မနာလိုမှု အနှောင်အဖွဲ့များမှ လွတ်မြောက်ခြင်း

03.02.2022

ကျိုင်းလင် ဖိလစ်ပိုင်နိုင်ငံ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ မကြာခင်မှာပဲ၊ ဓမ္မတေးသီချင်းတွေအတွက် ဂီတဗီဒီယိုတွေမှာ ပင်တိုင်အဆိုတော်လုပ်ဖို့ တာဝန်ပေးခံရတယ်။ အစတော့ ညီအစ်ကို မောင်နှမ အတော်များများက ကျွန်မဆိုတာ ကောင်းတယ်ဆိုပြီး သတိထားမိကြသလို သွားတဲ့နေရာတိုင်းမှာ သူတို့ ကျွန်မကို မှတ်မိကြတယ်။ ကျွန်မလည်း ကြယ်ပွင့်တစ်ယောက်လို ခံစားရတော့ ပျော်မိခဲ့တာပေါ့။ သုံး၊ လေးလကြာတော့ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မအရွေးခံခဲ့ရတယ်။ ရေလောင်းပေးရမဲ့ လူသစ်တွေ အတော်များသလို နောက်ဆက်တွဲ လုပ်ရမဲ့ ဧဝံဂေလိအလုပ်တွေ အများကြီးပဲ။ လူသစ်တွေရဲ့ ပြဿနာတွေကို ပိုပြီး ကောင်းကောင်းကိုင်တွယ်ဖို့ ဧဝံဂေလိ ရုပ်ရှင်တွေ မကြာခဏကြည့်ပြီး ဘုရားအမှုတော်နဲ့ပတ်သက်တဲ့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး နားလည်အောင် လုပ်ခဲ့တယ်။ ပြီးတော့ သူတို့နားမလည်တဲ့ အယူအဆ၊ ပြဿနာတချို့ ရှိတဲ့အခါတိုင်း သူတို့ကို ကျွန်မမိတ်သဟာယပြုနိုင်ခဲ့ပြီး သူတို့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တယ်။ လူများတဲ့ အစည်းအဝေးတွေကိုလည်း ကျွန်မအမြဲဧည့်ခံရသလို ကျွန်မရဲ့ အစွမ်းအစကောင်းနဲ့ သိနားလည်မှုအတွက် ညီအစ်ကို မောင်နှမတွေက မကြာခဏ ချီးမွမ်းကြတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ လက်ခံမှုကို ရတော့ ကျွန်မသိပ်ပျော်ခဲ့တာပေါ့။ ဒါပေမဲ့ ဧဝံဂေလိအလုပ်ကို နောက်ဆက်တွဲ လုပ်ရာမှာ ကျွန်မသိပ်မထိရောက်ဘူး။ အသင်းတော် အသီးသီးက ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုကို ခေါင်းဆောင်တွေက လေ့လာစုံစမ်းကြတဲ့အခါတိုင်း ကျွန်မရဲ့ အသင်းတော်က အမြဲ အဆိုးဆုံး ဖြစ်နေခဲ့တယ်။ နောက်ပိုင်းမှာ အစ်မကေသီက ဧဝံဂေလိ ဟောဖို့ ကျွန်မတို့အသင်းတော်ကို ရွေ့ပြောင်းခံရတယ်။ အစ်မကေသီက သူ့အလုပ်ကို မြန်မြန်ဆန်ဆန် ကျင့်သားရသွားတာ တွေ့ရတယ်။ တခြားလူတွေက သူတို့တာဝန်တွေမှာ ဘယ်ပြဿနာတွေပဲရှိရှိ သူက မိတ်သဟာယပြု ဖြေရှင်းနိုင်ခဲ့သလို အစည်းအဝေးတွေကို ဧည့်ခံနေတဲ့အချိန်မှာလည်း သူတက်တက်ကြွကြွ မိတ်သဟာယပြုခဲ့တယ်။ အစ်မကေသီက သူ့တာဝန်မှာ သိပ်တာဝန်ယူတတ်တာကို ကျွန်မပျော်သင့်ခဲ့ပေမဲ့ ဘာကြောင့်မှန်းမသိ၊ သူ့ကို မကြိုက်ခဲ့ဘူး။ အစ်မကေသီက ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုတဲ့အခါတိုင်းမှာ သူ့ကို တွေ့တောင်မတွေ့ချင်ခဲ့ဘူး။ အထူးသဖြင့် သူတို့က အစ်မကေသီဟာ သိပ်တော်လွန်းတော့ သူ့ကို ဧဝံဂေလိ သင်းထောက်အနေနဲ့ ရွေးချင်တယ်လို့ ပြောကြတာ ကြားမိတဲ့အခါမှာပေါ့။ ပိုလို့တောင် ကသိကအောက်ဖြစ်ခဲ့တယ်။ ကျွန်မတွေးမိတာက “ရှင်ရောက်မလာခင်တုန်းက ညီအစ်ကို မောင်နှမတွေအားလုံး ကျွန်မရဲ့ အစွမ်းအစကောင်းကြောင့်၊ သိနားလည်မှုနဲ့ ရေလောင်းပေးမှုကြောင့် ကျွန်မကို ချီးမွမ်းကြတာ။ အားလုံးက အထင်ကြီးခဲ့ကြတာ။ အခု အားလုံးက ရှင်အတော်ဆုံးလို့ ထင်ပြီး ရှင့်ကို အထင်ကြီးကြတယ်။ အခု ဘယ်သူက ကျွန်မကို အထင်ကြီးတော့မလဲ” လို့ပေါ့။ အဲဒီအချိန်ကစပြီး အစ်မကေသီကို ကျွန်မ စမနာလိုဖြစ်မိခဲ့တယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မနေရာကို သူယူသွားမှာ စိတ်ပူမိခဲ့တယ်။

အဲဒီနောက်မှာ အစ်မကေသီက လူသစ်တွေရဲ့ အခြေအနေတွေကို မကြာခဏ ဖုန်းဆက်မေးပြီး လူသစ်အတော်များများကလည်း ပြဿနာတွေကို ဖြေရှင်းဖို့ သူ့ကို ရှာကြမှန်း တွေ့ရတယ်။ တစ်ခါမှာ ကျွန်မ ရေလောင်းပေးခဲ့တဲ့ ညီမတစ်ယောက်က ဧဝံဂေလိအလုပ်မှာ အခက်အခဲတွေရှိတော့ ကျွန်မရဲ့ ထင်မြင်ချက်ကို မေးတယ်။ သူ့ကို ကျွန်မမိတ်သဟာယပြုပြီးတဲ့နောက် အစ်မကေသီဆီ သူသွားတာလေ။ အဲဒါကို ကျွန်မသိလိုက်ရတော့ စိတ်မကောင်းဖြစ်မိတာပေါ့။ ကျွန်မရဲ့ အကြံပြုချက်တွေကို သူအလေးအနက်မထားတာ ဖြစ်မယ်၊ အစ်မကေသီက ကျွန်မထက်တော်တယ်လို့ သူထင်တာပဲဖြစ်မယ်၊ ပြီးတော့ သူကျွန်မကို အထင်ကြီးတော့မှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ ဝမ်းနည်းမှုနဲ့ ကျွန်မတွေးမိတယ်၊ “ဧဝံဂေလိအလုပ်နဲ့ပတ်သက်လို့ ငါအရမ်းညံ့တဲ့အတွက် ငါ့ရဲ့ ချွတ်ယွင်းချက်တွေကို ကျော်လွှားရမယ်။ အဲဒါဆို အစ်မကေသီထက် ညံ့မှာ မဟုတ်တော့ဘူး၊ နောင်အနာဂတ်မှာ ညီအစ်ကို မောင်နှမတွေမှာ ပြဿနာတွေရှိရင် သူ့အစား ငါ့ဆီ လာကြမှာပဲ” လို့ပေါ့။ နောက်နေ့တွေမှာ အစ်မကေသီက နောက်ကျမှ ညစာစားလေ့ရှိပြီး သူ့တာဝန်နဲ့ အလုပ်များနေတာကို တွေ့ရတယ်၊ တစ်ခါတလေ ညလုံးပေါက် သူအလုပ်လုပ်တာ။ ဒီတော့ ကျွန်မလည်း ကိုယ့်တာဝန်အတွက် ညဉ့်နက်အောင် နေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုဆို ညီအစ်ကို မောင်နှမတွေက ကျွန်မလည်း တာဝန်ယူတတ်ပြီး သူ့ထက် မညံ့မှန်း မြင်နိုင်မှာလေ။ နောက်တော့ အသင်းတော်က ဧဝံဂေလိသင်းထောက် ရွေးကောက်ပွဲ လုပ်တယ်။ တကယ်တော့ အဘက်ဘက်မှာ အစ်မကေသီက ဒီတာဝန်အတွက် အကောင်းဆုံးဖြစ်ပေမဲ့ သူ့ကို ကျွန်မ မရွေးချင်ခဲ့ဘူး။ အသင်းတော်မှာ သူရာထူးရသွားရင် လူတိုင်းရဲ့ အာရုံက သူ့ဆီ တဖြည်းဖြည်းပြောင်းသွားမယ်မှာပဲ၊ ကျွန်မထက် သူပိုစွမ်းဆောင်နိုင်တယ်လို့ သူတို့ ထင်ကြမှာပဲလို့ တွေးမိခဲ့တယ်၊ ဒါပေမဲ့ အသင်းတော် ခေါင်းဆောင်တွေက အလုပ်အားလုံးကို တစ်ကိုယ်တည်း မလုပ်နိုင်သလို ကူညီပေးမဲ့ သင်းထောက်တွေ လိုမှန်း စဉ်းစားမိတော့ အစ်မကေသီကို ရွေးရင်ကောင်းမလားလို့ တွေးမိပြန်တယ်။ သူ့ကို ရွေးရင် ညီအစ်ကို မောင်နှမတွေ သူ့ဆီ ဝိုင်းအုံကြပြီး ကျွန်မကို တစ်ယောက်တည်း ကျိန်းသေ ချန်ထားကြမှာပဲ။ အစ်မကေသီက အစွမ်းအစ သိပ်မြင့်မှန်းလည်း ကျွန်မဝန်ခံပြရမှာ၊ ပြီးတော့ ဧဝံဂေလိ သင်းထောက် တာဝန်တွေကို သူကိုင်တွယ်နိုင်မှာပဲ။ အချိန်အတော်ကြာ ကျွန်မ စဉ်းစားခဲ့ပြီး နောက်ဆုံးမှာ သူ့ကို အင်တင်တင်နဲ့ ရွေးလိုက်တယ်။

တစ်ခါ၊ အဖွဲ့လိုက် တေးဂီတ ဗီဒီယိုမှာ အသံသွင်းဖို့ ဖိလစ်ပိုင်နဲ့ အင်္ဂလိပ်စကားကောင်းတဲ့ ညီအစ်ကို မောင်နှမတစ်ယောက်ကို အသင်းတော်က ရှာနေခဲ့တယ်။ အစ်မကေသီရဲ့ ဖိလစ်ပိုင်နဲ့ အင်္ဂလိပ်စကားက နှစ်ခုလုံး ကောင်းတော့ နောက်ဆုံးမှာ ညီအစ်ကို မောင်နှမတွေက သူ့ကို ရွေးချယ်လိုက်ကြရော။ ကျွန်မအရမ်းစိတ်ပျက်သွားသလို “ငါ့ရဲ့ ဖိလစ်ပိုင်နဲ့ အင်္ဂလိပ်စကားကလည်း ကောင်းတာပဲ၊ ဒီတော့ ဘာလို့ သူတို့က ငါ့အစား သူ့ကို ရွေးကြတာလဲ” လို့ တွေးမိခဲ့တယ်။ သူ့ကို ကျွန်မအရမ်းမနာလိုဖြစ်မိသလို စိတ်နှလုံးထဲမှာ မုန်းတီးမှုတချို့လည်း ခံစားမိတယ်။ အဲဒီတုန်းက အစ်မကေသီမှာ အတော်အတန် မာနထောင်လွှားတဲ့ စိတ်သဘောထားရှိလို့ သူ့တာဝန်ကို သူဘယ်လိုဆောင်ရွက်နေတယ် ဆိုတာကို ခေါင်းဆောင်တွေက လေ့လာစုံစမ်းပြီး သူ့အပေါ် သုံးသပ်ချက်တစ်ခု ကျွန်မကို ရေးခိုင်းကြတယ်။ ကျွန်မသိပ်ပျော်သွားတာပေါ့။ ခေါင်းဆောင်တွေက သူ့ကို တခြားတာဝန်တွေ ပေးအောင်နဲ့ သူ့အနားမှာ ကျွန်မနောက်ထပ် ရှိနေစရာ မလိုတော့အောင် သူ့ရဲ့ ချွတ်ယွင်းချက်တွေကို ကျွန်မပိုပြီး တင်ပြချင်ခဲ့တာလေ။ ဒါပေမဲ့ အဲဒီလိုတွေးတာ မှားသလို သူ့ကို မှန်မှန်ကန်ကန် ဆက်ဆံသင့်မှန်းလည်း ကျွန်မသိတယ်။ အစ်မကေသီမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိပေမဲ့ သူ့ကို စည်းမျဉ်းနဲ့အညီ မျှမျှတတ ဆက်ဆံရမယ်လို့ ကျွန်မတို့ ခေါင်းဆောင်တွေကလည်း ကျွန်မတို့ကို မိတ်သဟာယပြုခဲ့တာလေ။ ဒါပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာတော့ သူ့ကို ညီအစ်ကို မောင်နှမတွေ အထင်ကြီးမှာကို စိုးရိမ်စရာမလိုအောင်လို့ သူ့ကို ထွက်သွားစေချင်ခဲ့တယ်။ ကျွန်မတွေးမိတာက “ရှင်မလာခင်တုန်းက ညီအစ်ကို မောင်နှမအားလုံးက အဖြေတွေရှာဖို့ ကျွန်မကို ရှာကြတယ်။ ဒါပေမဲ့ အခု ရှင်ရှိနေတော့ ကျွန်မအစား ရှင့်ကို သူတို့ အမြဲရှာကြတဲ့ပုံပဲ” လို့ပေါ့။ အဲဒါကိုတွေးမိတော့ ကျွန်မစိတ်ထိခိုက်ပြီး မသက်မသာဖြစ်မိတယ်။ ကျွန်မတို့ တာဝန်တွေ အတူလုပ်တဲ့ အတောအတွင်းမှာတောင် သူ့ကို မမြင်ချင်ခဲ့ဘူး။ မနာလိုမှုက ကျွန်မစိတ်နှလုံးကို အဲဒီတုန်းက တကယ်ထိန်းချုပ်သွားခဲ့တယ်။

နောက်တော့ အသင်းတော် အလုပ်ကို နောက်ဆက်တွဲလုပ်ရာမှာ ကျွန်မဖိအားတွေအများကြီးပဲ၊ ပြဿနာတချို့လည်း ရှိခဲ့တယ်၊ ဒါပေမဲ့ ဘုရားရဲ့ အလိုတော်ကို မခံစားနိုင်ခဲ့ဘူး။ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ အရမ်းခြေကုန်လက်ပန်းကျစရာ ကောင်းတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုကို မခံစားနိုင်ခဲ့သလို ကျွန်မရဲ့တာဝန်တွေမှာ ထိရောက်မှုမရှိခဲ့ဘူး။ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေက ကျွန်မရဲ့ တာဝန်တွေကို ထိခိုက်နေနှင့်တာကို အစည်းအဝေးတစ်ခုမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို မတွေ့ခင်ထိ သဘောမပေါက်ခဲ့ဘူး။ “အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ရာ၊ အကြင်သူသည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူရုံသာမက၊ ပင်ကိုစွမ်းရည်ရှိသည့်လူများကိုလည်း ရှာဖွေပြီး ပျိုးထောင်ရမည်ဖြစ်သည်၊ ၎င်းတို့အား အကြင်သူသည် ဖိနှိပ်ခြင်း သို့မဟုတ် မနာလိုခြင်း လုံးလုံး မရှိရပေ။ တာဝန်ကို ထိုသို့ထမ်းဆောင်ခြင်းသည် စံနှုန်းနှင့်အညီဖြစ်သကဲ့သို့၊ ထိုသို့လုပ်ဆောင်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည်လည်း စံနှုန်းနှင့်ညီပေသည်။ သင်သည် အရာအားလုံးကို အခြေခံသဘောတရားများအတိုင်း တိုး၍ ပြုမူဆောင်ရွက်နိုင်ပါက၊ သင်သည် သင်၏သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည်။ အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်၌က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ဦးကို ထောက်ခံအားပေးပြီး၊ ၎င်းအား အစွမ်းအစရှိဖို့ ပြုစုပျိုးထောင် ပေးကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၌ ပင်ကိုစွမ်းရည် ရှိသည့် နောက်ထပ်လူတစ်ဦး ရှိမည်ဆိုပါက၊ သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မက ကိုယ့်တာဝန်ကို ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်၊ လူတွေ အထင်ကြီး၊ လေးစားအောင် ထမ်းဆောင်နေခဲ့မှန်း သဘောပေါက်သွားတယ်။ အစ်မကေသီ အသင်းတော်ကို ရောက်လာတော့ သမ္မာတရားအပေါ် သူမိတ်သဟာယပြုနိုင်ပြီး ပြဿနာတွေ ဖြေရှင်းနိုင်မှန်း တွေ့ခဲ့ရတယ်။ ကျွန်မအစား သူ့ကို မိတ်သဟာယအတွက် တခြားလူတွေက ရှာကြတဲ့အခါ ကျွန်မနေရာကို သူယူသွားမှာ ကြောက်ခဲ့တယ်။ ဒါကြောင့် ကျွန်မ မနာလိုဖြစ်ခဲ့ပြီး သူ့ကို နေရာတိုင်းမှာ ပြိုင်ဆိုင်မိခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်ကြီးအောင်လို့ သမ္မာတရားကို ကျွန်မနားလည်ပြီး မိတ်သဟာယပြုနိုင်သလို လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှန်း ပြချင်ခဲ့တယ်။ အသင်းတော်က ဧဝံဂေလိ သင်းထောက်တစ်ယောက်ကို ရွေးတော့ ဒီအလုပ်အတွက် အစ်မကေသီမှာ စွမ်းရည်ရှိမှန်း သိခဲ့ပေမဲ့ ကျွန်မရဲ့ ထင်ပေါ်ကျော်ကြားမှုကို သူခိုးသွားမှာ ကြောက်ခဲ့တယ်၊ ဒါကြောင့် သူ့ကို မရွေးချင်ခဲ့ဘူး။ ကျွန်မစိတ်နှလုံးထဲမှာလည်း သူ့ကို မုန်းပြီး စက်ဆုပ်ခဲ့တယ်။ ရက်စက်တဲ့ ရည်ရွယ်ချက်တွေတောင် ရှိခဲ့ပြီး သူ့ရဲ့ အားနည်းချက်တွေ ရှာတွေ့ဖို့ ကြိုးစားခဲ့တယ်။ ဖောက်ပြန်ပျက်စီးခြင်းကို သူထုတ်ဖော်ပြတော့ ကျွန်မပျော်မိခဲ့တယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ အားသာချက်တွေကို တွေ့နိုင်အောင် သူ့အကြောင်း သုံးသပ်ချက်မှာ သူနှင်ထုတ်ခံရအောင်လို့ မကောင်းတဲ့အရာတချို့ ရေးချင်ခဲ့တယ်။ ကျွန်မက သူ့အစွမ်းအစကို မနာလိုဖြစ်ပြီး သူကျွန်မထက်တော်တာကို မခံမရပ်နိုင်ဖြစ်ခဲ့မှန်း၊ ကျွန်မဖော်ထုတ်တာက ရက်စက်တဲ့ စိတ်သဘောထားမှန်း ဘုရားနှုတ်ကပတ်တော်ထဲက ဖွင့်ပြချက်တွေကတစ်ဆင့်ပဲ သဘောပေါက်ခဲ့ရတာပါ။ အပြင်ပန်းမှာတော့ ကျွန်မက တာဝန်ကို တက်တက်ကြွကြွ ဆောင်ရွက်နေပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာတော့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထည့်မစဉ်းစားခဲ့ဘူး။ အစ်မကေသီက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကူညီခဲ့သလို ဧဝံဂေလိ အလုပ်ကို ပိုထိရောက်အောင် လုပ်ခဲ့တာလေ။ ဒါပေမဲ့ သူ့ထက် ဘယ်လိုတော်မလဲဆိုတာကိုပဲ ကျွန်မတွေးနေမိခဲ့တာ။ ဘုရားက ကျွန်မတို့စိတ်နှလုံးနဲ့ တာဝန်တွေအပေါ် သဘောထားတွေကို ဆန်းစစ်တယ်။ ဘုရားကို ကြောက်ရွံ့ခြင်းမရှိ‌ဘဲ ကိုယ့်တာဝန်ကို ကျွန်မထမ်းဆောင်ခဲ့တာ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းနောက် လိုက်တာကိုပဲ ဂရုစိုက်ခဲ့တယ်။ ဒီလိုပြုမူတာကို ဘုရားစက်ဆုပ်တယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ရတယ်။ “သင်တို့၏ ခေါင်းထဲတွင် ပြည့်နေသော အယူအဆများ၊ စိတ်ကူးများ၊ အသိပညာများ၊ တစ်ကိုယ်ရေ ရည်ရွယ်ချကနှင့် ဆန္ဒများသည် နဂိုပုံစံကနေ မပြောင်းလဲဘဲ တည်ရှိနေသည်။ ထို့ကြောင့် ဘုရားအိမ်တော်က ပါရမီ အမျိုးမျိုးကို ပျိုးထောင်ပေးမည်ဟု သင် ကြားလျှင် ရာထူး၊ ဂုဏ်၊ သို့မဟုတ် ဂုဏ်သတင်းနှင့် သက်ဆိုင်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ စိတ်နှလုံးများက မျှော်လင့်စောင့်စားချက်ဖြင့် ခုန်တက်သွားကြပြီး သင်တို့အသီးသီးက ထင်ပေါ်ချင်ကြသည်၊ ကျော်ကြားချင်ကြပြီး အသိအမှတ်ပြုခံချင်ကြသည်။ လူတိုင်းက အလျှော့ပေးရန် မလိုလားကြ၊ ယင်းအစား ယှဉ်ပြိုင်ခြင်းက စိတ်ကသိကအောက်ဖြစ်စေကာ ဘုရားအိမ်တော်ထဲတွင် ခွင့်မပြုထားသော်လည်း အမြဲ ဖက်ပြိုင်ချင်ကြသည်။ သို့သော်၊ ယှဉ်ပြိုင်မှုမရှိဘဲ သင်တို့သည် မရောင့်ရဲနိုင်ကြသေး။ တစ်စုံတစ်ဦးက ထင်ပေါ်သည်ကို သင်မြင်သည့်အခါ၊ မနာလိုဝန်တိုမှုကို သင်ခံစားရသည်၊ မုန်းတီးမှုကို ခံစားရပြီး ယင်းမှာ မျှတခြင်းမရှိဟု သင်ခံစားရသည်။ ‘ဘာကြောင့် ငါ မထင်ပေါ်နိုင်ရတာလဲ။ အဲဒီလူက ဘာလို့ အမြဲ ထင်ပေါ်ရတဲ့သူဖြစ်ရပြီး ငါ့အလှည့် ဘယ်တော့မှ မရောက်ရတာလဲ။’ ထို့နောက် သင်သည် မကျေမချမ်းမှုအနည်းငယ် ခံစားရ၏။ ယင်းကို သင် ချုပ်တည်းရန် ကြိုးစားသော်လည်း သင် မတတ်နိုင်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး တစ်ခဏမျှ သင် သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် သင် ကြုံရသည့်အခါ၊ ယင်းကို သင် မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ ထိုသို့သော အခြေအနေတွေထဲ လူတစ်ဦး ကျဆင်းရခြင်းသည် ထောင်ချောက် တစ်ခုမဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို ထုတ်ဖော်ပြခဲ့တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် အာသီသ ပြင်းထန်ခဲ့လို့၊ ထင်ပေါ်ချင်ပြီး လူတွေရဲ့ စိတ်နှလုံးမှာ နေရာရချင်လို့ ကိုယ့်အစ်မကို ကျွန်မ မနာလိုဖြစ်ခဲ့တာပါ။ သတိရသေးရဲ့။ ကောလိပ်တုန်းကဆို တခြားလူတွေဆီက ချီးမွမ်းတာ၊ လေးစားတာတွေ ရဖို့ ကိုယ့်အတန်းဖော်တွေနဲ့ ကျွန်မပြိုင်ဆိုင်ခဲ့တယ်၊ ကျွန်မတို့ ထင်ပေါ်နေနိုင်သရွေ့ အချင်းချင်း ထိခိုက်လည်း ကိစ္စမရှိခဲ့ဘူး။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ဘုရားအိမ်တော်ထဲမှာလည်း ကျွန်မ အဲဒီအတိုင်း လိုက်လုပ်ခဲ့တယ်။ အစ်မကေသီက ကျွန်မထက် တော်တာတွေ့တော့ သူ့ထက်သာချင်ခဲ့ပြီး သူ့ကို မုန်းတောင်မုန်းခဲ့တယ်။ ဘာလို့လဲဆိုတော့ ပိုများတဲ့ လူတွေရဲ့ လက်ခံမှုကို ကျွန်မရချင်ခဲ့ပြီး လူတွေရဲ့ လေးစား၊ ကြည်ညိုတာ ခံရဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ မျှော်လင့်မိခဲ့လို့ပဲ၊ အဲဒါက ကျွန်မ ဘယ်လောက်မာနထောင်လွှားမှန်း ပြခဲ့တယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက် လိုက်နေခဲ့မှန်းလည်း တွေ့ရတယ်၊ အဲဒါကြောင့် ကိုယ့်တာဝန်တွေကို‌ ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့တာ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို မရနိုင်ခဲ့သလို ကျွန်မရဲ့စိတ် ပိုကျဉ်းကြပ်သလို ခံစားခဲ့ရတာပဲ။ “ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်” လို့ ဘုရားနှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြတဲ့အတိုင်းပါပဲ။ သမ္မာကျမ်းစာ ပြောတာကို သတိရတယ်၊ “ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။” (သုတ္တံကျမ်း ၁၄:၃၀) အမှန်ပဲ။ မနာလိုမှုတာ ဆိုးယုတ်တဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်တစ်ခုပဲ။ အဲဒါက လူတွေကို မုန်းစေနိုင်ပြီး ယုတ္တိမရှိတဲ့ အရာတွေကိုတောင် လုပ်စေနိုင်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို တွေ့ခဲ့ရပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက် လိုက်ခြင်းရဲ့ အဖြစ်အနေနဲ့ အကျိုးဆက်တွေကို နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အကယ်၍ သင်သည် သင်၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ စဉ်ဆက်မပြတ် ဖြည့်ဆည်းရင်း၊ ဇာတိပကတိအားဖြင့်အမြဲ အသက်ရှင်နေပါက၊ ထိုသို့သော လူများသည် သမ္မာတရား၏လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးခြင်း ဆောင်ကြဉ်းမှု၏ အမှတ်အသားဖြစ်၏။ သင်က ‘ကျွန်ုပ်သည် မည်သည့်အရာကိုမျှ မလုပ်ရသေးပါ၊ ကျွန်ုပ်သည် ဘုရားသခင်ကို အဘယ်သို့ အရှက်ရစေခဲ့သနည်း’ဟု ဆိုသည်။ ဆိုးယုတ်သောအရာမဟုတ်သည့်အရာတစ်ခုမျှ သင်၏ စိတ်ထဲတွင် မရှိပေ။ သင်သည် စာတန်နှင့်သက်ဆိုင်သည့်သူတစ်ယောက်ဖြစ်သည်။ သင်၏လုပ်ဆောင်ချက်များ နောက်ကွယ်မှ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် စေ့ဆော်မှုများနှင့် သင် ပြုခဲ့ပြီးသောအရာများ၏ အကျိုးဆက်များ၌၊ သင်သည် စာတန်ကို နည်းလမ်းတိုင်းတွင် ကျေနပ်အားရနေစေ၏၊ ၎င်း၏အဟားခံရသူဖြစ်နေပြီး၊ ၎င်းအား သင့်ထံမှ တစ်စုံတစ်ရာ ရယူခွင့်ပြုလျက်နေ၏။ သင်၌ ခရစ်ယာန်တစ်ဦးအနေဖြင့် ရှိသင့်သော သက်သေခံချက် နည်းနည်းမျှ မရှိပေ။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏နာမတော်ကို အရှက်ရစေပြီး သင်၌ စစ်မှန်သော သက်သေခံချက် မရှိပေ။ ဘုရားသခင်သည် သင်ပြုခဲ့ပြီးသောအရာများကို အမှတ်ရမည်လော။ အဆုံးတွင် ဘုရားသခင်သည် သင်၏လုပ်ဆောင်ချက်များနှင့် သင် ထမ်းဆောင်ခဲ့သော တာဝန်များနှင့်ပတ်သက်၍ မည်သည့်ကောက်ချက်ကို ချမှတ်မည်နည်း။ ထိုအရာမှ တစ်စုံတစ်ရာ၊ ထွက်ဆိုချက်တစ်မျိုး လာရမည်မဟုတ်လော။ သမ္မာကျမ်းစာထဲတွင် သခင်ယေရှုက ‘ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။’ (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု ဆို၏။ သခင်ယေရှုသည် အဘယ်ကြောင့် ဤသို့ပြောခဲ့သနည်း။ သခင်၏နာမ၌ နာမကျန်းဖြစ်သူများကို ကုသပေး၍ နတ်ဆိုးများကို နှင်ထုတ်သောသူများ၊ သခင်၏နာမ၌ ဟောပြောရန် ခရီးသွားသူများသည် အဘယ်ကြောင့် အဓမ္မအမှုပြုသူများ ဖြစ်ခဲ့သနည်း။ ဤအဓမ္မအမှုပြုသူများမှာ မည်သူနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်သောသူများ ဖြစ်သလော။ ၎င်းတို့အားလုံး ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် ပစ္စည်းဥစ္စာများကိုလည်း စွန့်လွှတ်ကြသည်၊ ဘုရားသခင်အတွက် ၎င်းတို့ကိုယ်ကို အသုံးခံကြပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြသည်။ သို့သော်လည်း ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ ၎င်းတို့သည် ကိုးကွယ်ဆည်းကပ်ခြင်းနှင့် သက်သေခံခြင်း ကင်းမဲ့ကြသဖြင့် ၎င်းမှာ အဓမ္မအမှုပြုခြင်း ဖြစ်ခဲ့သည်။ ဤအကြောင်းကြောင့် သခင်ယေရှုက ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုခဲ့ခြင်းဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီကျမ်းပိုဒ်ကို ဖတ်မိတဲ့နောက်မှာ တရားစီရင်ခံရသလို ခံစားရပြီး ရှက်မိတယ်။ ကိုယ့်ရဲ့ စိတ်ကူးတွေ၊ အတွေးတွေ၊ ရည်ရွယ်ချက်တွေနဲ့ အရင်းခံအကြောင်းတွေက ဘုရားကို လုံးဝ စိတ်မကျေနပ်စေမှန်း၊ အဲဒါတွေက တခြားလူတွေ ကျွန်မကို လေးစားအောင်လုပ်ဖို့ သက်သက်ဖြစ်မှန်း တွေ့ခဲ့ရတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မထက် အစ်မကေသီကို ပိုအာရုံစိုက်ကြတာတွေ့တော့ ကျွန်မ မနာလိုဖြစ်တယ်၊ ပြိုင်ဆိုင်လိုစိတ် ဖြစ်တယ်၊ သူ့ထက် သာချင်ခဲ့တယ်။ တခြားအသင်းတော်ကို သူပြောင်းရွေ့ခံရဖို့တောင် မျှော်လင့်ခဲ့တယ်။ အသင်းတော် ခေါင်းဆောင်အနေနဲ့ အသင်းတော် အလုပ်ကို လုပ်ဖို့ လူတွေကို ပျိုးထောင်ပေးခြင်းအပေါ် ကျွန်မအာရုံမစိုက်ခဲ့မှန်း၊ ကိုယ့်တာဝန်ကို လျစ်လျူရှုနေခဲ့မှန်း၊ မှားတဲ့လမ်းကြောင်း လျှောက်နေခဲ့မှန်း၊ ပါရမီရှိသူကို မနာလိုဖြစ်ပြီး ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်လိုက်တဲ့ အခြေအနေမှာ အသက်ရှင်ခဲ့မှန်း တွေ့ရတယ်။ ကျွန်မက သခင်ယေရှု ရှုတ်ချခဲ့တဲ့ မကောင်းမှုပြုသူတွေနဲ့ အတူတူပါပဲ။ သူတို့က ဆင်းရဲဒုက္ခခံပြီး အလုပ်လုပ်ခဲ့ကြပေမဲ့ ဘုရားကို သစ္စာစောင့်သိမှု မရှိခဲ့ကြဘူး၊ သက်သေခံချက် မရှိခဲ့ကြဘူး၊ ပြီးတော့ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ တခြားလူတွေ သူတို့ကို အထင်ကြီးဖို့ ကြိုးပမ်းခဲ့ကြတယ်။ ကျွန်မလည်း အတူတူပဲ။ ညီအစ်ကို မောင်နှမတွေရဲ့ ချီးမွမ်းတာကို ရဖို့၊ ပြီးတော့ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ဆင်းရဲဒုက္ခခံပြီး အသုံးခံခဲ့တယ်။ ကြွားဝါရင်း ကျွန်မအလုပ်များနေတုန်း ကျွန်မရဲ့ တာဝန်ထဲက ရည်ရွယ်ချက်တွေ မမှန်တော့ဘူး။ အဲဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရဖို့ ကျွန်မအတွက် မဖြစ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ မိတ်သဟာယမှာ အလင်းမရှိသလို လူသစ်တွေအတွက် ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ မနာလိုဖြစ်တာက တကယ်ကို မကောင်းတဲ့အရာပဲ၊ ဘုရားသခင်စက်ဆုပ်တဲ့ အရာပဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) အပြင်ပန်းအားဖြင့် ဘုရားအတွက် ခရီးသွားပြီး ဆင်းရဲဒုက္ခခံပေမဲ့ တကယ်တမ်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေနဲ့ အကြောင်းရင်းတွေကို ဖြည့်ဆည်းဖို့အတွက်ပဲ အလုပ်လုပ်တဲ့သူတွေကို ဘုရားက တကယ်မုန်းတယ်။ သူတို့လုပ်တာက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအတွက်ပဲ။ ဘုရားကို စိတ်ကျေနပ်စေဖို့၊ သက်သေခံဖို့ လုံးဝ မဟုတ်ဘူး။ ဒါကြောင့် အလုပ်တွေအများကြီး သူတို့လုပ်ကြတဲ့တိုင်အောင် အဲဒါကို ဘုရားက အသိအမှတ်မပြုတာပဲ။ ကျွန်မကိုယ်တိုင်လည်း အဲဒီအတိုင်း လုပ်နေမှန်း တွေ့ရတယ်။ အပြင်ပန်းမှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေပေမဲ့ သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိဖို့ မကြိုးစားခဲ့ဘူး၊ ကိုယ့်အဖော်ရဲ့ အားသာချက်တွေကနေ သင်ယူဖို့ မကြိုးစားခဲ့ဘူး။ အဲဒီအစား ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်လိုက်တဲ့ လမ်းကြောင်း အမှားကို လျှောက်ခဲ့တယ်။ ဒီတော့ အဲဒီမကောင်းမှုပြုသူတွေနဲ့ ကျွန်မ မကွာခြားဘူး။ သမ္မာတရားကို လိုက်စားဖို့မဟုတ်ဘဲ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်လိုက်ဖို့ ဘုရားကို ယုံကြည်ခြင်းက ဘုရားကို ဆန့်ကျင်ခြင်း လမ်းကြောင်းပဲ။ အပြင်ပန်းမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ စွန့်လွှတ်ပြီး အသုံးခံပါစေ ဘုရားက လုံးဝ လက်ခံမှာ မဟုတ်ဘူး။ ပေါလုက သရဖူတွေ ရဖို့နဲ့ တခြားလူတွေ သူ့ကို အထင်ကြီးပြီး ကြည်ညိုဖို့သက်သက် ဘယ်လောက် အသုံးတော်ခံခဲ့တဲ့အကြောင်း တွေးမိတယ်။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့ လုံးဝ မကြိုးစားခဲ့ဘူး၊ သူလုပ်ခဲ့တဲ့အရာက ဘုရားကို သက်သေခံနေတာ မဟုတ်ဘူး၊ သူ့ကိုယ်သူ သက်သေခံနေခဲ့တာ။ နောက်ဆုံးမှာ အဲဒီအတွက် ဘုရားက သူ့ကို အပြစ်ပေးခဲ့တယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေနဲ့ ကိုယ့်တာဝန်တွေကို ကျွန်မဆက်ထမ်းဆောင်နေခဲ့ရင် ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်ပြီး နှောင့်ယှက်မိခဲ့မှာ၊ မရည်ရွယ်ဘဲနဲ့ ပေါလုလိုပဲ မကောင်းမှုပြုတဲ့သူ တစ်ယောက်ဖြစ်လာပြီး ဘုရားရဲ့ ငြင်းပယ်၊ ဖယ်ရှင်းတာ ခံခဲ့ရမှာပဲ။ ဒါကို ကျွန်မသဘောပေါက်လိုက်တာနဲ့ ဘုရားရှေ့ တိုးဝင်ပြီး ဆုတောင်းခဲ့တယ်။ ကျွန်မပြောတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်လိုက်တဲ့ အခြေအနေမှာ သမီးအသက်ရှင်ပါတယ်။ ကိုယ့်အစ်မကို သမီးမနာလိုဖြစ်မိပြီး သူနဲ့ နှိုင်းယှဉ်၊ ပြိုင်ဆိုင်မိပါတယ်။ ဘုရားသခင်၊ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သမီးရဲ့ တာဝန်မှာ အတားအဆီး မဖြစ်စေချင်ပါဘူး။ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းပြီး တာဝန်ကို ဖြည့်ဆည်းဖို့ ကိုယ့်အစ်မနဲ့ အလုပ်လုပ်ချင်ပါတယ်။ ဘုရားသခင်၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်မိတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ တခြားလူတွေက ကျွန်မတို့ကို ချီးမွမ်းပြီး လေးစားအောင် ကိုယ့်တာဝန်တွေကို သူတို့ရှေ့မှာ ကျွန်မတို့ မလုပ်သင့်ဘူး။ ကိုယ့်ရဲ့ ဂုဏ်သတင်းကို ဘေးဖယ်ထားသင့်တယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို စဉ်းစားပြီး ကိုယ့်တာဝန်တွေကို ဦးစားပေးသင့်တယ်။ ဒါက ဘုရားအလိုတော်နဲ့ ကိုက်ညီတယ်။ အစ်မကေသီက ဧဝံဂေလိအလုပ်ကို ကောင်းကောင်းလုပ်ပြီး သူ့တာဝန်တွေမှာ တာဝန်သိတတ်ခဲ့တယ်။ သူ့ကို ကျွန်မ မနာလိုမဖြစ်ခဲ့သင့်ဘူး။ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖာထေးဖို့ သူ့ရဲ့ အားသာချက်တွေကနေ သင်ယူသင့်တာ၊ သူနဲ့ အဆင်ပြေပြီး ကိုယ့်တာဝန်ကို သူနဲ့အတူ ထမ်းဆောင်သင့်တာ။

တစ်ခါမှာ ကျွန်မရဲ့ ဝမ်းကွဲကို ဧဝံဂေလိ ဟောချင်ခဲ့တယ်၊ ဒါပေမဲ့ သူ့မှာ နက်ရှိုင်းတဲ့ ဘာသာရေး အယူအဆတွေရှိပြီး သူ့ကို ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်အကြောင်း ဘယ်လိုသက်သေခံရမှန်း ကျွန်မ မသိခဲ့ဘူး၊ ကျွန်မရဲ့ မိတ်သဟာယ မရှင်းမှာကိုလည်း စိတ်ပူမိခဲ့တယ်။ ဒါကြောင့် ကျွန်မနဲ့ တွဲဖို့ ညီအစ်မတစ်ယောက်ကို ရှာချင်ခဲ့တာ၊ အစ်မကေသီကို တွေးမိပေမဲ့ တုံ့ဆိုင်းနေမိခဲ့တယ်။ ကျွန်မစဉ်းစားမိတာက “သူ့ကို ငါ့တွဲဖော်အနေနဲ့ ခေါ်လိုက်ရင် ငါညံ့မှန်း သက်သေပြသလို ဖြစ်မသွားဘူးလား။ ဘုရားအမှုတော်ကို ငါသက်သေမခံနိုင်တာ၊ ဘာသာရေး အယူအဆတွေကို မဖြေရှင်းနိုင်တာ မဖြစ်သွားဘူးလား။ ညီအစ်ကို မောင်နှမတွေကသာ သိသွားရင် သူတို့ ငါ့ကို အထင်သေးကြမှာလား။ ငါ့ဝမ်းကွဲရဲ့ ဘာသာရေး အယူအဆတွေကို အစ်မကေသီက ဖြေရှင်းခဲ့ရင် ညီအစ်ကို မောင်နှမတွက သူ့ကို သေချာပေါက် အထင်ကြီးကြမှာပဲ” လို့ပေါ့။ အဲဒီအတွေးကို တွေးမိတဲ့အချိန်မှာပဲ ကျွန်မက သူ့ကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ထပ်ပြီး ပြိုင်ဆိုင်နေမိမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ဘုရားဆီ တိတ်တဆိတ် ကျွန်မဆုတောင်းတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်ရမိခဲ့တယ်။ “သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ဉာဏ်အလင်းပေးခဲ့တယ်။ ကိုယ့်မာနကို ချထားပြီး သူနဲ့ ကျွန်မပူးပေါင်းလုပ်ဆောင်ရမှာပါ။ ဒီလို လက်တွေ့လုပ်ဆောင်တာက ကျွန်မရဲ့ တာဝန်တွေကို အထောက်အကူပေးမှာပဲ။ သူ့အပေါ် ကျွန်မ မနာလိုဖြစ်မြဲဖြစ်ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် သူ့ကို ပြိုင်ဆိုင်နေခဲ့ရင် ကျွန်မရဲ့ အခြေအနေက ပိုအပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျစရာ ဖြစ်လာရုံပဲ ရှိမှာ၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းက စာတန်ရဲ့ လမ်းကြောင်း ဖြစ်လို့လေ။ ဘုရားကို ကျွန်မဆုတောင်းခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ သမီးမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ရှိနေတုန်းပဲဆိုတာ သိပါတယ်။ ကိုယ့်အစ်မကို သမီးမနာလိုဖြစ်ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် သူ့ကို ပြိုင်ဆိုင်ဖို့ စဉ်းစားတယ်၊ ဒါပေမဲ့ သမီးရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သမီးဘေးဖယ်ထားသင့်တာပါ။ ကျေးဇူးပြုပြီး ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ဇာတိပကတိကို စွန့်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာမှာ လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ပိုစိတ်အေးလက်အေးဖြစ်သွားပြီး အခြေအနေကို ရှင်းပြဖို့ အစ်မကေသီဆီ ကျွန်မသွားခဲ့တယ်။ သူက ချက်ချင်းသဘောတူပြီး ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာကို ကျွန်မနဲ့ ဆွေးနွေးခဲ့တယ်။ အဲဒါကို တွေ့တော့ ကျွန်မသိပ်တို့ထိသွားရော။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းအတွက် အမြဲ အသက်ရှင်ခဲ့ပြီး အစ်မကေသီနဲ့ အဆင်ပြေသလို ဟန်ဆောင်ခဲ့ပေမဲ့ ကျွန်မရဲ့ တကယ့်အတွေးတွေ သူလုံးဝ မသိခဲ့ပုံကို ကျွန်မတွေးမိတယ်။ ဒါကြောင့် အစ်မကေသီဆီ ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့တယ်။

ညစာစားပြီးတဲ့နောက်မှာ အစ်မကေသီကို ကျွန်မစကားပြောပြီး ကျွန်မ ဖော်ထုတ်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်း အားလုံးကို မိတ်သဟာယပြုခဲ့တယ်။ ဒါကို ကြားပြီးတဲ့နောက်မှာ သူပြောလာရော၊ “ကိစ္စမရှိပါဘူး။ တကယ်တော့ ဒီလိုကိစ္စမှာ အစ်မက ညီမထက် ပိုပြီး ဖောက်ပြန်ပျက်စီးပါတယ်။ ဒီလို မိတ်သဟာယမျိုးက တကယ်ကောင်းတယ်” တဲ့။ ကျွန်မဖွင့်ပြောပြီးတဲ့နောက်မှာ အတော်လည်း စိတ်အေးသွားရတယ်။ ပြီးတော့ သူ့အပေါ် ကျွန်မရဲ့ မနာလိုမှုကို လက်လွှတ်နိုင်ခဲ့တယ်။ အခု ကိုယ့်တာဝန်တွေကို အစ်မကေသီနဲ့ ကျွန်မထမ်းဆောင်နိုင်ပြီ၊ နက်ရှိုင်းတဲ့ လုံခြုံမှုနဲ့ လွတ်မြောက်မှုကို ခံစားလိုက်ရတယ်။ ဒီအရာအားလုံးက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကြောင့် ရရှိတဲ့ အကျိုးတရားပါပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာက ကျွန်မတို့ကို အေးချမ်းစေပြီး စိတ်အေးသက်သာ ဖြစ်စေတယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မကောင်းမှုပြုသူကို ရိပ်စားမိခြင်းမှ ကျွန်တော်ရရှိခဲ့သည့်အရာ

ကျန်းယိ ဂျပန်နိုင်ငံ ၂၀၁၅၊ သြဂုတ်လမှာ အစ်မချန်းက လက်တွေ့အလုပ်ကိုမလုပ်လို့ အထုတ်ခံရတာကို ကျွန်တော် သိလိုက်ရတယ်။ သူက ကျော်ကြားမှုနဲ့...

လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းကို ကုစားပြီးနောက်မှသာ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်သည်

ကျင်းရှမ်း၊ ဂျပန် သာမန်အားဖြင့်၊ အစည်းအဝေးအတွင်း သို့မဟုတ် ကျွန်တော့်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု လုပ်ဆောင်နေစဉ်အတွင်းတွင်၊ လူတို့ကို...

ကျွန်မသည် ဖာရိရှဲတို့၏ လမ်းကြောင်းကို လျှောက်နေခဲ့ကြောင်း သတိပြုမိခြင်း

ရှန်ဇီနယ်မှ၊ ဝူဇင်ရေးသားသည်။ ယခင်တွေ့ဆုံစဉ်များက ကျွန်မတို့အမြဲတမ်းဆွေးနွေးဖြစ်ခဲ့သည့် အကြောင်းအရာမှာ ပေတရုနှင့်ပေါလုတို့ လျှောက်ခဲ့ကြသော...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။