၂၃၁ သမ္မာတရားကို လိုက်စားခြင်းမရှိပါက၊ ကျရှုံးခြင်းက သေချာသည်

၁ အစည်းအဝေးများကို ကျွန်ုပ် တက်ရောက်ကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သော်လည်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို ကျွန်ုပ် အာရုံမစိုက်ခဲ့ပေ။ တာဝန်အချို့ကို ကျွန်ုပ် ဆောင်ရွက်နိုင်သည့်အခါ၊ သမ္မာတရား၏ စစ်မှန်မှုကို ကျွန်ုပ် ပိုင်ဆိုင်သည်ဟု တွေးထင်ခဲ့သည်။ ဘုရားသခင်ထံ ကျွန်ုပ် ဆုတောင်းခဲ့သော်လည်း ဘုရားသခင်နှင့် စစ်မှန်သော ရင်းရင်းနှီးနှီး ပြောဆိုခြင်း မရှိခဲ့။ ကျွန်ုပ်၏ တာဝန်များတွင် ရလဒ်အချို့ ရရှိခြင်းဖြင့်၊ ကုသိုလ်ကောင်းမှုအချို့ ကျွန်ုပ် စုပေါင်းရရှိသည်ဟု တွေးခဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် ကျေနပ်ကာ၊ ဘုရားသခင်က ကျွန်ုပ်ကို သေချာပေါက် ဆုလာဘ်ချီးမြှင့်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကို တွေ့ကြုံခြင်းမှတဆင့်၊ ကျွန်ုပ် ရုတ်တရက် နိုးထခဲ့သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိဘဲ နှစ်ပေါင်းများစွာ ကျွန်ုပ်ယုံကြည်ခဲ့ပြီး ဘုရားသခင်နှင့် အပေးအယူများ လုပ်မိခဲ့သေးသည်။ နောက်ဆုံးတွင် သမ္မာတရားကို လိုက်စားခြင်း မရှိဘဲ၊ ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ဖို့ မဖြစ်နိုင်သည်ကို မြင်ရပေ။

၂ ဘုရားသခင်က လူကို သန့်စင်စေပြီး ကယ်တင်ဖို့ သက်သက်အလို့ငှာ သမ္မာတရားကို ဖော်ပြသော်လည်း၊ ကိုယ်တော်၏ ကောင်းမြတ်သော ရည်ရွယ်ချက်ကို ကျွန်ုပ် လုံးဝ နားမလည်ခဲ့ပေ။ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ဖို့ အခွင့်အရေးအား အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းကို လိုက်စားဖို့ ကျွန်ုပ်အသုံးပြုခဲ့သည်။ အလုပ် သို့မဟုတ် တရားဒေသနာများတွင်၊ အနှစ်မဲ့စွာ ကျွန်ုပ် မကြာခဏ ကိုယ်ရည်သွေးခဲ့ပြီး မိမိကိုယ်ကိုယ် ကြွားဝါခဲ့သည်။ ပြီးလျှင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ အယူအဆများကို ဟောပြောဖို့ အရည်အသွေးအား သမ္မာတရား၏ စစ်မှန်မှု ရှိခြင်းအဖြစ် ကျွန်ုပ် မှတ်ယူခဲ့ပေ။ အမှုအရာများကို ကျွန်ုပ်၏ ကိုယ်ပိုင်နည်းလမ်းဖြင့် လုပ်ဆောင်ရင်း အလုပ်လုပ်ဖို့ ကျွန်ုပ်၏ စိတ်အားထက်သန်မှုအပေါ် မှီခိုခဲ့သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ပေ။ ကျွန်ုပ်သည် ဖာရိရှဲများ ကဲ့သို့ သီလကြောင် ဖြစ်ခဲ့သော်လည်း ကျွန်ုပ် ဝိညာဉ်ရေးရာ ပြည့်ဝသည်ဟု တွေးထင်ခဲ့။ ဘုရားသခင်၏ တရားစီရင်ခြင်းမရှိဘဲ မည်သည့်အဆင့်ထိ နှစ်မြှုပ်ခဲ့ပြီကို ကျွန်ုပ် မသိပေ။

၃ ဘုရားသခင်၏ အဖန်ဖန် တရားစီရင်ခြင်းနှင့် စမ်းသပ်မှုများနောက်တွင် သမ္မာတရားကို လိုက်စားခြင်းမရှိဘဲ စိတ်အားထက်သန်မှုဖြင့် အလုပ်လုပ်ခြင်းက အချည်းနှီး အားထုတ်ကြိုးပမ်းမှု သက်သက်ဖြစ်သည်ကို ကျွန်ုပ် နောက်ဆုံးတွင် နားလည်ရသည်။ စကားနှင့် အလုပ်တို့တွင် လှည့်ဖြားမှုဖြင့် ပြည့်နေပြီး ကျွန်ုပ်သည် ရိုးသားသော လူတစ်ဦး မဟုတ်ခဲ့ပေ။ ကျွန်ုပ်မှာ အပြုအမူကောင်း မည်မျှ ပြုပြီးဖြစ်ပါစေ၊ ယင်းသည် ကျွန်ုပ်၏စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုနှင့် မတူပေ။ ဘုရားသခင်အပေါ် ရိုသေလေးမြတ်ခြင်း သို့မဟုတ် နာခံခြင်း မရှိဘဲ၊ ကျွန်ုပ်သည် သူ့ကို ခုခံဆဲဖြစ်ပေမည်။ ဘုရားသခင်၏ နိုင်ငံတော်က သန့်ရှင်းသည်။ ယင်းသည် အဘယ်သို့ ဖောက်ပြန်ပျက်စီးသော လူတို့ကို ဝင်ခွင့်ပေးနိုင်မည်နည်း။ သူတော်ကောင်းယောင်ဆောင်ခြင်းက ဘုရားသခင်ကို ခုခံခြင်းနှင့် ပတ်သက်သော သမ္မာတရားကို မဖုံးကွယ်နိုင်ပေ။ သမ္မာတရား၏ စစ်မှန်မှုမရှိဘဲ၊ ဘုရားသခင်၏မျက်မှောက်တော်တွင် အသက်ရှင်ဖို့ ကျွန်ုပ် မထိုက်တန်ပေ။ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့အလို့ငှာ သမ္မာတရားနှင့်အသက်တို့ကို လိုက်စားဖို့ ကျွန်ုပ် စိတ်တင်းပေ။

အရှေ့သို့- ၂၃၀ ဘုရားသခင်၏ နှုတ်ကပတ်တော်များထံမှ ဘယ်နေရာကိုမှထွက်မသွား

နောက်တစ်ခုသို့- ၂၃၂ ဘုရားသခင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးလေပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။