၄၃၁ ဘုရားသခင်ရှေ့၌ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်း၏ အသီးအပွင့်များ
၁
ဘုရားရှေ့လာရန်၊ နှုတ်ကပတ်တော်များကို သင့် အသက်
ဖြစ်စေရန်၊ သူ့ရှေ့၌သင် ဦးစွာ ငြိမ်ဝပ်နေရမည်။
သင် ငြိမ်ဝပ်နေသည့်အခါမှ
သူ့ကို အသိဉာဏ်ပွင့်လင်းစေမည်၊ သင့်ကို သိနားလည်စေမည်။
လူသည် ဘုရားရှေ့၌ ပိုငြိမ်ဝပ်လေလေ၊
ဘုရားဉာဏ်အလင်းမှ သူတို့ ပိုမို ရရှိလေလေ။
လူ၌ ဆက်ကပ်ခြင်းနှင့် ယုံကြည်ခြင်း ရှိတာဟာ
စုံလင်ခြင်းသို့ရောက်ရန် တစ်ခုတည်းသောလမ်း
ဘုရားရှေ့ ၌ သင် အမှန် တကယ် ငြိမ်ဝပ်မှ
ယနေ့ သူ့ နှုတ်ကပတ်တော်များကို သင် နားလည်ပြီး
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းကို မှန်စွာ ကျင့်သုံး ပေ လိမ့်မည်၊
ဘုရားသခင်ရဲ့ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်၊
သင် အစေခံရာ၌ ရှင်းလင်းသော ဦးတည်ချက် ရှိပြီး၊
သန့်ရှင်းသောဝိညာဉ်တော် ရဲ့ လှုပ်ရှား၊ လမ်းပြ ခြင်းကို နား လည် မည်၊
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုအောက်၌
အသက်ရှင်နိုင်ပေမည်။
ယင်းတို့မှာ ဘုရားရှေ့၌ ငြိမ်ဝပ်နေခြင်းကြောင့် ရမည့် ရလဒ်များပင်။
၂
ဝိညာဉ်အသက်တာသို့ ရောက်ရှိရန် အဓိကသော့ချက်မှာ ဘုရားရှေ့၌ ငြိမ်ဝပ်ခြင်းရှိခြင်းဖြစ်သည်။
ဘုရားရှေ့တွင် သင့်ကိုယ်သင် ငြိမ်ဝပ်စေလျှင်
သင့်ဝိညာဉ်ဆိုင်ရာလေ့ကျင့်မှု အားလုံး ထိရောက်ပေမည်။
သင့်စိတ်နှလုံးကို ဘုရားရှေ့ ၌ မငြိမ်သက်စေနိုင်လျှင်တော့
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော် ကို ရရှိနိုင်မှာ မဟုတ် ပေ။
ဘုရားရှေ့ ၌ သင် အမှန် တကယ် ငြိမ်သက်မှ
ယနေ့ သူ့ နှုတ်ကပတ်တော်များကို သင် နားလည်ပြီး
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းကို မှန်စွာ ကျင့်သုံး ပေ လိမ့်မည်၊
ဘုရားသခင်ရဲ့ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်၊
သင် အစေခံရာ၌ ရှင်းလင်းသော ဦးတည်ချက် ရှိပြီး၊
သန့်ရှင်းသောဝိညာဉ်တော် ရဲ့ လှုပ်ရှား၊ လမ်းပြ ခြင်းကို နား လည် မည်၊
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုအောက်၌
အသက်ရှင်နိုင် ပေမည်။
ယင်းတို့မှာ ဘုရားရှေ့၌ ငြိမ်ဝပ်နေခြင်းကြောင့် ရမည့် ရလဒ်များပင်။
၃
လူတို့ သည် ဘုရားနှုတ်ကပတ်တော် အကြောင်း မရှင်းလင်းသောအခါ၊
လက်တွေ့ကျင့်သုံးရန် နည်းလမ်းမရှိ ဘုရားရဲ့ ရည်ရွယ်ချက်များကို နားလည်ခြင်း မရှိဘဲ၊
လုပ်ဆောင်ပုံနိယာမများ လူတို့၌ မရှိသောအခါ
ဘုရားရှေ့၌ သူတို့ စိတ်နှလုံး ငြိမ်သက်မှု မရှိခြင်း သက်သက်ကြောင့် ဖြစ်သည်။
ဘုရားရှေ့ ၌ သင် အမှန် တကယ် ငြိမ်သက်မှ
ယနေ့ သူ့ နှုတ်ကပတ်တော်များကို သင် နားလည်ပြီး
သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းကို မှန်စွာ ကျင့်သုံး ပေ လိမ့်မည်၊
ဘုရားသခင်ရဲ့ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်၊
သင် အစေခံရာ၌ ရှင်းလင်းသော ဦးတည်ချက် ရှိပြီး၊
သန့်ရှင်းသောဝိညာဉ်တော် ရဲ့ လှုပ်ရှား၊ လမ်းပြ ခြင်းကို နား လည် မည်၊
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုအောက်၌
အသက်ရှင်နိုင် ပေမည်။
ယင်းတို့မှာ ဘုရားရှေ့၌ ငြိမ်ဝပ်နေခြင်းကြောင့် ရမည့် ရလဒ်များပင်။
ငြိမ်ဝပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အလွန်စိတ်အားထက်သန်၍ လက်တွေ့ဆန်စေရန်၊
ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း ရှင်းလင်းစေရန်နှင့် အဆုံးတွင်
သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သိစေရန်ပေတည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။