၉၂၅ မိမိကယ်တင်လိုသူများကို စာတန်သဘောရှိ ဘေးပြုခွင့် ဘုရားမပေးကျူး

၁ ယောဘ၏ စမ်းသပ်မှုများ အဆုံးသတ်ပြီးနောက် သူ့ထံမှ သက်သေခံချက်ကို ရပြီးသည့်နောက်တွင်၊ ယောဘကဲ့သို့သော လူများ ပါဝင်သည့် အုပ်စုတစ်စု- သို့မဟုတ် တစ်စုထက်ပိုသော- အုပ်စုများကို ရယူမည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်၊ သို့သော် စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်ခြင်းအားဖြင့် ယောဘအား စုံစမ်းနှောင့်ယှက်ကာ၊ တိုက်ခိုက်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သော နည်းလမ်းများကို အသုံးပြုလျက် အခြားမည်သည့်လူကိုမျှ တိုက်ခိုက်ရန် သို့မဟုတ် နှိပ်စက်ရန် စာတန်ကို မည်သည့်အခါမျှ တစ်ဖန် အခွင့်မပေးရန် ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်။ ခွန်အားနည်းပြီး မိုက်မဲကာ မသိနားမလည်သော လူသားအပေါ် ထိုသို့သော အရာများကို တစ်ဖန်လုပ်ဆောင်ရန် စာတန်အား ဘုရားသခင် ခွင့်မပြုခဲ့ပေ- ယောဘကို စာတန် စုံစမ်းနှောင့်ယှက်ခဲ့ပြီးဖြစ်သည်မှာ လုံလောက်ခဲ့ပေသည်။ လူတို့ကို အလိုရှိသည့်အတိုင်း နှိပ်စက်ညှဉ်းပန်းရန် စာတန်အား ဘုရားသခင် အခွင့်မပေးခြင်းသည် ဘုရားသခင်၏ သနားခြင်းကရုဏာ ဖြစ်သည်။

၂ ဘုရားသခင်နောက်သို့ လိုက်သောလူများ၏ အသက်နှင့် အရာရာတိုင်းကို ဘုရားသခင်အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည့်အတွက်၊ စာတန်သည် အလိုရှိသည်အတိုင်း ဘုရားသခင် ရွေးချယ်ထားသောသူများကို ကြိုးကိုင်ညွှန်ကြားရန် အခွင့်မရှိပေ- ဤအချက်နှင့်ပတ်သက်ပြီး သင်တို့ ရှင်းလင်းစွာ သိသင့်သည်။ ဘုရားသခင်သည် လူသား၏ အားနည်းချက်ကို ဂရုစိုက်ပြီး သူ၏မိုက်မဲခြင်းနှင့် မသိနားမလည်မှုကို နားလည်၏။ လူသားအနေဖြင့် အလျှင်း ကယ်တင်ခံရနိုင်ရန်အလို့ငှာ၊ ဘုရားသခင်သည် သူ့ကို စာတန်လက်သို့ လွှဲအပ်လိုက်ရသော်လည်း၊ စာတန်၏အရူးလုပ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့အား လူသားခံရသည်ကို မြင်ရန် ဘုရားသခင် လိုလားခြင်းမရှိသကဲ့သို့၊ လူသား အမြဲတစေ ဆင်းရဲဒုက္ခ ခံစားရသည်ကိုလည်း ဘုရားသခင် မမြင်ချင်ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသားနှင့် ပတ်သက်၍ အရာရာတိုင်းကို ဘုရားသခင် အုပ်စိုးကာ စီစဉ်သည်မှာ လုံးဝ သင့်မြတ်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ဖြစ်ပြီး အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသည့် ဩဇာအာဏာ ဖြစ်သည်။

၃ ဘုရားသခင်သည် စာတန်အား လူသားကို သဘောရှိ ညှဉ်းပန်းရန်နှင့် နှိပ်စက်ရန် ခွင့်မပြုပေ၊ လူသားကို လမ်းလွှဲစေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုဖို့ စာတန်အား သူအခွင့်မပေးသည့်အပြင်၊ လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဝင်ရောက်နှောင့်ယှက်ရန် စာတန်အား အခွင့်မပေးသကဲ့သို့၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်သော ဘုရားသခင်၏ ကြီးမြတ်သည့် အမှုကို ထည့်မတွက်နှင့်ဦးတော့၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော ဥပဒေသများကို နင်းခြေရန်နှင့် ဖျက်ဆီးရန် ခွင့်မပြုပေ။ ဘုရားသခင် ကယ်တင်လိုသောသူများနှင့် ဘုရားသခင်အား သက်သေခံနိုင်သောသူများသည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်နှင့်သက်ဆိုင်သည့် အမှု၏ အချက်အချာနှင့် ပုံဆောင်ခဲဖြစ်သည့်အပြင် သူ၏ နှစ်ခြောက်ထောင် အမှုထဲက သူ၏ကြိုးပမ်းမှုများ၏ အဖိုးအခလည်း ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို စာတန်အား သာမန်ကာလျှံကာ အဘယ်သို့ ပေးနိုင်မည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၂၄ စာတန်၏အနှစ်သာရသည် လူမဆန်ဘဲ ဆိုးယုတ်၏ကျူး

နောက်တစ်ခုသို့- ၉၂၆ ဘုရားသခင်၏အမိန့် အာဏာအောက်မှာ စာတန်ဟာဘယ်အရာကိုမှ မပြောင်းလဲနိုင်ပါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။