ကျေးဇူးတုံ့ပြန်ခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းခြင်း
ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မအသက် တစ်နှစ်မပြည့်ခင်မှာပဲ အဖေက နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့တယ်။ အမေက ကျွန်မတို့ မောင်နှမငါးယောက်ကို ကျွေးမွေးဖို့ အလုပ်နှစ်ခုလုပ်ခဲ့ရတယ်။ နေ့တိုင်း မနက်မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ပြီး ကျွန်မတို့အတွက် အမေအဖြစ်ရော အဖေအဖြစ်ပါ တာဝန်ယူခဲ့တယ်။ ကျွန်မ ရင်ထဲမှာ နာကျင်ခဲ့ရပြီး တိတ်တိတ်လေး သစ္စာပြုခဲ့တယ်၊ “ငါ ကြီးလာရင် အမေ့ကို စိတ်ပူစရာမလိုဘဲ နေနိုင်အောင် ကောင်းကောင်းစောင့်ရှောက်မယ်” လို့ပေါ့။ အမေ့ရဲ့ဝန်ထုပ်ဝန်ပိုးကိုလျော့ပါးစေဖို့ ကျောင်းဆင်းချိန်တွေမှာ အိမ်အလုပ်တွေ ကူလုပ်ပေးခဲ့တယ်၊ ဒါပေမဲ့ အမေက ကျွန်မကို အရမ်းချစ်တော့ အဲဒါကို မလုပ်စေချင်ဘဲ စာကိုပဲ ကြိုးစားစေချင်ခဲ့တယ်။ ကျွန်မက သူ့ကို ပြောခဲ့တယ်၊ “အမေ အရမ်းပင်ပန်းနေတာ။ သမီးကူလုပ်ပေးရင် အမေ့ဘဝက နည်းနည်းလေး ပိုသက်သာသွားမှာ မဟုတ်ဘူးလား”လို့ပေါ့။ ကျွန်မအမေက ပြန်ဖြေတယ်၊ “အမေ ပင်ပန်းတာက အရေးမကြီးပါဘူး။ နင်တို့ကလေးတွေ ကြီးလာပြီး အမေ့ကို ပြန်စောင့်ရှောက်တဲ့အခါ အမေ သက်သောင့်သက်သာဘဝကို နေရတော့မှာ မဟုတ်ဘူးလား။ နင့်ဝမ်းကွဲအစ်မကို ကြည့်လေ၊ သူ့အမေက စောစောဆုံးသွားတော့ သူ့အဖေတစ်ယောက်တည်းက သူ့ကို ပြုစုပျိုးထောင်ခဲ့တာ။ သူအိမ်ထောင်ကျပြီးနောက်မှာ သူ့အဖေအတွက် အစားအသောက်၊ အဝတ်အစားနဲ့ သူ့အဖေ လိုအပ်တာမှန်သမျှ အကုန်လုံးကို သူပဲ အားလုံး တာဝန်ယူစောင့်ရှောက်ခဲ့တယ်။ သူ သက်သက်သာသာဘဝကို နေနေရတာ မဟုတ်ဘူးလား” တဲ့။ တစ်ခါတော့ ကျွန်မဝမ်းကွဲအစ်မက ကျွန်မကို ပြောတယ်၊ “ကျီးကန်းတွေဟာ မိဘကို ကျွေးမွေးဖို့ သိတတ်ကြတယ်။ ငါ့အဖေက ငါ့ကို ပြုစုပျိုးထောင်ဖို့ အခက်အခဲမျိုးစုံကို သည်းခံခဲ့တာ။ ငါသာ သူ့ကို မစောင့်ရှောက်ရင် တိရစ္ဆာန်လောက်တောင် မကောင်းတဲ့သူ ဖြစ်သွားမှာ မဟုတ်ဘူးလား” တဲ့။ အဲဒီတုန်းက ကျွန်မတွေးခဲ့မိတာက၊ ကြီးလာရင် ဝမ်းကွဲအစ်မလိုပဲ ဖြစ်ချင်ပြီး အမေ့ကို စောင့်ရှောက်ချင်တယ်လို့ပေါ့။ ကျွန်မ အိမ်ထောင်ကျပြီးနောက်မှာ ကျွန်မမှာ အလုပ်ကောင်းကောင်း၊ ဝင်ငွေကောင်းကောင်း မရှိပေမဲ့ အမေ့ကို တတ်နိုင်သလောက် ပစ္စည်းဥစ္စာနဲ့ ထောက်ပံ့ကူညီခဲ့ပြီး၊ သူ့ကို စောင့်ရှောက်ဖို့ ကျွန်မအိမ်ကို ခဏခဏ ခေါ်ထားခဲ့တယ်။ အိမ်နီးချင်းတွေအားလုံးက ကျွန်မကို ချီးကျူးကြတယ်၊ “သူ့သမီးငယ်က အဝေးကြီးမှာ နေပေမဲ့ သူ့အမေကို အစောင့်ရှောက်ဆုံးပဲ” လို့ ပြောကြတာပေါ့။ ဒီလိုကြားရတော့ ကျွန်မ အရမ်းကျေနပ်မိတယ်။ သားသမီးတစ်ယောက်အနေနဲ့ ကျွန်မဟာ ဒီလိုပဲ ပြုမူသင့်တယ်၊ ဒီလိုလုပ်မှသာ အမေ့ရဲ့ကျေးဇူးကို ပြန်ဆပ်နိုင်မယ်လို့ ခံစားခဲ့ရတယ်။
၁၉၉၉ ခုနှစ်မှာ ကျွန်မ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် လူတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အရေးတကြီး ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး ဧဝံဂေလိတရားဟောပြောရာမှာ ပူးပေါင်းပါဝင်ခဲ့တယ်။ ၂၀၀၃ ခုနှစ်အကုန်ပိုင်းမှာ ဧဝံဂေလိတရားဟောနေတုန်း ကျွန်မ ရဲဖမ်းတာခံခဲ့ရတယ်။ ပြန်လွတ်လာပြီးနောက်မှာ ရဲတွေရဲ့ နောက်ယောင်ခံလိုက်တာနဲ့ စောင့်ကြည့်တာတွေကို ရှောင်ဖို့ ကျွန်မ အိမ်ကထွက်ပြီး အလုပ်လုပ်ရင်း အိမ်ငှားနေခဲ့ရတယ်။ နောက်ပိုင်းကြားရတာက ရဲတွေဟာ ခြောက်လအတွင်းမှာ ကျွန်မအကြောင်းကို လျှို့ဝှက်စုံစမ်းဖို့ ရွာကို သုံးကြိမ်လာခဲ့ပြီး၊ ကျွန်မငှားနေတဲ့နေရာကို မေးခဲ့တယ်တဲ့။ အဲဒီအချိန်ကစပြီး ကျွန်မဟာ အိမ်မဲ့ရာမဲ့တစ်ယောက်လို နေထိုင်ခဲ့ပြီး၊ အရင်ကလို အမေ့ကို အိမ်ခေါ်ပြီး မစောင့်ရှောက်နိုင်တော့ဘူး။ ကျွန်မ အမေ့အပေါ် အရမ်းအကြွေးတင်သလို ခံစားခဲ့ရတယ်။ အထူးသဖြင့် သူနေမကောင်းဖြစ်နေတုန်းမှာ ကျွန်မယောက်မက သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကြားလိုက်ရတဲ့အခါ ကျွန်မ ရင်ကွဲမတတ် ခံစားခဲ့ရပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ ဧဝံဂေလိတရားသွားဟောဖို့ ထွက်သွားခဲ့မိတာကိုတောင် နောင်တရမိတယ်။ “ငါသာ ဧဝံဂေလိတရား မဟောခဲ့ရင် အဖမ်းခံရမှာ မဟုတ်ဘူး၊ အိမ်ကထွက်သွားစရာလည်း လိုမှာမဟုတ်ဘူး။ အဲဒါဆိုရင် အမေ့ဘေးမှာနေပြီး သူ့ကို စောင့်ရှောက်နိုင်ခဲ့မှာ” လို့ပေါ့။ ကျွန်မရဲ့အခြေအနေ မှားနေမှန်း၊ ဧဝံဂေလိတရားဟောပြောခြင်းက ကျွန်မရဲ့ ဝတ္တရားနဲ့တာဝန်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဧဝံဂေလိတရားဟောပြောပြီး တာဝန်ထမ်းဆောင်ခဲ့တာကို ကျွန်မ နောင်တရတာက ဘုရားသခင်ကို သစ္စာဖောက်ခြင်းရဲ့ သရုပ်သကန်တစ်ခု မဟုတ်ဘူးလား။ စုဝေးပွဲတစ်ခုမှာ ကျွန်မအခြေအနေအကြောင်း ခေါင်းဆောင်ကို ပြောပြတော့ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပြခဲ့တယ်။ “လူတို့သည် ခံစားချက် အခြေအနေဖြင့် အသက်ရှင်ကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးများထဲ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လေသည်။ လူတို့အနေဖြင့် မိမိတို့၏ ခံစားချက်များကို ဖယ်ရှားရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိစိတ်၏ စံနှုန်းများကို ကျော်လွန်သလော။ အသိစိတ်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းနိုင်သလော။ ခံစားချက်သည် ဒုက္ခတစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၈)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်ခဲ့တာက၊ ကျွန်မဟာ တကယ်ပဲ ကိုယ့်ခံစားချက်တွေထဲမှာ အသက်ရှင်နေခဲ့ပြီး၊ အဲဒီခံစားချက်တွေက ကျွန်မရဲ့မျက်စိကို အဝတ်နဲ့ စည်းထားသလိုဖြစ်စေလို့ အမှားအမှန်ကို မခွဲခြားနိုင်ခဲ့ဘူးဆိုတာကိုပေါ့။ ကျွန်မက လူတွေ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး ကိုယ်တော့်ကယ်တင်ခြင်းကို လက်ခံနိုင်ဖို့ ဧဝံဂေလိတရားကို ဟောပြောနေခဲ့တာပါ။ ဒါက တရားမျှတတဲ့အမှုဖြစ်ပြီး ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်ပဲ။ ရှေးအချိန်ကတည်းက ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်တဲ့သူတွေ အများကြီးဟာ ဘုရားသခင်နောက်ကိုလိုက်ပြီး ကိုယ်တော့်အတွက် အသုံးခံဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့ကြတာ မဟုတ်ဘူးလား။ ပေတရုကိုပဲ ကြည့်လေ။ သခင်ယေရှုက သူ့ကို ခေါ်တဲ့အခါ သူ ချက်ချင်းပဲ သူ့ရဲ့ ငါးဖမ်းပိုက်ကွန်တွေကို ပစ်ချပြီး သခင်နောက်ကို လိုက်ခဲ့တယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ယုံကြည်ခြင်း ပိုတိုးလာခဲ့တယ်။ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်၊ ဒါကြောင့် ဧဝံဂေလိတရားကို နောက်တစ်ခါ သွားဟောခဲ့တယ်။
၂၀၁၅ ခုနှစ် ဆောင်းဦးရာသီမှာ အသင်းတော်က ညီအစ်မတစ်ယောက်က ကျွန်မအမေ ဆုံးသွားပြီလို့ ကျွန်မကို ပြောပြခဲ့တယ်။ ဒါကိုကြားတော့ ကျွန်မ ရင်ကွဲမတတ် ခံစားခဲ့ရပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မငိုမိအောင် ကြိုးစားထိန်းချုပ်ရင်း၊ တွေးမိတယ်၊ “ငါ့အမေ ဘယ်လိုလုပ် ဆုံးသွားနိုင်ရတာလဲ။ ငါ သူ့ဘေးမှာမရှိလို့ သူငါ့ကိုလွမ်းပြီး စိတ်ပူရာကနေ စိတ်ဓာတ်ကျပြီး နေမကောင်းဖြစ်သွားခဲ့လို့လား။ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့်သာ မဟုတ်ရင်၊ ငါ သူ့ဘေးမှာနေပြီး သူ့ကို ပိုစောင့်ရှောက်နိုင်ခဲ့မှာ၊ သူ့ရဲ့နောက်ဆုံးနှစ်တွေကို သက်သောင့်သက်သာ လုပ်ပေးနိုင်ခဲ့မှာ၊ သူလည်း နောက်ထပ်သုံးလေးနှစ်လောက် ပိုနေရင်နေရလောက်မှာ” လို့ပေါ့။ ဒါကို ကျွန်မ စဉ်းစားလေလေ ပိုပြီးစိတ်ဆင်းရဲလေပါပဲ။ ညီအစ်မရဲ့အိမ်ကနေ ထွက်လာတော့ မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာခဲ့တယ်။ အမေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ ဒုက္ခအများကြီး ခံစားခဲ့ရပေမဲ့ သူအသက်ကြီးပြီး နေမကောင်းဖြစ်တဲ့အခါ သူ့ကိုစောင့်ရှောက်ဖို့ ကျွန်မ သူနဲ့အတူမရှိနိုင်ခဲ့ဘူး၊ သူ့ရဲ့နောက်ဆုံးအချိန်တွေမှာတောင် သူနဲ့အတူမရှိနိုင်ခဲ့ဘူး။ ဒီလိုတွေးမိတော့ ကျွန်မ ချုံးပွဲချငိုမိတော့တယ်၊ အရမ်းကို နာကျင်ခဲ့ရတယ်။ ကျွန်မ မျက်လုံးတွေကိုပွတ်ပြီး စက်ဘီးစီးခဲ့တယ်။ စက်ဘီးစီးရင်း အမေက ကျွန်မကို ဒုက္ခပင်ပန်းခံပြီး ပြုစုပျိုးထောင်ခဲ့တဲ့ မြင်ကွင်းတွေက ကျွန်မစိတ်ထဲမှာ ရုပ်ရှင်တစ်ကားလို ပေါ်လာတယ်။ ကျွန်မ အမေ့အပေါ် အရမ်းအကြွေးတင်တယ်လို့ ခံစားခဲ့ရတယ်၊ သူ့ကို သားသမီးဝတ်ကျေပွန်ဖို့ အခွင့်အရေးမရခင်မှာပဲ သူ ဆုံးပါးသွားခဲ့ပြီ၊ သူ့ရဲ့နောက်ဆုံးအချိန်တွေမှာတောင် သူနဲ့အတူမရှိနိုင်ခဲ့ဘူး။ တခြားသူတွေက ကျွန်မကို မကောင်းတဲ့သမီး၊ ကျေးဇူးမသိတတ်သူလို့ ပြောကြမလား။ ကျွန်မကို ဧည့်ခံတဲ့အိမ်ကို ပြန်ရောက်တော့ စိတ်ဆင်းရဲလွန်းလို့ ကျွန်မ ထမင်းမစားနိုင်ခဲ့ဘူး။ ဧည့်ခံတဲ့ညီအစ်မက ကျွန်မကို နှစ်သိမ့်တယ်၊ “လူတိုင်းရဲ့သက်တမ်းက ဘုရားသခင်ရဲ့လက်ထဲမှာရှိတာ။ လူတစ်ယောက် ဘယ်တော့မွေးမယ်၊ ဘယ်တော့သေမယ်ဆိုတာ ဘုရားသခင်က စီမံထားပြီးသားပဲ။ အရမ်းဝမ်းမနည်းပါနဲ့။ ဘုရားသခင်ဆီကို ပိုပြီးဆုတောင်းပါ” လို့ ပြောတယ်။ သူဒီလိုပြောပြီးနောက်မှာ ကျွန်မ အရမ်း နာကျင်ပြီး စိတ်မကောင်းမဖြစ်တော့ပေမဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာတော့ ကျွန်မစိတ်နှလုံးက မတည်ငြိမ်တုန်းပါပဲ၊ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ဒီအပျက်သဘောဆောင်တဲ့အခြေအနေကနေ ကျွန်မကို ဦးဆောင်လမ်းပြပေးဖို့ တောင်းလျှောက်ရင်းပေါ့။ ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ “ဘုရားသခင်သည် ဤလူ့လောကကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်မှာ ဘုရားသခင်၏ ဇီဝအသက်ဖြစ်၏။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ တည်ရှိပြီး ကြီးပြင်းသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် မိဘများ၏ ကျွေးမွေးစောင့်ရှောက်ခြင်း ကျေးဇူးတရားအောက်တွင် ကြီးပြင်းလာပြီး သူ၏ကြီးပြင်းမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လှုံ့ဆော်ပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မနားလည်ခဲ့တယ်၊ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး၊ လူကို အသက်ပေးသနားတယ်ဆိုတာကိုပေါ့။ အပေါ်ယံမှာတော့ ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့သလိုထင်ရတာပေါ့။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်မ ဘယ်တော့မှ အခုထိ အသက်ရှင်နိုင်ခဲ့မှာမဟုတ်ဘူး။ ကျွန်မသမီး ငါးနှစ်အရွယ်မှာ ကုရာနတ္ထိဆေးမရှိတဲ့ရောဂါ စွဲကပ်ခဲ့တာကို ကျွန်မ တွေးမိတယ်။ ကျွန်မ အရမ်းကို သောကရောက်ခဲ့ရပြီး ကျွန်မရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သူ့ကို လှူဒါန်းချင်ခဲ့တယ်။ ဆရာဝန်က “အသုံးမဝင်ပါဘူး။ ဒီရောဂါကို ကုသတာက သူ့အသက်ကို မကယ်နိုင်ပါဘူး။ သူ့ရောဂါက ကျွမ်းနေတာ၊ ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး” လို့ ပြောခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဟိုးအရင်ကတည်းက စီမံထားပြီးသားဖြစ်ပြီး ဘယ်သူမှ ဒါကို မပြောင်းလဲနိုင်ဘူး။ ကျွန်မအမေ သေဆုံးရမယ့်အချိန်ကလည်း ဘုရားသခင်ရဲ့လက်ထဲမှာရှိပြီး ကိုယ်တော်က စီမံထားပြီးသားပဲ၊ ဒါပေမဲ့ ကျွန်မကတော့ သူဟာ ကျွန်မကိုလွမ်းပြီး စိတ်ပူရာကနေဖြစ်တဲ့ စိတ်ကျမှုနဲ့ နေမကောင်းဖြစ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့ဘူး။ အထူးသဖြင့် အဖေဆုံးပါးပြီးနောက်မှာ အမေက ကျွန်မကို အရွယ်ရောက်တဲ့အထိ ဒုက္ခပင်ပန်းခံပြီး ပြုစုပျိုးထောင်ခဲ့ပုံ၊ သူအသက်ကြီးပြီး နေမကောင်းဖြစ်တဲ့အခါ ကျွန်မက သူ့ကို မစောင့်ရှောက်နိုင်ခဲ့ပုံတွေကို တွေးမိတဲ့အခါ၊ သူ့အပေါ် အကြွေးတင်တယ်လို့ ခံစားခဲ့ရပြီး တာဝန်ထမ်းဆောင်တဲ့အခါမှာ စိတ်နှလုံးက မငြိမ်သက်နိုင်ခဲ့ဘူး။ တကယ်တော့ လူ့အသက်ဟာ ဘုရားသခင်ဆီက လာတယ်၊ ကျွန်မ ခံစားနေရတဲ့အရာအားလုံးက ဘုရားသခင်က ပေးသနားတာပဲ။ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ခဲ့လို့ ဘုရားသခင်အပေါ် အကြွေးတင်တယ်လို့ မခံစားခဲ့ရဘဲ၊ အဲဒီအစား တာဝန်ထမ်းဆောင်ခဲ့တာကိုတောင် နောင်တရတဲ့အထိ၊ အမေ့အပေါ်မှာပဲ အမြဲအကြွေးတင်တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ တကယ်ကို လူလို့ခေါ်ဖို့ မထိုက်တန်ခဲ့ဘူး။
နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ကိုယ်တော်က “သင်တို့၏မိဘများသည် သင်တို့၏ ကြွေးရှင်များမဟုတ်ကြ” ဆိုတဲ့အကြောင်း မိတ်သဟာယဖွဲ့ထားတာကို ကျွန်မဖတ်ခဲ့ရပြီး၊ ကျွန်မရဲ့အမြင်တွေ ပြောင်းလဲသွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင့်မိဘများက သင့်အားမွေးဖွားပေးသည့်အကြောင်းကို ကြည့်ကြစို့။ သင့်အား မွေးဖွားပေးရန် ၎င်းတို့အတွက် ရွေးချယ်ခဲ့သောသူမှာ မည်သူနည်း။ သင်ဖြစ်သလော၊ သို့မဟုတ် သင့်မိဘများဖြစ်သလော။ သင်သည် ဤအရာကို ဘုရားသခင်၏ ရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ လူသားများ ရွေးချယ်ရန်အတွက် မဟုတ်ပေ။ သင်၏ မိဘများက သင့်ကို မွေးဖွားပေးရန် သင် ရွေးချယ်ခဲ့ခြင်း မဟုတ်သည့်အပြင် ၎င်းတို့လည်း ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဤကိစ္စရပ်၏ အရင်းခံကို ကြည့်လျှင် ဤသည်မှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စရပ်သည် လူတို့ နားလည်ရန် လွယ်ကူသောကြောင့် ငါတို့သည် ဤအကြောင်းအရာကို ယခုလောလောဆယ် ဘေးဖယ်ထားကြမည်။ သင်၏ ရှုထောင့်မှကြည့်လျှင် သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏မိဘများမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများ ရှုထောင့်မှကြည့်လျှင် ယင်းမှာ ကလေးများ ယူပြီး မွေးမြူရန်မှာ ၎င်းတို့၏ ဆန္ဒအလျောက် လိုလားမှု ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကို ဘေးဖယ်ထားလျှင်၊ ကလေးများ ယူပြီး မွေးမြူခြင်း ကိစ္စနှင့်ပတ်သက်လာလျှင် သင်၏ မိဘများသည်သာ အာဏာကုန် ရှိခဲ့လေသည်။ ၎င်းတို့သည် သင့်ကို မွေးဖွားရန် ရွေးချယ်ခဲ့ကြသည်။ သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ ၎င်းတို့ထံမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိခဲ့ပေ။ သို့ဖြစ်၍ သင်၏ မိဘများတွင် အာဏာကုန် ရှိခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့က သင့်ကို မွေးဖွားခဲ့သောကြောင့်လည်းကောင်း၊ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် ၎င်းတို့တွင် ဝတ္တရားနှင့် တာဝန်ရှိသည်။ သင့်အား ပညာရေးထောက်ပံ့ပေးခြင်းဖြစ်စေ၊ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးခြင်းဖြစ်စေ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ၎င်းတို့က သင့်ကို ပြုစုပျိုးထောင်နေသည့် ကာလအတွင်း သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ အစဉ်သဖြင့် ရှိနေခဲ့ပြီး သင်သည် ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပေ၊ သင်သည် ၎င်းတို့၏ ပြုစုပျိုးထောင်ခြင်းကို ခံရမည်သာ ဖြစ်သည်။ သင်သည် ငယ်ရွယ်သောကြောင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိခဲ့ဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏ မိဘများက ပြုစုပျိုးထောင်ပေးခြင်းကို ခံရသည်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သင်၏ မိဘများက သင့်ကို မည်သို့ပင် ပြုစုပျိုးထောင်ခဲ့သည်ဖြစ်စေ ယင်းမှာ သင့်အပေါ်တွင် မူမတည်ခဲ့ပေ။ ၎င်းတို့က သင့်အား ကောင်းမွန်သော အစားအသောက်များ ပေးခဲ့လျှင် သင်သည် ကောင်းမွန်သော အစားအသောက်များ ရရှိခဲ့သည်။ သင့်မိဘများက ဖွဲကြမ်းများ၊ အရိုင်းပင်များကို အမှီပြုပြီး သင် အသက်ရှင်အောင် စားသောက်ရသည့် ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို သင့်အားပေးလျှင် သင်က ဖွဲကြမ်းနှင့် အရိုင်းပင်များကို အမှီပြုပြီး ရှင်သန်ရသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ပျိုးထောင်ခြင်းခံရသောအချိန်တွင် ပြုသမျှနုနေရပြီး သင့်မိဘများက ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းသည်။ သင့်မိဘများက ပန်းတစ်ပွင့်ကို ဂရုစိုက်ခြင်းနှင့် တူညီသည်။ ၎င်းတို့သည် ပန်းတစ်ပွင့်ကို ဂရုစိုက်လိုသောကြောင့် ၎င်းတို့က ထိုပန်းကို မြေဩဇာကျွေးသင့်သည်။ ရေလောင်းသင့်သည်။ နေရောင်ကို အသေအချာရရှိစေရန် လုပ်ဆောင်သင့်သည်။ ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။ ဤအရာကို အခြေခံကြည့်လျှင် သင့်မိဘများက သင့်အတွက် လုပ်ဆောင်ပေးသောအရာရာတိုင်းကို ကြင်နာခြင်းဟု သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်မိဘများက သင့်အပေါ် ၎င်းတို့၏တာဝန်အား ဖြည့်ဆည်းခြင်းသည် ကြင်နာမှုအဖြစ် အကျုံးမဝင်ပေ။ ထို့ကြောင့် ၎င်းတို့က ပန်းပွင့်၊ သို့မဟုတ် အပင်တစ်ပင်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီး ရေလောင်းကာ မြေဩဇာကျွေးလျှင် ကြင်နာခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) ယင်းသည် ကြင်နာခြင်းနှင့် ပို၍ပင် အလှမ်းဝေးသည်။ ပန်းများနှင့် အပင်များသည် အပြင်ဘက်တွင် ပို၍ ကောင်းမွန်စွာ ကြီးထွားကြသည်၊ ၎င်းတို့ကို မြေကြီးထဲတွင် စိုက်ပျိုးပြီး လေ၊ နေနှင့် မိုးရေတို့ ရရှိပါက ၎င်းတို့သည် ပို၍ပင် ရှင်သန်ကြီးထွားကြသည်။ ၎င်းတို့သည် အပြင်ဘက်တွင် ကြီးထွားသည့်အပြင် အိမ်တွင်းရှိ ပန်းအိုးတစ်လုံးထဲတွင် စိုက်ပျိုးသည့်အခါ ကောင်းစွာ မကြီးထွားကြ သို့မဟုတ် မဖြစ်ထွန်းကြပေ။ လူတစ်ဦးသည် မည်သို့သော မိသားစုမျိုးတွင် မွေးဖွားလာသည်ဖြစ်စေ ယင်းမှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခြင်း ဖြစ်သည်။ သင်သည် အသက်ကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်ပြီး ဘုရားသခင်သည် အသက်တိုင်းအတွက် တာဝန်ယူကာ လူတို့အား အသက်ရှင်သန်နိုင်စေပြီး ဖန်ဆင်းခံအားလုံး လိုက်နာသည့် နိယာမတရားကို လိုက်လျှောက်စေသည်။ လူတစ်ဦးအနေဖြင့် သင်သည် သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သည့် ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ရုံသာဖြစ်ပြီး သို့ဖြစ်၍ သင်သည် ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။ သင်သည် ထိုပတ်ဝန်းကျင်တွင် မွေးဖွားခဲ့ရခြင်းမှာ ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကြောင့် ဖြစ်သည်။ သင်သည် သင်၏ မိဘများ၏ ပြုစုပျိုးထောင်မှုဖြင့် အရွယ်ရောက်လာခဲ့ရခြင်းမှာလည်း ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကြောင့်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင့်ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် သင်၏ မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ခြင်းသည် ၎င်းတို့၏ ဝတ္တရားနှင့် တာဝန်ဖြစ်ပြီး ဤအရာကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်ပေ။ ယင်းကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်သောကြောင့် ဤသည်မှာ သင် ပျော်မွေ့ခံစားသင့်သည့် အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။...သင့်အား ပျိုးထောင်ခြင်းသည် သင့်မိဘများ၏ တာဝန်ဖြစ်သည်။ ၎င်းတို့က သင့်အား မွေးဖွားပေးခဲ့သည်။ ထို့ကြောင့် ၎င်းတို့တွင် သင့်အား လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရန် တာဝန်နှင့် ဝတ္တရားရှိသည်။ သင့်အား အရွယ်ရောက်သည်အထိ ပျိုးထောင်ပေးခြင်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်နှင့် ၎င်းတို့၏ ဝတ္တရားကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ သင်က ၎င်းတို့အပေါ် မည်သည့်အရာမျှ အကြွေးမတင်သောကြောင့် သင်သည် ၎င်းတို့ကို နစ်နာကြေးပေးရန် မလိုပေ။ သင်သည် ၎င်းတို့ကို နစ်နာကြေးပေးဖို့ မလိုအပ်သည့်အတွက် သင်၏မိဘများက သင်၏ ကြွေးရှင်များ မဟုတ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကျေးဇူးအတွက် ပြန်လည်ပေးဆပ်ရန် ၎င်းတို့အတွက် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်ဖို့မလိုသည်ကိုလည်းကောင်း ဤအရာက ရှင်းလင်းစွာ ပြသသည်။ ၎င်းတို့အပေါ် သင်၏တာဝန်အနည်းငယ်ကို ဖြည့်ဆည်းရန် အခြေအနေပေးလျှင် ဖြည့်ဆည်းလော့။ သင်၏ ပတ်ဝန်းကျင်နှင့် သင်၏ အရှိအတိုင်းဖြစ်သော အခြေအနေများက သင့်အား ၎င်းတို့အပေါ် သင်၏ ဝတ္တရားကို ဖြည့်ဆည်းရန် ခွင့်မပြုလျှင် သင်သည် များစွာတွေးတောရန် မလိုပေ။ ပြီးလျှင် သင်သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟုလည်း မထင်မြင်သင့်ပေ။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကိုနားလည်စေခဲ့တယ်၊ ဒီလောကထဲကို ဝင်လာတဲ့ လူတစ်ယောက်ချင်းစီကို ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲထားပြီးနဲ့ စီစဉ်ပေးတယ်ဆိုတာကိုပေါ့။ ကျွန်မ ဒီမိသားစုမှာ မွေးဖွားလာတာကလည်း ဘုရားသခင်ရဲ့ စီမံထားမှုပဲ။ အမေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ ဘယ်လောက်ပဲ ဒုက္ခခံခဲ့ရပါစေ၊ ဒါက သူ့ရဲ့တာဝန်ပဲဖြစ်ပြီး ကျွန်မက ဒါကို ကျေးဇူးတရားတစ်ခုအနေနဲ့ သဘောမထားသင့်ဘူး။ ဘုရားသခင်ပြောခဲ့သလိုပါပဲ။ “သင်၏ မိဘများတွင် အာဏာကုန် ရှိခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့က သင့်ကို မွေးဖွားခဲ့သောကြောင့်လည်းကောင်း၊ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် ၎င်းတို့တွင် ဝတ္တရားနှင့် တာဝန်ရှိသည်။ သင့်အား ပညာရေးထောက်ပံ့ပေးခြင်းဖြစ်စေ၊ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးခြင်းဖြစ်စေ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။” ဒါပေမဲ့ ကျွန်မက သမ္မာတရားကို နားမလည်ခဲ့ဘဲ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အမှုအရာတွေကို မမြင်ခဲ့ဘူး။ ကျွန်မအမြဲတမ်း ယုံကြည်ခဲ့တာက ကျွန်မအဖေဆုံးပြီးနောက်မှာ ကျွန်မအမေက မိဘနှစ်ပါးလုံးနေရာ ယူခဲ့တယ်။ ကျွန်မကျောင်းတက်နိုင်ဖို့ ခြိုးခြံချွေတာပြီး နေခဲ့တယ်၊ ကျွန်မကို အရွယ်ရောက်တဲ့အထိ ရုန်းကန်ပြီး ပြုစုပျိုးထောင်ခဲ့တယ်၊ အမေ့ရဲ့ ဂရုတစိုက်စောင့်ရှောက်မှုနဲ့ ပြုစုပျိုးထောင်မှုသာမရှိခဲ့ရင် ဒီနေ့ ကျွန်မဆိုတာ ရှိလာမှာမဟုတ်ဘူးပေါ့။ ကျွန်မအမေရဲ့စောင့်ရှောက်မှုကို ကျေးဇူးတရားတစ်ခုအနေနဲ့ ကျွန်မ သဘောထားပြီး ဒီပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို အမြဲပြန်ဆပ်ချင်ခဲ့တယ်။ သူဆုံးသွားပြီလို့ ကြားလိုက်ရတဲ့အချိန်မှာ ကျွန်မ အရမ်းစိတ်ဆင်းရဲခဲ့ပြီး၊ သူ့ကို ကောင်းကောင်းမစောင့်ရှောက်ခဲ့ဘူးလို့ ခံစားခဲ့ရတယ်။ သူ့ရဲ့နောက်ဆုံးအချိန်တွေမှာတောင် သူနဲ့အတူမရှိနိုင်ခဲ့တော့ ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့သမီးတစ်ယောက်လို့ ခံစားခဲ့ရတယ်။ သူ့အပေါ်မှာပဲ အကြွေးတင်တယ်လို့ ခံစားခဲ့ရပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်မပါတော့ဘူး။ ကျွန်မသာ အမေ့အပေါ် ဒီလိုအကြွေးတင်တဲ့စိတ်နဲ့ ဆက်ပြီးအသက်ရှင်နေပြီး ကိုယ့်တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ရင် အဲဒါမှ ကျွန်မဟာ တကယ်ကို အသိတရားမရှိ၊ လူ့သဘာဝမရှိ ဖြစ်မှာပဲ။ အမေ့ရဲ့သေဆုံးခြင်းကို တွေးကြည့်တဲ့အခါ၊ နောက်ဆုံးအချိန်မှာ သူနဲ့အတူရှိနိုင်ခဲ့ရင်တောင် သူ့အသက်ကို ကျွန်မ ကယ်နိုင်ခဲ့မှာ မဟုတ်ဘူး။ တခြားသူတွေက ကျွန်မကို သမီးကောင်းတစ်ယောက်လို့ ချီးကျူးခဲ့ရင်တောင်၊ အဲဒါက ဘာအဓိပ္ပာယ်ရှိမှာလဲ။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤအရာများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ ပြစ်တင်ရှုတ်ချခြင်းကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) “ဘာသာတရားမရှိသော လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့သော်ငြားလည်း ယင်းတို့သည် သက်ရှိလောကအတွင်းရှိ ဖြစ်စဉ်များမျှသာ ဖြစ်ကြသည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ လူသားများအပါအဝင် သက်ရှိသတ္တဝါအမျိုးမျိုးတို့သည် ဤနိယာမကို လိုက်နာကြပြီး ဤသည်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းတော်မူကြောင်းကို ထပ်မံ၍ သက်သေပြနေခြင်းလည်း ဖြစ်၏။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။...ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက သက်ရှိလောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်ဘဲ ဤဗီဇ ကင်းမဲ့နေလျှင် လူသားများသည် တိရစ္ဆာန်များထက် ပို၍ ယုတ်ညံ့သည် မဟုတ်ပေလော။ သို့ဖြစ်၍ သင်၏မိဘများက သင့်ကို ပြုစုပျိုးထောင်စဉ်တွင် သင့်ကို မည်မျှစောင့်ရှောက်ခဲ့သည်ဖြစ်စေ၊ သင့်အပေါ်၌ ၎င်းတို့၏ တာဝန်ကို မည်မျှပင် ဖြည့်ဆည်းခဲ့သည်ဖြစ်စေ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်အပ်သည့်အရာကိုသာ လုပ်ဆောင်နေခြင်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ ဗီဇဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ဒါကို နားလည်ခဲ့တယ်၊ ကျွန်မ ဒီလောက်တောင် နာကျင်ခံစားခဲ့ရတဲ့အကြောင်းရင်းက “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” “အသက်ကြီးသောအခါ ကျားကန်ဖို့ သားသမီးများ မွေးမြူပါ” ဆိုတဲ့ အတွေးအခေါ်တွေနဲ့ အမြင်တွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရလို့ပါပဲ။ မိဘကို သားသမီးဝတ်ကျေပွန်ခြင်းဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်လို့ ကျွန်မ ထင်ခဲ့ပြီး၊ ဒီလိုမလုပ်တာက သစ္စာဖောက်ရာရောက်ပြီး တိရစ္ဆာန်ထက်တောင် နိမ့်ကျစေတယ်လို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မက ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အိမ်မှာ အမေ့ကို မစောင့်ရှောက်နိုင်ခဲ့တော့ အပြစ်ရှိတဲ့စိတ်နဲ့ သူ့အပေါ် အကြွေးတင်တယ်လို့ ခံစားခဲ့ရတယ်။ လူတွေက ကျွန်မကို အသိတရားမရှိဘူး၊ မကောင်းတဲ့သမီးတစ်ယောက်လို့ ပြောမှာကိုလည်း ကြောက်ခဲ့တယ်၊ ဒါကြောင့် ဒီလောက်နာကျင်ခံစားခဲ့ရပြီး တာဝန်ကို အေးအေးဆေးဆေး မထမ်းဆောင်နိုင်ခဲ့ဘူး၊ နောက်တော့ အမေဆုံးသွားပြီလို့ ကြားတဲ့အခါ ကျွန်မ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတယ်။ ကျွန်မဟာ ဒီရိုးရာယဉ်ကျေးမှုရဲ့ အတွေးအခေါ်တွေ သွတ်သွင်းခံထားရပြီး ကျွန်မမိဘအပေါ် သားသမီးဝတ်ကျေပွန်ခြင်းကို ကျွန်မရဲ့ ဖန်ဆင်းခံတစ်ယောက်တာဝန် ထမ်းဆောင်ခြင်းထက် ပိုအရေးကြီးတယ်လို့ သဘောထားခဲ့တာကို ကျွန်မ မြင်ခဲ့တယ်၊ ဧဝံဂေလိတရားဟောပြောပြီး ကျွန်မတာဝန်ထမ်းဆောင်ခဲ့တာကိုတောင် ကျွန်မ နောင်တရခဲ့တယ်၊ ဒါဟာ ဘုရားသခင်ကို သစ္စာဖောက်ခြင်းရဲ့ သရုပ်သကန်တစ်ခု ဖြစ်မနေခဲ့ဘူးလား။ ဧဝံဂေလိတရားဟောလို့ ရဲဖမ်းခံရတာကြောင့် ကျွန်မ အိမ်မပြန်နိုင်ခဲ့ဘူး။ ဒါပေမဲ့ စီစီပီကို မုန်းရမယ့်အစား ဘုရားသခင်ကို ကျွန်မ အပြစ်တင်ခဲ့တယ်၊ ဒါဟာ ဧဝံဂေလိတရားဟောလို့ ဖြစ်ရတာလို့ ယုံကြည်ပြီးပေါ့။ ကျွန်မ တကယ်ကို ပြောင်းပြန် သဘောပေါက်ခဲ့ပြီး ဘယ်ဟာအမှန် ဘယ်ဟာအမှားဆိုတာ မခွဲခြားနိုင်ခဲ့ပါလား။ ကျွန်မပိုင်ဆိုင်သမျှအရာအားလုံးဟာ ဘုရားသခင်ဆီက လာတာပါ။ ကိုယ်တော်က ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မကို ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်ပေးခဲ့တယ်၊ ဒါကြောင့် ကျွန်မမှာ ဧဝံဂေလိတရားဟောပြောပြီး တာဝန်ထမ်းဆောင်ခွင့်၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရခွင့်တွေ ရခဲ့တာ။ ကျွန်မက ဘုရားသခင်ကို ကျေးဇူးမတင်ရုံမကဘဲ ကိုယ်တော့်ကို နားလည်မှုလွဲပြီး အပြစ်တင်ခဲ့တယ်၊ ကျွန်မတာဝန်ထမ်းဆောင်ခဲ့တာကိုတောင် နောင်တရခဲ့တယ်။ ကျွန်မ တကယ်ကို အသိတရားမရှိခဲ့တာပဲ။ အဲဒီတော့မှ ကျွန်မ နားလည်ခဲ့တာက၊ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” နဲ့ “အသက်ကြီးသောအခါ ကျားကန်ဖို့ သားသမီးများ မွေးမြူပါ” ဆိုတဲ့ အတွေးအခေါ်တွေနဲ့ အမြင်တွေဟာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တယ်ဆိုတာနဲ့၊ ဒါတွေဟာ စာတန်က လူတွေကို လမ်းလွဲစေပြီး ဖောက်ပြန်ပျက်စီးစေတဲ့ နည်းလမ်းတစ်ခုပဲဆိုတာကိုပေါ့။ ကျွန်မ စာတန်ရဲ့ အတွေးအခေါ်တွေနဲ့ အမြင်တွေအတိုင်း ဆက်ပြီးအသက်မရှင်ချင်တော့ဘဲ၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လူတွေနဲ့အမှုအရာတွေကို ကြည့်မြင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် နေထိုင်ကျင့်ကြံပြီး ပြုမူချင်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် လွမ်းဆွတ်သတိရခြင်းများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက ဗလာ မရှိပေ။ ပြင်ပ အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် ပြင်ပ အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆောင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ခရိုင်များ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ ရောက်ရှိသွားခြင်းမျိုး မဟုတ်ပေ။ သင်သည် သင်၏ ဝတ္တရားကို မဖြည့်ဆည်းနိုင်သည့် သင် အမျိုးမျိုးသော ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) “သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ သင်သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရန်သာ အလေးထားပါက ဤသည်မှာ သင် လုပ်ဆောင်သင့်သည့် တာဝန်များစွာကို အတားအဆီးဖြစ်စေလိမ့်မည်။ သင်၏ ဘဝတွင် သင် လုပ်ဆောင်ရမည့်အရာများစွာ ရှိပြီး သင် လုပ်ဆောင်သင့်သည့် ဤတာဝန်များသည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းရှင်က သင့်အား အပ်နှင်းထားခဲ့သည့်အရာများ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို သင် ပြန်လည်ပေးဆပ်ခြင်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏အထူးတာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် သင်သည် အခါအခွင့်သင့်သည့်အခါ၌ သင်သည် ဤအရာကို အနည်းငယ် လုပ်ဆောင်နိုင်ပြီး သင်၏ တာဝန်များကို အနည်းငယ် ဖြည့်ဆည်းနိုင်သည်၊ အခါအခွင့်မသင့်လျှင်မူ ထိုသို့ အတင်းအကျပ်ပြုလုပ်ရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်ရန် သင်၏ တာဝန်ကို မဖြည့်ဆည်းနိုင်ပါက ဤသည်မှာ ဆိုးရွားသော အမှားတစ်ခု မဟုတ်ပေ၊ ယင်းမှာ သင်၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုကို အနည်းငယ် ဆန့်ကျင်ရုံသာဖြစ်ပြီး သင်သည် အချို့လူများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်၊ ဤမျှသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားကို ဆန့်ကျင်ခြင်း မရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့အတွက် ဖြစ်ပါက သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကိုပင် ခံရလိမ့်မည်။ ထို့ကြောင့် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုခြင်းနှင့်ပတ်သက်၍ သင်သည် သမ္မာတရားကို နားလည်ပြီး လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များကို နားလည်သရွေ့ သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုရန် အခါအခွင့်မသင့်လျှင်ပင် သင်သည် လိပ်ပြာသန့်ပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ သားသမီးတွေအနေနဲ့ မိဘတွေကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာကို ကျွန်မနားလည်လာခဲ့တယ်။ အမေက ကျွန်မရဲ့ ကြွေးရှင်မဟုတ်ဘူး။ ကျွန်မ ဒီလောကထဲကို ပြီးမြောက်အောင်မြင်ရမယ့် တာဝန်တစ်ခုနဲ့ ရောက်လာတာ၊ အဲဒါကတော့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ပဲ။ အခြေအနေတွေနဲ့ အခြေအနေတွေကသာ ခွင့်ပြုခဲ့ရင် အမေ့ကို စောင့်ရှောက်နိုင်ခဲ့ပြီး သားသမီးဝတ်ကျေပွန်နိုင်ခဲ့မယ်၊ သားသမီးတစ်ယောက်ရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းနိုင်ခဲ့မှာပဲ။ အခြေအနေတွေက ခွင့်မပြုရင်လည်း ကျွန်မ အတင်းအကျပ်လုပ်စရာမလိုဘူး။ ပြီးတော့ ကျွန်မက အမေ့ကို သားသမီးဝတ်မကျေချင်ခဲ့တာမဟုတ်ဘူး၊ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိုက်လံဖမ်းဆီးမှုကြောင့်သာ သူ့ကို စောင့်ရှောက်ဖို့ အိမ်မပြန်နိုင်ခဲ့တာ။ ဒါက ကျွန်မ သားသမီးဝတ်မကျေတာ မဟုတ်ဘူး၊ တခြားသူတွေ ကျွန်မအပေါ် ဘယ်လိုထင်မြင်မလဲဆိုတာကို ဂရုစိုက်စရာမလိုဘူး။ အရေးကြီးဆုံးက ကျွန်မဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်ဆိုတာပါပဲ။ ဒါတွေကို နားလည်လိုက်တော့ ကျွန်မ ဘောင်ခတ်ခံထားရသလို မခံစားရတော့ဘဲ ကျွန်မတာဝန်အပေါ် စိတ်နှလုံးနှစ်ထားနိုင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်မှုကြောင့် ကျွန်မရဲ့ မှားယွင်းပြီးအဓိပ္ပါယ်မဲ့တဲ့ အမြင်တချို့ကို နားလည်သဘောပေါက်နိုင်ခဲ့တယ်၊ သမ္မာတရားစည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့နည်းနဲ့ အမေ့ကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ သဘောပေါက်ခဲ့တယ်၊ အမေ့အပေါ် အကြွေးတင်တဲ့စိတ်နဲ့ အသက်မရှင်တော့ဘဲ စိတ်နှလုံးကို တည်ငြိမ်နိုင်ခဲ့ပြီး ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်နိုင်ခဲ့တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...
ကျွန်တော်အသက် သုံးနှစ်အရွယ်မှာ ကျွန်တော့် မိဘတွေက စိတ်သဘောထားမတိုက်ဆိုင်ကြလို့ ကွာရှင်းခဲ့ကြပြီး လေးနှစ်အရွယ်ရောက်တော့...
ရှင်းယီ၊ တရုတ်ပြည်၂၀၁၂ ခုနှစ်မှာ ကျွန်မ အသင်းတော်တချို့ရဲ့အလုပ်အတွက် တာဝန်ရှိလာခဲ့တယ်။ အသင်းတော်ရွေးကောက်ပွဲကာလအတွင်းမှာ၊ ကျွန်မအမေက...
၂၀၁၂ခုနှစ်မှာ ကျွန်မတာဝန်ကိုလုပ်တဲ့အတွက် ကျွန်မက ရဲတွေဖမ်းတာခံခဲ့ရပြီး ထောင်ငါးနှစ်ချခံခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မအမေက အသက် ၆၀...