၉၄ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် လူသားကို နှုတ်ကပတ်တော်အားဖြင့် စုံလင်စေ
၁
ယခုခေတ်တွင် သင်တို့ကြား၌ ဤအရာများကို ဘုရား
ပြည့်စုံစေမည်- အားလုံး ဘုရား၏သမ္မာတရားကို ကျင့်သုံး၊
အားလုံး နှုတ်ကပတ်တော်နှင့် အသက်ရှင်နေထိုင်ပြီး
စိတ်နှလုံးသားများနဲ့ သူ့ကိုချစ်သည်
ဘုရား၏နှုတ်ကပတ်တော်သည် သူတို့ဘဝ၏မူလ အခြေခံဖြစ်သည်
ထိုသူအားလုံး၌ ဘုရားကို ကြောက်ရွံ့တတ်သောနှလုံးသားများ ရှိသည်
နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးခြင်းဖြင့်
သူတို့ ဘုရားသခင်နဲ့စိုးစံကြလိမ့်မည်
နှုတ်ကပတ်တော်သာ လူကို အသက်ပေးသည်
နှုတ်ကပတ်တော်သာ လူကို အလင်းသို့ ပို့ဆောင်ပြီး
လိုက်နာကျင့်သုံးရမည့်နည်းလမ်းကို ညွန်ပြပေးနိုင်သည်
ထိုအချက်ဟာ နိုင်ငံတော်ခေတ်တွင် ပိုမှန်ကန်သည်
နှုတ်ကပတ်တော်တွေက လူကို ထိန်းချုပ်သည်၊
နှုတ်ကပတ်တော်ဟာ အစားအစာနှင့်ခွန်အားဖြစ်သည်
ထိုနှုတ်ကပတ်တော်ကို သုံးဆောင်သောအခါ ကျန်းမာသည်၊
မသုံးဆောင်က သွားရမည့်လမ်းကို တွေ့မည်မဟုတ်
ကျမ်းစာ၌ ဆိုသည်ကား လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်
ဘုရားသခင်၏နှုတ်မှ လာသော နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည်
ယခု ဘုရားသခင်သည် ထိုအရာကို သင်တို့၌ပြည့်စုံစေမည်
၂
ယခင်က လူတို့သည် နှုတ်တော်ထွက်စကားများ
မဖတ်ရှုဘဲ ရက်အတန်ကြာ နေခဲ့ကြသည်
အလုပ်လုပ်ပြီး ဘဝကို ရှင်သန်ခဲ့ကြသည်
ယခုခေတ်တွင် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးရန်
အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြု၍
လူတို့ကို စစ်ကြော၍ စုံလင်စေသည်၊
သူ့နှုတ်ကပတ်တော်ကြောင့် လူသားအားလုံး
သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ပြီ
နှုတ်ကပတ်တော်သာ လူကို အသက်ပေးသည်
နှုတ်ကပတ်တော်သာ လူကို အလင်းသို့ ပို့ဆောင်ပြီး
လိုက်နာကျင့်သုံးသည့်နည်းလမ်းကို ညွန်ပြပေးနိုင်သည်
ထိုအချက်ဟာ နိုင်ငံတော်ခေတ်တွင် ပိုမှန်ကန်သည်
အမှန်တရားကို ထိုနှုတ်ကပတ်တော်တွင် မထားခဲ့ပါနဲ့၊
နေ့စဉ် နှုတ်ကပတ်တော်ကို သောက်သုံးပါ၊
နေ့စဉ် နှုတ်ကပတ်တော်ကို သုံးဆောင်ပါ
သို့ပြုလျှင် စုံလင်ခြင်းရှိလိမ့်မည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်