဘုရားသခင့်အမှု၏ အဆင့်တိုင်းကို လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အကောင်အထည် ဖော်ထားခြင်း ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရည်ရွယ်ထားပေသည်။ ယင်းသည် လူ့ဇာတိ၌ သူ၏အမှုဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဦးတည်ထားဆဲ ဖြစ်သည်။ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ ဘုရားသခင်ဖြစ်ပြီး ဖန်ဆင်းထားသော အရာများနှင့် မဖန်ဆင်းထားသောအရာများ အားလုံး၏ ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိ၌ သူ၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွင်းတွင်ရှိပြီး၊ ဤအမှု၏ ရည်မှန်းချက်သည်လည်း ကန့်သတ်မှု ရှိသော်ငြားလည်း၊ သူ၏အမှုကို လုပ်ဆောင်ရန် သူ လူ့ဇာတိခံယူသည့် အချိန်တိုင်းတွင် သူသည် အလွန့်အလွန် ကိုယ်စားပြုသော သူ့အမှု၏ ရည်မှန်းချက်တစ်ခုကို ရွေးချယ်သည်။ အမှုပြုရန် သူသည် ရိုးရှင်းပြီး၊ မထူးခြားသော လူတစ်စုကို မရွေးချယ်ဘဲ၊ ထို့အစား လူ့ဇာတိ၌ သူ၏ အမှုအတွက် ကိုယ်စားလှယ်များ ဖြစ်နိုင်စွမ်း ရှိသည့် လူတစ်စုကို သူ၏ အမှုနှင့်ဆိုင်သည့် ရည်မှန်းချက်အဖြစ် ရွေးချယ်လေသည်။ ဤလူစုကို ရွေးချယ်ရသည်မှာ လူ့ဇာတိ၌ သူ့အမှု၏ နယ်ပယ်သည် အကန့်အသတ် ရှိသောကြောင့် ဖြစ်ပြီး၊ အထူးသဖြင့် သူ၏ လူ့ဇာတိခံ ခန္ဓာအတွက် ပြင်ဆင်ထားခြင်းဖြစ်ကာ လူ့ဇာတိ၌ သူ၏အမှုအတွက် အထူး ရွေးချယ်ထားခြင်း ဖြစ်သည်။ သူ၏အမှုနှင့်ဆိုင်သည့် အပြုခံအရာများကို ဘုရားသခင်၏ ရွေးချယ်ခြင်းသည် အခြေအမြစ် မရှိသည် မဟုတ်ဘဲ၊ အခြေခံသဘောတရားအတိုင်း ပြုခြင်း ဖြစ်သည်။ အမှု၏ ရည်မှန်းချက်သည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏အမှုကို အကျိုးပြုရမည် ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဂျူးလူမျိုးများသည် ယေရှု၏ကိုယ်တိုင် ရွေးနုတ်ခြင်းကို လက်ခံရာတွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်ခဲ့ကြပြီး၊ တရုတ်လူမျိုးများသည် လူ့ဇာတိခံ ဘုရားသခင်၏ ကိုယ်တိုင် သိမ်းပိုက်ခြင်းကို လက်ခံရာတွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်ကြလေသည်။ ဂျူး လူမျိုးများ၏ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်စားပြုခြင်းအဖို့ အခြေခံအကြောင်းရင်း ရှိသကဲ့သို့၊ ဘုရားသခင်၏ ကိုယ်တိုင် သိမ်းပိုက်ခြင်းကို လက်ခံရာတွင် တရုတ်လူမျိုးများ၏ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်စားပြုခြင်းအဖို့လည်း အခြေခံအကြောင်းရင်းတစ်ခု ရှိပေသည်။ ဂျူးလူမျိုးများအလယ် လုပ်ဆောင်ခဲ့သော ရွေးနုတ်ခြင်း အမှုထက် ရွေးနုတ်ခြင်း၏ အရေးပါမှုကို မည်သည့်အရာကမျှ သာ၍ ထုတ်ဖော်မပြသကဲ့သို့၊ တရုတ်လူမျိုးများအလယ် လုပ်ဆောင်လျက် ရှိသည့် သိမ်းပိုက်ခြင်းအမှုထက် သိမ်းပိုက်ခြင်းအမှု၏ စေ့စပ်သေချာမှုနှင့် အောင်မြင်မှုတို့ကို မည်သည့်အရာကမျှ သာ၍ ထုတ်ဖော်မပြပေ။ လူ့ဇာတိခံ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်တို့သည် လူနည်းစု တစ်စုကိုသာ ရည်ညွှန်းသည့် ပုံပေါက်သော်လည်း၊ အမှန်တွင် ဤလူနည်းစုအလယ် သူ၏အမှုသည် စကြဝဠာတစ်ခွင်လုံး၏ အမှုဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရည်ရွယ်ထားပေသည်။ လူ့ဇာတိ၌ သူ၏အမှု အဆုံးသတ်သို့ ရောက်ရှိချိန်တွင်၊ သူ့နောက်သို့လိုက်သောသူများသည် ၎င်းတို့အလယ် သူ လုပ်ဆောင်ခဲ့သော အမှုကို စတင်ဖြန့်ဝေလိမ့်မည်။ လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ နောက်ပိုင်းတွင် သူ၏ နောက်လိုက်များသည် လူ့ဇာတိ၌ သူ၏ အမှုအားလုံးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သူ၏ အလိုကို ဤလမ်းခရီးအား လက်ခံသောသူတို့ထံ သာ၍ တိကျမှန်ကန်စွာနှင့် သာ၍ ခိုင်မာစွာ လက်ဆင့်ကမ်းနိုင်ကြဖို့အလို့ငှာ၊ သူသည် တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အတွက် သူ၏ အလိုတို့ကို သူ၏နောက်လိုက်သူများထံ ချန်ထားနိုင်ခြင်း ဖြစ်သည်။ လူ၏အလယ် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏အမှုသည်သာ ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွ နေထိုင်ခြင်းတို့နှင့်ဆိုင်သည့် အမှန်တရားကို အမှန်တကယ် ပြီးမြောက်လေသည်။ ဤအမှုသည်သာ ဘုရားသခင်၏ မျက်နှာကို ရှုမြင်ရန်၊ ဘုရားသခင်၏ အမှုကို မျက်မြင်တွေ့ကြုံရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ယေဟောဝါ၏ ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းပြီး၊ မရေရာသော ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သာ၍စစ်မှန်၊ သာ၍လက်တွေ့ကျသကဲ့သို့၊ သာ၍ နှစ်သက်ဖွယ်ကောင်းသော ခေတ်တစ်ခေတ်ထဲသို့ ဆောင်ကြဉ်းလေသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်သည်သာမက၊ သာ၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ထံ စစ်မှန်ပြီး ပုံမှန်ဖြစ်သည့်၊ ဖြောင့်မတ်ပြီး သန့်ရှင်းသည့်၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သည့် အမှုကို ဖော်ထုတ်ပြီး လူသားမျိုးနွယ်၏ နက်နဲမှုများနှင့် ခရီးပန်းတိုင်တို့ကို ပြသသည့်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းသကဲ့သို့၊ နှစ်ထောင်ပေါင်းများစွာ ကွယ်ဝှက်လျက် ရှိလေပြီးသည့် ဘုရားသခင် တစ်ပါးကို ထုတ်ဖော်ပြလေသည်။ မရေရာခြင်း၏ ခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်၏ မျက်နှာကို ရှာဖွေလိုသော်လည်း၊ မရှာဖွေနိုင်ခဲ့သည့်ခေတ်ကို နိဂုံးချုပ်သည်၊ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးက စာတန်ကို အစေခံသည့်ခေတ်ကို အဆုံးသတ်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ တစ်လျှောက်လုံး ဦးဆောင်လေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်စား လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်၏အမှု ရလဒ် ဖြစ်သည်။ ဘုရားသခင်သည် သူ၏လူ့ဇာတိ၌ အမှုပြုချိန်တွင်၊ သူ၏နောက်လိုက်များသည် ရှိပုံပေါ်သလို မရှိပုံလည်း ပေါ်သည့် ထိုအရာများနောက်သို့ မရှာဖွေတော့သကဲ့သို့ စမ်းတဝါးဝါး မသွားလာကြတော့ပေ၊ ပြီးလျှင် ၎င်းတို့သည် မရေရာသော ဘုရားသခင်၏ အလိုကို ခန့်မှန်းခြင်းအား ရပ်တန့်လိုက်ကြသည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် သူ၏အမှုကို ဖြန့်ဝေသောအခါတွင်၊ သူ့နောက်သို့ လိုက်သူများသည် လူ့ဇာတိဖြင့် သူလုပ်ဆောင်ပြီးသော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများ အားလုံးထံသို့ လက်ဆင့်ကမ်းကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ နားများဆီသို့ သူ၏ နှုတ်ကပတ်တော် အားလုံးကို ဆက်သွယ်ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို ရရှိသောသူတို့ ကြားနာခဲ့သည့် အရာအားလုံးသည် သူ့အမှု၏ အမှန်တရားများ ဖြစ်လိမ့်မည်၊ လူသားက ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကာ ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အမှန်တရားများ ဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ ယင်းတို့သည် သူ၏အမှုကို ဖြန့်ဝေရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များ မတည်ရှိဘဲနှင့်၊ သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးအနှံ့ ပျံ့နှံ့မည် မဟုတ်ပေ။ အမှန်တရားများ မရှိဘဲ လူသား၏ စိတ်ကူးစိတ်သန်းများသာ ရှိပါက၊ သူသည် စကြဝဠာတစ်ခွင်လုံးကို သိမ်းပိုက်ခြင်းအမှုအား မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားအဖို့ ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်၍ မရနိုင်သကဲ့သို့၊ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သက်သေအထောက်အထား သို့မဟုတ် အချက်အလက်များကို ချန်ထားနိုင်စွမ်း မရှိပေ။ လူသားသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်ပေ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲ ယုံကြည်ရပေမည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ အဆုံးတွင်တော့ လူသား၏ စိတ်ကူးစိတ်သန်းများသည် အနှစ်မဲ့ကာ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တိုင်၏ အမှုကို လူသားက တူအောင်တု၍ မရနိုင်ပေ။ ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်နှင့် သူ၏ အမှုကို လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သည့် လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ ကမ္ဘာမြေပေါ်သို့ ဆောင်ကြဉ်းနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က လူသားတို့ထံ ပေါ်ထွန်းရန်အတွက်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ကာ၊ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပြီး၊ ယင်းကို လူ့ဇာတိခံ မဟုတ်သည့် ဘုရားသခင်တစ်ပါးက စွမ်းဆောင် မရရှိနိုင်ပေ။ ဤအဆင့်အထိ သူ၏အမှုကို ဆောင်ရွက်ခြင်းဖြင့်၊ ဘုရားသခင်၏အမှုသည် အသင့်ဆုံးဖြစ်သော အကျိုးတရားကို ရရှိနှင့်ပြီးဖြစ်ကာ၊ လုံးဝ အောင်မြင်မှုတစ်ခု ဖြစ်ပြီးဖြစ်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ ကိုယ်တိုင် အမှုသည် သူ၏အလုံးစုံသော စီမံခန့်ခွဲခြင်း အမှု၏ ကိုးဆယ်ရာခိုင်နှုန်းကို ပြည့်စုံစေနှင့်ပြီးဖြစ်သည်။ ဤလူ့ဇာတိသည် သူ၏အမှုအားလုံးအဖို့ သာ၍ကောင်းသော အစပြုခြင်းတစ်ခုနှင့် သူ၏အမှုအားလုံးအတွက် အနှစ်ချုပ်တစ်ခုကို ပေးပြီးဖြစ်ကာ၊ သူ၏အမှုအားလုံးကို ထုတ်ပြန် ကြေညာပြီးဖြစ်သကဲ့သို့၊ ဤအမှုအားလုံးအဖို့ နောက်ဆုံး မခြွင်းမချန် အားဖြည့်မှုကို ပြုလုပ်ပြီးဖြစ်သည်။ ဤချိန်မှစ၍နောင်တွင်၊ ဘုရားသခင့် အမှု၏ စတုတ္ထအဆင့်ကို လုပ်ဆောင်ရန် နောက်ထပ် လူ့ဇာတိခံ ဘုရားသခင်ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ တတိယ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် မည်သည့် အံ့ဖွယ်ရာအမှုမျှလည်း လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။

လူ့ဇာတိခံ ဘုရားသခင်၏ အမှုအဆင့် အသီးသီးသည် ခေတ်တစ်ခုလုံးနှင့်ဆိုင်သည့် သူ၏ အမှုကို ကိုယ်စားပြုပြီး၊ လူသား၏ အလုပ်ကဲ့သို့ ကာလတစ်ခုခုကို ကိုယ်စားမပြုပေ။ ထို့ကြောင့် လူ့ဇာတိ၌ သူ၏ အမှုသည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုပြီး၊ လူ့ဇာတိ၌ သူ၏ အမှုကို သူ လုပ်ဆောင်သည့် ကာလကိုသာ ကိုယ်စားမပြုသည့်အတွက်၊ ဘုရားသခင်၏ နောက်ဆုံး လူ့ဇာတိခံယူခြင်းအမှု၏ အဆုံးသတ်သည် သူ့အမှုက လုံးဝအဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ယင်းမှာ ဘုရားသခင်သည် လူ့ဇာတိ၌ ရှိနေသည့် အချိန်အတောအတွင်းတွင် ခေတ်တစ်ခေတ်လုံးနှင့်ဆိုင်သည့် သူ၏အမှုကို ပြီးစီးခြင်းသာ ဖြစ်ပေသည်၊ ယင်းနောက်တွင် ထိုအမှုသည် နေရာအားလုံးသို့ ပျံ့နှံ့ သွားသည်။ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏အမှုတော်ကို ဖြည့်ဆည်းသည့်နောက်တွင်၊ သူ၏ အနာဂတ် အမှုကို သူ့နောက်လိုက်သည့်သူများထံသို့ အပ်နှံလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် ခေတ်တစ်ခေတ်လုံးနှင့်ဆိုင်သည့် သူ၏အမှုကို ပျက်စီးခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်လိမ့်မည်။ လူ့ဇာတိခံယူခြင်း၏ ခေတ်တစ်ခေတ်လုံးနှင့်ဆိုင်သည့် အမှုသည် စကြဝဠာတစ်ခွင်လုံးသို့ ပျံ့နှံ့ပြီးသည်နှင့်တစ်ပြိုင်နက်မှသာ ပြီးစီးပြီဟု မှတ်ယူခံရပေမည်။ လူ့ဇာတိခံ ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို အစပြုပြီး၊ သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင် ရှိပြီး၊ ဤနယ်ပယ်ကို လွန်၍ သွားနိုင်စွမ်း မရှိပေ။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့ပါက၊ လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်မည် မဟုတ်ပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူ့အနေဖြင့် လုပ်ဖို့ ဖြစ်နိုင်သည့် သူ့တာဝန်၏ အတိုင်းအတာအတွင်းမျှသာ ရှိပြီး၊ ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံ ဘုရားသခင်သာ ကြွကာ သူလုပ်သင့်သောအမှုကို ပြီးစီးနိုင်ပြီး၊ သူ့အပြင် သူ့ကိုယ်စား မည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ ဟုတ်ပေ၏၊ ငါပြောသော အရာသည် လူ့ဇာတိခံယူခြင်း အမှုနှင့် စပ်လျဉ်း၍ ဖြစ်သည်။ ဤလူ့ဇာတိခံ ဘုရားသခင်သည် ပထမဦးစွာ လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အမှု၏ အဆင့်တစ်ခုကို လုပ်ဆောင်သည်၊ ယင်းနောက်တွင် လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် နောက်ထပ် အမှုကို လုပ်ဆောင်လေသည်။ အမှု၏ ရည်မှန်းချက်မှာ လူသားကို သိမ်းပိုက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏အယူအဆများနှင့် မကိုက်ညီပေ၊ ထို့အပြင် သူသည် လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် ပို၍များသောအမှုကို လုပ်ဆောင်ပြီး၊ ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့်ပတ်သက်သည့် ပို၍ပင် ဆန်းစစ်ဝေဖန်သည့် အမြင်များ ထွက်ပေါ်ကြလေသည်။ ဘုရားသခင်သည် သူနှင့်ပတ်သက်သော အယူအဆများ အသင်္ချေရှိသည့် လူသားအလယ်တွင် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ၎င်းတို့က သူ့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သူ၏အမှုတော်ကို သူ ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ လူအားလုံးသည် သူ၏ အုပ်စိုးမှုကို ခံလာရကြပြီး ဖြစ်လိမ့်မည်။ ဤအမှု၏ အမှန်တရားသည် တရုတ်လူမျိုးများအလယ်တွင် ထင်ဟပ်သည်သာမက၊ လူသားမျိုးနွယ်တစ်ရပ်လုံး မည်သို့ သိမ်းပိုက်ခြင်းခံရမည်ကိုလည်း ကိုယ်စားပြုပေသည်။ ဤလူတို့အပေါ် စွမ်းဆောင်ရရှိသော အကျိုးတရားများသည် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် စွမ်းဆောင်ရရှိမည့် အကျိုးတရားများ၏ ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်ပြီး၊ အနာဂတ်တွင် သူပြုသည့်အမှု၏ အကျိုးတရားများသည် ဤလူတို့အပေါ်က အကျိုးတရားများထက် တိုး၍ပင် သာလွန် များပြားလိမ့်မည်။ လူ့ဇာတိ၌ ဘုရားသခင်၏အမှုသည် ကြီးစွာသော ခမ်းကြီးနားကြီးဖြစ်မှု မပါဝင်သကဲ့သို့ မထင်ပေါ်ခြင်းဖြင့် ဖုံးလွှမ်းထားသည်လည်း မဟုတ်ပေ။ ယင်းသည် စစ်မှန်ပြီး တကယ်ဖြစ်ကာ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ဖြစ်သည့် အမှု ဖြစ်သည်။ ယင်းသည် မည်သူ့ထံမျှ ကွယ်ဝှက်မထားသကဲ့သို့၊ မည်သူ့ကိုမျှလည်း လှည့်စားမထားပေ။ လူတို့တွေ့မြင်သည့်အရာသည် အမှန်တကယ် ဖြစ်ကာ စစ်မှန်သည့် အရာများဖြစ်ပြီး၊ လူသား ရရှိသောအရာမှာ စစ်မှန်သော သမ္မာတရားနှင့် အသိပညာ ဖြစ်သည်။ အလုပ်ပြီးဆုံးချိန်တွင်၊ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာအသစ် တစ်ခုကို ရရှိမည်ဖြစ်ပြီး၊ အမှန်တကယ် လိုက်စားသော သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် မည်သည့်အယူအဆချက်များမျှ ရှိတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်တစ်ရပ်လုံးကို သိမ်းပိုက်ခြင်းအမှုအဖို့ ဤလူ့ဇာတိ၊ ဤလူ့ဇာတိ၏အမှုနှင့် ဤလူ့ဇာတိ၏ အရာရာတိုင်းထက် သာ၍ အကျိုးပြုသည့်အရာ မရှိသည့်အတွက်၊ ဤသည်မှာ တရုတ်လူမျိုးတို့အပေါ် သူ့အမှု၏ အကျိုးတရားမျှသာ မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို သိမ်းပိုက်ခြင်း၌ သူ့အမှု၏ အကျိုးတရားကိုလည်း ကိုယ်စားပြုပေသည်။ ယင်းတို့သည် ယနေ့ ဘုရားသခင်၏အမှုအဖို့ အကျိုးရှိသကဲ့သို့ အနာဂတ်ရှိ သူ၏အမှုအဖို့ အကျိုးပြုပေသည်။ ဤလူ့ဇာတိသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို သိမ်းပိုက်လိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရယူလိမ့်မည်။ လူသားမျိုးနွယ်တစ်ရပ်လုံးက ယင်းမှတစ်ဆင့် ဘုရားသခင်ကို ရှုမြင်ရန်၊ နာခံရန်နှင့် သိရှိရန် သာ၍ ကောင်းသော အမှု မရှိပေ။ လူသား လုပ်ဆောင်သော အမှုသည် ကန့်သတ်နယ်ပယ်တစ်ခုကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်ချိန်တွင် သူသည် လူတစ်ဦးတစ်ယောက်ကို စကားမပြောဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် သူ၏ နှုတ်ကပတ်တော်များကို လက်ခံသောသူအားလုံးအား စကားပြောလေသည်။ သူ ကြေညာသော အဆုံးသည် လူသားမျိုးနွယ်အားလုံး၏ အဆုံးသတ် ဖြစ်သည်၊ လူသား တစ်ဦးတစ်ယောက်၏ အဆုံးသတ်သာ မဟုတ်ပေ။ ဘုရားသခင်သည် မည်သူ့ကိုမျှ အထူးဆက်ဆံခြင်းမပြုသကဲ့သို့ မည်သူကိုမျှ မတရား မဖိနှိပ်ပေ၊ ပြီးလျှင် သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အမှုပြုပြီး စကားပြောဆိုလေသည်။ သို့ဖြစ်၍ ဤလူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို အမျိုးအစားအလိုက် ခွဲခြားနှင့်ပြီး ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်နှင့်ပြီးဖြစ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သင့်လျော်သော ပန်းတိုင်တစ်ခုကို စီစဉ်ပေးပြီး ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို တရုတ်နိုင်ငံတွင်သာ လုပ်ဆောင်လင့်ကစား၊ အမှန်တွင် သူသည် စကြဝဠာတစ်ခွင်လုံး၏အမှုကို ဖြေရှင်းနှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် သူ၏ မိန့်မြွက်ချက်များနှင့် အစီအစဉ်များကို တစ်ဆင့်ချင်းစီ မပြုမီ လူသားမျိုးနွယ်တစ်ရပ်လုံးအလယ် သူ၏အမှုပျံ့နှံ့သည်အထိ မစောင့်ဆိုင်းနိုင်ပေ။ ယင်းသည် အလွန်နောက်ကျမည် မဟုတ်လော။ ယခုတွင် သူသည် အနာဂတ်အမှုကို အပြည့်အဝ ကြိုတင်ပြီးစီးနိုင်သည်။ အမှုပြုနေသူသည် လူ့ဇာတိ၌ ဘုရားသခင် ဖြစ်သောကြောင့်၊ သူသည် အကန့်အသတ်ရှိသော နယ်ပယ် တစ်ခုအတွင်းတွင် အကန့်အသတ်မဲ့သော အမှုကို လုပ်ဆောင်နေပြီး၊ ထို့နောက်တွင် လူသားက လုပ်ဆောင်သင့်သောတာဝန်ကို လူသားအား သူ ဆောင်ရွက်စေမည် ဖြစ်သည်။ ဤသည်မှာ သူ့အမှု၏ အခြေခံသဘောတရား ဖြစ်သည်။ သူသည် လူသားနှင့် အချိန်တစ်ခုကြာသာ အသက်ရှင်နိုင်ပြီး၊ ခေတ်တစ်ခုလုံး၏အမှု အဆုံးသတ်သည်အထိ လူသားကို အဖော်မပြုနိုင်ပေ။ သူသည် သူ၏အနာဂတ်အမှုကို ကြိုတင်၍ ဟောကိန်းထုတ်သည်မှာ သူသည် ဘုရားသခင်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့နောက်တွင်၊ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို သူ၏နှုတ်ကပတ်တော်များဖြင့် အမျိုးအစားအလိုက် ခွဲခြားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ သူ၏ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သည့် အမှုထဲသို့ ဝင်ရောက်ကြလိမ့်မည်။ မည်သူမျှ လွတ်မြောက်မည် မဟုတ်သကဲ့သို့၊ အားလုံးသည် ဤအရာနှင့်အညီ လက်တွေ့လုပ်ဆောင်ကြလိမ့်မည်။ ထို့ကြောင့် အနာဂတ်တွင် ခေတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းပြလိမ့်မည်ဖြစ်ပြီး၊ ဝိညာဉ်တော်က လမ်းပြလိမ့်မည် မဟုတ်ပေ။

လူ့ဇာတိ၌ ဘုရားသခင်၏အမှုကို လူ့ဇာတိ၌ လုပ်ဆောင်ရမည်။ အကယ်၍ ယင်းကို ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ခဲ့ပါက၊ မည်သည့် အကျိုးတရားများမျှ ဖြစ်ထွန်းမည်မဟုတ်။ အကယ်၍ ယင်းကို ဝိညာဉ်တော်မှ လုပ်ဆောင်ခဲ့မည်ဆိုလျှင်ပင်၊ အမှုသည် ကြီးမားသည့် အရေးပါမှု ရှိမည်မဟုတ်သကဲ့သို့၊ နောက်ဆုံးတွင် ဆွဲဆောင်မှုရှိမည် မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အမှုသည် အရေးပါမှု ရှိမရှိဆိုသည်နှင့် ယင်းက မည်သည့်အရာ ကိုယ်စားပြုသည်၊ မည်သည့်အရာအတွက် ယင်းကို လုပ်ဆောင်သည်၊ ဘုရားသခင်၏ အမှုသည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝခြင်း ရှိမရှိဆိုသည်နှင့်၊ ယင်းသည် အဆုံးစွန် တန်ဖိုးနှင့် အရေးပါမှု ရှိမရှိ ဆိုသည်တို့ကို ဖန်ဆင်းခံအားလုံးက သိရှိဖို့ ဆန္ဒရှိကြသည်။ သူပြုသော အမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကယ်တင်ခြင်းအတွက်၊ စာတန်ကို အနိုင်ယူခြင်းအတွက်နှင့် အရာခပ်သိမ်းအလယ်တွင် သူကိုယ်တိုင်အဖို့ သက်သေခံခြင်းအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့်၊ သူပြုသောအမှုသည် ကြီးစွာသော အရေးပါမှု ရှိရပေမည်။ လူသား၏ ဇာတိပကတိကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သကဲ့သို့၊ ယင်းသည် အဆုံးစွန် အလွန်အမင်း မျက်စိကန်းစေပြီးဖြစ်ကာ အကြီးအကျယ် ထိခိုက်နစ်နာစေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ ကိုယ်တိုင်ကိုယ်ကျ အမှုပြုရသည့် အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်း၏ ရည်မှန်းချက်သည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်ဖြစ်ပြီး၊ စာတန်သည်လည်း ဘုရားသခင်၏ အမှုကို နှောင့်ယှက်ဖို့ လူသား၏ ဇာတိခန္ဓာကို အသုံးပြုသောကြောင့် ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားကို သိမ်းပိုက်ခြင်း အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း၏ ရည်မှန်းချက်လည်း ဖြစ်ပေသည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် မုချ လိုအပ်ပေသည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီး၊ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာကာ၊ ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့်၊ စာတန်နှင့် တိုက်ပွဲဝင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားကာ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဝင်ရန် လူသား ဖြစ်လာရမည်ဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျခြင်း အမှု ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုပြုနေချိန်တွင်၊ သူသည် လူ့ဇာတိ၌ စာတန်နှင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ လူ့ဇာတိ၌ သူ အမှုပြုချိန်တွင်၊ သူသည် ဝိညာဉ်လောက၌ သူ၏အမှုကို လုပ်ဆောင်နေပြီး၊ ဝိညာဉ်လောကရှိ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာမြေပေါ်တွင် အမှန်ဖြစ်စေသည်။ သိမ်းပိုက်ခြင်းခံရသောသူသည် လူသား၊ သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရသူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဟုတ်ပေ၏၊ ဤသည်မှာလည်း လူသားဖြစ်၏) ဖြစ်ကာ၊ နောက်ဆုံးတွင် ကယ်တင်ခံရသည့်သူမှာလည်း လူသားဖြစ်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် စာတန်နှင့် တကယ့်တိုက်ပွဲကို တိုက်နိုင်ဖို့၊ သူ့ကို မနာခံသကဲ့သို့ သူကဲ့သို့ အပြင်ပန်းအကာကို ပိုင်ဆိုင်ထားသော လူသားအား သိမ်းပိုက်ဖို့နှင့် သူ့ကဲ့သို့ အပြင်ပန်းအကာရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံရပြီးဖြစ်သည့် လူသားကို ကယ်တင်နိုင်ရန်အလို့ငှာ၊ ဖန်ဆင်းခြင်း၏ အပြင်ပန်းအကာရှိသည့် လူသားတစ်ဦး ဖြစ်လာရန် ဘုရားသခင်အတွက် သာ၍ပင် လိုအပ်လေသည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူ၏ သိမ်းပိုက်ခြင်းခံရမည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းဖြင့် သူ၏အမှုသည် များစွာသာ၍ လွယ်ကူလာသည်။ သူသည် စာတန်ကို အနိုင်ယူနိုင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကို ကယ်တင်လည်း ကယ်တင်နိုင်သည်။ ဤလူ့ဇာတိသည် ပုံမှန်ဖြစ်ပြီး စစ်မှန်သော်လည်း၊ သူသည် အများနှင့်တူသော လူ့ဇာတိမဟုတ်ပေ။ သူသည် လူသားသာ ဖြစ်သည့် လူ့ဇာတိ မဟုတ်ဘဲ၊ လူသားနှင့် ဘုရား နှစ်ခုလုံးဖြစ်သည့် လူ့ဇာတိဖြစ်သည်။ ဤသည်မှာ သူနှင့် လူသားကြားက ကွာခြားချက်ဖြစ်ပြီး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဆိုင်သည့် အမှတ်အသား ဖြစ်သည်။ ဤသို့သော လူ့ဇာတိသာ သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို လုပ်ဆောင်နိုင်ပြီး၊ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်ကို ဖြည့်ဆည်းနိုင်ကာ၊ လူသားအလယ် သူ၏အမှုကို အပြည့်အဝ ပြီးစီးစေနိုင်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက၊ လူသားအလယ် သူ၏အမှုသည် အမြဲ အနှစ်မဲ့ပြီး အပြစ်အနာအဆာရှိမည် ဖြစ်သည်။ ဘုရားသခင်သည် စာတန်၏ဝိညာဉ်နှင့် တိုက်ပွဲဆင်နွှဲနိုင်ပြီး အောင်နိုင်မှုလျက် ပေါ်ထွက်နိုင်သော်လည်း၊ ဖောက်ပြန်ပျက်စီးသော လူသား၏ ဇာတိဟောင်းကို မည်သည့်အခါမျှ ဖြေရှင်း၍ မရနိုင်ပေ၊ ပြီးလျှင် ဘုရားသခင်ကို မနာခံသကဲ့သို့ သူ့ကို ဆန့်ကျင်သောသူများသည် ဘယ်သောအခါမျှ သူ၏ အုပ်စိုးခြင်းခံရသည့်သူများ အမှန်တကယ် ဖြစ်မလာနိုင်ပေ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ မသိမ်းပိုက်နိုင်သကဲ့သို့ လူသားမျိုးနွယ်တစ်ရပ်လုံးကို မည်သည့်အခါမျှ မရယူနိုင်ပေ။ အကယ်၍ ကမ္ဘာမြေပေါ်ရှိ သူ၏အမှုကို ဖြေရှင်း၍မရနိုင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါမျှ အဆုံးသတ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံအားလုံးနှင့်အတူ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်ပါက၊ ထိုသို့သော စီမံခန့်ခွဲခြင်း အမှုအဖို့ ရလဒ်တစ်ခု မည်သည့်အခါတွင်မျှ ရှိမည်မဟုတ်သကဲ့သို့၊ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းအသရေသည် ပျောက်ကွယ်သွားပေလိမ့်မည်။ သူ၏လူ့ဇာတိသည် သြဇာအာဏာ မရှိသော်လည်း၊ သူလုပ်ဆောင်သောအမှုသည် ယင်း၏ အကျိုးတရားများ ရရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ရှောင်လွှဲမရနိုင်သော သူ့အမှု၏ ဦးတည်ရာ ဖြစ်သည်။ သူ၏ လူ့ဇာတိက သြဇာအာဏာ ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို သူလုပ်ဆောင်နိုင်စွမ်း ရှိသရွေ့၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ဤလူ့ဇာတိသည် မည်မျှ ပုံမှန်ဖြစ်ပြီး သာမန်ဖြစ်ပါစေ၊ ဤလူ့ဇာတိသည် ဘုရားသခင် ဖြစ်ပြီး လူသားတစ်ဦးသာ မဟုတ်သည့်အတွက်၊ သူသည် သူ လုပ်ဆောင်သင့်သောအမှုကို လုပ်ဆောင်နိုင်လေသည်။ ဤလူ့ဇာတိက လူမလုပ်နိုင်သည့် အမှုကို လုပ်ဆောင်နိုင်သည့်အကြောင်းရင်းမှာ သူ၏အတွင်းပိုင်း အနှစ်သာရသည် မည်သည့်လူသားနှင့်မျှ မတူသောကြောင့် ဖြစ်ပြီး၊ လူသားကို သူကယ်တင်နိုင်သည့် အကြောင်းရင်းမှာ သူ၏ ပင်ကိုလက္ခဏာသည် မည်သည့် လူသားမဆို၏ ပင်ကိုလက္ခဏာနှင့် မတူကွဲပြားသောကြောင့် ဖြစ်သည်။ သူသည် လူသားဖြစ်ပြီး၊ ထို့ထက်ပို၍ သူသည် ဘုရားသခင် ဖြစ်သောကြောင့်၊ ပြီးလျှင် သူသည် မည်သည့် ဇာတိပကတိရှိသည့် မည်သည့်သာမန်လူကမျှ မလုပ်ဆောင်နိုင်သည့် အမှုကို သူ လုပ်ဆောင်နိုင်သောကြောင့်၊ ပြီးလျှင် ကမ္ဘာမြေပေါ်တွင် သူနှင့်အတူ အသက်ရှင်သည့်‌ ဖောက်ပြန်ပျက်စီးသော လူသားကို သူ ကယ်တင်နိုင်သောကြောင့်၊ ဤလူ့ဇာတိသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးလေသည်။ သူသည် လူသားနှင့် တထေရာတည်း ဖြစ်သော်လည်း၊ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သည့်အတွက်၊ ဘုရားသခင်ကိုယ်တော်တိုင်ကို ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်သည့်အတွက်၊ လူ့ဇာတိခံ ဘုရားသခင်သည် တန်ဖိုးရှိသည့် မည်သည့် လူသားထက်မဆို လူသားမျိုးနွယ်အဖို့ သာ၍အရေးကြီးသည်။ အကျိုးဆက်အနေဖြင့် ဤလူ့ဇာတိသည် ပုံမှန်ဖြစ်ပြီး သာမန် ဖြစ်သော်လည်း၊ လူသားမျိုးနွယ်အဖို့ သူ၏ပံ့ပိုးမှုနှင့် လူသားမျိုးနွယ်၏ တည်ရှိခြင်းအဖို့ သူ၏အရေးပါမှုသည် သူ့ကို အလွန် တန်ဖိုးရှိစေပြီး၊ ဤလူ့ဇာတိ၏ စစ်မှန်သောတန်ဖိုးနှင့် အရေးပါမှုကို မည်သည့် လူသားကမျှ တိုင်းတာ၍မရနိုင်ပေ။ ဤလူ့ဇာတိသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း၊ သူသည် လူသားကို သိမ်းပိုက်ရန်နှင့် စာတန်ကို ချေမှုန်းရန်၊ ပြီးလျှင် သူ့အုပ်စိုးမှုကို စာတန်အား အပြည့်အဝ ကျိုးနွံနာခံစေရန် သူ၏အမှုကို အသုံးပြုနိုင်လေသည်။ ဘုရားသခင်က စာတန်ကို အနိုင်ယူကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်မှာ လူ့ဇာတိခံယူသောကြောင့် ဖြစ်သည်။ သူသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးဘဲ၊ ယင်းအစား စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ အမှုပြုရန် လူ့ဇာတိခံယူလေသည်။ ဤနည်းဖြင့် သူသည် ဖန်ဆင်းခံများအလယ်တွင် မိမိကိုယ်ကိုယ် သာ၍ကောင်းစွာ သက်သေခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူသားကို သာ၍ ကယ်တင်နိုင်လေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ စာတန်ကို အနိုင်ယူခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က စာတန်ကို တိုက်ရိုက် ဖျက်ဆီးသည်ထက် သာ၍ ကြီးမားသော သက်သေကိုခံပြီး၊ သာ၍ ဆွဲဆောင်မှုရှိသည်။ လူ့ဇာတိ၌ ဘုရားသခင်သည် လူသားအား ဖန်ဆင်းရှင်ကို သိရှိစေဖို့ သာ၍ကောင်းစွာ ကူညီနိုင်သကဲ့သို့၊ သူ၏ဖန်ဆင်းခံများအလယ်တွင် မိမိကိုယ်ကိုယ်အဖို့ သာ၍ကောင်းစွာ သက်သေခံနိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်

အရှေ့သို့- ၄။ ဘုရားသခင်သည် နောက်ဆုံးသောကာလ သူ၏တရားစီရင်ခြင်း အမှုတော်ကိုလုပ်ဆောင်ရန် အဘယ်ကြောင့် လူသားကိုအသုံးမပြုသနည်း၊ ကိုယ်တော်သည် အဘယ်ကြောင့် လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရပါသနည်း။

နောက်တစ်ခုသို့- ၆။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု အဘယ်ကြောင့်ဆိုသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။