ကျွန်ုပ်၏ သားအပေါ် ကျွန်ုပ်၏ အကြွေးတင်သည့် ခံစားချက်များကို လက်လွှတ်လိုက်သည်
စုလီ၊ တရုတ်ပြည်ငယ်ငယ်ကတည်းက အမေ့ကို ကျွန်မ တကယ် လေးစားအားကျခဲ့တယ်။ သူက ကျွန်မတို့ မောင်နှမတွေအတွက် ဒုက္ခတွေအများကြီး ခါးစည်းခံခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ငယ်ငယ်ကတည်းက အမေနဲ့အတူ ကြီးပြင်းလာခဲ့ရတာပါ။ အမေက ကျွန်မတို့ မောင်နှမတွေရဲ့ အလုပ်အကိုင်၊ အိမ်ထောင်ရေးနဲ့ ဘဝတွေအတွက် အများကြီး ကြိုးစားပမ်းစား လုပ်ခဲ့တာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မတို့ အိမ်ထောင်ကျပြီး ကလေးတွေ ရလာတာတောင်မှ၊ သူက ကျွန်မတို့ရဲ့ ကလေးတွေကို ကူထိန်းပေးဖို့ အချိန်တွေ၊ အားအင်တွေကို အများကြီး ပေးဆပ်ခဲ့တယ်။ ယောက္ခမကလည်း ဒီလိုပါပဲ၊ သူ့သားသမီးတွေကို ပြုစုပျိုးထောင်ပေးရုံမကဘဲ မြေးတွေကိုပါ တစ်ယောက်မကျန် ကူပြီး ပြုစုပျိုးထောင်ပေးတာကြောင့် မိသားစုရဲ့ လေးစားတာကို ခံရသလို၊ ပတ်ဝန်းကျင်က ချီးကျူးတာကိုလည်း ခံရတယ်။ ဒါက မိခင်တစ်ယောက်ရဲ့ တာဝန်ဖြစ်ပြီး ကျွန်မ အတုယူသင့်တဲ့အရာလို့ ထင်ခဲ့မိတယ်။ တဖြည်းဖြည်းနဲ့ ဇနီးကောင်း၊ မိခင်မွန်တစ်ယောက် ဖြစ်လာဖို့က ကျွန်မရဲ့ ပန်းတိုင် ဖြစ်လာတာပေါ့။
၂၀၀၅ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားသခင်က လူဇာတိခံယူပြီးပြီဆိုတာ၊ လူတွေကို တရားစီရင်ပြီး သန့်စင်ဖို့၊ အပြစ်ရဲ့ အရင်းအမြစ်ကို သိစေဖို့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိစေဖို့အတွက် သမ္မာတရားကို ဖော်ပြနေတယ်ဆိုတာတွေကို ကျွန်မ သိလာရတယ်။ ကျွန်မ အရမ်း စိတ်လှုပ်ရှားခဲ့ရတယ်။ ဘုရားသခင်ရဲ့ အသံတော်ကို မကြားရသေးတဲ့သူတွေ၊ ကိုယ်တော့် ရှေ့မှောက်ကို မရောက်လာသေးတဲ့သူတွေ အများကြီးရှိနေတာကို မြင်ရတော့ ကျွန်မလည်း ဧဝံဂေလိတရား ဟောပြောတဲ့အလုပ်မှာ ပါဝင်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ ဧဝံဂေလိဟောနေတုန်း ဆိုးယုတ်တဲ့သူတစ်ယောက်ရဲ့ တိုင်တာကို ကျွန်မခံရလို့ အိမ်ကနေ မဖြစ်မနေ ထွက်ခဲ့ရပြီး တခြားနေရာမှာ တာဝန်သွားထမ်းဆောင်ခဲ့ရတယ်။
မသိလိုက်ဘာသာနဲ့ ဆယ်စုနှစ်တစ်ခုတောင် ကုန်သွားတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အိမ်ပြန်ရောက်တော့ သမီး အိမ်ထောင်ကျသွားပြီဆိုတာနဲ့ ကလေးတောင် နှစ်လကျော်နေပြီဆိုတာ အမေ့ဆီကနေ သိလိုက်ရတယ်။ သမီးရှိတဲ့ မြို့ကိုသွားပြီးတော့ နောက်ဆုံးမှာ သူနဲ့ သွားတွေ့ခဲ့တယ်။ သမီးက ပြောပြတယ်၊ တစ်ခါတုန်းက သူ့ယောင်းမနဲ့ အတူအိပ်နေတုန်း အိပ်မက်ထဲမှာ “မေမေ...မေမေ...” ဆိုပြီး တဖွဖွ ယောင်ပြီးအော်တယ်တဲ့။ အဲဒါကို ကြားရတော့ ကျွန်မ ရင်ထဲမှာ အရမ်းခံစားလိုက်ရတယ်။ ကျွန်မသမီး ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတုန်းက ကျွန်မ ဘေးမှာ မရှိခဲ့ဘူး။ မိခင်တစ်ယောက်ရဲ့ တာဝန်ကို ကျွန်မ မကျေခဲ့ဘူးလေ။ သမီးကို နွေးထွေးမှုနဲ့ ဂရုစိုက်မှု ပိုပေးနိုင်ဖို့၊ သူ့အပေါ်တင်နေတဲ့ အကြွေးကို ပြန်ပေးဆပ်နိုင်ဖို့အတွက် နေခဲ့ပြီး ကူညီပေးချင်စိတ် တော်တော် ပြင်းပြခဲ့တယ်။ ခင်ပွန်းကလည်း နေခဲ့ဖို့ တိုက်တွန်းတယ်။ ကျွန်မ တွေးမိတယ်၊ “တခြားတာဝန်တစ်ခု ယူပြီး သူတို့နဲ့အတူ ပြန်နေလိုက်ရင် သမီးကို ကူညီပေးလို့ရမယ်။ သမီးက ခန္ဓာကိုယ် အားနည်းတော့ ကလေးကို မပြုစုနိုင်ဘူး၊ ဒီအချိန်က ငါ့အကူအညီ လိုအပ်ဆုံးအချိန်ပဲ” ပေါ့။ ဒါနဲ့ နေဖို့ စဉ်းစားမယ်လို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျမှ၊ ဒီအချိန်က ဧဝံဂေလိတရား ဖြန့်ဝေဖို့အတွက် အရမ်း အရေးကြီးတဲ့အချိန် ဖြစ်နေတာကို သတိထားမိလိုက်တယ်။ ကျွန်မက အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီး အသင်းတော်မှာ ကိုင်တွယ်စရာအလုပ်တွေ အများကြီး ရှိနေတယ်။ လောလောဆယ်မှာ ကျွန်မတာဝန်ကို လွှဲယူမယ့်သူ ရှာမတွေ့သေးဘူး၊ ဒါကြောင့် မိသားစုကို ပြုစုစောင့်ရှောက်ဖို့အတွက် အသင်းတော်အလုပ်ကို ပစ်ထားပြီး လစ်လျူရှုလိုက်မယ်ဆိုရင် အဲဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ညီမှာ မဟုတ်ဘူး။ တစ်ဖက်မှာက အသင်းတော်အလုပ်၊ တစ်ဖက်မှာက သမီးရဲ့ အခက်အခဲတွေ ဖြစ်နေတယ်။ ဘယ်လို ရွေးချယ်ရမှန်းကို မသိတော့ဘူး။ ကျွန်မ တော်တော်လေး ဗျာများသွားတယ်။ ဒါကြောင့် သူတို့နဲ့ အတူရှိနေတုန်းမှာ တတ်နိုင်သလောက် ကူညီပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အိမ်မှုကိစ္စတွေလုပ်ရင်း၊ ကလေးထိန်းရင်းနဲ့ သမီးကို မိတ်သဟာယပြုပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေတယ်၊ ညဘက်ဆိုရင်လည်း နို့ကိုအပူပေးပြီး မြေးကိုတိုက်ဖို့ ထတယ်။ ညတိုင်း ကောင်းကောင်း မနားရပေမဲ့၊ တစ်ခါတလေ ချွေးတွေရွှဲပြီး ခါးတွေ၊ ကျောတွေ နာတဲ့အထိ ပင်ပန်းပေမဲ့လည်း ဒါက ငါလုပ်သင့်တဲ့အရာပဲလို့ တွေးပြီး ကျေနပ်နေမိတယ်။ အချိန်တွေ ကုန်တာမြန်လိုက်တာ၊ မသိလိုက်ဘာသာနဲ့ ကျွန်မ ပြန်ရမယ့်အချိန် ရောက်လာပါလေရော။ ဆက်နေချင်ပေမဲ့ ကိုယ့်တာဝန်အကြောင်း တွေးနေတာကြောင့် ဘာပဲဖြစ်ဖြစ် ထွက်လာခဲ့တယ်။ နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့တောင်မှ သမီးကို ပြုစုဖို့ ပြန်သွားဖို့ပဲ တွေးနေမိတယ်။ တာဝန်အပေါ် ဝန်တာထားစိတ် သိပ်မရှိတော့ဘူး၊ ပြီးတော့ နောက်ဆက်တွဲ လုပ်ဆောင်ရမယ့် အလုပ်တွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို တွေ့ရတဲ့အခါ ရိုးရိုးပဲ မိတ်သဟာယပြုပေးပြီး သူတို့ရဲ့ ကိစ္စတွေကို ဂရုတစိုက်နဲ့ အမှန်တကယ် မဖြေရှင်းပေးတော့ဘူး။ ပြန်ပြီးတော့ ကျွန်မသမီးကို စောင့်ရှောက်ခွင့်ရဖို့အတွက် ကျွန်မတာဝန်ကို အမြန်အစားထိုးဖို့ သင့်တော်တဲ့သူတစ်ယောက်ကိုတောင် ရှာချင်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ စိတ်ပါသလို၊ မပါသလိုအခြေအနေမှာ ရှိနေတာကြောင့် ဧဝံဂေလိအလုပ်၊ ဒါမှမဟုတ် ရေလောင်းခြင်းအလုပ်ကို အချိန်မီ နောက်ဆက်တွဲ မလုပ်ဆောင်မိဘဲ အလုပ်တွေ ကြန့်ကြာကုန်တယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြပြီး တာဝန်အပေါ် ဝန်တာထားစိတ် မရှိဘူးလို့ ပြောကြတယ်။ အခုတလော သမီးအပေါ် အပြစ်ရှိသလို ခံစားချက်တွေနဲ့ အသက်ရှင်နေမိတာ၊ အလုပ်တွေကို နောက်ဆက်တွဲလုပ်ဆောင်ဖို့ တွန်းအားမရှိဖြစ်နေတာ၊ ပြီးတော့ ဒီအရာတွေကြောင့် အလုပ် ထိခိုက်နေတာတွေကို ကျွန်မ ဆင်ခြင်သုံးသပ်ကြည့်ခဲ့တယ်။ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်မ အခြေအနေ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရလို့ ဘုရားသခင် ရှေ့မှောက်ကို အမြန်ဆုံး တိုးဝင်ပြီး ဆုတောင်းခဲ့တယ်။ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့အတွက် ဒီလို ချစ်ခင်တွယ်တာမှုတွေထဲကနေ ခေါ်ဆောင်ပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်တို့ထဲမှတစ်ယောက်က ‘ကျွန်ုပ်သည် ကျွန်ုပ်၏ သားသမီးများကို လုံးဝ လက်မလွှတ်နိုင်ပါ။ သူတို့သည် မွေးကတည်းက ကိုယ်ရောစိတ်ပါ ကြံ့ခိုင်မှုအားနည်းသည်။ ပြီးလျှင် မွေးရာပါ ကြောက်ရွံ့ပြီး တွန့်ဆုတ်သည်။ အလွန်ကောင်းသော အစွမ်းအစလည်းမရှိဘဲ လူ့အဖွဲ့အစည်းတွင် အခြားလူများ၏ အနိုင်ကျင့်ခြင်းကို အစဉ်ခံရသည်။ သူတို့ကို ကျွန်ုပ် လက်မလွှတ်နိုင်ပါ’ ဟု ပြောသည် ဆိုပါစို့။ သင့်သားသမီးများအား သင်လက်မလွှတ်နိုင်ခြင်းသည် ၎င်းတို့အပေါ် သင့်တာဝန်များကို ဖြည့်ဆည်းပြီးခြင်းမရှိဟု အဓိပ္ပာယ်မရပေ။ ယင်းသည် သင့်ချစ်ချင်တွယ်တာမှုများ၏ သက်ရောက်မှုမျှသာ ဖြစ်သည်။ သင်က ‘ကျွန်ုပ်၏ သားသမီးများက ကောင်းစွာ စားသောက်ရခြင်းရှိမရှိ၊ သို့မဟုတ် အစာအိမ် ပြဿနာတစ်ခုခု ရှိမရှိကို ကျွန်ုပ် အစဉ်စိတ်ပူပြီး တွေးတောနေရသည်။ သူတို့သည် သင့်တော်သောအချိန်များတွင် အစာမစားဘဲ ပါဆယ်မှာ၍သာ ရေရှည်စားနေလျှင် အစာအိမ်ပြဿနာများ ဖြစ်မည်လော။ ရောဂါတစ်မျိုးမျိုးရမည်လော။ ဖျားနာလျှင် သူတို့ကို စောင့်ရှောက်မည့်သူ၊ ကြင်နာမည့်သူ တစ်ယောက်ယောက် ရှိမည်လော။ သူတို့၏ အိမ်ထောင်ဖက်က သူတို့ကို အရေးစိုက်သလော၊ စောင့်ရှောက်သလော’ ဟု ဆိုနိုင်သည်။ သင်၏ ပူပင်မှုများသည် သင်၏ ချစ်ခင်တွယ်တာမှုများ၊ သင်နှင့် သင်၏သားသမီးများတွင်ရှိသည့် သွေးသားတော်စပ်မှုမှ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ သို့သော် ဤအရာများသည် သင့်တာဝန်များ မဟုတ်။ မိဘများအပေါ် ဘုရားသခင်ကပေးခဲ့သည့် တာဝန်များမှာ မိမိတို့၏သားသမီးများ အရွယ်မရောက်မီတွင် သားသမီးများအား ပျိုးထောင်ခြင်းနှင့် စောင့်ရှောက်ခြင်း တာဝန်များသာ ဖြစ်သည်။ သားသမီးများက အရွယ်ရောက်ပြီးနောက်တွင် မိဘများသည် ၎င်းတို့အပေါ် မည်သည့်တာဝန်မျှ မရှိတော့ပေ။ ဤသည်မှာ ဘုရားသခင်၏ စီမံမှု၏ အမြင်ရှုထောင့်မှနေ၍ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ကြည့်ရှုခြင်းဖြစ်သည်။ ဤအရာကို သင်နားလည်သလော။ (နားလည်ပါသည်။) သင့်ခံစားချက်များသည် မည်မျှပြင်းထန်ပါစေ၊ သို့မဟုတ် သင်၏မိဘစိတ် ဝင်ရောက်လာသောအခါတွင် ဤသည်မှာ သင့်တာဝန်များကို ဖြည့်ဆည်းခြင်းမဟုတ်ဘဲ သင့်ခံစားချက်များ၏ သက်ရောက်မှုမျှသာ ဖြစ်သည်။ သင့်ခံစားချက်များ၏ သက်ရောက်မှုများသည် လူ့သဘာဝ အသိစိတ်မှဖြစ်စေ၊ ဘုရားသခင်က လူကို သွန်သင်ခဲ့သည့် စည်းမျဉ်းများမှဖြစ်စေ၊ သမ္မာတရားအပေါ် လူ၏ နာခံခြင်းမှဖြစ်စေ ဆင်းသက်လာခြင်းမဟုတ်။ ပြီးလျှင် လူ၏ တာဝန်များမှ ဆင်းသက်လာခြင်းလည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား ယင်းတို့သည် လူ၏ ခံစားချက်များမှ လာခြင်းဖြစ်သည်။ ယင်းတို့ကို ခံစားချက်များဟု ခေါ်သည်။...သင်သည် ဘုရားသခင်ကပေးသည့် မိဘတာဝန်၏ အဓိပ္ပာယ်သတ်မှတ်ချက်ဖြင့် အသက်ရှင်ရမည့်အစား သင်ခံစားချက်များထဲတွင်သာ အသက်ရှင်ပြီး သင့်သားသမီးများအပေါ် သင့်ခံစားချက်များနှင့်အညီ ချဉ်းကပ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်နေခြင်းမဟုတ်။ ဤအရာများအားလုံးကို သင့်ခံစားချက်နှင့်အညီသာ ခံစားနေခြင်း၊ ရှုမြင်နေခြင်းနှင့် ကိုင်တွယ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သင်က ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းမရှိဟု ဆိုလိုသည်။ ဤသည်မှာ သိသာသည်။ ဘုရားသခင်က သင့်အား သွန်သင်ခဲ့သည့် သင်၏ မိဘတာဝန်များသည် သင့်သားသမီးများ အရွယ်ရောက်သည်နှင့် ပြီးဆုံးသွားခဲ့သည်။ ဘုရားသခင်က သင့်အား သွန်သင်ပေးခဲ့သည့် လက်တွေ့လုပ်ဆောင်မှုနည်းလမ်းသည် လွယ်ကူခြင်းနှင့် ရိုးရှင်းခြင်း မရှိသလော။ (ရှိပါသည်။) သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်လျှင် အဓိပ္ပာယ်မရှိသော လုပ်ဆောင်မှုများကို ထိတွေ့ဆောင်ရွက်မည်မဟုတ်။ ပြီးလျှင် သင်သည် သင့်သားသမီးများအား အပိုဒုက္ခမပေးဘဲ၊ သို့မဟုတ် မနှောင့်ယှက်ဘဲ၊ သို့မဟုတ် ၎င်းတို့အပေါ် အပိုဝန်တစ်ခုမျှ မပေးဘဲ ၎င်းတို့ကို လွတ်လပ်ခွင့်အချို့နှင့် မိမိကိုယ်ကို တိုးတက်အောင်လုပ်ရန် အခွင့်အလမ်းကို ပေးမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် အရွယ်ရောက်သူများဖြစ်သောကြောင့် ဤသို့လုပ်ဆောင်ခြင်းက ၎င်းတို့ကို အရွယ်ရောက်သူ၏ အမြင်ရှုထောင့်ဖြင့်လည်းကောင်း၊ အမှုအရာများအား ကိုင်တွယ်ခြင်းနှင့် ရှုမြင်ခြင်းအတွက် အရွယ်ရောက်သူ၏ အမှီအခိုကင်းသော နည်းလမ်းများဖြင့်လည်းကောင်း၊ အရွယ်ရောက်သူ၏ အမှီအခိုကင်းသော လောကအမြင်ဖြင့်လည်းကောင်း ကမ္ဘာလောက၊ ၎င်းတို့၏ဘဝ၊ ၎င်းတို့၏ နေ့စဉ်အသက်တာနှင့် ရှင်သန်ရပ်တည်မှုတွင် ကြုံရသည့် ပြဿနာအမျိုးမျိုးတို့ကို ရင်ဆိုင်ခွင့်ပေးလိမ့်မည်။ ဤသည်တို့မှာ သင့်သားသမီးများ၏ လွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်တို့ဖြစ်သည်။ ထို့အပြင် ယင်းတို့သည် အရွယ်ရောက်သူများအနေဖြင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများဖြစ်သည်။ ပြီးလျှင် ဤအရာများသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) “ပင်ကိုအားဖြင့် မိဘများသည် သားသမီးများ၏ အခမဲ့ ကလေးထိန်းများ၊ သို့မဟုတ် ကျွန်များမဟုတ်ပေ။ မိဘများက သားသမီးများအပေါ် မည်သည့် မျှော်မှန်းချက်များရှိပါစေ သားသမီးများအား မိဘများကို အစားပြန်လည် လုပ်ဆောင်ပေးခြင်းမရှိဘဲ ထင်ရာမြင်ရာ အမိန့်ပေးခိုင်းစေခွင့်ပြုရန်၊ သို့မဟုတ် သားသမီးများ၏ အစေခံ၊ အိမ်ဖော်၊ သို့မဟုတ် ကျွန်များ ဖြစ်ရန် မိဘများအနေဖြင့် မလိုအပ်ပေ။ သင်သည် သင့်သားသမီးအပေါ် မည်သည့်ခံစားချက်ရှိပါစေ သင်သည် အမှီအခိုကင်းသောသူတစ်ယောက် ဖြစ်ဆဲဖြစ်သည်။ သင်၏ သားသမီးများ ဖြစ်ရုံသက်သက်ဖြင့် ၎င်းတို့၏ အရွယ်ရောက်ပြီးဖြစ်သောဘဝအပေါ် တာဝန်ယူခြင်းသည် အပြည့်အဝမှန်ကန်နေသည့်အလား မလုပ်ဆောင်သင့်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုအပ်ပေ။ ၎င်းတို့သည် အရွယ်ရောက်ပြီးသူများဖြစ်သည်။ သင်သည် ၎င်းတို့ကို ပျိုးထောင်ရန် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့က ကောင်းစွာနေထိုင်မည်လော၊ သို့မဟုတ် ဆိုးစွာနေထိုင်မည်လော၊ ၎င်းတို့သည် ချမ်းသာမည်လော၊ သို့မဟုတ် ဆင်းရဲမည်လော၊ ပျော်ရွှင်သော၊ သို့မဟုတ် မပျော်ရွှင်သောဘဝကို နေထိုင်မည်လောဆိုသည်တို့အတွက်မူ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။ ဤအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် မိဘအနေဖြင့် ထိုအရာများကို ပြောင်းလဲရန် ဝတ္တရားမရှိပေ။...မိမိတို့၏ သားသမီးများက အရွယ်ရောက်ပြီးနောက်တွင် ၎င်းတို့၏ အလုပ်၊ အသက်မွေးဝမ်းကျောင်း၊ မိသားစု၊ သို့မဟုတ် အိမ်ထောင်တို့တွင် အဆင်ပြေခြင်း ရှိမရှိနှင့်ပတ်သက်၍ မိဘများက မိမိတို့ကိုယ်တိုင်အပေါ် တာဝန်ပုံမချထားသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် ဤအရာများကို စိတ်ပူနိုင်သည်။ ယင်းတို့အကြောင်းကို စုံစမ်းမေးမြန်းနိုင်သည်။ သို့သော် သင်သည် ယင်းတို့ကို အပြည့်အဝဦးဆောင်ပြီး သားသမီးများအား သင့်အနီးတွင် ခေါ်ထားရန်၊ မည်သည့်နေရာသို့ သင်သွားပါစေ ၎င်းတို့ကို သင်နှင့်အတူခေါ်ရန်၊ မည်သည့်နေရာသို့ သင်သွားသည်ဖြစ်စေ ၎င်းတို့ကို စောင့်ကြည့်ပြီး ‘သူတို့သည် ယနေ့တွင် ကောင်းစွာစားနိုင်ကြသလော။ ပျော်ရွှင်ကြသလော။ အလုပ်က အဆင်ပြေသလော၊ သူတို့၏ အထက်လူကြီးက သူတို့ကို အသိအမှတ်ပြုသလော။ သူတို့၏ အိမ်ထောင်ဖက်က သူတို့ကို ချစ်သလော။ သူတို့၏ ကလေးများက စကားနားထောင်ကြသလော။ သူတို့၏ ကလေးများက အမှတ်ကောင်းကြသလော’ ဟု စဉ်းစားရန် မလိုအပ်ပေ။ ဤအရာများသည် သင်နှင့် မည်သို့သက်ဆိုင်သနည်း။ သင့်သားသမီးများက ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းနိုင်သည်။ သင် ပါဝင်ပတ်သက်ရန် မလိုပေ။ ဤအရာများသည် သင်နှင့် မည်သို့သက်ဆိုင်သနည်းဟု ငါအဘယ်ကြောင့် မေးသနည်း။ ဤသည်မှာ ထိုအရာများသည် သင်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ငါဆိုလိုခြင်းဖြစ်သည်။ သင်သည် သင့်သားသမီးများအပေါ် သင့်တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ သင်သည် ၎င်းတို့ကို အရွယ်ရောက်ပြီးသူများအဖြစ်သို့ ပျိုးထောင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သင်သည် နောက်ဆုတ်သင့်သည်။ သင်သည် နောက်ဆုတ်လိုက်သည်နှင့် ဤသည်မှာ သင့်၌ လုံးဝ လုပ်စရာမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ သင်လုပ်ဆောင်သင့်သည့်အရာ များစွာရှိသေးသည်။ ဤဘဝတွင် သင်ပြီးမြောက်ရန် လိုအပ်သည့်တာဝန်များနှင့် ပတ်သက်လျှင် သားသမီးများအား အရွယ်ရောက်သည်အထိ ပျိုးထောင်ခြင်းအပြင် သင့်၌ ပြီးမြောက်ရန် အခြားတာဝန်များလည်း ရှိသည်။ သင်သည် သားသမီးများ၏ မိဘဖြစ်ခြင်းအပြင် ဖန်ဆင်းခံတစ်ယောက်လည်း ဖြစ်သည်။ သင်သည် ဘုရားရှေ့သို့ လာသင့်သည်။ ပြီးလျှင် ဘုရားထံမှ သင်၏တာဝန်ကို လက်ခံသင့်သည်။ သင့်တာဝန်သည် အဘယ်နည်း။ ထိုတာဝန်ကို သင်ပြီးမြောက်ပြီးသလော။ ထိုတာဝန်အပေါ် သင့်ကိုယ်သင် ဆက်ကပ်အပ်နှံပြီးဖြစ်သလော။ ကယ်တင်ခြင်းဆီသို့လမ်းကြောင်းအပေါ် သင် စတင်လျှောက်လှမ်းပြီးဖြစ်သလော။ ဤအရာများသည် သင် စဉ်းစားသင့်သည့် အရာများဖြစ်သည်။ သားသမီးများက အရွယ်ရောက်ပြီးနောက်တွင် မည်သည့်နေရာသို့ သွားမည်၊ ၎င်းတို့၏ဘဝက မည်သို့ဖြစ်မည်၊ ၎င်းတို့၏ အခြေအနေများက မည်သို့ဖြစ်မည်၊ ၎င်းတို့သည် ပျော်ရွှင်ကြည်နူးမည်လောဆိုသည်တို့အတွက်မူ ထိုအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင့်သားသမီးများက လက်တွေ့ကျအရရော စိတ်ပိုင်းဆိုင်ရာအရပါ နှစ်ခုလုံးတွင် အမှီအခိုကင်းနေပြီဖြစ်သည်။ သင်သည် ၎င်းတို့ကို အမှီအခို ကင်းခွင့်ပြုသင့်သည်။ သင်သည် လက်လွှတ်သင့်သည်။ ပြီးလျှင် ၎င်းတို့ကို ထိန်းချုပ်ဖို့ မကြိုးစားသင့်ပေ။ လက်တွေ့အားဖြင့် ဖြစ်စေ၊ ချစ်ခင်တွယ်တာမှုအရာဖြစ်စေ၊ သွေးသားတော်စပ်မှုအားဖြင့် ဖြစ်စေ သင်သည် သင့်တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ ပြီးလျှင် သင်နှင့် သင့်သားသမီးများကြားတွင် မည်သည့်ဆက်ဆံရေးမျှ မရှိတော့ပေ။...သင့်သားသမီးများက အမှီအခိုကင်းသောအခါတွင် ဤသည်မှာ သင်သည် ၎င်းတို့အပေါ် သင့်တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သင်သည် အခြေအနေပေးသောအခါတွင် သင့်သားသမီးများအတွက် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ၎င်းတို့အား အရေးစိုက်မှု၊ သို့မဟုတ် ဂရုစိုက်မှုပြသပါစေ ယင်းသည် ချစ်ခင်မှုမျှသာဖြစ်ပြီး မလိုလားအပ်ပေ။ သို့မဟုတ် သင့်သားသမီးများက သင့်အား တစ်စုံတစ်ခုလုပ်ဆောင်ရန် ခိုင်းစေလျှင် ယင်းသည်လည်း မလိုလားအပ်ပေ။ ယင်းသည် သင်လုပ်ဆောင်ရန် တာဝန်ရှိသည့်အရာတစ်ခု မဟုတ်။ ဤအရာကို သင်နားလည်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားနှုတ်ကပတ်တော်တွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်ခဲ့တယ်။ ကလေးတွေနဲ့ပတ်သက်လာရင် ကိုယ့်ရဲ့ ချစ်ခင်တွယ်တာမှုအပေါ်မှာပဲ မှီခိုနေတုန်းပဲ၊ အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ မရှုမြင်ခဲ့ဘူး။ မိဘတွေရဲ့ တာဝန်က ကလေးတွေ အရွယ်မရောက်ခင်မှာ ပြုစုပျိုးထောင်ပြီး ဂရုစိုက်ပေးရမယ့် ဝတ္တရားကို ဖြည့်ဆည်းဖို့ပဲ ဖြစ်တယ်၊ ဒါပေမဲ့ ကလေးတွေ အရွယ်ရောက်ပြီး လူကြီးဖြစ်သွားတာနဲ့ မိဘတွေရဲ့ တာဝန် ကျေပွန်သွားပြီလို့ ဘုရားသခင်က မိန့်ဆိုထားတယ်။ ဒါပေမဲ့ မိဘတွေက ကလေးတွေကို အမြဲတမ်း ဂရုစိုက်ပေးရမယ်၊ သူတို့ အခက်အခဲကြုံရင် မိဘတွေက ဘေးကနေ အမြဲ ကူညီဖြေရှင်းပေးပြီး သူတို့ကို နွေးထွေးမှုနဲ့ ပျော်ရွှင်မှု ခံစားရအောင် လုပ်ပေးရမယ်လို့ ကျွန်မ မှားယွင်းစွာ တွေးထင်ခဲ့မိတယ်။ အရည်အချင်းရှိတဲ့ မိခင်တစ်ယောက်က ဒီလိုလုပ်သင့်တယ်လို့ ထင်ခဲ့တာပေါ့။ အထူးသဖြင့် ကျွန်မသမီး အိမ်ထောင်ကျတုန်းက၊ ဒါမှမဟုတ် ကလေးမွေးတုန်းက ကျွန်မ ဘေးမှာ မရှိခဲ့တာ၊ ပြီးတော့ ကျွန်မ ပေးချင်တဲ့ ဂရုစိုက်မှုကို သူ မရခဲ့တာတွေကို ပြန်တွေးမိတိုင်း သမီးအပေါ် အပြစ်ရှိတယ်လို့ ခံစားရပြီး သူ့ကို ပြုစုဖို့ နေခဲ့ချင်မိတယ်။ ဒီလို မှားယွင်းတဲ့ အမြင်နဲ့ နေထိုင်မိတော့ အရာရာကို ဆင်ခြင်တုံတရားနဲ့ မရှုမြင်နိုင်ခဲ့ဘူး။ သမီးက အရွယ်ရောက်နေပြီ၊ ဒါပေမဲ့ ကျွန်မက သူ့ကို ဂရုစိုက်ပေးချင်နေတုန်းပဲ။ သူ့ဘေးမှာ နေပြီး ပြုစုပေးလို့ရအောင် ကိုယ့်တာဝန်တွေကို ပြောင်းဖို့တောင် စဉ်းစားခဲ့မိတယ်။ ဒါကြောင့် ကိုယ့်တာဝန်မှာ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့ရတယ်၊ အလုပ်တချို့မှာဆိုရင် ခေါင်းဆောင်တွေက ကျွန်မကို အမြဲ သတိပေးပြီး တိုက်တွန်းနေရတယ်၊ အဲဒါက အလုပ်ကို ထိခိုက်စေခဲ့တယ်။ သမီးနဲ့ပတ်သက်သမျှ အရာရာကို ကျွန်မ တာဝန်ယူချင်ခဲ့တယ်၊ ကျွန်မ အကူအညီမပါရင် သူ ဘဝကို ရှေ့ဆက်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တာ။ ကျွန်မက အရမ်း တွယ်တာလွန်းနေပြီး အရာရာကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မရှုမြင်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ တာဝန်တွေ ကျေပွန်ပြီးသွားပြီဆိုတာကို အခုမှပဲ ကျွန်မ နားလည်လာတယ်။ သမီးက ၃၂ နှစ် ရှိနေပြီ၊ အရွယ်ရောက်နေပြီ၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေပြီ၊ သူ့ဘဝသူ လုံးဝ ရပ်တည်နိုင်စွမ်း ရှိပါတယ်။ ကလေးမွေးမြူရတဲ့ အခက်အခဲတွေကိုလည်း သူ ကြုံတွေ့ဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ကျွန်မက သူ့ရဲ့ ပိုက်ဆံမရတဲ့ ကလေးထိန်းမှ မဟုတ်တာ။ ကိုယ့်အချိန်တွေ၊ အင်အားတွေ အကုန်လုံးကို သမီးအပေါ်မှာပဲ ပုံအောလိုက်တာက မိုက်မဲရာကျပါတယ်။ တကယ်တော့ ကလေးတွေ အခက်အခဲတချို့ ရှိတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ သူတို့အတွက် ကောင်းပါတယ်။ ကျွန်မ လက်လွှတ်တတ်ဖို့ သင်ယူရမယ်၊ သမီးကို လွတ်လပ်စွာ ကြီးပြင်းခွင့် ပေးရမယ်။ ပြန်စဉ်းစားကြည့်ရင်၊ သမီး ငယ်ငယ်ကတည်းက သူ့ကို ကျွန်မ အမြဲတမ်း တကယ်ကို ဂရုစိုက်ခဲ့တယ်။ စာကိုပဲ အာရုံစိုက်စေချင်လို့ သူ့ကို ဘာအိမ်မှုကိစ္စမှ မခိုင်းခဲ့ဘူး၊ သူကြီးလာတဲ့အထိ ထမင်းဟင်း ကောင်းကောင်း မချက်တတ်သေးဘူး။ ဒီတစ်ခါ ကျွန်မ ပြန်သွားတော့ သမီးက ကြက်ပေါင်းရည် လုပ်တတ်နေပြီဆိုတာကို တွေ့ရတယ်။ ပြီးတော့ နေ့စဉ် အိမ်မှုကိစ္စ အဝဝကိုလည်း ကိုင်တွယ်တတ်စ ပြုနေပြီ။ ကျွန်မသာ အိမ်မှာ ရှိနေရင် အကုန်လုံးကို ကျွန်မပဲ ယူလုပ်လိုက်မှာ၊ အဲဒါဆို သမီးက ဘယ်လိုမှ တိုးတက်လာမှာ မဟုတ်ဘူး။ မိခင်တစ်ယောက်အနေနဲ့ ကျွန်မ လက်လွှတ်တတ်ဖို့ သင်ယူရမယ်၊ သမီး ကြီးပြင်းပြီး တိုးတက်လာဖို့ အခွင့်အရေး ပေးရမယ်။ ကျွန်မက ဖန်ဆင်းခံတစ်ဦး ဖြစ်တယ်၊ သားသမီးရဲ့ အစေခံ မဟုတ်ဘူး၊ ပြီးတော့ ကျွန်မ ဖြည့်ဆည်းရမယ့် ကိုယ်ပိုင် အထူးတာဝန် ရှိပါတယ်။ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကျွန်မ ဖြည့်ဆည်းပြီး ကယ်တင်ခြင်း ရရှိဖို့အတွက် သမ္မာတရားကို လိုက်စားသင့်တယ်။
ကိုယ့်ရဲ့ မှားယွင်းတဲ့ အတွေးတွေနဲ့ အမြင်တွေကို သတိပြုမိပြီးတဲ့နောက်မှာ ကျွန်မ စပြီး ဆင်ခြင်မိတယ်၊ “‘ဇနီးကောင်း၊ မိခင်မွန် ဖြစ်ခြင်း’ ဆိုတဲ့ မှားယွင်းတဲ့ အမြင်က ဘယ်က ရောက်လာတာလဲ” ပေါ့။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့တယ်။ “ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိမ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က ‘ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်’ ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် ‘ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ’ ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် လိုလားသော်လည်း ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရန်လည်း အလိုရှိလျက် ယခုတွင် လှေနံနှစ်ဖက်နင်းနေမိပေသည်။ သို့ရာတွင် ဘုရားသခင်၏ ရှေ့မှောက်၌ ငါတို့သည် တာဝန်နှင့် ဝတ္တရားတစ်ခု၊ ဘဝပေးတာဝန်တစ်ခုသာ ရှိ၏။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ သင်ဖြည့်ဆည်းပြီးပြီလော။ အဘယ်ကြောင့် တစ်ဖန် သင်လမ်းလွဲသွားပြန်သနည်း။ သင်၏ စိတ်နှလုံးတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဝေဖန်မောင်းမဲစိတ်တို့ အမှန်တကယ် မရှိလေသလော။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားက အခြေခံအုတ်မြစ်ချထားခြင်း မရှိသေးသကဲ့သို့ ထိုစိတ်နှလုံးကို အုပ်စိုးခြင်းလည်း မရှိသေးသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် သင်သည် လမ်းလွဲသွားနိုင်သည်။ ယခုတွင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သော်လည်း တကယ်တမ်း၌မူ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများကို အလွန်စံမမီဖြစ်နေဆဲ ဖြစ်သည်။ ဤအချက်ကို သင်ရှင်းလင်းစွာ ယခု မြင်နိုင်သလော။ ‘ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်’ ဟု ဘုရားသခင်က ဆိုသည့်အချိန်တွင် မည်သည့်အရာကို သူဆိုလိုသနည်း။ ယင်းမှာ လူတိုင်းကို ဤအရာ သဘောပေါက်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်များနှင့် ဝိညာဉ်များအားလုံးဘုရားသခင်ထံမှ လာပြီး၊ သူက ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့် သဘာဝမှ သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သားသမီးများက ကျွန်ုပ်တို့ထံမှ မွေးဖွားကြသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည်သာ မိဘများထံမှ မွေးဖွားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်လက်ထဲတွင် လုံးဝ ရှိပေသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကိုယ့်ပြဿနာတွေကို ကျွန်မ ဆင်ခြင်သုံးသပ်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှိပ်ကွပ်မှုကြောင့် တာဝန်ထမ်းဆောင်ဖို့ အိမ်က ထွက်ပြေးခဲ့ရလို့ သမီးကို မပြုစုနိုင်ခဲ့ဘူး၊ ဒါကြောင့် သမီးအပေါ် အပြစ်ရှိသလို ခံစားချက်နဲ့ နေထိုင်ခဲ့မိတယ်။ အမှန်တရားကတော့ ကျွန်မ ရိုးရာယဉ်ကျေးမှုရဲ့ လွှမ်းမိုးတာကို ခံခဲ့ရတာပါ။ အမျိုးသမီးတစ်ယောက်က ခင်ပွန်းနဲ့ သားသမီးတွေကို ဗဟိုပြုပြီး ဘဝကို ရှင်သန်ရမယ်၊ သူတို့ရဲ့ နေ့စဉ် စားသောက်ရေး၊ နေထိုင်ရေးနဲ့ လုပ်ရိုးလုပ်စဉ်တွေကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ သားသမီးတွေရဲ့ မျိုးဆက်ကို ပြုစုပျိုးထောင်ပြီး ကောင်းကောင်း ဂရုစိုက်ပေးရမယ်၊ ဒါမှ ကိုယ့်တာဝန်ကို ကျေပွန်တာ ဖြစ်မယ်၊ ဒီလိုမှ မဟုတ်ရင် အမျိုးသမီးကောင်း မဟုတ်ဘူးဆိုပြီး ကဲ့ရဲ့တာ ခံရမယ်လို့တောင် ကျွန်မ ထင်ခဲ့မိတယ်။ “ဇနီးကောင်း၊ မိခင်မွန် ဖြစ်ခြင်း” ဆိုတာက အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တိုင်းတာခဲ့ကြတဲ့ စံနှုန်းတစ်ခု ဖြစ်ခဲ့တယ်။ ဒါကြောင့် သမီး အိမ်ထောင်ကျပြီး ကလေးမွေးတဲ့အခါ၊ သူ့ကလေးကို ငါ ပြုစုပျိုးထောင်ပေးသင့်တယ်၊ သူတို့ရဲ့ စားဝတ်နေရေး အကုန်လုံးကို ငါ တာဝန်ယူပေးသင့်တယ်၊ ဒါမှ သမီးက မိခင်တစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ဂရုစိုက်မှုကို ခံစားရပြီး ပျော်ရွှင်ရလိမ့်မယ်လို့ ကျွန်မ အလိုလို တွေးထင်ခဲ့မိတယ်။ ဒါမှပဲ မိခင်တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်တာလို့ ကျွန်မ ခံစားခဲ့ရတယ်။ သမီးက ဒီအရာတွေကို မခံစားရတဲ့အခါ သူ့အပေါ် အပြစ်ရှိသလို ခံစားခဲ့ရတယ်၊ ဒါကြောင့် တခြားတာဝန်တစ်ခု ပြောင်းပြီး သမီးကို ပိုဂရုစိုက်ဖို့ ပြန်သွားချင်ခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ စိတ်မပါတော့တဲ့အထိ ဖြစ်ခဲ့တာပေါ့။ ကျွန်မက ဘုရားသခင်အပေါ် သစ္စာမရှိဘူး၊ ကျိုးနွံနာခံခြင်းမရှိဘူးဆိုတာနဲ့ ကျွန်မစိတ်နှလုံးထဲမှာ မိသားစုနဲ့ သမီးရဲ့ နေရာက ဘုရားသခင်ထက် ကျော်လွန်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မကိုယ်ကျွန်မ ယုံကြည်သူလို့ ဘယ်လို ခေါ်နိုင်မှာလဲ။ အခု ပြန်စဉ်းစားကြည့်ရင်၊ သမီးကို ပြုစုစောင့်ရှောက်ရင်တောင်မှ၊ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ဘူး၊ သမ္မာတရားကို လိုက်စားဖို့ အချိန်နဲ့ အင်အား မရှိဘူး၊ ပြီးတော့ ဇာတိပကတိ ခံစားချက်တွေနဲ့ပဲ အလုပ်ရှုပ်ပြီး နေ့ရက်တွေကို ကုန်ဆုံးနေမယ်ဆိုရင်၊ အဆုံးမှာ ကျွန်မက အချည်းနှီးဖြစ်တဲ့ ဘဝကိုနေပြီးတော့ပဲ သေဆုံးသွားမှာ။ ဒီလိုဘဝမျိုးက ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ် ရှိမှာလဲ။ ကျွန်မကို အသက်ပေးပြီး မိသားစုနဲ့ သမီးကို ပိုင်ဆိုင်ခွင့်ပေးခဲ့တာက ဘုရားသခင်ပါ။ ကျွန်မကို ကျေးဇူးတော်ချပေးပြီး ဘုရားအသံတော်ကို ကြားခွင့်ပေးတာ၊ သမ္မာတရားကို နားလည်ခွင့်ပေးတာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကျင့်ကြံပြုမူရမလဲဆိုတာနဲ့ လူ၊ ဖြစ်ရပ်နဲ့ အမှုအရာ မျိုးစုံကို ပိုင်းခြားသိမြင်ခွင့်ပေးတာကလည်း ဘုရားသခင်ပါပဲ။ ဒါတွေအားလုံးက စာတန်ရဲ့ ချည်နှောင်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကနေ ကျွန်မ အမြန်ဆုံး ရုန်းထွက်ပြီး သမ္မာတရား ရရှိဖို့၊ အဆုံးမှာ ကယ်တင်ခြင်း ရရှိဖို့ ဘုရားသခင်ရဲ့ မျှော်လင့်ချက်ပါပဲ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားမလည်ခဲ့ဘူး။ သမီးနဲ့ မိသားစုရဲ့ အကျိုးစီးပွားကိုပဲ အမြဲ တွေးနေပြီး အသင်းတော်အလုပ်ကို မငဲ့ကွက်ခဲ့ဘူး။ ကိုယ့်ရဲ့ ချစ်ခင်တွယ်တာမှုတွေထဲမှာပဲ နေထိုင်ခဲ့တယ်၊ တာဝန်အပေါ် ဝန်တာထားစိတ် မရှိသလို ဘုရားသခင်ကို အကြွေးတင်တယ်လို့လည်း မခံစားခဲ့ရဘူး။ ကျွန်မမှာ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား မရှိခဲ့ဘူး၊ လူလို့ ခေါ်ဖို့တောင် မထိုက်တန်ပါဘူး။ စာတန်ရဲ့ ရိုးရာအယူအဆတွေက အဆိပ်ခတ်တာကို အရမ်း နက်နက်ရှိုင်းရှိုင်း ခံထားရတာကိုး။ သမ္မာတရား မရှိဘဲ ကျွန်မက တကယ် သနားစရာကောင်းခဲ့တာပဲ။
နောက်ပိုင်းမှာ၊ အရွယ်ရောက်ပြီးသား သားသမီးတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတဲ့ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ထို့ကြောင့် မိဘများသည် သားသမီးများအတွက် အစဉ်သဖြင့် အရာရာတိုင်းကို လုပ်ဆောင်လိုပြီး သားသမီးများ၏ အခက်အခဲများအတွက် အဖိုးအခကို ခံလိုလျှင်၊ လိုလိုလားလားဖြင့် သားသမီးများ၏ ကျွန်ဖြစ်လိုလျှင် ဤသည်မှာ အလွန်အကျွံ မဖြစ်သလော။ ယင်းသည် မိဘများအား လုပ်ဆောင်ရန် မျှော်မှန်းသင့်သည့်အရာထက်ပို၍ ကျော်လွန်နေသောကြောင့် မလိုအပ်ပေ။...လူတစ်ယောက်ချင်းစီ၏ ကံကြမ္မာကို ဘုရားသခင်က ဆုံးဖြတ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘဝတွင် ကောင်းချီး၊ သို့မဟုတ် ဒုက္ခမည်မျှကို တွေ့ကြုံသည်၊ မည်သည့်မိသားစု၊ အိမ်ထောင်နှင့် သားသမီးများရှိသည်၊ လူ့အဖွဲ့အစည်းတွင် မည်သည့်အတွေ့အကြုံများကို ၎င်းတို့ ဖြတ်သန်းရသည်၊ ဘဝတွင် မည်သည့်ဖြစ်ရပ်များကို ၎င်းတို့တွေ့ကြုံရသည်ဆိုသည့်အရာများကို ၎င်းတို့ကိုယ်တိုင် ကြိုတင်မမြင်နိုင်ပေ၊ သို့မဟုတ် ထိုသို့သောအရာများကို မပြောင်းလဲနိုင်ပေ။ ပြီးလျှင် မိဘများသည် ယင်းတို့ကို ပြောင်းလဲရန် ပို၍ပင် အစွမ်းမရှိပေ။ ထို့ကြောင့် သားသမီးများသည် မည်သည့်အခက်အခဲကိုမဆို ကြုံရလျှင် မိဘများသည် တတ်နိုင်လျှင် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ကူညီသင့်သည်။ မတတ်နိုင်လျှင်မူ မိဘများအနေဖြင့် စိတ်အေးသက်သာနေပြီး ဤအရာများကို ဖန်ဆင်းခံတစ်ယောက်၏ အမြင်ရှုထောင့်မှ ကြည့်ကာ သားသမီးများအား ဖန်ဆင်းခံများအဖြစ် တန်းတူညီမျှစွာ ဆက်ဆံခြင်းက အကောင်းဆုံးဖြစ်သည်။ သင်တွေ့ကြုံရသည့် ဒုက္ခကို ၎င်းတို့လည်း တွေ့ကြုံရမည်။ သင်နေထိုင်သည့်ဘဝကို ၎င်းတို့လည်း နေထိုင်ရမည်။ သင်ဖြတ်သန်းခဲ့သည့် ငယ်ရွယ်သော ကလေးများအား ပျိုးထောင်ခြင်းဖြစ်စဉ်ကို ၎င်းတို့လည်း ဖြတ်သန်းရမည်။ လူ့အဖွဲ့အစည်းနှင့် လူတို့ကြားတွင် သင်တွေ့ကြုံသည့် အလှည့်အပြောင်းများ၊ လိမ်လည်မှုများနှင့် လှည့်စားမှုများ၊ သင်တွေ့ကြုံခဲ့ရသည့် စိတ်ခံစားချက်ဆိုင်ရာ အနှောင်အဖွဲ့များ၊ လူအချင်းချင်း သဘောထားကွဲလွဲမှုများနှင့် အလားတူအရာတိုင်းကို ၎င်းတို့လည်း တွေ့ကြုံရမည်။ ၎င်းတို့အားလုံးသည် သင်ကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်။ အားလုံးက ဆိုးယုတ်မှုခေတ်ရေစီးကြောင်း၏ သယ်ဆောင်ခြင်းကို ခံရပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ သင်သည် ဤအရာမှ မလွတ်မြောက်နိုင်သကဲ့သို့ ၎င်းတို့လည်း မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့အား ကမ္ဘာပေါ်ရှိ ဒုက္ခအားလုံးကို ရှောင်ကြဉ်ပြီး ကောင်းချီးအားလုံးကို ခံစားရရန် ကူညီလိုခြင်းသည် ကလေးဆန်သော ထင်ယောင်ထင်မှားဖြစ်မှုနှင့် မိုက်မဲသော အယူအဆတစ်ခုဖြစ်သည်။ လင်းယုန်တစ်ကောင်၏ အတောင်များသည် မည်မျှကျယ်ပြန့်ပါစေ လင်းယုန်ငယ်ကို သူ၏ ဘဝတစ်လျှောက်လုံးတွင် ကာကွယ်မပေးနိုင်ပေ။ လင်းယုန်ငယ်သည် နောက်ဆုံးတွင် အရွယ်ရောက်ပြီး တစ်ဦးတည်းပျံသန်းရမည့် အခြေအနေသို့ ရောက်လိမ့်မည်။ လင်းယုန်ငယ်က တစ်ကောင်တည်းပျံသန်းရန် ရွေးချယ်သောအခါ သူ၏ ကောင်းကင်တစ်ခွင်က မည်သည့်နေရာတွင် ရှိနိုင်သည်၊ သို့မဟုတ် မည်သည့်နေရာ၌ ပျံသန်းရန် ရွေးချယ်မည်ကို မည်သူမျှ မသိပေ။ ထို့ကြောင့် သားသမီးများ အရွယ်ရောက်ပြီးနောက် မိဘများအတွက် ဆင်ခြင်တုံတရားအရှိဆုံး သဘောထားမှာ လက်လွှတ်ရန်၊ သားသမီးများအား ဘဝကို ၎င်းတို့ဘာသာ တွေ့ကြုံခွင့်ပြုရန်၊ ၎င်းတို့အား အမှီအခိုကင်းစွာ နေထိုင်ခွင့်ပြုရန်၊ ဘဝတွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို အမှီအခိုကင်းစွာ ရင်ဆိုင်ခွင့်၊ ကိုင်တွယ်ခွင့်၊ ဖြေရှင်းခွင့်ပြုရန် ဖြစ်သည်။ ၎င်းတို့က သင့်အား အကူအညီတောင်းပြီး သင်က ကူညီရန် အစွမ်းနှင့် အခြေအနေရှိလျှင် သင်သည် လက်ကမ်းကူညီပေးနိုင်ပြီး လိုအပ်သော အကူအညီကို ပေးနိုင်သည်မှာ မှန်သည်။ သို့ရာတွင် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်မှာ မည်သည့်အကူအညီကို သင်ပေးသည်ဖြစ်စေ၊ ငွေရေးကြေးရေးဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ယာယီသာဖြစ်နိုင်ပြီး မည်သည့်အဓိကပြဿနာကိုမျှ မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို သွားလာရမည်။ ပြီးလျှင် ၎င်းတို့၏ မည်သည့်အရေးကိစ္စ၊ သို့မဟုတ် အကျိုးဆက်များကိုမဆို ထမ်းရွက်ရန် သင့်၌ ဝတ္တရားမရှိပေ။ ဤသည်မှာ မိဘများက အရွယ်ရောက်သော သားသမီးများအပေါ် ရှိသင့်သည့် သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) “သင်သည် မိမိ၏ အချိန်နှင့် ခွန်အားအားလုံးကို သမ္မာတရား လိုက်စားခြင်းတွင် အသုံးပြုပါက၊ သင် တွေးတောသမျှအားလုံးသည် သင်၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်နှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သို့ လာရမည်ဟူသည့် အပြုသဘောဆောင်သောအရာများ ဖြစ်ပါက၊ သင်၏ စိတ်နှလုံးသည် သမ္မာတရား၊ ဘုရားသခင်နှင့် အပြုသဘောဆောင်သောအရာများကိုသာ စွဲကိုင်ထားပါက၊ ပြီးလျှင် သင်သည် သင်၏ အချိန်နှင့် ခွန်အားအားလုံးကို ဤအပြုသဘောဆောင်သော အရာများအပေါ် အသုံးခံပါက သင် ရရှိသည့်အရာမှာ သမ္မာတရားနှင့် အသက်ဖြစ်ကာ ယင်းတို့သည် အသေချာဆုံး အကျိုးရှိပြီး တန်ဖိုးအရှိဆုံးသော အရာများ ဖြစ်ကြသည်။ သင်သည် မည်သို့ အသက်ရှင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူရမည်၊ လူ၊ ဖြစ်ရပ်နှင့် အမှုအရာ အမျိုးအစားတိုင်းကို မည်သို့ ရင်ဆိုင်ရမည်ကို သိရှိလိမ့်မည် ဖြစ်သည်။ လူ၊ ဖြစ်ရပ်၊ အမှုအရာအမျိုးအစားတိုင်းအား မည်သို့ရင်ဆိုင်ရမည်ကို သင်သိသည်နှင့် ဤအရာက ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို ကြီးမားသော အတိုင်းအတာအထိ အလိုအလျောက်နာခံနိုင်စေရန် သင့်ကို ထောက်ကူပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို အလိုအလျောက်နာခံနိုင်သောအခါ သင်သည် သင်ကိုယ်တိုင်ပင် သတိမထားမိဘဲ ဘုရားသခင်က လက်ခံပြီး ချစ်သောသူမျိုး ဖြစ်လာလိမ့်မည်။ စဉ်းစားကြည့်လော့။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ သင်သည် ဤအရာကို မသိသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင့်ဘဝကို သင်ရှင်သန်ခြင်းဖြစ်စဉ်တွင်၊ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများအား သင်လက်ခံခြင်း ဖြစ်စဉ်တွင် သင်သည် မသိမသာဖြင့် ဘုရားနှုတ်ကပတ်တော်နှင့်အညီ နေထိုင်လာမည်၊ လူများနှင့် အမှုအရာများကို ရှုမြင်လာမည်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လာမည် ဖြစ်သည်။ ဤသည်မှာ သင် မသိလိုက်မီတွင်ပင် သင်သည် ဘုရားနှုတ်ကပတ်တော်ကို ကျိုးနွံနာခံလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ကျိုးနွံနာခံပြီး ဖြည့်ဆည်းလိမ့်မည်ဟုလည်းကောင်း အဓိပ္ပာယ်ရသည်။ ထို့နောက်တွင် သင်သည် သင်ကိုယ်တိုင်ပင်မသိဘဲ ဘုရားသခင်က လက်ခံသော၊ ယုံကြည်သော၊ ချစ်သောသူမျိုး ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤသည်မှာ အလွန်မကောင်းသလော။ (ကောင်းပါသည်။) ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားရန်နှင့် သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် သင်၏ အားအင်နှင့် အချိန်ကို သုံးစွဲလျှင် အဆုံး၌ သင်ရရှိသည့်အရာမှာ တန်ဖိုးအရှိဆုံးသောအရာများ ဖြစ်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) အရွယ်ရောက်ပြီးသား သားသမီးတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ လူတိုင်းရဲ့ ကံကြမ္မာကို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်ချက်တွေက ဆုံးဖြတ်တယ်၊ ပြီးတော့ သားသမီးတွေ ဘဝမှာ ကြုံတွေ့ရမယ့် ဆင်းရဲဒုက္ခနဲ့ ကောင်းချီးတွေ အားလုံးကို ဘုရားသခင်က စီစဉ်ထားတာ ဖြစ်တယ်၊ ဒါက မိဘတွေပြောင်းလဲလို့ ရတဲ့ဟာတစ်ခု မဟုတ်ဘူး။ မိဘတွေအနေနဲ့၊ ကိုယ့်သားသမီးတွေကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ဆက်ဆံသင့်တယ်။ ဘုရားသခင် မိန့်ဆိုထားသလိုပဲ၊ ကျွန်မတို့က စာတန်ကြောင့် ဖောက်ပြန်ပျက်စီးနေတဲ့ လောကကြီးမှာ မွေးဖွားလာကြတယ်၊ တခြားသူတွေနဲ့ အတူယှဉ်တွဲနေထိုင်ရတဲ့ ဖရိုဖရဲဖြစ်မှုတွေ၊ ငြိတွယ်ရစ်ပတ်မှုတွေ၊ ရှုပ်ထွေးမှုတွေကို ရင်ဆိုင်ကြရတယ်၊ ပြီးတော့ ဘဝရဲ့ အချိုအခါး အစုံအလင်ကို တွေ့ကြုံကြရတယ်။ သားသမီးတွေလည်း ဒီအရာတွေကို ဖြတ်သန်းရမှာဖြစ်ပြီး အခက်အခဲမျိုးစုံကို ရင်ဆိုင်တတ်အောင် သင်ယူကြရမှာပါ။ တကယ်လို့ သားသမီးတွေက ကျွန်မတို့ အကူအညီ တကယ် လိုအပ်လာရင်၊ ကိုယ့်တတ်နိုင်သလောက် ကူညီပေးသင့်ပါတယ်။ သူတို့ရဲ့ အတွေးအခေါ်ကို လမ်းပြပေးတာပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေးအရ ထောက်ပံ့ပေးတာပဲဖြစ်ဖြစ်ပေါ့။ အချိန်ရရင် သူတို့ရဲ့ ကလေးတွေကို ကူထိန်းပေးလို့ရတယ်၊ ဒါပေမဲ့ အချိန်မရရင်တော့ အတင်းအကျပ် မလုပ်သင့်ဘူး။ ကျွန်မတို့ ပြီးမြောက်အောင် လုပ်ရမယ့် ကိုယ်ပိုင် တာဝန်တွေ ရှိသေးတယ်၊ ပြီးတော့ ဖန်ဆင်းခံတွေအနေနဲ့ ဧဝံဂေလိအလုပ်အတွက် ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်တယ်၊ ဒါက အရေးကြီးဆုံးပါပဲ။
၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကိစ္စတချို့ ဖြေရှင်းစရာရှိလို့ ကျွန်မ အိမ်ပြန်ခဲ့တယ်။ သမီးရဲ့ အလုပ်အဆင်မပြေတာ၊ မိသားစုမှာ ငွေရေးကြေးရေး အခက်အခဲကြီးကြီးမားမား ရှိနေတာ၊ ပြီးတော့ သူ စီးပွားရေးတစ်ခု စလုပ်ချင်နေတာတွေကို ကျွန်မ သိလိုက်ရတယ်။ သမက်က တခြားမြို့မှာ အလုပ်ရထားပေမဲ့ နေစရာနေရာ မရှိဘူး။ သူတို့ ဒုက္ခရောက်မှာ စိုးရိမ်လို့ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းတွေ ရှာပေးဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သမီးက ပြောတယ်၊ “မေမေ သမီးအတွက် စိတ်ပူစရာ မလိုပါဘူး။ သမီးပြဿနာ သမီးဘာသာ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှာလိုက်ပါ့မယ်” တဲ့။ သမီး ဒီလိုပြောတာ ကြားလိုက်ရတော့ ကျွန်မ နည်းနည်း ရှက်သွားပြီး ဘုရားသခင် မိန့်ဆိုထားတာကို တွေးမိလိုက်တယ်။ “သင်တွေ့ကြုံရသည့် ဒုက္ခကို ၎င်းတို့လည်း တွေ့ကြုံရမည်။ သင်နေထိုင်သည့်ဘဝကို ၎င်းတို့လည်း နေထိုင်ရမည်။...ထို့ကြောင့် ၎င်းတို့အား ကမ္ဘာပေါ်ရှိ ဒုက္ခအားလုံးကို ရှောင်ကြဉ်ပြီး ကောင်းချီးအားလုံးကို ခံစားရရန် ကူညီလိုခြင်းသည် ကလေးဆန်သော ထင်ယောင်ထင်မှားဖြစ်မှုနှင့် မိုက်မဲသော အယူအဆတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဟုတ်တယ်၊ သူ ကြီးပြင်းနေပြီ၊ လွတ်လပ်စွာ ရပ်တည်နိုင်နေပြီ၊ သူ့ဘဝထဲ ကျွန်မ ဝင်မပါသင့်တော့ဘူး။ ကျွန်မ လက်လွှတ်လိုက်သင့်ပြီ၊ ကိစ္စတွေကို သူ့ဘာသာ ဖြေရှင်းခွင့် ပေးလိုက်သင့်ပြီ။ ဒီအရာတွေကို တွေးမိတော့ ကျွန်မ စိတ်သက်သာရာ ရသွားတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်၊ သူ့အတွက် စိတ်ပူနေတာကို ရပ်သင့်ပြီ။ တစ်ခါတလေ သမီးရဲ့ အခက်အခဲတွေကို တွေးမိတုန်းပဲ ဆိုပေမဲ့၊ ဒါက သူ ဖြတ်သန်းရမယ့် အရာပဲဆိုတာ၊ ပြီးတော့ ကျွန်မက ကိုယ့်တာဝန်အပေါ်မှာပဲ စိတ်နှလုံးကို မြှုပ်နှံထားသင့်တယ်ဆိုတာ ကျွန်မ စိတ်နှလုံးထဲမှာ သိပါတယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ၊ ကျွန်မ စိတ်နှလုံးထဲမှာ လွတ်မြောက်မှုနဲ့ လွတ်လပ်မှုကို ခံစားလိုက်ရတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
စုလီ၊ တရုတ်ပြည်ငယ်ငယ်ကတည်းက အမေ့ကို ကျွန်မ တကယ် လေးစားအားကျခဲ့တယ်။ သူက ကျွန်မတို့ မောင်နှမတွေအတွက် ဒုက္ခတွေအများကြီး ခါးစည်းခံခဲ့တယ်။...
တရုတ် ဝဲန်နွန်ကျွန်မသား ငယ်ငယ်လေးကတည်းက ကိုယ်ခန္ဓာက အားနည်းပြီး ကြီးထွားမှုကလည်း နှေးတယ်။ ကျွန်မတို့အိမ်က ကျောင်းနဲ့နီးတော့ သူ့ကို...
ယီရှင်း၊ တရုတ်ပြည်၂၀၀၃ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သခင်ယေရှုရဲ့ ပြန်ကြွလာတာကို...
ကျွန်မ တော်တော်လေးငယ်သေးတဲ့အချိန်မှာ ကျွန်မမိဘတွေက ကွာရှင်းခဲ့ကြတယ်။ ကျွန်မအစ်မအကြီးနဲ့ကျွန်မက အဖေနဲ့ အတူနေခဲ့ပြီးတော့ ကျွန်မတို့ဘဝက...