မေးခွန်း (၁၁) စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် နှစ်ပါးလုံးက ခရစ်တော်ဖြစ်တယ်။ တစ်ပါးက အရင်ဖြစ်ပြီး နောက်တစ်ပါးက နောက်ဆုံးခရစ်တော်လို့ ပြောတယ်။ ငါတို့ပါတီက လက်မခံဘူး။ ကြွေးကြော်သံမှာလည်း 'လောကရဲ့ကယ်တင်သူဆိုတာ မရှိခဲ့ဘူး' လို့ပြောထားတယ်။ မင်းတို့က ကယ်တင်ရှင်ခရစ်တော် ကြွရောက်လာတာကို သက်သေခံကြတယ်။ ဒီတော့ ပါတီက မင်းတို့ကို မရှုတ်ချဘဲနေမလား။ ငါတို့အမြင်မှာတော့ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ သာမန်လူပဲ။ လက်ဝါးကပ်တိုင်ပေါ်မှာ သံနဲ့တောင်အရိုက်ခံရတယ်။ ဂျူးတွေကလည်း သူ့ကို ခရစ်တော်လို့ လက်မခံခဲ့ကြဘူး။ ဒါ အမှန်ပဲမဟုတ်လား။ မင်းတို့ သက်သေခံကြတဲ့ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း သာမန်လူပဲ။ သူ့မှာ မျိုးရိုးနာမည်နဲ့ ကိုယ်ပိုင်နာမည်ရှိတယ်လို့ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတယ်။ ဒါလည်း အမှန်ပဲလေ။ ဒီလိုသာမန်လူက ခရစ်တော်ပါ။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါဆိုပြီး မင်းတို့က ဘာကြောင့် သက်သေခံကြတာလဲ။ ယုံစရာကိုမရှိဘူး။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်ထားတဲ့ တရားစီရင်ခြင်းအမှုနဲ့ ဖော်ပြထားတဲ့ သမ္မာတရားကို မင်းတို့ ဘယ်လိုပဲ သက်သေခံနေပါစေ၊ ဒီလူက ဘုရားသခင်ဆိုတာကို ငါတို့ပါတီက လက်ခံမှာမဟုတ်ဘူး။ မင်းတို့လည်း ယေရှုကို ယုံကြတဲ့ ခရစ်ယာန်တွေ ကက်သလစ်တွေ အရှေ့ပိုင်းအော်သိုဒေါ့စ်တွေလိုပဲ လူကို ဘုရားသခင်ဆိုပြီး ယုံနေကြတယ်။ ဒါက တကယ်ကို ပညာမဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်ဆိုတာရယ်၊ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဆိုတာတွေ ရယ်က အတိအကျအားဖြင့် ဘာလဲ။ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့အမှုကို လုပ်ဆောင်ရုံလောက်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါလို့ ဆိုလိုတာလား။ ငါတို့တော့ ဘယ်တော့မှလက်မခံဘူး။ ဘုရားသခင်သာ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပျက်စီးခြင်းရောက်စေတာမျိုး အံ့ဖွယ်တွေလုပ်ပြ နိုင်ရင်တော့၊ ငါတို့ကလည်း သူ့ကိုစစ်မှန်တဲ့ ဘုရားသခင်လို့ သတ်မှတ်လိုက်မယ်။ တကယ်လို့ ဘုရားသခင်က ကောင်းကင်မှာ ပေါ်လာမယ်။ ပြီးတော့ လူသားမျိုးနွယ်တစ်ခုလုံး ထိတ်လန့်စေမဲ့ မိုးခြိမ်းသံလို မြည်ဟည်းသံကြီး လုပ်ပြတယ်ဆိုရင်တော့၊ အဲဒါက ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်လိမ့်မယ်။ ဒါဆို စီစီပီကလည်း သူ့ကိုအသိအမှတ်ပြုမှာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ ဘုရားသခင်ရှိတယ် ဆိုတာကို ပါတီက ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။

အဖြေ- အဖေ၊ ပါတီက ဘုရားသခင်ကို ဘာလို့အမြဲတမ်းရန်လိုနေတာလဲ၊ ကျွန်တော်နားမလည်ဘူး။ ပြီးတော့ ဘာလို့အမြဲတမ်း ငြင်းပယ်နေတာလဲ။ အထူးသဖြင့် လူ့ဇာတိခံ ခရစ်တော်ကို ဘာလို့မုန်းတီးနေတာလဲ။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဘာလို့ သာမန်လူဆိုပြီး သတ်မှတ်တာလဲ။ ခရစ်တော်ရဲ့ဘုရားဖြစ်ခြင်း အနှစ်သာရကို ဘာလို့ ငြင်းပယ်တာလဲ။ အဖေတို့ကွန်မြူနစ်တွေအကုန်လုံးက ဘုရားမဲ့တွေပါ။ ဘုရားသခင်ကိုမယုံကြဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းနောက်ကွယ်က နက်နဲမှုကို အဖေတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ သခင်ယေရှု လူ့ဇာတိခံတဲ့အချိန်မှာ သူ့ရဲ့ပေါ်ထွန်းခြင်းက လူသားတစ်ယောက် အဖြစ်နဲ့ပဲ မဟုတ်ဘူးလား။ သူက စကားတစ်ခွန်းတည်းနဲ့ သေသူကို ပြန်ရှင်စေသလို၊ လေနဲ့ လှိုင်းတွေကိုလည်း ငြိမ်သက်စေခဲ့တယ်။ လူပေါင်း ၅ဝဝဝ ကို သူက မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ ကျွေးနိုင်တယ်။ အဲဒါက ဘုရားသခင်ရဲ့တန်ခိုးနဲ့ အာဏာ မဟုတ်ခဲ့ဘူးလား။ ကိုယ်တွင်းမှာ ဘုရားသခင်ရဲ့ဝိညာဉ်တော်သာ မရှိရင်၊ လူတစ်ယောက်က ဒီလိုအံ့ဖွယ်အမှုတွေ စွမ်းဆောင်နိုင်ပါ့မလား။ သခင်ယေရှု ကားစင်တင်ခံခဲ့တယ်ဆိုတာ အဲဒီကတစ်ဆင့် လူတွေကို ရွေးနုတ်မယ်ဆိုတဲ့ ဘုရားသခင်ရဲ့ဆန္ဒကြောင့်ပါ။ သခင်ယေရှုက သေခြင်းကနေ ထမြောက်ပြီး ကောင်းကင်ကို တက်သွားတာလည်း ဘုရားသခင်ရဲ့ အနန္တတန်ခိုးပဲလေ။ အဖေ၊ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့အမှုကို ပြုနိုင်တဲ့လူကို အဖေက ခရစ်တော်အဖြစ် ဘုရားသခင်ကိုယ်တိုင်အဖြစ် အသိအမှတ်မပြုဘူး။ ဒါဆို လူ့ဇာတိခံ ခရစ်တော်အပြင် အခြားတစ်ယောက်ယောက်က သမ္မာတရားကို ဖော်ပြပြီး၊ ဘုရားသခင်ရဲ့အမှုကို ပြုနိုင်ပါတယ်လို့ အဖေ မြင်တဲ့လူရှိရင် ပြောပါဦး။ လူတွေ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဘုရားသခင်က လူ့ဇာတိခံယူပြီး၊ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအတွက် သမ္မာတရားကို ဖော်ပြထားပါပြီ။ သမ္မာတရားကို မုန်းတီး စက်ဆုပ်သူတွေသာ ခရစ်တော်ကို ငြင်းပယ်ဆန့်ကျင်လိမ့်မယ်။ သမ္မာတရားကို ချစ်မြတ်နိုးသူအားလုံးက ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံလိုက်နာနိုင်ကြမှာပဲ။ သခင်ယေရှု အမှုတော်ပြုခဲ့တာကို ပြန်စဉ်းစားကြည့်ရင်၊ လူ့ဇာတိခံ သခင်ယေရှုကို ဂျူးဘာသာရေး ခေါင်းဆောင်တွေက အရူးအမူးဆန့်ကျင်ခဲ့ကြတယ်။ ယုဒလူတွေ ကလည်း သခင်ယေရှုကို ပစ်ပယ်ခဲ့တယ်။ ဒါပေမဲ့ လူသားတွေအပေါ် သခင်ယေရှုရဲ့ရွေးနုတ်ခြင်းဆိုတဲ့ အမှန်တရားကတော့ ပျံ့နှံ့နေတုန်းပဲ။ ကမ္ဘာအနှံ့မှာလည်း သခင်ယေရှုကို ယုံကြည်ကြတယ်။ နေရာတိုင်းမှာ ခရစ်ယာန်အသင်းတော်တွေ ရှိတယ်။ ဒီနေ့ခေတ်မှာ လူပေါင်းနှစ်ဘီလျံကျော်က သခင်ယေရှုကို ယုံကြည်တယ်။ ဒါက သခင်ယေရှုဟာ ခရစ်တော်ဖြစ်ပြီး ကယ်တင်ရှင်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။ ငြင်းပယ်နေလို့ မထူးပါဘူး။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားမျိုးနွယ် သန့်စင်ရေးနဲ့ ကယ်တင်ရေးအတွက် သမ္မာတရားအားလုံးကို ဖော်ပြခဲ့သလို၊ တရားစီရင်ခြင်းအမှုကိုလည်း ဘုရားသခင်ရဲ့အိမ်တော်ကနေ အစပြုခဲ့ပါပြီ။ သူ့အမှုတော်ကို ပြုနေစဉ်အတွင်း၊ သူဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးအသိုက်အဝန်းထဲက အန္တိခရစ်အင်အားစုတွေရဲ့ ဆန့်ကျင်ရှုတ်ချ တာတွေကို ခံခဲ့ရတယ်။ ဒါပေမဲ့ နှစ် ၂၀ သာသာအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားက တရုတ်ပြည်အနှံ့ လွှမ်းမိုးနေပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီတရုတ်ပြည်မ ကြီးထဲမှာပဲ အဦးသီးသော အသီးတွေဖြစ်တဲ့ အောင်နိုင်သူအုပ်စုကို တကယ်ပြုလုပ်ခဲ့ပြီးပါပြီ။ အခုဆို အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်နဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ထုတ်တဲ့ ရုပ်ရှင် ဗီဒီယိုမျိုးစုံက အွန်လိုင်းမှာ ရှိနေပြီ။ နောက်ဆုံးသောကာလအတွင်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လူတွေက ပိုပိုပြီးလေ့လာကြတယ်။ လူသားဆိုရင် ဒါတွေကို လုပ်နိုင်မယ်လို့ အဖေ ထင်လား။ ဒါမျိုးဆိုတာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်လမ်းညွှန်မှုနဲ့သာ ဖြစ်နိုင်မယ်။ ဒီလောကမှာ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားတွေကို သိမ်းပိုက် ကယ်တင်နိုင်တဲ့အမှု ပြုနိုင်တဲ့သူကို အဖေ ပြောကြည့်လေ။ ဘယ်သူကများ လူသားတစ်ရပ်လုံးအထိ ပျံ့နှံ့အောင် ဆောင်ရွက်နိုင်လို့လဲ။ လူ့ဇာတိခံ ခရစ်တော်ကလွဲလို့ ဘယ်သူမှ ဒါမျိုးမလုပ်နိုင်ဘူး။ ဒါက ဘုရားသခင်နှုတ်ကပတ်တော်ရဲ့ တန်ခိုးနဲ့ ဩဇာအာဏာကို မြင်စေသလို၊ ဘုရားသခင်ရဲ့ အနန္တဉာဏ်ပညာနဲ့ အံ့ဖွယ်လုပ်ဆောင်ချက်တွေကိုလည်း မြင်စေပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တဲ့ လူ့ဇာတိခံ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပဲ။

ဘုရားသခင်က သူ့အမှုကို ပြုဖို့နဲ့ သမ္မာတရားကို ဖော်ပြဖို့အတွက် လူ့ဇာတိခံပြီးပါပြီ။ အဲဒါကို လူ့ရဲ့ အလိုဆန္ဒအရ ပြောင်းပစ်လို့မရဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိခံခြင်းကို လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ အမှုတော်ကို ရပ်တန့်လို့မရဘူး. အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်၊ "ဘုရားသခင်၏အလုပ်သည် အားပါးတရ တဟုန်ထိုးတက်နေသော လှိုင်းလုံးများကဲ့သို့ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို မထိန်းချုပ်နိုင်သကဲ့သို့ မည်သူကမျှလည်း သူ၏ခြေလှမ်းများကို မရပ်တန့်စေနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာနားထောင်သောသူများနှင့် ဘုရားသခင်ကို ဆာငတ်လျက် ရှာဖွေသောသူများသည်သာ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး သူ၏ကတိတော်များကို ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်သူများမှာမူ ပြင်းထန်သော ဘေးဒုက္ခကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး အပြစ်ဒဏ်ကျခံထိုက်ပေသည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုက မကြာခင်ပြီးမြောက်တော့မှာဆိုတော့၊ ကပ်ဘေးကြီးကျဖို့က လက်တစ်ကမ်းရောက်နေပြီ။ ဘုရားသခင်ကို ဆန့်ကျင်ပစ်ပယ်သူအားလုံး ပျက်စီးခြင်းရောက်မှာပဲ။ အဲဒီအချိန်ရောက်မှ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံမယ်ဆိုရင်၊ အချည်းနှီးပဲ၊ အရမ်းနောက်ကျ သွားလိမ့်မယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်မှုကိုရပြီး၊ သန့်စင်ခြင်း စုံလင်ခြင်းဖြစ်နေသူတွေသာ ကပ်ဘေးကြီးကို လွတ်မြောက်ပြီး၊ ဘုရားသခင်ရဲ့နိုင်ငံတော်ဆီ ဝင်ရောက်နိုင်တယ်။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁၀) ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။

နောက်တစ်ခုသို့- မေးခွန်း (၁၂) အစိုးရဝါဒဖြန့်ချိရေး အချက်အလက်တွေအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျောင်းဆိုသူက တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာ တည်ထောင်ခဲ့တယ်။ အသင်းတော်ကို သူက ဦးဆောင်တယ်။ ဒီလူက အသင်းတော်ရဲ့ယဇ်ပုရောဟိတ်ပဲ။ အသင်းတော်အဖွဲ့ဝင်တွေပြောတာတော့ သူ့ကို သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခဲ့တယ်တဲ့။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုတဲ့ ဒီလူရဲ့ဟောပြောမှုကို အသင်းဝင်တွေက ကြားနာကြတယ်။ အသင်းတော်ရဲ့အုပ်ချုပ်ရေးပိုင်းမှာလည်း သူ့စကားကို နားထောင်ကြတယ်။ မင်းတို့လို ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖတ်တယ်။ သူ့နာမတော်ကို တိုင်တည်ပြီး၊ ဆုတောင်းတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကျမ်းရင်းဩဝါဒအဖြစ် မှတ်ယူတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖြန့်ဝေကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့သူက ဒီလူပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တကယ်တမ်း ဖန်တီးခဲ့တာက ဒီလူပဲဆိုတာ သေချာတယ်။ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီရဲ့အဆိုအရတော့ ဒါက အဲဒီလူရဲ့အဖွဲ့ပဲတဲ့ ငါလည်း မှန်တယ်လို့ထင်တယ်။ နားလည်ကြလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။