လက်တွေ့လုပ်ဆောင်ခြင်း (၅)

ကျေးဇူးတော်ခေတ်အတောအတွင်း၌ ယေရှုသည် နှုတ်ကပတ်တော်အချို့ကို မိန့်မြွက်ခဲ့ပြီး အမှု၏အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ယင်းတို့အားလုံး၌ ဆက်စပ်အကြောင်းအရာတစ်ခုရှိခဲ့၏၊ ထို့ပြင် ယင်းတို့အားလုံးက ထိုအချိန်ကာလမှ လူတို့၏အခြေအနေများအတွက် သင့်လျော်ခဲ့ကြလေသည်၊ ယေရှုသည် ထိုအချိန်ကာလမှ ဆက်စပ်အကြောင်းအရာနှင့် လိုက်လျောညီထွေရှိရှိ ပြောဆိုလုပ်ကိုင်ခဲ့သည်။ ပရောဖက်ပြုချက်အချို့ကိုလည်း သူပြောဆိုခဲ့၏။ သမ္မာတရား၏ ဝိညာဉ်တော်သည် နောက်ဆုံးသောကာလအတောအတွင်းတွင် ကြွလာမည်ဖြစ်ပြီး၊ အမှု၏အဆင့်တစ်ဆင့်ကို လုပ်ဆောင်မည်ဖြစ်ကြောင်းကို သူပရောဖက်ပြုခဲ့၏။ ထိုခေတ်အတောအတွင်း၌ သူကိုယ်တိုင်လုပ်ကိုင်ခဲ့ရမည့် အမှုထက်ပို၍ ဘာကိုမျှ သူနားမလည်ခဲ့ဟု ဆိုလိုသည်၊ လူ့ဇာတိခံယူသော ဘုရားသခင်က ယူဆောင်လာခဲ့သည့် အမှုသည် တစ်နည်းဆိုရသော် အကန့်အသတ်ရှိသည်။ ဤအကြောင်းကြောင့် သူရှိနေသောခေတ်၏ အမှုကိုသာ သူလုပ်ကိုင်ပြီး သူနှင့်ဆက်နွှယ်မှုမရှိသည့် အခြားအမှုကို မလုပ်ကိုင်ပေ။ ထိုအချိန်ကာလတွင် ယေရှုသည် ခံစားမှုများ၊ သို့မဟုတ် ရူပါရုံများနှင့်အညီ အမှုမပြုခဲ့ဘဲ အချိန်ကာလ၊ ဆက်စပ်အကြောင်းအရာနှင့် လိုက်လျောညီထွေရှိရှိသာ အမှုပြုခဲ့၏။ မည်သူကမျှ သူ့ကို မဦးဆောင်ပေးခဲ့၊ သို့မဟုတ် လမ်းမပြပေးခဲ့ချေ။ သူ့အမှုတစ်ခုလုံးသည် သူ၏ကိုယ်ပိုင်ဖြစ်ခြင်းပင် ဖြစ်ခဲ့သည်- ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဝိညာဉ်တော်က လုပ်ဆောင်ထိုက်သည့် အမှုဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံယူခြင်းက ဆောင်ကြဉ်းပေးခဲ့သည့် အမှုအားလုံးဖြစ်ခဲ့သည်။ ယေရှုသည် သူကိုယ်တိုင်မြင်ခဲ့ပြီး ကြားခဲ့ရသည့်အရာနှင့်အညီသာ အမှုပြုခဲ့သည်။ တစ်နည်းဆိုရလျှင် ဝိညာဉ်တော်သည် တိုက်ရိုက်အမှုပြုခဲ့လေ၏၊ သူ့ထံသို့ တမန်များ ပေါ်လာရန်နှင့် သူ့ကို အိပ်မက်များပေးရန် မလိုအပ်ခဲ့သကဲ့သို့၊ ကြီးစွာသောအလင်းကို သူ့အပေါ်ထွန်းလင်းစေပြီး သူ့ကိုမြင်ခွင့်ပေးရန်လည်း မလိုအပ်ခဲ့ပေ။ သူသည် အထိန်းအချုပ်မရှိဘဲ လွတ်လပ်စွာ အမှုပြုခဲ့သည်၊ ဤသို့ဖြစ်ရခြင်းမှာ သူ၏အမှုသည် ခံစားမှုများအပေါ် အခြေပြုထားခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူအမှုပြုခဲ့သည့်အခါ သူသည် စမ်းတဝါးဝါးနှင့် မှန်းဆလုပ်ခဲ့ခြင်းမဟုတ်ဘဲ၊ သူ၏ကိုယ်ပိုင်အကြံအစည်များနှင့် သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည့် အရာများနှင့်အညီ လုပ်ကိုင်ပြောဆိုရင်း၊ သူ့နောက်ကိုလိုက်ခဲ့ကြသည့် တပည့်တော်တစ်ဦးတစ်ယောက်စီအတွက် လက်ငင်းအထောက်အပံ့ကို စီစဉ်ပေးရင်းဖြင့် အမှုအရာများကို အလွယ်တကူ ပြီးမြောက်စေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏အမှုနှင့် လူတို့၏အလုပ်အကြားရှိ ကွာခြားချက်ပင်ဖြစ်သည်- လူတို့အလုပ်လုပ်သောအခါ ၎င်းတို့သည် သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို ရရှိနိုင်ရန် အခြားသူများက ချထားခဲ့သော အခြေခံအုတ်မြစ်ကို အခြေပြု၍ အစဉ်အမြဲ အတုခိုးလျက် စဉ်းစားချင့်ချိန်လျက်ဖြင့် ရှာဖွေပြီး စမ်းတဝါးဝါး လိုက်လုပ်ကြသည်။ ဘုရားသခင်၏အမှုသည် သူ့ဖြစ်ခြင်း၏ ထောက်ပံ့ပေးခြင်းပင်ဖြစ်သည်၊ ထို့အပြင် သူကိုယ်တိုင်ပြုထိုက်သည့် အမှုကို သူလုပ်ကိုင်သည်။ မည်သည့်လူသား၏အလုပ်မှ အသိပညာကိုမျှ အသုံးပြုပြီး အသင်းတော်အတွက် အထောက်အပံ့များကို သူမစီစဉ်ပေးပေ။ ထိုအစား သူသည် လူတို့၏အခြေအနေများကို အခြေပြု၍ လက်ရှိအမှုကို လုပ်ကိုင်သည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် အမှုပြုခြင်းသည် လူတို့လုပ်ကိုင်သည့် အလုပ်ထက် အဆပေါင်း ထောင်ချီ၍ ပိုလွတ်လပ်ပေသည်။ လူတို့အတွက်မူ ဘုရားသခင်သည် မိမိ၏တာဝန်ဝတ္တရားကို မလိုက်နာဘဲ မိမိစိတ်ကြိုက် အမှုပြုသည်ဟုပင် မြင်ရနိုင်သည်- သို့သော်လည်း သူလုပ်ကိုင်သည့် အမှုအားလုံးသည် အသစ်ဖြစ်၏။ သို့တိုင်အောင် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် မည်သည့်အခါမျှ ခံစားမှုများအပေါ် အခြေမပြုထားသည်ကို သင်သိရမည်။ ထိုအချိန်ကာလက ယေရှုအနေဖြင့် ကားစင်တင်သတ်ခံရခြင်းဖြစ်သည့် သူ၏အမှုကို အပြီးသတ်ခဲ့ပြီးသည့်နောက်၊ ယေရှုနောက်သို့ လိုက်ခဲ့ကြသည့် တပည့်တော်များအနေဖြင့် ၎င်းတို့၏တွေ့ကြုံခြင်း၌ အဆင့်တစ်ခုသို့ ရောက်သွားသောအခါ၊ ဘုရားသခင်၏နေ့ရက်သည် လာနေပြီဖြစ်ကြောင်း၊ ထို့အပြင် မကြာမီတွင် သခင်နှင့် တွေ့ဆုံရမည်ဖြစ်ကြောင်းကို ၎င်းတို့ခံစားခဲ့ကြရသည်။ ယင်းမှာ ၎င်းတို့၌ရှိခဲ့သည့် ခံစားမှုဖြစ်သည်၊ ထို့အပြင် ၎င်းတို့အတွက်မူ ဤခံစားမှုသည် အဆုံးစွန် အရေးပါဆုံးသောအရာဖြစ်ခဲ့၏။ သို့သော် စင်စစ်အားဖြင့် လူတို့အတွင်းရှိ ခံစားမှုများသည် ယုံကြည်အားထား၍ မရပေ။ ၎င်းတို့အနေဖြင့် ၎င်းတို့သည် လမ်းအဆုံးသို့ရောက်ခါနီး ဖြစ်ကောင်းဖြစ်နေနိုင်သည်ဟု ခံစားခဲ့ကြရသည်၊ သို့တည်းမဟုတ် ၎င်းတို့လုပ်ကိုင်ခဲ့သမျှနှင့် ဝေဒနာခံစားခဲ့ရသမျှသည် ဘုရားသခင်က ချမှတ်ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ခံစားခဲ့ကြရသည်။ ပေါလုသည်လည်း သူ့အနေဖြင့် ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီးပြီ၊ တိုက်လှန်ခြင်းကို ပြုပြီးပြီ၊ ထို့အပြင် သူ့အတွက် ဓမ္မသရဖူသည် သိုထားလျက်ရှိပြီဟု ပြောဆိုခဲ့သည်။ ယင်းမှာ သူခံစားခဲ့ရပုံ ဖြစ်သည်၊ ထို့အပြင် သူသည် ဤအရာကို သြဝါဒစာစောင်များတွင် ထည့်ရေးခဲ့ပြီး ထိုစာစောင်များကို အသင်းတော်များထံ ပေးပို့ခဲ့သည်။ ထိုလုပ်ရပ်များသည် အသင်းတော်များအတွက် သူထမ်းဆောင်ထားရသော ဝန်ထုပ်ဝန်ပိုးမှ လာခြင်းဖြစ်သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လျစ်လျူရှုခြင်းကို ခံခဲ့ရ၏။ ထိုစကားများကို ပေါလုပြောခဲ့သောအခါက သူ၌ စိုးရိမ်ပူပန်သည့်စိတ် မရှိခဲ့သကဲ့သို့ မည်သည့်အပြစ်ဆိုခြင်းကိုမျှလည်း မခံစားခဲ့ရပေ၊ ထို့ကြောင့် ထိုအရာများသည် အလွန်သာမန်ကျပြီး အတော်အတန်မှန်ကန်သည်ဟု သူထင်မြင်ယူဆခဲ့သည်၊ ထို့အပြင် ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟုလည်း သူထင်မြင်ယူဆခဲ့၏။ သို့သော် ယနေ့ခေတ်မှ ရှုမြင်ကြည့်ပါက၊ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာခဲ့ခြင်း လုံးဝမဟုတ်ပေ။ ယင်းတို့သည် လူသားတစ်ယောက်၏ အတွေးမှားများသာဖြစ်၏။ လူတို့အတွင်း၌ အတွေးမှားများ အများအပြားရှိ၏၊ ထို့အပြင် ထိုအရာများ ဖြစ်ပွားသောအခါ ဘုရားသခင်သည် ယင်းတို့ကို အာရုံစိုက်မနေပေ၊ သို့မဟုတ် မည်သည့်ထင်မြင်ချက်ကိုမျှ မဖော်ပြပေ။ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ အများစုကို လူတို့၏ခံစားမှုများမှတစ်ဆင့် လုပ်ဆောင်သည်မဟုတ်ချေ- ဘုရားသခင် လူ့ဇာတိမခံယူမီ ခက်ခဲကြမ်းတမ်းပြီး မှောင်မိုက်သည့် အချိန်များမှလွဲ၍၊ သို့တည်းမဟုတ် တမန်တော်များ၊ သို့မဟုတ် အမှုတော်ဆောင်များမရှိသည့် ကာလအပိုင်းအခြားမှလွဲ၍ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ခံစားမှုများအတွင်း အမှုမပြုပေ။ ထိုအဆင့်အတောအတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် လူတို့အား အချို့သော အထူးခံစားမှုများကို ပေးလေသည်။ ဥပမာအားဖြင့်- လူတို့၌ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လမ်းပြမှုမရှိသည့်အချိန်တွင် ၎င်းတို့သည် ဆုတောင်းသောအခါ၌ ပြောမပြနိုင်သော ပျော်ရွှင်သည့်စိတ်ကို ခံစားကြရသည်၊ ၎င်းတို့၏ နှလုံးသားများထဲ၌ သာယာကြည်နူးမှု စိတ်ခံစားချက် ရှိကြ၏၊ ထို့အပြင် ၎င်းတို့သည် ငြိမ်းချမ်း၍ စိတ်သက်သာရာရကြသည်။ ၎င်းတို့၌ နှုတ်ကပတ်တော်များ၏ လမ်းပြမှုရှိသွားသည်နှင့် လူတို့သည် မိမိတို့၏ဝိညာဉ်များ၌ တောက်ပမှုတစ်ခုကို ခံစားကြရ၏၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ရှိကြသည်၊ ထို့အပြင် အလိုအလျောက်ပင် ၎င်းတို့၌ ငြိမ်းချမ်းမှုနှင့် စိတ်သက်သာရာရမှုဟူသည့် ခံစားချက်များလည်း ရှိကြသည်။ လူတို့သည် အန္တရာယ်နှင့် ကြုံကြိုက်သောအခါ၊ သို့မဟုတ် အချို့သောအရာများကို လုပ်ဆောင်ခြင်းမှ ၎င်းတို့ကို ဘုရားသခင်တားသောအခါ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ရတက်မအေးဖြစ်ကြပြီး နေမထိထိုင်မသာဖြစ်ကြသည်။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူကိုပေးသော ခံစားချက်များ လုံးလုံးလျားလျားဖြစ်ကြ၏။ သို့သော်လည်း ရန်လိုသော ပတ်ဝန်းကျင်တစ်ရပ်က လူတို့ကို ထူးခြားစွာ စိုးရိမ်စေပြီး ရှက်ကြောက်စေလျက် ကြောက်ရွံ့ပူပန်မှု အခြေအနေတစ်ရပ်ကို ပေါ်ပေါက်စေပါက၊ ယင်းသည် လူ့သဘာဝ၏ သာမန်ဖော်ပြချက်တစ်ရပ်သာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ဆက်စပ်မှုမရှိပေ။

လူတို့သည် အစဉ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်ခံစားမှုများအလယ်၌သာ နေထိုင်ကြပြီး၊ ထိုသို့နေလာခဲ့ကြသည်မှာလည်း နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများအတွင်း၌ ငြိမ်းချမ်းနေသောအခါ၊ (၎င်းတို့၏ လိုလိုလားလားရှိမှုကို ငြိမ်းချမ်းသော ခံစားချက်အဖြစ် ထင်မြင်ယူဆကြရင်း) ဆောင်ရွက်ပြုမူကြသည်၊ ထို့ပြင် ၎င်းတို့၏စိတ်နှလုံးများအတွင်း၌ ငြိမ်းချမ်းမနေသောအခါ၌မူ၊ (၎င်းတို့၏ စိတ်မပါခြင်း၊ သို့မဟုတ် မနှစ်သက်ခြင်းကို စိုးရိမ်ပူပန်သော ခံစားချက်အဖြစ် ထင်မြင်ယူဆကြရင်း) မဆောင်ရွက်မပြုမူကြပေ။ အကယ်၍ အမှုအရာများက ချောချောမောမော ဖြစ်နေပါက၊ ယင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ (စင်စစ်အားဖြင့် ယင်းမှာ အလွန်ချောချောမောမောနှင့် ဖြစ်ခဲ့သင့်သည့်အရာဖြစ်သည်၊ ယင်းသည် အမှုအရာများ၏ သဘာဝနိယာမ ဖြစ်သောကြောင့်တည်း။) အမှုအရာများက ချောချောမောမော မဖြစ်သောအခါ ယင်းမှာ ဘုရားသခင်၏ အလိုတော်မဟုတ်ဟု ၎င်းတို့က ထင်ကြသည်။ ချောချောမောမောမဖြစ်သည့် တစ်စုံတစ်ရာနှင့် ၎င်းတို့ကြုံကြိုက်ကြရသောအခါ ၎င်းတို့က ရပ်တန့်သွားကြသည်။ ထိုသို့သော ခံစားမှုများသည် တိကျသေချာမှု မရှိပေ၊ ထို့အပြင် ထိုခံစားမှုများနှင့်အညီ ဆောင်ရွက်ပြုမူခြင်းသည် များစွာသော ကြန့်ကြာမှုများကို ဖြစ်စေလိမ့်မည်။ ဥပမာအားဖြင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အခက်အခဲများ သေချာပေါက် ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ရာ၌ အခက်အခဲများ သာ၍ရှိနေလိမ့်မည်။ အပြုသဘောဆောင်သောအရာ အများအပြားကို အကောင်အထည်ဖော်ရန် ခက်ခဲပေလိမ့်မည်။ “ကောင်းမြတ်သောအရာများကို သဘောပေါက်ခြင်းသည် ခက်ခဲသော အခြေအနေများ၏ ရှေ့မှ လာလေ့ရှိ၏” ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏လက်တွေ့အသက်တာများ၌ များလှစွာသော ခံစားမှုများ ရှိနေကြပြီး၊ ယင်းက ၎င်းတို့ကို မကြာခဏပင် ဘာလုပ်ရ၊ ဘာပြောရမှန်းမသိ ဖြစ်နေစေလျက် အမှုအရာအများအပြားနှင့်ပတ်သက်၍ မသေချာမရေရာဘဲ ရှိနေစေ၏။ လူတို့သည် သမ္မာတရားကို နားမလည်နိုင်လျှင် ၎င်းတို့အတွက် မည်သည့်အရာကမျှ မရှင်းလင်းပေ။ သို့သော်လည်း ယေဘုယျအားဖြင့် ၎င်းတို့သည် မိမိတို့၏ခံစားချက်များနှင့်အညီ ဆောင်ရွက်ပြုမူသည့်အခါ၊ သို့မဟုတ် စကားပြောသည့်အခါ ယင်းသည် အဓိက အခြေခံသဘောတရားများကို ချိုးဖောက်သောအရာ မဟုတ်သရွေ့ သန့်ရှင်းသော ဝိညာဉ်တော်သည် လုံးဝမတုံ့ပြန်ချေ။ ယင်းမှာ ပေါလုက ခံစားခဲ့ရသော “ဓမ္မသရဖူ” နှင့်တူသည်- နှစ်ပေါင်းများစွာတိုင်အောင် ပေါလု၏ခံစားမှုများက မှားယွင်းနေသည်ဟူ၍ မည်သူကမျှ မထင်ခဲ့ကြသကဲ့သို့ ပေါလုကိုယ်၌ကလည်း သူ၏ခံစားမှုများမှာ မှားနေသည်ဟူ၍ မခံစားခဲ့ဖူးပေ။ လူတို့၏ခံစားမှုများက အဘယ်နေရာမှ လာသနည်း။ ထိုခံစားမှုတို့မှာ ၎င်းတို့၏ဦးနှောက်များမှလာသော တုံ့ပြန်ချက်များဖြစ်သည်မှာ မှန်ပေ၏။ ကွဲပြားခြားနားသော ခံစားမှုများသည် ကွဲပြားခြားနားသော ပတ်ဝန်းကျင်များနှင့် ကွဲပြားခြားနားသော ကိစ္စရပ်များအရ ထွက်ပေါ်လာခြင်းဖြစ်သည်။ အချိန်အတော်များများတွင် လူတို့သည် လူသားဆင်ခြင်တွေးခေါ်မှုနှင့် ကောက်ချက်များချကြပြီး ထိုအရာမှတစ်ဆင့် ပုံသေနည်းတစ်စုံရရန်ပြုကြကာ၊ ယင်းက များပြားလှသော လူသားခံစားမှုများကို ထွက်ပေါ်စေ၏။ သတိမထားမိလိုက်ပါဘဲနှင့် လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ယုတ္တိတန်သော ကောက်ချက်များအတွင်းသို့ ဝင်ရောက်သွားကြပြီး၊ ဤနည်းအားဖြင့် ဤခံစားမှုများသည် လူတို့အနေဖြင့် မိမိတို့အသက်တာများတွင် မှီခိုအားထားရသောအရာ ဖြစ်လာလေသည်၊ ယင်းတို့က ပေါလု၏ “ဓမ္မသရဖူ” ကဲ့သို့၊ သို့တည်းမဟုတ် သက်သေလီ၏ “သခင်နှင့် လေထဲတွင် တွေ့ဆုံခြင်း” ကဲ့သို့ လူတို့၏အသက်တာများတွင် စိတ်ခံစားမှုဆိုင်ရာ အထောက်အကူတစ်ခု ဖြစ်လာသည်။ ဘုရားသခင်၌ လူသား၏ ဤခံစားမှုများကို ကြားဝင်နိုင်မည့် နည်းလမ်းမှာ မရှိသလောက်နီးပါးဖြစ်သဖြင့် ယင်းတို့ကို ယင်းတို့ဖြစ်ပေါ်မည့်အတိုင်း ဖြစ်ပေါ်ခွင့် ပေးရလေသည်။ ယနေ့တွင် သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးနှင့်ပတ်သက်၍ သင့်ကို ထင်ထင်ရှားရှားပင် ငါပြောခဲ့ပြီ။ အကယ်၍ သင်သည် မိမိခံစားမှုများအတိုင်း ဆက်သွားနေပါက မရေရာမှုအလယ်တွင် သင်နေထိုင်နေဆဲပင်ဖြစ်သည် မဟုတ်လော။ သင်သည် သင့်အတွက် ရှင်းလင်းစွာ ခင်းကျင်းပြပေးထားသည့် နှုတ်ကပတ်တော်များကို လက်မခံဘဲ၊ သင်၏ကိုယ်ပိုင်ခံစားမှုများအပေါ် အမြဲပင် မှီခိုအားထားနေသည်။ ဤတွင် သင်သည် ဆင်တစ်ကောင်ကို စမ်းကြည့်နေသော လူကန်းတစ်ယောက်နှင့် တူသည်မဟုတ်လော။ ထိုသို့ဖြင့် အဆုံးတွင် သင်သည် အဘယ်အရာကို ရရှိလိမ့်မည်နည်း။

လူ့ဇာတိခံယူသော ဘုရားသခင်က ယနေ့ဆောင်ရွက်သော အမှုအားလုံးသည် စစ်မှန်၏။ ဤသည်မှာ သင်ခံစား၍ ရနိုင်သောအရာ မဟုတ်ပေ၊ သို့တည်းမဟုတ် သင်စိတ်ကူး၍ ရနိုင်သောအရာ မဟုတ်ပေ၊ သင့်အနေဖြင့် ကောက်ချက်ချ၍ ရနိုင်သောအရာလည်း သာ၍ပင်မဟုတ်ပေ- ယင်းမှာ သင့်အပေါ်သို့ အချက်အလက်များ ကျရောက်လာသောအခါမှသာ သင်နားလည်နိုင်မည့်အရာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် အချက်အလက်များ ကျရောက်လာသောအခါ၌ပင် သင်သည် ရှင်းလင်းစွာ မမြင်နိုင်သေးဘဲ ရှိနေ၏၊ ထို့ပြင် ဖြစ်ပျက်နေသည့်အရာ၏ စစ်မှန်သော အချက်အလက်များနှင့်ပတ်သက်၍ ကြီးစွာသော ကြည်လင်ပြတ်သားမှု ရှိလာစေရန် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သရွေ့ လူတို့အနေဖြင့် နားလည်လိမ့်မည် မဟုတ်ပေ။ ထိုအချိန်ကာလက ယေရှုနောက်ကို လိုက်ကြကုန်သော တပည့်တော်များအကြားတွင် များစွာသော အတွေးမှားများ ရှိခဲ့ကြလေသည်။ ဘုရားသခင်၏နေ့ရက်သည် ဆိုက်ရောက်ခါနီးပြီဖြစ်ကြောင်းနှင့် ၎င်းတို့သည် များမကြာမီတွင် သခင့်အတွက် အသေခံရမည်ဖြစ်ပြီး သခင်ယေရှုကို တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း ၎င်းတို့ထင်မြင်ယူဆခဲ့ကြသည်။ ဤခံစားမှုကြောင့် ပေတရုသည် ခုနစ်နှစ်လုံးလုံး စောင့်စားခဲ့၏- သို့သော်လည်း ထိုအရာက မရောက်လာခဲ့ပေ။ ၎င်းတို့သည် မိမိတို့၏အသက်တာများမှာ ရင့်ကျက်ပြီးပြီဟု ခံစားခဲ့ကြသည်၊ ၎င်းတို့အတွင်းရှိ ခံစားမှုများသည် တိုးပွားလာပြီး ဤခံစားမှုများသည် ပို၍ပြင်းထန်လာခဲ့သည်၊ သို့သော်လည်း ၎င်းတို့သည် ကျရှုံးမှုများစွာကို ကြုံတွေ့ခဲ့ကြရပြီး မအောင်မြင်နိုင်ခဲ့ကြပေ။ ၎င်းတို့ကိုယ်၌ကပင် အဘယ်အရာဖြစ်ပျက်နေသည်ကို မသိခဲ့ကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဧကန်အမှန် လာခဲ့သောအရာသည် မပြည့်စုံဘဲ ရှိနိုင်မည်လော။ လူတို့၏ ခံစားမှုများသည် ယုံကြည်အားထား၍ မရပေ။ လူတို့၌ ၎င်းတို့ကိုယ်ပိုင် တွေးပုံခေါ်ပုံနှင့် အကြံအစည်များ ရှိကြသောကြောင့် ၎င်းတို့သည် ထိုအချိန်က ဆက်စပ်အကြောင်းအရာနှင့် အခြေအနေများကို အခြေပြု၍ အတွေးနှီးနွှယ်ဆက်စပ်မှုများ တစ်ပုံတစ်ခေါင်းကို ဖန်တီးကြ၏။ အထူးသဖြင့် တွေးပုံခေါ်ပုံများ သင့်တင့်ကောင်းမွန်သော လူတို့၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် အလွန်အမင်း စိတ်ထက်သန်တက်ကြွလာကြပြီး အတွေးနှီးနွှယ်ဆက်စပ်မှုများ တစ်ပုံတစ်ခေါင်းကို မဖန်တီးဘဲ မနေနိုင်ကြချေ။ ဤအရာက နှစ်ပေါင်းများစွာ လောကကြီးနှင့် ကိုင်တွယ်ဆက်ဆံပြီးနောက်တွင် မိမိတို့၏အတွေးနှီးနွှယ်ဆက်စပ်မှုများက သာ၍ပင် ပေါများလာသည့်၊ မြင့်မြတ်သော အသိပညာနှင့် သီအိုရီများရှိကြသည့် “ကျွမ်းကျင်ပညာရှင်များ” နှင့် အထူးသဖြင့် သက်ဆိုင်သည်၊ ၎င်းတို့သတိမထားမိလိုက်ပါဘဲနှင့် ထိုအရာများက ၎င်းတို့၏ စိတ်နှလုံးများကို လွှဲယူလိုက်ကြပြီး ၎င်းတို့၏ အလွန်အမင်း အားကောင်းသော ခံစားမှုများ ဖြစ်လာကြသည်၊ ထို့အပြင် ၎င်းတို့သည် ထိုအရာများကို အားရကျေနပ်ကြလေသည်။ လူတို့အနေဖြင့် တစ်စုံတစ်ခုကို လုပ်ကိုင်လိုသောအခါ ခံစားမှုများနှင့် စိတ်ကူးစိတ်သန်းများသည် ၎င်းတို့အထဲတွင် ပေါ်လာကြမည်ဖြစ်ပြီး ထိုအရာများမှာ မှန်ကန်သည်ဟု ၎င်းတို့က ထင်ကြပေလိမ့်မည်။ နောက်ပိုင်းတွင် ထိုအရာများက ပြည့်စုံလာခြင်း မရှိသည်ကို ၎င်းတို့မြင်ကြသောအခါ၊ အဘယ်အရာက လွဲချော်သွားခဲ့သည်ကို ၎င်းတို့အနေဖြင့် အဖြေမရှာနိုင်ကြချေ။ ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြောင်းလိုက်ပြီဟု ၎င်းတို့ယုံကြည်ကောင်း ယုံကြည်နိုင်သည်။

လူအားလုံး၌ ခံစားမှုများရှိနေခြင်းသည် ရှောင်လွှဲ၍မရပေ။ ပညတ်တော်ခေတ်အတောအတွင်း လူများစွာတို့၌လည်း အချို့သော ခံစားမှုများ ရှိခဲ့ကြသည်၊ သို့သော်လည်း ၎င်းတို့၏ ခံစားမှုများအတွင်းရှိ အမှားများသည် ယနေ့ခေတ် လူများထက် ပိုနည်းပါး၏။ ဤသို့ဖြစ်ရခြင်းမှာ ယခင်က လူတို့သည် ယေဟောဝါ၏ ပေါ်ထွန်းခြင်းကို မြင်နိုင်ခဲ့ကြသောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် တမန်များကို မြင်နိုင်ခဲ့ကြပြီး အိပ်မက်များကို မြင်မက်ခဲ့ကြသည်။ ယနေ့ခေတ်လူများမှာမူ ရူပါရုံများ၊ သို့တည်းမဟုတ် တမန်များကို မြင်နိုင်စွမ်း မရှိကြချေ၊ ထိုအကြောင်းကြောင့် ၎င်းတို့၏ခံစားမှုများတွင်ရှိ အမှားများ တိုးပွားလာခြင်းဖြစ်၏။ ယနေ့ခေတ်လူတို့သည် တစ်စုံတစ်ခုက အထူးသဖြင့် မှန်ကန်နေသည်ဟု ခံစားရပြီး ထိုအရာကို သွား၍ လက်တွေ့လုပ်ဆောင်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို အပြစ်မဆိုပေ၊ သို့ဖြစ်၍ ၎င်းတို့သည် အတွင်း၌ အလွန်အမင်း ငြိမ်းချမ်းကြ၏။ ဖြစ်ပျက်ပြီးနောက်ပိုင်းတွင်မှ ပြောဆိုဆွေးနွေးခြင်းအားဖြင့်၊ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့်သာ ၎င်းတို့မှားခဲ့ကြသည်ကို ၎င်းတို့တွေ့ရှိကြလေသည်။ ဤအရာ၏ရှုထောင့်တစ်ရပ်မှာ လူတို့ထံ ပေါ်ထွန်းလာသော တမန်များ မရှိခြင်း၊ အိပ်မက်များ အလွန်ရှားပါးလွန်းခြင်း၊ ထို့အပြင် လူတို့သည် မိုးကောင်းကင်တွင် ရူပါရုံများနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ မမြင်ကြရခြင်းဖြစ်သည်။ အခြားရှုထောင့်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ သူ၏အပြစ်ဆိုမှုများနှင့် ဆုံးမပဲ့ပြင်မှုတို့ကို မတိုးမြှင့်ခြင်းဖြစ်သည်၊ ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုဆိုသည်မှာ မရှိသလောက်နည်းပါး၏။ ဤအကြောင်းကြောင့် လူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်ပါက၊ သမ္မာတရားကို လက်တွေ့ကျသောနည်းလမ်းဖြင့် မရှာဖွေပါက၊ ထို့အပြင် လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို နားမလည်ပါက၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ ရိတ်သိမ်းရလိမ့်မည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဆိုင်ရာ အခြေခံသဘောတရားများမှာ အောက်ပါအတိုင်းဖြစ်၏- သူသည် သူ၏အမှုမပါဝင်သော အရာများကို အာရုံမစိုက်ပေ၊ အကယ်၍ တစ်စုံတစ်ခုသည် သူ၏စီရင်ပိုင်ခွင့်နယ်ပယ်အတွင်း၌ မရှိပါက သူသည် လူတို့ကို ၎င်းတို့စိတ်ကြိုက် ပြဿနာလုပ်ခွင့်ပေးလျက်၊ မည်သည့်အခါမျှ လုံးဝမစွက်ဖက်၊ သို့မဟုတ် ကြားမဝင်ပေ။ သင့်အနေဖြင့် သင့်စိတ်ကြိုက် ဆောင်ရွက်ပြုမူနိုင်သည်၊ သို့သော်လည်း သင့်အနေဖြင့် ကြောက်စိတ်မွှန်ပြီး ဘာလုပ်ရ၊ ဘာကိုင်ရမှန်း မသိသည်ကို ကြုံရမည့် နေ့ရက်သည် ရောက်လာလိမ့်မည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်ဇာတိခန္ဓာထဲ၌သာ စွဲစွဲမြဲမြဲ အမှုပြုနေပြီး လူသား၏အလုပ်ကို မည်သည့်အခါမျှ ဝင်ရောက်မစွက်ဖက်ပေ။ ထိုအစား သူသည် လူ့လောကနှင့် ခပ်ခွာခွာနေပြီး သူလုပ်သင့်သည့်အမှုကို လုပ်ဆောင်၏။ သင့်အနေဖြင့် ယနေ့တွင် မှားယွင်းသောအရာ တစ်စုံတစ်ရာကို လုပ်ကိုင်ပါက အပြစ်ဆိုခံရမည် မဟုတ်သကဲ့သို့ မနက်ဖြန်၌ ကောင်းမွန်သောအရာ တစ်စုံတစ်ရာကို လုပ်ကိုင်ပါကလည်း ဆုချခံရမည် မဟုတ်ပေ။ ဤအရာများသည် လူ့ကိစ္စရပ်များဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် စိုးစဉ်းမျှပင် ဆက်နွှယ်မှုမရှိချေ- ဤအရာသည် ငါ့အမှု၏နယ်ပယ်အတွင်း၌ လုံးဝမရှိပေ။

ပေတရုအလုပ်လုပ်နေခဲ့သည့် ထိုအချိန်ကာလတွင် သူသည် စကားများစွာ ပြောဆိုခဲ့ပြီး အလုပ်အများအပြားကို လုပ်ကိုင်ခဲ့သည်။ ထိုအရာတစ်ခုတလေကမျှ လူ့အကြံအစည်များမှ လာခဲ့ခြင်းမဟုတ်သည်မှာ ဖြစ်နိုင်သလော။ ယင်းအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးလုံးလျားလျား လာရန်မှာ မဖြစ်နိုင်ပေ။ ပေတရုသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးမျှသာ ဖြစ်သည်၊ သူသည် နောက်လိုက်တစ်ဦးဖြစ်ခဲ့သည်၊ သူသည် ပေတရုဖြစ်သည်၊ ယေရှုမဟုတ်ပေ၊ ထို့ပြင် သူတို့၏အနှစ်သာရများမှာ မတူညီကြပေ။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စေလွှတ်ခြင်းကို ခံခဲ့ရသော်ငြားလည်း၊ သူလုပ်ကိုင်ခဲ့သော အရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာခဲ့သည်ကား မဟုတ်ချေ၊ အကြောင်းမှာ အဆုံးမှာတော့ သူသည် လူသားတစ်ဦးသာ ဖြစ်နေ၍ဖြစ်သည်။ ပေါလုသည်လည်း စကားများစွာကို ပြောဆိုခဲ့ပြီး၊ အသင်းတော်များထံသို့ ပမာဏမနည်းလှသော သြဝါဒစာစောင်များကို ရေးသားခဲ့သည်၊ ယင်းတို့အထဲမှ အချို့တို့ကို သမ္မာကျမ်းစာထဲ၌ စုစည်းထား၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့်ထင်မြင်ချက်များကိုမျှ မဖော်ပြခဲ့ပေ၊ အကြောင်းမှာ ထိုအချိန်က ပေါလုအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံနေရသည့်အချိန် ဖြစ်သောကြောင့်ဖြစ်သည်။ ပေါလုသည် အတွေ့အကြုံအချို့နှင့် အသိပညာအချို့ကို ရရှိခဲ့သည်၊ ထို့ပြင် သူသည် ထိုအရာတို့ကို ချရေးခဲ့ကာ သခင်၌တည်သော သူ၏ညီအစ်ကိုမောင်နှမများထံ ယင်းတို့ကို လက်ဆင့်ကမ်းပေးခဲ့သည်။ ယေရှု၌ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ သန့်ရှင်းသော ဝိညာဉ်တော်က ပေါလုကို ထိုအချိန်၌ အဘယ်ကြောင့်မတားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ ပုံမှန်တွေးပုံခေါ်ပုံများထဲမှ ပေါ်ပေါက်လာသည့် မစင်ကြယ်ခြင်းအချို့ ရှိသောကြောင့် ဖြစ်သည်၊ ယင်းမှာ ရှောင်လွှဲ၍မရပေ။ ထို့အပြင် ပေါလု၏လုပ်ရပ်များသည် ဝင်ရောက်စွက်ဖက်ခြင်းတစ်ရပ်၊ သို့မဟုတ် နှောင့်ယှက်ခြင်းတစ်ရပ်ဖြစ်သည့် အတိုင်းအတာအထိ မရောက်ရှိခဲ့ချေ။ လူ့သဘာဝ၏ ဤကဲ့သို့သော အလုပ်အမျိုးအစားအချို့ ရှိလာသောအခါ၊ လူတို့က ယင်းကို အလွယ်တကူ လက်ခံနိုင်ကြလေသည်။ ပုံမှန်တွေးပုံခေါ်ပုံများ၏ မစင်ကြယ်ခြင်းများသည် မည်သည့်အရာကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါက၊ ယင်းတို့ကို ပုံမှန်အဖြစ်သာ မှတ်ယူ၏။ တစ်နည်းဆိုရလျှင် ပုံမှန်တွေးပုံခေါ်ပုံရှိသော လူအားလုံးတို့သည် ထိုနည်းဖြင့် တွေးတောနိုင်စွမ်း ရှိကြလေသည်။ လူတို့သည် ဇာတိပကတိထဲ၌ အသက်ရှင်ကြသောအခါ၊ ၎င်းတို့တွင် ၎င်းတို့ကိုယ်ပိုင်တွေးပုံခေါ်ပုံများ ရှိကြလင့်ကစား ယင်းတို့ကို သုတ်သင်ဖယ်ရှားပစ်ရန် နည်းလမ်းမရှိပေ။ သို့သော်လည်း ဘုရားသခင်၏အမှုကို အချိန်ကာလတစ်ခုအထိ တွေ့ကြုံပြီး၍ သမ္မာတရားအချို့ကို နားလည်ပြီးနောက်တွင်၊ လူတို့၏ဦးနှောက်များ၌ ဤတွေးပုံခေါ်ပုံများ လျော့နည်းလာပေလိမ့်မည်။ ၎င်းတို့သည် ပို၍များပြားသော အမှုအရာတို့ကို တွေ့ကြုံပြီးသောအခါ၊ ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်ဖြစ်ပြီး ထိုအကြောင်းကြောင့် အမှုအရာများကို နှောင့်ယှက်ခြင်းမှာ သာ၍နည်းလာပေလိမ့်မည်။ တစ်နည်းဆိုရလျှင် လူတို့၏ စိတ်ကူးစိတ်သန်းများနှင့် ယုတ္တိတန်သော ကောက်ချက်များသည် ချေပခံရသောအခါ၊ ၎င်းတို့၏ မူမမှန်သည့် ခံစားမှုများသည် လျော့နည်းသွားပေလိမ့်မည်။ ဇာတိပကတိထဲ၌ အသက်ရှင်ကြသောသူအားလုံးတွင် မိမိတို့၏ကိုယ်ပိုင်တွေးပုံခေါ်ပုံများ ရှိကြ၏၊ သို့သော်လည်း အဆုံးမှာတော့ ၎င်းတို့၏ ကိုယ်ပိုင်တွေးပုံခေါ်ပုံများက ၎င်းတို့ကို မနှောင့်ယှက်နိုင်တော့သည့် အတိုင်းအတာအထိ ဘုရားသခင်က သူတို့ကို ပြုလုပ်လိမ့်မည်ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့၏အသက်တာများ၌ ခံစားမှုများအပေါ် မှီခိုအားထားတော့မည် မဟုတ်ပေ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာအမှန်သည် ကြီးထွားလာပေလိမ့်မည်၊ ထို့အပြင် ၎င်းတို့သည် လက်တွေ့အရှိတရားအတွင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နေထိုင်နိုင်ကြမည်ဖြစ်ပြီး၊ မရေရာသောအရာ၊ သို့မဟုတ် အနှစ်မဲ့သောအရာတို့ကို လုပ်ကိုင်ကြတော့မည် မဟုတ်ပေ၊ ထို့နောက်တွင် ၎င်းတို့သည် အနှောင့်အယှက်များကို ဖြစ်စေသော အမှုအရာများကို လုပ်ကြလိမ့်မည်မဟုတ်။ ဤနည်းအားဖြင့် ၎င်းတို့၏ အတွေးမှားများသည် ရှိတော့မည် မဟုတ်ဘဲ၊ ဤအချိန်မှစ၍ ၎င်းတို့၏ လုပ်ရပ်များသည် ၎င်းတို့၏ ဝိညာဉ်အသက်တာအမှန် ဖြစ်ကြပေလိမ့်မည်။

အရှေ့သို့- လက်တွေ့လုပ်ဆောင်ခြင်း (၄)

နောက်တစ်ခုသို့- သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။