၁၀၂ ဘုရား၏အမှုအဆင့်သုံးဆင့်သည် လူကို လုံးဝကယ်တင်ခဲ့၏ကျူး
၁
အနှစ် ၆,၀၀၀ ဘုရားသခင်၏ အမှုတော်ကို အဆင့်သုံးဆင့် ခွဲထား၏
ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်
ဖောက်ပြန်သောလူကို ကယ်တင်ရန်နှင့် စာတန်ကို တိုက်ခိုက်ရန်
၎င်းတို့ကို အဆင့်သုံးဆင့်ခွဲ၍ လုပ်ဆောင်သည်
စာတန်နှင့် ဒီတိုက်ပွဲသည် လူတွေကို ကယ်တင်ရန်ဖြစ်လို့၊
တစ်ဆင့်နှင့် မအောင်မြင်နိုင်သောကြောင့်၊ တိုက်ပွဲတွင် အဆင့်ဆင့်ရှိ
လူတို့လိုအပ်ချက်နှင့် စာတန်၏ ဖောက်ပြန်ပျက်စီးမှု
အတိုင်းအတာအရ စာတန်အပေါ် စစ်ပွဲဆင်နွှဲရသည်
လူကို ကယ်တင်ခြင်းနှင့် စာတန်နဲ့တိုက်ပွဲတို့ကို သုံးဆင့်ပိုင်းခြား
သို့သော် တိုက်ပွဲရလဒ်ဟာ လူတို့အပေါ် ကျေးဇူးပြုခြင်း၊
လူတို့အပြစ်ဖြေရာယဇ်ဖြစ်လာခြင်း၊
လူကို သိမ်းယူခြင်းနှင့် စုံလင်စေခြင်း
၂
ဘုရားသခင်သည် စာတန်ကို လက်နက်ဖြင့် မတိုက်ဘဲ
လူ့အသက်တာအပေါ် အမှုပြု၍ ကယ်တင်ကာ၊
လူသည် ကိုယ်တော်အတွက် သက်သေခံနိုင်ရန်
လူ့စိတ်သဘောထားကို ပြောင်းလဲစေ
ဤသို့ဖြင့် စာတန်သည် ရှုံးနိမ့်၍ အရှက်ရလိမ့်မည်
စာတန်ကို ထိန်းချုပ်ပြီး လူသည် ကယ်တင်ခြင်းခံရလိမ့်မည်
လူကို ကယ်တင်ခြင်း၏ အနှစ်သာရမှာ စာတန်နှင့် စစ်ပွဲဆင်နွှဲခြင်း
လူကို ကယ်တင်ခြင်း၌ တွေ့ရသော စာတန်နဲ့ စစ်ပွဲ
လူကို သိမ်းယူမည့် နောက်ဆုံးသောကာလ အဆင့်မှ
လူကို စာတန်လက်မှ အပြည့်အဝ ကယ်တင်သည့်
တိုက်ပွဲ နောက်ဆုံးအဆင့် ဖြစ်သည်
လူသည် စာတန်လက်မှ လွတ်မြောက်လျှင် စာတန် အရှက်ရလိမ့်မည်
လူကို ပြန်သိမ်းယူလျှင် စာတန် နိဂုံးချုပ်လိမ့်မည်
လူဟာ လက်ရပစ္စည်းဖြစ်၍ စာတန် အပြစ်ပေးခံရလိမ့်မည်
လူကို ကယ်တင်ခြင်းအမှု လုံးဝ ပြီးပြည့်စုံလိမ့်မည်
လူကို ကယ်တင်ခြင်းနှင့် စာတန်နဲ့တိုက်ပွဲတို့ကို သုံးဆင့်ပိုင်းခြား
သို့သော် တိုက်ပွဲရလဒ်ဟာ လူတို့အပေါ် ကျေးဇူးပြုခြင်း၊
လူတို့အပြစ်ဖြေရာယဇ်ဖြစ်လာခြင်း၊
လူကို သိမ်းယူခြင်းနှင့် စုံလင်စေခြင်း
လူကို သိမ်းယူခြင်းနှင့် စုံလင်စေခြင်းအားဖြင့် လာသည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်