မိမိတာဝန်ကို ထမ်းဆောင်ခြင်းမှာ လုပ်နိုင်သမျှအာလုံး လုပ်ခြင်းတည်းကျူး
၁ လူသားသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် လူသားတို့၏အတွင်းမှ ရှိရင်းစွဲ အရာအလုံးစုံကို စွမ်းဆောင်အောင်မြင်ခြင်းပင် ဖြစ်သည်၊ တစ်နည်းအားဖြင့် လူသားများအတွက် စွမ်းဆောင်အောင်မြင်နိုင်ခြေရှိသော အရာများဖြစ်သည်။ ထိုအခါတွင် ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်သည်။ လူသားတို့ အစေခံစဉ် လူသားတို့၏ ချွတ်ယွင်းချက်များသည် အဆင့်ဆင့် တိုးတက်ရင့်ကျက်လာသော အတွေ့အကြုံအားဖြင့်သော်လည်းကောင်း တရားစီရင်ခြင်းကို ခံရသော ၎င်းတို့၏ အတွေ့အကြုံဖြစ်စဉ်အားဖြင့်သော်လည်းကောင်း တဖြည်းဖြည်းလျော့နည်းလာသည်၊ ၎င်းတို့သည် လူသားတို့၏တာဝန်ကို တားဆီးခြင်း သို့မဟုတ် ဆိုးကျိုးသက်ရောက်စေခြင်းမရှိပါ။ အစေခံခြင်းကို ရပ်စဲသောသူ သို့မဟုတ် လက်လျှော့ အရှုံးပေးသူများနှင့် အစေခံခြင်းတွင် ရှိကောင်းရှိနိုင်သော ချွတ်ယွင်းချက်များကို ကြောက်ရွံ့ခြင်းကြောင့် နောက်ပြန်ဆုတ်သောသူများသည် လူသားများ အားလုံးထဲတွင် သတ္တိအနည်းဆုံးသောသူများဖြစ်သည်။
၂ အကယ်၍ လူသားများသည် အစေခံစဉ် ဖော်ပြသင့်သည့်အရာတို့ကို ဖော်ပြနိုင်ခြင်းရှိရမည့်အစား သို့မဟုတ် ၎င်းတို့အတွက် ရှိရင်းစွဲအနေဖြင့် ဖြစ်နိုင်ခြေရှိသည်တို့ကို ရယူစွမ်းဆောင်နိုင်ခြင်းရှိရမည့်အစား စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေလုပ်နေပါက၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါများတွင် ရှိသင့်ရှိထိုက်သောအလုပ်ကို လက်လွှတ်ဆုံးရှုံးနေရပြီ ဖြစ်သည်။ ဤသို့သော လူသားများကို လေထဲတိုက်အိမ်ဆောက်သော အညတြလူများဟူ၍လည်းကောင်း ဆန်ကုန်မြေလေးဟူ၍လည်းကောင်း သတ်မှတ်သည်၊ ဤသို့သောလူတစ်ဦးကို ဖန်ဆင်းခံသတ္တဝါဟူသော ဂုဏ်ပုဒ်ပေး၍ အဘယ်သို့ ခံ့ညားစေနိုင်မည်နည်း။ အပြင်ပန်း တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးမှု၏ အပေါင်းအပါများဖြစ်သည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်တို့အကြား ကွဲပြားခြားနားမှု” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။