ဘုရားသခင်၏ အမှုတော် အဆင့်ဆင့်နှင့် ပတ်သက်၍
အပြင်ပန်းအားဖြင့် ကြည့်လျှင် ဘုရားသခင်၏ လက်ရှိ အမှုတော် အဆင့်များသည် ပြီးဆုံးသွားပြီဖြစ်ပြီး လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံခဲ့ရပြီးဖြစ်ကာ အစေခံသူတို့၏ စမ်းသပ်ခံရခြင်း၊ ပြစ်တင်ဆုံးမခြင်း အချိန်ကာလ၏ စစ်ဆေးခြင်း၊ သေခြင်း၏ စမ်းသပ်ခံရခြင်း၊ အဖြည့်ခံများ၏ စမ်းသပ်ခံရခြင်းနှင့် ဘုရားသခင်ကို ချစ်သည့် အချိန်ကာလကဲ့သို့သော အဆင့်များကို ဖြတ်သန်းခဲ့ရပြီးဖြစ်သည်ဟု ထင်ရသည်။ သို့တိုင်အောင် အဆင့်တစ်ခုစီအတွင်း ဆင်းရဲဒုက္ခများစွာကို ခံစားရသော်လည်း လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မသိနားမလည်ဘဲ ရှိနေကြဆဲဖြစ်သည်။ ဥပမာအားဖြင့် အစေခံသူတို့၏ စမ်းသပ်ခံရခြင်းကို စဉ်းစားကြည့်လော့။ ၎င်းတို့သည် မည်သည့်အရာကို ရရှိခဲ့သည်၊ မည်သည့်အရာကို သိရှိလာခဲ့သည်နှင့် ဘုရားသခင် ရရှိလိုသည့် အကျိုးသက်ရောက်မှုတို့နှင့် ပတ်သက်၍ မရှင်းမလင်း ဖြစ်နေကြဆဲဖြစ်သည်။ ဘုရားသခင်၏ အမှုတော် အမြန်နှုန်းကို ကြည့်လျှင် လူသည် ယနေ့၏ အမြန်နှုန်းကို အမီလိုက်နိုင်စွမ်း လုံးဝမရှိပေ။ ဤအရာက ဘုရားသခင်သည် သူ၏ အမှုတော်နှင့်ဆိုင်သော ဤအဆင့်များကို လူအား ပထမဦးစွာ ထုတ်ဖော်ပြသကြောင်းနှင့် အဆင့်တစ်ခုတလေတွင် လူ စိတ်ကူးနိုင်သည့် အဆင့်တစ်ခုသို့ သူ ရောက်ရှိရန် မလိုအပ်ဘဲ ပြဿနာတစ်ခုအပေါ် အလင်းပေးကြောင်းကို ပြသနေသည်။ ဘုရားသခင်သည် လူတစ်ဦးကို အမှန်တကယ် ရယူနိုင်ရန်အလို့ငှာ ၎င်းအား စုံလင်အောင် ပြုလုပ်ပေးရန် အထက်ပါ အဆင့်များအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဤအလုပ်ကို လုပ်ဆောင်ခြင်း၏ ပန်းတိုင်မှာ လူတစ်စုကို စုံလင်အောင် ပြုလုပ်ပေးရန် ဘုရားသခင်သည် မည်သည့်အဆင့်များကို လုပ်ဆောင်ရမည်ကို ပြသရန်ဖြစ်သည်။ သို့ဖြစ်၍ အပြင်ပန်းအားဖြင့် ကြည့်လျှင် ဘုရားသခင်၏ အမှုတော် အဆင့်များသည် ပြီးစီးသွားပြီဖြစ်သော်လည်း အနှစ်သာရအားဖြင့်မူ သူသည် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးခြင်းကို တရားဝင် စတင်ရုံသာ ရှိသေးသည်။ လူတို့သည် ဤအရာနှင့် ပတ်သက်၍ ရှင်းလင်းသင့်သည်။ ပြီးစီးသွားသောအရာမှာ သူ၏ အမှုတော် အဆင့်များသာဖြစ်ပြီး အလုပ်ကိုယ်၌က အဆုံးသတ်သွားခြင်း မရှိသေးပေ။ သို့တိုင်အောင် ၎င်းတို့၏ အယူအဆများထဲတွင် လူတို့က ဘုရားသခင်၏ အမှုတော် အဆင့်များအားလုံးကို လူအား ထုတ်ဖော်ပြသပြီးဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ အမှုတော် ပြီးဆုံးသွားပြီဟူသည်မှာ သံသယဖြစ်ဖွယ် မရှိဟု ယုံကြည်ကြသည်။ ဤအမြင်သည် လုံးဝ မှားယွင်းသည်။ ဘုရားသခင်၏ အမှုတော်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ထိုသို့သော အယူအဆများကို ကဏ္ဍတိုင်းတွင် တန်ပြန်တိုက်ခိုက်သည်။ အထူးသဖြင့် ဘုရားသခင်၏ အမှုတော် အဆင့်များသည် လူ၏ အယူအဆများနှင့် ဖီလာဆန့်ကျင် ဖြစ်နေသည်။ ဤအရာအားလုံးက ဘုရားသခင်၏ ဉာဏ်ပညာကို သရုပ်ပြနေသည်။ လူ၏ အယူအဆများသည် ဘုရားသခင်၏ အမှုတော်နှင့် အချိန်တိုင်း ပဋိပက္ခဖြစ်နေပြီး လူ စိတ်ကူးသမျှကို ဘုရားသခင်က တန်ပြန်တိုက်ခိုက်သည်ကို တွေ့မြင်နိုင်သည်။ ဤသည်မှာ လက်တွေ့ကျသော အတွေ့အကြုံများမှ လာသည့် ထိုးထွင်းသိမြင်မှု ဖြစ်သည်။ ဘုရားသခင်သည် အလွန် လျင်မြန်စွာ အလုပ်လုပ်သည်ဟုလည်းကောင်း၊ ၎င်းတို့ မသိလိုက်မီ၊ ၎င်းတို့ မည်သည့် နားလည်သဘောပေါက်မှုကိုမျှ မရရှိသေးမီနှင့် ၎င်းတို့သည် ရှုပ်ထွေးနေသော အခြေအနေတစ်ခုတွင် ရှိနေဆဲဖြစ်ချိန်၌ ဘုရားသခင်၏ အမှုတော်က အဆုံးသတ်သွားသည်ဟုလည်းကောင်း၊ သူ၏ အမှုတော် အဆင့်တိုင်းတွင် ဤအတိုင်းပင်ဖြစ်သည်ဟုလည်းကောင်း လူတိုင်းက ထင်ကြသည်။ ဘုရားသခင်သည် လူတို့ကို ကစားနေသည်ဟု လူအများစုက ယုံကြည်ကြသော်လည်း ယင်းမှာ သူ၏ အမှုတော်နှင့်ဆိုင်သော ရည်ရွယ်ချက် မဟုတ်ပေ။ သူ၏ အလုပ်လုပ်သည့် နည်းလမ်းမှာ စဉ်းစားဆင်ခြင်ရသည့် အရာတစ်ခုဖြစ်သည်။ ပထမတွင် မြင်းစီးရင်း ပန်းများကို အပြေးအလွှား ကြည့်ရှုသကဲ့သို့ဖြစ်ပြီး ထို့နောက်တွင် အသေးစိတ်အချက်များထဲသို့ ဝင်ရောက်ကာ လေးလေးနက်နက် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းက လူတို့ကို အံ့အားသင့်သွားစေသည်။ လူတို့သည် အဆင့်တစ်ခုသို့ ရောက်ရှိရန် ဟန်ပြသက်သက်သာ လုပ်ဆောင်နိုင်ပါက ဘုရားသခင် ကျေနပ်လိမ့်မည်ဟု တွေးလျက် ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေလုပ်ရန် ကြိုးစားကြသည်။ လက်တွေ့တွင် လူတို့က ဟန်ပြသက်သက် လုပ်ဆောင်ရုံမျှဖြင့် ဘုရားသခင်သည် မည်သို့လျှင် ကျေနပ်နိုင်မည်နည်း။ အကောင်းဆုံးသော အကျိုးသက်ရောက်မှုကို ရရှိရန်အလို့ငှာ ဘုရားသခင်သည် လူတို့ကို အံ့အားသင့်စေခြင်းအားဖြင့်၊ ၎င်းတို့ သတိမထားမိချိန်တွင် ရိုက်နှက်ခြင်းအားဖြင့် အလုပ်လုပ်သည်။ ဤအရာက ၎င်းတို့ကို သူ၏ ဉာဏ်ပညာနှင့် ပတ်သက်၍ သာ၍ကြီးမားသော သိကျွမ်းမှုကို ပေးပြီး သူ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်သော စိတ်သဘောထားတို့နှင့် ပတ်သက်၍ သာ၍ကြီးမားသော နားလည်သဘောပေါက်မှုကို ပေးလေသည်။
ယနေ့တွင် ဘုရားသခင်သည် လူကို စုံလင်အောင် ပြုလုပ်ပေးခြင်းအား တရားဝင် စတင်ပြီဖြစ်သည်။ စုံလင်အောင် ပြုခြင်းခံရရန် လူတို့သည် သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဖြတ်သန်းရမည်ဖြစ်ပြီး (အစေခံသူတို့၏ စမ်းသပ်ခံရခြင်းကဲ့သို့သော) သူ၏ နှုတ်ကပတ်တော်များ၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို တွေ့ကြုံရမည်ဖြစ်ကာ သေခြင်း၏ စမ်းသပ်ခံရခြင်းကို ၎င်းတို့ ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်သည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စမ်းသပ်မှုများ အလယ်တွင် ဘုရားအလိုတော်ကို အမှန်တကယ် လိုက်လျှောက်သောသူတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ ဘုရားသခင်ကို ချီးမွမ်းနိုင်ကြပြီး ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံကာ မိမိတို့ကိုယ်ကို ပုန်ကန်နိုင်ကြသည့်အပြင် ထိုသို့ဖြင့် ရိုးသားစစ်မှန်သော၊ မခွဲမခြားသော၊ စင်ကြယ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချစ်နိုင်ကြသည်ဟူ၍ ဖြစ်သည်။ ထိုသို့သောသူသည် စုံလင်သောသူတစ်ဦးဖြစ်ပြီး ယင်းမှာ ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အလုပ်နှင့် သူ ပြီးမြောက်မည့် အလုပ် အတိအကျပင် ဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းနှင့် ပတ်သက်၍ လူတို့သည် ကောက်ချက်ချရန် မလောသင့်ပေ။ ၎င်းတို့သည် အသက် ဝင်ရောက်မှုကိုသာ လိုက်စားသင့်သည်။ ဤသည်မှာ အခြေခံကျသည်။ ဘုရားသခင်၏ အမှုတော် နည်းလမ်းကို အစဉ်မပြတ် စိစစ်ခြင်း မပြုနှင့်။ ဤသည်က သင်၏ အနာဂတ် အလားအလာများကို ဟန့်တားရုံသာ ရှိလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းကို သင် မည်မျှ မြင်တွေ့ပြီးဖြစ်သနည်း။ သင်သည် မည်မျှ ကျိုးနွံနာခံပြီး ဖြစ်သနည်း။ သူ၏ အမှုတော် နည်းလမ်းတစ်ခုစီမှ သင် မည်မျှ ရရှိပြီးဖြစ်သနည်း။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရရန် လိုလားသလော။ သင်သည် စုံလင်သောသူတစ်ဦး ဖြစ်လာရန် ဆန္ဒရှိသလော။ ဤအရာများအားလုံးသည် သင်တို့ ရှင်းလင်းစွာ နားလည်သင့်ပြီး ဝင်ရောက်သင့်သည့် အရာများဖြစ်သည်။