၁၀၆ ဘုရားသခင့်အမှုကို ဘုရားကိုယ်စား မည်သည့်လူမျှ မလုပ်နိုင်ကျူး
၁ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးနှင့်ဆိုင်သည့် အမှုကို ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားပေသည်။ ပထမဆုံးအဆင့်- ကမ္ဘာလောကကို ဖန်ဆင်းခြင်း- သည် ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်းဖြစ်ကာ၊ ထိုသို့ မဟုတ်ခဲ့ပါက၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ မည်သူမျှ တတ်စွမ်းနိုင်မည် မဟုတ်ချေ။ ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ယင်းကိုလည်း ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ ပေသည်။ တတိယအဆင့်မှာ ပြောရန်မလိုပေ။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်ရမည့် အမှုအားလုံး၏ နိဂုံးကို ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ဖို့ သာ၍ပင် လိုအပ်ပေသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင် ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားပေသည်။ စာတန်ကို အနိုင်ယူရန်အလို့ငှာ၊ လူသားမျိုးနွယ်ကို ရယူရန်အလို့ငှာနှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်အသက်တာတစ်ခု ပေးရန်အလို့ငှာ၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူသားကို ဦးဆောင်ပြီး လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုလေသည်။ သူ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်၊ ပြီးလျှင် သူ၏အမှုအားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။
၂ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရပြီး၊ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်- ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တော်တိုင်သာ လုပ်ဆောင်နိုင်ပြီးဖြစ်ကာ မည်သည့်လူသားမျှ သူ၏ ကိုယ်စား ထိုသို့သော အမှုကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ- ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူ၏ ကိုယ်ပိုင်အမှုကို အစမှ ယနေ့ထိတိုင် ဆောင်ရွက်နိုင်ပြီးဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို မတူကွဲပြားသည့် ခေတ်များနှင့် တည်နေရာများတွင် ဆောင်ရွက်ပြီးဖြစ်သော်လည်း၊ အသီးသီး၏ အမှုသည် မတူကွဲပြားသော်လည်း၊ ယင်းမှာ တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ခဲ့သည့် အမှုသာ ဖြစ်သည်။ ရူပါရုံများ အားလုံးထဲတွင်၊ ဤသည်မှာ လူသား သိသင့်သည့် အကြီးမားဆုံးသော ရူပါရုံ ဖြစ်ပြီး။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်