လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

လက်တွေ့ကျသော ဘုရားသခင်နှင့်ပတ်သက်၍ သင် မည်သည့်အရာကို သိသင့်သနည်း။ ဝိညာဉ်တော်၊ ဇာတိအဖြစ်တော်နှင့် နှုတ်ကပတ်တော်တို့သည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို ဖွဲ့စည်းထားပြီး ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သော အဓိပ္ပာယ် ဖြစ်သည်။ သင်သည် ဤဇာတိအဖြစ်တော်ကိုသာ သိရှိပါက၊ ကိုယ်တော်၏ နေ့စဉ် အလေ့အထများနှင့် ပင်ကိုစရိုက်တို့ကို သိသော်လည်း ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် လူ့ဇာတိ၌ ဝိညာဉ်တော် လုပ်ဆောင်သည့်အရာကို သင်မသိပါက၊ ပြီးလျှင် သင်သည် ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်ကိုသာ အာရုံစိုက်ပြီး ဝိညာဉ်တော်ရှေ့၌သာ ဆုတောင်းသော်လည်း လက်တွေ့ကျသော ဘုရားသခင်၌ရှိသည့် ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်ကို သင်မသိပါက ဤသည်မှာ သင်သည် လက်တွေ့ကျသော ဘုရားသခင်ကို မသိကြောင်း သက်သေပြနေဆဲ ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်ကို သိကျွမ်းခြင်းတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သိရှိခြင်းနှင့် တွေ့ကြုံခြင်းအပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော နိယာမများနှင့် စည်းမျဉ်းများကို သဘောပေါက်ခြင်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် လူ့ဇာတိ၌ မည်သို့ အလုပ်လုပ်သည်ကို သဘောပေါက်ခြင်းတို့ ပါဝင်သည်။ လူ့ဇာတိ၌ရှိသော ဘုရားသခင်၏ လုပ်ဆောင်ချက်တိုင်းသည် ဝိညာဉ်တော်၏ ညွှန်ကြားခြင်းကို ခံရကြောင်းနှင့် ကိုယ်တော် မိန့်ဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်ဖြစ်ကြောင်း သိရှိခြင်းလည်း ယင်းတွင် ပါဝင်သည်။ သို့ဖြစ်၍ လက်တွေ့ကျသော ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်သည် လူ့သဘာဝနှင့် ဘုရား၏သဘောသဘာဝတို့၌ မည်သို့ အလုပ်လုပ်သည်ကို သိရှိရန်မှာ အရေးအကြီးဆုံး ဖြစ်သည်၊ သို့ဖြစ်၍ ဤအရာက လူအားလုံး ထိတွေ့ဆက်ဆံရသည့် ဝိညာဉ်တော်၏ ဖော်ပြချက်များနှင့် ဆက်စပ်နေလေသည်။

ဝိညာဉ်တော်၏ ဖော်ပြချက်များတွင် မည်သည့် ကဏ္ဍများ ပါဝင်သနည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူ့သဘာဝ၌ အလုပ်လုပ်ပြီး တစ်ခါတစ်ရံတွင် ဘုရား၏သဘောသဘာဝ၌ အလုပ်လုပ်သော်လည်း အခြေအနေ နှစ်ရပ်လုံးတွင် ဝိညာဉ်တော်က ညွှန်ကြားလေသည်။ ထိုဇာတိအဖြစ်တော်၏ ပြင်ပ ဖော်ပြချက်သည် ကိုယ်တော်၏အထဲ၌ရှိသော ဝိညာဉ်တော်အပေါ် မူတည်သည်။ ဝိညာဉ်တော်သည် ပုံမှန် အလုပ်လုပ်သော်လည်း ဝိညာဉ်တော်က ညွှန်ကြားခြင်းကို ကိုယ်တော်ခံရမှုတွင် အပိုင်းနှစ်ပိုင်း ရှိသည်။ အပိုင်းတစ်ပိုင်းမှာ လူ့သဘာဝ၌ ကိုယ်တော်၏ အလုပ်ဖြစ်ပြီး အခြားတစ်ပိုင်းမှာ ဘုရား၏သဘောသဘာဝမှတစ်ဆင့် ကိုယ်တော်၏ အလုပ် ဖြစ်သည်။ ဤအရာကို သင် ရှင်းလင်းစွာ သိသင့်သည်။ ဝိညာဉ်တော်၏ အလုပ်သည် အခြေအနေများအပေါ် မူတည်၍ ကွဲပြားသည်။ ကိုယ်တော်၏ လူ့သဘာဝက အလုပ်လုပ်ရန် လိုအပ်သည့်အခါ ဤအလုပ်ကို လုပ်ဆောင်ရန် ဤလူ့သဘာဝကို ဝိညာဉ်တော်က ညွှန်ကြားပြီး ကိုယ်တော်၏ ဘုရား၏သဘောသဘာဝက အလုပ်လုပ်ရန် လိုအပ်သည့်အခါ ယင်းကို လုပ်ဆောင်ရန် ဘုရား၏သဘောသဘာဝက တိုက်ရိုက် ထွက်ပေါ်လာသည်။ ဘုရားသခင်သည် လူ့ဇာတိ၌ အလုပ်လုပ်ပြီး လူ့ဇာတိ၌ ပေါ်ထွန်းသောကြောင့် ကိုယ်တော်သည် လူ့သဘာဝ၌ရော ဘုရား၏သဘောသဘာဝ၌ပါ အလုပ်လုပ်သည်။ လူ့သဘာဝ၌ ကိုယ်တော်၏ အလုပ်သည် ဝိညာဉ်တော်၏ ညွှန်ကြားခြင်းကို ခံရပြီး လူတို့၏ ဇာတိပကတိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ကိုယ်တော်နှင့် ၎င်းတို့၏ ထိတွေ့ဆက်ဆံမှုကို လွယ်ကူချောမွေ့စေရန်၊ ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် ပုံမှန်ဖြစ်မှုတို့ကို ၎င်းတို့အား မြင်တွေ့ခွင့်ပေးရန်အပြင် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိ၌ ကြွလာပြီး လူသားတို့အလယ်တွင် ရှိကာ လူသားနှင့်အတူ နေထိုင်ပြီး လူသားနှင့် ထိတွေ့ဆက်ဆံကြောင်းကို ၎င်းတို့အား မြင်တွေ့ခွင့်ပေးရန်အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသဘောသဘာဝ၌ ကိုယ်တော်၏ အလုပ်သည် လူတို့၏ အသက်များကို ထောက်ပံ့ပေးရန်နှင့် အရာရာတိုင်းတွင် လူတို့ကို အပြုသဘောဆောင်သောဘက်မှ လမ်းပြပေးရန်၊ လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲပေးရန်နှင့် လူ့ဇာတိ၌ ဝိညာဉ်တော်၏ ပေါ်ထွန်းခြင်းကို ၎င်းတို့အား အမှန်တကယ် မြင်တွေ့ခွင့်ပေးရန်အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ အဓိကအားဖြင့် လူ၏ အသက် ကြီးထွားရင့်ကျက်မှုသည် ဘုရားသဘောသဘာဝရှိ ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များမှတစ်ဆင့် တိုက်ရိုက် ဖြစ်မြောက်အောင်မြင်ခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသဘောသဘာဝ၌ ဘုရားသခင်၏ အလုပ်ကို လက်ခံမှသာလျှင် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှုများကို ဖြစ်မြောက်အောင်မြင်နိုင်ပြီး ထိုအခါမှသာ ၎င်းတို့၏ ဝိညာဉ်ထဲတွင် ရောင့်ရဲနိုင်ကြသည်။ ဤအရာအပြင် လူ့သဘာဝရှိ အလုပ်ဖြစ်သည့် လူ့သဘာဝ၌ ဘုရားသခင်၏ ထိန်းကျောင်းခြင်း၊ ဖေးမခြင်းနှင့် ထောက်ပံ့ခြင်းတို့ ရှိမှသာလျှင် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော ရလဒ်များကို အပြည့်အဝ ဖြစ်မြောက်အောင်မြင်နိုင်လေသည်။ ယနေ့ခေတ်၌ ပြောဆိုနေသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်သည် လူ့သဘာဝ၌ရော ဘုရား၏သဘောသဘာဝ၌ပါ အလုပ်လုပ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှတစ်ဆင့် ကိုယ်တော်၏ ပုံမှန် လူ့သဘာဝ အလုပ်နှင့် အသက်တာအပြင် ကိုယ်တော်၏ စုံလင်သော ဘုရား၏သဘောသဘာဝ အလုပ်တို့ကို ဖြစ်မြောက်အောင်မြင်လေသည်။ ကိုယ်တော်၏ လူ့သဘာဝနှင့် ဘုရားသဘောသဘာဝတို့သည် တစ်သားတည်း ပေါင်းစပ်ထားပြီး နှစ်ခုလုံး၏ အလုပ်ကို နှုတ်ကပတ်တော်များမှတစ်ဆင့် ပြီးမြောက်စေသည်။ လူ့သဘာဝ၌ဖြစ်စေ၊ ဘုရားသဘောသဘာဝ၌ဖြစ်စေ ကိုယ်တော်သည် နှုတ်ကပတ်တော်များကို မိန့်မြွက်လေသည်။ ဘုရားသခင်သည် လူ့သဘာဝ၌ အလုပ်လုပ်သောအခါ လူတို့ ပို၍ လွယ်ကူစွာ ထိတွေ့ဆက်ဆံနိုင်ပြီး နားလည်နိုင်စေရန်အလို့ငှာ ကိုယ်တော်သည် လူ့သဘာဝ၏ ဘာသာစကားကို ပြောဆိုသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ရှင်းလင်းစွာ ပြောဆိုထားပြီး နားလည်ရလွယ်ကူသဖြင့် ယင်းတို့ကို လူအားလုံးထံ ထောက်ပံ့ပေးနိုင်သည်။ လူတို့သည် အသိပညာ ရှိသည်ဖြစ်စေ၊ ထိုမျှပညာမတတ်သည်ဖြစ်စေ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရရှိနိုင်ကြသည်။ ဘုရားသဘောသဘာဝရှိ ဘုရားသခင်၏ အလုပ်ကို နှုတ်ကပတ်တော်များမှတစ်ဆင့်လည်း လုပ်ဆောင်သော်လည်း ယင်းသည် ထောက်ပံ့မှုနှင့် ပြည့်ဝသည်၊ အသက်နှင့် ပြည့်ဝသည်၊ လူသား၏ စိတ်ကူးများ ရောနှောနေခြင်းမရှိ၊ လူသား၏ နှစ်သက်မှုများ မပါဝင်သည့်အပြင် လူ့သဘာဝ၏ ကန့်သတ်ချက်များကိုလည်း မခံရပေ။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ မည်သည့် ဘောင်ခတ်ခြင်းများမှမဆို ကင်းလွတ်သည်။ ယင်းကို လူ့ဇာတိ၌လည်း လုပ်ဆောင်သော်လည်း ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ လူတို့သည် လူ့သဘာဝ၌ ဘုရားသခင်၏ အလုပ်ကိုသာ လက်ခံပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို သီးခြား နယ်ပယ်တစ်ခုအတွင်း၌သာ ကန့်သတ်ထားကြလိမ့်မည်ဖြစ်ပြီး သို့ဖြစ်၍ ၎င်းတို့၌ အနည်းငယ်သော ပြောင်းလဲမှုတစ်ခု ရှိလာစေရန်အတွက်ပင် နှစ်ရှည်လများ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ လိုအပ်လိမ့်မည် ဖြစ်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် မျက်မှောက်တော် မရှိပါက ၎င်းတို့သည် မိမိတို့၏ နည်းလမ်းဟောင်းများကို အမြဲတစေ ပြန်လည်ကျင့်သုံးကြလိမ့်မည် ဖြစ်သည်။ ဤပျော့ကွက်နှင့် ချို့ယွင်းချက်ကို ကုစားပေးပြီး လူတို့ကို စုံလင်စေသည်မှာ ဘုရားသဘောသဘာဝ၏ အလုပ်မှတစ်ဆင့် ဖြစ်သည်။ အဆက်မပြတ် ပြုပြင်ခြင်းအစား လိုအပ်သည့်အရာမှာ အပြုသဘောဆောင်သော ထောက်ပံ့မှု ဖြစ်ပြီး ချို့ယွင်းချက်အားလုံးကို ဖြည့်ဆည်းပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၊ လူတို့၏ အခြေအနေတိုင်းကို ထုတ်ဖော်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၊ ၎င်းတို့၏ အသက်တာများ၊ ၎င်းတို့၏ မိန့်မြွက်ချက်တိုင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်တိုင်းကို ညွှန်ကြားရန်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လှုံ့ဆော်မှုများကို ဖွင့်ချရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းတို့ ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ် ဖြစ်သည်။ သို့ဖြစ်၍ လက်တွေ့ကျသော ဘုရားသခင်အပေါ် သင်၏ သဘောထားတွင် ကိုယ်တော့်ကို အသိအမှတ်ပြုပြီး လက်ခံလျက် ကိုယ်တော်၏ လူ့သဘာဝရှေ့၌ သင် ကျိုးနွံနာခံသင့်ကာ ဘုရားသဘောသဘာဝ၌ ကိုယ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို သင် သာ၍ပင် လက်ခံကာ ကျိုးနွံနာခံသင့်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းဆိုသည်မှာ ဘုရားဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော်များ အားလုံးကို ကိုယ်တော်၏ ပုံမှန် လူ့သဘာဝမှတစ်ဆင့်လည်းကောင်း၊ လူ့ဇာတိခံယူထားသော ကိုယ်တော်၏ လူ့ဇာတိမှတစ်ဆင့်လည်းကောင်း လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်လုပ်ဆောင်ရန် ကိုယ်တော်၏ လူ့သဘာဝကို ညွှန်ကြားသည့် တစ်ချိန်တည်းမှာပင် လူ့ဇာတိ၌ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်ပြီး လူ့ဇာတိခံယူသည့် ဘုရားသခင်၌ လူ့သဘာဝတွင်ရှိသော ဘုရားသခင်၏ အလုပ်နှင့် စုံလင်သော ဘုရားသဘောသဘာဝတွင်ရှိသော ကိုယ်တော်၏ အလုပ် နှစ်ခုလုံးကို သင် မြင်တွေ့နိုင်သည်။ ဤသည်မှာ လူ့ဇာတိ၌ လက်တွေ့ကျသော ဘုရားသခင် ပေါ်ထွန်းခြင်း၏ အမှန်တကယ် အရေးပါမှု ဖြစ်သည်။ သင်သည် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်ပါက ဘုရားသခင်၏ မတူညီသော အစိတ်အပိုင်းများ အားလုံးကို သင် ဆက်စပ်နိုင်လိမ့်မည်။ ဘုရားသဘောသဘာဝ၌ ကိုယ်တော်၏ အလုပ်ကို အလွန်အကျွံ အရေးပေးခြင်းကို သင် ရပ်တန့်လိမ့်မည်ဖြစ်ပြီး လူ့သဘာဝ၌ ကိုယ်တော်၏ အလုပ်ကို အလွန်အကျွံ အထင်သေးမှုဖြင့် ရှုမြင်ခြင်းကို သင် ရပ်တန့်လိမ့်မည်ဖြစ်ကာ သင်သည် အစွန်းရောက်မည် မဟုတ်သည့်အပြင် မည်သည့် လမ်းလွဲကိုမျှ လိုက်မည်မဟုတ်ပေ။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အဓိပ္ပာယ်မှာ ဝိညာဉ်တော်၏ ညွှန်ကြားသည့်အတိုင်း ကိုယ်တော်၏ လူ့သဘာဝနှင့်ဆိုင်သော အလုပ်နှင့် ကိုယ်တော်၏ ဘုရား၏သဘောသဘာဝနှင့်ဆိုင်သော အလုပ်တို့ကို ကိုယ်တော်၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်ပြီး ထိုသို့ဖြင့် ကိုယ်တော်သည် သက်ဝင်လှုပ်ရှားပြီး အသက်ရှင်ကြောင်း၊ စစ်မှန်ပြီး အမှန်တကယ် ဖြစ်ကြောင်းကို လူတို့ မြင်တွေ့နိုင်ကြလေသည်။

လူ့သဘာဝရှိ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်တွင် အကူးအပြောင်း ကာလတစ်ခု ရှိသည်။ လူ့သဘာဝကို စုံလင်အောင်ပြုခြင်းအားဖြင့် ကိုယ်တော်၏ လူ့သဘာဝကို ဝိညာဉ်တော်၏ ညွှန်ကြားခြင်း ခံရနိုင်စေပြီး ထိုနောက်တွင် ကိုယ်တော်၏ လူ့သဘာဝသည် အသင်းတော်များကို ထောက်ပံ့ပေးနိုင်ကာ ထိန်းကျောင်းနိုင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ ပုံမှန် အလုပ်နှင့်ဆိုင်သော ဖော်ပြချက်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ လူ့သဘာဝ၌ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော စည်းမျဉ်းများကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက လူ့သဘာဝ၌ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ အယူအဆများ ထားရှိရန် မဖြစ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ဝိညာဉ်တော်သည် မမှားနိုင်ပေ။ ကိုယ်တော်သည် မှန်ကန်ပြီး အမှားကင်းလေသည်၊ ကိုယ်တော်သည် မည်သည့်အရာကိုမျှ မှားယွင်းစွာ မလုပ်ဆောင်ပေ။ ဘုရားသဘောသဘာဝရှိ အလုပ်သည် လူ့သဘာဝ၏ အနှောင့်အယှက်မပါဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ ယင်းသည် စုံလင်အောင် ပြုလုပ်ခြင်းကို မခံရဘဲ ဝိညာဉ်တော်ထံမှ တိုက်ရိုက် လာလေသည်။ သို့သော် ကိုယ်တော်သည် ဘုရားသဘောသဘာဝ၌ အလုပ်လုပ်သည့်တိုင် ယင်းမှာ ကိုယ်တော်၏ ပုံမှန် လူ့သဘာဝကြောင့်လည်း ဖြစ်သည်၊ ယင်းသည် သဘာဝလွန်ခြင်း အလျှင်းမရှိဘဲ ပုံမှန်လူတစ်ဦးက လုပ်ဆောင်သည့်အလား ထင်ရလေသည်။ ဘုရားသခင်သည် လူ့ဇာတိမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြရန်၊ ဆိုလိုသည်မှာ လူ့ဇာတိအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်ကို ပြီးမြောက်စေရန်အလို့ငှာ အဓိကအားဖြင့် ကောင်းကင်ဘုံမှ မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။

ယနေ့ခေတ်တွင် လက်တွေ့ကျသော ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အသိသည် တစ်ဖက်သတ်ဆန်လွန်းနေဆဲဖြစ်ပြီး လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့်ပတ်သက်သည့် ၎င်းတို့၏ နားလည်မှုမှာလည်း နည်းပါးလွန်းနေဆဲ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်တွင် အလွန်များပြားစွာ ပါဝင်ကြောင်းနှင့် ကိုယ်တော်သည် အလွန် ကြွယ်ဝကြောင်းကို ကိုယ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့ မြင်တွေ့ကြရသည်။ သို့တိုင်အောင် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ သက်သေခံချက်သည် အဆုံးတွင် ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ လာလေသည်၊ ယင်းမှာ လူ့ဇာတိ၌ ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ ကိုယ်တော် အလုပ်လုပ်သည့် စည်းမျဉ်းများ၊ လူ့သဘာဝ၌ ကိုယ်တော် လုပ်ဆောင်သည့်အရာနှင့် ဘုရားသဘောသဘာဝ၌ ကိုယ်တော် လုပ်ဆောင်သည့်အရာတို့ ဖြစ်သည်။ လူတို့သည် ဤအရာနှင့်ပတ်သက်၍ အသိ ရှိရမည်။ ယနေ့တွင် သင်သည် ဤဇာတိအဖြစ်တော်ကို ကိုးကွယ်နိုင်သော်လည်း အနှစ်သာရအားဖြင့် သင်သည် ဝိညာဉ်တော်ကို ကိုးကွယ်နေခြင်းဖြစ်ပြီး ထိုအရာမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အသိတွင် လူတို့ အနည်းဆုံးအနေဖြင့် ဖြစ်မြောက်အောင်မြင်သင့်သည့်အရာ ဖြစ်သည်။ လူ့ဇာတိအားဖြင့် လူတို့သည် ဝိညာဉ်တော်၏ အနှစ်သာရကို သိရှိလာကြသည်၊ လူ့ဇာတိ၌ ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝအလုပ်နှင့် လူ့ဇာတိ၌ လူ့သဘာဝ အလုပ်တို့ကို သိရှိလာကြသည်၊ လူ့ဇာတိ၌ ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ အားလုံးကို လက်ခံလာကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိကို မည်သို့ ညွှန်ကြားကာ လူ့ဇာတိ၌ ကိုယ်တော်၏ တန်ခိုးကို မည်သို့ ထုတ်ဖော်သည်ကို မြင်တွေ့လာကြသည်။ ဆိုလိုသည်မှာ လူသားသည် လူ့ဇာတိမှတစ်ဆင့် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်ကို သိရှိလာခြင်း ဖြစ်သည်၊ လူသားတို့အလယ်တွင် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင် ပေါ်ထွန်းခြင်းက လူတို့၏ အယူအဆများထဲမှ မရေရာသော ဘုရားကို ဖယ်ရှားပေးပြီး ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို လူတို့ ကိုးကွယ်ခြင်းက ဘုရားသခင်အပေါ် ၎င်းတို့၏ ကျိုးနွံနာခံခြင်းကို တိုးပွားစေခဲ့ပြီး လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝ အလုပ်နှင့် လူ့ဇာတိ၌ ကိုယ်တော်၏ လူ့သဘာဝ အလုပ်တို့မှတစ်ဆင့် လူသားသည် ဗျာဒိတ်တော်ကို ရရှိကာ ထိန်းကျောင်းခြင်း ခံရပြီး လူသား၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုများကို အောင်မြင်ရရှိလေသည်။ ဤသည်မှာ လူ့ဇာတိ၌ ဝိညာဉ်တော် ကြွလာခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်ပြီး ယင်း၏ အဓိက ရည်ရွယ်ချက်မှာ လူတို့သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံနိုင်ရန်၊ ဘုရားသခင်ကို မှီခိုနိုင်ရန်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်းသို့ ရောက်ရှိနိုင်ရန် ဖြစ်သည်။

အဓိကအားဖြင့် လူတို့သည် လက်တွေ့ကျသော ဘုရားသခင်အပေါ် မည်သည့် သဘောထား ရှိကြသနည်း။ လူ့ဇာတိခံယူခြင်း၊ လူ့ဇာတိ၌ နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်း၊ လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သင် မည်သည့်အရာကို သိသနည်း။ ယနေ့ ဆွေးနွေးမှု၏ အဓိက အကြောင်းအရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ လူ့ဇာတိခံယူခြင်း၊ လူ့ဇာတိ၌ နှုတ်ကပတ်တော် ကြွလာခြင်းနှင့် လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းတို့သည် နားလည်ရမည့် ကိစ္စရပ်များ အားလုံး ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုအပေါ် အခြေခံ၍လည်းကောင်း၊ ခေတ်ကာလအပေါ် အခြေခံ၍လည်းကောင်း သင်တို့၏ အသက်တာ အတွေ့အကြုံတွင် သင်တို့သည် တဖြည်းဖြည်းချင်း ဤကိစ္စရပ်များကို နားလည်ပြီး ယင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းသော အသိတစ်ခု ရှိလာရမည်။ လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံသည့် လုပ်ငန်းစဉ်သည် လူ့ဇာတိ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပေါ်ထွန်းခြင်းကို ၎င်းတို့ သိရှိလာသည့် လုပ်ငန်းစဉ် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ တွေ့ကြုံလေလေ၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ပို၍ သိရှိလေလေ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းမှတစ်ဆင့် လူတို့သည် ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော စည်းမျဉ်းများကို သဘောပေါက်ကြပြီး လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို သိရှိလာကြသည်။ အမှန်တွင် ဘုရားသခင်က လူတို့ကို စုံလင်အောင်ပြုလုပ်ပြီး ၎င်းတို့ကို ရယူသောအခါ ကိုယ်တော်သည် လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့အား သိခွင့်ပေးနေခြင်း ဖြစ်သည်၊ လူ့ဇာတိခံယူခြင်း၏ လက်တွေ့ကျသော အရေးပါမှုကို လူတို့အား ပြသရန်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားရှေ့၌ အမှန်တကယ် ပေါ်ထွန်းပြီးဖြစ်ကြောင်းကို ၎င်းတို့အား ပြသရန်အလို့ငှာ ကိုယ်တော်သည် လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်ကို အသုံးပြုနေခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်အောင်ပြုခြင်းကို ခံရသောအခါ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ ဖော်ပြချက်များက ၎င်းတို့ကို သိမ်းပိုက်ပြီးဖြစ်ကြောင်းနှင့် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ၎င်းတို့သည် ပြောင်းလဲခြင်းခံရပြီးဖြစ်ကာ ကိုယ်တော်၏ အသက်ကို ၎င်းတို့အထဲ၌ သွတ်သွင်းပြီးဖြစ်လျက် ကိုယ်တော်၏ ဖြစ်ခြင်းဖြင့် (ယင်းမှာ ကိုယ်တော်၏ လူ့သဘာဝ၌ ကိုယ်တော်၏ ဖြစ်ခြင်းဖြစ်စေ၊ ကိုယ်တော်၏ ဘုရားသဘောသဘာဝ၌ ကိုယ်တော်၏ ဖြစ်ခြင်းဖြစ်စေ ဖြစ်သည်။) ၎င်းတို့ကို ပြည့်ဝစေလျက် ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရဖြင့် ၎င်းတို့ကို ပြည့်ဝစေပြီး လူတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင် နေထိုင်စေကြောင်း ဆိုလိုသည်။ ဘုရားသခင်သည် လူတို့ကို ရယူသောအခါ အဓိကအားဖြင့် လူတို့၏ ချို့ယွင်းချက်များကို ပြုပြင်ရန်နှင့် ၎င်းတို့၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ပြီး ဖော်ထုတ်ရန် နည်းလမ်းတစ်ခုအဖြစ် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များကို အသုံးပြုခြင်းအားဖြင့် ထိုသို့ လုပ်ဆောင်ကာ ၎င်းတို့ လိုအပ်သည့်အရာကို ၎င်းတို့အား ရရှိစေပြီး ဘုရားသခင်သည် လူသားတို့အလယ် ကြွလာပြီးဖြစ်ကြောင်းကို ၎င်းတို့အား ပြသလေသည်။ အရေးအကြီးဆုံးမှာ လက်တွေ့ကျသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်သည် လူတိုင်းကို စာတန်၏ စွမ်းအားမှ ကယ်တင်ခြင်း၊ ညစ်ညူးသော မြေမှ ၎င်းတို့ကို ကယ်ထုတ်ခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမြစ်ပြတ် ဖယ်ရှားခြင်း အလုပ် ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ ရယူခြင်းခံရမှု၏ အနက်ရှိုင်းဆုံးသော အရေးပါမှုမှာ လက်တွေ့ကျသော ဘုရားသခင်ကို စံနမူနာတစ်ခုနှင့် စံပုံစံတစ်ခုအဖြစ်ထားလျက် ပုံမှန် လူ့သဘာဝကို အသက်ရှင် နေထိုင်နိုင်ခြင်းနှင့် အနည်းငယ်မျှ သွေဖည်ခြင်း သို့မဟုတ် လမ်းလွဲခြင်းမရှိဘဲ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ ကိုယ်တော် မိန့်ဆိုသမျှအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိုယ်တော် တောင်းဆိုသမျှကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်းတို့ ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရသောအခါ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ရုံသာမက အဓိကအားဖြင့် သင်သည် လက်တွေ့ကျသော ဘုရားသခင်၏ တောင်းဆိုချက်များကို အသက်ရှင် နေထိုင်နိုင်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိရုံမျှဖြင့် သင်၌ အသက် ရှိသည်ဟု မဆိုလိုပေ။ အခရာမှာ သင်သည် သင့်အပေါ်ထားရှိသော လက်တွေ့ကျသော ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူနိုင်ခြင်း ရှိမရှိဟူသည်ဖြစ်ပြီး ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ခြင်း ရှိမရှိဟူသည်နှင့် ဆက်စပ်နေသည်။ ဤအရာများသည် လူ့ဇာတိ၌ လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော အကြီးမားဆုံး အဓိပ္ပာယ် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိ၌ အမှန်တကယ်နှင့် လက်တွေ့ကျကျ ပေါ်ထွန်းသည်၊ သက်ဝင်လှုပ်ရှားပြီး အသက်ရှင်လျက် လူတို့ကို ကိုယ်တော်အား မြင်တွေ့ခွင့်ပေးကာ လူ့ဇာတိ၌ ဝိညာဉ်တော်၏ အလုပ်ကို လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်ပြီး ဇာတိပကတိ၍ လူတို့အတွက် စံပြတစ်ခုအဖြစ် ပြုမူကာ ထိုအရာအားဖြင့် ကိုယ်တော်သည် လူတစ်စုကို ရယူလေသည်။ လူ့ဇာတိ၌ ဘုရားသခင် ကြွလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို လူတို့အား မြင်တွေ့နိုင်စေရန်နှင့် ပုံသဏ္ဌာန်မဲ့သော ဝိညာဉ်တော်ကို လူ့ဇာတိ၌ အကောင်အထည်ဖော်ရန် ရည်ရွယ်ပြီး ထိုသို့ဖြင့် လူတို့သည် ကိုယ်တော့်ကို မြင်တွေ့နိုင်ကာ ထိတွေ့နိုင်ကြလေသည်။ ဤနည်းအားဖြင့်သာ ကိုယ်တော်၏ စုံလင်စေခြင်းကို ခံရသူများသည် ကိုယ်တော် အသက်ရှင် နေထိုင်သည့်အရာကို အသက်ရှင် နေထိုင်ကြလိမ့်မည်၊ ကိုယ်တော်၏ ရယူခြင်းကို ခံရကြလိမ့်မည်ဖြစ်ပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌သာ စကားပြောဆိုပြီး မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခဲ့ခြင်း မရှိပါက လူတို့သည် ဘုရားသခင်ကို သိကျွမ်းနိုင်စွမ်း မရှိကြသေးဘဲ ဖြစ်လိမ့်မည်၊ ၎င်းတို့သည် အနှစ်မဲ့သော သဘောတရားကို အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကိုသာ ဟောပြောနိုင်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျမှုအဖြစ် ရရှိကြလိမ့်မည် မဟုတ်ပေ။ မြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခြင်း၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် ကိုယ်တော် ရယူမည့်သူများအတွက် ကိုယ်တော်တိုင်ကို စံနမူနာတစ်ခုနှင့် စံပုံစံတစ်ခုအဖြစ် တည်ထောင်ရန် ဖြစ်သည်၊ ထိုသို့ဖြင့်သာ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် သိရှိနိုင်သည်၊ ဘုရားသခင်ကို ထိတွေ့နိုင်ပြီး ကိုယ်တော့်ကို မြင်တွေ့နိုင်ကာ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရနိုင်လေသည်။

အရှေ့သို့- ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း

နောက်တစ်ခုသို့- သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် လက်တွေ့ကျမှု ပိုင်ဆိုင်ခြင်းဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။