၆၅၅ ဘုရားစုံလင်စေသော အရာသည် ယုံကြည်ခြင်းဖြစ်သည်
၁
နောက်ဆုံးသောကာလ၏ အမှုတော်၌ ကြီးမားသော ယုံကြည်ခြင်း၊
ကြီးမားသောချစ်ခြင်း သင့်မှာ ရှိဖို့လိုသည်။
ခါတိုင်းနှင့်မတူလို့ သင်သတိမရှိခဲ့လျှင်
ချော်လဲမယ် ချော်လဲမယ် ချော်လဲသွားနိုင်သည်
အကြိမ်တစ်ရာမက စစ်ကြောခြင်း ကိုလူတို့ ခံနိုင်၍
ယောဘထက် ကြီးမားသောယုံကြည်ခြင်းကို ပိုင်ဆိုင်ရမည်။
သူတို့သည် ဘုရားကိုမျက်နှာ မလွှဲဖယ်ဘဲ
ကြီးစွာသော ညှဉ်းပန်းခြင်းကို ခံကြရမည်။
လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။
ထိုအရာကို မမြင်နိုင် မကိုင်နိုင်၊ မထိတွေ့နိုင်သောအရာ
နှုတ်ထွက်စကားကို ဘုရားက ယုံကြည်ခြင်း၊
ချစ်ခြင်းနှင့် အသက် ဖြစ်စေသည်။
လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။
၂
သေသည့်တိုင်အေင် နာခံလျက် ယုံကြည်သောအခါ
ဤ အမှုတော်အဆင့် ပြီးဆုံးခြင်းသို့ရောက်မည်
ဤအမှုသည် ထင်သလောက်တော့ မလွယ်ပါ။
လူတို့အယူအဆနှင့် မတူညီလေလေ၊
အဓိပ္ပာယ် လေးနက်လေလေ။ အော်၊
လူတို့အယူအဆနှင့် တူညီလေလေ၊
အဓိပ္ပာယ်ပေါ့ပျက်ပြီး တန်ဖိုးနည်းလေလေ။
ဤအရာကို သတိထားပြီး စဉ်းစာကြည့်
လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။
ထိုအရာကို မမြင်နိုင် မကိုင်နိုင်၊ မထိတွေ့နိုင်သောအရာ
နှုတ်ထွက်စကားကို ဘုရားက ယုံကြည်ခြင်း၊
ချစ်ခြင်း နှင့် အသက်အဖြစ် ပြောင်းလဲကာ
လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။
အို၊ လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။
ဟုတ်၏၊ လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်