၉၂၆ ဘုရားသခင်၏အမိန့် အာဏာအောက်မှာ စာတန်ဟာဘယ်အရာကိုမှ မပြောင်းလဲနိုင်ပါ

၁ စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖျက်ဆီးနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကို လှည့်စားခဲ့သည်။ အလွန်ယုတ်မာသည့် ပြစ်မှုများကို ကမ္ဘာတွင် ကျူးလွန်ခဲ့သည်။ လူသားကို နှိပ်စက်ခဲ့သည်။ လှည့်စားခဲ့သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန် သွေးဆောင်ခဲ့သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို ထိခိုက်ပျက်ပြားစေသည့် ဆိုးယုတ်သည့် လုပ်ရပ်များကို ထပ်ခါတလဲလဲ သူကျူးလွန်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးနှင့် သက်ရှိသတ္တဝါတို့သည် ဘုရားသခင် ချမှတ်ထားသည့် စည်းမျဉ်းနှင့် နိယာမများကို ဆက်လက်လိုက်နာစောင့်ထိန်းကြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် နှိုင်းယှဉ်လိုက်လျှင် စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် ထကြွသောင်းကျန်းမှုတို့က အလွန်အကျည်းတန်သည်။ အလွန်ရွံစရာကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းသည်။ အလွန်သေးငယ်ပြီး အားနွဲ့သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးကြားတွင် စာတန်သည် လျှောက်လှမ်းသော်လည်း ဘုရားသခင်အုပ်ချုပ်သည့် လူများ၊ အရာဝတ္ထုများ၊ ပစ္စည်းများတွင် ပြောင်းလဲမှု အနည်းငယ်ကိုပင် သူမပြဋ္ဌာန်းနိုင်ပေ။

၂ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် လှည့်စားခြင်းကို ခံရသော်လည်း လူသားသည် ဘုရားသခင်ပြုလုပ်ထားသည့် ရေ၊ လေနှင့် အရာအားလုံးကို စွန့်လွှတ်နိုင်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤနေရာတွင် နေထိုင်ပြီး ပွားများဆဲဖြစ်သည်။ လူသားမျိုးနွယ်၏ ဗီဇအသိစိတ်များက မပြောင်းလဲပေ။ လူသားသည် မြင်နိုင်ရန်အတွက် သူ၏မျက်လုံး၊ ကြားရန်အတွက် သူ၏နားများ၊ စဉ်းစားရန်အတွက် သူ၏ဦးနှောက်၊ နားလည်ရန်အတွက် သူ၏နှလုံးသား၊ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်နှင့် ခြေဖဝါး၊ အလုပ်လုပ်ရန်အတွက် သူ၏လက်များစသည့် ဤအရာများကို အားကိုးဆဲပင် ဖြစ်သည်။ ဘုရားသခင်နှင့် လက်တွဲလုပ်ဆောင်ရန်အတွက် လူသားအသုံးပြုသည့် စွမ်းရည်များ မပြောင်းလဲပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် လူသားမျိုးနွယ်၏ စွမ်းရည်သည် မပြောင်းလဲသေးပေ။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များ မပြောင်းလဲပေ။ သူတို့၏ဇာစ်မြစ်များကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်၏ ဆန္ဒသည် မပြောင်းလဲပေ။ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လူသားတို့ တောင့်တခြင်းက မပြောင်းလဲပေ။ ဤအရာများသည် ဘုရားသခင်၏ သြဇာအာဏာအောက်တွင်နေထိုင်သည့်၊ စာတန်က ဖြစ်ပေါ်စေသည့် သွေးစွန်းသည့် ပျက်စီးမှုများကို ကြံ့ကြံ့ခံခဲ့ရသည့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေများဖြစ်သည်။

၃ လူသားမျိုးနွယ်သည် စာတန်၏ဖိနှိပ်မှုကို ခံရသော်လည်း ဖန်ဆင်းခြင်းအစက အာဒံနှင့်ဧဝတို့ကဲ့သို့ မဟုတ်တော့ပေ။ ထိုအစား အသိပညာ၊ ထင်မြင်ယူဆချက်၊ အယူအဆများစသည့် ဘုရားသခင်ကို ရန်မူလိုသည့် အရာများနှင့် ပြည့်နေပြီး စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားနှင့် ပြည့်နေသည်။ ဘုရားသခင်၏ အမြင်တွင်မူ လူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့် ယခင်က လူသားမျိုးနွယ်ဖြစ်နေဆဲပင်ဖြစ်သည်။ လူသားတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းကို ခံနေရဆဲဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ထားသည့် လမ်းကြောင်းအတွင်းတွင် အသက်ရှင်နေထိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည့် လူသားမျိုးနွယ်သည် လှုပ်ရွနေသည့် အစာအိမ်နှင့်၊ အတန်ငယ်နှေးကွေးသည့် တုံ့ပြန်မှုများနှင့်၊ ယခင်ကဲ့သို့ မကောင်းတော့သည့် မှတ်ဉာဏ်များနှင့်၊ အနည်းငယ် အသက်ကြီးလာပြီး အညစ်အကြေးတို့နှင့် ဖုံးလွှမ်းနေခြင်းမျှသာဖြစ်သည်- သို့သော်လည်း လူသား၏ အသုံးဝင်မှုနှင့် ဗီဇအသိစိတ်အားလုံးတို့သည် လုံးဝ ထိခိုက်မှုမရှိပေ။ ဤသည်မှာ ဘုရားသခင်ကယ်တင်ရန် ရည်မှန်းသည့် လူသားမျိုးနွယ်ဖြစ်သည်။

၄ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ခေါ်သံကို ကြားရန်၊ ဖန်ဆင်းရှင်၏ အသံတော်ကို ကြားရန်သာလိုပြီး ဤအသံ၏ အရင်းအမြစ်ကိုရှာရန် သူသည် မတ်တပ်ရပ်ပြီး အပြေးအလွှား သွားလိမ့်မည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို တွေ့ရန်သာလိုပြီး သူသည် သူ့ကိုယ်သူ ဘုရားသခင်ထံတွင် အပ်နှံရန်အတွက် အားလုံးကို ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် သူ၏ဘဝကိုပင် ချပေးလိမ့်မည်။ လူသားမျိုးနွယ်၏ နှလုံးသားက ဖန်ဆင်းရှင်၏ လှိုက်လှဲသော နှုတ်ကပတ်တော်များကို နားလည်သည့်အခါတွင် လူသားမျိုးနွယ်သည် စာတန်ကို ငြင်းပယ်ပြီး ဖန်ဆင်းရှင်ထံပါးသို့ လာလိမ့်မည်။ လူသားမျိုးနွယ်သည် သူ၏ကိုယ်ခန္ဓာက အညစ်အကြေးများကို လုံးဝဆေးကြောပြီးသည့်အခါတွင်၊ ဖန်ဆင်းရှင်၏ ထောက်ပံ့ခြင်းနှင့် အာဟာရဖြည့်ပေးခြင်းကို နောက်တစ်ကြိမ် ထပ်၍ရရှိသည့်အခါတွင် လူသားမျိုးနွယ်၏ မှတ်ဉာဏ်တို့သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ဤအချိန်တွင် လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်ကို အမှန်တကယ် ပြန်လာပေလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၂၅ မိမိကယ်တင်လိုသူများကို စာတန်သဘောရှိ ဘေးပြုခွင့် ဘုရားမပေးကျူး

နောက်တစ်ခုသို့- ၉၂၇ ဘုရား၏သြဇာအာဏာသည် စာတန်စည်းမကျော်နိုင်သည့် ကောင်းကင်တရားတည်းကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။