၆၂။ ရှုံးနိမ့်ခြင်းကိုရင်ဆိုင်ရာ၌ ရုန်းထခြင်း

ဖန်းချီ တောင်ကိုးရီးယားနိုင်ငံ

ကျွန်မ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိမီက၊ တရုတ်ကွန်မြူနစ်ပါတီ၏ ပညာပေးခြင်းကို ခံခဲ့ရပြီး မိမိအတွက် မည်သို့အောင်မြင်အောင်လုပ်ဖို့နှင့် မိမိ၏မိသားစုကို မည်သို့ ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးဖို့မှလွဲ၍ ကျွန်မ မည်သည့်အရာမျှ မတွေးခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်မက ဘွဲ့လွန်သင်တန်းကို ဖြေဆိုခဲ့ပြီး၊ ထို့နောက်တွင် ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ကျွန်မက အခြားသူများထက် သာသည်ဟု အမြဲခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်မ မည်သည့်နေရာကိုသွားပါစေ၊ အခြားသူများက ကျွန်မ၏လိုဘကို ဖြည့်စေလိုပြီး ကျွန်မ ပြောသည့်အရာအတိုင်း အမှုကိစ္စများကို လုပ်ဆောင်စေဖို့ မျှော်လင့်ရင်း၊ ကျွန်မက အမြဲတမ်း ကြွားဝါဖို့ ကြိုးစားခဲ့သည်။ ထိုအချိန်က ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားမျိုးဖြစ်သည်ကို ကျွန်မ နားမလည်ခဲ့ပါ။ ကျွန်မသည် အတော်အတန် ကောင်းမွန်သည့် လူတစ်ဦး အမှန်တကယ် ဖြစ်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ဘုရားသခင်ကို စတင် ယုံကြည်ပြီးသည့်နောက်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းမှတစ်ဆင့်၊ ကျွန်မက မိမိ၏မာနထောင်လွှားသည့် စိတ်သဘောထားကို နောက်ဆုံးတွင် သတိပြုမိပြီး၊ ကျွန်မ၌ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိရုံသာမကဘဲ၊ ကျွန်မသည် မိမိဘာသာ ကြီးကျယ်နေသကဲ့သို့၊ မိမိကိုယ်ကိုယ် မှန်သည်ဟုလည်း မှတ်ယူနေသည်ကို တွေ့မြင်ခဲ့သည်။ တစ်ခါတစ်ရံတွင် ကျွန်မက အမှုကိစ္စများကို ပြောသည့်အခါဖြစ်စေ၊ လုပ်ဆောင်သည့်အခါဖြစ်စေ၊ ကျွန်မ အခြားမည်သူနှင့်မျှ မဆွေးနွေးဘဲ၊ ကျွန်မ၏ နည်းလမ်းကို သဘောတူရန်သာ မရမကတောင်းဆိုသည်။ ကျွန်မက မိမိကိုယ်ကိုယ် နားလည်မှုအချို့ ရရှိသော်လည်း၊ ဤသည်တို့မှာ အကြီးစားပြဿနာများမဟုတ်ဟု ကျွန်မ ခံစားခဲ့ရသည်။ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်၊” နှင့် “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်။” ကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ တစ်ခါက ဖတ်ခဲ့ရသည်ကို ကျွန်မ အမှတ်ရမိသည်။ ကျွန်မက ဤနှုတ်ကပတ်တော်များကို ဆင်ခြင်မိသည်၊ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်။” သို့ဆိုလျှင် လူ့သဘာဝကောင်းရှိသည့်သူများရော မည်သို့ရှိသနည်း။ သို့မဟုတ်ပါက ဘုရားသခင်ကို နာခံသည့် လူများရော မည်သို့ရှိသနည်း။ ၎င်းတို့၏ စိတ်သဘောထားများသည် ပြောင်းလဲဖို့ လိုအပ်ပါသေးသလား။ ပြောင်းလဲသည့် စိတ်သဘောထားဆိုသည်မှာ မည်သည့်အရာကိုများ ဆိုလိုသနည်း။ ကျွန်မက ခရစ်တော်ကို ယုံကြည်နေပြီး ခရစ်တော်သည် လက်တွေ့ကျသည့် ဘုရားသခင်ဖြစ်သောကြောင့်၊ ခရစ်တော်ကို ယုံကြည်ခြင်းသည် ခရစ်တော်ကို နာခံခြင်း ဖြစ်သင့်သည် မဟုတ်လားဟု ကျွန်မ တွေးမိသည်။ ထို့ကြောင့် ခရစ်တော်ကို နာခံခြင်းက ခရစ်တော်နှင့် သဟဇာတဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အထူးသဖြင့် ကျွန်မသည် မိမိ၏အသက်မွေးမှုလုပ်ငန်းကို မည်သို့စွန့်လွှတ်ပြီး မိသားစုကို မည်သို့ ခွဲခွာခဲ့သည်မှာ ဘုရားသခင်အတွက် ကျွန်မက အသုံးခံခြင်းဖြစ်သည်ဟု တွေးမိသည့်အခါ၊ ဤသည်မှာ ကျွန်မက ခရစ်တော်ကို ယုံကြည်ခြင်းနှင့် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်း လက္ခဏာမဟုတ်ပါသလား။ သို့ရာတွင် ထိုအချိန်က ခရစ်တော်နှင့် သဟဇာတဖြစ်ဖို့ ကျွန်မ၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှု ရရှိဖို့လိုအပ်ခဲ့သည်ကို ကျွန်မ မသိခဲ့သောကြောင့်၊ ကျွန်မ၏ တာဝန်များကို စိတ်အားထက်သန်ခြင်းဖြင့် ထမ်းဆောင်ခဲ့သည်။ အသက်ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ကျွန်မ မသိသကဲ့သို့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကိုလည်း ကျွန်မ မသိခဲ့ပါ။ ကျွန်မ၌ အသက်တာအတွေ့အကြုံ လုံးဝ မရှိဟု သင်ပြောနိုင်ပါသည်။ ကျွန်မသည် စစ်မှန်သော နားလည်သဘောပေါက်မှု အချို့ကို အဆုံး၌ မည်သည့်အချိန်တွင် ရရှိခဲ့သနည်း။ အလွန် ကြမ်းတမ်းသော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ကျွန်မ ကြုံတွေ့ပြီးသည့်နောက်မှာ၊ ကျွန်မက မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ကျွန်မ၏ ကိုယ်ပိုင် သဘာဝသည် အမှန်တကယ်ကို အလွန်ပင် မာနထောင်လွှားသည်ကို တွေ့မြင်ခဲ့ရသည့်အချိန်တွင် ဖြစ်သည်။ ကျွန်မကို အမှုအရာများ ဖြစ်ပျက်သည့်အခါI ကျွန်မက သမ္မာတရားကို ရှာဖွေဖို့ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းအား အာရုံစိုက်ဖို့ မသိခဲ့ဘဲ၊ ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိခဲ့ပါ။ အခြေခံအားဖြင့် ကျွန်မသည် ခရစ်တော်နှင့် သဟဇာတဖြစ်သည့်သူတစ်ဦး မဟုတ်ဟု သင်ဆိုနိုင်ပါသည်။ ထိုပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ပြီးသည့်နောက်တွင်၊ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်။” ဟု ဘုရားသခင် ပြောသည့်အချိန်က သူ မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံး၌ ကျွန်မ စစ်မှန်သော အသိအမှတ်ပြုခြင်း ရရှိခဲ့ပါသည်။

ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့သောကြောင့်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ကျွန်မ ခံခဲ့ရပြီး၊ ထို့ကြောင့် ၂၀၁၄ခုနှစ်တွင် နိုင်ငံရပ်ခြားသို့ မဖြစ်မနေ ထွက်ပြေးခဲ့ရသည်။ နိုင်ငံရပ်ခြားသို့ ကျွန်မ ရောက်ရှိပြီးသည့်နောက်၊ ကျွန်မသည် မိမိကိုယ်ကိုယ် စိတ်အားထက်သန်စွာ အသုံးခံပြီး၊ ကျွန်မ၌ အစွမ်းအစ ကောင်းရှိသည်ကို ကျွန်မ၏ညီအစ်ကိုမောင်နှမများက မြင်သောကြောင့်၊ ကျွန်မကို အသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် သူတို့က ရွေးချယ်ခဲ့ကြပြီး ပွဲအချို့တွင် ပါဝင်ဖို့နှင့် မီဒီယာ လူတွေ့မေးမြန်းခြင်းများ ပြုလုပ်ပေးဖို့ မကြာခဏ အကြံပြုခဲ့ကြသည်။ သို့ရာတွင် ဤအရာများက ကျွန်မ၏ အရင်းအနှီးများ ဖြစ်လာခဲ့သည်။ ကျွန်မက မာနထောင်လွှားနှင့်ပြီးဖြစ်ကာ၊ ဤအရင်းအနှီးဖြင့် ကျွန်မသည် မယုံနိုင်လောက်အောင် လွန်ကျူးစွာ မာနထောင်လွှားခဲ့သည်။ အသင်းတော်က ကျွန်မ မပါဘဲ၊ လည်ပတ်၍မရသကဲ့သို့ ကျွန်မက အရေးကြီးသည့် အလုပ်ကို လုပ်နေသည်ဟု ခံစားခဲ့ရသည်။ ကျွန်မအနေနှင့် အလွန် မဖြစ်စလောက်ဟု မြင်သည့် အရေးကိစ္စများကို ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ဆွေးနွေးလိုသည့်အခါ၊ ကျွန်မက ယင်းနှင့်ပတ်သက်၍ အပင်ပန်းမခံလိုဘဲ၊ သူတို့က ဘာမဟုတ်သည့်အရာအတွက် ရေးကြီးခွင့်ကျယ် လုပ်နေသည်ဟု တွေးခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ၎င်းတို့က မလျှော့တမ်းမေးလာပါက၊ ကျွန်မက “ဒီလိုဟာလေးတွေနဲ့ပတ်သက်ပြီး နင်က ဘာဖြစ်လို့ ငါ့ကို မေးနေရတာလဲ။ ဒါက ငါ့အချိန်နဲ့တန်လား။ ကိုယ့်ဘာသာ လုပ်လိုက်ပါလား။” ဟု တွေးလျက်၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ ၎င်းတို့က နောက်ထပ် မေးပါက၊ ကျွန်မ၏ လေသံက ချက်ချင်း မေးခွန်းထုတ်ပြီး ဝေဖန်သည့်လေသံဖြစ်လာကာ၊ ကျွန်မက အထက်လူကြီးတစ်ဦးအလား သူတို့ကို ဩဝါဒပင် ချွေခဲ့လေသည်။ တကယ်တမ်းတွင် ဤကဲ့သို့ ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ကျွန်မ ဆက်ဆံသည့်အခါ၊ ယင်းက သင့်တော်ခြင်းမရှိဟု ကျွန်မပင် ခံစားခဲ့ရသည်။ ယင်းက သူတို့ကို တစ်နည်းနည်းဖြင့် ထိခိုက်နေသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ သို့သော်လည်း ထိုအချိန်ကာလအတွင်းတွင် ကျွန်မက ထိုမာနထောင်လွှားသည့် စိတ်သဘောထားအတွင်းတွင် ရှင်သန်ပြီး လူ့သဘာဝ အားလုံးပျောက်ဆုံးနေခဲ့သည်။ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း စိုးစဉ်မျှပင် ပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ အလုပ်နှင့် ဘဝထဲတွင် ကျွန်မ ပြုမူသည့်ပုံစံဖြစ်သည်။ ကျွန်မ၏တာဝန်များတစ်လျှောက်၌ ကျွန်မ လုပ်ဆောင်ခဲ့သမျှ၌၊ ကျွန်မက ဆုံးဖြတ်ချက်ချလိုသည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် အမှုအရာများကို ဆွေးနွေးပြီး၊ ကျွန်မ မနှစ်သက်သည့် ထင်မြင်ချက်များ သို့မဟုတ် အကြံများကို ကျွန်မ ကြားသည့်အခါ၊ မတွေးဘဲ သူတို့ကို ချက်ခြင်း ပြစ်တင်မောင်းမဲပြီး သူတို့၏ ထင်မြင်ချက်များက တန်ဖိုးမရှိသကဲ့သို့ သေးသိမ်စေခဲ့သည်။ ကျွန်မက အရာများအားလုံးကို ကျွန်မ လိုချင်သည့်အတိုင်း အတိအကျ ဖြစ်စေလိုသည်။ ကျွန်မက မိမိ၏တာဝန်များကို အချိန်ကာလအတော်ကြာ လုပ်ဆောင်ခဲ့သည်၊ အမှုအရာများကို စိစစ်ခြင်းနှင့် လေ့လာခြင်းတို့အားဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်သည့် လုံလောက်သော အတွေ့အကြုံရရှိခဲ့ပြီးဖြစ်သည်၊ ပြီးလျှင် ကျွန်မ၏ လုပ်ဖော်ဆောင်ဖက်များသည် အလုပ်နှင့် အကျွမ်းတဝင် မရှိသောကြောင့်၊ ၎င်းတို့က တော်တော့်ကို နားလည်သဘောပေါက်ခြင်းမရှိဟု ကျွန်မ ထင်ခဲ့သောကြောင့် ဆွေးနွေးခြင်းနှင့် ရှာဖွေခြင်းများအတွက် အလုပ်၌ ကျွန်မ၏ လုပ်ဖော်ဆောင်ဖက်များဖြင့်လည်း ပြဿနာတက်ခဲလှသည်။ ကျွန်မက သူတို့ကို စကားပြောပါက၊ သူတို့က မည်သည့်အရာကိုမျှ ထပ်ဆောင်းနိုင်မည် မဟုတ်သကဲ့သို့၊ အမှုကိစ္စများကိုလည်း နားလည်နိုင်မည် မဟုတ်ဟု ကျွန်မ တွေးထင်ခဲ့သည်။ ဆွေးနွေးခြင်း လုပ်ငန်းစဉ်ကို ကျော်ဖြတ်ရခြင်းသည် အချိန်ဖြုန်းခြင်းသက်သက် ဖြစ်သည်၊ ယင်းက ဟန်ဆောင်ခြင်းသာ ဖြစ်သည်ဟု ကျွန်မ တွေးထင်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှင့် အလုပ်လုပ်ဖို့ ဆန္ဒကို ကျွန်မ ဖြည်းဖြည်းချင်း ရပ်ဆိုင်းခဲ့သည်။ ကျွန်မ၏ ခေါင်းဆောင်များက ကျွန်မ၏အလုပ်နှင့်ပတ်သက်၍ သိလာရသည့်အခါ၊ ကျွန်မက အလွန် စိတ်ဆိုပြီး အခြားလူများ၏ ကြီးကြပ်ခြင်း သို့မဟုတ် တိုက်တွန်းခြင်းများကို လက်မခံလိုခဲ့ပါ။ ထိုအချိန်က ကျွန်မ၏အခြေအနေ မမှန်ကန်သည်ကိုလည်း ကျွန်မ အမှန်တကယ် ခံစားခဲ့ရသည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများက “အစ်မက အရမ်းမာနထောင်လွှားပြီး၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူနေတယ်၊ ပြီးတော့ ဘယ်သူနဲ့မှလည်း အလုပ်မလုပ်ချင်ဘူး။ အစ်မရဲ့ တာဝန်တွေနဲ့ အလုပ်တို့မှာ သူများတွေရဲ့ ကြီးကြပ်တာနဲ့ တိုက်တွန်းတာတွေကို လက်ခံဖို့ ငြင်းတယ်၊ ပြီးတော့ အစ်မရဲ့ အလုပ်ထဲမှ ဘယ်သူမှ ဝင်စွက်တာလည်း မကြိုက်ဘူး။” ဟု ပြောလျက်၊ ကျွန်မကို သတိပေးခဲ့ကြသည်။ ဤသတိပေးချက်များနှင့် ကျွန်မ၏ လုပ်ဖော်ဆောင်ဖက်များထံမှ ဤအကူအညီတို့က ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတစ်မျိုး ဖြစ်သော်လည်း၊ ကျွန်မက ယင်းတို့ကို လျစ်လျူရှုခဲ့သည်။ ကျွန်မ ခံစားရသည့်အရာမှာ ကျွန်မက မာနထောင်လွှားပြီး အသက်ဝင်ရောက်မှု များစွာ မရရှိသေးဘဲ၊ ပြောင်းလဲမှုတစ်ခုမျှ မရရှိသေးသော်လည်း၊ ကျွန်မ၏ တာဝန်များကို ထမ်းဆောင်ဆဲဖြစ်သောကြောင့်၊ ဤသည်မှာ အဓိကပြဿနာတစ်ခု မဟုတ်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများ၏ အကူအညီများနှင့် သတိပေးချက်များကို ကျွန်မ မယူခဲ့သကဲ့သို့၊ အလေးအနက်လည်း မထားခဲ့ပါ။ ယင်းနှင့်ပတ်သက်၍ ကျွန်မ များစွာ မတွေးခဲ့ပါ။ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထား သို့မဟုတ် ကျွန်မ၏ ဆိုးယုတ်သော သဘာဝတို့က ညတွင်းချင်း ပြောင်းလဲနိုင်သည့်အရာ မဟုတ်ဟု ကျွန်မ တွေးခဲ့သည်။ ထို့ကြောင့် ဤသည်မှာ ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ လက်ရှိအချိန်တွင်မူ ကျွန်မ၏ အလုပ်ကိုသာ လုပ်ဆောင်သင့်ပြီး ကျွန်မ၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်သင့်သည်ဟု ကျွန်မ တွေးခဲ့သည်။

ကျွန်မက ထိုကဲ့သို့သော စိတ်သဘောထားအတွင်း ရှင်သန်သည့်အခါ၊ မည်သည့်အရာကိုမျှ မခံစားရပါဟု မဆိုလိုပေ။ တကယ်တမ်းတွင် ကျွန်မ၏ စိတ်နှလုံးသည် ထိုအချိန်က အလွန် ဗလာကျင်းခဲ့ပါသည်။ တစ်ခါတစ်ရံ ကျွန်မ လုပ်ငန်းတာဝန်တစ်ခုကို ပြီးဆုံးပြီးသည့်နောက်၊ မိမိကိုယ်ကိုယ် “အဲဒါကို လုပ်နေတဲ့အချိန်မှာဖြစ်ဖြစ်၊ ပြီးတဲ့အချိန်မှာဖြစ်ဖြစ် ဘာသမ္မာတရားတွေများ ငါ ရခဲ့ပါလိမ့်။ ဝင်ရောက်ဖို့ ဘာအခြေခံသဘောတရားတွေ ငါရခဲ့ပါလိမ့်။ ငါရဲ့ အသက်စိတ်သဘောထားက တစ်နည်းနည်းနဲ့ ပြောင်းသွားပြီလား။” ဟု ပြန်လည်သုံးသပ်ပြီး မေးမြန်းခဲ့သည်။ သို့ရာတွင် ကျွန်မက မည်သည့်အရာကိုမျှ တစ်ခါမျှ မဖြစ်မြောက်ခဲ့ပါ။ ကျွန်မက နေ့စဉ် ကျွန်မ၏ အလုပ်ပြီးဆုံးဖို့ မိမိဘာသာ ကစဉ့်ကလျားဖြစ်ပြီး ခြေကုန်လက်ပန်းကျနေခဲ့သည်၊ ပြီးလျှင် ကျွန်မမှာ လုပ်စရာများစွာ ရှိသည့်အခါတိုင်း၊ အားမလိုအားမရဖြစ်ခြင်းနှင့် ဒေါသတို့ဖြင့် ပြည့်နှက်လာခဲ့သည်။ ယင်းက တစ်စုံတစ်ခုက မိမိကိုယ်ကိုယ် လုံးလုံး ထိန်းချုပ်နိုင်ခြင်း မရှိလာဖို့ကိုသာ ဖြစ်စေသည့်အလား ဖြစ်သည်။ ဘုရားသခင်ကို ဆုတောင်းသည့်အခါ၊ ကျွန်မက ဟန်ဆောင်နေရုံ သက်သက်သာ ဖြစ်သည်။ ကျွန်မ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို ပြောစရာစကား တစ်ခုမျှ မရှိခဲ့ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှ မည်သည့် အလင်းပြခြင်း သို့မဟုတ် အသိဉာဏ်ပွင့်လင်းခြင်းလည်း ကျွန်မ မရရှိခဲ့ပါ။ ထိုအချိန်က ကျွန်မက အလွန် အနှစ်သာရကင်းမဲ့ပြီး အလွန် သောကရောက်သည်ဟု ခံစားခဲ့ရသည်။ ကျွန်မ၏တာဝန်များကို ကျွန်မ ထမ်းဆောင်လေ၊ ဘုရားသခင်ထံမှ သာ၍ ဝေးကွာလေ ဖြစ်ပြီး၊ ကျွန်မ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ခံစား၍မရခဲ့ပါ။ ကျွန်မက ဘုရားသခင်၏ စွန့်ပစ်ခံရခြင်းကို ကြောက်နေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့မှောက်သို့ ကျွန်မ အဆောတလျင် သွားခဲ့ပြီး ဆုတောင်းခဲ့ပါသည်။ “ဘုရားသခင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်ပါဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း မထိန်းချုပ်နိုင်ပါဘူး၊ ဒါကြောင့် ကျွန်မကို ကိုယ်တော် ကယ်တင်ဖို့ ကျွန်မ တောင်းလျှောက်ပါတယ်။” ထိုနောက်မကြာမီ၊ ရုတ်တရက် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့က ကျွန်မထံ ကျရောက်လာခဲ့သည်။

တစ်ခါက၊ ကျွန်မ၏ခေါင်းဆောင်များထဲမှ တစ်ဦးက ကျွန်မ၏ အလုပ်နှင့်ပတ်သက်၍ မေးမြန်းသည့်အခါ၊ အသင်းတော်ငွေများကို ကျွန်မ အသုံးပြုခဲ့ပုံ၌ ပြဿနာတစ်ခုကို သူက ရှာတွေ့သွားခဲ့သည်။ ကျွန်မက ဤငွေကို သုံးဖို့နည်းလမ်းကို ကျွန်မ ဆုံးဖြတ်သည့်အခါတွင်၊ ကျွန်မ၏ လုပ်ဖော်ဆောင်ဖက်များကိုဖြစ်စေ၊ ခေါင်းဆောင်များကို ဖြစ်စေ ဆွေးနွေးခဲ့ခြင်းမရှိသည်ကို သူတွေ့ခဲ့ရသည်။ သူက “ဒါက အသင်းတော် အသုံးစရိတ်နဲ့ဆိုင်တဲ့ ကိစ္စပဲ၊ အစ်မက အစ်မရဲ့ လုပ်ဖော်ဆောင်ဖက်တွေ ဒါမှမဟုတ် ခေါင်းဆောင်တွေနဲ့ ဒါကို ဘာဖြစ်လို့ မဆွေးနွေးခဲ့တာလဲ။ ဒါဟာ ကိုယ့်ဘာသာ ချမှတ်နိုင်တဲ့ ဆုံးဖြတ်ချက်မျိုးလား။” ဟု ကျွန်မကို ပြောခဲ့သည်။ သူ၏မေးခွန်းကို ဖြေရာတွင် ကျွန်မ ပြောနိုင်သည့်အရာ တစ်ခုမျှ မရှိဟု ကျွန်မ ခံစားခဲ့ရသည်။ ထိုအချိန်က သူ့ကို မည်သို့ ဖြေဆိုရမည်ကို ကျွန်မ တကယ်ကို မသိခဲ့ပါ။ ကျွန်မက ယင်းနှင့်ပတ်သက်၍ တစ်ခါမျှ မတွေးဖူးသည့်အတွက် အကြောင်းအရင်းကိုလည်း လုံးလုံး မသိခဲ့ပါ။ ထို့နောက်တွင် ကျွန်မ စတင် နောက်ကြောင်း ပြန်တွေးတောခဲ့သည်။ ထိုကာလအတွင်းတွင် ကျွန်မက မိမိ၏မာနထောင်လွှားသည့် သဘာဝအတွင်းတွင် ရှင်သန်နေခဲ့သောကြောင့်၊ ကျွန်မမှာ သာမန်အသိစိတ် လုံးဝ မရှိခဲ့ပါ၊ ကျွန်မ၏တာဝန်များသည် ကျွန်မအဖို့ ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက် ဖြစ်ကြောင်းနှင့် ကျွန်မက ထိုတာဝန်များကို အခြေခံသဘောတရားများ အတိုင်း ထမ်းဆောင်ခဲ့သင့်ပြီး သမ္မာတရားကို ရှာဖွေသင့််ကြောင်းကို ကျွန်မ မသိခဲ့ပါ။ ကျွန်မက မိမိ၏လုပ်ဖော်ဆောင်ဖက်များနှင့် ခေါင်းဆောင်များဖြင့် အတူတကွ ဆွေးနွေးပြီး ဆုံးဖြတ်သင့်ခဲ့သည်ဟု မသိခဲ့ပေ။ ကျွန်မသည် မိမိ၏မာနထောင်လွှားသည့် စိတ်သဘောထားတွင်းတွင် ရှင်သန်ခဲ့သောကြောင့်၊ ကျွန်မမှာ ထိုအသိစိတ် ကင်းမဲ့ခဲ့သည်။ ပြီးလျှင် ကျွန်မက ယင်းကို လုံးလုံး သတိမပြုမိခဲ့ပါ။ ဤသည်မှာ ကျွန်မ နားလည်သည့်အရာတစ်ခုဖြစ်ပြီး၊ ယင်းကို ကျွန်မက ရှာဖွေဖို့ လေ့လာစုံစမ်းဖို့ မလိုအပ်ဟုပင် ထင်ခဲ့သည်။ ကျွန်မ၏ခေါင်းဆောင်က ကျွန်မကို “အစ်မက မာနထောင်လွှားပြီး၊ ကိုယ့်ကိုယ်ကိုယ်ဘဲ မှန်တယ်လို့ ထင်တယ်၊ ပြီးတော့ ဘာအသိစိတ်မှ မရှိဘူး။ ဒီအလှူငွေတွေကို ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေက သူ့ကို ပေးထားတာ ဖြစ်ပြီး၊ ဒါတွေကို အခြေခံစည်းမျဉ်းအတိုင်း စဉ်းစဉ်းစားစား သုံးစွဲခဲ့သင့်တယ်။ အခုတော့ အလှူငွေတွေကို ဖြုန်းတီးမိခဲ့ပြီဆိုတော့၊ တာဝန်ကို အခြေခံစည်းမျဉ်းအတိုင်း တာဝန်ချပေးဖို့ လိုပြီ။” ဟု ပြောလျက် ကိုင်တွယ်ဖြေရှင်းသည်။ ကျွန်မက သူ့ကို မည်သည့်အရာမျှ ပြန်မပြောခဲ့သော်လည်း၊ စိတ်ထဲတွင် ကျွန်မ မှန်သည်ဟု ခံစားနေရဆဲဖြစ်သည်။ ကျွန်မက အလှူငွေများကို ခိုးယူခဲ့ခြင်း မဟုတ်ဘဲ၊ အသင်းတော် အလုပ် လုပ်ဆောင်ရာတွင် အသုံးပြုခဲ့ခြင်း ဖြစ်သောကြောင့်၊ ကျွန်မက အဘယ့်ကြောင့် တာဝန် တစ်ခုတစ်လေကို ယူသင့်သနည်း။

ထို့နောက်တွင် ကျွန်မ၏ ခေါင်းဆောင်များက ကျွန်မတို့နှင့်တွေ့ဖို့ အသင်းတော်သို့ ရောက်လာခဲ့သည်၊ ၎င်းတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသုံးပြု၍ ကျွန်မ၏ ပြဿနာကို မိတ်သဟာယပြုပြီး စိစစ်ကြသည်။ ထိုအချိန်က ကျွန်မကလည်း မိမိကိုယ်ကိုယ် နားလည်မှုကို ရှင်းပြဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် ဤမိတ်သဟာယကို အသုံးပြုခြင်းက ကျွန်မ၏စိတ်နှလုံးထဲတွင် ဖြစ်တည်ခဲ့သည့် မနာခံခြင်း၊ မကျေနပ်ခြင်းနှင့် နားလည်မှုကင်းမဲ့ခြင်းတို့ကို ဖွင့်ပြောခြင်း သက်သက်သာ ဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ မည်သည့် အသိအမှတ်ပြုခြင်းတစ်ခုတစ်လေမျှ မရသော်ငြားလည်း၊ ကျွန်မက အလုပ်ကြိုးစားသည်ဟု ခံစားခဲ့ရသည်။ ကျွန်မမှာ ကျွန်မ၏ သဘာဝနှင့် ပတ်သက်သည့် စစ်မှန်သော နားလည်မှု မရှိသည်ကို ကျွန်မ၏ခေါင်းဆောင်များက မြင်သောကြောင့်၊ ကျွန်မ၏ညီအစ်ကိုမောင်နှမများ၏ သဘောတူညီမှုကို ရှာပြီးသည့်နောက်တွင်၊ ကျွန်မကို သူတို့က အသင်းတော် ခေါင်းဆောင်အဖြစ် ကျွန်မ၏ရာထူးမှ ထုတ်ပယ် လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ကျွန်မက မည်သည့်နောင်တမျှ မရခဲ့ပါ။ သို့ရာတွင် ထို့နောက်တွင် ခေါင်းဆောင်များက အသုံးစရိတ်တိုင်း၏ အသေးစိတ်ကို စတင်လေ့လာပြီး၊ ထိုလုပ်ငန်းစဉ်အတွင်းတွင် ပြဿနာ အချို့ရှိသည်ကို ကျွန်မ နောက်ဆုံး၌ သဘောပေါက်ခဲ့သည်။ အရှုံးများ စုပုံလာပြီး ပမာဏ ကြီးထွားလာသည်နှင့်အမျှ၊ ယင်းက ကျွန်မ ပေးဖို့တတ်နိုင်သည့် ပမာဏကို ကျော်သွားခဲ့ပြီး၊ ကျွန်မ စတင် ကြောက်လန့်လာခဲ့သည်။ ထိုငွေကို အသုံးပြုဖို့ ကျွန်မ၏ဆုံးဖြတ်ချက်များနှင့် ကျွန်မ၏ အထင်အမြင် သေးပြီး အရေးမလုပ်သည့် သဘောထားတို့အပေါ် ကျွန်မ စတင် ပြန်လည် စဉ်းစားခဲ့သည်၊ ပြီးလျှင် နောင်တကို ကျွန်မ အမှန်တကယ် စတင်ခံစားရကာ၊ မိမိကိုယ်ကိုယ် စက်ဆုပ်မိလေသည်။ မိမိ၏တာဝန်များ၌ ကျွန်မ၏ကိုယ်ပိုင် ဆိုးယုတ်သော သဘာဝအပေါ် မှီခိုခြင်းက အသင်းတော်အဖို့ ကြီးစွာသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်ကို ကျွန်မ မည်သည့်အခါမျှ မတွေးခဲ့ပါ။ အမှန်တရားနှင့် ရင်ဆိုင်ရပြီး၊ ကျွန်မ အလွန် ဂုဏ်ယူဝင့်ကြွားခဲ့သည့်စိတ်က မနှိမ့်ချဘဲ မနေနိုင်တော့ပါ၊ ကျွန်မသည် မိမိ၏ပါးကို ရိုက်ခြင်းထက် မည်သည့်အရာကိုမျှ မလုပ်လိုပါ။ ဤအရာများသည် ကျွန်မ ပြုခဲ့သည့် အရာများ အမှန်တကယ် ဖြစ်သည်ကို ကျွန်မ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။

ထို့နောက်တွင် ကျွန်မက ဒေသနာတစ်ခုကို နားထောင်ခဲ့သည်။ “ဒီနေ့မှာ ဘုရားသခင်ကို ၁၀ နှစ်၊ အနှစ် ၂၀ ယုံကြည်လာကြတဲ့ ခေါင်းဆောင်တွေနဲ့ အမှုတော်ဆောင်တချို့ ရှိကြပေမဲ့၊ သူတို့က သမ္မာတရားနည်းနည်းလောက်ကိုတောင် ဘာဖြစ်လို့ လက်တွေ့မလုပ်ဆောင်ကြတာလဲ။ အဲဒီအစား အကြောင်းကိစ္စတွေကို သူတို့သဘောအတိုင်း လုပ်ကြတယ်။ သူတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေက သမ္မာတရားမဟုတ်မှန်း သူတို့ နားမလည်ကြဘူးလား။ သမ္မာတရားကို ဘာလို့ သူတို့ မရှာဖွေနိုင်တာလဲ။ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် မမောနိုင်မပန်းနိုင် အသုံးခံကြတယ်။ သူတို့တာဝန်တွေကို မိုးလင်းကနေ မိုးချုပ်၊ ခက်ခဲတာ ပင်ပန်းတာတွေကို မကြောက်မလန့်နဲ့ ဆောင်ရွက်နေကြတယ်။ ဒါပေမယ့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးတဲ့နောက်မှာ ဘာလို့ ကိုယ်ကျင့်တရားတွေ ကင်းမဲ့ကြသေးတာလဲ။ သူတို့ လုပ်ချင်တာမှန်သမျှ လုပ်ရင်းနဲ့ သူတို့ရဲ့ တာဝန်တွေကို ကိုယ်ပိုင်စိတ်ကူးတွေအတိုင်း သူတို့ ထမ်းဆောင်ကြတယ်။ သူတို့လုပ်တာတွေကို မြင်တဲ့အခါ တစ်ခါတလေ ကျွန်တော် အံ့အားသင့်မိတယ်။ သူတို့က ပုံမှန်အားဖြင့်တော့ တကယ့်လူကောင်းတွေလို့ ထင်ရတယ်။ မကောင်းမှုလုပ်တဲ့သူတွေ မဟုတ်သလို၊ ကောင်းကောင်းမွန်မွန် ပြောဆိုကြတယ်။ သူတို့က အဲဒီလို အဓိပ္ပာယ်မရှိတဲ့အရာတွေကို လုပ်နိုင်စွမ်းရှိနေမှန်း တွေးကြည့်ဖို့ ခက်တယ်။ အဲဒီလိုအရေးကြီးတဲ့ကိစ္စတွေမှာ၊ သူတို့က ဘာလို့ အကြံဉာဏ်ကို မရှာဖွေ မတောင်းဆိုတာလဲ။ အမှုအရာတွေမှာ သူတို့သဘောအတိုင်းလုပ်ဖို့နဲ့ အဆုံးအဖြတ်ပေးဖို့ကို ဘာလို့ မရမက လုပ်ကြတာလဲ။ ဒါက ဆိုးယုတ်တဲ့ စိတ်သဘောထားကလွဲလို့ ဘာလဲ။ အရေးကြီးတဲ့ အရာတွေကို ကိုင်တွယ်တဲ့အခါ၊ ဘုရားသခင်နဲ့ မကြာခဏ ကျွန်တော် စကားပြောပြီး အကူညီအတွက် သူ့ကို ရှာပြီး တောင်းလျှောက်တယ်။ တစ်ခါတလေ ကျွန်တော့်စိတ်ကူးတွေနဲ့ မကိုက်တဲ့ အရာတွေကို ဘုရားသခင်က ပြောတယ်။ ဒါပေမယ့် ကျွန်တော် နာခံရမှာဖြစ်ပြီး အမှုအရာတွေကို ဘုရားရဲ့ နည်းလမ်းအတိုင်း လုပ်ရမှာဖြစ်တယ်။ အရေးကြီးတဲ့ ကိစ္စတွေမှာ၊ ကိုယ့်စိတ်ကူးတွေအတိုင်း ကျွန်တော် မလုပ်ရဲဘူး။ ကျွန်တော် အမှားလုပ်မိရင် ဘာဖြစ်မလဲ။ ဘုရားသခင်ကို အမှုအရာတွေ ဆုံးဖြတ်ခွင့်ပေးတာ အကောင်းဆုံးပဲ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရဲ့ ဒီအခြေခံအဆင့်က ခေါင်းဆောင်နဲ့ အမှုတော်ဆောင်တွေအားလုံး ပိုင်ဆိုင်သင့်တဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ တချို့ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အရမ်း အဆင်အခြင်မဲ့တာကို ကျွန်တော် တွေ့မြင်ပြီးပါပြီ။ ကိစ္စအားလုံးကို သူတို့ သဘောအတိုင်းလုပ်ဖို့ သူတို့ တောင်းဆိုကြတယ်။ ဒီမှာ ဘာပြဿနာရှိလဲ။ ကျွန်တော်တို့စိတ်သဘောထားတွေ မပြောင်းလဲသေးတဲ့အခါမျိုးမှာ တကယ်ကို အန္တရာယ်ရှိပါတယ်...ဘုရားသခင်ရဲ အိမ်တော်က အဆုံးအဖြတ်ပေးတဲ့ အုပ်စုကို ဘာလို့ တည်ထောင်တာလဲ။ အဆုံးအဖြတ်ပေးတဲ့အုပ်စုဆိုတာ အဓိကအမှားတွေ ဆုံးရှုံးမှုတွေကို ရှောင်ရှားဖို့အတွက်၊ ကိစ္စရပ်တစ်ခုကို အတူတူ ဆွေးနွေး လေ့လာဆန်းစစ်ပြီး ဆုံးဖြတ်ကြတဲ့ လူအချို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် လူအချို့က အဆုံးအဖြတ်ပေးတဲ့ အုပ်စုကို ရှောင်လွဲပြီး သူတို့ သဘောအတိုင်း လုပ်ကြတယ်။ သူတို့တွေဟာ စာတန်နတ်ဆိုး မဟုတ်ဘူးလား။ အဆုံးအဖြတ်ပေးတဲ့ အုပ်စုတွေကို ရှောင်ကွင်းပြီး ကိုယ့်သဘောအတိုင်း လုပ်ကြသူ ဘယ်သူမဆိုဟာ စာတန် နတ်ဆိုးဖြစ်တယ်။ သူတို့က ဘယ်ခေါင်းဆောင် အဆင့်ဖြစ်ပါစေ၊ အဆုံးအဖြတ်ပေးတဲ့အုပ်စုတွေကို ရှောင်ပြီးတော့၊ အစီအစဉ်တွေကို အတည်ပြုဖို့ မတင်ပြဘဲ၊ သူတို့သဘောအတိုင်း လုပ်တယ်ဆိုရင် သူတို့ဟာ စာတန်နတ်ဆိုးဖြစ်ပြီး ဖယ်ရှားခံရမှာဖြစ်သလို မောင်းထုတ်ခံရမှာဖြစ်တယ်။” (အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ) ဒေသနာ၏စကားလုံးတိုင်းက ကျွန်မ၏စိတ်နှလုံးကို ထိုးဖောက်ခဲ့သည်။ ထိုနှုတ်ကပတ်တော်များက ကျွန်မ၏ အခြေအနေကို လုံးလုံး ချခင်းပြသည်။ အထူးသဖြင့် ဤကဲ့သို့လူများသည် သုတ်သင်ဖယ်ရှင်းခံရပြီး မောင်းထုတ်ခြင်းခံရမည့် နတ်ဆိုးစာတန်ဖြစ်သည်ဟူသည့် ဒေသနာကို ကျွန်မ ကြားရသည့်အချိန်တွင်၊ ကျွန်မက ရုတ်တရက် မှင်တက်သွားခဲ့သည်။ ကျွန်မသည် ယခုလေးတင် သေဒဏ်အပေးခံလိုက်ရသည့်အလား ခံစားခဲ့ရသည်။ ကျွန်မက “ငါတော့ ပွဲသိမ်းသွားပြီ။ အခုဆို ငါ ဘယ်တော့မှ ကယ်တင်ခြင်းခံရမှာ မဟုတ်ဘူး၊ ဒါက ဘုရားသခင်ကို ငါ့ရဲ့ယုံကြည်ခြင်းအသက်တာ အဆုံးသတ်ပဲ- ဘုရားသခင်ကို ငါ့ရဲ့ ယုံကြည်ခြင်းက ဇာတ်သိမ်းသွားပြီ။” ဟု တွေးမိခဲ့သည်။ ထိုအချိန်က ကျွန်မက အလွန်ကြောက်ရွံ့နေခဲ့သည်။ ဘုရားသခင်သည် ကျွန်မကို အမြဲ ကောင်းစွာ စောင့်ရှောက်သည်ဟု ကျွန်မ အစဉ် ခံစားခဲ့ရသည်။ ကျွန်မမှာ ကောင်းမွန်သော ပညာရေးနှင့် အလုပ်အကိုင်တို့ ရရှိခဲ့သည်၊ ဘုရားသခင်၏အိမ်တော်၌ ကျွန်မ ထမ်းဆောင်သည့် တာဝန်များက အလွန် အရေးကြီးသည်၊ ပြီးလျှင် ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ကျွန်မကို အထင်ကြီးကြသောကြောင့်၊ ကျွန်မက ဘုရားသခင်အတွက် အလွန် အရေးကြီးသည်ဟု မိမိကိုယ်ကိုယ် အစဉ် ရှုမြင်ခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏အိမ်တော်၌ လေ့ကျင့်ခံရဖို့ အဓိကလူဖြစ်သည်ဟု ထင်မြင်ခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိသောကြောင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ခံရလိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးခဲ့ဖူးပါ။ ထိုအချိန်မှစ၍ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး မည်သည့် စော်ကားမှုကိုမျှ သည်းမခံကြောင်း၊ ဘုရားသခင့်အိမ်တော်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့အားဖြင့် အုပ်စိုးထားကြောင်းနှင့် ထိုအိမ်တော်သည် မည်သည့်လက်မခံနိုင်သည့် အပြုအမူကို ပြုခြင်းမျှ လုံးဝ ခွင့်မပြုကြောင်းကို ကျွန်မ စတင်ခံစားခဲ့ရသည်။ အသင်းတော်၌ ကျွန်မတို့က အခြေခံစည်းမျဉ်းအတိုင်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်သင့်ပြီး သမ္မာတရားကို ရှာဖွေသင့်သည်၊ ကျွန်မတို့ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်၍မရသကဲ့သို့၊ ကျွန်မတို့ သဘောရှိသည့်အတိုင်း ပြုမူ၍ကို မရပါ။ ကျွန်မက ဒုက္ခများ ဖြစ်စေခဲ့ပြီး အသင်းတော်၏အလှူငွေများကို ပေါ့ဆစွာ သုံးခဲ့သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို ကျွန်မ ပုန်ကန်ပြစ်မှားခဲ့ပြီးဖြစ်ကာ၊ မည်သူကမျှ ကျွန်မကို ကယ်တင်၍ရမည်မဟုတ်ဟု ကျွန်မ ထင်ခဲ့သည်။ ကျွန်မသည် ဘုရားသခင့်အိမ်တော်၏ သုတ်သင်ဖယ်ရှင်းခြင်းကို စောင့်ရုံသာရှိတော့သည်။

နောက်ရက်များတွင် ကျွန်မ မျက်လုံးဖွင့်သည့် မနက်တိုင်းတွင်၊ ကျွန်မက အထိတ်တလန့်ဖြစ်ရသည့် အခိုက်အတန့်ကို ခံစားရပြီး၊ စိတ်ဓာတ်ကျလှသည်မှာ အိပ်ရာထဲမှ ထဖို့ပင် ခွန်အား မရှိခဲ့ပါ။ ကျွန်မက နောက်ထပ် မည်သည့် နေရာကို ရောက်မည်ကို မသိဘဲ၊ ကျွန်မ ပြုခဲ့သည့် အမှားက အလွန်ကြီးမားပြီး မည်သူမျှ ကျွန်မကို ကယ်တင်၍မရဟု ကျွန်မ ခံစားရသည်။ ကျွန်မသည် ဘုရားသခင် ရှေ့မှောက်သို့သွားကာ၊ ဘုရားသခင်ထံ ဆုတောင်းပြီး ကျွန်မ၏စိတ်နှလုံးထဲတွင် ရှိသည့်အရာကို သူ့ကို ပြောပြာဖို့သာ တတ်နိုင်ခဲ့သည်။ ကျွန်မက ဘုရားသခင်ကို “ဘုရားသခင်၊ ကျွန်မ မှားပါတယ်။ အမှုကိစ္စတွေက ဒီနည်းနဲ့ အဆုံးသတ်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ အရင်က ကျွန်မ ကိုယ်တော့်ကို မသိခဲ့ဘဲ၊ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ကိုယ်တော့်ကို ရိုသေလေးမြတ်မှုလည်း မရှိခဲ့ပါဘူး။ ကိုယ်တော့်ရဲ့ မျက်မှောက်တော်မှာ ကျွန်မက မာနထောင်လွှားပြီး ကိုယ်ကိုယ်ကိုယ် မှန်တယ်လို့မှတ်ယူခဲ့ပါတယ်၊ ကျွန်မက လက်မခံနိုင်စရာကို လုပ်ခဲ့ပြီး၊ အသိစိတ်လုံးလုံး မရှိခဲ့ပါဘူး၊ ဒါကြောင့် ဒီနေ့မှာ ကျွန်မ ဒီ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာ၊ ပြစ်တင်ဆုံးမတာနဲ့ တရားစီရင်တာကို ခံနေရပါတယ်။ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ မြင်ပါတယ်။ ကျွန်မ နာခံပြီး ဒီအခြေအနေကနေ သင်ခန်းစာယူဖို့ ဆန္ဒရှိပါတယ်။ ကျွန်မက ကိုယ်တော် မရှိဘဲ နေလို့မရလို့ ကျွန်မကို မထားသွားဖို့ ကိုယ်တော့်ကို အသနားခံပါတယ်၊ ဘုရားသခင်။” ဟု ပြောခဲ့သည်။ နောက်ရက်များတွင် ကျွန်မ ဤကဲ့သို့ ဆက်လက်ဆုတောင်းခဲ့သည်။ တစ်မနက်တွင် ဘုရားသခင့်နှုတ်ကပတ်တော်များ ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ ကြားလိုက်ရသည်။ “တစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါတိုင်း ဤသိနားလည်မှုမျိုး သင်ရှိရမည်- ‘မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ထိုအရာအားလုံးသည် ကျွန်ုပ်၏ ပန်းတိုင်ကို ရရှိခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဘုရားသခင်က လုပ်ဆောင်နေခြင်းဖြစ်သည်။ ကျွန်ုပ်အထဲ၌ အားနည်းချက်ရှိသော်လည်း၊ ကျွန်ုပ် အပျက်သဘောဆောင်မည် မဟုတ်။ ကျွန်ုပ်အပေါ် အပ်နှင်းသည့် ချစ်ခြင်းမေတ္တာနှင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုကို ကျွန်ုပ်အတွက် စီစဉ်ပေးခြင်းအတွက် ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်သည်။ ကျွန်ုပ်၏ စိတ်ဆန္ဒနှင့် သန္နိဋ္ဌာန်ကို ကျွန်ုပ် စွန့်လွှတ်ရမည်မဟုတ်။ လက်လျှော့ခြင်းသည် စာတန်နှင့် အပေးအယူလုပ်ခြင်း သဘောသက်ရောက်လိမ့်မည်၊ မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းသဘော သက်ရောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း သဘောသက်ရောက်လိမ့်မည်။’ ဤသည်မှာ သင် ရှိရမည့် တွေးခေါ်မှုအလေ့အထမျိုး ဖြစ်သည်။ အခြားသူများ မည်သည့်အရာ ပြောပါစေ၊ မည်သို့ ဆောင်ရွက်ကြပါစေ၊ ပြီးလျှင် ဘုရားသခင်က သင့်အပေါ် မည်သို့ဆက်ဆံပါစေ၊ သင်၏ စိတ်ပိုင်းဖြတ်ချက် မယိမ်းယိုင်ရ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သမ္မာတရားကို လိုက်စားဖို့ မရှိမဖြစ်လိုအပ်သည့် သန္နိဋ္ဌာန်”) ဘုရားသခင့်နှုတ်ကပတ်တော်များ ဤဓမ္မသီချင်းကို ကျွန်မ ကြားသည့်အခါI ကျွန်မက မိမိကိုယ်ကိုယ် ကယ်တင်ခြင်း မျှော်လင့်ချက်ကို ရှာတွေ့ခဲ့ပြီဟု ခံစားခဲ့ရသည်။ ကျွန်မက ထိုသီချင်းကို ထပ်ခါထပ်ခါ သီဆိုပြီး ကျွန်မ သီဆိုလေ၊ ကျွန်မ၏စိတ်နှလုံးထဲတွင် ခွန်အားများ ပို၍ ထွက်ပေါ်လာသည်ကို ခံစားရလေ ဖြစ်သည်။ ကျွန်မက နောင်ရပြီးပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်က ကျွန်မအား မိမိကိုယ်ကိုယ် သိစေလိုသောကြောင့်၊ ကျွန်မက ဤနည်းဖြင့် ဖော်ထုတ်ခံရခြင်း၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းဖြစ်သည်၊ ဘုရားသခင်က ကျွန်မကို ထုတ်ပယ်ပြီး သုတ်သင်ဖယ်ရှင်းလိုသောကြောင့် မဟုတ်ပါ။ သို့ရာတွင် ကျွန်မက ဘုရားသခင်ကို မသိခဲ့ပါ၊ ဘုရားသခင်ကို ကျွန်မ အထင်လွဲခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ကျွန်မ သတိထားခဲ့သည်၊ ထို့ကြောင့် ကျွန်မက ဘုရားသခင်က ကျွန်မကို မလိုလားပါဟု ထင်ခဲ့သည့်အတွက် ကျွန်မသည် အပျက်သဘောဆောင်သည့် အခြေအနေတွင် ရှင်သန်ခဲ့သည်။ သို့ရာတွင် ထိုနေ့ရက်၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်မ တွေ့မြင်ပြီး၊ ဘုရားသခင်၏အလိုတော်သည် ကျွန်မ စိတ်ကူးထားခဲ့သကဲ့သို့ လုံးဝ မဟုတ်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ကျွန်မ၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် နုနယ်ပြီး ကျွန်မက ဤအခြေအနေများတွင် အပျက်သဘောဆောင်လာကာ၊ အားနည်လာမည်ကို သူသိခဲ့သည်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေဖို့ ကျွန်မ၏ စိတ်ပိုင်းဖြတ်ချက်ကိုပင် ကျွန်မ စွန့်လွှတ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်မကို နှစ်သိမ့်ပြီး အားပေးဖို့ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်၊ ပြီးလျှင် မည်သည့်အခြေအနေဖြစ်ပါစေ၊ လူများသည် သမ္မာတရားကို အစဉ်အားထုတ်ဖို့ လိုအပ်ကို ကျွန်မကို သဘောပေါက်စေခဲ့သည်။ ကျွန်မတို့က ရှုံးနိမ့်ပြီး လဲကျသည့်အခါ သို့မဟုတ် ကျွန်မတို့က ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းခံရသည့်အခါ၊ ဤသည်တို့မှာ ကယ်တင်ခံရခြင်း လုပ်ငန်းစဉ်၏ လိုအပ်သည့် အဆင့်များသာ ဖြစ်လေသည်။ ကျွန်မတို့က မိမိတို့ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်ပြီး သိကျွမ်းနိုင်ကာ၊ နောင်တရပြီး ပြောင်းလဲနိုင်သမျှ ကာလပတ်လုံး၊ ကျွန်မ၏တို့၏အတွေ့အကြုံက ဘဝတွင် ကြီးထွားလာခဲ့သည်။ ဤသည်ကို ကျွန်မတို့ နားလည်သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်မသည် ဘုရားသခင်ကို ထိုမျှ အထင်မလွဲတော့ဘဲ၊ ဘုရားသခင်ကိုလည်း ထိုမျှ ဆန့်ကျင် သတိထားခြင်း မရှိတော့ပေ။ ဘုရားသခင်က မည်သည့်အရာကို ပြင်တင်ပြီး စီစဉ်ပါစေ၊ ယင်းက ကျွန်မအတွက် သေချာပေါက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် ကျွန်မ၏ အသက်တာအတွက် တာဝန်ယူနေကြောင်းတို့ကို ကျွန်မ ခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်မက သတ္တိမွေးပြီး နောက်ဖြစ်လာမည့် မည်သည့်အရာတွက်မဆို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့သည်။

ထို့နောက်ပိုင်းတွင်၊ ကျွန်မက မိမိကိုယ်ကိုယ် တည်ငြိမ်အောင်ထားပြီး တစ်ဖန်လည်း ပြန်လည်သုံးသပ်ခဲ့သည်။ ကျွန်မသည် အဘယ့်ကြောင့် အလွန်ဆိုးရွားစွာ ရှုံးနိမ့်ပြီး ပြိုလဲခဲ့ရသနည်း။ ကျွန်မ၏ကျရှုံးမှု၏ အရင်းအမြစ်မှာ အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရှုပြီးသည့်နောက်မှာမှ နောက်ဆုံး၌ ကျွန်မ နားလည်ခဲ့ရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ပြောသည်မှာ၊ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။ မိမိတို့၏ ဆိုးယုတ်သော ပြုမူချက်များကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝဗီဇ၏ ပြဿနာကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ယခင်က ကျွန်မ၏ မာနထောင်လွှားခြင်းကို သဘောတရားအရ ဝန်ခံခဲ့သော်လည်း၊ ကျွန်မ၏ သဘာဝနှင့်ပတ်သက်ပြီး စစ်မှန်သော နားလည်မှု မရှိခဲ့သောကြောင့်၊ ကျွန်မက မိမိ၏အယူအဆများနှင့် စိတ်ကူးများအတွင်း၌ ရှင်သန်လျက်၊ မိမိကိုယ်ကိုယ် အံ့ဩချီးမွမ်းနေဆဲဖြစ်သည်။ ကျွန်မသည် မာနထောင်လွှားဖို့ အရည်အချင်းပြည့်မီသောကြောင့် မာနထောင်လွှားသည်ဟု ခံစားခဲ့ရသည်၊ ထိုအကြောင်းကြောင့် ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ကျွန်မကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းကာ၊ ကျွန်မကို ကူညီဖို့ ကြိုးစားသည့်အခါ၊ ကျွန်မက ယင်းကို လျစ်လျူရှုခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုသည့်အခါ၊ ကျွန်မ၏ မာနထောင်လွှားသော၊ စိတ်ကြီးဝင်သော သဘာဝသည် ဘုရားသခင်ကို ကျွန်မ၏ ပုန်ကန်လိုစိတ်နှင့် ခုခံခြင်းတို့၏ အရင်းအမြစ်ဖြစ်သည်ကို အဆုံး၌ နားလည်ခဲ့ရသည်။ ယင်းက ပဓာနကျသည့် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ လူများက ထိုကဲ့သို့ မာနထောင်လွှားသော၊ စိတ်ကြီးဝင်သော သဘာဝနှင့် ရှင်သန်သည့်အခါ၊ မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို ခုခံခြင်းတို့က မရည်ရွယ်ဘဲ ဖြစ်လာခဲ့သည်။ ကျွန်မသည် အသင်းတော်ခေါင်းဆောင် တစ်ဦး၏ တာဝန်ကို စတင်ထမ်းဆောင်သည့် အချိန်ကတည်းက၊ မိမိကိုယ်ကိုယ် အစဉ် မည်မျှ အလွန်တရာ အထင်ကြီးခဲ့သည်ကို ပြန်တွေးမိသည်။ ကျွန်မက မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်၊ မည်သူထက်မဆို ကျွန်မက သာသည်ဟု ကျွန်မက ထင်ပြီး အရာအားလုံး၌ မိမိလိုဘကို မရမကဖြည့်လိုသည်။ ထို့အပြင် ကျွန်မက ကျွန်မတို့ တစ်အုပ်စုလုံး၏ အလုပ်ကို လွှဲပြောင်းယူပြီး ဦးဆောင်လိုကာ၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ကျွန်မ လိုချင်သည့်အရာများကို လုပ်စေသည်။ ကျွန်မ၏ အတွေးများနှင့် ဆုံးဖြတ်ချက်များသည် မှန်ကန်ခြင်း ရှိမရှိ သို့မဟုတ် ယင်းတို့က ဘက်လိုက်ခြင်း ရှိမရှိ သို့မဟုတ် ယင်းတို့က အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေခြင်း ရှိမရှိတို့ကို ကျွန်မက မည်သည့်အခါကမျှ မတွေးခဲ့သည်မှာ၊ အမှုအရာများက သူ့ကို ဖြစ်ပျက်သည့်အခါ၊ သူက အမှားကို လုပ်မိမည်ကို ကြောက်သောကြောင့်၊ ဘုရားသခင်ကို မေးပြီး၊ ဘုရားသခင်ထံမှ ရှင်းလင်းသော အဖြေကို ရပြီးသည့်နောက်မှသာ သူက ပြုမူမည်ဖြစ်ကြောင်းကို အထက်အရပ်မှ ညီအစ်ကိုတစ်ဦးက သူ၏ဒေသနာတွင် ပြောထားသည်ကို ကြားသည့်အချိန်အထိပင် ဖြစ်သည်။ အထက်မှ ညီအစ်ကိုသည် သမ္မာတရားကို ပိုင်ဆိုင်သည့်သူ၊ ဘုရားသခင်ကို ကြောက်သည့် စိတ်နှလုံး ရှိသူနှင့် အခြေခံစည်းမျဉ်းအတိုင်း အမှုကိစ္စများကို လုပ်ဆောင်သူ တစ်ဦးဖြစ်သည်။ သို့သော်လည်း သူက မိမိကိုယ်ကိုယ် လုံးဝ မယုံကြည်ရဲသေးဘဲ၊ ဘုရားသခင်ကို သူက မေးပြီး ဘုရားသခင်ကို ဆုံးဖြတ်ခွင့်ပေးသည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးက မည်သူထက်မဆို အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ သို့သော်လည်း ကျွန်မက ဘုရားသခင်ကို မရှာဖွေသကဲ့သို့၊ ဘုရားသခင်ကို ကြောက်သည့် စိတ်နှလုံး လုံးဝ မရှိပေ။ ကျွန်မကို အမှုကိစ္စများ ဖြစ်လာသည့်အခါတိုင်း၊ ကျွန်မကို ညွှန်ကြားဖို့ ကျွန်မ၏အယူအဆများနှင့် စိတ်ကူးများကိုသာ အားကိုးခဲ့ပြီး၊ မိမိ၏ကိုယ်ပိုင် အကြံဉာဏ်များကို သမ္မာတရားအဖြစ် သဘောထားခဲ့သည်။ ကျွန်မက မိမိကိုယ်ကိုယ် ပုံမှန်ထက်သာလွန်ပြီး အရေးကြီးသည်ဟု သုံးသပ်ခဲ့သည်။ ယင်းက ပဓာနကျသည့် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု မဟုတ်ပါလား။ ကျွန်မသည် ဘုရားသခင်နှင့် တန်းတူ ထိုင်လိုသည့် ကောင်းကင်တမန်မင်းကဲ့သို့ပင် ဖြစ်လေသည်။ ပြီးလျှင် ယင်းက ဘုရားသခင်၏စိတ်သဘောထားကို ပြင်းထန်စွာ ထိခိုက်ခဲ့သည့် အရာတစ်ခုဖြစ်သည်။ ဤအရာများကို နောက်ဆုံး၌ ကျွန်မ နားလည်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်မ၏ မာနထောင်လွှားသော၊ စိတ်ကြီးဝင်သော သဘာဝသည် ကြောက်မက်ဖွယ်ကောင်းသည်ကို ကျွန်မ ခံစားရသည်။ ယင်းက ကျွန်မကို အသိစိတ်မရှိဘဲ ရှင်သန်စေသည်၊ လူများကို ထိခိုက်ပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် အရာများကို လုပ်စေသည်၊ ပြီးလျှင် ယင်းက ကျွန်မကို ဘီလူးတစ်ကောင်ကဲ့သို့ ရှင်သန်စေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က ဖြောင့်မတ်သည်။ ဆိုးယုတ်သော စိတ်သဘောထားများနှင့် အလွန် ပြည့်နှက်နေသည့် ကျွန်မကဲ့သို့ လူတစ်ယောက်ကို ဘုရားသခင့်အိမ်တော်တွင် လျှောက်ရမ်းပြီး နှောင့်ယှက်ဖို့ ဘုရားသခင်က မည်သို့များ ခွင့်ပြုနိုင်သနည်း။ ထို့ကြောင့် ကျွန်မက မိမိ၏ခေါင်းဆောင်မှုတာဝန်မှ ထုတ်ပယ်ခြင်း ခံရထိုက်သည်၊ ကျွန်မက မိမိဘာသာပြုသည့်အမှု ဖြစ်သည်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်များတစ်လျှောက် ကျွန်မက မိမိ၏အလုပ်ကို လုပ်ဖို့ မိမိ၏အထုံပါရီများ၊ ပြီးလျှင် ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများပေါ် မှီခိုခဲ့ကာ၊ သမ္မာတရားကို ရှာဖွေခဲလှသည်။ ထို့ကြောင့် ထိုအချိန်များအားလုံး ပြီးသည့်နောက်၊ ယခုအခါ ကျွန်မမှာ သမ္မာတရား စစ်မှန်မှု မရှိလုနီးပါးဖြစ်ပြီး တကယ်တမ်းတွင် ကျွန်မက ဝိညာဉ်ရေးရာ ဆုတ်ယုတ်ကုန်ခမ်းပြီး သနားစဖွယ် ဖြစ်လေသည်။ ကျွန်မက အဘယ့်ကြောင့် သမ္မာတရားကို မရှာဖွေနိုင်သည်ကို တွေးမိသည်။ ကျွန်မ၏ ကိုယ်ပိုင် အကြံဉာဏ်များနှင့် အကဲဖြတ်မှုများက မှန်ကန်သည်ဟု ကျွန်မ အဘယ့်ကြောင့် အမြဲတမ်း တွေးရသနည်း။ ကျွန်မ၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာလုံးဝ မရှိခဲ့ဘဲ၊ ဘုရားသခင်ကို ကြောက်ရွံ့သည့်စိတ်နှလုံး သာ၍မရှိသည်ကို ဤအရာက အမှန်တကယ် သက်သေပြခဲ့သည်။ ယနေ့ ကျွန်မ၏တာဝန်၌ ဘုရားသခင်၏ ဖော်ထုတ်ခြင်းခံရသည်မှာ အမှန်တကယ်တွင် ကျွန်မအတွက် ဘုရားသခင်၏ သတိပေးချက်နှင့် အသိပေးခြင်း ဖြစ်သည်၊ ပြီးလျှင် ကျွန်မက မပြောင်းလဲပါက၊ ကျွန်မ၏ အဆုံးသတ်မှာ သုတ်သင်ဖယ်ရှင်းခြင်းခံရဖို့နှင့် ငရဲသို့ ပို့ခြင်းခံရဖို့သာ ဖြစ်လေသည်။ ဤအရာများကို ကျွန်မ နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့က အမှန်တကယ်တွင် လူများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာခြင်း ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများက ယင်းတို့အားလုံး၏ နောက်ကွယ်တွင် ရှိသည်ကို ကျွန်မ ခံစားရသည်။ ဘုရားသခင်က လူများကို မုန်းသောကြောင့် ၎င်းတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမခြင်း မဟုတ်ဘဲ၊ ၎င်းတို့ကို စာတန်၏ စွမ်းအားနှင့် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်စေဖို့ ဖြစ်သည်။ ပြီးလျှင် ဤအရာကို ကျွန်မ နားလည်သည်နှင့် တစ်ပြိုင်နက် ကျွန်မ၌ ဘုရားသခင်နှင့်ပတ်သက်သည့် အထင်လွဲမှုများ အနည်းငယ်သာ ရှိတော့ပြီး ဘုရားသခင်ကို ဆန့်ကျင် သတိထားခြင်းလည်း သာ၍ နည်းပါးသွားသည်။ နောက်ရက်များတွင် ဘုရားသခင်က ကျွန်မအတွက် မည်သည့်အခြေအနေကိုမဆို စီစဉ်ပေးပါစေ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများက ယင်းတို့အားလုံး၏ နောက်ကွယ်တွင် ရှိသည်ကိုလည်း ကျွန်မ ခံစားခဲ့ရသည်၊ ပြီးလျှင် ယင်းတို့ကို ကျွန်မ နာခံဖို့ ဆန္ဒရှိခဲ့သည်။

ကျွန်မ၏တာဝန်များ၌ အဆုံးသတ်ဖို့လိုအပ်သည့် နောက်ဆက်တွဲ အလုပ်အချို့ ရှိခဲ့ပြီး ဤသည်မှာ ကျွန်မ နောင်တရဖို့ ဘုရားသခင်က ကျွန်မကို အခွင့်ပေးခြင်း ဖြစ်သောကြောင့် ဤနောက်ဆုံးတာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။ ထို့နောက်တွင် ကျွန်မ၏တာဝန်များ တစ်လျှောက်တွင်၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် အလုပ်ကိစ္စ ဆွေးနွေးသည့်အခါ၊ ကျွန်မက မိမိကိုယ်ကိုယ် မှန်သည်ဟု ထင်ပြီး လူတိုင်းကို မိမိအား နားထောင်စေလျက်၊ မိမိ၏ မာနထောင်လွှားသည့် စိတ်သဘောထားအပေါ် မှီခိုခြင်း မပြုရဲတော့ပါ။ ထိုအစား ကျွန်မ၏ညီအစ်ကို မောင်နှမများကို ၎င်းတို့၏ ထင်မြင်ချက်များကို ဖော်ပြစေပြီး နောက်ဆုံးတွင် လူတိုင်း၏စိတ်ကူးများကို ချိန်ဆခြင်းအားဖြင့် လုပ်ရမည့်အရာကို ဆုံးဖြတ်ခဲ့သည်။ ကျွန်မတို့၏ အမြင်များ ကွဲပြားသည့်အခါ၊ ကျွန်မက မာနထောင်လွှားပြီး၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူဆဲဖြစ်ကာ၊ မိမိ၏အမြင်များကို စွဲကိုင်လျက် အခြားသူများ၏ ထင်မြင်ချက်များနှင့် အကြံတို့ကို လက်ခံဖို့ ဆန္ဒမရှိသည်မှာလည်း မှန်ပါသည်။ သို့ရာတွင် ကျွန်မက မည်သို့ ရှုံးနိမ့်ကာ၊ လဲပြိုပြီး ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံခဲ့ရသည်ကို မှတ်မိပြီး၊ ကျွန်မ ကြောက်လိမ့်မည်၊ ထို့နောက်တွင် ကျွန်မက ဘုရားသခင်၏ ရှေ့မှောက်သို့ သွားပြီး ဆုတောင်းလေသည်။ ကျွန်မက မိမိကိုယ်ကိုယ် သတိရှိစွာ စွန့်လွှတ်ပြီး၊ ယင်းနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားတစ်ခုဖြင့် ညီအစ်ကိုမောင်နှများနှင့်အတူ သမ္မာတရားနှင့် အခြေခံစည်းမျဉ်းများကို ရှာဖွေသည်။ ကျွန်မ၏ တာဝန်များကို ထိုနည်းလမ်းဖြင့် ထမ်းဆောင်ရသည်မှာ အလွန်လုံခြုံပြီး၊ ကျွန်မ၏ ဆုံးဖြတ်ချက်များမှာလည်း စေ့စေ့စပ်စပ် စစ်ဆေးခံနိုင်လေသည်။ ပြီးလျှင် ကျွန်မ၏ညီအစ်ကိုမောင်နှမများနှင့် လက်တွဲသည့်အခါ၊ ကျွန်မ၏အကြံဉာဏ်အချို့သည် အမှန်ကတယ် တစ်ဖက်စောင်းနင်း ဖြစ်သည်ကို ကျွန်မ သဘောပေါက်ခဲ့သည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုပြီးနောက်၊ အမှုကိစ္စများကို စူးစမ်းလေ့လာသည့်အခါ၊ သမ္မာတရား၊ အခြေခံစည်းမျဉ်းနှင့် ထိုးထွင်းအမြင်တို့နှင့်ပတ်သက်ပါက၊ အနည်းဆုံးအနေနှင့် ကျွန်မအတွက် အထူးတလည် အထောက်အကူ ဖြစ်သည်။ အထူးသဖြင့် ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့က ဘုရားသခင်ထံ မည်သို့ဆုတောင်းကာ၊ ရှာဖွေပြီး မိတ်သဟာယပြုသည်၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်သို့ ပေါ့ပေါ့တန်တန် ယုံကြည်ခြင်းမရှိသည်ကို ကျွန်မ မြင်သည့်အခါ၊ ကျွန်မက အဘယ့်ကြောင့် သမ္မာတရားကို မရှာဖွေဘဲ၊ မိမိကိုယ်ကိုယ် အလွန် အလွယ်တကူ ယုံကြည်ရသည်ကို ကျွန်မ တွေးတောမိသည်။ ကျွန်မ၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့က ကျွန်မကို မည်သည့်အရာမဆို စွမ်းဆောင်နိုင်စေသည်ကို ကျွန်မ မြင်ရသည်။ ကျွန်မက စာတန်၏ ပြင်းပြင်ထန်ထန် ဖျက်ဆီးခြင်းကို ခံထားရပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမများထက် လုံးဝ မသာခဲ့ပါ။ ကျွန်မသည် ကျွန်မ၏ ညီအစ်ကိုမောင်နှမများထက် အသိပညာ အနည်းငယ် သာကောင်းသာနိုင်သော်လည်း၊ ကျွန်မ၏ ဝိညာဉ် နက်ရှိုင်းသော နေရာတွင် ၎င်းတို့နှင့် နှိုင်းယှဉ်၍ပင် မရနိုင်သည်ကို ထို့နောက်မှသာ ကျွန်မ သဘောပေါက်လာခဲ့သည်။ ကျွန်မ၌ ၎င်းတို့ထက် ဘုရားသခင်ကို ကြောက်သည့် စိတ်နှလုံး သာ၍ နည်းပါးသည်။ ဤအရာတွင် ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ကျွန်မထက် များစွာ သာလွန်ကြသည်။ ပြီးလျှင် ယင်းကို ကျွန်မ မြင်သည့်အခါ၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမ တစ်ဦးချင်းစီတွင် သီးသန့်အားသာချက်များ ရှိကြကာ၊ ယင်းက ယခင်က ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ကျွန်မ မြင်ခဲ့သည့်ပုံစံနှင့် ကွဲပြားခြားနားလေသည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများသည် အမှန်တကယ်တွင် ကျွန်မထက် များစွာ သာလွန်ပြီး၊ ကျွန်မမှာ မာနထောင်လွှားစရာ တစ်ခုတစ်လေမျှ မရှိသောကြောင့်၊ ကျွန်မက မိမိကိုယ်ကိုယ် နှိမ့်ချပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် သင့်မြတ်စွာ ပေါင်းသင်းနိုင်ပြီး၊ ကောင်းစွာ အလုပ်လုပ်နိုင်လေသည်။ နောက်ဆက်တွဲ အလုပ်ကို ပြီးသည့်အခါ၊ ကျွန်မကို ကိုင်တွယ်ဖို့ အသင်းတော်၏ ဆုံးဖြတ်ချက်ကို ကျွန်မ တည်ငြိမ်စွာ စောင့်ဆိုင်းခဲ့သည်။ ကျွန်မသည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ခံရပြီးသည့်နောက်မှာ ကျွန်မက အမှုကိစ္စများကို လုပ်ဆောင်နိုင်ဆဲဖြစ်ပြီး မိမိ၏တာဝန်များကို ထမ်းဆောင်နိုင်ဆဲဖြစ်သည့်အပြင်၊ မိမိကိုယ်ကိုယ်နှင့်ပတ်သက်သည့် နားလည်မှု အချို့ကိုလည်း ရရှိခဲ့သောကြောင့်၊ ကျွန်မ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်သည်ဟု ခေါင်းဆောင်က ပြောမည်ကို ကျွန်မ မည်သည့်အခါမျှ မမျှော်လင့်ခဲ့ပါ။ ကျွန်မ၏တာဝန်များကို ထမ်းဆောင်ရာတွင် ပြဿနာအချို့ကိုလည်း သူက ထောက်ပြခဲ့သည်။ ကျွန်မ၏တာဝန်များကို ဆက်လက် ထမ်းဆောင်ခွင့်ရသည်ဟု သူပြောသည်ကို ကျွန်မ ကြားသည့်အခါ၊ ထိုအခိုက်အတန့်တွင် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းမှလွဲ၍ ကျွန်မမှာ ပြောစရာစကား မရှိခဲ့ပါ။ ဤအရာကို တွေ့ကြုံခံစားပြီးသည့်နောက်တွင်၊ ဖော်ထုတ်ခံရခြင်းကို ကြုံရပြီးသည့်နောက်တွင်၊ အရိုးစွဲသည်အထိ ထိုကဲ့သို့သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းကို ကျွန်မ တွေ့ကြုံရပြီးသည့် နောက်တွင်၊ ကျွန်မ၏ ဆိုးယုတ်သော သဘာဝကို နားလည်မှုအချို့ ကျွန်မ နောက်ဆုံး၌ ရရှိခဲ့လေသည်။ သို့ရာတွင် အဖိုးအခမှာမူ အလွန်ကြီးမားသည်။ ကျွန်မ၏တာဝန်များ၌ မိမိ၏ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သည့် စိတ်သဘောထားကို မှီခိုခဲ့ခြင်းကြောင့်၊ ကျွန်မသည် အသင်းတော်ကို ဆုံးရှုံးမှုများ ဖြစ်စေပြီး၊ အခြေခံစည်းမျဉ်းများအရ၊ ကျွန်မက အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ သို့သော်လည်း ဘုရားသခင်က ကျွန်မ၏ ပြစ်မှားခြင်းများအတိုင်း ကျွန်မကို မဆက်ဆံဘဲ၊ ထိုအစား ကျွန်မ၏တာဝန်များကို ဆက်လက် ထမ်းဆောင်ခွင့်ကို ကျွန်မအား ပေးခဲ့သည်။ ကျွန်မက ဘုရားသခင်၏ မယုံနိုင်လောက်သော သနားကရုဏာနှင့် သည်းခံမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပါသည်။

ဤအတွေ့အကြုံကို ကျွန်မ ပြန်တွေးမိသည့်အချိန်တိုင်း၊ မိမိ၏တာဝန်များ၌ ကျွန်မ၏ ဆိုးယုတ်သော သဘာဝကို မှီခိုခြင်းကြောင့် အသင်းတော်အပေါ် ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည့်အတွက် ကျွန်မ နောင်တရခဲ့သည်။ ကျွန်မက “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်။” ဟူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း လုံးလုံး သဘောတူခဲ့သည်။ ထို့အပြင် ဘုရားသခင်၏ဆုံးမပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့က ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏အကြီးမားဆုံး ကွယ်ကာခြင်းနှင့် အရိုးသားဆုံး ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်မ ခံစားခဲ့ရသည်။

အရှေ့သို့- ၆၁။ သမ္မာတရားက ကျွန်မကို လမ်းပြပေးလိုက်ပြီဖြစ်သည်

နောက်တစ်ခုသို့- ၆၃။ မာနထောင်လွှားသည့် စိတ်သဘောထားကို ပြောင်းလဲ၍မရနိုင်ဟု မည်သူ ပြောသနည်း

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်