သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄။ မိမိတာဝန်ကို စွဲမြဲစွာလုပ်ခြင်း

ညီအစ်ကိုမောင်နှမတွေ ဘုရားသခင်ကို ချီးမွမ်းခြင်း တင်ဆက်တာ၊ သီချင်းဆိုတာ နဲ့ ကတာတွေ မြင်တဲ့အခါ ကျွန်မ အရမ်း အားကျခဲ့ဖူးတယ်။ ဘုရားသခင်အတွက် သီချင်းဆိုရင်း သက်သေခံဖို့၊ စင်ပေါ်တက်ခွင့်ရမယ့်နေ့ကို ကျွန်မ စိတ်ကူးယဉ်ခဲ့တယ်။ အဲဒါဟာ အရမ်းဂုဏ်ရှိမှာပဲလို့ ကျွန်မ ထင်ခဲ့မိတယ်။ အဲဒီနေ့ဟာ ကျွန်မ ထင်တာထက် ပိုစောပြီး ရောက်လာတယ်။

၂၀၁၈ မေလ ပေါ့။ ကောင်းကင်နိုင်ငံတော်သီချင်းဆိုတဲ့ ဓမ္မတေးသံစုံကျူးပွဲတစ်ခုအတွက် အစမ်းလေ့ကျင့်တာတွေမှာ ကျွန်မ ပါခဲ့တယ်။ သီချင်းဆိုသင်တန်းတွေ၊ အကသင်တန်းတွေ တစ်ခါမှ မတက်ခဲ့ဖူးတော့၊ လေ့ကျင့်ရတာတွေက အစမှာ ကျွန်မအတွက် တော်တော် ခက်တယ်။ ကျွန်မက သီချင်းဆိုပြီဆိုရင် အရမ်း စိတ်လှုပ်ရှားတယ်။ မျက်နှာကလည်း တည်တည်ကြီး။ ကတဲ့အခါမှာလည်း ကျွန်မ အမြဲ စည်းချက်မကျဘူး။ ဒါပေမဲ့ ကျွန်မ စိတ်မပျက်ပါဘူး။ ဒီ ကောင်းကင်နိုင်ငံတော်သီချင်းက ဘုရားသခင် ကြွလာခြင်းအကြောင်းကို လူသားအားလုံးအတွက် သက်သေခံချက်ပဲဆိုပြီး ခေါင်းထဲ ထည့်တယ်။ အဲဒီအခါဆို ကျွန်မ ချက်ချင်း နိုးကြွလာတယ်။ ဆက်ပြီးတော့ ဆုတောင်းမိတယ်။ သီချင်းကောင်းကောင်း ဆိုနိုင်အောင် ကနိုင်အောင်၊ အစွမ်းကုန်ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘုရားသခင်က ကျွန်မကို နည်းနည်းချင်း လမ်းပြခဲ့တယ်၊ နှစ်လ သုံးလလောက်ကြာတော့၊ ကျွန်မက အားလုံးကို နေသားကျလာတယ်။ ညီအစ်ကိုမောင်နှမတွေ မျက်နှာအမူအရာ လေ့ကျင့်တာတွေမှာလည်း ကျွန်မက ဦးဆောင်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော် ကျေနပ်လာတယ်။ စိတ်ထဲမှာလည်း၊ “ငါ့အမူအရာတွေ၊ လှုပ်ရှားပုံတွေက အခုဆို တော်တော် ကောင်းနေပြီ။ ရိုက်ကူးရေး လုပ်ရင်၊ ငါ့ကို ရှေ့ဆုံးမှာ ထားမှာ သေချာတယ်။ ငါ့ဇာတိက ညီအစ်ကိုမောင်နှမတွေ ကြည့်မိကြရင်လည်း၊ သူတို့တွေ တော်တော် စိတ်လှုပ်ရှားပြီး ပျော်ကြမှာ။ ငါ့ကို အားကျမှာ အထင်ကြီးကြမှာ သေချာတယ်” ပေါ့။ အဲဒါကို တွေးမတိုင်း၊ ကျွန်မ တော်တော် ပျော်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်အတွက် အတိုင်းမသိ အားအင်တွေရှိခဲ့တယ်။ အစမ်းလေ့ကျင့်တဲ့အချိန်မှာတောင်၊ တစ်ကိုယ်လုံး ချွေးတွေ ရွှဲပြီး နာကျင်လာတဲ့အထိ ကျွန်မက မနားသေးဘူး။ လျော့ရိလျော့ရဲ လုပ်မိလို့၊ ရှေ့ဆုံးတန်းနေရာကို မရဘူးဆိုရင်၊ ကိုယ့်အစွမ်းအစကို ထုတ်ပြခွင့် နည်းသွားမှာ စိုးတယ်လေ။ ဘယ်လောက်ပဲ ခက်ခဲပြီး၊ ပင်ပန်းပင်ပန်း၊ အစွမ်းကုန်လုပ်ရမယ်ဆိုတာ ကျွန်မ သိတယ်။ ဒါရိုက်တာက ရုပ်ရှင်ရိုက်ခါနီးတော့ စင်ပေါ်မှာ ကျွန်မတို့ရဲ့ အနေအထားတွေကို အသေးစိတ် နေရာချပေးတယ်။ ကျွန်မလည်း ပါဝင်တင်ဆက်သူစာရင်းကို ရင်တခုန်ခုန်နဲ့ ဖွင့်ကြည့်ပြီး၊ ကျွန်မနာမည်ကို ရှာတာပေါ့။ ကျွန်မက ခုနှစ်တန်းမြောက်မှာ ရှိတာကို တွေ့လိုက်ရတယ် ခဏလောက် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ဘူး။ ကျွန်မကို ဘာဖြစ်လို့ ဟိုးအနောက်ကို ပို့ထားတာလဲ။ ဒါရိုက်တာများ အမှားလုပ်လိုက်တာလား။ ကျွန်မရဲ့ မျက်နှာအမူအရာတွေ၊ လှုပ်ရှားပုံတွေက အများကြီး ဆွဲဆောင်မှုရှိတယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ လေ့ကျင့်ဖို့တောင် ကျွန်မ ကူညီပေးနေခဲ့သေးတယ်။ ကျွန်မအနေနဲ့ ရှေ့ဆုံးက တစ်တန်းနှစ်တန်းမှာ ပါသင့်တယ်လို့ပဲ ထင်တယ်။ ကျွန်မက ဘာဖြစ်လို့ အနောက်မှာရောက်နေရတာလဲ။ ကျွန်မ ရုပ်ရှင်ထဲမပါလာရင်၊ ကျွန်မရဲ့ ရိုက်ကွက် တစ်ခုမှ မပါရင်၊ တခြားလူတွေက ကျွန်မကို ပါမှန်းတောင် သိမှာမဟုတ်ဘူး။ အဲဒီအတွေးနဲ့ပဲ တကယ်ကို မကျေမနပ်ဖြစ်ခဲ့ရတယ်။ အဲဒီနောက်ပိုင်း ဇာတ်တိုက်ချိန်တွေမှာ၊ သီချင်းဆိုလည်း ကျွန်မ ပျော်ပျော်ရွှင်ရွှင် မရှိတော့ဘူး။ ကတဲ့အခါလည်း ခွန်အား မရှိတော့ဘူး။ အထူးသဖြင့် အမူအရာတွေ၊ လှုပ်ရှားပုံတွေ ဘာမှမကောင်းဘဲ ရှေ့ဆုံးတန်း သုံးခုထဲ ရောက်နေတဲ့ ညီအစ်မတချို့ကို မြင်ရင်၊ ကျွန်မ အမြဲတမ်း စူပုပ်နေခဲ့မိတယ်။ ကျွန်မ တကယ်ကို နားမလည်ခဲ့ဘူး။ သူတို့က ဘယ်လိုဖြစ်ပြီး ကျွန်မထက် သာကြတာလဲ။ ကျွန်မကို နောက်ထဲပို့ပြီး၊ သူတို့ကိုတော့ ဘာလို့ ရှေ့တင်ထားရတာလဲ။ ကျွန်မမှာ မနာလိုစိတ်တွေနဲ့ ပြည့်နေပြီး၊ အဲဒါကို လက်မခံနိုင်ခဲ့ဘူး။ လေ့ကျင့်မှုမှာ များသောအားဖြင့် ကျွန်မထက် သာတဲ့ ညီအစ်ကိုမောင်နှမတချို့ဆိုရင်၊ ပိုပြီးတော့ နောက်ဘက်ရောက်နေတာတောင် တွေ့ရတယ်။ ဒါပေမဲ့ ဇာတ်တိုက်ချိန်တွေမှာ သူတို့ပုံစံက လုံးဝ အေးအေးဆေးဆေးပဲ။ အဲဒီအဖြစ်က သူတို့ကို ဘာမှ မထိခိုက်သလိုပဲ။ ကျွန်မ ဦးနှောက်ခြောက်ရတယ်။ သူတို့က နောက်ဘက်မှာ ရောက်နေတာတောင်၊ နာခံတတ်ကြတယ်။ သူတို့တာဝန်ကို တက်တက်ကြွကြွ လုပ်ကြတယ်။ ဒါဆို ကျွန်မကျတော့ ဘာလို့ ခံရခက်လွန်းနေတာလဲ။ ကျွန်မက ဘာဖြစ်လို့ မနာခံနိုင်တာလဲ။ ကျွန်မက တကယ်ပဲ အသိတရားမရှိသလို ဖြစ်နေတာလား။ အဲဒီအချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိခဲ့တယ်၊ ဒါပေမဲ့ သမ္မာတရားကို မရှာဖွေသေးသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မဆန်းစစ်သေးဘူး။ လူတွေနေရာချပုံမှာ ကျွန်မ ရောက်နေတဲ့နေရာကို ကျွန်မ လက်မခံနိုင်သေးဘူး။

နှစ်ရက်သုံးရက်လောက် ကြာတော့၊ ဒါရိုက်တာက လူနေရာချပုံကို အပြောင်းအလဲတချို့ လုပ်ပြန်တယ်။ ကျွန်မလည်း ကျိတ်ပြီး ဝမ်းသာတာပေါ့။ ကျွန်မကို ရှေ့ပြန်ပို့တော့မလားဆိုပြီး သိချင်မိတယ်။ ဒါပေမဲ့ ကျွန်မမြင်ရတဲ့အခါမှာ၊ တကယ်ကို ငိုချင်သွားပါတယ်။ ကျွန်မ နောက်ဆုံးအတန်းမှာ အထားခံရပြီး၊ ကင်မရာက ကျွန်မကို မြင်ဖို့ခဲယဉ်းတဲ့ ဟိုးအစွန်ဆုံးမှာလေ။ ကျွန်မ ပိုပြီး မယုံနိုင်မိတာက အစမ်းလေ့ကျင့်တာ မကြာသေးတဲ့ ညီအစ်မတချို့ကို ကျွန်မရှေ့မှာ ထားတဲ့ကိစ္စပါပဲ။ ကျွန်မရင်ထဲမှာ ဗလောင်ဆူပြီး၊ လဲကျမတတ် ဖြစ်ခဲ့ရတယ်။ ရုပ်ရှင်မှာ ပါနိုင်အောင်၊ မျက်နှာအမူအရာတွေ၊ လှုပ်ရှားပုံတွေကို ကျွန်မက ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တာပါ။ ဒါဆို ကျွန်မရဲ့ မျက်နှာကို တစ်စက်မှ ပြခွင့် မရှိတဲ့ မထင်ပေါ်တဲ့နေရာမျိုးမှာ ဘာဖြစ်လို့ ချောင်ထိုးခံရတာလဲ။ ကျွန်မက အရံသက်သက် ဖြစ်သွားမှာပေါ့။ ဘာအတွက်များ ပွဲထဲမှာ ပါနေရသေးလဲ။ ကျွန်မသာ ကြိုသိခဲ့ရင်၊ အစမ်းလေ့ကျင့်တာတွေမှာ အရမ်းကြီး ကြိုးစားခဲ့မှာ မဟုတ်ဘူး။ ကျွန်မခံစားချက်တွေကို မထိန်းနိုင်သလို ဖြစ်လာတယ်။ ဒီအဖြစ်ကိုလည်း လက်ကိုမခံနိုင်ဘူး။ ဒါနဲ့ပဲ၊ လေ့ကျင်တဲ့ နောက်နှစ်ရက် သုံးရက်အတွင်းမှာ၊ ကျွန်မ ခြေခေါက်သွားတာနဲ့ အဆုံးသတ်ပါလေရော။ ကျွန်မ စဉ်းစားကြည့်တယ်၊ “အခု ငါ ခြေထောက်ခေါက်သွားပြီဆိုတော့ နားလို့ရပြီ။ ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း အပင်ပန်းခံစရာမလိုတော့ဘူး။ ငါက ဘယ်သူမှ မမြင်နိုင်တဲ့ နောက်ဘက်မှာ နေရတာလေ။ ဘာလို့ အရမ်း ကြိုးစားနေမှာလဲ” ပေါ့။ အဲဒီကစပြီး ကျွန်မ နောက်ကျမှလာတယ်၊ စောစောပြန်တယ်။ ဇာတ်တိုက်တာတွေ များလွန်းလာရင်၊ ဘေးထွက်ပြီး နားနေလိုက်တယ်။ ဒါကို မြင်တော့၊ ညီအစ်မတချို့က ကျွန်မကို သတိပေးကြတယ်၊ “ရိုက်ကူးရေး လုပ်တော့မှာနော်။ ဒီရက်တွေမှာ မလေ့ကျင့်ထားဘူးဆိုရင်၊ ညီမက တခြားလူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်တော့မှာမဟုတ်ဘူး။ အစ်မတို့ အချိန်ဆွဲလို့ မရဘူးလေ” တဲ့။ ဒါကို ကြားရတော့၊ နည်းနည်း စိတ်ညစ်မိတယ်။ အားနာသလိုလည်း ဖြစ်မိတယ်။ ရက် ၂၀ အတွင်းမှာ ရိုက်တော့မယ်ဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် ကျွန်မက ကြိုးစားပြီး မလေ့ကျင့်ဘူးဆိုရင်၊ အစီအစဉ်တစ်ခုလုံး နှောင့်နှေးကုန်မှာပဲ။ ကျွန်မက အနှောင့်အယှက်ပေးသလို ဖြစ်မယ်။ ကျွန်မမှာ ရုတ်တရက် ကြောက်စိတ်ဝင်လာတယ်။ ကျွန်မက ဘာလို့ အကျင့်ပျက်လွန်းရတာလဲ။ နောက်ဘက်ကို ပို့ခံရပြီး၊ ကိုယ့်အစွမ်းအစကို ပြခွင့်မရတော့ဘူးဆိုကတည်းက၊ ကျွန်မက ဆင်ခြေတွေ ပေးပြီး၊ အာခံနေတာပဲ။ ကျွန်မရဲ့တာဝန်အတွက် စိတ်ခွန်အား ပျောက်သွားတာပဲ ဆိုတာတွေကို ပြန်ဆင်ခြင်ကြည့်တော့မှ သဘောပေါက်မိတယ်။ ကျွန်မက အလုပ်ကို ဝတ်ကျေတမ်းကျေသဘောနဲ့၊ တတ်နိုင်သမျှ အနည်းဆုံးပဲ လုပ်နေခဲ့တာပါ။ ကျွန်မက ဘုရားကို အာခံပြီး၊ ရန်လိုနေခဲ့တာပါ။ ခြေခေါက်တာကလည်း ပိုပိုပြီး ဆိုးလာတော့၊ ကျွန်မကို ဘုရားက ဆုံးမပဲ့ပြင်နေတာလည်း ဖြစ်နိုင်တယ်။ ကျွန်မ ကိုယ်ရည်သွေး ပြလို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဆက်ပြီးသာ အာခံနေမယ်ဆိုရင်၊ ကျွန်မ စင်ပေါ်တက်ရမှာ မဟုတ်သလို၊ ကျွန်မ တာဝန်ကိုတောင် ဆုံးရှုံးရနိုင်တယ်။ ကျွန်မလည်း နာကျင်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ ဖြစ်ပြီး၊ အဲဒီညမှာ ဘုရားသခင်ဆီ ဒူးထောက်ဆုတောင်းမိတယ်။ “အို ဘုရားသခင်၊ ကျွန်မက နောက်ဆုံးတန်းကို ပို့ခံရပြီးကတည်းက တကယ်ကို စိတ်ပျက်နေခဲ့တာပါ။ မကျေနပ်ချက်တွေ အပြည့်နဲ့၊ မနာခံနိုင်ခဲ့တဲ့အပြင်၊ အလုပ်မှာ ပျက်ကွက်ရင်း၊ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းမွန်မွန် မလုပ်ခဲ့ပါဘူး။ ကျွန်မ ဘယ်လောက် ပုန်ကန်ချင်ပြီး၊ ကိုယ်တော့်ကို ဘယ်လောက် စိတ်ပျက်စေခဲ့တယ်ဆိုတာ ကျွန်မ တွေ့ပါပြီ။ ဘုရားသခင်၊ ကျွန်မကို ဒီအခြေအနေကနေ လွတ်အောင်၊ ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” ပေါ့။

အဲဒီနောက်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ရာထူး၊ မျက်နှာ သို့မဟုတ် နာမည်ဂုဏ်သခင်းတို့ကို့ ထိုအရာက ပတ်သက်မိသည်နှင့်တပြိုင်နက်၊ လူတိုင်း၏ စိတ်နှလုံးများက မျှော်လင့်စောင့်စားချက်ဖြင့် ခုန်တက်သွားကြပြီး သင်တို့အသီးသီးက ထင်ပေါ်ချင်ကြသည်၊ ကျော်ကြားချင်ကြပြီး အသိအမှတ်ပြုခံချင်ကြသည်။ လူတိုင်းက အလျှော့ပေးရန် မလိုလားကြ၊ ယင်းအစား ယှဉ်ပြိုင်ခြင်းက စိတ်ကသိကအောက်ဖြစ်စေကာ ဘုရားအိမ်တော်ထဲတွင် ခွင့်မပြုထားသော်လည်း အမြဲ ဖက်ပြိုင်ချင်ကြသည်။ သို့သော်၊ ယှဉ်ပြိုင်မှုမရှိဘဲ သင်တို့သည် မရောင့်ရဲနိုင်ကြသေး။ တစ်စုံတစ်ဦးက ထင်ပေါ်သည်ကို သင်မြင်သည့်အခါ၊ မနာလိုဝန်တိုမှုကို သင်ခံစားရသည်၊ မုန်းတီးမှုကို ခံစားရပြီး ယင်းမှာ မျှတခြင်းမရှိဟု သင်ခံစားရသည်။ ‘ဘာကြောင့် ငါ မထင်ပေါ်နိုင်ရတာလဲ။ အဲဒီလူက ဘာလို့ အမြဲ ထင်ပေါ်ရတဲ့သူဖြစ်ရပြီး ငါ့အလှည့် ဘယ်တော့မှ မရောက်ရတာလဲ။’ ထို့နောက် သင်သည် မကျေမချမ်းမှုအနည်းငယ် ခံစားရ၏။ ယင်းကို သင် ချုပ်တည်းရန် ကြိုးစားသော်လည်း သင် မတတ်နိုင်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး တစ်ခဏမျှ သင် သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် သင် ကြုံရသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ ထိုသို့သော အခြေအနေတွေထဲ လူတစ်ဦး ကျဆင်းရခြင်းသည် ထောင်ချောက် တစ်ခုမဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။ အကယ်၍သာ လူတစ်ဦးသည် ထိုဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထားများကို ဖြတ်ချပြီးပါက သူသည် လွတ်လပ်ကာ လွတ်မြောက်သွားပြီ မဟုတ်ပါလော။ ဤအရာကို စဉ်းစားကြည့်လော့- အကယ်၍သာ ထိုသူသည် ယင်းအခြေအနေများထဲ အမိဖမ်းခံရခြင်းမှ ရှောင်လိုကာ ၎င်းတို့မှ လွတ်ကင်းနိုင်လိုပြီး ယင်းအရာများ၏ စိတ်သောကများနှင့် အချုပ်အနှောင်မှ လွတ်မြောက်နေလိုလျှင် ထိုသူသည် မည်ကဲ့သို့သော အပြောင်းအလဲများကို လုပ်ရမည်နည်း။ လူတစ်ဦးသည် အမှန်တကယ် မလွတ်လပ်နိုင်ခင်၊ မလွတ်မြောက်နိုင်ခင် အဘယ်အရာကို ရယူရမည်နည်း။ တစ်ဖက်တွင် သူရိပ်စားမည့်ရမည်မှာ- ဂုဏ်သတင်း၊ အခွင့်အလမ်းနှင့် ရာထူးဂုဏ်သိန်များသည် လူတို့အား ဖောက်ပြန်ပျက်စီးစေရန်၊ ထောင်ချောက်ဆင်ဖမ်းရန်၊ ဒုက္ခပေးရန်နှင့် စာရိတ္တပျက်ပြားလာစေရန် စာတန် အသုံးပြုသော ကိရိယာများနှင့် နည်းလမ်းများသာဖြစ်သည်။ သဘောတရားအရ သင်သည်ပထမဆုံး၎င်းအား ရှင်းလင်းစွာနားလည်အောင်လုပ်ရမည်။ ထိုထက်မက သင်သည်ယင်းအရာများကို စွန့်လိုက်ပြီး ဘေးဖယ်ထားရန် သင်ယူရမည်။... သို့မဟုတ်လျှင်၊ သင် ပိုမို ကြိုးပမ်းလေလေ၊ အမှောင်ထုက သင့်ကို ဝိုင်းရံ လေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်ကာ သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည်ဖြစ်သည်။ သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ထိုသို့လုပ်ဆောင်နိုင်စွမ်း လျော့နည်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ရရှိမှုလျော့နည်းသည်နှင့်အမျှ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှသင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေဖြစ်ပြီး၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေ၊ သင် အသုံးဝင်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခုတွင် သင်သည် သင်၏တာဝန်ကို ကောင်းစွာ မဆောင်ရွက်နိုင်၊ ထို့ကြောင့်၊ တဖြည်းဖြည်း သင်သည် ဖယ်ရှားခံရလိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်” မှ) ဒါက ကျွန်မကို နည်းနည်း နိုးထလာစေတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ကိုယ်ပိုင် အခြေအနေကို တိတိကျကျ ထုတ်ဖော်ပြခဲ့တာပါ။ ဓမ္မတေးသံစုံအဖွဲ့မှာ ပါဝင်ပြီးတော့၊ လုပ်ရိုးလုပ်စဉ်တွေမှာ ကျွန်မက ပိုပြီး ကျွမ်းကျင်လာတာတွေ၊ တခြားသူတွေကို အမူအရာလေ့ကျင့်ဖို့ ဦးဆောင်ပေးရတာတွေ ဖြစ်လာတဲ့အခါ၊ ကျွန်မကိုယ်ကျွန်မ သူတို့ထက် တင်ဆက်တာ ပိုတော်တယ်၊ ရိုက်ကူးရေးမှာ ကျွန်မက ရှေ့ဆုံးက ပါရမယ်ဆိုတာမျိုး ခံစားမိလာတယ်။ ရိုက်ကူးရေးမှာ ကိုယ့်အရည်အသွေးကို ပြလို့ရတော့မယ်ဆိုတဲ့အတွေး ရှိနေတုန်းကတော့၊ ကျွန်မရဲ့တာဝန်အတွက် ခွန်အားတွေ ပြည့်လျှံနေတာပဲ။ ကိုယ့်ဘာသာ ပင်ပင်ပန်းပန်း ကြိုးစားရတာကို ပျော်နေတာ။ အမူအရာတွေ၊ လှုပ်ရှားပုံတွေ လေ့ကျင့်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့နေရာက နောက်ဘက်ကို ရောက်ရောက်သွားတော့၊ အစွမ်းပြမယ်ဆိုတဲ့ ကျွန်မရဲ့ မျှော်လင့်ချက်တွေလည်း တစ်စစီ ဖြစ်ကုန်တယ်။ ကျွန်မက ဒါရိုက်တာရဲ့အစီအစဉ်တွေကို အာခံခဲ့တယ်။ ကိုယ့်ရှေ့မှာ ရှိနေတဲ့သူတွေကို လက်မခံချင်ဘူး။ သူတို့ကို မနာလိုဖြစ်ခဲ့တယ်။ ကျွန်မ နားလည်မှုလွဲပြီး၊ ညည်းညူခဲ့တယ်၊ မတရားဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မက ဘုရားကို စောဒကတက်ဖို့၊ ပြိုင်ဖို့ ကြိုးစားခဲ့တာပါ။ ပြီးတော့ အပျက်သဘောဆောင်လာပြီး၊ ကျွန်မရဲ့တာဝန်မှာ ပေါ့ဆလာတယ်။ ကြိုးစားပမ်းစား လေ့ကျင့်မိတာတွေကိုတောင် နောင်တရခဲ့တယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ အပြုအမူတွေကို ပြန်ဆန်းစစ်တဲ့အခါမှာ၊ ကျွန်မက ဘုရားအလိုတော်ကို အရေးထားပြီး၊ ကိုယ့်တာဝန်ကို လုပ်နေခဲ့တာ မဟုတ်သလို၊ ကိုယ်တော့်ကို သက်သေခံဖို့ လုပ်နေခဲ့တာလည်း မဟုတ်ဘူးဆိုတာကို မြင်မိတယ်။ အဲဒီအစား ကျွန်မ ထင်ပေါ်နိုင်မယ့်၊ သူများတွေ အထင်ကြီးလာမယ့် အဲဒီအခွင့်အရေးကို လိုချင်ခဲ့တာပါ။ ကျွန်မက ကိုယ့်နာမည်နဲ့ အဆင့်အတန်းအတွက်ပဲ အားတက်သရော ကြိုးစားနေတာ မဟုတ်ဘူးလား။ ကျွန်မက အရမ်း အတ္တကြီးပြီး စက်ဆုပ်စရာကောင်းတယ်။ ဓမ္မတေးသံစုံအဖွဲ့မှာ ပါဝင်ခွင့်ရတယ်ဆိုတာ၊ ဘုရားက ကျွန်မကို ချီးမြှောက်နေတာပါပဲ။ ဒါပေမယ့် အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး၊ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းအောင် ထမ်းဆောင်မလဲ၊ ဘုရားကို ဘယ်လို ကျေနပ်စေမလဲဆိုတာတွေကို မတွေးခဲ့ဘူး။ ကိုယ်ရည်သွေးဖို့ပဲ အားကုန် ကြိုးပမ်းခဲ့တာပါ။ ကျွန်မ ကိုယ်ရည်မသွေးနိုင်တဲ့ အချိန်မှာ စိတ်ညစ်ပြီး စောဒကတက်တယ်။ ကျွန်မဟာ ပိုပိုပြီးမှောင်မှိက်တဲ့ အခြေအနေထဲကို ကျရောက်ခဲ့တယ်။ ကျွန်မရဲ့တာဝန်ကို တော်ရိလျော်ရိ လုပ်ရင်း၊ အဆုံးသတ်သွားတယ်။ ဒါကို ဘုရားသခင်က ရွံရှာပါတယ်။ စာတန်ရဲ့ ကွန်ရက်ထဲကို ကျွန်မ လဲကျခဲ့တာ မဟုတ်ဘူးလား။ စင်ပေါ်တက်ခွင့် မရကြပေမဲ့၊ နောက်ကွယ်မှာ ကိုယ့်တာဝန် ကိုယ်လုပ်ခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေအကြောင်း ကျွန်မ စဉ်းစားကြည့်တယ်။ သူတို့က ကိုယ့်တာဝန်ကိုယ် စွဲစွဲမြဲမြဲလုပ်ပြီး၊ မညည်းမညူနဲ့ အလုပ်ကြိုးစားကြတာပါ။ သူတို့နဲ့ ယှဉ်လိုက်ရင် ကျွန်မက ဘာမှမဟုတ်ပါဘူး။ ကျွန်မက အကောင်းနဲ့အဆိုးကို မသိဘူး၊ ဘုရားသခင်ကို အများကြီး ကျေးဇူးကြွေးတင်နေပြီဆိုတာတွေကို ခံစားမိတယ်။ ပုန်ကန်လွန်းတာတွေ ကျွန်မ ဆက်မဖြစ်ချင်တော့ဘူး။ ဘုရားသခင်ဆီမှာ နောင်တရချင်ခဲ့ပါတယ်။

အဲဒီနောက်မှာ၊ ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို ဆောင်ရွက်စဉ်် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင် လက်လွှတ်ပြီး ဘေးဖယ်ထားလေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။ ဤအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင်၊ ယင်းတို့ကို သင် ဦးစွာ ဘေးဖယ်ထားပြီး စွန့်လွှတ်ရမည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်” မှ) ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခု ပေးပါတယ်။ ကျွန်မ ကိုယ်ရည်သွေးချင်တဲ့အချိန်တိုင်း၊ ဘုရားသခင်ဆီ ဆုတောင်းပြီး၊ ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်ရတယ်။ ကိုယ်ပိုင်ဆန္ဒတွေကို လက်လွှတ်ရတယ်။ ပြီးတော့ ဘုရားရဲ့သတ်မှတ်ချက်တွေနဲ့အညီ ကျွန်မရဲ့တာဝန်ကို ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ပိုတွေးပြီး၊ ကျွန်မရဲ့လှုပ်ရှားပုံတွေ မှန်ကန်အောင်၊ သီချင်းတွေ ကောင်းကောင်းဆိုနိုင်အောင် လုပ်တယ်။ ကျွန်မ လုပ်ဖို့လိုအပ်ခဲ့တာ ဒါပါပဲ။ ကျွန်မအနေနဲ့ ရှေ့မှာပဲနေရနေရ နောက်မှာပဲနေရနေရ၊ ကောင်းကင်နိုင်ငံတော်သီချင်းမှာ ပါဝင်ခွင့်ရတယ်ဆိုတာ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ လူတွေအနေနဲ့ သူတို့ရဲ့တာဝန်မှာ ဆက်ကပ်အပ်နှံထားခြင်း ရှိမရှိဆိုတာကို၊ ဘုရားသခင်က သူတို့ရတဲ့နေရာတွေအပေါ် အခြေခံပြီး မဆုံးဖြတ်ပါဘူး။ သူတို့ရဲ့ ရိုးသားစစ်မှန်မှု၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားကို နာခံမှုရှိမရှိဆိုတာတွေပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်တာပါ။ ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက်မှာ ကျွန်မ အများကြီးပိုပြီး စိတ်အေးသက်သာ ရှိပါတယ်၊ ပြီးတော့ ဒီဆုတောင်းချက်ကို ဆိုခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ နောက်ထပ် ပုန်မကန်ချင်တော့ပါဘူး။ ကျွန်မ ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်သူမှ မမြင်နိုင်တဲ့ ဟိုးနောက်ဆုံးကိုပဲ ရောက်နေရင်တောင်မှ၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်ပါတယ်။”

အဲဒီနောက်ပိုင်း ဇာတ်တိုက်တာတွေမှာ ကျွန်မက နောက်ဆုံးနှစ်တန်းမှာပဲ အမြဲ ရှိခဲ့တယ်။ အဲဒီအတိုင်းဆိုရင် ငါတော့ ရိုက်ကူးရေးမှာ တစ်ကွက်မှ ပါတော့မှာမဟုတ်ဘူး၊ ဘယ်သူကမှ အားကျတော့မှာမဟုတ်ဘူးဆိုတာမျိုးတွေ တစ်ခါတလေ အတွေးပေါ်လာသေးတယ်။ အဲဒီအခါမျိုးဆို နည်းနည်း စိတ်ပျက်မိတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေမှာ ဘုရားသခင်ကို ကျွန်မ ကမန်းကတန်း ဆုတောင်းပြီး၊ ကျွန်မရဲ့ စိတ်နှလုံးကို ငြိမ်သက်ပေးဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ခဲ့တယ်၊ ပြီးတော့ ကျွန်မ ဆိုရတဲ့ စာသားတိုင်းမှာ ဘုရားသခင် လိုအပ်တဲ့အရာကို ဘယ်လိုဖော်ပြလို့ရမလဲ၊ အကပညာအရ ဘယ်လို အင်ပြည့်အားပြည့် ကလို့ရမလဲ ဆိုတာတွေကို သေချာတွေးတောကြည့်တယ်။ ကျွန်မရဲ့စိတ်နှလုံးကို ဒီအရာတွေထဲ စပြီး မြှုပ်နှံလိုက်တာနဲ့၊ ကျွန်မက ဘုရားသခင်နဲ့ သိပ်ပြီး နီးကပ်သွားသလို ခံစားရတယ်။ ကျွန်မကို ဘယ်နေရာမှာပဲ ထားထား၊ ဂရုမစိုက်တော့ဘူး။ မယုံနိုင်လောက်အောင်ပဲ၊ ရိုက်ကူးရေးက ပိုပြီး နီးလာလေလေ၊ ကျွန်မက တဖြည်းဖြည်းနဲ့ ရှေ့ကို ပို့ခံရလေလေ ဖြစ်လာတယ်။ ကျွန်မအတွက်လည်း ရိုက်ကွက်လေးနည်းနည်း ပေးတယ်။ လက်တွေ့လုပ်ဆောင်ဖို့ အဲဒီအခွင့်ကို ပေးတဲ့အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ရိုက်ကူးရေးရက်တွေတစ်လျှောက်လုံး၊ ကျွန်မရဲ့ ကျေးဇူးသိစိတ်ကို မြဲအောင် ထိန်းထားခဲ့တယ်။ ကျွန်မရဲ့တာဝန်မှာ ဘာနောင်တမှ ရှိမလာအောင်၊ ရိုက်ကွက်တိုင်းမှာ ကျွန်မရဲ့စိတ်နှလုံးကို ထည့်ထားဖို့ပဲ အာရုံစိုက်တယ်။ နောက်ဆုံးရိုက်ကွက်မှာ၊ ကျွန်မကို ကင်မရာနဲ့အနီးဆုံး ရှိတဲ့ ရှေ့ဆုံးတန်းကို ပို့ပါတယ်။ ကျွန်မ ယုံတောင် မယုံနိုင်ဘူး။ ကျွန်မအတွက် ဂုဏ်ယူစရာပဲပေါ့။ ဘုရားသခင်ကို ကျွန်မ အကြိမ်ကြိမ် ကျေးဇူးတင်ပြီး၊ အလုပ်ကောင်းကောင်း လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ရှေ့ဆုံးတန်းကို ပျော်ပျော်ကြီး လျှောက်သွားတဲ့အချိန်မှာ၊ မီးတွေအားလုံးက ကျွန်မကို ထိုးထားတယ်။ ကင်မရာတွေအားလုံးက ကျွန်မကို ချိန်ထားတယ်။ ညီအစ်မတစ်ယောက်က အပြေးအလွှားလာပြီး၊ အဝတ်အစားကို ဆန့်ပေးတယ်။ မိတ်ကပ် တို့ပေးတယ်၊ ဆံပင်ကို ပြင်ပေးတယ်။ ကျွန်မက အဓိကအာရုံစိုက်ခံရတာပဲ၊ လူတိုင်းက ကျွန်မကို ကြည့်နေတာပဲဆိုတဲ့ ဒီ ခံစားချက်က ရုတ်တရက် ပေါ်လာတယ်။ စိတ်လှုပ်ရှားတာကိုလည်း မဖုံးဖိနိုင်ခဲ့ဘူး။ ရှေ့ဆုံးတန်းမှာ နေရဖို့ဆိုတာ၊ အိပ်မက်ထဲမှာတောင် မက်ခဲ့တာမဟုတ်ဘူးလေ။ အဲဒီအခန်းရိုက်တာသာ ကောင်းကောင်းမွန်မွန် ဖြစ်ခဲ့ရင်၊ လူတွေအများကြီးက ကျွန်မကို မြင်ပြီး၊ ကျွန်မလည်း တကယ် နာမည်ကြီးလိမ့်မယ်ဆိုပြီး တွေးတယ်။ အဲဒီအတွေးကို တဖြည်းဖြည်းနဲ့ တကယ် သဘောကျလာတယ်။ ခံစားချက်ကတော့ ပြောမပြနိုင်အောင်ပဲပေါ့။ အဲဒီလို တွေးနေရင်းနဲ့၊ ကျွန်မက အခြေအနေမှန်မှာ မရှိနေဘူးဆိုတာရယ်၊ ပြီးတော့ ကျွန်မ ကိုယ်ရည်သွေးနေပြန်ပြီဆိုတာရယ်ကို ကျွန်မ ရုတ်တရက် နားလည်သဘောပေါက်လိုက်တယ်။ ဘုရားသခင်ဆီ ချက်ချင်း ဆုတောင်းပြီး၊ ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်လိုက်ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့ အတွေးကို မဖိနှိပ်နိုင်တဲ့အပြင်၊ စိတ်တည်ငြိမ်အောင်လည်း လုပ်လို့မရခဲ့ဘူး။ ရိုက်ကွက် နှစ်ခုသုံးခုလောက် ဆက်တိုက်ရိုက်သွားပေမဲ့၊ စိတ်ပါအောင် ကြိုးစားလို့မရဘူး။ အဲဒီနောက်မှာ ဒါရိုက်တာက ကျွန်မတို့ကို စိတ်နှစ်ထားဖို့ သတိပေးတယ်။ ကျွန်မရဲ့ မျက်နှာအမူအရာတွေ လွဲနေတာကို ဒါရိုက်တာတွေ့ပြီး၊ ကျွန်မကို အနောက်ပြန်ပို့မှာကို ကျွန်မ စပြီး စိတ်ပူလာခဲ့တယ်။ ကျွန်မ ကိုယ်ရည်သွေးဖို့ အခွင့် ဆုံးရှုံးရမှာကို စိတ်ပူလာတယ်။ ဒါပေမဲ့ ကျွန်မရဲ့ကိုယ်ကျိုးအတွက်ပဲ အမြဲတမ်း ကြည့်လို့မရဘူး၊ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းလုပ်နိုင်ဖို့၊ ကိုယ့်အခြေအနေကို ဘယ်လိုပြုပြင်မလဲဆိုတာကို အာရုံစိုက်ဖို့လိုမှန်းလည်း နားလည်ပါတယ်။ ကျွန်မရဲ့တာဝန်ကို ကောင်းအောင် လုပ်ချင်တာရယ်၊ ကိုယ်ရည်သွေးခွင့် ဆုံးရှုံးမှာကို စိုးရိမ်တာရယ် ကြားမှာ၊ စိတ်က ပဋိပက္ခ ဖြစ်နေတယ်။ ကျွန်မ တော်တော်ကို စိတ်လှုပ်ရှားခဲ့ရတယ်။ ရိုက်ကွက်ငါးခုကို ဆက်တိုက် ရိုက်သွားကြတယ်။ ဒါပေမဲ့ ကျွန်မက စိတ်နှစ်လို့မရသေးဘူး၊ တောင့်တောင့်ကြီး ဖြစ်နေတယ်။ တခြားညီအစ်မတွေက ရိုက်ကူးရေးကနေ သူတို့ သိလာတာတွေအကြောင်းကို တက်တက်ကြွကြွ ပြောနေတာတွေ၊ တချို့ဆို စိတ်လှုပ်ရှားလွန်းလို့ ငိုနေကြတာတွေကို ကျွန်မ မြင်ပေမဲ့၊ ကျွန်မစိတ်တွေကို ပြန်စုလို့မရခဲ့ဘူး။ တော်တော်ကို စိတ်ဓာတ်ကျပြီး၊ အမြန် ထွက်လာခဲ့တယ်။

အပြင်ကို ထွက်လာရင်းနဲ့၊ ရိုက်ကူးရေးမှာ ကျွန်မ ကောင်းကောင်း မလုပ်ခဲ့တာတွေအတွက် အပြစ်ရှိသလို ခံစားရတယ်။ သူများတွေအားလုံးက ဘုရားသခင်ကို သူတို့ရဲ့ ရိုးသားတဲ့ စိတ်နှလုံးတွေနဲ့ အပြစ်ကင်းတဲ့ အပြုံးတွေကို ပေးကြတယ်၊ ဒါပေမဲ့ ကျွန်မကတော့ ကိုယ်ရည်သွေးဖို့ကိုပဲ စွဲစွဲလမ်းလမ်းဖြစ်နေတယ်။ ကျွန်မရဲ့တင်ဆက်ပုံက ဘုရားသခင်ကို သက်သေခံဖို့ လုံးဝ မလုံလောက်ခဲ့ဘူး။ ဘုရားသခင်ကလည်း ကျွန်မရဲ့အလုပ်ကို သဘောမကျနိုင်ပါဘူး။ အဲဒီအချိန်မှာ ကျွန်မ တကယ်ကို ငိုချင်ခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ တိုင်တည်မိတယ်၊ “ဘုရားသခင်၊ ဒီ နောက်ဆုံးရိုက်ကွက်ကို ကျွန်မ နောင်တရပါတယ်။ ကျွန်မ တကယ်ကို ကိုယ်ရည်မသွေးချင်တော့ပါဘူး။ ဇာတ်စင်နောက်ဘက်မှာပဲ နေချင်ပါတယ်။ ဘယ်သူမှ မမြင်ရတဲ့၊ ကင်မရာတွေတောင် မမြင်နိုင်တဲ့ချောင်တစ်ချောင်ပေါ့။ ကိုယ်တော့်အတွက် အမှန်တကယ် သီချင်းဆိုဖို့၊ သာမန်ရိုးသားတဲ့ စိတ်နှလုံးတစ်ခု ရှိနေသရွေ့၊ ကျွန်မ ပျော်မိမှာပါ၊ ငြိမ်းချမ်းမှာပါ။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်တင်မိတော့မှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ နောက်ကျသွားပါပြီ။ ကျွန်မ ပြန်ပေးဆပ်ရမယ့်ဟာကို မကျေနိုင်တော့ပါဘူး” ပေါ့။ ကိုယ် လုပ်ခဲ့မိတာတွေကို အဲဒီလို နောင်တရရင်းနဲ့၊ အဲဒီအကြောင်းကို တွေးမိလေလေ၊ ပိုပြီး စိတ်ညစ်လေလေ ဖြစ်ရတယ်။

ကျွန်မရဲ့စိတ်နှလုံးကို ငြိမ်သက်အောင် လုပ်ပြီးတော့၊ သေချာ ပြန်စဉ်းစားကြည့်တယ်။ ဇာတိပကတိကို စွန့်လွှတ်ဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ တော်တော် ခက်ခဲသွားလောက်အောင်၊ ကျွန်မရဲ့ ကိုယ်ရည်သွေးချင်တဲ့၊ ထင်ပေါ်ချင်တဲ့ ဆန္ဒက ဘာလို့ အဲဒီလောက် ပြင်းထန်ခဲ့တာလဲ။ ဒါကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ ဖတ်ခဲ့ရတယ်။ “သင်နှစ်သက်သောအရာ၊ သင် အာရုံစိုက်သည့်အရာ၊ သင် ကိုးကွယ်သည့်အရာ၊ သင် အားကျသည့်အရာနှင့် သင့်စိတ်နှလုံးတွင် နေ့တိုင်း သင် တွေးသည့်အရာ အားလုံးတို့သည် သင့်သဘာဝ၏ ကိုယ်စားပြုချက်များ ဖြစ်ကြသည်။ ယင်းမှာ သင့် သဘာဝက မဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်၊ သင့် သဘာဝသည် ဆိုးယုတ်ပြီး ကုသ၍မရနိုင်သည်ကို သက်သေပြရန် လုံလောက်၏။ ဤနည်းဖြင့် သင်၏ သဘာဝကို သင် စိစစ်သင့်၏။ ဆိုလိုသည်မှာ၊ သင့် ဘဝတွင် သင် မြတ်နိုးသောအရာနှင့် သင် စွန့်လွှတ်သောအရာကို ဆန်းစစ်လော့။ တစ်စုံတစ်ဦးကို သင် ခဏတာ ကောင်းနေနိုင်သည်၊ သို့သော် ဤအရာက သူ သို့မဟုတ် သူမကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင် အမှန်တကယ် နှစ်သက်သောအရာမှာ အတိအကျအားဖြင့် သင်၏ သဘာဝတွင် ရှိသည့်အရာ ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင်၊ ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စိတ်နေသဘောထား သဏ္ဌာန်ပြောင်းလဲခြင်းအကြောင်း သင်သိသင့်သည့်အရာ”) “လူတို့သည် မိမိတို့၏ သဘာဝဗီဇများထဲရှိ ၎င်းတို့မြတ်နိုးသော အရာများကို ဖော်ထုတ်ခြင်းအပြင် သူတို့၏ သဘာဝဗီဇများနှင့် သက်ဆိုင်သည့် အခြားသွင်ပြင်များကိုလည်း ဖော်ထုတ်ရန်လိုအပ်သည်။ ဥပမာ အမှုအရာများအပေါ် လူတို့၏ သဘောထားများ၊ အသက်တာထဲ၌ လူတို့၏ နည်းစနစ်များနှင့် ပန်းတိုင်များအပြင် လူတို့၏ ဘဝတန်ဖိုးများနှင့် အသက်တာအပေါ် အမြင်များအပြင် သမ္မာတရားနှင့်စပ်လျဉ်း၍ အရာခပ်သိမ်းအပေါ် အမြင်များပင် ဖြစ်ကြသည်။ ဤအရာများမှာ လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းစွာ ရှိသောအရာများ အားလုံးဖြစ်ပြီး ၎င်းတို့သည် စိတ်သဘောထားပြောင်းလဲခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိနေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စိတ်နေသဘောထား သဏ္ဌာန်ပြောင်းလဲခြင်းအကြောင်း သင်သိသင့်သည့်အရာ”) လူတို့ရဲ့ အတွေးအခေါ်၊ အကြိုက်တွေ နဲ့ ရှာဖွေလိုက်စားမှုတွေအားလုံးက ကျွန်မတို့ရဲ့ သဘာဝက လာကြတယ်ဆိုတာရယ်၊ အဲဒါတွေအားလုံးကိုလည်း ကျွန်မတို့ရဲ့ သဘာဝက ထိန်းချုပ်ထားတယ်ဆိုတာရယ်ကို ဘုရားရဲ့နှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ ကျွန်မရဲ့အလုပ်တာဝန်မှာ ကျွန်မက တစ်ချိန်လုံး ဘာကိုများ အာရုံစိုက်ပြီး ရှာဖွေနေခဲ့တာလဲပေါ့။ စင်ပေါ်မှာ ကျွန်မရဲ့နေရာက ရှေ့ကို ပိုပိုပြီး ရောက်လာတဲ့အချိန်၊ ရိုက်ကွက်တွေထဲ ပိုပြီးတော့ ပါလာတဲ့အချိန်တွေမှာ၊ ကျွန်မ အတွေးဆုံးအရာက ရှေ့ဆုံးတန်းကို ရောက်ခွင့်ရဖို့၊ ကိုယ်ရည်သွေးခွင့်ရဖို့၊ သူများတွေရဲ့ အထင်ကြီးအားကျခံရသူ ဖြစ်ခွင့်ရဖို့ ဆိုတာတွေပဲ။ အထူးသဖြင့် နောက်ဆုံးရိုက်ကွက်အတွက် ကျွန်မ ရှေ့ပို့ခံရတဲ့အချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးတစ်ယောက်လို ခံစားရတယ်။ အောင်မြင်မှုတစ်ခုလိုလို ခံစားရတာဆိုတော့၊ ကိုယ်ရည်သွေးချင်တဲ့ ဆန္ဒကို ထိန်းမရခဲ့ဘူး။ ကင်မရာရှေ့မှာ အကောင်းဆုံးလုပ်ပြဖို့၊ ကျွန်မကို သိတဲ့ ညီအစ်ကိုမောင်နှမတွေ အံ့ဩသွားစေဖို့၊ ကိုယ့်အတွက်လည်း ထာဝရအမှတ်ရစရာလေးတစ်ခု ဖြစ်စေဖို့ ဆိုတာမျိုးတွေပေါ့။ ကျွန်မက နာမည်နဲ့ အဆင့်အတန်းကို ဘယ်လောက်တောင် တန်ဖိုးထားခဲ့တယ်၊ အဲဒီစိတ်က ကျွန်မရဲ့စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ပြီးတော့၊ ကျွန်မရဲ့ တကယ့် သဘာဝ ဖြစ်လာတယ်ဆိုတာကို မြင်ခဲ့မိတယ်။ အဲဒီနောက် ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲမှာ ဒီကျမ်းပိုဒ်ကို ကျွန်မ ဖတ်မိပါတယ်။ “ဖောက်ပြန်ကာ စာတန်ဆန်သော စိတ်နေသဘောထားသည် လူတို့ထဲ၌ အလွန် နက်ရှိုင်းစွာအမြစ်တွယ်နေ၏၊ ၎င်းသည် သူတို့၏ ဘဝဖြစ်လာသည်။ လူတို့သည် မည်သည့်အရာ အတိအကျကို ရှာဖွေပြီး ရယူလိုကြသနည်း။ ဖောက်ပြန်၍ စာတန်ဆန်သော စိတ်နေသဘောထား၏ တွန်းအားအောက်တွင် လူတို့၏ စံနှုန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် ဘဝ၏ပန်းတိုင်များနှင့် ဦးတည်ရာများသည် အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်ဘက် မဖြစ်ပေဘူးလော။ ဦးစွာအနေဖြင့် လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသောကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားကိုအုပ်စိုးသော ဘုရားသခင်၏ပညတ်တော်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းကို ငါအဘယ်ကြောင့်ပြောသနည်း။ မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ လုံးဝ အောက်ခြေမလွတ်ဘဲ ဘုရားသခင်၏ အရည်အချင်းမီ ဖန်ဆင်းခံဖြစ်ရန်၊ ဖန်ဆင်းခံ၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်သူ ဖြစ်ရန်နှင့် လူသားနေရာတွင် နေနိုင်ရန် ကြိုးစားသူကို ကိုယ်တော်အလိုရှိသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “

သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို မှီခိုခြင်းအားဖြင့်သာ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားကို ဖြေရှင်းနိုင်၏”) “သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာကို အစဉ်ရှာဖွေနေသည်။ သင်သည် ဂုဏ်သရေကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး မကြည့်လိုပေ။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ ဂရုပြုထိုက်သောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင်သည် ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဤသို့ဆိုလျှင် ဤသည်ကို အထမြောက်အောင် မည်သို့ပြုရမည်နည်း။ လူသား၏နေရာမှန်တွင် ရှိနေရင်း အမှုအရာများကို လက်တွေ့ကျသောနည်းလမ်းဖြင့် ပြုလုပ်ရမည်။ အခြေအမြစ်မရှိသော စိတ်ကူးယဉ်မျှော်မှန်းချက်များကို လက်သင့်ခံမထားလေနှင့်။ ထို့အပြင် ကျော်ကြားမှုကို ရှာဖွေခြင်း သို့မဟုတ် ရွယ်တူချင်းများထဲမှ ထင်ရှားပေါ်လွင်လာအောင် မပြုလေနှင့်။ ထို့အပြင် လူသားများအထဲ၌ သာလွန်သူဖြစ်ပြီး လူအများကို ၎င်းတို့အား အရိုအသေပေးစေသော၊ အခြားသူအားလုံးထက် သာလွန်သည့် နာမည်ဂုဏ်သတင်း ကြီးသူဖြစ်အောင် မကြိုးစားလေနှင့်။ ထိုလမ်းကြောင်းသည် စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော ဖန်ဆင်းခံလူသားကို အလိုမရှိပေ။ အကယ်၍ အဆုံးတွင် ဘုရားသခင်၏ အလုံးစုံသောအလုပ် ပြီးစီးသွားချိန်၌ ယင်းအရာများကို လိုက်စားသူများ ရှိနေဆဲဖြစ်ပါက ၎င်းတို့အတွက် တစ်ခုတည်းသောအကျိုးမှာ သုတ်သင်ဖယ်ရှင်းခံရန်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို အိပ်ပျော်နေရာကနေ နိုးထစေခဲ့တယ်။ ကျွန်မက ဘာလို့ အဲဒီလောက် ကိုယ်ရည်သွေးချင်ခဲ့တာလဲ၊ ဘာလို့ အဲဒီလောက် စိတ်ကြီးဝင်ခဲ့တာလဲဆိုတာကို ဆင်ခြင်ကြည့်တယ်။ အဲဒါတွေအားလုံးက စာတန်ရဲ့ပညာပေးတာတွေ၊ ဖောက်ပြန်ပျက်စီးစေတာတွေကြောင့်ပဲ။ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတဲ့ အဆိပ်တွေက ကျွန်မဆီမှာ တကယ်ကို စိမ့်ဝင်နေပြီးတော့၊ အသက်တာနဲ့ပတ်သက်တဲ့ အမြင်မှားကို ပေးနေတာပါ။ နာမည်ကောင်းနဲ့ အဆင့်အတန်းကို ရှာဖွေတာတွေ၊ သူများတွေထက် ပိုကောင်းအောင် နေရတာတွေကို ကောင်းတဲ့အရာတွေအဖြစ် မြင်ခဲ့တာပါ။ အဲဒါတွေကို ဘဝရဲ့ ပန်းတိုင်တွေအဖြစ် ခံယူခဲ့တယ်။ ကျွန်မ ဘာပဲ လုပ်လုပ်၊ ကိုယ်ရည်သွေးချင်ခဲ့တယ်၊ သူများတွေက ကျွန်မကို အထင်ကြီးအောင် နဲ့ အားကျအောင် လုပ်ချင်တယ်။ အဲဒီလိုဖြစ်ရင် သူများတွေထက် သာအောင် နေရမယ်၊ ဂုဏ်ရှိလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ချစ်တာဟာ ကျွန်မရဲ့ ကိုယ်ပိုင် သဘာဝ ဖြစ်လာတယ်။ အရင်က ကျောင်းမှာဖြစ်ဖြစ်၊ သူများတွေနဲ့ ဆက်ဆံတာမှာဖြစ်ဖြစ်၊ ကျွန်မက အမြဲတမ်း သာချင်တာ၊ ထူးချွန်ချင်ခဲ့တာကို ပြန်စဉ်းစားမိတယ်။ ကျွန်မ သူများတွေထက် သာချင်တယ်၊ ထင်ပေါ်ချင်တယ်။ တစ်ယောက်ယောက်က ကျွန်မကို စပြီး သတိထားမိသွားပြီဆိုရင်၊ ကျွန်မ အရမ်းကို ကျေနပ်သွားတာ။ ဘယ်လို အသင်းအဖွဲ့ထဲရောက်ရောက်၊ ကျွန်မက အာရုံစိုက်မခံရဘူး၊ အရေးမပါဘူးဖြစ်နေတယ်ဆိုရင်၊ ကျွန်မ မခံနိုင်ဘူး။ နေရာတစ်ခုအတွက် ကျွန်မက ရေကုန်ရေခန်း ကြိုးစားချင်တယ်။ အဲဒီလိုလုပ်လို့ မအောင်မြင်ဘူးဆိုရင် စိတ်ညစ်သွားရော။ ကျွန်မက ဒီလို ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အမြဲတမ်း နေထိုင်နေခဲ့တာပါ။ သူများတွေ အထင်ကြီးတာကို အမြဲလိုချင်ခဲ့တာပါ။ ဒီအရာတွေက ကျွန်မကို ချည်နှောင်ထားတဲ့၊ ကျွန်မရဲ့အတွေးတွေကို ထိန်းချုပ်ထားတဲ့ အချုပ်အနှောင်တွေလိုပါပဲ။ ဗီဒီယိုတစ်ခုမှာ ဘုရားကို သက်သေခံဖို့အတွက် ပါခွင့်ရတာကို ကိုယ့်အရည်အသွေး ထုတ်ပြရမယ့် စင်မြင့်ဆိုပြီး မြင်မိတဲ့အဖြစ်ပါ။ ကျွန်မက ကိုယ့်အလုပ်တာဝန်ကို၊ ကိုယ့်ဆန္ဒတွေ ပြည့်အောင် ပံ့ပိုးပေးတဲ့အရာတစ်ခုလို သဘောထားခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ထင်ပေါ်ဖို့၊ ပေါ်လွင်ဖို့ကလွဲပြီး ဘာမှမရှိဘူး။ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းအောင်လုပ်မလဲ၊ ဘုရားကို ဘယ်လို ကျေနပ်စေမလဲဆိုတာတွေကို လုံးဝ မတွေးခဲ့ဘူး။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ အဆိပ်အတောက်တွေ၊ စိတ်သဘောထားတွေ မပြေလည်သေးဘူးဆိုရင်၊ ကျွန်မအနေနဲ့ ကိုယ့်အလုပ်တာဝန်ကို ကောင်းအောင်လုပ်ဖို့၊ ဘုရားကို ကျေနပ်စေဖို့ဆိုတာ မဖြစ်နိုင်တဲ့အပြင်၊ ဘုရားကို ခုခံပုန်ကန်တာတွေကြောင့်၊ နောက်ဆုံးမှာ ဘုရားရဲ့ သုတ်သင်ဖယ်ရှင်းတာကို ခံရလိမ့်မယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။

နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲမှာ ဒါကို ကျွန်မ ဖတ်ခဲ့ရတယ်။ “လူသားတို့အား ဘုရားသခင် တောင်းဆိုသောအရာသည် အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးနိုင်စွမ်းရှိခြင်း သို့မဟုတ် ဧရာမတာဝန်ယူမှုများကို ပြီးမြောက်ခြင်း မဟုတ်သကဲ့သို့ ကိုယ်တော်သည် ၎င်းတို့အား တာဝန်ကြီးတစ်ခုခုကို စတင်ပြုလုပ်စေလိုသည်လည်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် အလိုရှိသမျှအားလုံးမှာ သင့်အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်နှင့် နားဆင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို နှလုံးသွင်းရန်နှင့် လက်တွေ့ကျသောနည်းလမ်းဖြင့် သင် လက်တွေ့လုပ်ဆောင်ရင်း ၎င်းတို့ကို အလေးဂရုပြုရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်ရှင်နေထိုင်မှုနှင့် သင်၏အသက်တာ ဖြစ်လာစေရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) သမ္မာတရားကို လိုက်စားဖို့နဲ့ လုံးဝ ရိုးသားတဲ့သူတွေ ဖြစ်ဖို့၊ ကိုယ်တော်ရဲ့ စည်းမျဉ်းနဲ့ စီစဉ်မှုတွေကို နာခံဖို့၊ ပြီးတော့ ကျွန်မတို့ရဲ့ တာဝန်တွေကို အစွမ်းကို ဆောင်ရွက်ဖို့တို့ဟာ ကျွန်မတို့အတွက် ဘုရားသခင်ရဲ့ အလိုတော်ဖြစ်တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့တယ်။ ဒီပန်းတိုင်တွေဆီ ရောက်ဖို့ ကြိုးစားတာက ကိုယ်တော့်ကို ကျေနပ်စေလိမ့်မယ်။ အရင်ကဆို ကျွန်မက ဘုရားရဲ့အလိုတော်ကို လုံးဝ နားမလည်ခဲ့ဘူး။ နာမည်နဲ့ အဆင့်အတန်းနောက်ကိုပဲ အားရပါးရ လိုက်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ဘုရားသခင်ကို စိတ်ပျက်စေခဲ့တယ်။ ကျွန်မက ဖောက်ပြန်ပျက်စီးလွန်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တော်က ကျွန်မကို လက်မလျှော့ခဲ့ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားကို ကျွန်မ မြင်နိုင်အောင်၊ ကျွန်မရဲ့ ဦးတည်ရာက ပြန်လှည့်လာအောင်၊ ပြီးတော့ ပြောင်းလဲအောင်၊ စင်ပေါ်မှာရှိတဲ့ ကျွန်မရဲ့နေရာကို အမျိုးမျိုးပြောင်းလဲပေးရင်းနဲ့၊ ရှာဖွေကြိုးစားမှုနဲ့ဆိုင်တဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့ အမြင်တွေကို ကိုယ်တော်က အကြိမ်ကြိမ် ထုတ်ဖော်ပြခဲ့တယ်။ ဘုရားရဲ့ချစ်ခြင်းက ကျွန်မကို တကယ်ပဲ တို့ထိခဲ့ပါတယ်။ ကျွန်မလည်း ဒီ ဆုတောင်းချက်ကို ကိုယ်တော့်ဆီ ပြောမိတယ်။ “ဘုရားသခင်၊ ကျွန်မ နောက်ထပ် ထင်ပေါ်ဖို့ မကြိုးစားချင်တော့ဘူး။ အထင်ကြီး မခံချင်တော့ပါဘူး။ ဒီ ရှာဖွေကြိုးစားတာတွေကြောင့် ကျွန်မ နာကျင်တာပဲ ဖြစ်ရပါတယ်။ ကျွန်မရဲ့အလုပ်တာဝန်မှာလည်း ကိုယ်တော် ကျေနပ်အောင် မလုပ်နိုင်တဲ့အပြင်၊ အပြစ်ရှိသလိုပဲ ခံစားရပါတယ်။ အခုအချိန်ကစပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေအတိုင်းပဲ လက်တွေ့လုပ်ဆောင်ချင်ပါတယ်။ ကျွန်မ ဘယ်လိုနေရာပဲ ရရ၊ ကိုယ်ရည်သွေးနိုင်သည်ဖြစ်စေ၊ မသွေးနိုင်သည်ဖြစ်စေ၊ ကျွန်မ လိုချင်တာက ကိုယ်တော့်ကို နာခံတဲ့ ရိုးရိုးသားသား စိတ်နှလုံးတစ်ခုနဲ့ ချီးမွမ်းခြင်းသီချင်း ဆိုဖို့၊ ကျွန်မရဲ့အလုပ်တာဝန်ကို ကိုယ်တော် ကျေနပ်အောင် လုပ်ဆောင်ဖို့တို့ပါပဲ” အဲဒီနောက်ပိုင်း ကျွန်မတို့ ပြန်ရိုက်တာမှာ၊ တစ်ခါတလေ ကျွန်မက နောက်ကို ရွှေ့ခံရတယ်၊ တစ်ခါတလေ ရှေ့ကို ရွှေ့ခံရတယ်။ တစ်ခါတလေတော့ ကျွန်မကို ဇာတ်တိုက်ချိန်မှာ လိုပေမဲ့၊ ရိုက်ကူးရေးမှာ မလိုပြန်ဘူး။ အဲဒါတွေကြောင့် ကျွန်မ တကယ် စိတ်ထိခိုက်ခဲ့ပေမဲ့၊ ကျွန်မရဲ့ စိတ်ထားပုံကို ထိန်းသိမ်းဖို့အတွက်၊ ဘုရားဆီ ဆုတောင်းရင်း၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ပဲ၊ ကျွန်မရဲ့ ကိုယ်ပိုင် ဆန္ဒတွေကို ကျွန်မ လွှတ်ချနိုင်ခဲ့တယ်။ တစ်ခါတလေမှာ ညီအစ်မတချို့က သူတို့နေရာတွေ အပြောင်းခံရလို့ စိတ်ထိခိုက်ပြီးတော့၊ သူတို့ရဲ့ တာဝန်မှာ ကောင်းကောင်း မလုပ်ကြတာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မက သူတို့ကို ကူညီဖို့၊ သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို အချိန်မီ ရှာပြီးတော့၊ ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံကိုပါ ပေါင်းစပ်ပြီး ပြောပြပေးတယ်။ ကျွန်မရဲ့တာဝန်ကို အဲဒီလိုလုပ်ဆောင်လိုက်တော့၊ တကယ်ကို ငြိမ်းအေးသွားတယ်။ သိပ်လည်း အဓိပ္ပာယ်ရှိခဲ့ပါတယ်။ ​နောက်ပိုင်းမှာ ဒါရိုက်တာက ကျွန်မကို အရှေ့တန်း ပြန်သွားခိုင်းခဲ့ပေမယ့်၊ ကျွန်မ အရင်ကလို ကိုယ်ရည်သွေးဖို့ မကြိုးစားတော့ပါဘူး။ ကျွန်မကို ကင်မရာနဲ့ချိန်ထားတယ်ဆိုတာ တာဝန်ပေးခြင်းသဘော ဖြစ်တယ်၊ သက်သေခံချက်တစ်ခု ဖြစ်တယ်လို့ပဲ ခံစားခဲ့ရတယ်။ ကျွန်မ လုပ်သင့်တဲ့အတိုင်း ကောင်းကောင်း သီချင်းဆိုပြီး၊ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ကို အာရုံစိုက်ခဲ့တယ်။ ကျွန်မ ဟိုးနောက်ဘက်မှာ ရှိတဲ့အချိန်၊ ရိုက်ကွက်တစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီစာသားတွေကို ကျွန်မတို့ဆိုခဲ့ကြတာ သွားသတိရတယ်၊ “ဘုရားသခင်အတွက်အောင်ပွဲကျင်းပရန်သင်၏အောင်လံထူကြလော့။ သင်၏အောင်ပွဲခံသီချင်းဆို၍ ဘုရား၏သန့်ရှင်းသောနာမကိုဖြန့်လော့။” ကျွန်မက နာမည်နဲ့ အဆင့်အတန်းကို ရှာဖွေရင်း၊ စာတန်ကြောင့် ဘယ်လောက် ဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးနေခဲ့ပြီလဲ၊ ကျွန်မရဲ့တာဝန်ကို ဘုရားသခင် ကျေနပ်အောင် သေချာမလုပ်နိုင်ခဲ့ပါလား၊ ကျွန်မကြောင့် ကိုယ်တော် ဘယ်လောက် နာကျင်ခဲ့ပြီလဲဆိုတာတွေကို စဉ်းစားမိတယ်။ အဲဒီနေ့မှာ စာတန် အရှက်ကွဲပြီး၊ ရှုံးနိမ့်ဖို့ ဘုရားသခင်ကို ကျွန်မရဲ့ စိတ်နှလုံးကနေ ချီးမွမ်းမှဖြစ်မယ်လို့ ခံစားရပြီး၊ ကိုယ်တော့်ကို ကျွန်မရဲ့ အကောင်းဆုံးသီချင်းနဲ့ ပူဇော်ခဲ့ပါတယ်။ စင်ပေါ်မှာ အဲဒီလိုစိတ်ထားမျိုးနဲ့၊ ဘုရားသခင်ကို ချီးမွမ်းခြင်းသီချင်း ဆိုနေရင်း၊ ကျွန်မ အရင်က တစ်ခါမှ မခံစားခဲ့ဖူးတဲ့ ငြိမ်းချမ်းမှု နဲ့ ပျော်ရွှင်မှုကို ခံစားခဲ့ရတယ်။ ဂုဏ်ယူမိသလိုလို၊ မှန်ကန်သလိုလို အသိစိတ်မျိုးကိုလည်း ခံစားခဲ့ရတယ်။

တေးသံစုံဇာတ်လမ်းကြီးဖြစ်တဲ့ ကောင်းကင်နိုင်ငံတော်သီချင်းက သိပ်မကြာခင် အွန်လိုင်းပေါ် ရောက်လာတယ်။ ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေအားလုံး အဲဒီဗီဒီယိုကို ရင်တခုန်ခုန်နဲ့ ကြည့်ကြတာပေါ့။ ဘုရားရဲ့ရွေးချယ်ခံရသူတွေ အများကြီးက သံလွင်တောင်ရှေ့မှာ ရပ်ပြီး၊ “လူတို့သည် ဘုရားကို ဩဘာပေးကြ၏၊ လူတို့သည် ဘုရားကို ချီးမွမ်းကြ၏” ဆိုတာကို ဝင့်ဝင့်ကြွားကြွား ဆိုနေကြတာကို မြင်ရတော့၊ ကျွန်မ တကယ်ကို တုန်ခနဲဖြစ်သွားတယ်။ လှိုက်လှိုက်လှဲလှဲ ဖြစ်လွန်းလို့၊ ကျေးဇူးတင်မိတဲ့မျက်ရည်တွေက မကျဘဲမနေနိုင်တော့ဘူး။ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ပြန်တွေးကြည့်ရင်၊ စစချင်း ကျွန်မ ရတဲ့နေရာကို မခံမရပ်နိုင်ဖြစ်လွန်းလို့၊ ကိုယ့်တာဝန်မှာ စိတ်နှစ်လို့ မရခဲ့တာကနေ၊ နောက်ဆုံးမှာ ကိုယ့်နေရာက ရှေ့ကိုပဲရောက်ရောက်၊ နောက်ကိုပဲ ရောက်ရောက်၊ ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာလို့ပဲ မှတ်ယူရင်း၊ ဘုရားသခင်အတွက် လွတ်လွတ်လပ်လပ် သီဆိုပြီး သက်သေခံတာ၊ နာမည်နဲ့ အဆင့်အတန်းကို ဘာမှ မခံစားမိတော့တဲ့ အခြေအနေအထိ ဖြစ်လာတာ၊ အဲဒါတွေအားလုံးဟာ ကျွန်မအတွက် ဘုရားအမှုတော်ရဲ့ အသီးအပွင့်ပါပဲ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ယခင်က:၄၀။ နှုတ်ဆက်လိုက်ပါတယ်၊ လူမုန်းမခံချင်သူကြီးရေ

နောက်တစ်ခုသို့:၄၃။ ဝိညာဉ်ရေးရာ တိုက်ပွဲ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ