မေးခွန်း ၂- ခေတ်အသီးသီးရှိ ဘုရားသခင်၏ အမည်နာမက ဘုရားသခင်၏ အရာအားလုံးကို ကိုယ်စားမပြုနိုင်ပေ၊ သို့ဆိုလျှင် ခေတ်အသီးသီးထဲက ကိုယ်တော့် အမည်နာမ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

အဖြေ- ဤမေးခွန်းသည် အလွန်အရေးကြီးပါသည်။ ယနေ့ အနန္တတန်ခိုးရှင် ဘုရားသခင်က အဖြေကို ကျွန်ုပ်တို့အား ပြောပြနှင့်ပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း ခံယူခဲ့သောနာမဖြစ်ပြီး လူသားအပေါ် သနားညှာတာကာ ကျိန်ဆဲ၍ လူသား၏ဘဝကို လမ်းပြပေးနိုင်မည့် ဣသရေလ အမျိုးသားတို့၏ (ဘုရားသခင်ရွေးချယ်ထားသောလူမျိုး) ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်လှသော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ‘ယေရှု’ သည် ဧမာနွေလဖြစ်ပြီး လူသားတို့ကို ရွေးနုတ်ပေး၍ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာစိတ်များဖြင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ထမ်းဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ပုံဆောင်ခဲ့ပြီး၊ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိခေတ်ကာလတွင် ယုဒမျိုးနွယ်စုမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြသည်။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများပြု၍ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ်ဝတ်ရုံကို ဝတ်ဆင်ကာ ယေဟောဝါအား အစေခံကြသည်။ ထိုသူတို့ မျှော်လင့်သောအရာမှာ ယေဟောဝါ ပြန်လည်ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင်ဖြစ်သည်။ သူသည် လူသားမျိုးနွယ်တို့ကို အပြစ်မှရွေးနုတ်ပေးခဲ့သည့် အပြစ်ဖြေရာယဇ်ဖြစ်သည်။ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်က ပြုခဲ့သော ရွေးနုတ်ခြင်းအမှုကြောင့်သာ တည်ရှိခဲ့သည်ဟု ဆိုလိုသည်။ ကျေးဇူးတော်ခေတ်မှ လူများအား ပြန်လည်မွေးဖွားစေပြီး ကယ်တင်ခြင်းခံရစေရန်အတွက် ယေရှုခရစ်တော်၏ အမည်နာမ ရှိနေခဲ့ခြင်းဖြစ်ကာ ထိုနာမသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအတွက် အထူးနာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို သင်္ကေတပြုသည်။ ယေဟောဝါဟူသော အမည်နာမက ပညတ်တရားအောက်တွင် နေထိုင်ခဲ့သော ဣသရေလလူမျိုးတို့အတွက် အထူးအမည်နာမဖြစ်သည်။ ခေတ်တစ်ခေတ်စီတိုင်းတွင်နှင့် အမှု၏အဆင့်တစ်ခုစီတိုင်းတွင် ငါ၏နာမသည် အခြေအမြစ် ကင်းမဲ့ခြင်းမရှိဘဲ ကိုယ်စားပြုသော အဓိပ္ပာယ်ကိုဆောင်သည်- အမည်နာမတစ်ခုစီက ခေတ်ကာလတစ်ခုကို ကိုယ်စားပြုသည်။ ‘ယေဟောဝါ’ က ပညတ်တော်ခေတ်ကို ကိုယ်စားပြု၍ ဣသရေလအမျိုးသားတို့ ကိုးကွယ်ကြသော ဘုရားသခင်ကို ရိုသေသမှုပြုကာ သုံးခြင်းဖြစ်သည်။ ‘ယေရှု’ သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်အတွင်းက ရွေးနုတ်ခံခဲ့ရသူ အားလုံးနှင့်ဆိုင်သော ဘုရားသခင်၏နာမဖြစ်သည်။ နောက်ဆုံးသောကာလအတွင်း ကယ်တင်ရှင်ယေရှု ကြွလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း သူကြွလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ရွေးနုတ်ရာခေတ်တွင် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်ကာ ရှေ့ဆက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသောကာလသည် မည်သည့်အခါမျှ ရောက်လာလိမ့်မည် မဟုတ်တော့ဘဲ ခေတ်ကာလသည်လည်း မည်သည့်အခါမျှ အဆုံးသတ်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့်ဖြစ်သည်။ ကျေးဇူးတော်ခေတ်မှ အပြစ်သားအားလုံးအဖို့အလို့ငှာ ယေရှု၏နာမကို ငါခံယူခဲ့ခြင်းဖြစ်ကာ ယင်းနာမသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ ခေတ်အသီးသီးတွင် ဘုရားသခင် ယူဆောင်ခဲ့သည့် အမည်နာမများ၏ အဓိပ္ပါယ်ကို ကျွန်ုပ်တို့ နားလည်ကြရပေပြီ။ ပညတ်တော်ခေတ်တွင်၊ ကိုယ်တော်၏ အမည်နာမမှာ ယေဟောဝါဖြစ်ပြီး၊ ယင်းအမည်နာမက ထိုခေတ်တွင် လူသားမျိုးနွယ်ကို သူ ဖော်ပြသည့်အရာကို ကိုယ်စားပြုခဲ့သည်။ ဘုန်းအာနုဘော်တော်နှင့်ဆိုင်သော စိတ်သဘောထားတစ်ခု၊ အမျက်ဒေါသ၊ ကျိန်ဆဲခြင်းနှင့် ကရုဏာတော်ဖြစ်သည်။ ထို့နောက်တွင်၊ ဘုရားသခင်သည် ပညတ်တော်ခေတ် အမှုတော်ကို ယေဟောဝါ အမည်နာမဖြင့် အစပြုခဲ့သည်။ သူသည် သူ၏ ပညတ်တရားနှင့် ပညတ်ချက်တို့ကို ထုတ်ပြန်ခဲ့ပြီး၊ အသစ်မွေးဖွားသော လူသားမျိုးနွယ်ကို ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ ဘဝတွင် တရားဝင် ဦးဆောင်ခဲ့သည်။ လူများက ပညတ်တရားကို တင်းတင်းကျပ်ကျပ် လိုက်နာစောင့်ထိန်းရန်နှင့် သူ့ကို ကိုးကွယ်ရန်၊ ကြီးမြတ်သူအဖြစ် သူ့ကို ဂုဏ်ပြုရန် တို့ကို သင်ယူဖို့ သူ သတ်မှတ်ပေးခဲ့သည်။ ပညတ်တရားကို စောင့်ထိန်းသောသူ မည်သူမဆို ၎င်းတို့၏နောက်သို့ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့က လိုက်လာလိမ့်မည်ဖြစ်သည်။ ပညတ်တရားကို ချိုးဖောက်သောသူ မည်သူမဆိုသည် သေသည်အထိ ကျောက်ခဲနှင့် ပစ်ခံရလိမ့်မည် သို့မဟုတ် ကောင်းကင်မီးများဖြင့် မီးရှို့ဖျက်ဆီးခံရ လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလလူတို့က ယင်းကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းပြီး၊ ယေဟောဝါ၏ အမည်နာမကို သန့်ရှင်းသောအရာအဖြစ် ထိန်းသိမ်းခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ယေဟောဝါ အမည်နာမအောက်တွင် ပညတ်တော်ခေတ် အဆုံးသတ်သည်အထိ နှစ်ထောင်ပေါင်း အနည်းငယ် အသက်ရှင်ခဲ့ကြရသည်။ ပညတ်တော်ခေတ်အဆုံးတွင်၊ လူသားမျိုးနွယ်က ပို၍ ပို၍ ဖောက်ပြန်ပျက်စီးလာခဲ့ပြီး အပြစ် ပိုပိုပြီး ပြုလုပ်နေခဲ့ကြကာ၊ လူတို့အတွက် ပညတ်တရားကို ဆက်လက် မစောင့်ထိန်းနိုင်ခဲ့ကြပေ။ လူတိုင်းသည် ပညတ်တရားကို ချိုးဖောက်ခြင်းအတွက် အပြစ်ပေးခံရမည့် အန္တရာယ်နှင့် စဉ်ဆက်မပြတ် ရင်ဆိုင်နေခဲ့ကြရသည်၊ ယင်းမှာ ဘုရားသခင်က သူ၏ ရွေးနုတ်ခြင်း အမှုတော်ကို ယေရှု၏ အမည်နာမအောက်တွင် ဆောင်ရွက်ခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်နှင့်ဆိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရင်းဖြင့် ကျေးဇူးတော်ခေတ်ကို သူ ဖွင့်လှစ်ခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ သူသည် လူသားအပေါ် သူ၏ အလျှံပယ် ကျေးဇူးတော်ကိုလည် နှင်းအပ်ခဲ့ပြီး၊ နောက်ဆုံးတွင် လူသားအဖို့အလို့ငှာ ကားစင်တင်ခံခဲ့ရကာ၊ ထိုသို့ဖြင့် လူသားကို ၎င်းတို့၏ အပြစ်များမှ ရွေးနုတ်ခဲ့သည်။ ထို့နောက်မှစ၍၊ ၎င်းတို့သည် သခင်ယေရှု၏ အမည်နာမကို စတင်ဆုတောင်းခဲ့ကြပြီး၊ သူ၏ အမည်နာမကို သန့်ရှင်းသောအရာအဖြစ် စတင်ကြည်ညိုခဲ့ကြသည်၊ ၎င်းတို့၏ အပြစ်များအပေါ် သူ၏ ခွင့်လွှတ်ခြင်းနှင့် သူ၏ ကြွယ်ဝသော ကျေးဇူးတော်တို့ကို စတင် ပျော်မွေ့ခဲ့ကြသည်။ ယေရှု ဟူသော အမည်နာမမှာ ကျေးဇူးတော်ခေတ်၏ လူတို့သည် တစ်ဖန်မွေးဖွားပြီး ကယ်တင်ခြင်း ရရှိကြစေဖို့အလို့ငှာဖြစ်သည်။ ယင်း၏ အဓိပ္ပါယ်မှာ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းအတွက် ကရုဏာတော်နှင့် ချစ်ခြင်းမေတ္တာတို့၏ အပြစ်ဖြေယဇ် ပူဇော်ခြင်းတစ်ခု ဖြစ်သည်။ ယေရှု အမည်နာမက ဘုရားသခင်၏ ရွေးနုတ်ခြင်းအမှုကို ကိုယ်စားပြုပြီး၊ ကရုဏာတော်နှင့် ချစ်ခြင်းမေတ္တာတို့နှင့်ဆိုင်သော သူ၏ စိတ်သဘောထားကိုလည်း ကိုယ်စားပြုပေသည်။ အမှုတော်၏ အဆင့်နှစ်ဆင့်မှ၊ ခေတ်အသီးသီးတွင် ကိုယ်တော် ခံယူခဲ့သည့် အမည်နာမသည် ယင်း၏ ကိုယ်ပိုင် သီးခြားအဓိပ္ပါယ်ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ အမည်နာမအသီးသီးသည် ယင်းခေတ်ထဲက ဘုရားသခင်၏ အမှုတော်နှင့် ယင်းခေတ်ထဲတွင် သူ ဖော်ပြသည့် စိတ်သဘောထားကို ကိုယ်စားပြုပေသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ကြွလာခဲ့ချိန်တွင်၊ သူ့ကို ယေရှုဟု မခေါ်ဘဲ၊ ယေဟောဝါဟု ခေါ်ခဲ့လျှင်၊ ဘုရားသခင်၏ အမှုတော်သည် ပညတ်တော်ခေတ်တွင် ရပ်တန့်သွားလိမ့်မည် ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ ရွေးနုတ်ခြင်းကို ဘယ်သောအခါမျှ ရရှိနိုင်ခဲ့မည်မဟုတ်ချေ။ နောက်ဆုံးတွင်၊ ပညတ်တရားကို ချိုးဖောက်ခြင်းအတွက် လူသားသည် ရှုတ်ချခံရပြီး အပြစ်ပေးခံရလိမ့်မည်ဖြစ်ကာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင် ကြွလာသည့်အခါ၊ သူ့ကို ယေရှုဟု ခေါ်ဆဲရှိလျှင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် မိမိတို့၏ အပြစ်များနှင့်ဆိုင်သော ရွေးနုတ်ခြင်းကိုသာ ရရှိနိုင်မည်ဖြစ် သော်လည်း၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ဘယ်သောအခါမျှ သန့်စင်ခံရနိုင်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ သခင်ယေရှုအားဖြင့် ရွေးနုတ်ခံရသူ တို့သည် ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခံရသော်လည်း၊ ၎င်းတို့၏ အတွင်းပိုင်း အပြစ်နှင့် ပြည့်ဝသော သဘာဝက တည်ရှိနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ သူတို့ မကြာခဏ အပြစ်ပြုကြဆဲဖြစ်သောကြောင့် သူတို့သည် ဘုရားသခင်အားဖြင့် အပြည့်အဝ ရယူခြင်း မခံခဲ့ကြရသေးချေ။ ထို့ကြောင့်၊ လူသားမျိုးနွယ်ကို အပြစ်တရားမှ လုံးဝ ကယ်တင်ဖို့ရန်အလို့ငှာ၊ ဘုရားသခင်သည် သခင်ယေရှု၏ အမှုတော် အခြေခံအုတ်မြစ်ပေါ်တွင် လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း အမှုတော် နောက်ထပ် အဆင့်ကို ယခု ဆောင်ရွက်နေပါသည်။ ဘုရားသခင်၏ အမည်နာမသည် လိုအပ်သလို တစ်ဖန် ပြောင်းလဲပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်လာသည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်ဝေါ်သည့် ဘုရားသခင်အတွက်မှာမူ၊၊ အမှန်တွင် ဟိုးယခင်ကတည်းက ဘုရားသခင်က ပရောဖက်ပြုခဲ့ပေသည်။ ဗျာဒိတ်ကျမ်း ၁:၈ ကို ဖတ်ကြပါစို့- “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” ပြီးလျှင် ဗျာဒိတ်ကျမ်း ၁၁:၁၆-၁၇- “ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။” ဤအရာကို ဗျာဒိတ်ကျမ်း ၄:၈၊ ၁၆:ရ၊ ၁၉:၆ နှင့် သမ္မာကျမ်းစာထဲက အခြာနေရာများစွာတွင်လည်း ပရောဖက်ပြုထားပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အသစ်သော အမည်မှာ အနန္တတန်ခိုးရှင်ဖြစ်၍၊ ယင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပေသည်။

ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရားဖြစ်ပြီး သူ လုပ်ဆောင်သည့် အရာတစ်ခုချင်းစီသည် ကြီးမြတ်သော အဓိပ္ပါယ်ရှိပေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟူသော အမည်နာမသည် နောက်ဆုံးသော ကာလတွင် သူ၏ အမှုတော်နှင့် သူ ဖော်ပြသည့် စိတ်သဘောထားကို အပြည့်အဝ ကိုယ်စားပြုလေသည်။ ဤနက်နဲမှုများကို ဘုရားသခင်က ကျွန်ုပ်တို့ထံ ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟခြင်းမရှိဘဲနှင့်၊ သမ္မာကျမ်းစာကို နှစ်ပေါင်းမည်မျှ ကျွန်ုပ်တို့ ဖတ်ရှုခဲ့ပါစေ၊ ဤအရာများကို ကျွန်ုပ်တို့ သိကြလိမ့်မည် မဟုတ်ပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူတကွ ဖတ်ရှုကြပါစို့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ စီမံခန့်ခွဲမှု အလုံးစုံ တစ်လျှောက်တွင် ဘုရားသခင်၏ အလုပ်သည် စုံလင်ရှင်းလင်းသည်။ ကျေးဇူးတော် ခေတ်သည် ကျေးဇူးတော် ခေတ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလ ဖြစ်သည်။ ခေတ်တစ်ခုချင်းစီအတွင်း သိသာသော ခြားနားမှုများ ရှိသည်၊ အကြောင်းမှာ ထိုခေတ်တစ်ခုချင်းစီ အတွက် ဘုရားသခင်၏ လုပ်ဆောင်မှုမှာ ထိုခေတ်ကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ အလုပ်ပြီးမြောက်စေရန်အတွက်၊ ထိုခေတ်ကို အဆုံးသတ်စေရန် လောင်ကျွမ်းမှု၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ဒေါသအမျက်နှင့် ဖျက်စီးမှုများ ရှိရမည် ဖြစ်သည်။ နောက်ဆုံးသော ကာလ ဆိုသည်မှာ နောက်ဆုံးခေတ်ကို ရည်ညွှန်းသည်။ နောက်ဆုံးခေတ် အတွင်းတွင်၊ ဘုရားသခင်သည် ခေတ်ကို အဆုံး သတ်ရန် မလုပ်ဘဲ ရှိလိမ့်မည်လော။ ခေတ်ကို အဆုံးသတ်ရန် ဘုရားသခင်သည် ပြစ်တင်ဆုံးမမှုနှင့် တရား စီရင်မှုများကို သူနှင့်အတူ ယူဆောင်ရမည်။ ထိုနည်းအားဖြင့်သာ သူသည် ခေတ်ကို အဆုံးသတ်နိုင်သည်။ ယေရှု၏ ရည်ရွယ်ချက်မှာ လူသား ဆက်လက်ရှင်သန်စေရန်၊ ဆက်လက် နေထိုင်ရန်နှင့် ပိုမိုကောင်းမွန်သော နည်းလမ်းဖြင့် ဆက်လက်တည်ရှိစေနိုင်ရန် ဖြစ်ခဲ့သည်။ လူသားမှ ဆင်းသက်လာသူများကို ဆိုးယုတ်မှုသို့ သွားခြင်းအား ရပ်တန့်ရန်နှင့် မရဏနိုင်ငံနှင့် ငရဲတွင် ဆက်လက်မနေစေရန် သူသည် လူကို အပြစ်မှ ကယ်တင် ခဲ့ပြီး၊ လူအား မရဏနိုင်ငံနှင့် ငရဲတို့မှ ကယ်တင်ခြင်းအားဖြင့် သူသည် လူကို ဆက်လက် ရှင်သန်နေထိုင်ရန် အခွင့်ပေးခဲ့သည်။ ယခုအခါ နောက်ဆုံးသော ကာလသည် ဆိုက်ရောက်လာခဲ့ပြီ။ သူသည် လူကို ချေမှုန်းပြီး လူသားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးလိမ့်မည်။ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို အသွင် ပြောင်းလိမ့်မည်။ ထိုအကြောင်းရင်းအတွက် အတိတ်က ကြင်နာသနားမှုနှင့် ချစ်မြတ်နိုးခြင်း စိတ်သဘော ထား အားဖြင့် ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ရန် သို့မဟုတ် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား ဆောင်ယူလာမှုကို အကောင်အထည်ဖော်ရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ခေတ် တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားအား အထူးကိုယ်စားပြုမှုကို ဖော်ဆောင်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင် လုပ်ဆောင်ရန် လိုသော အလုပ် ပါဝင်သည်။ ထို့ကြောင့် ခေတ်တစ်ခုချင်းတွင် ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်တွင် သူ၏ စစ်မှန်သော စိတ်သဘောထားနှင့် ခေတ်တစ်လျှောက် တွင် သူ၏ နာမတော်နှင့် သူလုပ်ဆောင်သော အပြောင်းအလဲ အလုပ်နှစ်ခုလုံးတို့ကို ဖော်ပြချက်များ ပါဝင် သည်။ ယင်းတို့ အားလုံးမှာ အသစ်သော အရာများ ဖြစ်သည်။...သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမတော်ဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမတော်သည် ဘုရားခင်ကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလတွင် သူ၏ နာမတော်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်—လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန် သူ၏ စွမ်းအားကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

ငါ့အား တစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ- ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမျှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြ၊ ငါ၏စိတ်နေသဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း လူသားတို့ထံ ပေါ်ထွန်းလာခဲ့သော်လည်း လူသားတို့အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ တန်ခိုးနှင့်ပြည့်လျက်၊ သြဇာအာဏာဖြင့် ပြည့်လျှံလျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ခြင်း မခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုလည်း တစ်ခုမျှမရှိပါ။ တိုင်းနိုင်ငံအားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် ပြန်ကြွလာသော လူအပေါင်းတို့၏ ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ၏အမှုပင်ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသောနေမင်းနှင့် တောက်လောင်နေသော မီးတောက်မီးလျှံဖြစ်သည်ကို လူအားလုံး တွေ့မြင်နိုင်ရန်အလို့ငှာ ဤအမည်နာမကို ငါခံယူခဲ့ပြီး ဤစိတ်နေသဘောထားကို ငါပိုင်ဆိုင်ထားသည်။ လူအားလုံးသည် ငါ့အား စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေရန်နှင့် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်စေရန်အလို့ငှာ ဖြစ်သည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အဖြစ်သာမဟုတ်၊ ရွေးနုတ်ရှင်အဖြစ်သာ မဟုတ်ဘဲ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင်တစ်ခွင်လုံးမှ အားလုံးသော သတ္တဝါများ၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

နောက်ဆုံးသော ကာလတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟူသော အမည်နာမအောက်တွင် ဘုရားသခင်သည် သူ၏ နိုင်ငံတော်ခေတ် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို သူသည် ဖော်ထုတ်ခဲ့ပြီး၊ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတဆင့် ကျွန်ုပ်တို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ကျွန်ုပ်တို့ သိနိုင်ဖို့၊ စာတန်အားဖြင့် ကျွန်ုပ်တို့ မည်မျှ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့ကြကြောင်း နှင့် ပတ်သက်သည့် အမှန်တရားကို မြင်နိုင်ဖို့၊ ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးမှု၏ အရင်းအမြစ်ကို နားလည်နိုင်ဖို့နှင့် လူသား၏ ပြစ်မှားစော်ကားမှုကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိရှိနိုင်ဖို့ရန်အလို့ငှာ သူ၏ နှုတ်ကပတ်တော်များမှတဆင့် ကျွန်ုပ်တို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် မကောင်းမှုကို စွန့်ပစ်ပြီး သမ္မာတရားကို လိုက်စားကာ၊ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည့်အပြင် ဘုရားသခင်အားဖြင့် ကယ်တင်ခံရနိုင်ဖို့ရန် အလို့ငှာ ကျွန်ုပ်တို့၏ စိတ်သဘောထားများကို ပြောင်းလဲဖို့ ကျွန်ုပ်တို့အတွက် လမ်းကြောင်းတစ်ခု နှင့် ဦးတည်ချက်ကိုလည်း သူ ပြညွှန်လေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို အပြစ်တရားမှ လုံးလုံးလျားလျား ကယ်တင်ဖို့နှင့် လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အဆုံးသတ်ဖို့ရန်အလို့ငှာ၊ လူသားမျိုးနွယ်အား တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း၊ လူတို့ကို သူတို့အမျိုးအစားလိုက် ခွဲခြားခြင်း နှင့် ကောင်းသောသူတို့ကို ဆုချီးမြှင့်ပြီး ဆိုးသောသူတို့ကို အပြစ်ပေးခြင်း အမှုတော်တို့ကို ဆောင်ရွက်ရန် ဘုရားသခင် ကြွလာပြီဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ပုန်ကန်ပြစ်မှားမှုကို သည်းခံလိမ့်မည်မဟုတ်သည့် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်တော်နှင့် အမျက်ဒေါသတို့နှင့်ဆိုင်သော သူ၏ စိတ်သဘောထားနှင့်အတူ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ထံ ပေါ်ထွန်းပြီဖြစ်သည်။ သူသည် မိမိ၏ ပင်ကို စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူတိုင်းထံ ပွင့်ပွင့်လင်းလင်း ပြသပြီဖြစ်သည်။ ကျွန်ုပ်တို့ကို အပြစ်မှ အပြည့်အဝ ကယ်တင်ရန်နှင့် လူသား၏ နဂိုမူလ ပုံသဏ္ဍာန်ကို ပြန်လည်နေရာချထားရန်၊ ထိုသို့သော စိတ်သဘောထားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မဖြောင့်မတ်ခြင်းအားလုံးကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ သူ ကြွလာပြီဖြစ်သည်။ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခတ်သိမ်းတို့ကို ဖန်ဆင်းရာတွင် သူ၏ ဉာဏ်ပညာကို လူအားလုံးကို မြင်တွေ့စေချင်သည်သာမက၊ လူသားမျိုးနွယ်ထဲက သူ၏ လက်တွေ့ကျသည့် အမှုတော်နှင့်ဆိုင်သော ဉာဏ်ပညာကို သာ၍ပင် မြင်တွေ့စေချင်သည်။ အရာခပ်သိမ်းကို သူ ဖန်ဆင်းခဲ့သည်သာမက၊ အရာခပ်သိမ်းအပေါ်လည်း အုပ်စိုးပါသည်။ သူသည် လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်တစ်ခု ဖြစ်နိုင်သည်သာမက၊ လူကိုလည်း စုံလင်စေနိုင်သည်၊ ပြောင်းလဲစေနိုင်ပြီး သန့်စင်စေနိုင်သည်။ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်သည်။ သူ၏ အံ့ဖွယ်ဖြစ်ခြင်း သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များကို မည်သူမျှ ဉာဏ်မမီနိုင်ပါ။ ထို့ကြောင့်၊ ဘုရားသခင်ကို သူ၏ အမည်နာမဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်အားဖြင့် ခေါ်ဝေါ်ခြင်းသည် အသင့်တော်ဆုံးဖြစ်သည်။ ယခု သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အမည်နာမအောက်တွင် ပြုခဲ့သော အမှုကို ထိန်းသိမ်းဖို့သာ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အမည်နာမထံ ဆုတောင်းပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်သောသူ မည်သူမဆို သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိနိုင်ပြီး၊ အသက်အတွက် ကြွယ်ဝသော အထောက်အပံ့နှင့် ဘုရားသခင်အားဖြင့် ပေးသည့် ရေလောင်းခြင်းကို မွေ့လျော်နိုင်ပေသည်။ သို့မဟုတ်ပါက၊ သူတို့သည် အမှောင်ထဲသို့ ကျရောက်ပြီး သူတို့လမ်း ပျောက်ကြလိမ့်မည်ဖြစ်သည်။ လက်ရှိအချိန်တွင်၊ ကျေးဇူးတော်ခေတ်တွင် သောင်တင်ဆဲဖြစ်သည့် အသင်းတော်များသည် မကြုံစဖူး ယိုယွင်းပျက်စီးမှုကို တွေ့ကြုံနေကြရသည်။ ယုံကြည်သူများသည် မိမိတို့၏ ယုံကြည်ခြင်းတွင် စိတ်ဝင်စားမှုမရှိ ဖြစ်လာနေကြသည်၊ တရားဟောဆရာများက ဟောပြောရမည့်အကြောင်း ဘာမျှမရှိကြဘဲ၊ ဘုရားသခင်ထံ ဆုတောင်းကြသည့်အခါ လူတို့ တို့ထိမခံကြရပေ။ ထို့အပြင်၊ သာ၍ သာ၍ များသောလူတို့သည် လောက၏ စုံစမ်းနှောင့်ယှက်ခြင်းများကို မလွန်ဆန်နိုင်ဘဲ ဖြစ်နေကြသည်။ ယင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမည်နာမကို လက်မခံကြသောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်၏ အသစ်သော အမှုတော်ကို ၎င်းတို့ အမှီမလိုက်ကြသောကြောင့် ဖြစ်သည်။

ဘုရားရဲ့အမည်နာမပြောင်းသွားတာလား ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း ၁- “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) ဟု သမ္မာကျမ်းစာထဲတွင် ရေးသားထားပါသည်။ ထို့ကြောင့် သခင်၏ နာမသည် ဘယ်သောအခါမျှ မပြောင်းလဲပါ။ သို့သော် သခင်သည် နောက်ဆုံးသော ကာလတွင် အမည်နာမသစ်ဖြင့် ကြွလာပြီဖြစ်ပြီး။ ယင်းသည် အဘယ်သို့ ဖြစ်နိုင်မည်နည်း။

နောက်တစ်ခုသို့- မေးခွန်း (၄) အစောပိုင်းက ခင်ဗျားတို့ပြောတယ် ကျမ်းစာထဲမှာ အများဆုံး ပရောဖက်ပြုထားတာက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့စီရင်ခြင်းအမှုတော်ပဲ ဘုရားသခင်ပြန်လာပြီး တရားစီရင်တဲ့အမှုကို ပြုမယ်ဆိုပြီး ပြောထားတဲ့ ကျမ်းပိုဒ် ၂၀၀ ကျော် ရှိတယ် ဒါအမှန်ပဲဆိုတာ ကျုပ်တို့သိပါတယ် ဒီပရောဖက်ပြုချက်ကို ၁ ပေတရု ၄:၁၇ ထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုတော်ဟာ ဧကန်ဖြစ်မယ်လို့ ထင်တယ် ဒါပေမဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ ဘုရားသခင်က လူသားအနေနဲ့ ကြွလာတယ်လို့ ခင်ဗျားပြောလိုက်သလိုပဲ ကျုပ်တို့သိထားခဲ့တာနဲ့တော့ တခြားစီပဲ နောက်ဆုံးသောကာလမှာ ကိုယ်တော်က သေဆုံးပြီးမှ ရှင်ပြန်ထမြောက်လာတဲ့သခင်ယေရှုရဲ့ဝိညာဉ်ခန္ဓာအားဖြင့် တဖန်ပြန်ပေါ်လာမယ်လို့ တို့ကယုံကြည်ထားကြတာလေ ဘာသာရေးအသိုင်းအဝိုင်းကလူအများစုကလည်း ဒီလိုပဲမြင်ကြတယ် ကိုယ်တော်ဟာ တဖန်ပြန်ကြွလာပြီးတော့သူ့ရဲ့အမှုတော်တွေကို ဇာတိပကတိ၌ ဆောင်ရွက်မယ်ဆိုတဲ့ ဒီယူဆချက်ကို ကျုပ်တို့နားမလည်ဘူး အဲဒါ ကျုပ်တို့အတွက် အသစ်ဖြစ်နေတယ်။ အဲဒါကြောင့် ခင်ဗျားက နည်းနည်းလောက် ထပ်ပြီး ရှင်းပြပေးလို့ရမလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။