ကျမ်းဦးစကား
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ၏ အကြောင်းအရာကို နှစ်ပိုင်းခွဲထားပါသည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မတေးများနှင့် အသင်းတော်အသက်တာနှင့်ဆိုင်သော ဓမ္မတေးများ။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မတေးများကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နှင့် ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ
၏ ရွေးချယ်ထားသည့် စာပိုဒ်များမှ လုံးဝယူထားခြင်းဖြစ်သည်။ ဤဂန္တဝင် မိန့်မြွက်ချက်များကို သီချင်းအဖြစ် တင်ဆက်ခြင်းသည် ဘုရားသခင်၏ရွေးချယ်ခံလူတို့ကို ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ ကူညီရင်းဖြင့် ၎င်းတို့၏ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ ဆင်ခြင်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့အဖို့ အလွန်အကျိုးရှိလေသည်။ ထို့အပြင် ဤဓမ္မတေးများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့တွေ့ကြုံခြင်းနှင့် ကိုယ်တော့်နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲ ဝင်ရောက်ခြင်းတို့ကို ထောက်ကူပေးသည်။
အသင်းတော်အသက်တာနှင့်ဆိုင်သော ဓမ္မတေးများတွင် ဒေသအမျိုးမျိုးရှိ ဘုရားသခင်၏ရွေးချယ်ခံလူတို့က နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံခြင်းမှ ရရှိကာ သင်ယူပြီးသည့် အရာများပါဝင်သည်။ ဤစစ်မှန်သော အတွေ့အကြုံများက ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်က လူတို့အထဲတွင် ရရှိသည့် အကျိုးသက်ရောက်မှုကို အပြည့်အဝ သက်သေခံပေသည်။ ၎င်းတို့က အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားက လူတို့ကို စာတန်၏ အင်အားစုများမှ လုံးဝကယ်တင်ပြီးဖြစ်သည်၊ ယင်းက သူတို့ကို သန့်စင်စေကာ ကယ်တင်ခြင်းကို သူတို့ထံ ယူဆောင်ပြီးဖြစ်သည်ကို သက်သေခံသည်။ တရုတ်ပြည်တွင် အောင်မြင်သောသူများ အုပ်စုတစ်စုကို ဘုရားသခင်လုပ်ဆောင်ပြီးဖြစ်သည်၊ စာတန်အပေါ် ဘုရားသခင်အောင်နိုင်ပြီးဖြစ်ကာ အပြည့်အဝ ဘုန်းထင်ရှားပြီးဖြစ်သည်ကို ၎င်းတို့က သက်သေခံကြသည်။ ဤဓမ္မတေးများက သမ္မာတရားကို နားလည်သူတို့သာ စာတန်၏ လွှမ်းမိုးမှုမှ မိမိတို့ကိုယ်ကို လွတ်မြောက်စေနိုင်ကြောင်း၊ သမ္မာတရားက လူတို့ကို လွတ်မြောက်စေနိုင်ကြောင်းကို ခိုင်မာစေရင်း ယုံကြည်ခြင်းနှင့် ခွန်အားကို လူတို့ထံ ယူဆောင်လာပြီး မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ရန်၊ မိမိတို့၏ ချို့တဲ့ခြင်းတို့ကိုမြင်ရန်၊ မိမိတို့၏ အခက်အခဲများနှင့် စိတ်ရှုပ်ထွေးမှု အချက်များကို ဖြေရှင်းရန် ၎င်းတို့ကို တိုက်တွန်းခွန်အားပေးသည်။ ကောင်းမွန်သော တေးသီချင်းများသည် ဘဝတွင် အဖော်တစ်ပါးဖြစ်ကာ၊ လိုအပ်သည့်အခါတိုင်း ကူညီဖို့ ရှိနေပေသည်။ ၎င်းတို့သည် ကြီးမားသော တည်ဆောက်ခြင်း အရင်းအမြစ်တစ်ခုဖြစ်သည်။ ဤအသင်းတော်အသက်တာနှင့်ဆိုင်သော ဓမ္မတေးများသည် ရွေးချယ်ခံရသူတို့၏ ဘုရားအမှုတော်ကို တွေ့ကြုံခြင်း သက်သေခံချက် ဖြစ်လေသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်