ဘယ်သူမှ ဘုရားကို စိတ်ဝင်တစား နားလည်ဖို့ မကြိုးစားပါ
၁
ဘုရား စိတ်ဆိုးသောအခါ သူဟာ သူ့ကို
အရေးမစိုက်သော
သူ့နောက်လိုက်ကာ သူ့ကိုချစ်ကြောင်း ပြောဆိုနေလည်း
သူ့ခံစားချက်ကို လစ်လျူရူသော လူသားအား ရင်ဆိုင်ရတာ
ဘယ်လို သူ့နှလုံးသား မနာကျင်ပဲ နေမလဲ
ဘုရားယုံကြည်ရသူဖြစ်ချင်သူများတောင်မှ
သူနဲ့နီးစပ်ချင်စိတ် သူ့ကိုသိချင်စိတ်
သူ့နှလုံးသားကို အရေးထားချင်စိတ်မရှိကြပါ
ဘုရားဟာ အထီးကျန်နေတာ
ဖောက်ပြန်ပျက်စီးနေတဲ့ လူသားသာ ဘုရားကို ဆန့်ကျင်လို့မဟုတ်ပါ
၀ိညာဉ်ရေးရာကို ရှာဖွေသူများ
ဘုရာကို သိကျွမ်းရန် ကြိုးပမ်းသူများ
သူတို့ ဘဝတွေ ဘုရားအား ဆပ်ကပ်ထားဖို့ ဆန္ဒရှိသူများတောင်
သူ့အတွေးတွေကို နားမလည်ကြပါ
သူ့စိတ်သဘောထား၊ သူ့ခံစားချက်တွေကို လုံးဝနားမလည်ကြပါ
အိုး ဘုရားဟာအထီးကျန်တယ် ဘုရားဟာအထီးကျန်တယ်
၂
ဘုရားရဲ့စီမံခန့်ခွဲမှုအလုပ်မှာ
သူဟာစစ်မှန်စွာ ပြောကြား၊အမှုတော်ဆောင်ကာ
ဖုံးကွယ်သိုဝှက်မှုမရှိဘဲ လူကို ဆက်ဆံသည်
သူ့နောက်လိုက်များဟာ သူနဲ့ ဝေးကွာနေကြတာ
ဘယ်သူ့မှ နီးကပ်ဖို့ သူ့နှလုံးသားနှင့် သူ့ခံစားချက်တွေကို
အရေးထားဖို့ ဆန္ဒ မရှိပါ
ဘုရားယုံကြည်ရသူ
ဖြစ်ချင်သူများတောင်မှ
သူနဲ့နီးစပ်ချင်စိတ် သူ့ကိုသိချင်စိတ်
သူ့နှလုံးသားကို အရေးထားချင်စိတ်မရှိကြပါ
ဘုရားဟာ အထီးကျန်နေတာ
ဖောက်ပြန်ပျက်စီးနေတဲ့ လူသားသာ ဘုရားကို ဆန့်ကျင်လို့ မဟုတ်ပါ
၀ိညာဉ်ရေးရာကို ရှာဖွေသူများ
ဘုရာကို သိကျွမ်းရန် ကြိုးပမ်းသူများ
သူတို့ ဘဝတွေ ဘုရားအား ဆပ်ကပ်ထားဖို့ ဆန္ဒရှိသူများတောင်
သူ့အတွေးတွေကို နားမလည်ကြပါ
သူ့စိတ်သဘောထား၊ သူ့ခံစားချက်တွေကို လုံးဝနားမလည်ကြပါ
အိုး ဘုရားဟာအထီးကျန်တယ် ဘုရားဟာအထီးကျန်တယ်
၃
ဘုရား ဝမ်းမြောက်သောအခါ ဘယ်သူမှ သူနဲ့အတူ မဝမ်းမြောက်ကြ
နားလည်မှုလွဲခံရတဲ့အခါ သူ့နှလုံးသားဟာ ချမ်းမြေ့ခြင်းမရှိပါ
သူ့နှလုံးသား အတွင်းမှ နာကျင်သောအခါ
ဘယ်သူမှ သူဖွင့်ပြောသည်ကို နားထောင်ဖို့ ဆန္ဒမရှိပါ
စီမံခန့်ခွဲမှုနှစ်ထောင်ချီကြာသော်လည်း
ဘယ်သူမှ ဘုရားရဲ့ခံစားချက်ကို နားမလည်ပါ
နှစ်ခြိုက်သဘောကျခြင်း၊ သူ့ဘက်ကရပ်တည်ခြင်း မရှိပါ
သူနဲ့ဝမ်းနည်းခြင်းနှင့်ပျော်ရွှင်ခြင်းတွေကို အတူမျှဝေခံစားဖို့ပါ
ဘုရားယုံကြည်ရသူ
ဖြစ်ချင်သူများတောင်မှ
သူနဲ့နီးစပ်ချင်စိတ် သူ့ကိုသိချင်စိတ်
သူ့နှလုံးသားကို အရေးထားချင်စိတ်မရှိကြပါ
ဘုရားဟာ အထီးကျန်နေတာ
ပျက်စီးနေတဲ့ လူသားသာ ဘုရားကို ဆန့်ကျင်လို့ မဟုတ်ပါ
၀ိညာဉ်ရေးရာကို ရှာဖွေသူများ
ဘုရာကို သိကျွမ်းရန် ကြိုးပမ်းသူများ
သူတို့ ဘဝတွေ ဘုရားအား ဆပ်ကပ်ထားဖို့ ဆန္ဒရှိသူများတောင်
သူ့အတွေးတွေကို နားမလည်ကြပါ
သူ့ စိတ်သဘောထား၊ သူ့ခံစားချက်တွေကို လုံးဝနားမလည်ကြပါ
အိုး ဘုရားဟာအထီးကျန်တယ် ဘုရားဟာအထီးကျန်တယ်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။