ဆုတောင်းခြင်းနှင့် ယင်း၏အလေ့အထတို့၏ အရေးပါမှု

သင်တို့သည် လတ်တလောတွင် ဘုရားသခင်ထံ မည်သို့ ဆုတောင်းကြသနည်း။ ဘာသာရေး ဆုတောင်းချက်များနှင့် ပတ်သက်၍ တိုးတက်မှုသည် အဘယ်သို့နည်း။ ဆုတောင်းခြင်း၏ အရေးပါမှုနှင့် ပတ်သက်၍ သင် အမှန်တကယ် မည်သို့ သိနားလည်သနည်း။ ဤမေးခွန်းများကို သင်တို့ သုံးသပ်ပြီးပြီလော။ ဆုမတောင်းသောသူတိုင်းသည် ဘုရားသခင်နှင့် ကင်းကွာပြီး ဆုမတောင်းသူတိုင်းသည် မိမိတို့ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လိုက်လျှောက်ကြသည်။ ဆုတောင်းမှုမရှိခြင်းသည် ဘုရားသခင်ထံမှ အလှမ်းဝေးခြင်းနှင့် ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်းကို သွယ်ဝိုက်ညွှန်းဆိုသည်။ ဆုတောင်းခြင်းနှင့် ပတ်သက်၍ သင်၏ တကယ့်အတွေ့အကြုံမှာ အဘယ်နည်း။ ဘုရားသခင်နှင့် လူသားများကြား ဆက်ဆံရေးကို လူတို့၏ ဆုတောင်းခြင်းများမှ မြင်နိုင်သည်။ သင်၏ အလုပ်တွင် သင် ဖြစ်ပေါ်စေသည့် ရလဒ်များအတွက် ညီအစ်ကို မောင်နှမများက သင့်ကို လေးစားကာ ချီးမွမ်းကြသည့်အခါ သင် မည်သို့ ပြုမူသနည်း။ လူတို့က သင့်ကို အကြံပြုချက်များပေးသည့်အခါ သင် မည်သို့ တုံ့ပြန်သနည်း။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ဆုတောင်းသလော။ ပြဿနာများ သို့မဟုတ် အခက်အခဲများကို သင် ရင်ဆိုင်ရသည့်အခါ သင်တို့အားလုံးသည် ဆုတောင်ရန် အချိန်ယူကြသော်လည်း သင်တို့သည် ကောင်းမွန်သည့် အခြေအနေတွင် မရှိသည့်အခါ ဘုရားသခင်ဆီသို့ ဆုတောင်းခြင်းဖြင့် လှည့်ကြပါသလော။ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြသည့်အခါ ဆုတောင်းသလော။ သင်တို့ အမှန်တကယ် ဆုတောင်းကြသလော။ သင်တို့ အမှန်တကယ် ဆုမတောင်းပါက၊ တိုးတက်လိမ့်မည် မဟုတ်။ အထူးသဖြင့် စုဝေးပွဲများတွင်၊ ဆုတောင်းခြင်းများနှင့် ချီးမွမ်းခြင်းတို့ကို သင်တို့ ပူဇော်သင့်သည်။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ ကံအကြောင်းမလှစွာပင်၊ ၎င်းတို့သည် သိပ်မကြာခဏ ဆုမတောင်းကြချေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာပြီးဖြစ်ကြောင်း၊ ဝိညာဉ်ရင့်ကျက်မှုကို ရရှိပြီးဖြစ်ကြောင်းတွေးထင်လျက်၊ အယူဝါဒနှင့်ဆိုင်သော စကားအနည်းငယ်နားလည်ပြီး မာနထောင်လွှားလာကြကာ မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ အလွန်အားရကျေနပ်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဤမူမမှန်သော အခြေအနေမျိုးတွင် နွံနစ်လာနေကြပြီး၊ ဆက်လက်၍ ဆုတောင်းရန် လာကြသည့်အခါ၊ မိမိတို့ကိုယ်၌က ပြောစရာ မည်သည့်အရာမျှမရှိဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည်ကို တွေ့ရကြသည်။ လူတစ်ဦးသည် မိမိတို့အခြေအနေကို မထိန်းချုပ်နိုင်သည့်အခါ၊ အလုပ်အနည်းငယ်လုပ်ပြီးနောက်တွင် အားထုတ်မှု အသီးအပွင့်များကို ၎င်းတို့ ခံစားကောင်းခံစားပေမည်၊ သို့မဟုတ် အခက်အခဲအနည်းငယ် ရင်ဆိုင်ရချိန်တွင် အပျက်သဘောဆောင်လာမည်၊ မိမိတို့အလုပ်၌ စတင်ခိုကပ်ကာ မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းအား ရပ်တန့်လိုက်ပေမည်။ ယင်းမှာ အလွန် အန္တရာယ်များ၏။ ဤသည်မှာ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသောလူများ ဖြစ်သည့်ပုံစံ ဖြစ်သည်။ လူအများစုသည် အခက်အခဲများရှိသည့်အခါတွင်သာ သို့မဟုတ် ကိစ္စရပ်တစ်ခုကို ၎င်းတို့ အပြည့်အဝ နားမလည်နိုင်သည့်အခါတွင်သာ ဆုတောင်းရန် အချိန်ယူကြသည်။ သံသယများနှင့် မသေချာမှုတို့က ၎င်းတို့ကို ဖိစီးသည့်အခါတွင်သာ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါတွင်သာ ဆုတောင်းကြသည်။ ၎င်းတို့ လိုအပ်မှုရှိသည့်အခါတွင်သာ ဆုတောင်းကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ သို့ရာတွင်၊ သင်၏ အလုပ်၌ ရလဒ်များ ရရှိသည့်အခါတွင်လည်း သင် ဆုတောင်းပြီး ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းကို ပူဇော်ရမည်။ သင်သည် ပျော်ရွှင်ခြင်းအကြောင်းသာ အရေးစိုက်ပြီး ဆုမတောင်းပါက၊ ဤခံစားချက်များကို အမြဲ မွေ့လျော်ခံစားလျက် အမြဲ အူမြူးနေသော်လည်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ပါက၊ ဤသည်မှာ ဆင်ခြင်တုံတရား လုံးဝ ဆုံးရှုံးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ထံမှ အလွန်ဝေးစွာ သွေဖည်သွားသည့်အခါ၊ ပဲ့ပြင်ဆုံးမမှုကို သင် ခံစားရသည်။ သို့မဟုတ် အမှုအရာများကို သင် လုပ်ဆောင်ရန် ကြိုးစားသည့်အခါ အတားအဆီး ကြုံရနိုင်သည်၊ သို့မဟုတ် အမှားတစ်ခုလုပ်မိပြီး ကိုင်တွယ် ဖြေရှင်းခံရနိုင်သည်၊ စိတ်နှလုံးကို ထိရှသည့် စကားလုံးများကို ကြားရတတ်ပြီး၊ ဖိစီးမှုဒဏ်နှင့် စိတ်ဆင်းရဲမှုကို သင် သည်းညည်းခံရသည်။ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် မည်သည့်အရာကို သင်လုပ်ခဲ့မိမှန်း အတိအကျမသိဘဲ ထိုသို့သာ ဖြစ်ရသည်။ အမှန်တွင်၊ ဘုရားသခင်သည် တစ်ခါတရံတွင် သင့်ကို ဆုံးမပဲ့ပြင်ရန်၊ နာကျင်စေရန်နှင့် စစ်ဆေးရန် ပြင်ပအခြေအနများကို အသုံးပြုတတ်ပြီး၊ နောက်ဆုံးတွင် သင်သည် ဆုတောင်းပြီး သုံးသပ်ရန် ဘုရားသခင် ရှေ့မှောက်သို့ လာသည့်အခါ၊ သင်၏ အခြေအနေ မမှန်ကန်သည်ကို သင် သဘောပေါက်လေသည်။ ယင်းမှာ မိမိဘာသာ အားရကျေနပ်ခြင်း၊ ဘဝင်ခိုက်ပြီး မိမိကိုယ်ကိုယ် ကြည်ညိုလေးစားမှု ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် မိမိကိုယ်ကိုယ် စက်ဆုပ်လာပြီး လုံးဝ နောင်တရလေသည်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး ဝန်ချလိုက်သည်နှင့်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာကာ နောင်တရလိုစိတ်ရှိပြီး၊ ဤအချိန်တွင် သင်၏ မမှန်ကန်သော အခြေအနေသည် မိမိဘာသာ စတင်ပြုပြင်လေသည်။ လူတို့သည် အမှန်တကယ် ဆုတောင်းသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အား မူမမှန်သည့် အခြေအနေမှ လွတ်မြောက်ခွင့်ပေးသည့် ခံစားချက်တစ်ခုခု သို့မဟုတ် ဉာဏ်အလင်းပေးမှုတစ်ခုခုကို ပေးလျက် သူ၏ အလုပ်ကို လုပ်ဆောင်လေသည်။ ဆုတောင်းခြင်းသည် နည်းငယ် ရှာဖွေရုံ၊ လုပ်ရုံးလုပ်စဉ်အနည်းငယ်ကို လိုက်နာရုံမျှ လိုက်နာပြီးနောက် ထိုအရာနှင့်ပတ်သက်၍ ပြီးလိုက်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို သင် လုပ်အပ်သည့်အခါ ဆုတောင်းချက်စကား အနည်းငယ်ကို ပြောပြီးနောက် မလိုအပ်သည့်အခါ မည်သည့်အရာမျှ မပြောခြင်း မဟုတ်ပေ။ ဆုမတောင်းဘဲ အချိန်ကြာမြင့်စွာ သင် ရှိနေပါက၊ သင်၏ အခြေအနေသည် အပြင်ပန်းမှ ပုံမှန်ဖြစ်ပုံရလျှင်ပင်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင် လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက် မိမိကိုယ်ပိုင် အလိုဆန္ဒအပေါ် မှီခိုနေလိမ့်မည်ဖြစ်ကာ ဤသို့ဖြင့် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ ဆုမတောင်းဘဲ အချိန်ကြာမြင့်စွာ ရှိနေပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း သို့မဟုတ် အလင်းပြခြင်းကို သင် လုံးဝ ခံရလိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို သင် လုပ်ဆောင်လျှင်ပင်၊ စည်းမျဉ်းများကို လိုက်လျှောက်နေခြင်းမျှသာ ဖြစ်ကာ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို သက်သေခံချက် အကျိုးတရားများ ဖြစ်ထွန်းစေလိမ့်မည် မဟုတ်ပေ။

လူများစွာတို့သည် မိမိတို့တာဝန်များကို လုပ်ဆောင်စဉ်တွင် မိမိတို့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို ကိုင်တွယ်ကာ မိမိတို့ကိုယ်ပိုင် အရေးကိစ္စများတွင် ပါဝင်ကြပြီး ယနေ့တွင် ဤပုံစံဖြင့် လူတို့ ဆက်ရှိနေကြသည်ဟု ယခင်က ငါ ပြောပြီးဖြစ်သည်။ အချိန်အချို့ကြာ အလုပ်လုပ်ပြီးနောက်တွင်၊ ၎င်းတို့ ဆုမတောင်းကြတော့သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် မရှိတော့ချေ။ ၎င်းတို့က၊ “အလုပ်အစီအစဉ်များက ချမှတ်ပေးသည့်အတိုင်း ငါ လုပ်လိုက်မည်။ မည်သို့ပင်ဆိုစေ၊ ငါသည် မည်သည့်အမှားမျှ မလုပ်ခဲ့သကဲ့သို့ မည်သည့် အနှောင့်အယှက် သို့မဟုတ် အတားအဆီးမျှ မဖြစ်စေခဲ့ပါ”ဟု တွေးကြသည်။ သင်သည် အမှုအရာများကို ဆုမတောင်းဘဲ လုပ်ဆောင်သည့်အခါ၊ အမှုအရာများကို ကောင်းစွာလုပ်ဆောင်ပြီးသည့်အခါ ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်းမရှိပါက၊ သင်၏ အခြေအနေနှင့် ပတ်သက်၍ ပြဿနာတစ်ခု ရှိပေသည်။ သင်၏ အခြေအနေ မှားယွင်းသည်ကို သင် သိသော်လည်း၊ သင့်ဘာသာ မညှိနိုင်သကဲ့သို့ အကျိုးဆက်အနေဖြင့်၊ သင်၏ လုပ်ရပ်များတွင် သင်သည် မိမိကိုယ်ပိုင် အလိုဆန္ဒကို စဉ်ဆက်မပြတ် မှီခိုပါက၊ သမ္မာတရားကို သင် နားလည်သည့်အခါတွင်ပင်၊ ထိုသမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်၏ တွေးခေါ်ပုံတွေးခေါ်နည်းက မှန်ကန်သည်ဟု သင် စဉ်ဆက်မပြတ် စဉ်းစားကာ ထိုတွေးခေါ်နည်းကို သင် အမြဲဖက်တွယ်သည်။ သင် လုပ်လိုသည့်အရာကို သင် လုပ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုပုံကို သင် လျစ်လျူရှုသည်။ သင်၏ ကြိုးပမ်းအားထုတ်မှုများတွင် သင်သည် မိမိကိုယ်ကိုယ် မြုပ်နှံပြီး အကျိုးဆက်အနေဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို စွန့်ပစ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို စွန့်ပစ်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် စိတ်ဓာတ်ကျကာ ညှိုးငယ်လေသည်။ သင်သည် မည်သည့် အားဖြစ်စေခြင်းမျှ သို့မဟုတ် မည်သည့်ပျော်ရွှင်မှုမျှ လုံးဝ ခံစားနိုင်လိမ့်မည် မဟုတ်။ နှစ်ဝက်ကြာ တစ်ကြိမ်တစ်ခါမျှပင် အမှန်တကယ် ဆုမတောင်းကြသည့် လူများစွာ ရှိသည်။ ဤလူစားမျိုးသည် မိမိတို့ စိတ်နှလုံးတွင် ဘုရားသခင် မရှိကြတော့ချေ။ လူအချို့သည် ပုံမှန် ဆုမတောင်းကြသကဲ့သို့၊ အန္တရာယ်ရှိသည့်အခါ သို့မဟုတ် ရောဂါတစ်ခု ခံစားရသည့်အခါတွင်သာ ဆုတောင်းကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ကြဆဲဖြစ်သော်လည်း၊ ဝိညာဉ်ရေးအရ ညိုးနွှမ်းမှုခံစားကြရသောကြောင့် အပျက်သဘောဆောင်သော အတွေးများ မလွဲမသွေ ရှိကြလေသည်။ တစ်ခါတရံ ၎င်းတို့က၊ “ငါ၏ တာဝန်များကို နောက်ဆုံးတွင် မည်သည့်အချိန်၌ ငါ အပြီးသတ်နိုင်မည်နည်း”ဟု စဉ်းစားကြသည်။ ဤသို့သောအတွေးများပင် ပေါ်ကောင်းပေါ်နိုင်သည်။ ထိုအရာအားလုံးက ၎င်းတို့ ဆုမတောင်းသည်မှာ အချိန်ကြာပြီးဖြစ်ကာ ဘုရားသခင်ထံမှ ၎င်းတို့ ဝေးကွာလာကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာက မယုံကြည်ခြင်း၊ ဆိုးယုတ်သော နှလုံးသားတစ်ခုကို ဖြစ်ပေါ်စေပါက၊ အလွန်အန္တရာယ်များပေသည်။ ဆုတောင်းခြင်းသည် အရေးပါ၏။ ဆုတောင်းခြင်းမရှိသည့် ဘဝတစ်ခုသည် မြေမှုန့်ကဲ့သို့ ခြောက်ကပ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရရှိနိုင်ချေ။ ထိုသို့သော လူများသည် ဘုရားသခင်ရှေ့မှောက်တွင် အသက်မရှင်ကြသကဲ့သို့ အမှောင်ထုထဲသို့ ကျဆင်းသွားနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မွေ့လျော်ခံစားပြီး သင်၏ စိတ်နှလုံးမှ ဘုရားသခင်ကို ချီးမွမ်းနိုင်ရန်အလို့ငှာ မကြာခဏ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုရန် လိုအပ်သည်။ ဤနည်းဖြင့်သာ သင်၏ဘဝသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နိုင်ပေသည်။ အရာရာတွင် ဆုတောင်းခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ပူဇော်သောသူတို့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အထူးသဖြင့် အလုပ်လုပ်၏။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် တန်ခိုးသည် အနန္တဖြစ်ပြီး၊ လူတို့သည် မည်သည့်အခါတွင်မျှ ထိုတန်ခိုးကို သုံးမကုန်နိုင်၊ မကုန်ခမ်းစေနိုင်ပေ။ လူတို့သည် မပြီးနိုင်မဆုံးနိုင် စကားပြောပြီး တရားဟောကောင်းဟောမည်ဖြစ်ကာ အယူဝါဒများစွာ နားလည်ကောင်း နားလည်မည်ဖြစ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိဘဲနှင့် ထိုအရာသည် အလဟဿနှင့် အချည်းနှီးဖြစ်သည်။ လူတို့သည် ဆုတောင်းလျက် နေ့တစ်ဝက်ကုန်ဆုံးကောင်း ကုန်ဆုံးနိုင်သော်လည်း၊ ထိုသို့လုပ်ဆောင်နေစဉ်တွင်၊ “ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် ကျေးဇူးတင်ပြီး ချီးမွမ်းပါ၏” ဟူသကဲ့သို့သော စကားနှစ်ခွန်းသာ နှုတ်မှထွက်သည့် အခြေအနေများစွာ ရှိလေသည်။ အတန်ငယ်ကြာပြီးနောက်၊ ထိုစာကြောင်းကိုပင် တစ်ဖန် ထုတ်ပြောမိနိုင်သည်။ ဘုရားသခင်ကို ပြောရန် နောက်ထပ် မည်သည့်အရာကိုမျှ ၎င်းတို့ မတွေးနိုင်၊ သူ့ကို ပြောပြရန် စိတ်အတွင်း၌ဖြစ်သော မည်သည့်အတွေးမျှ မရှိကြချေ။ ဤသည်မှာ အလွန် အန္တရာယ်များ၏။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် သူ့ကို ချီးမွမ်းရန်၊ ကျေးဇူးတင်ရန်နှင့် ဘုန်းထင်ရှားစေရန် စကားများကိုပင် နှုတ်မမြွက်နိုင်ပါက၊ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် သူ့အတွက် နေရာတစ်ခုရှိသည်ဟု အဘယ်သို့ ပြော၍ရနိုင်မည်နည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ကာ မိမိစိတ်နှလုံးတွင် သူ့ကို အသိအမှတ်ပြုမည်ဟု အခိုင်အမာဆိုနိုင်သော်လည်း၊ သူ့ရှေ့မှောက်သို့ သင် မလာ၊ ဆုတောင်းသည့်အခါ သင်၏ စိတ်နှလုံးထဲရှိသည့် အရာကို သူ့အား မပြောပြနိုင်သကဲ့သို့၊ သင်၏ စိတ်နှလုံးသည် သူ့ထံမှ အလွန်ဝေးကွာလေသည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အလုပ်ကို လုပ်လိမ့်မည် မဟုတ်ပေ။ နံနက်တိုင်း သင် နိုးထသည့်အခါ၊ ဆုတောင်းခြင်းဖြင့် သင်၏ စိတ်နလုံးကို ရိုးသားစစ်မှန်စွာ သင် ဖွင့်ဟရမည်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် အလင်းရှာတွေ့ကာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည်အထိ ထိုနှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရမည်။ ဤအရာကို လုပ်ဆောင်လော့၊ ထိုနေ့ရက်သည် အထူးသဖြင့် ကောင်းမွန်ကာ စိတ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ကွယ်ကာလျက် သင်နှင့်အတူ အမြဲရှိသည်ဟု ခံစားရလိမ့်မည်။

လူများစွာတို့သည် အများနည်းတူ ပြဿနာတစ်ခု ရှိကြသည်ကို ငါ သတိထားမိသည်။ ၎င်းတို့သည် ပြဿနာများရှိသည့်အခါ၊ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့လာကြသော်လည်း၊ မည်သည့်အရာကမျှ ၎င်းတို့ကို သောကမရောက်စေသည့်အခါ၊ ဘုရားသခင်ကို လျစ်လျူရှုကြ၏။ ၎င်းတို့သည် မိမိတို့ဆန္ဒရှိသည့်အတိုင်း ဇာတိပကတိ၏ အပျော်အပါးများကို ဖယ်တွယ်ကြသော်လည်း လုံးဝ မနိုးထကြချေ။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ စစ်မှန်သော ယုံကြည်ချက် ရှိခြင်းဖြစ်သလော။ စစ်မှန်သော ယုံကြည်ချက် ကင်းမဲ့ခြင်းသည် လျှောက်လှမ်းရန် လမ်းကြောင်းကင်းမဲ့ခြင်း ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲနှင့်၊ အကြင်သူသည် ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် မည်သည့် လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်၊ သို့မဟုတ် မည်သည့် လုပ်ရပ်များအားဖြင့် သမ္မာတရားအား ရရှိရမည်၊ သို့မဟုတ် အသက်တာတွင် ကြီးထွားရမည်ဆိုသည်ကို မသိနိုင်ပေ။ ယုံကြည်ခြင်းမရှိပါက လူတစ်ဦးသည် မျက်ကန်းဖြစ်၏၊ လိုက်စားရန် စိတ်ဆန္ဒပိုင်ဆိုင်သော်ငြားလည်း ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်များ ကင်းမဲ့နေသည်။ သို့ဆိုလျှင် ယုံကြည်ခြင်းသည် မည်သို့ဖြစ်ပေါ်သနည်း။ ယုံကြည်ခြင်းသည် ဆုတာင်းခြင်းနှင့် ဘုရားသခင်နှင့်အတူ မိတ်သဟာယပြုခြင်းအားဖြင့် ဖြစ်ပေါ်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကို ရရှိခြင်းအားဖြင့် သာ၍ပင် ဖြစ်ပေါ်ပေသည်။ သမ္မာတရားကို သင် နားလည်လေ၊ ယုံကြည်ခြင်း သာ၍ ရှိလေဖြစ်သည်။ သမ္မာတရားအပေါ် သိနားလည်ခြင်း ကင်းမဲ့သူတို့သည် ယုံကြည်ခြင်း လုံးဝ မရှိသကဲ့သို့ ၎င်းတို့သည် အသင်းတော်နှင့် ရောနှောလျှင်ပင် မယုံကြည်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဆုတောင်းခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းမရှိဘဲ ထိုသို့ မလုပ်ဆောင်နိုင်ကြချေ။ ၎င်းတို့သည် အစည်းအဝေးများကို ဆက်တက်ရုံတက်နေကြသော်လည်း၊ စိတ်ရင်းအတိုင်း ရံဖန်ရံခါမျှသာ ဆုတောင်းပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးကွာနေကြကြောင်း တွေ့ရှိရလိမ့်မည်။ သင်တို့အားလုံးသည် စိတ်ရင်းအတိုင်း ဆုတောင်းခဲကြပြီး၊ လူအချို့မှာ မည်သို့ဆုတောင်းရမည်ကို မသိကြသေး။ အမှန်မှာ ဆုတောင်းခြင်းသည် အဓိကအားဖြင့် လှိုက်လှိုက်လှဲလှဲ စကားပြောခြင်းအကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟခြင်းနှင့် သူ၏ ရှေ့မှောက်တွင် တကယ်ကို ဖွင့်ပြာခြင်း ဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးသည် မှန်ကန်သည့် အမျိုးအစားဖြစ်ပါက၊ လှိုက်လှိုက်လှဲလှဲ စကားပြောနိုင်ပြီး ဤသို့ဖြင့် ဘုရားသခင်သည် ၎င်းတို့၏ ဆုတောင်းခြင်းကို နားညောင်းကာ လက်ခံလေသည်။ လူအချို့သည် ဘုရားသခင်ထံ ဆုတောင်းသည့်ခါ တောင်းလျှောက်အသနားခံရန်သာ သိကြသည်။ ၎င်းတို့သည် အခြားမည်သည့်အရာမျှ မပြောဘဲ၊ ကျေးဇူးတော်အတွက် အဆက်မပြတ် တောင်းလျှောက်အသနားခံကြပြီး၊ ထို့သို့ဖြင့် ၎င်းတို့ ဆုတောင်းလေ၊ ခန်းခြောက်မှု ခံစားရလေ ဖြစ်သည်။ သင်ဆုတောင်းသည့်အခါ၊ တစ်စုံတစ်ရာကို သင် တမ်းတသည်ဖြစ်စေ၊ ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို ရှာဖွေသည်ဖြစ်စေ၊ သင် ရှင်းလင်းစွာ မမြင်နိုင်သည့် သင် ကိုင်တွယ်နေသော ကိစ္စရပ်တစ်ခုတွင် ဉာဏ်ပညာနှင့် ခွန်အားကို ပေးရန် ဘုရားသခင်အား တောင်းလျှောက်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်ထံ ဉာဏ်အလင်းပေးခြင်းကို တောင်းလျှောက်သည်ဖြစ်စေ၊ ပုံမှန်လူ့သဘာဝ အသိစိတ်တစ်ခု သင် ပိုင်ဆိုင်ရမည်။ အသိစိတ်မရှိဘဲနှင့်၊ သင်သည် ဒူးထောက်ကာ၊ “ဘုရားသခင်၊ ကျွန်ုပ်ကို ယုံကြည်ခြင်းနှင့် ခွန်အားပေးကာ ကျွန်ုပ်၏သဘောသဘာဝကို မြင်ခွင့်ပေးဖို့ ကိုယ်တော်ကို ကျွန်ုပ် တောင်းလျှောက်အသနားခံပါ၏။ ကိုယ်တော် အမှုပြုပြီး ကျေးဇူးတော်နှင့် ကောင်းချီးများ ကျွန်ုပ်ကို ပေးဖို့ တောင်းလျှောက်အသနားခံပါ၏”ဟု သင် ပြောလိမ့်မည်။ ဤ “တောင်းလျှောက်အသနားခံခြင်း”တွင် မလုပ်မနေလုပ်ရမည့် မှတ်ချက်တစ်ခု ရှိသည်။ ဤသည်မှာ ဘုရားသခင်အပေါ် ဖိအားပေးသည့်နည်းလမ်းတစ်ခု၊ ကြိုတင်ပြဌာန်းထားပြီးဖြစ်သည့်အလား ဤကိစ္စရပ်ကို လုပ်ဆောင်ရမည်ဟု သူ့ကို ပြောသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ ဤသည်မှာ စစ်မှန်ရိုးသားသော ဆုတောင်းခြင်း မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်အဖို့၊ သင်သည် သတ်မှတ်ချက်များ ချမှတ်နှင့်ပြီးဖြစ်ကာ သင် လုပ်ဆောင်မည့်အရာကို ဆုံးဖြတ်ပြီးဖြစ်သည့်အခါ၊ သင်သည် ဟန်ဆောင်လုပ်ပြနေခြင်းသက်သက် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို လိမ်လည်လှည့်စားခြင်း မဟုတ်လော။ အကြင်သူသည် ရှာဖွေတတ်သည့်၊ ကျိုးနွံနာခံတတ်သော စိတ်နှလုံးဖြင့် ဆုတောင်းသင့်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်ပြီးဖြစ်ကာ မည်သို့ ကိုင်တွယ်ရမည်ကို သင် မသေချာသည့်အခါ၊ သင်က၊ “ဘုရားသခင်၊ ဤအရာနှင့် ပတ်သက်၍ မည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ဤကိစ္စရပ်တွင် ကိုယ်တော်ကို ကျွန်ုပ် ကျေနပ်စေပြီး ကိုယ်တော်၏ အလိုတော်ကို ရှာဖွေချင်ပါ၏။ ကျွန်ုပ် အလိုရှိသည့်အတိုင်းမဟုတ်၊ ကိုယ်တော် အလိုတော်ရှိသည့်အတိုင်း ကျွန်ုပ် လုပ်ဆောင်ရန် ဆန္ဒရှိပါသည်။ လူသား၏ အလိုဆန္ဒသည် ကိုယ်တော်၏ အလိုတော်နှင့် လုံးဝ ဆန့်ကျင်ကြောင်း၊ ကိုယ်တော်ကို လုံးဝ အတိုက်အခံလုပ်သကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီကြောင်း ကိုယ်တော် သိပါ၏။ ကိုယ်တော်ကျွန်ုပ်ကို ဉာဏ်အလင်းပါ၊ ဤကိစ္စရပ်တွင် လမ်းပြမှုပေးပြီး၊ ကိုယ်တော်ကို မပုန်ကန်မပြစ်မှားမိစေဖို့ အခွင့်ပေးတော်မူပါ...”ဟု ဆိုနိုင်သည်။ ယင်းမှာ ဆုတောင်းခြင်းတစ်ခုအတွက် သင့်လျော်သည့် သဘောသွား ဖြစ်သည်။ သင်က၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို ကူညီမစဖို့၊ လမ်းပြဖို့၊ သင့်တော်သည့် အခြေအနေနှင့် သင့်တော်သည့် လူတို့ကို ပြင်ဆင်ပေးကာ ကျွန်ုပ်၏ အလုပ်ကို ကောင်းစွာ လုပ်ခွင့်ပေးဖို့ တောင်းလျှောက်ပါ၏”ဟု ဆိုပါက၊ ဆုတောင်းပြီးနောက်တွင်၊ ဘုရားသခင်ကို သင်၏ အလိုဆန္ဒအတိုင်း ဆောင်ရွက်ရန် တောင်းလျှောက်နေသောကြောင့် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကု သဘောပေါက်လိမ့်ဦးမည် မဟုတ်ချေ။ ယခုတွင်၊ ဆုတောင်းခြင်း၌ သင် သုံးသည့် စကားများသည် သင့်တင့်လျောက်ပတ်ခြင်း ရှိမရှိဆိုသည်နှင့် ယင်းတို့သည် စိတ်နှလုံးထဲမှ လာခြင်း ဟုတ်မဟုတ်ဆိုသည်တို့ကို သင် သေချာအောင် လေ့လာစိစစ်ရမည်။ သင်၏ ဆုတောင်းချက်များသည် သင့်တင့်လျောက်ပတ်ခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်တွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ထို့ကြောင့် သင် ဆုတောင်းသည်အခါ၊ ချင့်ချင့်ချိန်ချိန်နှင့်၊ သင့်လျော်သည့် သဘောသွားဖြင့် စကားပြောရမည်။ “ဘုရားသခင်၊ ကျွန်ုပ်၏ အားနည်ချက်နှင့် ပုန်ကန်မှုကို ကိုယ်တော် သိပါ၏။ ကျွန်ုပ်ကို ခွန်အားပေးပြီး ကျွန်ုပ်၏ အခြေအနေများကို သည်းခံနိုင်ရန် မစဖို့သာ ကိုယ်တော်ကို ကျွန်ုပ် တောင်းလျှောက်ပါ၏။ သို့သော် ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စေပါ။ ကိုယ်တော်၏ အလိုတော် အဘယ်အရာဖြစ်သည်ကို ကျွန်ုပ် မသိဘဲ ဤတောင်းဆိုချက်ကို ပြုခြင်းဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေ။ ကျွန်ုပ်သည် အစေခံမှု လုပ်ဆောင်စေခြင်းခံရလျှင်ပင် သို့မဟုတ် အဖြည့်ခံတစ်ဦးအဖြစ် အစေခံရလျှင်ပင်၊ ကျွန်ုပ် လိုလိုလားလား လုပ်ဆောင်ပါမည်။ ကျွန်ုပ်ကို ခွန်အားနှင့် ဉာဏ်ပညာပေးကာ ဤကိစ္စတွင် ကိုယ်တော်ကို စိတ်ကျေနပ်စေခွင့်ပေးရန် ကျွန်ုပ် တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံရန်သာ ကျွန်ုပ် ဆန္ဒရှိပါ၏...”ဟု ပြောလော့။ ထိုသို့သော ဆုတောင်းချက်တစ်ခုပြီးသည့်နောက်တွင်၊ သင်၏ စိတ်နှလုံးသည် အထူးသဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားလိမ့်မည်။ သင် လုပ်ဆောင်သမျှသည် တောင်းလျှောက်အသနားခံခြင်းဖြစ်ပါက၊ သင် မည်မျှပြောဆိုသည်ဖြစ်စေ၊ အနှစ်သာရမရှိသည့် စကားများသာ ဖြစ်လိမ့်မည်။ သင် အလိုရှိသည့်အရာကို ကြိုတင်၍ သင် ဆုံးဖြတ်ပြီးဖြစ်လိမ့်မည်ဖြစ်သောကြောင့် သင်၏ တောင်းလျှောက်အသနားခံမှုကို တုံ့ပြန်သည့်အနဖြင့် ဘုရားသခင် အမှုပြုလိမ့်မည်မဟုတ်။ ဆုတောင်းခြင်းဖြင့် သင် ဒူးထောက်သည့်အခါ၊ “ဘုရားသခင်၊ လူ၏ အားနည်းချက်ကို ကိုယ်တော် သိပြီး၊ လူ၏ အခြေအနေများကို ကိုယ်တော် သိပါ၏။ ဤကိစ္စရပ်တွင် ကျွန်ုပ်ကို ဉာဏ်အလင်းပေးရန် တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်အား နားလည်ခွင့်ပေးတော်မူပါ။ ကိုယ်တော် စီစဉ်သမျှကိုသာ ကျိုးနွံနာခံရန် ကျွန်ုပ် ဆန္ဒရှိပြီး၊ ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်ကို နာခံရန် လိုလားလျက်ရှိပါ၏...”ဟု ပြောလော့။ ထိုသို့ ဆုတောင်းလော့၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တို့ထိလိမ့်မည်။ သင် ဆုတောင်းသည့်အခါ သင်၏ ရည်ရွယ်ချက်မှားယွင်းပြီး၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအရ ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲပြုလုပ်ပါက၊ သင်၏ ဆုတောင်းချက်များသည် အသက်မပါသကဲ့သို့ အကျိုးရှိလိမ့်မည်မဟုတ်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တို့ထိလိမ့်မည်မဟုတ်ပေ။ သင်၏ မျက်လုံးများကို မှိတ်ရုံမှိတ်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ ဖြစ်သလိုလုပ်ရန် အဖန်တစ်ရာသေနေသည့် အသုံးအနှုန်းများကို ကရားရေလွှတ်တတွတ်တွတ်ပြောဆိုပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ထိုသို့တို့ထိလိမ့်မည်လော။ လူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ လာသည့်အခါ၊ နာခံမှုရှိသည့် ဟန်ပန်ဖြင့် ပြုမူကာ ဘုရားတရားကိုင်းရှိုင်းသော သဘောထား ရှိရမည်။ သင်သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ရှေ့မှောက်သို့ လာခြင်း၊ ဖန်ဆင်းရှင်နှင့် စကားပြောနေခြင်း ဖြစ်သည်။ သင်သည် ဘုရားတရားကိုင်းရှိုင်းသင့်သည် မဟုတ်လော။ ဆုတောင်းရန်မှာ ရိုးရှင်းသောအရာတစ်ခု မဟုတ်ပေ။ လူတို့သည် ဘုရားသခင် ရှေ့မှောက်သို့ လာကြသည့်အခါ၊ ဘာသာတရားကိုင်းရှိုင်းမှု လုံးဝ ကင်းမဲ့လျက်၊ မိမိတို့၏ အစွယ်နှင့် လက်သည်းများကို ဝင့်ကြသည်။ ပြီးလျှင် ၎င်းတို့ ဆုတောင်းကြသည့်အခါ၊ ရိုးရှင်းသည့် အပေါ်ယံဆန်သော စကားအနည်းငယ်ကို မြွက်ဆိုလျက် မိမိတို့အိမ်များတွင် ပက်လက်နေကြပြီး၊ ၎င်းတို့ ဆုတောင်းနေကြကာ ဘုရားသခင်က ၎င်းတို့ကို ကြားနိုင်သည်ဟု တွေးထင်ကြသည်။ ဤသည်မှာ မိမိကိုယ်ကိုယ် လှည့်ဖြားခြင်း မဟုတ်လော။ ဤအရာကို ပြောရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အချို့သော တိကျသည့် စည်းမျဉ်းများအား လူတို့ စောင့်ထိန်းဖို့ တောင်းဆိုရန် မဟုတ်။ သို့ရာတွင်၊ အကြင်သူ အနည်းဆုံး လုပ်နိုင်သည့်အရာမှာ ဘုရားသခင်ကို နာခံသည့် စိတ်နှလုံးရှိပြီး ဘုရားသခင်ရှေ့မှောက်သို့ ဘုရားတရားကြည်ညိုသော သဘောထားဖြင့် လာရန် ဖြစ်သည်။ သင်တို့၏ ဆုတောင်းချက်များသည် မကြာခဏ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လှ၏။ သင်က အောက်ပါ သဘောသွားဖြင့် အမြဲ ဆုတောင်းသည်၊ “အို ဘုရားသခင်။ ဤတာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်ကို ပေးပြီးဖြစ်သည့်အတွက် ကိုယ်တော်၏ အမှုတော် နှောင့်ယှက်ခံရခြင်းမရှိရန်နှင့် ဘုရားသခင်၏ မိသားစု ထိခိုက်နစ်နာခြင်းမရှိရန်အလို့ငှာ ကျွန်ုပ် လုပ်ဆောင်သည့် အရာရာကို သင့်လျော်စေတော်မူပါ။ ကိုယ်တော် ကျွန်ုပ်ကို ကွယ်ကာရပါမည်...”ဟူ၍ ဖြစ်သည်။ ထိုသို့သော ဆုတောင်းချက်သည် အလွန်ယုတ္တိမတန်ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့လာပြီး ထိုသို့ ဆုတောင်းပါက ဘုရားသခင်က သင့်အပေါ် အမှုပြုလိမ့်မည်လော။ သင်သည် ငါ၏ ရှေ့မှောက်သို့လာကာ မတော်တရော် စကားပြောဆိုပါက၊ ငါ နားထောင်မည်လော။ သင်သည် ငါ့ကို စက်ဆုပ်စေပါက၊ သင့်ကို ငါ ချက်ချင်း မောင်းထုတ်မည်ဖြစ်သည်။ သင်သည် ခရစ်တော်ရှေ့တွင် ရှိသည့်အတိုင်း ဝိညာဉ်တော်ရှေ့တွင်လည်း အလားတူ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းရန် သင် လာသည့်အခါ၊ မည်သို့ သင့်တင့်လျောက်ပတ်စွာ စကားပြောဆိုရသည်ဆိုသည်နှင့် ဘုရားတရား ကိုင်းရှိုင်းမှုကို စွမ်းဆောင်ရရှိပြီး ကျိုးနွံနာခံနိုင်စွမ်းရှိရန် သင်၏ အတွင်းစိတ်အခြေအနေကို မည်သို့ညှိရမည်ဆိုသည်တို့ကို သင် ထည့်သွင်းစဉ်းစားရမည်။ ထိုသို့ သင် လုပ်ဆောင်သည်နှင့်၊ တစ်ဖန် ဆုတောင်းခြင်းသည် ကောင်းလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တော်ကို သင် ခံစားရလိမ့်မည်။ ကြိမ်ဖန်များစွာ၊ လူတို့သည် ဆုတောင်းရာတွင် ဒူးထောက်ကြသည်။ မိမိတို့ မျက်လုံးများကို ပိတ်ကာ ၎င်းတို့ လုပ်နိုင်သမျှမှာ၊ “အို ဘုရားသခင်၊ အို ဘုရားသခင်”ဟု ဟစ်ကြွေးရန် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် အချိန်ကြာမြင့်စွာ ဤသို့ စကားလုံးမဲ့စွာ အော်ဟစ်ကြသနည်း။ ဤသည်မှာ လူတို့၏ မမှန်ကန်သော စိတ်နေစိတ်ထားနှင့် မူမမှန်သော အခြေအနေကြောင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိတို့ စိတ်နှလုံးတွင် ဘုရားသခင်ကို လက်လှမ်းမမီနိုင်သည့်အခါ၊ ၎င်းတို့၏ ဆုတောင်းချက်များက စကားလုံးမဲ့တတ်သည်။ ဤအရာကို သင် တစ်ကြိမ်တစ်ခါမျှ လုပ်မိသလော။ ယခုတွင် သင်သည် သင်၏ ကိုယ်ပိုင် အတိုင်းအတာကို သိရှိသော်လည်း၊ သင်၏ အခြေအနေ မူမမှန်သည့်အခါ၊ မိမိကိုယ်ကိုယ် မသုံးသပ် သို့မဟုတ် သမ္မာတရားကို မရှာဖွေသကဲ့သို့၊ ဘုရားသခင်၏ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် လာရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန် လိုလားနေခြင်း မရှိပေ။ ဤသည်မှာ အန္တရာယ်များပေသည်။ လူတစ်ဦး၏ အခြေအနေ ပုံမှန်သည်ဖြစ်စေ၊ ပုံမမှန်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ပြဿနာများ ထွက်ပေါ်လင့်ကစား၊ ဆုတောင်းခြင်းမှ ၎င်းတို့ မသွေဖည်ရပေ။ သင် ဆုမတောင်းပါက၊ ယခုတွင် သင်၏ အခြေအနေက ပုံမှန်ဖြစ်လျှင်ပင်၊ အတန်ကြာ ကာလတစ်ခုအတွင်းတွင်၊ မူမမှန်ဖြစ်လာလိမ့်မည်။ ဆုတောင်းခြင်းနှင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းသည် ပုံမှန်ဖြစ်ရမည်။ သမ္မာတရားကို ရှာဖွေရန် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် စစ်မှန်သော ဆုတောင်းခြင်းဆီသို့ ရောက်စေနိုင်သည်၊ ဆုတောင်းခြင်းသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိနိုင်ပြီး၊ ဤအရာက လူတစ်ဦးအား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်စေနိုင်သည်။ ဘုရားသခင်ထံ ဆုတောင်းရာတွင်၊ အရေးအကြီးဆုံးသောအရာမှာ၊ ပထမဦးစွာ သင်၏ စိတ်နေစိတ်ထားကို မှန်ကန်စေရန် ဖြစ်သည်။ ဤသည်မှာ ဆုတောင်းခြင်း၏ စည်းမျဉ်း ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထား မမှန်ကန်ပါက၊ သင်သည် ဘုရားတရား ကိုင်းရှိုင်းလိမ့်မည် မဟုတ်၊ ဟန်ဆောင်လုပ်ပြရုံဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို သင် လိမ်လည်လှည့်စားနေခြင်း ဖြစ်လိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်းတွင် သင်သည် ဘုရားသခင်အတွက် ကြောက်ရွံ့မှုရှိပြီး ဘုရားသခင်ကို နာခံမှုရှိကာ ဘုရားသခင်ထံ သင် ဆုတောင်းပါက၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် အေးချမ်းသွားလိမ့်မည်။ ထို့ကြောင့်၊ သင် ဆုတောင်းသည့်အခါ၊ မှန်ကန်သည့် စိတ်နေစိတ်ထားရှိမည်ဖြစ်ပြီး သင်၏ ဆုတောင်းချက်များက အကျိုးများဖြစ်ထွန်းလိမ့်မည်။ ဆုတောင်းသည့်အခါ သင်၏ စိတ်နှလုံးတွင် အမှန်တကယ် ရှိသည့်အရာကို ဘုရားသခင်အား ပြောပြရင်းနှင့် ဘုရားသခင်ကို သင်၏ စိတ်နှလုံးက အပြောချင်ဆုံးသောအရာကို ပြောလျက်၊ သင်သည် ဤသို့ မကြာခဏ လက်တွေ့လုက်ဆောင်ပါက၊ သတိပင်မထားလိုက်မိဘဲ၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ပုံမှန် မိတ်သဟာယပြုနိုင်လိမ့်မည်။

သင့်အနေဖြင့် ပညာတတ်ဖြစ်ရန်၊ ယဉ်ကျေးဖွယ်ရာရှိရန် ဆုတောင်းခြင်းက မတောင်းဆိုသကဲ့သို့ ယင်းသည် စာတမ်းတိုတစ်ခု ဖန်တီးခြင်းလည်း မဟုတ်ပေ။ ပုံမှန်လူတစ်ဦး၏ အသိစိတ်ဖြင့် စစ်မှန်ရိုးသားစွာသာ ပြောဆိုလော့။ ယေရှု၏ ဆုတောင်းချက်များကို စဉ်းစားလော့ ဂေသရှေမန်ဥယျာဉ် ထဲ၌ သူသည် “လွန်သွားနိုင်လျှင်...” ဟု ဆုတောင်းခဲ့သည်။ တစ်နည်းအားဖြင့် “ဤသို့လုပ်ဆောင်နိုင်လျှင်” ဟူ၍ ဖြစ်သည်။ ဤအရာကို ဆွေးနွေးချက်တစ်ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြောခဲ့ခြင်းဖြစ်သည်၊ သူက “ကိုယ့်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါသည်” ဟု မဆိုခဲ့ပါ။ ကျိုးနွံနာခံသော နှလုံးသားနှင့် ကျိုးနွံနာခံသော အခြေအနေ၌ သူသည် “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” ဟု ဆုတောင်းခဲ့ပါသည်။ သူသည် ဒုတိယကြိမ်တွင် ဤသို့ပင် ဆက်လက် ဆုတောင်းခဲ့ပြီး၊ တတိယကြိမ်တွင် “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု သူဆုတောင်းခဲ့သေးသည်။ ခမည်းတော်ဘုရားသခင်၏ ကြံရွယ်ချက်များကို နားလည်သဘောပေါက်ထားသဖြင့် သူက “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု ဆုတောင်းခြင်းဖြစ်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှုမျှမရှိဘဲ အပြည့်အဝ ကျိုးနွံနာခံနိုင်ခဲ့သည်။ ဆုတောင်းရာတွင်၊ ယေရှုက၊ “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော” ဟု ဆိုခဲ့သည်။ ယင်းက ဘာကိုဆိုလိုသနည်း။ သူ ဤသို့ ဆုတောင်းခဲ့သည်မှာ အဘယ့်ကြောင့်ဆိုသော် မိမိ၏ နောက်ဆုံးထွက်သက်အထိတိုင် ကားတိုင်ပေါ်တွင် အသွေးသွန်းခြင်းဟူသည့် ကြီးစွာသောဝေဒနာ ခံစားရခြင်းကို တွေးမိခဲ့သောကြောင့်ဖြစ်သည်၊ ဤအရာက သေခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး၊ သူသည် ခမည်းတော်ဘုရားသခင်၏ ကြံရွယ်ချက်များကို အပြည့်အဝ နားမလည်ခဲ့သေးသောကြောင့် ဖြစ်သည်။ သူသည် ထိုသို့သော ဝေဒနာကို တွေးမိလင့်ကစား၊ ဤသို့ ဆုတောင်းခြင်းက သူ၏ ကျိုးနွံနာခံမှု အလွန်နက်ရှိုင်းသည်ကို ပြလေသည်။ သူ၏ ဆုတောင်းခြင်းပုံစံမှာ ပုံမှန်ဖြစ်ခဲ့သည်၊ သူသည် သူ၏ ဆုတောင်းချက်ထဲ၌ မည်သည့်သတ်မှတ်ချက်ကိုမျှ အဆိုမပြုခဲ့သည့်အပြင် ခွက်ကို ယူဆောင်သွားရန်လည်း မဆိုခဲ့ပါချေ။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သူနားမလည်သည့် အနေအထားတစ်ခု၌ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန်ပင် ဖြစ်ခဲ့သည်။ ပထမကြိမ် သူဆုတောင်းခဲ့ရာ၌ သူနားမလည်ခဲ့သောကြောင့် “လွန်သွားနိုင်လျှင်...သို့သော်လည်း ကိုယ်တော်အလိုရှိသည်အတိုင်း” ဟု ဆိုခဲ့သည်။ သူသည် ကျိုးနွံနာခံခြင်း အခြေအနေတစ်ခု၌ ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ ဒုတိယကြိမ်တွင် ထိုနည်းအတိုင်းပင် သူဆုတောင်းခဲ့သည်။ အားလုံးပေါင်း သုံးကြိမ် သူဆုတောင်းခဲ့ပြီး၊ သူ၏ နောက်ဆုံးဆုတောင်းချက်တွင် ဘုရားသခင်၏ အလိုတော်ကို သူ အပြည့်အဝ နားလည်လာခဲ့ပြီး၊ ယင်းနောက်တွင် ယေရှုသည် နောက်ထပ်မတောင်းဆိုတော့ပေ။ သူ၏ ပထမဆုတောင်းချက်နှစ်ခုတွင် သူသည် ရှာဖွေနေခဲ့ခြင်းသာဖြစ်ပြီး၊ ကျိုးနွံနာခံခြင်း အခြေအနေ၌ သူရှာဖွေခဲ့သည်။ သို့သော်ငြားလည်း လူတို့မှာမူ ထိုကဲ့သို့ လုံးဝ ဆုမတောင်းကြပေ။ လူတို့သည် သူတို့၏ ဆုတောင်းချက်များတွင် “ဘုရားသခင်၊ ဤသို့ထိုသို့ ပြုပါရန် ကိုယ်တော့်ကို ကျွန်ုပ်တောင်းဆိုပါ၏၊ ကျွန်ုပ်ကို ဤအရာ၌ ထိုအရာ၌ လမ်းပြပေးပါရန် ကိုယ်တော့်ကို တောင်းဆိုပါ၏၊ ထို့ပြင် ကျွန်ုပ်အတွက် အခြေအနေများအဆင်သင့် ပြုလုပ်ပေးရန် ကိုယ်တော့်ကို တောင်းဆိုပါ၏...” ဟု အမြဲ ပြောတတ်ကြသည်။ သူသည် သင့်အတွက် သင့်လျော်သော အခြေအနေများကို ပြင်ဆင်မပေးဘဲ သင့်ကို သင်ခန်းစာသင်ကြားရန် နည်းလမ်းတစ်ခုအဖြစ် အခက်အခဲများကို ခံစားကောင်း ခံစားစေလိမ့်မည်။ လူတို့က “ဘုရားသခင်၊ ကျွန်ုပ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးဖို့နဲ့ ကျွန်ုပ်ကို ခွန်အားပေးဖို့ တောင်းဆိုပါတယ်” ဟု အမြဲဆုတောင်းနေမည်ဆိုလျှင်မူ ထိုသို့ ဆုတောင်းခြင်းမှာ အလွန့်အလွန် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။ ဘုရားသခင်ထံသင်ဆုတောင်းသည့်အခါ ကျိုးကြောင်းဆီလျော်မှု ရှိရမည်ဖြစ်ပြီး၊ နာခံမှုရှိသည့် စိတ်နှလုံးဖြင့် သူ့ထံ သင် ဆုတောင်းသင့်သည်။ သင် မည်သည့်အရာ လုပ်မည်ဆိုသည်ကို သတ်မှတ်ရန် မကြိုးစားနှင့်။ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်ကို သင် ဆုမတောင်းမီတွင် သတ်မှတ်ရန် ကြိုးစားပါက၊ ဤသည်မှာ ဘုရားသခင်ကို နာခံခြင်း မဟုတ်ပေ။ ဆုတောင်းခြင်းတွင်၊ သင်၏ စိတ်နှလုံးသည် နာခံမှုရှိရမည်ဖြစ်ပြီး၊ ပထမဦးစွာ ဘုရားသခင်နှင့်အတူ သင် ရှာဖွေရမည်။ ဤသို့ဖြင့်၊ သင်၏ စိတ်နှလုံးသည် ဆုတောင်းခြင်းအတောအတွင်းတွင် အလိုအလျောက် အားတက်သွားလိမ့်မည်ဖြစ်ပြီး၊ လုပ်ဆောင်ရန် သင့်လျော်သည့်အရာကို သင် သိလိမ့်မည်။ ဆုမတောင်းမီ သင်၏ အစီအစဉ်မှ ဆုတောင်းပြီးနောက် သင်၏ စိတ်နှလုံးတွင် ဖြစ်ပေါ်သည့် ပြောင်းလဲမှုဆီသို့ ရောက်ရှိခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ရလဒ်ဖြစ်သည်။ သင်သည် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ပြုလုပ်နှင့်ပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို သတ်မှတ်ပြီးဖြစ်ကာ ထို့နောက်တွင် ဘုရားသခင်ထံ ခွင့်ပြုချက် တောင်းခံရန် သို့မဟုတ် သင် ဆန္ဒရှိသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်ကို စေခိုင်းဖို့ ဆုတောင်းပါက၊ ဤဆုတောင်းချက်မျိုးသည် ယုတ္တိမတန်ပေ။ ကြိမ်ဖန်များစွာ၊ လူတို့သည် အတိအကျအားဖြင့် မည်သည့်အရာ လုပ်ဆောင်မည်ကို ဆုံးဖြတ်နှင့်ပြီးဖြစ်ကာ ဘုရားသခင်ကို ခွင့်ပြုချက် တောင်းခံရုံမျှသာဖြစ်သောကြောင့်၊ လူတို့၏ ဆုတောင်းချက်များကို ဘုရားသခင်က အဖြေမပေးပေ။ ဘုရားသခင်က၊ “မည်သည့်အရာကို လုပ်ဆောင်ရန် သင်တို့ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက်၊ အဘယ်ကြောင့် ငါ့ကို မေးသနည်းဟု ပြော၏။” ဤဆုတောင်းချက်မျိုးသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသကဲ့သို့ အနည်းခံစားပြီး ထို့ကြောင့် ၎င်းတို့၏ ဆုတောင်းချက်များ ခြောက်ကပ်သွားရပေသည်။

လူတို့သည် ဆုတောင်းရန် ဒူးထောက်ကြသည့်အခါ ဘုရားသခင်ကို စကားပြောနေကြသော်လည်း၊ သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ ဆုတောင်းခြင်းသည် လူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုရန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ ဆုတောင်းနေစဉ်တွင် အမြဲ ဉာဏ်အလင်းပေးသည်၊ အလင်းပြပြီး ဦးဆောင်လမ်းပြ၏။ လူတို့သည် မှန်ကန်သည့် အခြေအနေတွင် ရှိစဉ် ဆုတောင်းကာ ရှာဖွေကြပါက၊ တစ်ချိန်တည်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားများကြား စကားဖြင့် ဖော်ပြမရသည့် ကတိကဝတ် အမျိုးအစားတစ်ခု ဖြစ်သည်။ လူတို့အား ကိစ္စရပ်များကို တာဝန်ယူရန် ဘုရားသခင် ကူညီပေးနေခြင်းဖြစ်သည်ဟုလည်း သင် ဆိုနိုင်သည်။ ဆုတောင်းခြင်းသည် လူတို့အတွက် ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သူနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ ယင်းသည် လူတို့ကို ကယ်တင်ပြီး သန့်စင်စေရန် ဘုရားသခင်အတွက် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ထို့အပြင်၊ အသက်ဝင်ရောက်မှုဆီသို့သွားသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဘာသာဓလေ့တစ်ခု မဟုတ်ပေ။ ဆုတောင်းခြင်းသည် လူတို့ကို လှုံ့ဆောင်ရန် နည်းလမ်းတစ်ခုသာမဟုတ်သကဲ့သို့၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် ပုံသေကားကျ နည်းလမ်းတစ်ခုလည်း မဟုတ်ပေ။ ထိုသို့သော အတွေးများသည် မှားယွင်း၏။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဆုတောင်းခြင်းကို ခေါင်းရှောင်၍မရသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကိုလည်း ခေါင်းရှောင်၍မရပေ။ ဆုတောင်းခြင်းမှတစ်ဆင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့တွင် အမှုပြု၏၊ ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး ဦးဆောင်လေသည်။ လူတို့သည် ဘုရားသခင်ထံ ဆုမတောင်းကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် ခက်ခဲလိမ့်မည်။ သင်သည် မကြာခဏ ဆုတောင်းပါက၊ ဆုတောင်းခြင်းကို မကြာခဏ လက်တွေ့လုပ်ဆောင်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စိတ်နှလုံးဖြင့် မကြာခဏ ဆုတောင်းပါက၊ သင်၏ အတွင်းပိုငး အခြေအနေသည် ပုံမှန်ဖြစ်၏။ သင် ဆုတောင်းသည့်အခါ၊ ပုံမှန်အားဖြင့် အယူဝါဒနှင့် သက်ဆိုင်သည့် စာကြောင်းအနည်းငယ်သာဖြစ်ပြီး၊ ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို မဖွင့်ဟ သို့မဟုတ် သမ္မာတရားကို မရှာဖွေသကဲ့သို့ ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုချက်များကို မချင့်ချိန်မစဉ်းစားပါက၊ သင်သည် အမှန်တကယ် ဆုတောင်းနေခြင်းမဟုတ်။ သမ္မာတရားကို မကြာခဏ ချင့်ချိန်စဉ်းစားသောလူများ၊ မိမိတို့၏ စိတ်နှလုံးများက ဘုရားသခင်နှင့် မကြာခဏ နီးကပ်သောသူများနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် မကြာခဏ အသက်ရှင်သော သူတို့သာ စစ်မှန်သည့် ဆုတောင်းချက်ရှိသည်။ ဘုရားသခင်ထံ စကားပြောရန် မိမိတို့ စိတ်နှလုံးများတွင် စကားများရှိကြပြီး၊ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေနိုင်ကြပေသည်။ မည်သို့ဆုတောင်းရမည်ကို သင်ယူရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ သင် ချင့်ချိန်စဉ်းစားရမည်။ ဘုရားသခင်၏ အလိုတော်ကို သင် နားလည်နိုင်ပါက သင်၏စိတ်နှလုံးတွင် သူ့ကို ပြောစရာ များစွာ ရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စကားများက ယုတ္တိတန်သော ဆုတောင်းချက်များဖြစ်ပြီး မည်သည်တို့က မဟုတ်သည်၊ မည်သည့် ဆုတောင်းချက်များက စစ်မှန်သော ကိုးကွယ်မှုဖြစ်ပြီး မည်သည့်အရာများက မဟုတ်သည်၊ မည်သည့် ဆုတောင်းချက်များက ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ရန် ကြိုးစားခြင်းဖြစ်ပြီး မည်သည့် ဆုတောင်းချက်များက သင် ဆုံးဖြတ်နှင့်ပြီးသားဖြစ်ကာ ဘုရားသခင်၏ ခွင့်ပြုချက်ကိုသည တောင်းဆိုခြင်း ဖြစ်သည်ဆိုသည်တို့ကို သင် သိနားလည်နိုင်လိမ့်မည်။ ဤကိစ္စရပ်များကို လေးနက်စွာ သင် သဘောမထားပါက၊ သင်၏ ဆုတောင်းချက်များက မည်သည့်အခါတွင်မျှ အောင်မြင်လိမ့်မည် မဟုတ်သကဲ့သို့ သင်၏ အတွင်းပိုင်း အခြေအနေသည် အမြဲ မူမမှန် ဖြစ်လိမ့်မည်။ ဆုတောင်းနေချိန်တွင် မည်သည့်အရာက ပုံမှန်အကြောင်းပြချက်ဖြစ်သည်၊ မည်သည့်အရာက စစ်မှန်သော နာခံခြင်းဖြစ်သည်၊ မည်သည့်အရာက စစ်မှန်သော ကိုးကွယ်ခြင်းဖြစ်သည်ဆိုသည်နှင့် မည်သည့် အနေအထားကို သင် နေရာယူသင့်သည်ဆိုသည့်အရာအတွက်မူ၊ ဤသင်ခန်းစာအားလုံးတွင် ဆုတောင်းခြင်းနှင့်ဆိုင်သည့် သမ္မာတရားများ ပါဝင်၏။ ယင်းတို့အားလုံးသည် အသေးစိတ်ကျသည့် ကိစ္စရပ်များ ဖြစ်သည်။ လူအများစုသည် ငါ့ကို အမှန်တကယ် မမြင်နိုင်ကြသောကြောင့်၊ ဝိညာဉ်တော်ရှေ့မှောက်တွင် ဆုတောင်းခြင်းကို ကန့်သတ်ခံထားရသည်။ သင် စတင်ဆုတောင်းသည်နှင့်၊ သင် ပြောဆိုသည့် သင်၏ စကားများက အသိတရားရှိမရှိ၊ သင်၏ စကားလုံးများက အမှန်တကယ် ကြည်ညိုလေးစားသော စကားများ ဟုတ်မဟုတ်၊ သင် တောင်းလျှောက်သည့်အရာသည် ဘုရားသခင်၏ လက်ခံမှုကို ပြည့်မီခြင်းရှိမရှိ၊ သင်၏ ဆုတောင်းချက်သည် အပေးအယူဆန်သော လက္ခဏာရပ်တစ်ခု ရှိမရှိ၊ သို့မဟုတ် လူသားမသန့်စင်မှုများနှင့် ရောနှောခြင်း ရှိမရှိ၊ သင်၏ ဆုတောင်းချက်များနှင့် စကားသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိ၊ သင်သည် ဘုရားသခင်ကို အထူးကြောက်ရွံ့ကြည်ညိုခြင်း၊ လေးစားခြင်းနှင့် နာခံခြင်းရှိမရှိဆိုသည်နှင့် သင်သည် ဘုရားသခင်ကို ဘုရားအဖြစ် အမှန်တကယ် သဘောထားခြင်း ရှိမရှိဆိုသည်မှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာသည်။ သင်သည် ဆုတောင်းချက်တွင် မည်သည့်အရာကို ပြောသည်၊ ဘုရားသခင်၏ အလိုတော်အတွက် သင် ခံစားသည့်အရာနှင့် ပတ်သက်၍ အလေးအနက်ထားရမည်ဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီရမည်။ ဤသို့ဆုတောင်းခြင်းအားဖြင့်သာ သင်၏ စိတ်နှလုံးတွင် ငြိမ်စက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သိမြင်လိမ့်မည်။ ထိုသို့ဖြင့်သာ ခရစ်တော်၏ ရှေ့မှောက်သို့ သင် လာသည့်အခါ ပုံမှန်အကြောင်းပြချက် ရှိနိုင်ပေသည်။ သင်သည် ဝိညာဉ်တော်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးထဲရှိသောအရာကို ဆုမတောင်း၊ ပြောဆိုခြင်းမရှိပါက၊ သင်သည် အယူအများ တွေးမိလာဖွယ်ရှိသည်၊ သူ့ကို ပုန်ကန်ကာ အတိုက်အခံလုပ်ဖွယ်ရှိသည် သို့မဟုတ် မတော်တရော် ပြောဆိုမိလိမ့်မည်၊ မရိုးမသား စကားပြောမိလိမ့်မည် သို့မဟုတ် သင်၏ စကားနှင့် လုပ်ရပ်များဖြင့် စဉ်ဆက်မပြတ် နှောင့်ယှက်မှု ဖြစ်စေပြီးနောက် အပြစ်တင်ခြင်းကို သင် အမြဲ ခံစားရလိမ့်မည်။ အဘယ်ကြောင့် အပြစ်တင်ခြင်းကို သင် အမြဲ ခံစားရလိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ယေဘုယျအားဖြင့် ဘုရားသခင်အား မည်သို့ ကိုးကွယ်၊ ဆက်ဆံရမည်ဆိုသည့်အပေါ် သမ္မာတရားများနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှပင် မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခု သင် ကြုံရသည့်အခါ၊ စိတ်ရှုပ်ထွေးလာသည်၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိဖြစ်ကာ စဉ်ဆက်မပြတ် အမှားများလုပ်မိလေသည်။ ဘုရားသခင်ကို ယုံကြည်သောလူများသည် သူ၏ မျက်မှောက်တော်ထဲသို့ မည်သို့ လာသင့်ကြသနည်း။ ဆုတောင်းခြင်းမှတစ်ဆင့် ဖြစ်သင့်သည်မှာ အမှန်ဖြစ်၏။ သင် ဆုတောင်းချိန်တွင် သင်၏ သဘောထားကို မှန်ကန်စေပြီးဖြစ်ကာ သင်၏ စိတ်နှလုံး အေးချမ်းပါက၊ ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ရောက်လာပြီး ဖြစ်သည်။ ဆုတောင်းပြီးနောက်တွင်၊ ဆုတောင်းခြင်း၌ မြွက်ဆိုထားသည့် စကားများက ယုတ္တိတန်ခြင်း ရှိမရှိ၊ သင်သည် သင့်လျော်သည့် အနေအထားတွင် နေရာယူခဲ့ခြင်း ရှိမရှိ၊ သင်သည် ဘုရားသခင်ကို နာခံခြင်းအား ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် လူသား မသန့်စင်မှု သို့မဟုတ် မရိုးသားမှုကို သင် ပိုင်ဆိုင်ခဲ့ခြင်း ရှိမရှိဆိုသည့်အပေါ် သုံးသပ်ရမည်။ ပြဿနာအချို့ ရှာတွေ့ပါက၊ ဘုရားသခင်ထံ ဆက်ဆုတောင်းရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ မသန့်စင်မှုများနှင့် အပြစ်အနာအဆာများကို ဝန်ခံရမည်။ သင်၏ စိတ်နှလုံးထဲရှိသောအရာကို ဘုရားသခင်ထံ ဤသို့ ပြောဆိုခြင်းအားဖြင့်၊ သင်၏ အခြေအနေသည် တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်၊ သင်သည် တိုး၍ တာဝန်သိတတ်ကာ စဉ်းစားချင့်ချိန်နိုင်လာလိမ့်မည်ဖြစ်ပြီး သင်၏ မမှန်ကန်သော အခြေအနေများက နည်းသည်ထက် နည်းသွားလိမ့်မည်။ အတန်ကြာ ဤသို့ လက်တွေ့လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏ ဆုတောင်းချက်များသည် ဆက်တိုးတက်နေလိမ့်မည်ဖြစ်ပြီး၊ အချိန်အများတွင် ဘုရားသခင်က နားညောင်းကာ လက်ခံလိမ့်မည်။ ဘုရားသခင်ထံ ဤသို့ မကြာခဏ ဆုတောင်းနိုင်သောသူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ရောက်လာကြပြီးသောသူများ ဖြစ်သည်။ သင်သည် ဆုတောင်းချက်ကို အလေးအနက်မထား၊ သို့မဟုတ် သင်၏ မမှန်ကန်သော ဆုတောင်းနည်းများကို မပြုပြင်ပါက၊ မည်သို့ ဆုတောင်းရမည်ကို သိလိမ်မ့ည် မဟုတ်။ မည်သို့ဆုတောင်းရမည်ကို မသိခြင်း၏ အကျိုးဆက်အဖြစ်၊ ဘုရားသခင်၏ ရှေ့မှောက် အသက်ရှင်ရန် ခက်ခဲသည်ကို သင် တွေ့ရလိမ့်မည်။ ဤလူစားမျိုးသည် မည်သည့် အသက်ဝင်ရောက်မှုမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင် ရှိလိမ့်မည်။ မည်သို့ ဆုတောင်းရမည်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် မည်သို့ စကားပြောရမည်ကို သင် မသိပါက၊ စကားပြောသည့်အခါ သင် ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောဆိုလျက် သင် အလေးအနက်မထားသကဲ့သို့၊ မမှန်သည့် အရာများကို ပြောသည့်အခါ မည်သည့် ပြဿနာတစ်ခုတလေရှိသည်ဟု သင် မခံစားပါက၊ ပြီးလျှင် သင်သည် တစ်သမတ်တည်း အမှုမဲ့အမှတ်မဲ့ဖြစ်ကာ နားဝေတိမ်တောင်ဖြစ်ပါက၊ အကျိုးဆက်တစ်ခုအနေဖြင့်၊ ခရစ်တော်၏ မျက်မှောက်တော်ထဲသို့ သင် လာသည့်အခါ၊ တစ်စုံတစ်ရာ အမှားပြောမိမည်၊ လုပ်မိမည်ကို သင် စိုးရွံ့လိမ့်မည်။ အမှုအရာများ မှားသွားစေမည်ကို သင် ကြောက်ရွံ့လေ၊ အမှားများ သာ၍ ပြုလုပ်မိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းတို့အတွက် မည်သည့်အခါတွင်မျှ သင် ထေမိနိုင်လိမ့်မည် မဟုတ်။ လူတို့သည် ခရစ်တော်နှင့် အမြဲ အဆက်အသွယ်မရှိနိုင်သောကြောင့် သို့မဟုတ် ခရစ်တော်က ၎င်းတို့အား မျက်နှာချင်းဆိုင် စကားပြောသည်ကို မကြာခဏ မကြားရသောကြောင့်၊ ငါသည် သင်တို့ရှေ့တွင် မကြာခဏ မရှိနိုင်သောကြောင့်၊ သင်တို့အားလုံး လုပ်နိုင်သမျှမှာ သမ္မာတရားကို ရှာဖွေပြီး၊ မကြာခဏ ဆုတောင်းချက်တွင် ဝိညာဉ်တော်၏ ရှေ့မှောက်၌ မိမိစိတ်နှလုံးကို ပြောဆိုရန်ဖြစ်ပြီး၊ ကျိုးနွံနာခံတတ်သည့်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး သင် ရရှိပါက လုံလောက်ပေသည်။ ငါသည် သင်တို့ကို မျက်နှာချင်းဆိုင် စကားပြောလျှင်ပင်၊ သမ္မာတရားကို လက်ခံပြီး လိုက်စားရန်နှင့် ဘုရားသခင်နောက်လိုက်လျှောက်သည့် လမ်းကြောင်းကို လျှောက်ရန်မှာ သင်တို့သဘောအတိုင်း ဖြစ်နေဆဲ ဖြစ်သည်။ ယခုမှစ၍၊ သင်တို့ ဆုတောင်းသည့်အရာ ပြောသည့်အရာကို သာ၍ သင်တို့ အာရုံစိုက်ရမည်။ ဆုတောင်းရန်၊ တွေးဆပြီး ခံစားရန် အချိန်ယူလော့။ ထို့နောက် သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့ကို ဉာဏ်အလင်းပေးသည်နှင့်တစ်ပြိုင်နက်၊ သင် တိုးတက်မှု ဖြစ်စေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့ကို ဉာဏ်အလင်းပေးသည့်အခါ သင်တို့ ရရှိသည့် ခံစားချက်မှာ အထူးသဖြင့် သိမ်မွေ့၏။ ဤသိမ်မွေ့သည့် ခံစားချက်များနှင့် သိမ်မွေ့သည့် အသိပညာအချို့ ရှိပြီးနောက်တွင်၊ အချို့သောအရာများကို သင် လုပ်ဆောင်ပါက၊ သို့မဟုတ် အချို့သော ကိစ္စရပ်များကို ကိုင်တွယ်ရန် ခရစ်တော်နှင့် အဆက်အသွယ်ရှိပါက၊ မည်သည့် စကားများအား ကောင်းသောသဘောဖြင့် ပြောဆိုထားပြီး မည်သည့်စကားများအား ပြောဆိုထားခြင်းမရှိ၊ မည်သည့်အရာများကို ကောင်းသောသဘောဖြင့် လုပ်ဆောင်ထားပြီး မည်သည့်အရာများကို လုပ်ဆောင်ထားခြင်းမရှိဆိုသည်တို့ကို သင် သတိပြုမိနိုင်လိမ့်မည်။ ထိုသို့ဖြင့်၊ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်များကို သင် စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည်။

ဆုတောင်းချက်များတွင် မိမိတို့ကိုယ်ပိုင် စည်းကမ်းချက်များ မသတ်မှတ်နှင့်သည့် လူများစွာတို့၏ ဆုတောင်းချက်များကို ကျမ်းစာက မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး သဘောပေါက်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား ဆုံးဖြတ်ချက်များချခွင့်ပေးရန် ဆုတောင်းခြင်းကို အသုံးပြုခဲ့ကြသည်။ ဥပမာအားဖြင့်၊ ဣသရေလလူမျိုးများက ယေရိခေါမြို့ကို ဆုတောင်းခြင်းမှတစ်ဆင့် တိုက်ခိုက်ခဲ့ကြသည်။ နေနိဝေမြို့သားတို့သည်လည်း ဆုတောင်းခြင်းမှတစ်ဆင့် နောင်တရကာ ဘုရားသခင်၏ ခွင့်လွတ်မှုကို ရရှိခဲ့ကြသည်။ ဆုတောင်းခြင်းသည် ဘာသာရေးဓလေ့ အမျိုးအစားတစ်ခု မဟုတ်ပေ။ ယင်းသည် လူတစ်ဦးနှင့် ဘုရားသခင်ကြား စစ်မှန်သည့် မိတ်သဟာယဆက်သွယ်မှုဖြစ်ပြီး၊ နက်နဲသည့် အဓိပ္ပာယ်ရှိသည်။ လူတို့၏ ဆုတောင်းချက်များမှ၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနေကြခြင်းဖြစ်သည်ကို မြင်နိုင်သည်။ သင်သည် ဆုတောင်းခြင်းကို ဘာသာရေးဓလေ့တစ်ခုအဖြစ် မြင်ပါက၊ သင်၏ ဆုတောင်းခြင်းသည် ထိရောက်လိမ့်မည်မဟုတ်သကဲ့သို့၊ သင်သည် သင်၏ အတွင်းပိုင်း ခံစားချက်များကို ဘုရားသခင်ထံ မပြောသောကြောင့် သို့မဟုတ် သင်၏ စိတ်နှလုံးကို သူ့ထံ မဖွင့်ဟသောကြောင့် ယင်းသည် စစ်မှန်သော ဆုတောင်းခြင်း ဖြစ်လိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ သင်၏ ဆုတောင်းခြင်းသည် အရေးမပါပေ။ သင်သည် ဘုရားသခင်၏ စိတ်နလုံးထဲတွင် မရှိပေ။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် မည်သို့ အလုပ်လုပ်လိမ့်မည်နည်း။ ဤအရာ၏ အကျိုးဆက်အနေဖြင့်၊ အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးနောက်တွင်၊ သင်သည် မောပန်းနွမ်းနယ်လာလိမ့်မည်။ ယခုအချိန်မှစ၍၊ ဆုတောင်းခြင်းမရှိဘဲနှင့်၊ သင်သည် အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်။ အလုပ်ဖြစ်စေသည်မှာ ဆုတောင်းခြင်းဖြစ်ပြီး အစေခံမှုဖြစ်စေသည်မှာ ဆုတောင်းခြင်း ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး၊ ဘုရားသခင်ကို အစေခံသူတစ်ဦးဖြစ်သော်လည်း၊ မိမိကိုယ်ကိုယ် ဆုတောင်းရန် မည်သည့်အခါတွင်မျှ ဆက်ကပ်အပ်နှံခြင်းမရှိ သို့မဟုတ် ဆုတောင်းခြင်းကို အလေးအနက်မထားပါက၊ သင်သည် ဘုရားသခင်ထံ ဖော်ပြရန် မည်သည့် အတွေးမျှ မရှိသကဲ့သို့၊ ဤသို့ဖြင့်၊ သင်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ မှားယွင်းသွားဖွယ်ရှိပြီး၊ သင်၏ လုပ်ရပ်များတွင် မိမိကိုယ်ပိုင် ရည်ရွယ်ချက်များအပေါ် စဉ်ဆက်မပြတ် မှီခိုသည်နှင့်အမျှ သင်သည် ခလုတ်တိုက်လဲဖွယ်ရှိပေသည်။ လုံလောက်သည့် ဆုတောင်းခြင်းမရှိဘဲနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ ဘုရားသခင်သည် လူ့ဇာတိခံလာပြီးဖြစ်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက်ဖတ်ရှုရန် လုံလောက်သည်ဟု တွေးလျက် လူအချို့သည် ဆုတောင်းခဲကြ၏။ ဤတွင် သင်တွေးသည်မှာ ရိုးရှင်းလွန်း၏။ ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိဘဲ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးကာ အလင်းပြခြင်းကို သင် ခံရနိုင်သလော။ လူတစ်ဦးသည် ဘုရားသခင်ထံ လုံးဝ တောင်းခြင်းမရှိ၊ ယင်းတွင် ဘုရားသခင်ကို စကားပြောခြင်း၊ မိတ်သဟာယပြုခြင်းမရှိပါက၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်ရန်နှင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် အလွန်ခက်ခဲသည်ကို ၎င်းတို့ တွေ့ရလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်သည်ပင် တစ်ခါတရံ ဆုတောင်း၏။ ယေရှု လူ့ဇာတိခံယူခဲ့ချိန်တွင်၊ အရေးပါသည့် အရေးကိစ္စများနှင့် ပတ်သက်လာသည့်အခါ သူသည်လည်း ဆုတောင်းခဲ့၏။ တောင်ပေါ်၊ လှေပေါ်နှင့် ဥယျာဉ်ထဲတွင် သူ ဆုတောင်းခဲ့သည်။ သူ၏ တပည့်တော်များကိုလည်း ဆုတောင်းရာတွင် ဦးဆောင်ခဲ့သည်။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ ရောက်လာပြီး သူ့ထံ ဆုတောင်းပါက၊ ဘုရားသခင်ကို ဘုရားအဖြစ် သင် သဘောထားကြောင်း ဤအရာက သက်သေပြပေသည်။ သင်၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း သင် မကြာခဏ ပြုမူပြီး ဆုတောင်းခြင်းကို မကြာခဏ လျစ်လျူရှုကာ ဘုရားသခင်၏ နောက်ကွယ်တွင် အမျိုးမျိုးသော အရာများကို လုပ်ဆောင်ပါက၊ သင်သည် ဘုရားသခင်ကို အစေခံနေခြင်း မဟုတ်။ သင်၏ ကိုယ်ပိုင် အားထုတ်မှုများကို လုပ်ဆောင်နေခြင်းမျှသာ ဖြစ်သည်။ ထိုသို့ဖြင့်၊ သင်သည် ရှုတ်ချခံရလိမ့်မည် မဟုတ်လော။ အပြင်ပန်းမှ၊ အနှောင့်အယှက်ဖြစ်သည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်ပြီးဖြစ်သည့်အလား ထင်ရလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို သင် ပြစ်မှားစော်ကားပြီးဖြစ်သည်ဟု ထင်ရလိမ့်မည် မဟုတ်ဘဲ၊ သင်သည် မိမိကိုယ်ပိုင် အရေးကိစ္စကို ကိုင်တွယ်နေခြင်းသာ ဖြစ်လိမ့်မည်။ သင်သည် မိမိကိုယ်ပိုင် အားထုတ်မှုများကို ပြုကာ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ကိုယ်ရေးကိုယ်တာ အကျိုးကျေးဇူးများကို လိုက်စားခြင်းတွင် ပါဝင်ပေသည်။ ဤသည်မှာ အသင်းတော်အလုပ်ကို နှောင့်ယှက်နေခြင်း မဟုတ်လော။ အပေါ်ယံတွင် သင်သည် အနှောင့်အယှက်မပေးတတ်သည့်အလား ထင်ရလျှင်ပင်၊ အနှစ်သာရအားဖြင့် သင်၏ လုပ်ရပ်များသည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်း ဖြစ်သည်။ သင်သည် မည်သည့်အခါတွင်မျှ နောင်တမရ၊ မပြောင်းလဲပါက၊ အန္တရာယ်ရှိပေသည်။

စိတ်ကျေနပ်ဖွယ်မရှိသည့် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး မည်သူကိုမျှ စကားမပြောလိုသည့်အခါတွင် လူတိုင်း နာကျင်မှုနှင့် စိတ်ဆင်းရဲသည့် အခြေအနေတွင် ရှိကြသည်။ အတန်ငယ်ကြာပြီးနောက်တွင်၊ ၎င်းတို့ သာ၍ သက်သာသော်လည်း၊ ဤအခြေအနေသည် ပြေလည်မသွားပေ။ တစ်ခါတရံ၊ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြကြပြီး၊ အလုပ်ကို နှောင့်နှေးစေကြသည်၊ သို့မဟုတ် ၎င်းတို့ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရကြသည်။ ၎င်းတို့ စိတ်ဆင်းရဲကာ စိတ်သောကရောက်ကြသည်။ သို့သော် အကြင်သူသည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပါက၊ ဤမူမမှန်သည့် အခြအနေသည် ပြေလည်သွားလိမ့်မည် မဟုတ်။ သင်၏ စိတ်ဆင်းရဲမှုနှင့် စိတ်သောကဖြင့် ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် အကြိမ်မည်မျှ ရောက်လာပြီးပြီနည်း။ သင်တို့အားလုံးသည် စိတ်အေးလက်အေးဖြစ်သည့် တွေးခေါ်မှုအလေ့အထတစ်ခုကို ယူကာ ဖြစ်သလိုသာ လုပ်ကြသည်။ ဤသို့ဖြင့်၊ ဘုရားသခင်ကို ယုံကြည်ကြောင်း အခိုင်အမာပြောဆိုသော်လည်း မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင် မရှိကြသည့်သူများစွာ ရှိလေသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ၊ ပြဿနာတစ်ခုတလေကို ၎င်းတို့ ကြုံရသည့်အခါတိုင်းတွင်၊ လုံးဝ ဆုမတောင်း၊ သမ္မာတရား မရှာဖွေကြချေ။ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခကို သည်ညည်းခံကာ အားအင်သုံးနေသည့်အလား ထင်ရလျက်၊ အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်ရန် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအပေါ် မှီခိုကြပြီး၊ မည်သည့်အရာမျှ ၎င်းတို့ ဖြစ်မလာသကဲ့သို့ ၎င်းတို့၏ အားထုတ်မှုက အချည်းနှီးဖြစ်သွားသော်လည်း၊ မိမိတို့တာဝန်ကို ကောင်းစွာ လုပ်ဆောင်နေကြသည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ လူတို့သည် လျှောက်လှမ်းသည်နှင့်အမျှ မိမိတို့ကိုယ်ပိုင် လိုဆန္ဒများအပေါ် မကြာခဏ မှီခိုကာ လမ်းလွဲကြလေသည်။ အလုပ်အနည်းငယ် လုပ်သည်နှင့်၊ ၎င်းတို့ တိုး၍ မာနထောင်လွှားကြသည်၊ ၎င်းတို့တွင် အရင်းအနှီးရှိသည်ဟု ခံစားပြီးနောက်၊ မိမိတို့စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာမရှိကြချေ။ လူတို့၏ သဘာဝမှာ သစ္စာဖောက်ခြင်းဖြစ်သည်ဟု ဤအရာမှ မြင်နိုင်ပေသည်။ လူများက၊ “ဘုရားသခင်ကို ငါ ယုံကြည်လျှင် ငါ၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် အဘယ်သို့ နေရာမရှိနိုင်ရသနည်း။ ယခုတွင် အသင်းတော်အတွက် ငါ အလုပ်လုပ်နေသည် မဟုတ်ပါလား။ ဘုရားသခင်သည် ငါ့ကို အဘယ်သို့ စွန့်ပစ်နိုင်ရသနည်း”ဟုပင် တွေးကြသည်။ ဘုရားသခင်သည် သင့်ကို စွန့်ပစ်လိုခြင်းမဟုတ်၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိခြင်းသာ ဖြစ်သည်။ အလုပ်မည်မျှ သင် လုပ်သည်ဖြစ်စေ၊ ဤအရာမှ သင့်ကိုယ်သင် အဖတ်ဆယ်နိုင်လိမ့်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် နည်းလမ်းရှိလိမ့်မည်မဟုတ်သကဲ့သို့၊ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်နှင့် ကင်းကွာမြဲကင်းသွားနေလမ့်မည်ဖြစ်ပြီး သူ့ကို သစ္စာဖောက်မိနေလိမ့်မည်။ ဆုတောင်းခြင်း သင်ခန်းစာသည် အနက်နဲဆုံး ဖြစ်၏။ ဆုတောင်းခြင်းပင်မရှိဘဲ မိမိတာဝန်ကို သင် သွားလုပ်ပါက၊ သင်၏ စွမ်းဆောင်ရမည်သည် စံမီမည်မဟုတ်သကဲ့သို့၊ သင်၏ အားထုတ်မှုသည် အချည်းနှီးဖြစ်လိမ့်မည်။ သင်၏ အခြေအနေ သာ၍ မူမမှန်ဖြစ်လေ၊ သင် သာ၍ ဆုတောင်းသင့်လေ ဖြစ်သည်။ ဆုတောင်းခြင်းမရှိဘဲ၊ သင်၏ အခြေအနေသည် ဆိုးသည်ထက်ဆိုးလိမ့်မည်သာ ဖြစ်ပြီး၊ သင်၏ တာဝန်သည် မထိမရောက် ဖြစ်လိမ့်မည်။ ဆုတောင်းခြင်းသည် သင် ပြောသည့်အရာများက မည်မျှကောင်းပုံရသည်ဆိုသည့်အပေါ် မမူတည်ပေ။ ထိုအစား၊ သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ ကိုယ်ပိုင် အခက်အခဲများနှင့်ဆိုင်သော အမှန်တရားကို ပြောဆိုခြင်း၊ အဖန်ဆင်းခံတစ်ဦးနှင့် နာခံခြင်း ရှုထောင့်အမြင်မှ ပြောဆိုခြင်း လိုအပ်သည်။ “ဘုရားသခင်၊ လူသားများ မည်မျှခက်ထန်သည်ကို ကိုယ်တော် သိပါ၏။ ကျေးဇူးပြုပြီး ဤကိစ္စတွင် ကျွန်ုပ်ကို လမ်းပြတော်မူပါ။ ကျွန်ုပ် အားနည်းကြောင်း၊ အလွန်အမင်း ချို့တဲ့ကြောင်း၊ ကိုယ်တော်၏ အသုံးပြုခြင်းအတွက် မသင့်တော်ကြောင်း၊ ပုန်ကန်တတ်ကြောင်းနှင့် ကျွန်ုပ် ပြုမူသည့်အခါတိုင်းတွင်၊ ကိုယ်တော်၏ အမှုတော်ကို နှောင့်ယှက်ကာ ကိုယ်တော်၏ အလိုတော်နှင့် မကိုက်ညီသည့် အရာများကို လုပ်ဆောင်မိကြောင်း ကိုယ်တော် သိပါ၏။ ကိုယ်တော်၏ အမှုကို ကိုယ်တော် လုပ်ဆောင်ရန် ကျွန်ုပ် တောင်းလျှောက်ပါ၏၊ ကျွန်ုပ် ဤအတိုင်း နာခံကာ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါသည်...”ဟူ၍ ဖြစ်သည်။ သင်သည် ဤစကားများကိုပင် မပြောဆိုနိုင်ပါက၊ သင့်အတွက် မျှော်လင့်ချက်မရှိပေ။ လူအချို့က၊ “ငါ ဆုတောင်းသည့်အခါ၊ အကြောင်းပြချက်နှင့် ဆုတောင်းခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်ရန် လိုနေသေးသည်။ သို့ဆိုလျှင် ငါ မည်သို့ ဆုတောင်းသင့်သနည်း”ဟု တွေးတတ်ကြသည်။ သင် ယုတ္တိတန်ခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်ရန် အချိန်ကြာပါသလော။ ဆုတောင်းချက် အသီးသီးနောက်တွင်၊ စိတ်ရင်းအမှန်အတိုင်း သုံးသပ်လော့၊ ရှင်းလင်းပြတ်သားမှုကို သင် တွေ့ရလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်သည်နှင့်အမျှ၊ နောက်ပိုင်း ဆုတောင်းချက်များ၌ သင်သည် ယခင်ထက် သာ၍ ယုတ္တိတန်လာလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သင် ဆုတောင်းသည့်အခါ၊ အချို့သော စကားလုံးများက မသင့်လျော်သည်ကို သင် သိလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူက ဆုတောင်းသည့်အခါ၊ ဘုရားသခင်၏ ၎င်းတို့၏ ဆက်ဆံရေးသည် အပွင်းလင်းဆုံးနှင့် အရင်းနှီးဆုံး ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ချက်ချင်း ပုံမှန်အားဖြင့် ဒူးထောက်ကာ ဆုတောင်းနိုင်သလော။ အမြဲ မဟုတ်ပေ။ အခြေအနေပေါ် မူတည်၏။ သင်သည် အိမ်တွင် တစ်ဦးတည်းရှိပြီး၊ ဒူးထောက်ကာ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အရင်းနှီးဆုံးတွင် ရှိသည်။ သင်၏ စိတ်နှလုံးထဲရှိ မည်သည့်အရာကိုမဆို သင် ပြောဆိုနိုင်ပြီး၊ အကြီးမားဆုံး ဝမ်းမြောက်မှုကို ခံစားရသည်။ ဘုရားနှုတ်ကပတ်တော်ကို သင် ဖတ်ရှုသည့်အခါ၊ ဦးစွာပထမ ဆုတောင်းပါက၊ သူ၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းက ထူးခြားလိမ့်မည်။ သင်၏ တာဝန်ကို သင် ထမ်းဆောင်သည့်အခါ၊ ဦးစွာပထမ ဆုတောင်းကာ ရှာဖွေလော့။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ဆိုးရွားလိမ့်မည်မဟုတ်သကဲ့သို့၊ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ထိရောက်မှု ကွဲပြားလိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကာ အလင်းရှာတွေ့ပါက၊ ဘုရားသခင်ထံ ဆုတောင်းလော့၊ သာ၍ ကြီးမားသော ဝမ်းမြောက်ခြင်းကို သင် ရှာတွေ့လိမ့်မည်။ သင်သည် မည်သည့်အခါတွင်မျှ ဆုမတောင်းပါက၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုကာ မိမိတာဝန်ကို ထမ်းဆောင်သည့်အခါ ဘုရားသခင်၏ မျက်မှောက်တော်ကို သင်ခံစားရလိမ့်မည်မဟုတ်။ ကြိမ်ဖန်များစွာ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းက သင့်ကို ဉာဏ်အလင်းပေးလိမ့်မည် မဟုတ်သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်တွင်၊ သိသာသည့် အကျိုးတရား ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုဖြင့် သင် လုပ်ဆောင်သည့် မည်သည့်အရာမျှ ဆုတောင်းခြင်းမရှိဘဲ လုပ်ဆောင်၍မရပေ။ သင်သည် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်လာပါက၊ အသက်ဝင်ရောက်မှု ရှိလိမ့်မည်ဖြစ်ပြီး သင်၏ ယုံကြည်ခြင်းသည် တိုး၍ အားကောင်းလာလိမ့်မည်။ သင်သည် အချိန်ကြာမြင့်စွာ ဆုမတောင်းပါက၊ သင်၏ ယုံကြည်ခြင်းကို ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် အသက်ဝင်ရောက်မှုကို သင် မည်သို့ စွမ်းဆောင်ရရှိလိမ့်မည်နည်း။ စစ်မှန်သော ယုံကြည်ခြင်းရှိသူတို့သည် ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ခြင်းနှင့် ဆုတောင်းခြင်းမှတစ်ဆင့် သမ္မာတရား ရှာဖွေခြင်းအားဖြင့် ထိုယုံကြည်ခြင်းကို ရရှိပေသည်။ လူများစွာတို့သည် မိမိတို့ ဆုတောင်းသည်နှင့်အမျှ ဟန်ဆောက်လုပ်ပြရုံလုပ်ပြကြပြီး သမ္မာတရားကို မရှာဖွေကြချေ။ တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး၊ အခြားမည်သည့်အရာမျှ ၎င်းတို့ မလုပ်ဆောင်နိုင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းရန်နှင့် တောင်းလျှောက်အသနားခံရန်သာ လာကြသည်။ ၎င်းတို့သည် ဘုရားသခင်အား မိမိတို့ဆန္ဒအတိုင်း အတင်းအဓမ္မ လုပ်ဆောင်စေကာ ၎င်းတို့ကို စိတ်ကျေနပ်စေရန် အတင်းအကျပ်ပြုကြသည်။ ဤသည်မှာ စစ်မှန်သော ဆုတောင်းခြင်းလော။ ဤသို့သော ဆုတောင်းချက်များကို ဘုရားသခင် နားညောင်းပါသလော။ ဘုရားသခင်၏ မျက်မှောက်တွင် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းသည် သူ့အား ဤအရာ ထိုအရာလုပ်ဆောင်ရန် စေခိုင်းခြင်းဆိုထားနှင့်၊ သင် အလိုရှိသည့်အရာကို ဘုရားသခင်အား အကျပ်ကိုင် လုပ်ဆောင်စေခြင်း ကိစ္စတစ်ခု မဟုတ်ပေ။ ဤသည်တို့မှာ အသိစိတ်ကင်းမဲ့သည့် သရုပ်သကန်များသာ ဖြစ်သည်။ မည်သည့်အရာမှာ ယုတ္တိတန်သော ဆုတောင်းခြင်း ဖြစ်ပါသနည်း။ ယုတ္တိမတန်သော ဆုတောင်းခြင်းမှာ အဘယ်နည်း။ သင်သည် အတန်ငယ်ကြာပြီးနောက် ဤအရာများကို အတွေ့အကြုံမှ သိလိမ့်မည်။ ဥပမာအားဖြင့်၊ သင် ဆုတောင်းပြီးနောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သင် ဆုတောင်းသည့်အရာကို မလုပ်ဆောင်သကဲ့သို့၊ သင် ဆုတောင်းသည့်အတိုင်း လမ်းပြခြင်းမရှိဟု သင် ခံစားရနိုင်သည်။ နောက်တစ်ကြိမ် သင် ဆုတောင်းသည့်အခါ၊ မတူကွဲပြားစွာ သင် ဆုတောင်းလိမ့်မည်။ ပြီးခဲ့သည့်အကြိမ်က သင် ကြိုးစားခဲ့သည့်အတိုင်း ဘုရားသခင်ကို သင် အကျပ်ကိုင်ရန် ကြိုးပမ်းလိမ့်မည်မဟုတ်၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် ဆန္ဒများပေါ် အခြေခံ၍ သူံအပေါ် တောင်းလျှောက်မှုများ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ သင်က၊ “အို ဘုရားသခင်။ ကိုယ်တော်၏ အလိုတော်အတိုင်း အရာရာ ဖြစ်ပါစေ”ဟု ပြောလိမ့်မည်။ သင်သည် ဤချဉ်းကပ်မှုကို အာရုံစိုက်သရွေ့၊ အတန်ငယ် သဘောပေါက်ပြီးနောက်တွင်၊ ယုတ္တိတန်သော ဆုတောင်းခြင်းက မည်သည့်အရာဖြစ်ပြီး ယုတ္တိမတန်သော ဆုတောင်းခြင်းက မည်သည့်အရာဖြစ်သည်ကို သင် သိလိမ့်မည်။ သင်၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း သင် ဆုတောင်းသည့်အခါ၊ သင်၏ ဆုတောင်းချက်များက ငြီးငွေ့ဖွယ်ဖြစ်ကြောင်း သင်၏ စိတ်ဝိညာဉ်ဖြင့် သင်ခံစားကာ မကြာမီ ပြောဆိုရန် မည်သည့်အရာမျှ မရှိသည်ကို တွေ့ရသည့် အခြေအနေတစ်ခုလည်း ရှိပေသည်။ သင် ပြောဖို့ကြိုးစားလေ၊ ထိုဆုတောင်းချက်က အချိုးမကျဖြစ်လာလေ ဖြစ်သည်။ ဤအရာက သင်သည် ဤသို့ ဆုတောင်းသည့်အခါ၊ လုံးဝ ဇာတိပကတိနောက်လိုက်နေကြောင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့ အလုပ်မလုပ်၊ သင့်ကို လမ်းမပြကြောင်း သင်သေပြပေသည်။ ဤအရာသည်လည်း၊ ရှာဖွေခြင်း၊ အတွေ့အကြုံနှင့် သက်ဆိုင်ပေသည်။ ထိုသို့သော ကိစ္စရပ်များကို သင် သာ၍ တွေ့ကြုံသည်နှင့်အမျှ၊ ယင်းတို့ကို သင် အလိုအလျောက် နားလည်လာလိမ့်မည်။

ဆုတောင်းခြင်းသည် အဓိကအားဖြင့် ဘုရားသခင်ကို ရိုးသားစွာ စကားပြောခြင်းနှင့် သင်၏ စိတ်နှလုံးတွင် ရှိသောအရာကို သူ့အား ပြောပြခြင်းအကြောင်း ဖြစ်သည်။ သင်က၊ “ဘုရားသခင်၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းကို ကိုယ်တော်သိပါသည်။ ယနေ့တွင် ကျွန်ုပ်သည် နောက်ထပ် ကျိုးကြောင်း မဆီလျော်သည့် အရာတစ်ခုကို လုပ်မိပြန်ပါပြီ။ ကျွန်ုပ်သည် ရည်ရွယ်ချက်တစ်ခုကို သိုထားခဲ့သည်— ကျွန်ုပ်သည် လှည့်ဖြားတတ်သူတစ်ဦး ဖြစ်ပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်၊ သို့မဟုတ် သမ္မာတရားအတိုင်း မပြုမူနေခဲ့ပါ။ ကျွန်ုပ်ဆန္ဒရှိသည့်အတိုင်း ကျွန်ုပ်ပြုမူပြီး ဆင်ခြေပေးဖို့ ကြိုးစားခဲ့ပါသည်။ ယခုအခါတွင် ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ်သတိပြုမိပါ၏။ ကျွန်ုပ်ကို သာ၍ ဉာဏ်အလင်းပေးဖို့နှင့် သမ္မာတရားကို နားလည်ခွင့်ပြုဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပြုဖို့နှင့် ဤဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပေးဖို့ ကိုယ်တော့်ကို ကျွန်ုပ်တောင်းလျှောက်ပါသည်” ဟု သင်ပြောသည်။ ဤနည်းဖြင့် ဆုတောင်းလော့။ စစ်မှန်သော အရာများကို ဖော်ပြကာ ဟုတ်တိုင်းမှန်ရာ ပြောလော့။ လူအများစုသည် ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းရန် လာကြသည့်အခါ၊ ၎င်းတို့၏ စကားလုံးအများစုသည် အယူဝါဒနှင့် သက်ဆိုင်ပေသည်။ ယင်းတို့သည် စိတ်နှလုံးမှ စစ်မှန်သည့် ဆုတောင်းချက်များ မဟုတ်ပေ။ ယင်းမှာ ၎င်းတို့တွင် အသိပညာ အနည်းငယ်ရှိသည်ဟု တွေးတောခြင်းအရသာဖြစ်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက နောင်တရရန် လိုလားလျက်ရှိသော်လည်း သမ္မာတရားကို ချင့်ချိန်စဉ်းစားရန် သို့မဟုတ် အပြည့်အဝ နားလည်ရန် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ကြချေ။ ဤအရာက ၎င်းတို့ အသက်တာ တိုးတက်မှုကို ထိခိုက်သည်။ ဆုတောင်းသည့်အခါ ဘုရားနှုတ်ကပတ်တော်များကို သင် ချင့်ချိန်စဉ်းစားနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ သန့်ရှင်းသော ဝိညာဉ်တော်အား သင့်ကို ဉာဏ်အလင်းပေးစေနိုင်ပါက၊ ယင်းသည် ထိုအရာကို ရိုးရှင်းစွာ တွေးတောခြင်းနှင့် နားလည်ခြင်းထက် များစွာ သာ၍ အကျိုးရှိပေသည်။ သင်သည် သမ္မာတရား၏ စည်းမျဉ်းများကို နားလည်နိုင်လိမ့်မည်။ လူတို့၏ အတွေးများနှင့် သိနားလည်မှုတို့ထက် သာ၍ များစွာ နက်ရှိုင်းသည့် စစ်မှန်သာ သိနားလည်မှုနှင့် စစ်မှန်သော နောင်တတို့ကို လူတို့ရှိကြရန်အလို့ငှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြုသည်နှင့်အမျှ လူတို့ကို တို့ထိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် လူတို့ကို ဉာဏ်အလင်းပေးကာ အလင်းပြ၏။ ဤအရာကို သင် လုံးလုံးလျားလျား နားလည်ရမည်။ သင်သည် အပေါ်ယံ၊ ဖြစ်ကတတ်ဆန်း အတွေးနှင့် စူးစမ်းလေ့လာခြင်းဖြင့် လုပ်ဆောင်ရုံမျှ လုပ်ဆောင်ပါက၊ သင်သည် နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် လမ်းကြောင်း မရှိသကဲ့သို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု အနည်းငယ်သာရှိပါက၊ သင်သည် ပြောင်းလဲနိုင်စွမ်းမရှိ ဖြစ်မြဲဖြစ်နေပေလိမ့်မည်။ သာဓကအားဖြင့်၊ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် လေးလေးနက်နက် အသုံးခံရန်နှင့် သူ၏ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် ပြန်ပေးဆပ်ရန် ဆုံးဖြတ်ကြသည့်အချိန်များစွာရှိ၏၊ စိတ်တွင် ဤစိတ်ဆန္ဒဖြင့်ပင်၊ သင်သည် ထိုမျှအားထုတ်မှုများစွာ သုံးမည်မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးသည် ဤကြိုးပမ်းအားထုတ်မှုအတွက် အပြည့်အဝ သံန္နိဋ္ဌာန် ချထားကောင်း ချထားနိုင်မည် မဟုတ်ပေ။ သို့သော်၊ ဆုတောင်းကာ တို့ထိခံရပြီးသည့်နောက်၊ သင်သည် စိတ်ဆုံးဖြတ်ချက်တစ်ခုပြုလုပ်ပြီး၊ “ဘုရားသခင်၊ အခက်အခဲကို ခံစားဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ကိုယ်တော်၏ စမ်းသပ်မှုများကို လက်ခံဖို့ ကျွန်ုပ် လိုလားနေပြီး၊ ကိုယ်တော့်ကို လုံးဝ ကျိုးနွံနာခံဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ကျွန်ုပ်၏ ဆင်းရဲဒုက္ခ မည်မျှ ကြီးမားသည်ဖြစ်စေ၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကိုယ်တော်၏ ကြီးမားသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်ခံစားပြီး ကိုယ်တော်သည် ကျွန်ုပ်ကို ချီမပြီးဖြစ်သည်၊ ဤအတွက် ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ကျွန်ုပ် ကျေးဇူးတင်ပြီး ကိုယ်တော့်ကို ချီးမြှောက်ပါ၏”ဟု ဆိုပါက၊ ထိုသို့သော ဆုတောင်းချက်တစ်ခုကို သင် ပူဇော်ပြီးသည့်နောက်တွင်၊ သင်၏ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားတိုးပွားလိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ဤသည်မှာ ဆုတောင်းခြင်း၏ အကျိုးတရား ဖြစ်သည်။ လူတစ်ဦး ဆုတောင်းပြီးသည့်နောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေရင်း၊ အလင်းပေးရင်းနှင့် လမ်းပြရင်း၊ ယုံကြည်ခြင်းနှင့် သတ္တိတို့ကို ၎င်းတို့အား ပေးရင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စေရင်း၊ ၎င်းတို့အပေါ် အလုပ်လုပ်ဖို့ ပြင်ဆင်၏။ ထိုသို့သော ရလဒ်တစ်ခု စွမ်းဆောင်ရရှိခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ရှုသောလူများရှိ၏၊ သို့ရာတွင် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ယင်းတို့နှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယပြုကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက တိုး၍ ကြည်လင်ရွှင်ပျကာ လမ်းခရီးတစ်ခု ၎င်းတို့ ရှာတွေ့ကြ၏။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို တို့ထိပြီး ဝန်ထုပ်အချို့အပြင် လမ်းပြမှုအချို့ ပေးပါက၊ အကျိုးဆက်မှာ ဧကန်အမှန် အလွန်ကွဲပြားပေလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ အတော်အတန်မျှသာ တို့ထိခံရကောင်းခံရနိုင်ပြီး ထိုအချိန်တွင် သင် ငိုကြွေးကောင်းငိုကြွေနိုင်သော်လည်း တစ်ခဏကြာပြီးနောက် ထိုခံစားချက် ပြယ်သွားလိမ့်မည်။ သို့သော် သင် တောင်းသည့် ဆုတောင်းချက်သည် မျက်ရည်စက်လက်ဖြစ်သော၊ လေးနက်သော၊ စစ်မှန်ပြီး စိတ်ရင်းမှန်ဖြစ်သော ဆုတောင်းချက်တစ်ခုဖြစ်ပြီး သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရပါက၊ သင်၏ စိတ်နှလုံးသည် ရက်အတော်ကြာ ဝမ်းမြောက်မှု ရှိလိမ့်မည်။ ဤသည်မှာ ဆုတောင်းခြင်း၏ အကျိုးတရား ဖြစ်သည်။ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင် ရှေ့မှောက်သို့ လာရန်ကာ လူတို့ကို သူပေးမည့်အရာအား လက်ခံရန် ဖြစ်သည်။ သင်သည် မကြာခဏ ဆုတောင်းပါက၊ ဘုရားသခင်ရှေ့မှောက်သို့ သူနှင့်အတူ မိတ်သဟာယပြုကာ သူနှင့် ပုံမှန်ဆက်ဆံရေးရှိရန် သင် မကြာခဏ လာပါက၊ သင်သည် သူ၏ တို့ထိခြင်းကို အမြဲခံစားရလိမ့်မည်။ သူ၏ ထောက်ပံ့မှုများကို သင် အမြဲ ရရှိပြီး သမ္မာတရားကို လက်ခံပါက၊ သင် ပြောင်းလဲသွားလိမ့်မည် ဖြစ်ပြီး၊ သင်၏ ရည်မှန်းချက်များသည် ဆက်လက် တိုးတက်လိမ့်မည်။ အထူးသဖြင့်၊ ညီအစ်ကို မောင်နမများ အတူတကွ ဆုတောင်းကြသည့်အခါ၊ နောက်ပိုင်းတွင် အထူးသဖြင့် ကြီးမားသည့် စွမ်းအင်တစ်ခု ဖြစ်ပေါ်ကာ များစွာ အကျိုးရရှိကြပြီးဖြစ်သည်ဟု ၎င်းတို့ ခံစားကြရသည်။ အမှန်တွင်၊ ၎င်းတို့ အတူတကွရှိသည့်အချိန်တွင် များစွာ မိတ်သဟာယပြုပြီး မဖြစ်နိုင်သော်လည်း၊ ၎င်းတို့ကို မိမိတို့၏ မိသားစုများနှင့် လောကကို စွန့်လွှတ်ရန် တစ်စက္ကန့်မျှ မစောင့်နိုင်အောင်ဖြစ်ကာ မည်သည့်အရာကိုမျှ ၎င်းတို့ မလိုချင်သကဲ့သို့ ဘုရားသခင်တစ်ပါးတည်းဖြင့် လုံလောက်ပြည့်စုံခြင်းရှိရလောက်အောင် ၎င်းတို့ကို လှုံ့ဆော်ခဲ့သည်မှာ ဆုတောင်းခြင်း ဖြစ်ပေသည်။ ကြီးမားလိုက်သည့် ယုံကြည်ခြင်းပါတကား။ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကပေးသည့် ခွန်အားကို အဆုံးမရှိ မွေ့လျော်ခံစား၍ရပေသည်။ သင့်ကို ဘုရားသခင်ပေးသည့် ခွန်ားအပေါ် မှီခိုမည့်အစား၊ သင်၏ လည်ပင်းကို ခိုင်မာစေကာ မိမိ၏ မဆုတ်မနစ်ကြိုးပမ်းမှုအပေါ် မှီခိုခြင်းအားဖြင့် သင် မည်မျှအဆင်ပြေနိုင်မည်နည်း။ သင်သည် လမ်းကိုသာလျှောက်ပြီးရင်း လျှောက်ကာ သင်၏ ခွန်အား ကုန်ဆုံးသွားပြီးနောက်၊ ပြဿနာ သို့မဟုတ် အခက်အခဲတစ်ခု ကြုံရသည့်အခါ၊ မည်သို့မျှ ဖြစ်လိမ့်မည်မဟုတ်။ သင်သည် အဆုံးမရောက်မီ လဲကျကာ ဆုတ်ယုတ်သွားလိမ့်မည်။ ဘုရားသခင်နောက်လိုက်သည့် လမ်းကြောင်းပေါ်တွင် ကျရှုံးကာ လဲကျပြီးဖြစ်သော လူများစွာ ရှိသည်။ သမ္မာတရားမရှိဘဲနှင့် ၎င်းတို့ မရပ်တည်နိုင်ကြ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ထံ စဉ်ဆက်မပြတ် ဆုတောင်းရမည်၊ ဘုရားသခင်အပေါ် မှီခိုရမည်ဖြစ်ပြီး အဆုံးထိ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ထိန်းသိမ်းရမည်။ သို့တိုင် လူသားများသည် ဆက်လျှောက်ကြသည်နှင့်အမျှ၊ ဘုရားသခင်ထံမှ ဝေးစွာ သွေဖည်သွားကြသည်။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်ဖြစ်၏။ အသီးသီး မိမိတို့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းကြသည်။ ဘုရားသခင်သည် ဘုရားနှုတ်ကပတ်တော်များကို ပြောဆိုပြီး လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းကြောင်းနှင့် မတူသည့် မိမိကိုယ်ပိုင် လမ်းကြောင်းကို လျှောက်သည်။ လူတစ်ဦးသည် ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုခွန်အား ဆုံးရှုံးသည့်အခါ၊ ၎င်းတို့သည် ဆုတောင်းချက် စကားအနည်းငယ်ပြောရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး ခွန်အားအချို့ ယူသည်။ အင်အား အနည်းငယ် ရှိပြီးသည့်နောက်တွင်၊ ၎င်းတို့သည် နောက်ထပ် တစ်ကြိမ် ထွက်ခွာသွားကြသည်။ အတန်ငယ်ကြာပြီးနောက် ၎င်းတို့သည် လောင်စာကုန်သွားပြီး ဘုရားသခင်ထံ နောက်ထပ်ရယူရန် ပြန်လာကြ၏။ လူတစ်ဦးသည် အမှုအရာများကို ဤသို့ပြုမူခြင်းအား အချိန်ကြာကြာ အားတင်းမထားနိုင်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို စွန့်ခွာပါက၊ ရှေ့ဆက်ရမည့် လမ်းခရီး မရှိပေ။

မိမိတို့ကိုယ်ကိုယ် စည်းမျဉ်းဖြင့် ထိန်းရန် လူများစွာတို့၏ အစွမ်းအစ အထူးသဖြင့် ညံ့ဖျင်းသည်ကို ငါ ယခု သိရပြီး ဖြစ်သည်။ အကြောင်းတရားမှာ အဘယ်နည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် နံပါတ်တစ်အနေဖြင့် သမ္မာတရားကို နားမလည်ကြသောကြောင့်ဖြစ်ပြီး၊ ၎င်းတို့သည် ဆုမတောင်းပါက၊ ကိုယ်ကျင့်တရားပျက်လာရန် အလားအလာအရှိဆုံး ဖြစ်သည်။ ကျမ်းဟောင်းတရားနှင့် အယူဝါဒကိုသာ ၎င်းတို့ နားလည်ကြသည်။ ယင်းမှာ အလုပ်မဖြစ်သကဲ့သို့၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် လုံးဝ မချုပ်ထိန်းနိုင်ကြချေ။ ထိုသို့သော အခြေအနေတစ်ခုတွင်၊ ဆုတောင်းခြင်းမှတစ်ဆင့်သာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သင်ရရှိနိုင်ပြီး၊ သမ္မာတရားအချို့ကို သင် နားလည်မှသာ တစ်နည်းနည်းဖြင့် သင် ချုပ်ထိန်းခံရနိုင်ပြီး၊ လူသားသဏ္ဍာန်အနည်းငယ် ရှိနိုင်ပေသည်။ ဘုရားသခင်၌ ယုံကြည်သူတို့သည် သူ၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုရမည်၊ သမ္မာတရားအပေါ် အလေးထားရမည်ဖြစ်ပြီး၊ မကြာခဏ ဆုတောင်းရမည်။ ထိုအခါမှသာ လူတို့သည် တိုးတက်နိုင်၏၊ ပြောင်းလဲမှု ဆောင်ကြဉ်းနိုင်ပြီး လူသားသဏ္ဍာန်နှင့် ဆင်ခြင်းအချို့ကို အသက်ရှင်နေထိုင်နိုင်ကြပေသည်။ သင့်ကိုယ်သင် သိခြင်းအကြောင်းနှင့် ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းအကြောင်းသာ သင် ပြောဆိုပါက၊ ယင်းမှာ အဆင်မပြေပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိဘဲနှင့်၊ ယင်းသည် အကျိုးရှိလိမ့်မည်မဟုတ်။ တိကျစွာ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုပြီး လူတို့ကို တို့ထိပုံနှင့် လူတို့က မိမိတို့၏ နေ့စဉ်ဘဝများတွင် သမ္မာတရားအား ရှာဖွေကာ လက်တွေ့လုပ်ဆောင်သင့်ပုံအား သင် လျစ်လျူရှုပါက ဘုရားသခင်ကို သင် မည်သို့ ယုံကြည်နိုင်ရသနည်း။ မည်သည့်တာဝန်ကို သင် လုပ်ဆောင်နိုင်သနည်း။ လူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်၏ တည်ရှိခြင်းကိုသာ ယုံကြည်ပါက၊ ၎င်းတို့ ယုံကြည်ခြင်းထဲမှ ကျန်ရှိသမျှမှာ ဘုရားသခင်အပေါ် အသိအမှတ်ပြုခြင်းတစ်ခုသာ ဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ဘေးဖယ်ခြင်းခံရပါက၊ ၎င်းတို့ အသက်ဝင်ရောက်မှု ရှိကြလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ဖြစ်စေ သမ္မာတရားဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးများတွင် ရှိလိမ့်မည် မဟုတ်ပေ။ လူတို့၏ အတွေးများနှင့် အယူအဆများသည် ရုပ်ဝတ္ထုလောကကြီးဖြင့်သာ ပြည့်လိမ့်မည်။ ဘုရားသခင်၌ ဤယုံကြည်မှုမျိုးသည် ဘာသာရေး ထုံးတမ်းဓလေ့တစ်ခု ဖြစ်လာပြီးဖြစ်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားမဲ့ဝါဒ သို့မဟုတ် ရုပ်ဝါဒကိုပင် လက်ခံနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင် တည်ရှိခြင်း ရှိမရှိဆိုသည့်အပေါ် တဖြည်းဖြည်း မေးခွန်းထုတ်လာနိုင်ကာ ဝိညာဉ်ရေးရာ လောကနှင့် ဝိညာဉ်ရေးရာ အသက်တာ ကိစ္စရပ်များကို ငြင်းပယ်ကောင်းငြင်းပယ်နိုင်ပေသည်။ ဤသည်မှာ မှန်သော လမ်းခရီးမှ လုံးဝ စွန့်ခွာခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အဆုံးမရှိ တွင်းထဲသို့ ကျဆင်းကြပြီး ဖြစ်သည်။ ဆုတောင်းခြင်းမရှိဘဲနှင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်ဖြစ်သော လူတို့၏ စိတ်ဆန္ဒသည် ဓမ္မဓိဌာန်မကျသော ဆန္ဒတစ်ခုသာ ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများကိုသာ ဖက်တွယ်နေကြလိမ့်မည်။ အထက်မှ အစီအစဉ်များနှင့်အညီ သင် ပြုမူဆောင်ရွက်ပြီး၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မရှိလျှင်ပင်၊ စည်းမျဉ်းများကိုသာ သင် ဖက်တွယ်သောကြောင့် သင်၏ တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ သင် ထမ်းဆောင်လိမ့်မည် မဟုတ်။ လူတို့၏ စိတ်ဝိညာဉ်များအားလုံးသည် ယခုတွင် ထုံထိုင်းပြီး ခြောက်ကပ်ကပ်နိုင်ကြ၏။ ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးများတွင် ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဉာဏ်အလင်းပေးခြင်းကဲ့သို့သော သိမ်မွေ့နက်နဲမှုများစွာရှိသော်လည်း၊ ယင်းတို့ကို လူတို့က မခံစားနိုင်ကြချေ။ ၎င်းတို့သည် အလွန် ထုံထိုင်းကြ၏။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို မဖတ်၊ ဆုမတောင်းပါက၊ ပြီးလျှင် မည်သည့်အခါတွင်မျှ ဝိညာဉ်ရေးရာ အသက်တာနှင့်ဆိုင်သော ကိစ္စရပ်များအား မတွေ့ကြုံနိုင်သကဲ့သို့ မိမိတို့ကိုယ်ပိုင် အခြေအနေကို မထိန်းချုပ်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်နေကြကြောင်း လုံးဝ မသေချာပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်လိုပါက၊ ဆုမတောင်းခြင်းက လက်ခံနိုင်ဖွယ်မဟုတ်သကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ခြင်းသည် သာ၍ပင် လက်မခံနိုင်ဖွယ်ဖြစ်သည်။ အသင်းတော် အသက်တာကို အသက်မရှင်ခြင်းသည်လည်း လက်မခံနိုင်ဖွယ်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ရှောင်ရှားပါက၊ ဘုရားသခင်ကို ၎င်းတို့ မယုံကြည်ကြတော့သကဲ့သို့ ဆုတောင်းခြင်းကို ခေါင်းရှောင်ခြင်းသည် ဘုရားသခင်ထံမှ ဝေးဝေး ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရန်၊ အကြင်သူသည် ဆုတောင်းရမည်။ ဆုတောင်းခြင်းမရှိဘဲနှင့်၊ ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆင်ခြင်း မရှိ။ သင်သည် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန် မလိုကြောင်းနှင့် နေရာမရွေး၊ အချိန်မရွေး သင် ဆုတောင်းနိုင်ကြောင်း ငါ ပြောပြီးဖြစ်သည်၊ ထို့ကြောင့် ဆုတောင်းခဲသောသူအချို့ရှိသည်။ ၎င်းတို့သည် မနက်ခင်းတွင် အိပ်ရာထသည့်အခါ ဆုမတောင်းကြဘဲ၊ ထိုအစား ဘုရားနှုတ်ကပတ်တော်စာပိုဒ် အနည်းငယ်ကို ဖတ်ရုံမျှဖတ်ကာ ဓမ္မတေးသီချင်းများကို နားထောင်ရုံမျှနားထောင်ကြသည်။ နေ့ခင်းချိန်အတောအတွင်းတွင်၊ အပြင်ပန်း အရေးကိစ္စများဖြင့် မိမိတို့ကိုယ်ကိုယ် အလုပ်များစေကြပြီး ညတွင် လဲလျောင်းမအိပ်စက်မီ ဆုမတောင်းကြချေ။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ပြီး ဆုမတောင်းလျှင် သူ၏ နှုတ်ကပတ်တော်များကို သဘောမပေါက်ဘဲ ဖတ်ရှုနေသည့် မယုံကြည်သူတစ်ဦးကဲ့သို့ဖြစ်သည်ဆိုသည်ကို မှန်ကန်သည်ဟု သင် မခံစားရသလော။ လူတို့သည် ဆုမတောင်းပါက၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွဲမည်မဟုတ်သကဲ့သို့၊ ယင်းတို့ကို ဖတ်ရှုခြင်းအားဖြင့် ဉာဏ်အလင်းပေးခံရလိမ့်မည် မဟုတ်ချေ။ ၎င်းတို့သည် စိတ်ဝိညာဉ်၏ သိမ်မွေ့သော ခံစားချက်များ ရှိကြလိမ့်မည်မဟုတ်သကဲ့သို့၊ ၎င်းတို့၏ စိတ်ဝိညာဉ် တို့ထိခံရလိမ့်မည် မဟုတ်ချေ။ ယင်းတို့သည် ထုံထိုင်းကာ ခြောက်ကပ်ကပ်နိုင်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ အပေါ်ယံအဆင့် မိတ်သဟာယကိုသာ ပေးကြသည်။ တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ၊ မိမိတို့ စိတ်နှလုံး၏ အတွင်းကျကျ ခံစားချက်များကို ၎င်းတို့ သဘောမပေါက်နိုင်ကြချေ။ ဤအရာက ဘုရားသခင်နှင့် ၎င်းတို့၏ ပုံမှန်ဆက်ဆံရေးကို လွမ်းမိုးသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိဖြစ်နှင့်သကဲ့သို့ ၎င်းတို့ ဆန္ဒရှိသမျှ ဆုတောင်းပြီး မည်သည့်စကားမျှ ထွက်မလာသကဲ့သို့ ဘုရားသခင်ကို မခံစားနိုင်ကြချေ။ ဤသည်မှာ အလွန်အန္တရာယ်ရှိနှင့်ပြီး ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်ထံမှ အလွန်ဝေးစွာ သွားလာကြပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ အမှန်တွင်၊ ဆုတောင်းရန် သင်၏ စိတ်ဝိညာဉ်ထဲ ပြင်ဆင်ပြောင်းလဲခြင်းသည် ပြင်ပ အလုပ်တာဝန်မှ သင့်ကို အနှောင့်အယှက်ဖြစ်စေလိမ့်မည် မဟုတ်။ အမှုအရာများကို လုံးဝ နှောင့်နှေးစေလိမ့်မည် မဟုတ်ပေ။ ပြဿနာတစ်ခု ပေါ်ထွက်ပြီး၊ ပြေလည်မသွားပါက၊ အမှုအရာများ နှောင့်နှေးသွားလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် ပြဿနာများကို ဖြေရှင်းရန်နှင့် ဘုရားသခင်၏ မျက်မှောက်တွင် လူတို့ကို အသက်ရှင်နိုင်စေပြီး၊ သူ၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခံစားနိုင်စေရန် ရည်ရွယ်ပေသည်။ ဤသည်မှာ လူတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ၎င်းတို့၏ အသက်ဝင်ရောက်မှုအတွက် သာ၍ အကျိုးရှိပေသည်။

၁၉၉၈

အရှေ့သို့- မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်

နောက်တစ်ခုသို့- ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။