ကျွန်ုပ်တို့ကို ဘုရားရွေးချယ်ခဲ့သောကြောင့် ကျွန်ုပ်တို့ ကယ်တင်ခံရ၏ကျူး
၁ ကျွန်ုပ်တို့ ညစ်ညမ်းသည့်မြေမှာ ရှင်သန်ကြသည်။ သို့သော် ဘုရားသခင်၏ ကွယ်ကာမှု၊ ဦးဆောင်မှုနှင့် သူကျွန်ုပ်တို့ကို သိမ်းပိုက်ခြင်း တို့ကြောင့် စာတန်၏ လွှမ်းမိုးမှုမှ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ရုန်းထွက်ခဲ့ကြပြီး ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ နာခံနိုင်ကြသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိူးရလဒ်ဖြစ်ပြီး ကျွန်ုပ်တို့ ကောင်းခြင်းကြောင့် သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုလို ချစ်ကြခြင်းကြောင့် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ယနေ့ အုပ်စိုးမှုကို ခံကြရခြင်းဖြစ်ပြီး သူ့ကို သက်သေခံပြီး အစေခံနိုင်ကြခြင်း ဖြစ်သည်။
၂ ထို့အပြင် သူကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သည့်အတွက် စာတန်၏ပိုင်နက်မှာ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရပြီး ညစ်ညမ်းမှုများကို နောက်ချန်ရစ်ကာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် သန့်စင်ခံရခြင်းဖြစ်သည်” ဟု ဆိုနိုင်ပါသည်။ လူအားလုံးထဲတွင် ကျွန်ုပ်တို့သည် အပျက်ဆီးဆုံးသော သူများဖြစ်ကြသည်မှာ မှန်ပါသည်၊ ဤသည်မှာ ဘုရားသခင်၏ ထုံးဖွဲ့ချက်ဖြစ်ပြီး မှန်ကန်ကာ အားလုံးငြင်းမရသည့် အချက်ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုလွှမ်းမိုးမှုမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပြီဖြစ်သည်။ ဘိုးဘေးများကို ကျွန်ုပ်တို့ မုန်းတီးစက်ဆုပ်ကြပြီး ကျွန်ုပ်တို့ ဘိုးဘေး များကို ကျောခိုင်းစွန့်ခွာပြီး လုံးဝစွန့်လွတ်ကာ ဘုရားသခင်၏ အစီအမံအားလုံးကို လိုက်နာပြီး ဘုရားသခင်၏ အလိုအတိုင်း ပြုမူကျင့်ကြံကာ သူ၏ ပြဌာန်းချက်များကို လုပ်ဆောင်ရင်း ဘုရားသခင်၏ အလိုကို ပြည့်ဝ စေချင်ကြပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။