မိဘ၏ ပြုစုပျိုးထောင်ပေးသော ကျေးဇူးကို အဘယ်သို့ သဘောထားရမည်

18.02.2026

ရှန်မင်း၊ တရုတ်ပြည်

ကျွန်တော်က ကျေးလက်မိသားစုမှာ မွေးဖွားခဲ့ပြီး၊ မိဘတွေက လယ်လုပ်ပြီး အသက်မွေးကြပါတယ်။ ကျွန်တော် မှတ်မိတတ်တဲ့အရွယ်ကတည်းက၊ မိဘတွေရဲ့ ကျန်းမာရေးက အမြဲ ချူချာခဲ့တယ်၊ အထူးသဖြင့် အဖေက ခြေထောက်နဲ့ ခြေဖဝါးနှစ်ဖက်စလုံး မကောင်းတော့ သူ့အခြေအနေဆိုးတဲ့အခါ လမ်းလျှောက်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ မိသားစု စားဝတ်နေရေးအတွက်၊ အဖေက နေမကောင်းဖြစ်နေရင်တောင် ခဏခဏ အလုပ်လုပ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက၊ မိဘတွေက ကျွန်တော်နဲ့ ကျွန်တော့်အစ်မကို နားပူနားဆာလုပ်ပြီးတော့ “နင်တို့ ကြီးလာရင်၊ မိဘကို လုပ်ကျွေးပြုစုရမယ်နော်။ ငါတို့ အများကြီး မတောင်းဆိုပါဘူး၊ နင်တို့အဘိုးအဘွားတွေကို ငါတို့ ဆက်ဆံခဲ့သလိုမျိုး ငါတို့ကို ပြန်ဆက်ဆံရင် ရပါပြီ။ ကြီးလာလို့ အဲဒီလို လုပ်နိုင်ရင် ငါတို့ ဝမ်းသာပြီ” ဆိုပြီး ပြောတယ်။ အဲဒီတုန်းက၊ ကျွန်တော်က ငယ်သေးတော့ မိဘအပေါ် သားသမီးဝတ်ကျေပွန်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဘာအမြင်မှ မရှိခဲ့ဘူး၊ ဒါပေမဲ့ ကျွန်တော် အသက်ကြီးလာတာနဲ့အမျှ၊ သားသမီးဝတ်ကျေပွန်တာ၊ ကိုယ်အသက်ကြီးတဲ့အခါ ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးတာမျိုးတွေက ကျွန်တော့်စိတ်ထဲမှာ တဖြည်းဖြည်း ပုံပေါ်လာခဲ့တယ်။ ကျွန်တော်တို့ မိသားစုအတွက် မိဘတွေ အများကြီး ဆင်းရဲဒုက္ခခံစားရတာကို မြင်တော့၊ ကျွန်တော် ကြီးလာတဲ့အခါ၊ သူတို့ကို ကျေးဇူးဆပ်ဖို့နဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခု ပေးဖို့ ငွေရှာနိုင်ဖို့ မျှော်လင့်ခဲ့တယ်။ နောက်ပိုင်း၊ ကျွန်တော် အလုပ်စလုပ်ပြီး ငွေရှာနိုင်တဲ့အခါ၊ မိဘတွေအတွက် အဝတ်အစားတွေ ဝယ်ပေးခဲ့သလို သူတို့ ရောဂါတွေအတွက် ရောဂါကုစက်တစ်ခုတောင် ဝယ်ပေးခဲ့တယ်။

၂၀၀၉ ခုနှစ်မှာ၊ ကျွန်တော်တို့ မိသားစုတစ်ခုလုံးက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ကြပြီး သိပ်မကြာခင်မှာ၊ အသင်းတော်မှာ ကျွန်တော် တာဝန်စထမ်းဆောင်ခဲ့တယ်။ တစ်ခါတုန်းက၊ မိဘတွေ စုဝေးပွဲသွားတက်ကြတဲ့အခါ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး၊ စစ်ကြောရေးအတွင်းမှာ၊ ရဲတွေက ကျွန်တော် ရှိတဲ့နေရာနဲ့ပတ်သက်ပြီး အဖေ့ကို တရစပ် မေးမြန်းခဲ့ကြတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာ၊ နှိပ်ကွပ်တာကို ရှောင်ဖို့၊ ကျွန်တော် အိမ်ကထွက်ပြီး ကိုယ့်တာဝန်တွေထမ်းဆောင်ဖို့ တခြားတစ်နေရာကို သွားခဲ့ရတယ်။ ပထမ သုံးလေးနှစ်မှာတော့၊ မိဘတွေက ဘုရားသခင်ကို ယုံကြည်ကြသလို သူတို့တတ်နိုင်သလောက် တာဝန်ထမ်းဆောင်နေကြလို့ ကျွန်တော် သူတို့အတွက် သိပ်မပူခဲ့ရဘူး၊ စိတ်အေးခဲ့ရတယ်။ ၂၀၁၇ ခုနှစ်က ကျွန်တော့်အတွက် အရမ်း ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်။ တွဲဖက်အမှုဆောင် အစည်းအဝေးတစ်ခုမှာ၊ အဖေ့ရဲ့ ရောဂါဟောင်း ပြန်ထလာပြီး၊ သူလေဖြတ်သွားတယ်၊ အိပ်ရာထဲလဲနေပြီး စကားမပြောနိုင်တော့ဘူးဆိုတာကို ညီအစ်မတစ်ယောက်ဆီကနေ ကျွန်တော် သိလိုက်ရတယ်။ ရုတ်တရက် ဒီသတင်းကို ကြားလိုက်ရတာ ကျွန်တော့်အတွက် လက်ခံဖို့ ခက်ခဲခဲ့တယ်။ ကျွန်တော် တွေးမိတယ်။ “ငါထွက်လာတုန်းက သူကောင်းနေတာ မဟုတ်လား။ ဘယ်လိုလုပ် ဒါဖြစ်သွားရတာလဲ။ အဖေ လေဖြတ်နေတော့၊ အမေတစ်ယောက်တည်း နိုင်နိုင်နင်းနင်း လုပ်နိုင်ပါ့မလား” ပေါ့။ လေဖြတ်နေတဲ့ အဖေ့ကို ပြုစုစောင့်ရှောက်ဖို့ ကျွန်တော် ချက်ချင်း ပြန်သွားချင်ခဲ့တယ်။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီ ဖမ်းဆီးပြီး နှိပ်ကွပ်မဲ့ အန္တရာယ်ရှိနေတော့၊ ကျွန်တော် ပြန်လို့ မရသေးဘူး။ ကျွန်တော် စိတ်မကောင်းဖြစ်ရလွန်းလို့၊ ဘုရားသခင် ရှေ့မှောက်တိုးဝင်ပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ အဖေ လေဖြတ်နေတာ သိရတော့၊ သား အရမ်း အားနည်းသလို ခံစားရပါတယ်၊ ဒါတွေအားလုံးကို ရင်ဆိုင်ဖို့ ယုံကြည်ခြင်းနဲ့ ခွန်အား ပေးသနားတော်မူပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးမဲ့ အန္တရာယ်ရှိနေလို့၊ သားပြန်မသွားနိုင်ပါဘူး၊ ဒါပေမဲ့ အိမ်က ကိစ္စအဝဝကို ကိုယ်တော့်လက်ထဲ အပ်နှံဖို့ လိုလားပါတယ်။ ဒီအခြေအနေမှာ သား ခိုင်မာစွာ ရပ်တည်နိုင်ဖို့ သားရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ကျွန်တော် ပိုပြီး ငြိမ်းချမ်းသွားသလို ခံစားရတယ်။ ညဘက် အိပ်ရာဝင်တဲ့အခါ၊ အဖေ လေဖြတ်ပြီး မလှုပ်မယှက် အိပ်ရာထဲလဲနေတဲ့ ပုံရိပ်တွေက ကျွန်တော့်စိတ်ထဲ ပြည့်နေခဲ့တယ်။ အလယ်တန်းကျောင်းတုန်းက ဆောင်းရာသီကျောင်းပိတ်လို့ အိမ်ပြန်ခဲ့တဲ့နှစ်ကို ကျွန်တော် ပြန်တွေးမိတယ်။ နှင်းကျနေတဲ့ တစ်ရက်မှာ၊ ကျွန်တော်က အိတ်တွေသယ်ပြီး အတန်းဖော်တချို့နဲ့အတူ အိမ်ပြန်လမ်းလျှောက်နေခဲ့တာ။ တောင်ပေါ်လမ်းမှာ ကျွန်တော်တို့ နာရီအတော်ကြာ လမ်းလျှောက်ခဲ့ကြတယ်။ အိမ်နဲ့ မိုင်နည်းနည်းပဲ လိုတော့ပေမဲ့၊ ကျွန်တော် အရမ်းအေးပြီး ဗိုက်ဆာလွန်းလို့ ဆက်မလျှောက်နိုင်တော့ဘဲ ကျန်ရစ်ခဲ့တယ်။ ရွာက အတန်းဖော်တွေက ကျွန်တော့်အိမ်ကို အရင်ရောက်သွားပြီး မိဘတွေကို ပြောပြလိုက်တော့၊ အဖေက ကျွန်တော့်ကို လာခေါ်ပြီး၊ ကျွန်တော့်ကို ပွေ့ချီပြီး အိမ်ပြန်ခေါ်သွားခဲ့တယ်။ အဲဒါကို သတိရမိတော့ ကျွန်တော် မျက်ရည်မထိန်းနိုင်ဘူး။ အခုတော့ အဖေက ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တော့သလို သေခါနီးဖြစ်နေပြီ။ တစ်နေ့ အဖေ တကယ်ဆုံးသွားရင်၊ အမေတစ်ယောက်တည်း သူ့ဈာပနကို ဘယ်လို စီစဉ်မလဲ။ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက ကျွန်တော်တို့ကို လှောင်ပြောင်ကြလိမ့်မယ်၊ ပြီးတော့ လေဖြတ်နေတဲ့ အဖေ့အတွက် ပြန်မလာလို့ ကျွန်တော့်ကို သားသမီးဝတ်မကျေသူလို့ သေချာပေါက် ခေါ်ကြလိမ့်မယ်။ အဲဒါက ကျွန်တော့်အတွက် တစ်သက်လုံး ကဲ့ရဲ့စရာ ဖြစ်သွားလိမ့်မယ်။ ဒါတွေကို တွေးမိတော့၊ အန္တရာယ်ကြားကနေ အဖေ့ကို ပြုစုဖို့ ကျွန်တော် တကယ် ပြန်သွားချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ပြန်သွားရင် အဖမ်းခံရမှာ ကြောက်တယ်၊ အဲဒီလိုဆိုရင် အဖေ့ကို မပြုစုနိုင်ရုံမကဘဲ၊ အမေ့အတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာလေ။ ဒါကြောင့် အဲဒီအကြံကို ကျွန်တော် လက်လျှော့လိုက်တယ်။ နောက်ပိုင်း၊ အခြေအနေ ဘယ်လိုရှိလဲ မေးဖို့ ကျွန်တော် အိမ်ကို စာရေးလိုက်တယ်။ သုံးလေးလကြာတော့၊ အမေ့ဆီက စာပြန်ရောက်လာပြီး၊ အဖေဆုံးတာ နှစ်ဝက်လောက် ရှိပြီတဲ့။ ဒီသတင်းကို ကြားရတာ အရမ်းကို နာကျင်ရပြီး စိတ်ထိခိုက်ရတယ်၊ ပြီးတော့ ကျွန်တော် တွေးမိတယ်၊ “အဖေက သူ့ရဲ့ သွေးတွေချွေးတွေ ရင်းပြီး ငါ့ကို ကျွေးမွေးပြုစုခဲ့တာ၊ ဒါပေမဲ့ သူအိုပြီး လေဖြတ်နေတဲ့အချိန်မှာ၊ ငါက ဘာသားသမီးဝတ်မှ မကျေပွန်ခဲ့ဘူး။ သူ့ကို နောက်ဆုံးအကြိမ်တောင် ငါ မတွေ့လိုက်ရဘူး။ သားသမီးမွေးတာက ကိုယ်အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက်ဖို့လို့ ဆိုကြပေမဲ့၊ သားတစ်ယောက်အနေနဲ့ ငါ့တာဝန်တွေထဲက ဘာတစ်ခုမှ ငါ မဖြည့်ဆည်းခဲ့ဘူး။ ငါဟာ တကယ်ကို သားသမီးဝတ်မကျေတဲ့ သားပဲ” လို့ပေါ့။ အဖေ နှစ်နဲ့ချီ အိပ်ရာထဲလဲပြီး ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်ခဲ့ပုံ၊ ပြီးတော့ အမေက လယ်လုပ်တာ၊ အိမ်မှုကိစ္စလုပ်တာတွေကြားထဲက နေ့တိုင်း သူ့ကို ပြုစုစောင့်ရှောက်ခဲ့ရပုံတွေကို ကျွန်တော် တွေးမိတယ်။ သူ ဒုက္ခအများကြီး ခံခဲ့ရမှာ။ အခု အမေ တစ်ယောက်တည်း ကျန်တော့တာ၊ သူ့ကို ဒုက္ခမခံစားစေချင်တော့ဘူး။ ဒါပေမဲ့ သူ့ကို ပြုစုစောင့်ရှောက်ဖို့ ကျွန်တော် ပြန်မသွားနိုင်ခဲ့ဘူး။ ကျွန်တော့်စိတ်နှလုံးက ဒွိဟဖြစ်တာ၊ နာကျင်တာတွေနဲ့ ပြည့်နေပြီး ကိုယ့်တာဝန်တွေကိုတောင် အာရုံမစိုက်နိုင်တော့ဘူး။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်ခြင်းသည် မှန်ကန်ပြီး အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သော်လည်း သမ္မာတရား မဟုတ်ဟု ငါတို့ အဘယ်ကြောင့် ဆိုရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ မိဘများကို စည်းမျဉ်းများဖြင့် သားသမီးဝတ်ကျေပွန်ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ မိဘများက အမှန်တကယ် မည်သည့်လူစားမျိုးများဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသောကြောင့် ဖြစ်ပါသည်။) လူတစ်ဦးက မိမိ၏ မိဘများအား မည်သို့ ဆက်ဆံသင့်သည်ဆိုသည်မှာ သမ္မာတရားနှင့် ဆက်စပ်ပေသည်။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ပြီး သင့်ကို ကောင်းစွာ ဆက်ဆံပါက သင်သည် ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်သင့်သလော။ (ကျေပွန်သင့်ပါသည်။) သင်သည် မည်သို့ သားသမီးဝတ်ကျေပွန်သနည်း။ သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမများနှင့် ကွဲပြားစွာ ဆက်ဆံ၏။ သင်သည် ၎င်းတို့ပြောသမျှကို လုပ်ဆောင်ပြီး ၎င်းတို့အိုမင်းလျှင် သင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ဖို့ ၎င်းတို့ဘေးတွင် နေပေးရမည် ဖြစ်သည်။ ယင်းက သင်၏တာဝန်ကို သွားရောက်ထမ်းဆောင်ခြင်းမှ တားဆီးသည်။ ယင်းကို လုပ်ဆောင်သည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုသို့သော အချိန်များတွင် သင်သည် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်က အခြေအနေများပေါ်တွင် မူတည်သည်။ သင်သည် သင်၏နေအိမ် အနီးအနားတွင် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ကို ပြုစုစောင့်ရှောက်နိုင်သေးပါက၊ ပြီးလျှင် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏မိဘများက မကန့်ကွက်ပါက သင်သည် သားတစ်ဦး၊ သို့မဟုတ် သမီးတစ်ဦးအဖြစ် မိမိ၏တာဝန်ကို ဖြည့်ဆည်းသင့်ပြီး သင်၏မိဘများကို အလုပ်ကိစ္စအချို့တွင် ကူညီပေးသင့်သည်။ ၎င်းတို့က နာမကျန်းဖြစ်လျှင် ၎င်းတို့ကို စောင့်ရှောက်လော့။ တစ်စုံတစ်ခုကြောင့် ၎င်းတို့စိတ်ညစ်နေလျှင် ၎င်းတို့ကို နှစ်သိမ့်ပေးလော့။ သင်၏ငွေရေးကြေးရေးက အခြေအနေ ပေးလျှင် သင်၏ ရသုံးငွေစာရင်းနှင့် ကိုက်ညီစွာ ၎င်းတို့အတွက် အာဟာရ ဖြည့်စွက်စာများ ဝယ်ပေးလော့။ သို့ရာတွင် သင်သည် သင်၏ တာဝန်နှင့်အလုပ်ရှုပ်နေကာ သင်၏မိဘများကို ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ ၎င်းတို့ကလည်း ဘုရားသခင်ကို ယုံကြည်ပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရွေးချယ်သင့်သနည်း။ သင်သည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိဘအပေါ် သားသမီးဝတ်ကျေခြင်းသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ တာဝန်နှင့် ဝတ္တရားသာဖြစ်သောကြောင့် သင်၏ ဝတ္တရားသည် သင်၏အလုပ်တာဝန်ဖြင့် ကွဲလွဲဆန့်ကျင်နေလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်၏ တာဝန်ကို ဦးစားပေးပြီး တာဝန်ကို ရှေ့တန်းတင်ရမည်။) ဝတ္တရားတစ်ခုသည် လူတစ်ဦး၏ အလုပ်တာဝန်တစ်ခု သေချာပေါက် မဟုတ်ပေ။ မိမိ၏အလုပ်တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဝတ္တရားတစ်ခုကို ဖြည့်ဆည်းခြင်းမှာမူ ဤသို့မဟုတ်ပေ။ သင့်၌ ဤအခြေအနေရှိလျှင် ဤတာဝန်၊ သို့မဟုတ် ဝတ္တရားကို သင် ဖြည့်ဆည်းနိုင်သည်။ သို့သော် လက်ရှိအနေအထားက ခွင့်မပြုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်က ‘ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်ရမည်။ ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းသည် ကျွန်ုပ်၏ အသိစိတ်အားဖြင့် အသက်ရှင်သန်ခြင်းဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စံမမီပါ’ ဟု ပြောသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဦးစားပေးပြီး ထိန်းသိမ်းသင့်၏။ သင်သည် ယခုအခါတွင် တာဝန်မရှိလျှင်၊ အိမ်နှင့် ဝေးကွာစွာ အလုပ်မလုပ်ရဘဲ သင်၏ မိဘများနှင့် နီးကပ်စွာ နေထိုင်လျှင် ၎င်းတို့အား စောင့်ရှောက်ရန် နည်းလမ်းများကို ရှာလော့။ ၎င်းတို့ အနည်းငယ် ပို၍ ကောင်းစွာ အသက်ရှင်နိုင်ပြီး ဒုက္ခလျော့နည်းစေရန် အကောင်းဆုံး လုပ်ဆောင်လော့။ သို့သော် ဤသည်မှာလည်း သင်၏ မိဘများက မည်သို့သော လူစားမျိုးဖြစ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်၏ မိဘများက ညံ့ဖျင်းသော လူ့သဘာဝရှိပြီး သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းမှ အစဉ် ဟန့်တားလျှင်၊ ထို့ပြင် ဘုရားသခင်အား သင် ယုံကြည်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်အား အဝေးသို့ မပြတ် ဆွဲခေါ်နေလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (ပစ်ပယ်ခြင်းဖြစ်ပါသည်။) ဤအချိန်တွင် ၎င်းတို့ကို သင်ပစ်ပယ်ရမည်။ သင်၏ ဝတ္တရားကို သင် ဖြည့်ဆည်းပြီးဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် ၎င်းတို့အပေါ် သားသမီးဝတ်နှင့်အညီ လေးစားမှုပေးရန် သင့်တွင် ဝတ္တရားမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့သည် မိသားစုဖြစ်သည်။ သင်၏ မိဘများဖြစ်သည်။ မယုံကြည်လျှင် သင်တို့သည် မတူညီသော လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စာတန်ကို ယုံကြည်ပြီး နတ်ဆိုးဘုရင်ကို ကိုးကွယ်သည်။ ပြီးလျှင် စာတန်၏လမ်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းနှင့် မတူသော လမ်းကြောင်းများကို လျှောက်နေကြသည့်လူများဖြစ်၏။ သင်တို့သည် မိသားစု မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို ၎င်းတို့၏ ပြိုင်ဘက်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို စောင့်ရှောက်ရန် ဝတ္တရားမရှိတော့ဘဲ ၎င်းတို့ကို လုံးဝ အဆက်အသွယ်ဖြတ်ရမည်။ မည်သည့်အရာက သမ္မာတရား ဖြစ်သနည်း။ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းလော၊ သို့မဟုတ် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းလော။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းက သမ္မာတရား ဖြစ်သည်မှာ မှန်သည်။ ဘုရားသခင်၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်းသည် မိမိဝတ္တရားကို ဖြည့်ဆည်းခြင်း၊ လုပ်ရမည့်အရာကို လုပ်ခြင်းသက်သက် မဟုတ်ပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤတွင် ဘုရားသခင်၏ စေခိုင်းချက် ပါဝင်သည်။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော တာဝန်ဖြစ်သည်။ ဖန်ဆင်းရှင်ရှေ့တွင် သင်၏တာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အပေါ် ဖန်ဆင်းရှင်၏ တောင်းဆိုချက်ဖြစ်သည်။ ပြီးလျှင် ဘဝ၏ ကြီးမြတ်သော ကိစ္စဖြစ်သည်။ သို့သော် မိဘများကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် သားတစ်ယောက်၏ သို့မဟုတ် သမီးတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားမျှသာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က တာဝန်ပေးစေခိုင်းခြင်း သေချာပေါက် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ပို၍ပင် မကိုက်ညီချေ။ ထို့ကြောင့် မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းကြားတွင် မိမိ၏တာဝန်ထမ်းဆောင်ခြင်း တစ်ခုတည်းသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် သမ္မာတရားဖြစ်သည်။ ရှောင်လွှဲမရသော တာဝန်တစ်ခုဖြစ်သည်။ မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် လူတို့အပေါ် သားသမီးဝတ်ကျေခြင်းနှင့်ပတ်သက်သည်။ ယင်းမှာ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု အဓိပ္ပာယ်မရသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟူ၍လည်း အဓိပ္ပာယ်မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။)သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ မည်သည့်အရာကို စီစဉ်သည်ဖြစ်စေ၊ ထိုအရာများသည် အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ဖန်ဆင်းခံအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် နားလည်နိုင်ကာ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိမရှိဖြစ်သည်။ မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သားသမီးဝတ်ကျေပွန်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အနည်းဆုံးအနေဖြင့် ကျိုးနွံနာခံမှုရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိရမည်။ ပတ်ဝန်းကျင်က အခွင့်ပေးပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် လူအင်အားငွေအင်းအားရှိလျှင် သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်မပေးသကဲ့သို့ သင့်ထံတွင် လူအင်အားငွေအင်းအားကင်းမဲ့လျှင် အတင်းမကြိုးစားနှင့်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ (ကျိုးနွံနာခံမှုဖြစ်သည်။) ဤအရာကို ကျိုးနွံနာခံမှုဟု ခေါ်သည်။ ဤကျိုးနွံနာခံမှုသည် အဘယ်သို့ ဖြစ်လာသနည်း။ ကျိုးနွံနာခံမှုအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာသည် ဘုရားသခင် စီစဉ်ထားပြီး ဘုရားသခင် အုပ်စိုးထားသည့် ဤအရာများအားလုံးပေါ်တွင် အခြေခံပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ၊ သားသမီးဝတ်ကျေပွန်တာက လူ့တာဝန်နဲ့ ဝတ္တရားသာဖြစ်ပြီး၊ အပြုသဘောဆောင်တဲ့အရာ ဖြစ်ပေမဲ့ သမ္မာတရား မဟုတ်ဘူးဆိုတာကို ကျွန်တော် နားလည်လိုက်တယ်။ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်တာက သမ္မာတရားဖြစ်ပြီး ဒါက လူတွေဆီကနေ ဘုရားသခင် လိုလားတဲ့အရာ ဖြစ်ပါတယ်။ ဒါက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကိုက်ညီပါတယ်။ သားသမီးဝတ်ကျေပွန်တာက ကိုယ့်တာဝန်တွေနဲ့ ပဋိပက္ခဖြစ်လာတဲ့အခါ၊ ကိုယ့်အခြေအနေတွေအရ လက်တွေ့လုပ်ဆောင်ရပါမယ်။ အခြေအနေတွေက ခွင့်ပြုပြီး ကိုယ့်တာဝန်တွေကို မထိခိုက်ဘူးဆိုရင်၊ မိဘတွေကို ပြုစုစောင့်ရှောက်သင့်ပြီး ကိုယ့်တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းသင့်ပါတယ်။ အခြေအနေတွေက ခွင့်မပြုဘဲ ကိုယ့်တာဝန်တွေနဲ့ အလုပ်များနေရင်၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ဦးစားပေးသင့်ပြီး ဘုရားသခင်ရဲ့ အစီအစဉ်တွေကို နာခံသင့်ပါတယ်။ ပြီးတော့ မိဘတွေနဲ့ပတ်သက်ရင်၊ မိဘတချို့က သားသမီး၊ မြေးမြစ်တွေ အများကြီးရှိပြီး ပျော်ရွှင်ရတဲ့ မိသားစုရဲ့ ကောင်းချီးတွေကို ခံစားရပေမဲ့၊ မိဘတချို့အတွက်ကျတော့ ဘုရားသခင်က အဲဒီလိုအခြေအနေမျိုး စီစဉ်မပေးထားလို့၊ အဲဒီလို ကောင်းချီးတွေကို မခံစားရပါဘူး။ ဒီအရာတွေအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပါ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်၊ ကျွန်တော် ပိုပြီး စိတ်သက်သာရာရသွားတယ်။ ပြန်ကြည့်မယ်ဆိုရင်၊ အိမ်မှာ တာဝန်တွေထမ်းဆောင်နေတုန်း မိဘတွေကို ကျွန်တော် အကောင်းဆုံး ပြုစုစောင့်ရှောက်ခဲ့ပါတယ်၊ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှိပ်ကွပ်ပြီး ဖမ်းဆီးမဲ့ အန္တရာယ်ရှိနေလို့၊ ကျွန်တော် အိမ်ပြန်လို့ မရခဲ့ဘူး။ နောက်ပြီးတော့ ကျွန်တော်လုပ်ရမဲ့ တာဝန်တွေ ရှိနေတော့၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော် ရွေးချယ်ခဲ့ရတယ်၊ ဒါက သမ္မာတရားနဲ့ ညီညွတ်တယ်လေ။ ကိုယ့်တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေအတွက် ကျွန်တော့်တာဝန်တွေကို မစွန့်လွှတ်နိုင်ခဲ့ပါဘူး။

နောက်ပိုင်း၊ အမေ့ဆီက စာတစ်စောင် ရခဲ့ပြီး၊ သူနဲ့ ညီအစ်မသုံးယောက် စုဝေးနေတုန်း အဖမ်းခံလိုက်ရတယ်ဆိုတာ သိလိုက်ရတယ်။ ရဲ စစ်ကြောရေးအတွင်းမှာ၊ သူက စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်တွေရဲ့ လှည့်ဖြားတာခံရပြီး ညီအစ်မနှစ်ယောက်ရဲ့ နာမည်တွေကို ထုတ်ဖော်ပြောလိုက်မိတယ်။ ပြန်လွတ်လာပြီးနောက်မှာ၊ သူ အရမ်းနောင်တရပြီး စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေနဲ့ နေခဲ့ရတယ်။ နောက်ပိုင်း၊ သူက လှေကားပေါ်ကနေ မတော်တဆ ပြုတ်ကျပြီး ခါးအောက်ပိုင်း ဒဏ်ရာရသွားတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ အိမ်ရောက်နေပြီပေါ့။ အမေ ပြုတ်ကျပြီး နာကျင်နေတဲ့ ပုံရိပ်တွေက စိတ်ထဲမှာ ပြည့်နေခဲ့တယ်။ ကျွန်တော် တကယ် စိတ်မကောင်းဖြစ်ရတယ်။ သုံးလကြာတော့၊ အမေ့ဆီက နောက်ထပ်စာတစ်စောင် ရောက်လာပြီး၊ သူ့ခါး ဒဏ်ရာ သက်သာသွားပြီတဲ့၊ ပြီးတော့ ဒီပြုတ်ကျတာကနေတစ်ဆင့်၊ သူ နှိုးထလာပြီး နောက်ဆုံးမှာ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်လာခဲ့တယ်တဲ့။ သူ့ရဲ့ မှားယွင်းတဲ့ အခြေအနေထဲကနေ သူ ရုန်းထွက်လာခဲ့ပြီဖြစ်ကြောင်း၊ ဒီအဖြစ်အပျက်သာ မရှိရင်၊ ဘုရားသခင်ကို အထင်လွဲလျက်နဲ့ပဲ သူ ဆက်အသက်ရှင်နေမိမှာဖြစ်ကြောင်း သူပြောတယ်။ သူ့စာကို ဖတ်ပြီးတော့ ကျွန်တော် အရမ်း ရှက်မိတယ်။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေမှာ သူ့ရဲ့ နှလုံးသားထဲကလာတဲ့ ရည်ရွယ်ချက်တွေ အမြဲပါဝင်ကြောင်း၊ သူ့အမှုတော်က အရမ်း လက်တွေ့ကျကြောင်း၊ ပြီးတော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေအလိုက် ကျွန်တော်တို့ တစ်ယောက်စီတိုင်းကို လမ်းပြပေးကြောင်း ကျွန်တော် မြင်လိုက်ရတယ်။ ၂၀၂၂ အောက်တိုဘာလနှောင်းပိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေကို အိမ်မှာ လက်ခံပြီး စုဝေးပေးနေတုန်း အမေ ရုတ်တရက် ရဲဖမ်းတာ ခံလိုက်ရတယ်လို့ သိလိုက်ရတယ်။ ရဲတွေက ဧဝံဂေလိသင်းထောက်ရဲ့ ဖုန်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေပါတဲ့ မမ်မိုရီကဒ်ကို တွေ့သွားတော့ အမေက ဧဝံဂေလိသင်းထောက်ကို ကာကွယ်ပေးတဲ့အနေနဲ့ အဲဒါ သူ့ဟာပါလို့ ဦးဆောင်ပြီး ထပြောခဲ့တယ်တဲ့။ အမေ့အတွက် ကျွန်တော် အရမ်း ဝမ်းသာခဲ့ရတယ်။ ၂၀၂၃ ဇူလိုင်လလယ်မှာ၊ အစ်မဆီက စာတစ်စောင်ရပြီး၊ အမေ့ သည်းခြေအိတ်မှာ အလုံးတည်နေတယ်တဲ့။ ခွဲစိတ်ရမယ်လို့ ထင်ခဲ့ပေမဲ့၊ သူ့အခြေအနေ တည်ငြိမ်သွားလို့ မခွဲလိုက်ရဘူးတဲ့။ ဒီသတင်းကြောင့် ကျွန်တော် စိတ်မသက်မသာ ဖြစ်ရပြီး၊ တွေးမိတာက “အမေ တကယ် ခွဲစိတ်ရမယ်ဆိုရင်၊ သူ့ကို ပြုစုဖို့ အိမ်မှာ ဘယ်သူမှ ရှိတာမဟုတ်ဘူး။ အစ်မက အိမ်ထောင်ကျပြီး အဝေးမှာနေတာ၊ သူ့မှာလည်း ကိုယ်ပိုင်တာဝန်တွေ ရှိနေတော့၊ အမေ့နားမှာ နေပေးဖို့ ပြန်မသွားနိုင်ဘူး။ သူက အခု အရမ်း အသက်ကြီးနေပြီ။ သူ့မှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ သူ့ဈာပနကို ဘယ်သူ စီစဉ်မှာလဲ။ ကျွန်တော်နဲ့ အစ်မက သူ့နားမှာ မရှိသလို၊ သူ့ကို ပြုစုစောင့်ရှောက်မဲ့သူလည်း မရှိဘူး။ အဖေဆုံးတုန်းက ကျွန်တော် မရှိခဲ့ဘူး၊ အမေဆုံးတဲ့အခါကျရင်လည်း ကျွန်တော် မရှိနေဘူးဆိုရင်၊ ကျွန်တော်က တကယ်ကို သားသမီးဝတ်မကျေတဲ့ သားဖြစ်သွားမှာပဲ” ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်တော် ရှေ့ဆက်မရတော့ဘဲ လမ်းပိတ်သွားသလို ဖြစ်ပြီး၊ ကျွန်တော့်အခြေအနေ ထိခိုက်ခဲ့တယ်။

ဝတ်ပြုတဲ့အချိန်တစ်ချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “‘သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်’ ဆိုသည်ကို မည်သို့ အနက်ဖွင့်သင့်သည်ဆိုသည့်အကြောင်းကို ပြောကြစို့။ သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်သောကြောင့် ယင်းအတွင်းတွင် ပါဝင်သော အကြောင်းအရာများကို ငါတို့ ရှင်းပြရန် သင့်လျော်သည်။ သင့်မိဘများက သင့်အားမွေးဖွားပေးသည့်အကြောင်းကို ကြည့်ကြစို့။ သင့်အား မွေးဖွားပေးရန် ၎င်းတို့အတွက် ရွေးချယ်ခဲ့သောသူမှာ မည်သူနည်း။ သင်ဖြစ်သလော၊ သို့မဟုတ် သင့်မိဘများဖြစ်သလော။ သင်သည် ဤအရာကို ဘုရားသခင်၏ ရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ လူသားများ ရွေးချယ်ရန်အတွက် မဟုတ်ပေ။ သင်၏ မိဘများက သင့်ကို မွေးဖွားပေးရန် သင် ရွေးချယ်ခဲ့ခြင်း မဟုတ်သည့်အပြင် ၎င်းတို့လည်း ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဤကိစ္စရပ်၏ အရင်းခံကို ကြည့်လျှင် ဤသည်မှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စရပ်သည် လူတို့ နားလည်ရန် လွယ်ကူသောကြောင့် ငါတို့သည် ဤအကြောင်းအရာကို ယခုလောလောဆယ် ဘေးဖယ်ထားကြမည်။ သင်၏ ရှုထောင့်မှကြည့်လျှင် သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏မိဘများမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများ ရှုထောင့်မှကြည့်လျှင် ယင်းမှာ ကလေးများ ယူပြီး မွေးမြူရန်မှာ ၎င်းတို့၏ ဆန္ဒအလျောက် လိုလားမှု ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကို ဘေးဖယ်ထားလျှင်၊ ကလေးများ ယူပြီး မွေးမြူခြင်း ကိစ္စနှင့်ပတ်သက်လာလျှင် သင်၏ မိဘများသည်သာ အာဏာကုန် ရှိခဲ့လေသည်။ ၎င်းတို့သည် သင့်ကို မွေးဖွားရန် ရွေးချယ်ခဲ့ကြသည်။ သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ ၎င်းတို့ထံမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိခဲ့ပေ။ သို့ဖြစ်၍ သင်၏ မိဘများတွင် အာဏာကုန် ရှိခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့က သင့်ကို မွေးဖွားခဲ့သောကြောင့်လည်းကောင်း၊ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် ၎င်းတို့တွင် ဝတ္တရားနှင့် တာဝန်ရှိသည်။ သင့်အား ပညာရေးထောက်ပံ့ပေးခြင်းဖြစ်စေ၊ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးခြင်းဖြစ်စေ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ၎င်းတို့က သင့်ကို ပြုစုပျိုးထောင်နေသည့် ကာလအတွင်း သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ အစဉ်သဖြင့် ရှိနေခဲ့ပြီး သင်သည် ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပေ၊ သင်သည် ၎င်းတို့၏ ပြုစုပျိုးထောင်ခြင်းကို ခံရမည်သာ ဖြစ်သည်။ သင်သည် ငယ်ရွယ်သောကြောင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိခဲ့ဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏ မိဘများက ပြုစုပျိုးထောင်ပေးခြင်းကို ခံရသည်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သင်၏ မိဘများက သင့်ကို မည်သို့ပင် ပြုစုပျိုးထောင်ခဲ့သည်ဖြစ်စေ ယင်းမှာ သင့်အပေါ်တွင် မူမတည်ခဲ့ပေ။ ၎င်းတို့က သင့်အား ကောင်းမွန်သော အစားအသောက်များ ပေးခဲ့လျှင် သင်သည် ကောင်းမွန်သော အစားအသောက်များ ရရှိခဲ့သည်။ သင့်မိဘများက ဖွဲကြမ်းများ၊ အရိုင်းပင်များကို အမှီပြုပြီး သင် အသက်ရှင်အောင် စားသောက်ရသည့် ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို သင့်အားပေးလျှင် သင်က ဖွဲကြမ်းနှင့် အရိုင်းပင်များကို အမှီပြုပြီး ရှင်သန်ရသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ပျိုးထောင်ခြင်းခံရသောအချိန်တွင် ပြုသမျှနုနေရပြီး သင့်မိဘများက ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းသည်။...မည်သို့ပင်ဖြစ်စေ သင့်ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် သင်၏ မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ခြင်းသည် ၎င်းတို့၏ ဝတ္တရားနှင့် တာဝန်ဖြစ်ပြီး ဤအရာကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်ပေ။ ယင်းကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်သောကြောင့် ဤသည်မှာ သင် ပျော်မွေ့ခံစားသင့်သည့် အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။ မည်သည့်သက်ရှိသတ္တဝါမဆိုအတွက် သားသမီးများအား မွေးဖွားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ နောက်မျိုးဆက်ကို ပျိုးထောင်ခြင်းတို့သည် တာဝန်အမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ ငှက်၊ နွား၊ သိုး၊ နှင့် ကျားတို့သည်ပင် မျိုးပွားပြီးနောက်တွင် ၎င်းတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ မိမိတို့၏ သားသမီးကို ပျိုးထောင်မပေးသော သက်ရှိသတ္တဝါမရှိပေ။ ခြွင်းချက်အချို့ရှိဖို့ ဖြစ်နိုင်သည်။ သို့သော် များစွာမရှိပေ။ ဤသည်မှာ သက်ရှိသတ္တဝါများ၏ ဖြစ်တည်မှုတွင် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ ပင်ကိုဗီဇစိတ် ဖြစ်သည်။ ယင်းကို ကြင်နာခြင်းအဖြစ် မမှတ်ယူနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များအတွက်၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်က ပြင်ဆင်ပေးသော ဥပဒေအား လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းသည် ကြင်နာခြင်းအမျိုးအစားတစ်ခု မဟုတ်ပေ။ ဤအရာကို အခြေခံလျှင် သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်အပေါ် မည်မျှအားထုတ်ပြီး ငွေကို သုံးစွဲပါစေ ၎င်းတို့က သင့်အား နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ထို့ကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန် သင့်၌ ဝတ္တရားမရှိပေ။ သင်သည် ၎င်းတို့၏ မျှော်မှန်းချက်များအတွက် ဒကာခံရန် ဝတ္တရားမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေက မိဘနဲ့ သားသမီးကြား ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ အရမ်းရှင်းရှင်းလင်းလင်း မိတ်သဟာယပြုထားတယ်။ မိဘတွေအနေနဲ့၊ သားသမီးတွေကို မွေးဖွားပြီး ကျွေးမွေးပြုစုတာက ဖန်ဆင်းရှင် ချမှတ်ထားတဲ့ လူသားမျိုးနွယ်အတွက် နိယာမတွေကို လိုက်နာတာသက်သက်ပါပဲ။ သက်ရှိတိုင်း မျိုးပွားကြသလိုပဲ၊ ဒါက ဗီဇတစ်ခုပါ။ မိဘတွေက သားသမီးတွေကို ကျွေးမွေးပြုစုတာဟာ သူတို့ရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းနေတာဖြစ်ပါတယ်၊ အဲဒါက အကြင်နာတရား မဟုတ်သလို၊ သားသမီးတွေက ပြန်ဆပ်စရာ မလိုပါဘူး။ အရင်တုန်းက ကျွန်တော် ထင်ခဲ့တာက၊ မိဘတွေက ကျွန်တော့်ကို မွေးဖွားပြီး ကျွေးမွေးပြုစုရတာ အရမ်းခက်ခဲခဲ့လို့၊ ပြီးတော့ သူတို့ နာကျင်မှုတွေအများကြီး ဖြတ်သန်းခဲ့ရလို့၊ သူတို့ရဲ့ သားသမီးအနေနဲ့၊ ကျွန်တော့်ကို ကျွေးမွေးပြုစုခဲ့တဲ့ အကြင်နာတရားကို အစားပြန်ပေးနိုင်အောင် သူတို့ကို ကောင်းကောင်း ပြန်ဆပ်သင့်တယ်ပေါ့။ အဖေ လေဖြတ်နေတယ်ဆိုတာ သိရပြီး သူ့ကို ပြုစုဖို့ သူ့ဘေးမှာ ကျွန်တော် မရှိနိုင်ခဲ့တဲ့အခါ၊ ပြီးတော့ သူ့ကို အသက်ကြီးတဲ့အချိန်မှာ မပြုစုနိုင်ခဲ့သလို ကောင်းကောင်းမွန်မွန် ပို့ဆောင်မပေးနိုင်ခဲ့တဲ့အခါ၊ အဖေ့ကို အကြွေးတင်တယ်လို့ ခံစားခဲ့ရတယ်။ ဒါကို တွေးမိတဲ့အခါ ဝန်ထုပ်ကြီးတစ်ခု သယ်ပိုးထားရသလို ခံစားရပြီး၊ အသက်ရှူရတောင် ခက်ခဲ့တယ်။ အဖေဆုံးပြီးနောက်၊ အမေ့အတွက် ကျွန်တော် ပူပန်ခဲ့တယ်၊ အဖေ့ကို သားသမီးဝတ်မကျေခဲ့လို့၊ အမေ့ကိုပါ ထပ်ပြီး အကြွေးတင်လို့ မဖြစ်ဘူး၊ ပြီးတော့ သူ့ရဲ့ နောက်ဆုံးနှစ်တွေမှာ သူပျော်အောင် သေချာလုပ်ပေးရမယ်လို့ ခံစားခဲ့ရတယ်။ အမေ ဒဏ်ရာရနေတာသိရပြီး သူ့ကို ပြုစုဖို့ ပြန်မသွားနိုင်တော့၊ ကျွန်တော် အရမ်း သားသမီးဝတ်မကျေဘူးလို့ ခံစားရပြီး အမေ့ကို အကြွေးတင်တယ်လို့ ခံစားခဲ့ရတယ်။ အခုတော့၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ မိဘတွေက ကျွန်တော့်ကို ကျွေးမွေးပြုစုတာဟာ သူတို့ရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းနေတာဖြစ်ပြီး၊ ဒါက ကျွန်တော် ပြန်ဆပ်ဖို့လိုတဲ့ အကြင်နာတရား မဟုတ်မှန်း နားလည်လိုက်တယ်။ သူတို့က ကျွန်တော့်ရဲ့ အကြွေးရှင်တွေ မဟုတ်ပါဘူး။ မိဘတွေက ကျွန်တော့်ကို ကျွေးမွေးပြုစုတာကို ပြန်ဆပ်ရမဲ့ အကြင်နာတရားအဖြစ် ရှုမြင်တာက လုံးဝ မှားယွင်းပြီး သမ္မာတရားနဲ့ မညီပါဘူး။ ဒီအမြင်ကို ကျွန်တော် ဖက်တွယ်ထားခဲ့လို့၊ ကျွန်တော့်ကို နာကျင်မှုတွေ အများကြီး ဖြစ်စေခဲ့တာ။ ဒီအရာနဲ့ပတ်သက်ပြီး သမ္မာတရားကို ဘုရားသခင်သာ မဖွင့်ပြခဲ့ရင်၊ ကျွန်တော် လုံးဝ သတိမပြုမိဘဲ နေခဲ့မှာဖြစ်သလို၊ ဒီမှားယွင်းတဲ့ အမြင်ရဲ့ ချည်နှောင်တာ၊ ထိန်းချုပ်တာကို ဆက်ခံနေရမှာ။ ကျွန်တော့်အသက်က ဘုရားသခင်ဆီက လာတာဖြစ်ပြီး၊ ကျွန်တော်လိုအပ်သမျှကို ဘုရားသခင်က ထောက်ပံ့ပေးတယ်။ ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပါတယ်။ ၂၀၀၇ တုန်းက၊ သခင့်ကို ယုံကြည်တာ သုံးလေးလပဲ ရှိသေးတဲ့အချိန်မှာ ဘရိတ်ပေါက်ပြီး တောင်စောင်းအတိုင်း လှိမ့်ကျသွားတဲ့ ကားတစ်စီးပေါ် ကျွန်တော် ပါသွားခဲ့တာ မှတ်မိတယ်။ အဲဒီမတော်တဆမှုကြောင့် သေတာတွေ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပေမဲ့၊ ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျွန်တော် မပြတ်တမ်း တောင်းလျှောက်ခဲ့လို့၊ ကြွက်သား စုတ်ပြဲသွားတဲ့ တော်တော်သေးတဲ့ဒဏ်ရာလေးနဲ့ပဲ ကျွန်တော် လွတ်လာခဲ့တယ်။ ပိုပြီး အံ့ဩစရာကောင်းတာက မတော်တဆမှုဖြစ်တုန်း ကျွန်တော် လုံးဝ မကြောက်ခဲ့သလို မထိတ်လန့်ခဲ့ဘူး၊ အဲဒါက ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုကို ကျွန်တော့်ကို ပြခဲ့တာပဲ။ ဘုရားသခင်ရဲ့ ကွယ်ကာမှုသာ မရှိရင်၊ အဲဒီမတော်တဆမှုမှာ ကျွန်တော် သေချင်သေသွားနိုင်တယ်။ ဒီနှစ်တွေတစ်လျှောက်၊ ဘုရားသခင်တစ်ပါးတည်းသာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ကယ်တင်ခြင်းဖြစ်ကြောင်း ကျွန်တော် နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခဲ့ရတယ်။ ဘုရားသခင်ကိုသာ ကျွန်တော် မယုံကြည်ရင်၊ ကျွန်တော်တို့ ကံကြမ္မာတွေက ဘယ်သူ့လက်ထဲ ရှိမှန်း မသိဘဲ၊ စည်းစိမ်နဲ့ ကျော်ကြားမှုကို မနားတမ်း လိုက်စားနေကြတဲ့ လောကီလူတွေလို ဖြစ်နေမှာ၊ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ဘယ်လို ရှင်သန်ရမယ်ဆိုတာကို သိဖို့၊ စာတန်ကြောင့်ဖြစ်ရတဲ့ ဆင်းရဲဒုက္ခကို သတိထားမိဖို့ဆိုတာ ဝေးရောပေါ့။ ဒီနေ့၊ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေရာမှာ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်။ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ကျွန်တော် မစဉ်းစားနေခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း မထမ်းဆောင်ခဲ့တာအတွက် ဘုရားသခင်ကို အကြွေးတင်တယ်လို့ မခံစားခဲ့ရဘူး။ မိဘတွေကို ကျေးဇူးဆပ်ဖို့ပဲ ကျွန်တော် အာရုံစိုက်နေခဲ့တာ။ ဒါက ကျွန်တော့်ဘက်က တကယ်ကို အသိစိတ်မရှိတာ၊ ရှက်စရာကောင်းတာ၊ ကျေးဇူးကန်းတာပါပဲ။

ကျွန်တော် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤအရာများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ ပြစ်တင်ရှုတ်ချခြင်းကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် သန္နိဋ္ဌာန် ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ခြင်းပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်းလည်း မရှိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ရိုးရာယဉ်ကျေးမှုရဲ့ အနှစ်သာရကို ဖော်ထုတ်ပေးတယ်။ ငယ်စဉ်ကတည်းက စာတန်ရဲ့ အယူဝါဒသွတ်သွင်းခြင်း ခံခဲ့ရပုံ၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏” ဆိုတာနဲ့ “အသက်ကြီးသည့်အခါ ကိုယ့်ကို စောင့်ရှောက်ရန် သားသမီးမွေးပါ” ဆိုတာမျိုးလို ရိုးရာ အတွေးအခေါ်တွေ စိမ့်ဝင်နေခဲ့ပုံကို ကျွန်တော် ပြန်စဉ်းစားမိတယ်။ သားသမီးဝတ်ကျေပွန်တာကို လူတစ်ယောက်မှာ အသိစိတ်ရှိမရှိ တိုင်းတာစရာတစ်ခုအဖြစ် ကျွန်တော် သဘောထားခဲ့တယ်၊ ဒါကြောင့် မိဘတွေက ကျွန်တော့်ကို ကျွေးမွေးပြုစုခဲ့လို့၊ သူတို့သားသမီးအနေနဲ့၊ ကျွန်တော် သူတို့ အကြင်နာတရားကို ပြန်ဆပ်သင့်တယ်၊ သူတို့အိုလာတဲ့အခါ၊ ကျွန်တော် သူတို့ကို ရိုသေပြီး လုပ်ကျွေးပြုစုသင့်သလို ကောင်းကောင်းမွန်မွန် ပို့ဆောင်ပေးသင့်တယ်လို့ ယုံကြည်ခဲ့တယ်။ ဒီတာဝန်တွေကို ဖြည့်ဆည်းတာက လူတစ်ယောက်မှာ လူ့သဘာဝနဲ့ အသိစိတ်ရှိတာကို ဆိုလိုပြီး၊ ဒီအရာတွေကို မလုပ်နိုင်ရင်၊ သားသမီးဝတ်မကျေသူဖြစ်ပြီး လူလို့ခေါ်ဖို့တောင် မထိုက်တန်ဘူး၊ ပြီးတော့ လူ့အသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့ပြစ်တင်တာ၊ ပစ်ပယ်တာ ခံရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ဒီအတွေးအခေါ်တွေက ကျွန်တော့်စိတ်နှလုံးထဲမှာ နက်နက်နဲနဲ အမြစ်တွယ်နေခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်မှာ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှိပ်ကွပ်ပြီး ဖမ်းဆီးမဲ့ အန္တရာယ်ကြောင့်၊ ကျွန်တော် အိမ်ပြန်လို့ မရခဲ့သလို၊ အဖေ့ကို နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရဘူး။ ကျွန်တော် အရမ်း လိပ်ပြာမလုံဖြစ်ရတယ်၊ သားသမီးဝတ်မကျေတဲ့ ကလေးတစ်ယောက်လို၊ မိဘတွေရဲ့ ကျွေးမွေးပြုစုတဲ့ အကြင်နာတရားကို အကြွေးတင်နေသလို၊ သူများတွေရဲ့ စက်ဆုပ်တာခံရပြီး သားသမီးဝတ်မကျေသူလို့ တံဆိပ်ကပ်ခံရသလို ခံစားခဲ့ရတယ်။ နောက်ပိုင်း၊ အမေနေမကောင်းတာ သိရတော့ ကျွန်တော် စိတ်ပူခဲ့ရတယ်၊ အမေ တကယ် ဆုံးပါးသွားရင်၊ “သားသမီးဝတ်မကျေသူ” ဆိုတဲ့ နာမည်ဆိုးကို ဘယ်တော့မှ ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးဆိုပြီး ကြောက်ခဲ့တယ်။ ဒီအတွေးတွေက မမြင်ရတဲ့ သံခြေချင်းတွေလိုပဲ၊ ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားပြီး လွတ်လပ်ခွင့် မပေးခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ရာမှာ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်တာက ဘဝရဲ့ မှန်ကန်တဲ့ လမ်းခရီးဖြစ်မှန်း ကောင်းကောင်းသိပေမဲ့၊ ကိုယ့်တာဝန်ကို ကျွန်တော် ငြိမ်သက်ခြင်းရှိစွာနဲ့ မထမ်းဆောင်နိုင်ခဲ့ဘူး။ ဒီမှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ ရိုးရာအတွေးအခေါ်တွေက နက်နက်ရှိုင်းရှိုင်း ထိခိုက်နစ်နာတာကို ကျွန်တော် ခံနေရမှန်း သတိပြုမိလိုက်တယ်။ ကျေးဇူးတော်ခေတ်တုန်းက၊ သခင့်ရဲ့ ဧဝံဂေလိတရားကို ကမ္ဘာတစ်ဝန်း ဖြန့်ဝေဖို့ လူအများကြီးက မိဘဆွေမျိုးတွေကို စွန့်ခွာခဲ့ကြပြီး၊ တချို့ဆို အသက်တောင် ပေးခဲ့ကြတာကို ကျွန်တော် တွေးမိတယ်။ သူတို့ရဲ့ ရွေးချယ်မှုတွေက သခင့်အလိုတော်နဲ့ လုံးဝ ညီညွတ်ပြီး ကောင်းမှုတွေနဲ့ တရားမျှတတဲ့ လုပ်ရပ်တွေ ဖြစ်ခဲ့တယ်။ ကျွန်တော်က သခင်ပြန်ကြွလာတာကို ကြိုဆိုခဲ့ပြီးပြီ၊ ပြီးတော့ တစ်သက်မှာ တစ်ခါသာရတဲ့ အခွင့်အရေးဖြစ်တဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကိုလည်း လက်ခံခဲ့ပြီးပြီ။ ဒီအချိန်မှာ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကိုက်ညီတဲ့ အရာဖြစ်ပြီး၊ သားသမီးဝတ်ကျေပွန်တာကတော့ လူ့ဝတ္တရား သက်သက်ပါပဲ။ အခြေအနေတွေက ခွင့်ပြုရင် လုပ်လို့ရပါတယ်၊ ဒါပေမဲ့ ခွင့်မပြုရင်၊ တာဝန်ကို ဦးစားပေးရပါမယ်။

နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ “သင်သည် သင့်တာဝန်ကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် အိမ်မှ မထွက်ခွာဘဲ သင့်မိဘများအနီးတွင် နေခဲ့လျှင် ၎င်းတို့ နေမကောင်းဖြစ်ခြင်းကို သင်တားဆီးနိုင်ခဲ့မည်လော။ (မတားဆီးနိုင်ပါ။) သင့်မိဘများအသက်ရှင်မည်လော၊ သေမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ ၎င်းတို့ ချမ်းသာမည်လော၊ ဆင်းရဲမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်အစွမ်းဆောင်နိုင်ဆုံးမှာ ၎င်းတို့၏ ဇာတိပကတိ ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်လျှော့ချဖို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အချိန်၌ ဖျားနာသည်၊ မည်သည့်ရောဂါ ကူးစက်သည်၊ မည်သည့်အချိန်တွင် သေသည်၊ မည်သည့်နေရာတွင် သေသည်တို့အတွက်မူ ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ မရှိပေ။ သင်က သားသမီးဝတ်ကျေပွန်လျှင်၊ သင်က စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဟုတ်လျှင်၊ ထို့အပြင် သင်က ၎င်းတို့နှင့်အတူ တစ်နေကုန် နေထိုင်ပြီး ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်လျှင် ၎င်းတို့သည် ဖျားနာခြင်းမရှိမည်လော။ ၎င်းတို့သည် မသေဘဲ နေမည်လော။ ၎င်းတို့သည် ဖျားနာဖို့ရှိသည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဖျားနာလိမ့်မည်သာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် သေတော့မည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ သေမည်မဟုတ်လော။ ဤသို့ မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇))သင်၏ မိဘများကို ဘုရားလက်ထဲသို့ အပ်နှံခြင်းသည် ၎င်းတို့ကို သားသမီးဝတ်ဆိုင်ရာ လေးစားမှုပြသရန် အကောင်းဆုံး နည်းလမ်းဖြစ်၏။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ဘဝများတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရဖို့ သင် မမျှော်လင့်သကဲ့သို့ ၎င်းတို့အနေဖြင့် မကောင်းသည့် ဘဝတစ်ခုကို နေထိုင်ရန်၊ နွမ်းပါးစွာ စားရန် သို့မဟုတ် ညံ့ဖျင်းသည့် ကျန်းမာရေးကို ခံစားရန် သင် မမျှော်လင့်ပေ။ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာပြီး ဘေးကင်းလုံခြုံအောင် ထားလိမ့်မည်ဟု သင် မျှော်လင့်ပေသည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သူများဖြစ်လျှင် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်နိုင်မည်ဟု သင် မျှော်လင့်ပြီး ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည်ဟုလည်း သင် မျှော်လင့်ပေသည်။ ဤသည်မှာ မိမိ၏ လူ့တာဝန်များကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် လူ့သဘာဝဖြင့်သာ ဤမျှ စွမ်းဆောင်ရရှိနိုင်ပေသည်။ ထို့အပြင် အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီး အလွန်များသည့် သမ္မာတရားများကို နားထောင်ပြီးသည့်နောက်တွင် အနည်းဆုံးအနေဖြင့် လူတို့သည် ဤသို့သိနားလည်မှုနှင့် သဘောပေါက်မှု အနည်းငယ်မျှ ရှိကြလေသည်။ လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက သတ်မှတ်သည်၊ လူသည် ဘုရားသခင်၏ လက်တွင် အသက်ရှင်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ ရခြင်းသည် အကြင်သူ၏ သားသမီးများ၏ ပူပန်မှုများ၊ သားသမီးဝတ်ကျေပွန်ခြင်း သို့မဟုတ် အဖော်ပြုခြင်းတို့ထက် များစွာ သာ၍ အရေးကြီးပေသည်။ သင်၏ မိဘများက ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုအောက်တွင်ရှိသည်မှာ သင် စိတ်သက်သာရာမရသလော။ ၎င်းတို့နှင့် ပတ်သက်၍ သင် စိုးရိမ်ရန် မလိုအပ်ပေ။ သင် အမှန်တကယ် စိုးရိမ်မိလျှင် ဘုရားသခင်ကို သင် ယုံကြည်ကိုးစားခြင်းမရှိဟု ဆိုလိုပေသည်။ သူ့အပေါ် သင်၏ ယုံကြည်ခြင်းက အလွန်သေးငယ်သည်။ သင်သည် သင်၏ မိဘများနှင့်ပတ်သက်၍ ရိုးသားစစ်မှန်စွာ စိုးရိမ်ပြီး ပူပန်လျှင် မကြာခဏ ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို ဘုရားလက်တော်ထံအပ်နှံကာ ဘုရားသခင်အား အရာရာကို စီစဉ်ညွှန်ကြားစေပြီး ကြိုတင်စီစဉ်ခွင့်ပေးသင့်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အုပ်စိုးပြီး ၎င်းတို့၏ နေ့ရက်စဉ်တိုင်းနှင့် ၎င်းတို့ထံ ဖြစ်ပျက်သည့်အရာရာတိုင်းကို အုပ်စိုးသောကြောင့် မည်သည့်အရာနှင့်ပတ်သက်၍ သင် စိုးရိမ်နေသေးသနည်း။ သင်၏ ကိုယ်ပိုင်ဘဝကိုပင် သင် မထိန်းချုပ်နိုင်က၊ သင်ကိုယ်တိုင်၌ အခက်အခဲအမြောက်အမြား ရှိ၏။ သင်၏ မိဘများအား နေ့စဉ် ပျော်ရွှင်စွာ အသက်ရှင်ခွင့်ပေးရန် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်မည်နည်း။ သင် လုပ်နိုင်သမျှမှာ အရာရာကို ဘုရားလက်ထဲ အပ်နှံရန် ဖြစ်သည်။ ၎င်းတို့က ယုံကြည်သူများဖြစ်လျှင် နောက်ဆုံးတွင် ကယ်တင်ခံရနိုင်ရန်အလို့ငှာ ၎င်းတို့ကို မှန်ကန်သည့် လမ်းကြောင်းပေါ် ဦးဆောင်ရန် ဘုရားသခင်ကို တောင်းလျှောက်လော့။ ယုံကြည်သူများမဟုတ်လျှင် ၎င်းတို့ လျှောက်လိုသည့် မည်သည့်လမ်းကြောင်းကိုမဆို လျှောက်ကြပါစေ။ သာ၍ ကြင်နာတတ်ပြီး လူ့သဘာဝအချို့ရှိသည့် မိဘများအတွက်မူ ၎င်းတို့၏ ကျန်ရှိသည့် နှစ်ကာလများကို ပျော်ရွှင်မှုဖြင့် ကုန်ဆုံးနိုင်ရန်အလို့ငှာ ၎င်းတို့ကို ကောင်းချီးပေးဖို့ ဘုရားသခင်ထံ သင် ဆုတောင်းနိုင်သည်။ ဘုရားသခင် အမှုပြုပုံနှင့် ပတ်သက်၍မူ သူ့တွင် သူ၏ အစီအစဉ်များရှိပြီး လူတို့က ယင်းတို့ကို ကျိုးနွံနာခံသင့်ကြပေသည်။ ထို့ကြောင့် ခြုံငုံကြည့်လျှင် လူတို့သည် မိမိတို့ မိဘများအပေါ် ၎င်းတို့ ဖြည့်ဆည်းသည့် တာဝန်များနှင့်ဆိုင်သည့် အသိစိတ်တွင် အသိတစ်ခု ရှိကြ၏။ ဤအသိက မိမိ၏ မိဘများအပေါ် မည်သည့် သဘောထား ဖြစ်စေသည်ဖြစ်စေ၊ ထိုအရာက ပူပန်မှုဖြစ်စေ၊ ၎င်းတို့နံဘေးတွင် ရှိနေပေးရန် ရွေးချယ်ခြင်း ဖြစ်စေ၊ မည်သို့ဆိုစေ အပြင်ပန်း အခြေအနေများ၏ ထိခိုက်မှုခံရခြင်းကြောင့် ၎င်းတို့၏ မိဘများအပေါ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် လူတို့သည် အပြစ်ရှိသည့်စိတ် မခံစားသင့် သို့မဟုတ် ဝန်ပိသည့် အသိစိတ် မရှိသင့်ကြပေ။ ဤကိစ္စများနှင့် ဤကဲ့သို့သော အခြားအရာများသည် ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်း အသက်တာတွင် ဒုက္ခပြဿနာများ ဖြစ်မလာသင့်ပေ။ ယင်းတို့ကို လက်လွှတ်သင့်ပေသည်။ မိမိ၏ မိဘများအပေါ် တာဝန်များ ဖြည့်ဆည်းခြင်းနှင့် ဆက်စပ်သည့် ဤအကြောင်းအရာများနှင့် ပတ်သက်လာသည့်အခါ လူတို့တွင် ဤတိကျမှန်ကန်သည့် သိနားလည်မှုများ ရှိသင့်ပြီး ဘောင်ခတ်ခြင်းခံရသည်ဟု မခံစားသင့်တော့ပေ။ တစ်ချက်မှာ သင်သည် သားသမီးဝတ်မကျေပွန်ခြင်း မရှိကြောင်းနှင့် သင်သည် သင်၏ တာဝန်များကို ခေါင်းရှောင်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းမရှိကြောင်း သင်၏စိတ်နှလုံးနက်ရှိုင်းရာထဲမှ သင်သိသည်။ နောက်တစ်ချက်မှာ သင်၏ မိဘများသည် ဘုရားလက်ထဲတွင်ရှိသောကြောင့် စိုးရိမ်ရမည့်အရာ မည်သည့်အရာ ရှိသေးသနည်း။ အကြင်သူ ရှိကောင်းရှိမည့် မည်သည့် စိုးရိမ်မှုများမဆိုသည် မလိုလားအပ်ပေ။ လူအသီးသီးသည် မည်သည့်သွေဖည်မှုမျှမရှိဘဲ မိမိတို့၏ လမ်းကြောင်း အဆုံးထိ ရောက်ရှိရင်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအတိုင်း အဆုံးထိတိုင် အဆင်ပြေချောမွေ့စွာ အသက်ရှင်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) မိဘတွေ သက်ရှိထင်ရှားရှိစဉ်မှာ ဘယ်အချိန်၊ ဘယ်လို ရောဂါမျိုး၊ ဒါမှမဟုတ် ကံဆိုးမှုမျိုး ကျရောက်မယ်ဆိုတာအားလုံးကို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာက အုပ်စိုးထားတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တယ်။ ပြီးတော့ ဒီအရာတွေက သူတို့ကို ပြုစုဖို့ သားသမီးတွေ ဘေးမှာ ရှိမရှိဆိုတာနဲ့ ဘာမှမဆိုင်ပါဘူး။ သားသမီးတွေက မိဘတွေဘေးမှာ နေ့တိုင်း နေရင်တောင်၊ ဘာကိုမှ တကယ် မပြောင်းလဲနိုင်ပါဘူး၊ အများဆုံးအနေနဲ့ သူတို့ရဲ့ နေ့စဉ် ဝန်ထုပ်ဝန်ပိုးကို နည်းနည်းပဲ လျော့ပါးစေမှာပါ။ ဒါပေမဲ့ သူတို့ကံပါလာရင်၊ နေမကောင်း ဖြစ်ဦးမှာပဲ၊ ပြီးတော့ အချိန်တန်ရင်၊ သူတို့ သွားကြရမှာပဲ။ ဒါ ဖန်ဆင်းရှင်က အမိန့်နဲ့ပြဌာန်းထားတဲ့ ကံကြမ္မာပါပဲ။ အမေ ဘာရောဂါရမယ်၊ သေမလားဆိုတာ အားလုံးက ဘုရားသခင်ရဲ့ သတ်မှတ်ချက် အတွင်းမှာပါပဲ။ ကျွန်တော်ပြန်သွားပြီး သူ့ဘေးမှာ နေ့တိုင်းနေရင်တောင်၊ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။ သူ့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီးသားလေ။ သူ ဘယ်အသက်အရွယ်ထိ နေရမယ်၊ သူခံရမဲ့ ဆင်းရဲဒုက္ခတွေ၊ ပြီးတော့ သူ ရင်ဆိုင်ရမဲ့ အခြေအနေတွေဖြစ်တဲ့ ဒီအရာတွေအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်ချက်အောက်မှာ ရှိပြီး၊ ကျွန်တော် စိတ်ပူနေတာက အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး။ အမေကလည်း ဘုရားသခင်ကို ယုံကြည်ပါတယ်၊ ပြီးတော့ ဘုရားသခင်က သူ့အခြေအနေအရ တွေ့ကြုံဖို့ သင့်တော်တဲ့ အခြေအနေတွေကို စီစဉ်ပေးမှာပါ။ အမေ ဒဏ်ရာရတုန်းက၊ ဘုရားသခင်ရဲ့ နှလုံးသားထဲကလာတဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော် နားမလည်ခဲ့ဘဲ သူ့အတွက် အမြဲ စိတ်ပူနေခဲ့ပေမဲ့ အဆုံးမှာတော့ သူ အဆင်ပြေသွားခဲ့သလိုမျိုးပေါ့။ ကျွန်တော့်ယုံကြည်ခြင်း တကယ် အားနည်းနေမှန်း၊ လူ့အယူအဆတွေနဲ့ပဲ အရာရာကို တိုင်းတာနေပြီး၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအပေါ် စစ်မှန်တဲ့ နားလည်မှု ကင်းမဲ့နေမှန်း ကျွန်တော် သတိပြုမိလိုက်တယ်။ အခု၊ အိမ်နဲ့ဝေးနေတာ ဆယ့်တစ်နှစ်ကြာပြီးတဲ့နောက်မှာ အမေက အိမ်မှာ တစ်ယောက်တည်းရှိပြီး သူ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နေတယ်၊ ပြီးတော့ သူ ကောင်းကောင်းမွန်မွန် နေထိုင်နေပါတယ်။ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေက တကယ်ကို မလိုအပ်ခဲ့မှန်း အခု ကျွန်တော် မြင်ပါပြီ။ မိဘတွေက ကျွန်တော့်ရဲ့ အကြွေးရှင်တွေ မဟုတ်မှန်း၊ ပြီးတော့ သူတို့ရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေရဲ့ အစိတ်အပိုင်းအနေနဲ့ ကျွန်တော့်ကို ကျွေးမွေးပြုစုခဲ့တာဖြစ်ပြီး၊ ဒါကို ပြန်ဆပ်ရမဲ့ အကြင်နာတရားအနေနဲ့ ကျွန်တော် မသတ်မှတ်နိုင်မှန်းလည်း ကျွန်တော် နားလည်ပါတယ်။ ဒီဘဝမှာ ကျွန်တော် ဖြည့်ဆည်းရမဲ့ တာဝန်တစ်ခု ရှိပါတယ်၊ အဲဒါကတော့ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ပါပဲ။ ဒီလိုတွေးလိုက်တဲ့အခါ၊ ကျွန်တော့်ရဲ့ လိပ်ပြာမလုံဖြစ်တာ ပျောက်သွားပြီး၊ ကျွန်တော့် စိတ်ဝိညာဉ်ထဲမှာ ပိုပြီး ပေါ့ပါးလွတ်မြောက်သွားတယ်လို့ ခံစားရတယ်၊ ပြီးတော့ ကိုယ့်တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားနိုင်တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်တို့ မိဘများ၏ ပြုစုပျိုးထောင်ပေးသော ကြင်နာမှုကို မည်သို့မှတ်ယူရမည်နည်း

၂၀၁၂ မှာ ကျွန်မတို့ တစ်မိသားစုလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊...

ကျေးဇူးတုံ့ပြန်ခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းခြင်း

ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...

ကျွန်တော့်မိဘတွေရဲ့ ကြင်နာမှုကို ဘယ်လိုသဘောထားရမယ်ဆိုတာ ကျွန်တော် သိလာခဲ့ပါပြီ

ကျွန်တော်အသက် သုံးနှစ်အရွယ်မှာ ကျွန်တော့် မိဘတွေက စိတ်သဘောထားမတိုက်ဆိုင်ကြလို့ ကွာရှင်းခဲ့ကြပြီး လေးနှစ်အရွယ်ရောက်တော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။