ဖန်ဆင်းခြင်း၏ ယခင်အခြေအနေကို ဘုရားသခင်ပြန်တည်ထောင်မည်
၁
ဘုရားရဲ့နှုတ်ကပတ်တော် နက်ရှိုင်းလာသည်နှင့်အမျှ စကြဝဠာကို သူစောင့်ကြည့် ဖန်ဆင်းခံအားလုံးတို့ကို ဘုရား၏နှုတ်ကပတ်တော် အတိုင်း အသစ်ဖန်ဆင်းထားသည် ကောင်းကင်နှင့် မြေကြီးပြောင်းလဲသလို လူသည် သူဘယ်သူဆိုတာ(ကို) ပြ(သ)နေသည်။ ဘုရားသည် ကမ္ဘာကိုဖန်ဆင်းခဲ့သည့်အချိန်တွင် မြင်နိုင်သော(ပုံသဏ္ဌာန်ရှိ)အရာအားလုံး သူတို့အမျိုးအစားအလိုက် ဖြစ်စေ(သည်)။ ဘုရား၏ စီမံခန့်ခွဲမှု ပြီးဆုံးရန် နီးကပ်လာသောအခါ အရာဝတ္ထုများ သူတို့ဖန်ဆင်းခြင်းခံရသည့် နဂိုအတိုင်း ပြန်ဖြစ်စေမည် တစ်ဆင့်ပြီးတစ်ဆင့်၊ နည်းနည်းချင်းဆီ လူတို့သည် သူတို့အမျိုးအစားအတိုင်း ခွဲထုတ်ခြင်း ခံရပြီး သူတို့နဲ့သက်ဆိုင်သော မိသားစုထံ ပြန်ရောက်ကြသည် သူတို့မိသားစုထံ ဒီအရာအကြောင့် ဘုရားပျော်ရွှင်သည် ဘယ်အရာကမှ သူ့ကိုမနှောင့်ယှက်နိုင်ပါ ဘုရား၏ကြီးမြတ်သောအမှုတော်သည် သင်မသိခင်ပြီးဆုံး၏ သင်သိပြီးတဲ့အချိန်မှာတော့ အရာအားလုံးပြောင်းလဲကုန်ပြီ ဘုရားသည် အရာအားလုံး၏အခြေအနေအား ဖန်ဆင်းခဲ့တဲ့(အ)တိုင်း ပြန်ဖြစ်စေမည် အရာအားလုံး အပြည့်အဝသူပြောင်းလဲစေခဲ့ပြီး သူ့အစီအစဉ်ထဲသို့ ယူဆောင်သည် ယခု နောက်ဆုံးအချိန်ရောက်လို့လာခဲ့ပြီ၊ ဘုရား၏နောက်ဆုံးအစီအစဉ်သည် ပြီးဆုံးတော့မည်။ သင်၏မသန့်ရှင်း၊ ညစ်ညမ်းသော၊ ကမ္ဘာသည် ဘုရား၏နှုတ်ကပတ်တော်အောက်၌ ပြိုလဲရမည် ဘုရား၏အစီအစဉ်ကြောင့် ပျက်သုဉ်း (ပျောက်ကွယ်)သွားလိမ့်မည်။
၂
ဘုရားဖန်ဆင်းခဲ့သောအရာများအားလုံးသည် နှုတ်ကပတ်တော်အားဖြင့် အသစ်သောအသက်တာ ရရှိကြရမည် အမြင့်ဆုံးသော(အရှင်)သခင်ကို ရ(ရှိ)လိမ့်မည် သန့်စင်သော အသင်လောကသစ်ကြီး၊ သင်သည် ဘုရား၏ဘုန်းတော်ထဲတွင် အသက်ရှင်ရမည်။ ဇိအုန်တောင်၊ တိတ်ဆိတ်၍မနေနှင့်။ ဘုရားသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခြင်း၏အလယ်မှ၊ ကမ္ဘာကြီး တစ်ခုလုံးကို ဘုရားစောင့်ကြည့်လျက်နေသည် ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သောအသက်တာကို စတင်ကာ၊ မျှော်လင့်ခြင်းအသစ်ကို ရရှိလေပြီ ဘုရား၏လူ၊ ဘုရား၏အလင်းထဲတွင် သင်ပြန်လည်နိုးကြားမည်လော ဘုရားလမ်းပြမှုအောက်တွင် ရွှင်လန်းခြင်းဖြင့် ထခုန်မည်လော။ ကုန်းနှင့်ရေတို့ ရွှင်လန်းစွာ အော်ဟစ်၊ ရယ်မော ပြန်ရှင်လာသော ဣသရေလပြည် ဘုရား (ကြိုတင်)စီမံကောင်းချီးခံရသည့်အတွက် သင်ဂုဏ်ယူမည်လော။ ဘယ်သူ ငိုကြွေးဖူးလဲ။ ဘယ်သူ မြည်တမ်းဖူးလဲ။ ဟောင်းနွမ်းသော ဣသရေလ(ပြည်) မရှိတော့ဘူး ယနေ့ကာလ ဣသရေလသည် ထမြောက်လေပြီ၊ လူအားလုံး၏ နှလုံးသားထဲတွင် မားမား(မတ်မတ်)ရပ်နိုင်ပြီ အသက်အရင်းအမြစ်ကို ဘုရား၏လူများအားဖြင့် ရရှိ မုန်းတီးခြင်းနှင့်ပြည့် အဲဂုတ္တု၊ ဘုရားကို ဆန့်ကျင်အုံးမှာလား ဘုရားကရုဏာကြောင့် သင်သည် သူ၏ဆုံးမမှုမှ လွတ်မြောက်နိုင်မလဲ။ သူဆုံးမမှုအောက်တွင် သင်မရှိနိုင်မလဲ။ ဘုရားက ချစ်သောသူသည် ထာဝရအသက်ရှင်ရမည် ဘုရားသည် သဝန်တိုတတ်သောဘုရားဖြစ်သောကြောင့် သူ့ကို ဆန့်ကျင်သောသူတို့သည် ထာဝရ အပြစ်ဒဏ်ခံရမည် လူတို့၏ အမူအကျင့်အား အပြစ်မစီရင်ဘဲ မနေ။ မြေကြီးတစ်ခုလုံး ဘုရားစောင့်ကြည့်နေသည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ဆုံးမခြင်းတို့နှင့် မြေကြီးပေါ်ရှိလူအားလုံးကို သူ့ကိုယ်သူဖော်ပြရန် ကမ္ဘာကြီး၏ အရှေ့အရပ်တွင် ဘုရား ပေါ်ထွန်းသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။