၆၃၄ သင်သည် ပြစ်တင်ဆုံးမခံရပြီး တရားစီရင်ခံရသောကြောင့် အကာအကွယ်ပေးခြင်းကို ခံရ၏ကျူး

၁ ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။ ယနေ့ သင်တို့၌ ပေါလု၏မိမိကိုယ်ကို သိခြင်းပင် မရှိကြပေ။ သင်တို့၏ ဝိညာဉ်များ နိုးထစေရန် သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အမြဲခံရန် လိုအပ်ကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ သင်တို့၏ အသက်တာအတွက် အကောင်းဆုံးအရာများ ဖြစ်သည်။ ထို့အပြင် မဖြစ်မနေ လိုအပ်သောအခါ အမှန်တရားများ၏ ပြစ်တင်ဆုံးမမှု သင့်အပေါ် ကျရောက်လာခြင်းလည်း ရှိရမည်ဖြစ်သည်၊ ထိုအခါမှသာ သင်တို့သည် အပြည့်အဝ ကျိုးနွံနာခံကြမည် ဖြစ်သည်။

၂ သင်တို့၏ သဘာဝများမှာ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်း မရှိပါက သင်တို့၏ ဦးခေါင်းများကို ကိုင်းညွတ်ရန်နှင့် ကျိုးနွံနာခံရန် မလိုလားသော သဘာဝမျိုး ဖြစ်သည်။ သင်တို့၏ မျက်စိရှေ့တွင် အမှန်တရားများ မရှိပါက မည်သည့်သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။ သင်တို့သည် အလွန်အောက်တန်းကျပြီး စာရိတ္တပိုင်းတွင် သုံးစား၍ မရကြပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက သင်တို့ကို သိမ်းပိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကို ချိုးနှိမ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ သင်တို့၏ သဘာဝဟောင်းသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ အကယ်၍ သင်တို့ကို ပလ္လင်ပေါ်တွင် နေရာချထားမည်ဆိုပါက၊ သင်တို့သည် ကောင်းကင်ဘုံ၏အမြင့်နှင့် မြေကြီး၏အနက်ကို သိကြလိမ့်မည် မဟုတ်ပေ၊ မည်သည့်နေရာသို့ သင်တို့ ဦးတည်နေကြောင်းကို သာ၍ပင် သိမည်မဟုတ်ချေ။ မည်သည့်နေရာမှ မိမိတို့လာကြောင်းကိုပင် သင်တို့ မသိကြသဖြင့် သင်တို့သည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို အဘယ်သို့ သိနိုင်ကြမည်နည်း။

၃ ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ ယင်းမှာ သင်တို့၏ ကံကြမ္မာ အကြောင်းပင် မပါသေးပေ၊ ၎င်းသည် အန္တရာယ်ကျအံ့ဆဲဆဲ ပို၍ပင် ဖြစ်လိမ့်မည် မဟုတ်လော။ အချိန်မီဖြစ်သော ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိပါက၊ သင်တို့သည် မည်မျှမာနထောင်လွှားသွားကြမည်၊ သို့မဟုတ် သင်တို့သည် မည်မျှစာရိတ္တပျက်ပြားလာကြမည်ကို မည်သူ သိသနည်း။ သင်တို့၌ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝမရှိကြချေ။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့ကို ယနေ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က သင်တို့၏ဖြစ်တည်ခြင်းကို ထိန်းသိမ်းထားသည်။ သင်တို့သည် ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရာ၌ ပို၍ကောင်းစွာ မပြုသင့်သလော။ သင်တို့၌ အခြားမည်သည့် ရွေးချယ်စရာများ ရှိသနည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၃၃ ဘုရားသခင်၏ တရားစီရင်ခြင်းသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်

နောက်တစ်ခုသို့- ၆၃၅ စာတန်၏လွှမ်းမိုးမှုကို ဖယ်ရှားရန် ဘုရား၏တရားစီရင်ခြင်းကို တွေ့ကြုံလော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။