နောက်ဆုံးတွင် ကျွန်မ တာဝန်ကို မည်သို့ဖြည့်ဆည်းရမည်ကို ကျွန်မ သိပြီ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မလုပ်ဆောင်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) “သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်- ယင်းနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား ကာယပိုင်းဆိုင်ရာ အားထုတ်မှုများ အမြဲအသုံးပြုချင်နေပါက၊ သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ၊ သင်၏ တာဝန်ကို သင် မည်မျှကောင်းကောင်း လုပ်ဆောင်ပြီးဖြစ်သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက၊ သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက၊ သိနားလည်လိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ အလိုကို တဖြည်းဖြည်း သိနားလည်လာနိုင်လိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းတို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ရန် သင်၏ စိတ်နှလုံးကို အသုံးမပြုဘဲ၊ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုများ ပြုလုပ်ခြင်းကိုသာ သင် အာရုံစိုက်ပါက၊ သင်၏ စိတ်နှလုံးထဲတွင် ထွက်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများနှင့် မတူညီသည့် အပြင်ပန်းပတ်ဝန်းကျင်များအဖို့ သင်၌ ရှိသည့် တုန့်ပြမှုများကို သင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကိုယ် ဆန်းစစ်ဖို့ သင်၏ စိတ်နှလုံးကို အသုံးမပြုပါက၊ သင်၏ စိတ်နှလုံးထဲရှိ ပြဿနာများကို ဖြေရှင်းဖို့ သင့်အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ကျွန်မတို့အနေဖြင့် ကျွန်မတို့၏ တာဝန်ကို ဖြည့်ဆည်းဖို့ အာရုံစိုက်ရမည်၊ တာဝန်သိတတ်ပြီး၊ သမ္မာတရားကို ရှာဖွေရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မတို့ကို ပြပါသည်။ ကျွန်မသည် သတိမမူခဲ့သည့် လူတစ်ဦး ဖြစ်လေ့ရှိခဲ့ပါသည်။ မည်သည့်အရာတွင်မျှ ကျွန်မ များစွာ အားထုတ်ခဲ့ပါ။ ဘုရားသခင်၏ အိမ်တော်တွင် အလားတူ ဖြစ်ခဲ့သည်။ ကျွန်မ၏ တာဝန်တွင် အကောင်းဆုံးသော ရလဒ်များအတွက် ကျွန်မ ကြိုးစားနေခဲ့သည်။ အလုပ်ကြိုးစားမှု လိုအပ်သည့် ရှုပ်ထွေးသော တစ်စုံတစ်ရာကို ကျွန်မ ကြုံရသည့်အခါတိုင်းတွင်၊ ကျွန်မ သတိမမူခဲ့သကဲ့သို့ တာဝန်မသိတတ်ခဲ့ပါ၊ ထို့ကြောင့် ကျွန်မ၏ တာဝန်တွင် အမှားများ အမြဲ ကျွန်မ လုပ်နေမိခဲ့သည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအကြောင်းနှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဖို့ ကျွန်မ၏ တာဝန်ကို မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်ကို အနည်းငယ် ကျွန်မ နားလည်လာခဲ့သည်၊ ထို့နောက် ကျွန်မ၏ တာဝန်ကို တာဝန်သိသိနှင့် မှန်မှန် ဆောင်ရွက်နိုင်ခဲ့သည်။
ထိုအချိန်က ကျွန်မ၏ တာဝန်မှာ အီတလီသို့ ဘာသာပြန်မှုကို စစ်ဆေးရခြင်း ဖြစ်သည်။ အစတွင် ကျွန်မသည် လုံ့လဝီရိယရှိပြီး၊ ဖြစ်လာသည့် မည်သည့် အခက်အခဲများကိုမဆို ဖြေရှင်းဖို့ လိုလားနေခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊ ပုံနေသော စာရွက်စာတမ်းများနှင့် ကျွန်မ ရင်ဆိုင်ခဲ့ရပြီး၊ အနည်းငယ် မသက်မသာ စဖြစ်လာခဲ့သည်၊ အထူးသဖြင့် အရောင်စုံမှတ်စုများနှင့် စာရွက်စာတမ်းများ၊ ပုဒ်မများ၊ ပုဒ်ဖြတ်သင်္ကတများနှင့် အခြား ပုဒ်ဖြတ်ပုဒ်ရပ်များ တစ်ပုံတစ်ပင်ကြီးနှင့် စာရွက်စာတမ်းများကို ကျွန်မ တွေ့ရချိန်တွင် ဖြစ်သည်။ တစ်ခုချင်းစီကို ပုံစကျဖို့နှင့် နေရာကျစေဖို့ စစ်ဆေးရသည်။ ကျွန်မ ဂနာမငြိမ် ဖြစ်ခဲ့သည်။ “ဘယ်လောက်တောင်ခေါင်းခြောက်ရမှာလဲ အရမ်းပင်ပန်းတယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ ထို့နောက်တွင် ထိုအရာများကို ကျွန်မ နောက်ထပ် အလွန် လုံ့လဝီရိယရှိစွာ မစစ်ချင်တော့ဘဲ၊ ထိုအရာများကို လှန်လှောကြည့်ရုံသာကြည့်ပြီး၊ မှန်သည့်အရာ များသည်၊ နည်းသည်ဆိုသည်ကိုသာ သေချာစေခဲ့သည်။ တစ်ခါတစ်ရံတွင် ကျွန်မစိတ်ကို ငြိမ်ငြိမ်ထားကာ ဘာသာပြန်မှုက မှန်ကန်တိကျမှု ရှိမရှိဆိုသည်ကို တကယ်စဉ်းစားဖို့ လိုအပ်ခဲ့သော်လည်း၊ ရှုပ်ထွေးသည့် စာကြောင်းဖွဲ့စည်းပုံတစ်ခုကို မြင်ရချိန်တွင်- “စကားလုံးတစ်လုံးချင်းကို အေးအေးဆေးဆေး စဉ်းစားပြီး ရှာဖွေလေ့လာဖို့ဆိုရင် အများကြီး အားထုတ်ရမှာ၊ ပြီးတော့ ဘာမှရှာမတွေ့ရင် အဲဒါ အလကားသက်သက်ပင်ပန်းတာပဲ မဟုတ်လား၊ ထားလိုက်ပါ၊ အဲဒါတွေကို တာဝန်ယူဖို့ တခြားတစ်ယောက်ဆီ ချန်ထားလိုက်မယ်” ဟု တစ်ကိုယ်ကောင်းဆန်သည့် ကောက်ချက်ချမိခဲ့သည်။ ထိုသို့ဖြင့်ပင်၊ ကျွန်မ၏ တာဝန်တွင် သတိမမူဘဲ ကျွန်မ ဟန်ဆောင်လုပ်ပြနေခဲ့သည်။
အချိန်ကြာလာသည့်အခါ၊ အတောမသတ်သော ပြဿနာများက ရုတ်တရက် စတင် ပေါ်ပေါက်လာနေခဲ့သည်။ အခြားသူများသည် ကျွန်မ စစ်ထားခဲ့ပြီးသည့် စာရွက်စာတမ်းများ၌ စာလုံးအကြီးအသေးနှင့် ပုဒ်ဖြတ်ပုဒ်ရပ် အမှားများကို ရှာတွေ့နေခဲ့ကြပြီး၊ သူတို့ထဲမှ အချို့မှာ ဘာသာပြန်မှုမှ ချန်လှပ်ထားသည့် စကားအနည်းငယ်ပင် ရှိခဲ့သည်။ ထိုအရာကို မြင်ခဲ့ရချိန်တွင် ကျွန်မ တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရသည်။ အခြားတစ်စုံတစ်ဦးက ထိုပြဿနာလေးများကို ချက်ချင်းတွေ့ကြသော်လည်း၊ ကျွန်မရှေ့တည့်တည့် ရှိနေခဲ့ချိန်တွင် ကျွန်မကမတွေ့ခဲ့ပါ။ ထိုသို့သော သိသာထင်ရှားသည့် ချန်လှပ်မှုများ အဘယ်သို့ ရှိနိုင်ရသနည်း။ ထိုအရာကို ကျွန်မ ပိုတွေးလေ ပိုစိတ်မကောင်း ဖြစ်မိလေ ဖြစ်ခဲ့သည်။ တစ်ရက် နေ့လည်စာစားပြီးသည့်နောက်တွင်၊ ကျွန်မ စစ်ထားသည့် စာရွက်စာတမ်းတစ်ခုတွင် အနည်းကိန်း၊ အများကိန်းနှင့်ဆိုင်သည့် တကယ့်အခြေခံကျသော အမှားတစ်ခုရှိနေသည်ဟု ပြောထားသည့် စာတိုတစ်ခုကို ကျွန်မ ရရှိခဲ့သည်။ ထိုအရာမှာ ကျွန်မ နှလုံးသားကို ဓားတစ်စင်း ထွင်းဖောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မ အဘယ်သို့ အလွန် သတိမမူနိုင်ရသနည်း။ ထိုသို့သော အခြေခံကျသည့် အမှားတစ်ခုကို ကျွန်မ အဘယ်သို့ မမြင်မိရသနည်း။ ကျွန်မ စစ်ထားသည့် အခြားစာရွက်စာတမ်းများက အလားတူ အမှားများ ရှိသည် မရှိသည်ကို ကျွန်မ မသေချာနိုင်ခဲ့ပါ။ ကျွန်မ၏ အလုပ်က အမှားများဖြင့် ပွထနေခဲ့သည်။ ကျွန်မ မည်သည့်အရာ လုပ်ဆောင်ရမည်နည်း။ ကျွန်မ၏ ဆင်းရဲဒုက္ခဖြင့်၊ ဘုရားသခင်ရှေ့မှောက်သို့ အလျင်အမြန် သွားကာ ကျွန်မ ဆုတောင်းခဲ့သည်။ ကျွန်မ၏ အခြေအနေနှင့် ကျွန်မ၏ တာဝန်အပေါ် လတ်တလော ထားရှိသည့် ကျွန်မ၏ သဘောထားတို့နှင့်ပတ်သက်၍ ကျွန်မ သုံးသပ်ဆင်ခြင်ခဲ့သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်- “သင်၏ တာဝန်ထဲတွင် သင် စိတ်မပါသလို အရေးမထားလျှင်၊ အမှုအရာများကို သင်တတ်နိုင်သည့် အလွယ်ဆုံးနည်းလမ်းဖြင့်သာ လုပ်ဆောင်နေလျှင်၊ ဤသည်မှာ မည်သို့သော စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းမှာ သင်၏ တာဝန်အပေါ် သစ္စာမရှိ၊ တာဝန်သိစိတ်မရှိသလို တာဝန်နှင့်ဆိုင်သည့် သဘောထားမရှိဘဲလျက် အမှုအရာများကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်နေခြင်းတစ်ခုသာ ဖြစ်သည်။ သင်၏တာဝန်ကို လုပ်ဆောင်သည့်အကြိမ်တိုင်းတွင်၊ သင်၏ ခွန်အားကို ထက်ဝက်သာ သင်သုံးသည်၊ စိတ်မပါတပါနှင့် သင်လုပ်ဆောင်သည်။ စိတ်အား ထက်သန်မှု မရှိဘဲ ပြီးစီးဖို့သာ ကြိုးစားပြီး အနည်းဆုံးအနေဖြင့် တာဝန်သိခြင်းမရှိဘဲ လုပ်ဆောင်သည်။ သင်သည် ထိုအရာကို ဟိုဟိုသည်သည် ကစားနေသည့်အလား သက်သောင့်သက်သာ ပုံစံတစ်ခုဖြင့် သင် လုပ်ဆောင်သည်။ ဤအရာက ပြဿနာများဆီသို့ ဆိုက်ရောက်စေသည် မဟုတ်လော။ နောက်ဆုံးတွင်၊ သင်သည် တာဝန်ကို ညံ့ဖျင်းစွာ ဆောင်ရွက်ပြီး၊ ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေသည်ဟု လူတို့က ပြောလိမ့်မည်။ ဤအရာကို ဘုရားသခင်က အဘယ်သို့ပြောလိမ့်မည်နည်း။ သင့်ကို ယုံကြည်စိတ်ချ၍မရဟု သူပြောလိမ့်မည်။ အလုပ်တစ်ခု သင် အပ်နှံခံခဲ့ရလျှင်၊ အဓိက တာဝန်နှင့်ဆိုင်သော အလုပ်ဖြစ်စေ၊ သာမန် တာဝန်နှင့်ဆိုင်သော အလုပ်ဖြစ်စေ၊ ထိုအလုပ်ကို သင် စိတ်ပါလက်ပါ မလုပ်၊ သို့မဟုတ် သင်၏ တာဝန်နှင့် လျော်ညီအောင် အသက်မရှင်လျှင်၊ ပြီးလျှင် ယင်းကို ဘုရားသခင် သင့်ကို ပေးသည့် တာဝန်အဖြစ် သို့မဟုတ် သင့်ကို ဘုရားသခင် အပ်နှံသည့် ကိစ္စရပ်တစ်ခုအဖြစ် သင်မမြင်လျှင်၊ သို့မဟုတ် ယင်းကို သင်၏ ကိုယ်ပိုင် ဝတ္တရားနှင့် တာဝန်အဖြစ် သင် လက်သင့်မခံပါက၊ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်ပေလိမ့်မည်။ ‘ယုံကြည်စိတ်ချ၍မရ’- ဤစကားလုံးက သင်၏ တာဝန်နှင့် ပတ်သက်ပြီး သင် လုပ်ဆောင်ပုံကို အဓိပ္ပာယ်ဖွင့်လိမ့်မည်ဖြစ်ပြီး၊ သင်၏ စရိုက်က အဆင့်မမီဟု ဘုရားသခင် ပြောလိမ့်မည်။ သင့်ကို ကိစ္စရပ်တစ်ခု အပ်နှံထားသော်လည်း၊ ဤသည်မှာ ယင်းအပေါ် သင် ခံယူသော သဘောထားဖြစ်ပြီး၊ ဤသည်မှာ ယင်းကို သင် ကိုင်တွယ်သည့်ပုံဖြစ်ပါက၊ အနာဂတ်တွင် သင်သည် နောက်ထပ် တာဝန်များ တစ်ခုတစ်လေဖြင့် တာဝန်ပေးစေခိုင်းခံရလိမ့်မည်လော။ သင်သည် အရေးကြီးသည့် အရာတစ်ခုတစ်လေ အပ်နှံခံရနိုင်သလော။ သင် အပ်နှံခံရကောင်း အပ်နှံခံရနိုင်မည်ဖြစ်သော်လည်း၊ ယင်းမှာ သင် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် တည်မှီပေမည်။ သို့သော်၊ စိတ်ထဲတွင်၊ ဘုရားသခင်သည် သင့်အပေါ် မယုံကြည်မှုအချို့ အပြင်၊ မကျေနပ်မှုအချို့ အမြဲ သိုထားလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်လိမ့်မည် မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း”) ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးကို လေ့လာဆန်းစစ်ပါသည်။ သူ့နှုတ်ကပတ်တော် စကားလုံးတိုင်းက ကျွန်မ၏ ဆိုးရွားလှသည့် ပြစ်ချက်ကို ထိခဲ့သည်။ ထို့နောက်တွင် ကျွန်မ၏ တာဝန်တွင် အမှုအရာများကို အလွယ်လမ်းဖြင့် လုပ်ဆောင်ခြင်းသည် ဝတ်ကျေတန်းကျေ သဘောထားတစ်ခု ဖြစ်သည်ကို ကျွန်မ နားလည်လိုက်သည်။ ဤအရာတွင် အာရုံစူးစိုက်မှုမရှိပါ။ ဟန်ဆောင်လုပ်ပြခြင်းသာ ဖြစ်ပြီး၊ တာဝန်ယူခြင်း လုံးဝ မရှိပါ။ ကျွန်မ၏ စွမ်းဆောင်ရည်ကို ပြန်တွေးကြည့်သည့်အခါ၊ တစ်စုံတစ်ရာက အချိန်နှင့်အားထုတ်မှု လိုအပ်သည့်အခါတိုင်းတွင်၊ ပြီးစီးသွားစေဖို့ ကျွန်မသည် အမြန်ဆုံးနှင့် အားထုတ်မှုအနည်းဆုံး လိုသည့် ဖြတ်လမ်းနည်းစနစ်ကို ခံယူခဲ့သည်။ အလွယ်ဆုံး၊ ကျွန်မအဖို့ ကသီလင်တဖြစ်ခြင်း သက်သာစေသည့် သို့မဟုတ် ပင်ပန်းမှု အနည်းဆုံးဖြစ်သည့် မည်သည့်အရာကိုမဆို ကျွန်မ လုပ်ဆောင်မည်ဖြစ်သည်။ စာလုံးအသစ်များစွာ သို့မဟုတ် ခက်ခဲသည့် သဒ္ဒါအချက်များ သို့မဟုတ် စာကြောင်းဖွဲ့စည်းပုံများ ရှိသည့်အခါ၊ ထိုအရာတို့ကို ရှာကြည့်ဖို့ အလွန်အားထုတ်မှု ပြုမည်မဟုတ်ပါ။ ထိုအရာတို့ကို မှတ်သားခြင်းနှင့် အခြားတစ်စုံတစ်ဦး မေးမြန်းခြင်းဟူသည့် လွယ်ကူသော လမ်းကို ကျွန်မ လိုက်ခဲ့သည်။ ရှုပ်ထွေးသည့် မှတ်စုများ သို့မဟုတ် ပုဒ်ဖြတ်ပုဒ်ရပ်ကို သေချာစစ်ဖို့ လိုအပ်ခဲ့သည့်အချိန်တွင် သာမန်ကာလျှံကာကြည့်ပြီးနောက် ပြဿနာအချို့ကို ကျော်ခဲ့လိုက်သည်။ ကျွန်မသည် အလေးထားနေခဲ့ခြင်းမရှိသကဲ့သို့ ကျွန်မ၏ တာဝန်နှင့် ဘုရားသခင်၏ စေခိုင်းချက်အပေါ် အချောင်ခိုနေမိခဲ့သည်။ ဇာတိပကတိ ဆင်းရဲဒုက္ခကို ရှောင်ရှားခြင်းနှင့်ပတ်သက်၍သာ ကျွန်မ တွေးခဲ့သည်။ ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားသခင်အတွက် သေးငယ်သော နေရာလေးတစ်ခုပင် အဘယ်မှာ ရှိပါသနည်း။
နောက်ပိုင်းတွင် ဤသို့ ပြောထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ပိုဖတ်ခဲ့ရသည်- “လူ့သဘာဝရှိသော လူတို့အတွက်၊ မည်သူမျှ စောင့်မကြည့်ချိန် ၎င်းတို့၏ တာဝန်များကို ကောင်းကောင်းဆောင်ရွက်ခြင်းသည် လွယ်ကူသင့်ပေသည်။ ယင်းသည် ၎င်းတို့၏ ဝေပုံကျ တာဝန်ဝတ္တရားများတွင် ပါဝင်သင့်သည်။ လူ့သဘာဝမရှိသူများနှင့် အားထားလောက်စရာ မရှိသူများအတွက်၊ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်းသည် အလွန်ခက်ခဲပင်ပန်းသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အခြားသူများက ၎င်းတို့အပေါ် အမြဲ စိုးရိမ်ပူပန်ကြရသည်၊ ၎င်းတို့ကို ကြီးကြပ်ကြရပြီး၊ ၎င်းတို့၏ တိုးတက်မှုနှင့် ပတ်သက်၍ မေးမြန်းကြရလေသည်။ သို့မဟုတ်ပါက၊ ၎င်းတို့ကို လုပ်ဆောင်ဖို့ အလုပ် သင် ပေးသည့်အချိန်တိုင်းတွင် ၎င်းတို့က ထိခိုက်နစ်နာမှု ဖြစ်စေကြလိမ့်မည် ဖြစ်သည်။ တိုတိုပြောရလျှင်၊ လူတို့သည် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် အမြဲ မိမိကိုယ်ကိုယ် သုံးသပ်ဖို့ လိုအပ်၏- ‘ဤတာဝန်ကို ငါ ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပြီးပြီလား။ ထိုအရာကို စိတ်ပါလက်ပါ ငါ လုပ်ဆောင်ခဲ့ပါသလော။ သို့မဟုတ် ယင်းကို အိုးနင်းခွက်နင်းနှင့်ပင် ငါ ပြီးမြောက်သွားခဲ့ပါသလော။’ ထိုအရာများထဲမှ တစ်ခုတစ်လေ ဖြစ်ပေါ်ခဲ့ပါက၊ မကောင်းပေ။ အန္တရာယ်ရှိပေသည်။ အတိအကျအားဖြင့်၊ ထိုသို့သော လူတစ်ဦးသည် အများယုံကြည်လက်ခံနိုင်မှု မရှိသကဲ့သို့၊ သူ့ကို လူတို့ ယုံကြည်စိတ်ချ၍ မရနိုင်ဟု ဆိုလိုပေသည်။ သာ၍ ကျယ်ပြန့်သော အဓိပ္ပါယ်ဖြင့် ဆိုရလျှင်၊ ထိုသို့သော လူတစ်ဦးသည် ၎င်း၏ တာဝန်ကို လုပ်ဆောင်ချိန်တွင် အမြဲ ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြပါက၊ ပြီးလျှင် သူသည် ဘုရားသခင်အပေါ် အဆက်မပြတ် ဝတ်ကျေတမ်းကျေ ဖြစ်ပါက၊ သူ၌ အန္တရာယ် ကြီးကြီးမားမား ရှိပေသည်။ တမင်တကာ လှည့်ဖြားခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ရေတိုတွင်၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိလိမ့်မည်၊ နောင်တရခြင်းမရှိဘဲ မကြာခဏ ဒုစရိုက်အပြစ်များ ကျုးလွန်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိမည်မဟုတ်သကဲ့သို့ ယင်းကို လက်တွေ့လုပ်ဆောင်မည်လည်း မဟုတ်ပေ။ ရေရှည်တွင်၊ ထိုအရာများကို သင် အဆက်မပြတ် လုပ်ဆောင်သည်နှင့်အမျှ၊ သင်၏ ရလဒ်သည် ပျောက်ကွယ်သွားလိမ့်မည်။ ယင်းက သင့်ကို ဒုက္ခ ရောက်စေလိမ့်မည်။ ဤသည်မှာ မည်သည့် ကြီးမားသော အမှားများကိုမျှ မပြုလုပ်ဘဲ သေးငယ်သော အမှားများကို စဉ်ဆက်မပြတ် ပြုလုပ်ခြင်းအနေဖြင့် သိရှိထားသည့်အရာ ဖြစ်သည်။ နောက်ဆုံးတွင်၊ ဤအရာက ပြင်၍မရသော အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေလိမ့်မည်။ ယင်းသည် အလွန် စိုးရိမ်စရာ ဖြစ်ပေမည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်”) ဘုရားသခင်က ကျွန်မ၏ သဘာဝနှင့် အလေးမထားခြင်းနှင့် အကျိုးဆက်များကို ကျွန်မ ရှေ့တွင် ဖွင့်ချပြသည်ကို မြင်ရလျက်၊ ကျွန်မ မကြောက်ရွံ့ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မ၏ တာဝန်တွင် ဟန်ဆောင်လုပ်ပြခြင်းသည် အခြားသူများနှင့် ဘုရားသခင်ကိုပါ လှည့်ဖြားခြင်း ဖြစ်သည်။ ဤသဘောထားကို ဘုရားသခင်က ရှုတ်ချပါသည်။ ကျွန်မ နောင်တမရခဲ့ပါက၊ ဆိုးရွားသော ဒုစရိုက်အပြစ်ကို အနှေးနဲ့အမြန် ကျွန်မ ကျူးလွန်မိမည်ဖြစ်ပြီး ဘုရားသခင်၏ ဖယ်ရှင်းခြင်း ခံရမည်ဖြစ်သည်။ အသင်းတော်က ကျွန်မ၏ တာဝန်အတွက် အစီအစဉ်များ ပြုလုပ်ခဲ့ချိန်တွင်၊ ကျွန်မအနေဖြင့် ကျွန်မ၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ သစ္စာဆိုခဲ့သော်လည်း၊ ကျွန်မ အားထုတ်မှုတစ်ခု လုပ်ရန် တကယ်လိုအပ်ခဲ့ချိန်တွင် ကျွန်မသည် ဒုက္ခနှင့် ဆင်းရဲခြင်းကို ကြောက်ရွံ့လျက် ဇာတိပကတိကိုသာ အလေးဂရုပြုခဲ့သည်။ စာရွက်စာတမ်းများကို စစ်ဆေးခဲ့ချိန်တွင် ကျွန်မသည် သာမန်ကာလျှံကာနှင့် သတိမမူဖြစ်ခဲ့သည်၊ ထို့ကြောင့် အသိသာအထင်ရှားဆုံး အမှားများကိုပင် ကျွန်မ လွဲချော်ခဲ့ပေသည်။ ယင်းမှာ လိမ်လည်ခြင်း မဟုတ်ပါလား။ ဤအတွေးက ကျွန်မကို နောင်တနှင့် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းဖြင့် ပြည့်စေခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့ပါသည်- “အနန္တတန်ခိုးရှင်ဘုရားသခင်။ ကျွန်မရဲ့တာဝန်မှာ ကျွန်မ တာဝန်မသိတတ်ခဲ့ဘဲ၊ ကိုယ်တော့်ကို လှည့်စားဖို့ ကြိုးစားနေခဲ့မိပါပြီ။ ဒါကို ကိုယ်တော်က ရွံရှာစက်ဆုပ်ပါတယ်။ ကျွန်မက အသိစိတ် အရမ်းကင်းမဲ့နေမိပါပြီ။ ဘုရားသခင် ကျွန်မ နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပေးတော်မူပါ၊ ဆင်းရဲဒုက္ခတွေကို သည်းခံဖို့ ဆန္ဒနဲ့ ဇာတိပကတိကိုစွန့်လွှတ်ပြီး ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ စွမ်းရည်ကို ပေးသနားတော်မူပါ။”
ထို့နောက် စာရွက်စာတမ်းတိုင်းတွင်၊ သိပ်မဆီလျော်သည်ကို ကျွန်မ တွေ့ခဲ့ရသည့် စကားလုံးတိုင်းကို အဘိဓာန် ပေါင်းစုံတွင် ကျွန်မ စစ်ကြည့်ခဲ့သည်။ ကျွန်မ မသေချာနိုင်သည့်အခါ အခြား ညီအစ်ကို မောင်နှမများ သို့မဟုတ် ပရောက်ဖက်ရှင်နယ် ဘာသာပြန်တစ်ဦးကို ကျွန်မ လုံးဝ ရှင်းလင်းသွားသည်အထိ မေးမြန်းခဲ့သည်။ ခက်ခဲပြီး ရှည်လျားသည့် စာရွက်စာတမ်းများအတွက်၊ ကျွန်မသည် ဟန်ဆောင်လုပ်ပြပြီး အိုးနင်းခွက်နင်းဖြင့် ပြီးအောင်သာ မလုပ်ဝံ့ဘဲ၊ ဘာသာပြန်ခြင်း တိကျမှန်ကန်မှုကို တိုးစေဖို့ ကျွန်မ အကောင်းဆုံး ကြိုးစားရင်း၊ စာကြောင်းအသီးသီးကို ထပ်သလဲလဲနှင့် အသေးစိတ် သေချာစွာ စဉ်းစားခဲ့သည်။ စာရွက်စာတမ်းတစ်ခုကို နောက်ဆုံးလက်စသတ်နေချိန်တွင်၊ ကျွန်မ စစ်ဖို့လိုအပ်သည့် အသေးစိတ်အချက်အလက်အားလုံးကို စာရင်းလုပ်ပြီး အဆင့်တိုင်းကို စေ့စေ့စပ်စပ် စဉ်းစားဖို့ လိုအပ်သည်ကို မိမိကိုယ်ကိုယ် စဉ်ဆက်မပြတ် သတိပေးခဲ့သည်။ လက်စသတ်သည့်အချိန်တွင် အသေးစိတ်အချက်အလက်တိုင်းကို ကျွန်မ စစ်ဆေးပြီး၊ နောက်ဆုံးအဆင့်တွင် အမှားများ အရေအတွက်ကို လျှော့ချဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။ အချိန်တစ်ချို့ကြာပြီးသည့်နောက်တွင်၊ ကျွန်မသည် ကျွန်မ၏ တာဝန်ကို သာ၍ကောင်းသော ရလဒ်များ သိသိသာသာ ရရှိနေခဲ့ပြီး ကျွန်မ၏ အမှားနှုန်းလည်း ကျသွားခဲ့ပါသည်။
နောက်ပိုင်းတွင် အဆုံးသတ်ဘာသာပြန်မှုများကို ပုံစံချမှတ်ခြင်းအား စံကိုက်ညီစေဖို့ ကူလုပ်ပေးခဲ့သည့် နောက်ထပ်ညီအစ်မတစ်ဦးက အဖွဲ့ကို ပူးပေါင်းခဲ့သည်။ သူက၊ “ဒီပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတက မှန်လား။ ဟိုပုဒ်ဖြတ်ပုဒ်ရပ်က ဘာဖြစ်လို့လဲ”ဟူ၍ တစ်ချိန်ပြီး တစ်ချိန် ကျွန်မကို မေးမြန်းခဲ့သည်။ သူ မေးခွန်းများစွာ မေးမြန်းသည့်အခါ၊ ကျွန်မ အတော်အတန် စိတ်အနှောင့်အယှက်ဖြစ်ကာ၊ “အရာရာတိုင်းကို ရှင်းပြရတာ အရမ်း ဒုက္ခများလွန်းပါတယ်။ အပြီးသတ် စာရွက်စာတမ်းအတိုင်းပဲ ထားလိုက်ပေါ့”ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်မသည် သူ့ကိုနှပ်ချပြီး၊ “ဒါအဆုံးသတ် စာရွက်စာတမ်းလေ။ ဘာပုဒ်ဖြတ်ပုဒ်ရပ်နဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိဘူး။ အီတလီနဲ့ အင်္ဂလိပ်မှာ ပုဒ်ဖြတ်ပုဒ်ရပ်တွေက အခြေခံအားဖြင့်အတူတူပဲ။ အများစုကို အင်္ဂလိပ်လိုပဲ ကိုင်တွယ်လို့ရပေမဲ့ ချွင်းချက်တွေတော့ရှိတယ်။ အဓိပ္ပါယ်ကို ထည့်စဉ်းစားရမယ်လေ” ဟု ပြောလိုက်သည်။ ထို့နောက် သူက “ကျွန်မရဲ့ လတ်တလော အကိုးအကားစာအုပ်တွေက ပရော်ဖက်ရှင်နယ်တွေ သုံးတဲ့စာအုပ်မျိုးတွေပဲ။ တစ်ချို့အပိုင်းတွေကို ကျွန်မ နားမလည်ဘူး။ အီတလီပုဒ်ဖြတ်ပုဒ်ရပ်တွေအကြောင်း ယေဘုယျ လမ်းညွှန်ပေးတဲ့ စာရွက်စာတမ်း တစ်ခုတစ်လေ ရှိလား”ဟု မေးခဲ့သည်။ ကျွန်မလည်း မရှိသေးဘူးဟု ပြောလိုက်သည်။ ထို့နောက်တွင် အဖွဲ့ဝင်သစ်များ ကိုးကားနိုင်မည့် စာရွက်စာတမ်းတစ်ခု ကျွန်မလုပ်သင့်သည်ဟု တွက်ဆမိခဲ့သော်လည်း၊ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများက အလွန်များခဲ့သည်။ ယင်းမှာ အကိုးအကားစာအုပ်များ စစ်ဆေးရမည့် သဘောရှိပြီး၊ အလွန် ကသီလင်တဖြစ်ခြင်း များလွန်းပေမည်။ ကျွန်မ ထိုအရာကို လောလောဆယ် မလုပ်ဘဲထားလိုက်သည်။ ပြဿနာပြီးဆုံးသွားပြီဟု ကျွန်မ ထင်ခဲ့သော်လည်း၊ သူ၏ ပုံစံပြင်ခြင်းတွင် ကျွန်မပြောသကဲ့သို့ အီတလီ ပုဒ်ဖြတ်ပုဒ်ရပ်ကို အင်္ဂလိပ်လို သူကိုင်တွယ်သည့်အခါ၊ စာလုံး ၁၅၀ ၀၀၀ ကျော် ရှည်လျားသည့် စာရွက်စာတမ်းတစ်ခုတွင် မျဉ်းရှည်များ၏ ရှေ့နောက်တွင်ရှိသော စာလုံးခြားထားသည်များကို သူက အကုန်ဖျက်ပစ်လိုက်လေသည်။ ကျွန်မ သိလိုက်ရချိန်တွင် ကြက်သေသေသွားခဲ့သည်။ အီတလီစာတွင်၊ မျဉ်းရှည်များကို တုံးတိုသင်္ကေတများနှင့် မရောဖို့ မျဉ်းရှည်တစ်ခု၏ ရှေ့နောက်တွင် စာလုံးခြားပေးရမည်ဖြစ်သည်၊ ယင်းမှာ အင်္ဂလိပ်စာနှင့် မတူပါ။ သို့သော် ကျွန်မ သူ့ကို ထိုအရာနှင့်ပတ်သက်၍ မပြောပြခဲ့ပါ။ ထိုအရာအတွက် တခြားနည်းလမ်းမရှိတော့ပါ။ သူ ပြန်လုပ်ကာ တစ်ခုချင်းပြန်ပြင်ရမည်ဖြစ်သည်။ ကျွန်မ အလွန်စိတ်မကောင်းဖြစ်ကာ နောင်တရမိခဲ့သည်။ ကျွန်မ မိမိကိုယ်ကိုယ် မုန်းမိကာ၊ “ငါဘာလို့အစကတည်းက အကိုးအကားစာတမ်းလုပ်ဖို့ နည်းနည်းလေးအားမထုတ်ခဲ့မိတာလဲ။ ဘာလို့ဇာတိပကတိအတွက်ပဲအမြဲတွေးပြီးတော့ အလုပ်ရှုပ်မှာကြောက်ရတာလဲ။ ငါ့ရဲ့အလေးမထားမှုကြောင့် သူအကုန်လုံး အစအဆုံးပြန်လုပ်ရပြီ။ နောက်တစ်ခေါက်လည်း ပြန်အတည်ပြုရဦးမယ်။ အဲဒါ အားထုတ်မှုလိုပြီး အဓိကကတော့ ငါတို့ အလုပ်ရဲ့ လုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာစေတယ်။ အဲဒါက ဘုရားသခင်အိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေတာပဲမဟုတ်ဘူးလား”ဟု တွေးမိခဲ့သည်။ အကြွေးတင်ခြင်း၊ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းနှင့် နောင်တတို့နှင့်ဆိုင်သော ထိုခံစားချက်က တစ်ဖန် ပြည့်လျှံလာခဲ့သည်။ ကျွန်မ ကိုယ့်ပါးကိုယ်သာ ရိုက်ပစ်လိုက်ချင်မိခဲ့သည်။ “ငါဘာလို့ ထပ်ပဲ လုပ်နေမိတာလဲ။ ငါ ဘာဖြစ်နေတာလဲ” ဟု ကျွန်မ တွေးမိခဲ့သည်။
ကျွန်မ၏ ဝတ်ပြုဆုတောင်းခြင်း တစ်ကြိမ်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတစ်ပိုဒ်ကို စိတ်ကူးရမိခဲ့သည်- “အမှုအရာများကို အလွန် ပေါ့ပေါ့ဆဆနှင့် တာဝန်မဲ့စွာ ကိုင်တွယ်ဖို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတွင်းရှိ အရာတစ်ခု မဟုတ်လော။ မည့်အရာနည်း။ စက်ဆုပ်ဖွယ်ကောင်းမှု ဖြစ်သည်။ ကိစ္စရပ်များအားလုံးတွင်၊ ၎င်းတို့က ‘မှန်လုနီးပါးပဲ’နှင့် ‘အတော် နီးစပ်သည်’ ဟု ဆိုကြ၏။ ယင်းသည် ‘ဖြစ်နိုင်သည်’ ‘ဖြစ်ကောင်းဖြစ်နိုင်မည်’၊ ‘ငါးခုထဲမှ လေးခု’ ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ တတ်နိုင်သမျှ တော်စွလျော်စွ ကြုံရာကျပန်းနေရမည်ကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် တိကျမှုအတွက် ကြိုးပမ်းခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး၊ ကိုယ်ကျင့်တရားများကို ကြိုးပမ်းအားထုတ်ခြင်းတွင် သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း၌ ရှိသည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်သကဲ့သို့၊ အကျင့်ပျက်သည့်အရာဟု ခေါ်ဆိုခြင်းမှာလည်း လုံးဝ ဆီလျော်၏- သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ ‘စက်ဆုပ်ဖွယ်’ ဖြစ်သည်။ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် လူအများစု၏ လူ့သဘာဝထဲတွင် ရှိနေလေသည်။ ကိစ္စရပ်များအားလုံးတွင်၊ ဖြစ်နိုင်သမျှ အနည်းဆုံး လုပ်ဆောင်ရန်၊ မည်မျှနှင့်သာ ပြီးသွားနိုင်သည်ကို ကြည့်ရန် ဆန္ဒရှိကြပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး၊ ကိစ္စတစ်ခုကို သုံးသပ်ဆင်ခြင်ဖို့ အချိန်များစွာ ကုန်ဆုံးဖို့ သို့မဟုတ် များစွာတွေးတောဖို့ စက်ဆုပ်ကြလေသည်။ ၎င်းတို့ ထုတ်ဖော်ပြခံရသည်ကို ရှောင်ရှားနိုင်ပြီး ၎င်းတို့ မည်သည့်ပြဿနာမျှ မပေါ်ပေါက်စေဘဲ၊ ၎င်းတို့အပြစ်ဖော် ဆုံးမခြင်း မခံရသရွေ့၊ အားလုံး အဆင်ပြေသည်ဟု ၎င်းတို့ ထင်မှတ်ကြပြီး၊ ထို့ကြောင့် ရှေ့ဆက် ၎င်းတို့ ကမောက်ကမ ဖြစ်စေကြလေသည်။ ၎င်းတို့အဖို့၊ အလုပ်တစ်ခုကို ကောင်းကောင်း လုပ်ဆောင်ခြင်းသည် ထိုက်သင့်သည်ထက် သာ၍ ဒုက္ခများပေသည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်သည်အထိ မတတ်မြောက်ကြသကဲ့သို့၊ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ခြင်းမရှိကြချေ။ ၎င်းတို့သည် အကြောင်းအရာတစ်ခု၏ ယေဘုယျကျသည့် အကြမ်းဖျင်းကိုသာ ရရှိချင်ကြပြီးနောက် မိမိတို့ကိုယ်ကိုယ် ထိုအရာတွင် ကျွမ်းကျင်သည်ဟု ဆိုကြလေသည်၊ ထို့နောက် ၎င်းတို့၏လမ်းတစ်လျှောက် ကမောက်ကမဖြစ်စေဖို့ ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်ပါသလော။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ထိုသို့သော လူများ ခံယူသည့် ဤသဘောထားမျိုးသည် စကားလုံး အနည်းငယ်အားဖြင့် ‘အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားစေဖို့’ ဖြစ်ပြီး၊ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၉)”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ တာဝန်တွင် ကြိုးစားအားထုတ်မှု မရှိရခြင်း၏ အရင်းအမြစ်ကို ပြတ်ပြတ်သားသား ထောက်ပြခဲ့သည်။ ကျွန်မ၏ သိမ်ဖျင်းမှုက အလွန်ဆိုးရွားခဲ့ပြီး၊ အရာရာကို ဝတ်ကျေတမ်းကျေနှင့် လှည့်ဖြားတတ်သော သဘောထားဖြင့် လုပ်ဆောင်ခဲ့သည်။ ညီအစ်မက ကျွန်မကို ပုဒ်ဖြတ်ပုဒ်ရပ်ကို မှန်မှန်ကန်ကန် အသုံးပြုပုံအကြောင်းကို မေးမြန်းခဲ့ချိန်တွင် ကျွန်မ ကသီလင်တမဖြစ်ချင်ခဲ့ပါ။ ကျွန်မ ထိုအရာကို အလေးအနက် မထားခဲ့သကဲ့သို့ မေးခွန်းများစွာကိုလည်း မလိုချင်ခဲ့ပါ၊ ထို့ကြောင့် သူ့ကို နှပ်ချပြီးသာ ရိုးရှင်းသည့် စည်းမျဉ်းအတိုင်းလုပ်ဖို့ ပြောပြခြင်းဖြင့် သူ့ကို ကျွန်တော် နှပ်ချရုံနှပ်ချခဲ့သည်။ ပြီးလျှင် ကျွန်မကို အကိုးအကားစာရွက်စာတမ်းအကြောင်း သူမေးသည့်အချိန်တွင်၊ သူ့အတွက် တစ်ခု ကျွန်မ လုပ်နိုင်သော်လည်း၊ ကျွန်မ ပင်ပန်းခြင်းဖြင့် ရင်းရမည့်အကြောင်း စဉ်းစားမိခဲ့ချိန်တွင်၊ ကျွန်မ စိတ်ရှုပ်မခံဖို့ ဆုံးဖြတ်ခဲ့သည်။ အမှားများ ပေါ်ပေါက်နေခြင်းနှင့်ပတ်သက်၍ ကျွန်မ စိတ်ပူခဲ့သော်လည်း ကိုယ့်နည်းကိုယ်ဟန်ဖြင့် လိမ်လိုက်ဖို့သာ ကျွန်မ ဆုံးဖြတ်ခဲ့ဆဲ ဖြစ်သည်။ ကျွန်မအနေဖြင့် အားထုတ်မှုကို ချွေတာပြီး၊ အမှုအရာများ အဆင်ပြေသွားပါက သိပ်ကောင်းမည်ဖြစ်သည်။ အမှုအရာများကို အားမထုတ်ဘဲ ကျွန်မ လုပ်ဆောင်သည့်အခါတိုင်းတွင်၊ အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားဖို့ ကံအပေါ် ကျွန်မ အားကိုးနေခဲ့သည်။ အဆင်ပြေဖို့ အားထုတ်မှု ပမာဏ အနည်းဆုံး အသုံးပြုဖို့ ကျွန်မ အမြဲ ရှာနေခဲ့သည်။ ကျွန်မသည် အသေးစိတ်အချက်အလက်တိုင်းကို စဉ်းစားရင်းနှင့် အမှားမရှိသည်ကို သေချာစေဖို့ အစွမ်းကိုလုပ်ဆောင်ရင်း၊ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းဖို့ စစ်မှန်၊ ရိုးသားသည့် အားထုတ်မှုတစ်ခု ကျွန်မ ပြုလုပ်မနေခဲ့ပါ။ ကျွန်မ အလုပ်လုပ်နေကာ မေးခွန်းများ ဖြေနေခဲ့ပုံပေါ်သော်လည်း၊ လက်တွေ့အရှိတရားတွင် ကျွန်မသည် ထိုညီမကို လှည့်စားရုံလှည့်စားနေခဲ့ပြီး မရိုးမသားဖြစ်နေခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သူသည် ကျွန်မ၏ အဖြေများကို ယုံကြည်ခဲ့ပြီး ဆိုးရွားသည့် အမှားတစ်ချို့ ပြုလုပ်ခဲ့ကာ အချည်းနှီးဖြစ်သည့် အလုပ်ဖြင့် မိမိကိုယ်ကိုယ် ပင်ပန်းစေခဲ့သည်။ သူသည် အလုပ်ပမဏများစွာကိုပင် ပြန်ုလုပ်ခဲ့ရသည်၊ ယင်းက ယေဘုယျ အလုပ်တိုးတက်မှုကို နှောင့်နှေးစေခဲ့ပြီး အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုများ ရောက်စေခဲ့သည်။ အလွယ်ဆုံး၊ ကသီလင်တဖြစ်ခြင်း မရှိဆုံးသော အရာကို လုပ်ဆောင်ဖို့ ကျွန်မ၏ လုပ်ရပ်များ နောက်ကွယ်က အခြေခံသဘောတရားမှာ လူတို့ကို ထိခိုက်စေခြင်း အခြေခံသဘောတရားတစ်ခု ဖြစ်သည်။ ကျွန်မသည် ရေတိုတွင် အားထုတ်မှု သက်သာစေဖို့ သိမ်ဖျင်းသည့် လှည့်ကွက်များကို အသုံးပြုနေခဲ့မိသည်။ ရုပ်ပိုင်းဆိုင်ရာ ကျွန်မ ဆင်းရဲဒုက္ခမခံခဲ့ရသော်လည်း၊ ကျွန်မ၏ တာဝန်၌ကျွန်မ၏ အပြစ်များမှာ မရပ်မနားဖြစ်ခဲ့ပြီး၊ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ခဲ့သည်။ ကျွန်မသည် အခြားသူများနှင့် မိမိကိုယ်ကိုယ်ကိုပါ ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။ ကျွန်မသည် ထိုသို့သော အရေးကြီးသည့်အလုပ်ဖြင့် တာဝန်ပေးခံခဲ့ရသော်လည်း၊ ခပ်ပေါ့ပေါ့ သဘောထားခဲ့ပြီး ဝတ်ကျေတမ်းကျေဖြစ်ခဲ့သည်၊ တာဝန်မဲ့ခဲ့သည်၊ လှည့်ဖြားတတ်ခဲ့ပြီး အလေးမထားခဲ့သကဲ့သို့ အကျိုးဆက်များကို အထင်သေးခဲ့သည်။ ကျွန်မသည် အသိစိတ်အနည်းငယ်မျှ မရှိခဲ့ပါ။ ထို့နောက်တွင်မှ ကျွန်မ၏ သိမ်ဖျင်းမှုက မည်မျှဆိုးရွားခဲ့သည်၊ ကျွန်မ၏ဂုဏ်သိက္ခာက မည်မျှနိမ့်ကျခဲ့ပြီး၊ ကျွန်မ မည်မျှတန်ဖိုးမဲ့ခဲ့သည်ကို သိခဲ့ရသည်။
နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်း ဗီဒီယိုတစ်ခုကို ကျွန်မကြည့်ခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက၊ ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် ‘သာမညောင်ညများ’ ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း၊ အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။... မည်သူသည် သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ ထိုသို့သော မပြောပလောက်သည့် စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။ သင်တို့ ဖော်ပြနေပြီး အသက်ရှင်နေထိုင်နေသောအရာသည် မည်သည့်အရာ ဖြစ်သည်မှာ သင်တို့အဖို့ မရှင်းလင်းသလော။ သင်တို့သည် သင်တို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သေးသော်လည်း၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကို ရရှိရန် သင်တို့ ကြိုးစားကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျသကဲ့သို့၊ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ထားသည် မဟုတ်ဘဲ၊ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံသော သူများအတွက် ဖြစ်သည်။ သင်တို့ကဲ့သို့သော သာမညောင်ညလူများ၊ ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းငှာ လုံးဝ မထိုက်တန်ပေ။ အခက်အခဲနှင့် မဆုံးနိုင်သော အပြစ်ပေးခြင်းသာ သင်တို့၏ နေ့ရက်များကို အဖော်ပြုလိမ့်မည်။ အကယ်၍ သင်တို့သည် ငါ့ကို သစ္စာမရှိနိုင်ပါက၊ သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခု ဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက၊ သင်တို့၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်း ခံရသော ရလဒ်တစ်ခု ဖြစ်လိမ့်မည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် နှစ်သက်ဖွယ် နိုင်ငံတော် အသက်တာအားလုံးသည် သင်တို့နှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်။ ဤသည်မှာ သင်တို့ ကြုံထိုက်သော အဆုံးသတ်ဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်မှာ- “ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ။” ဤနှုတ်ကပတ်တော်များက ကျွန်မ၏နှလုံးသားကို ထိုးဖောက်ခဲ့သည်။ ကျွန်မအနေဖြင့် ကျွန်မ၏ တာဝန်မှတစ်ဆင့် သမ္မာတရားကို ရှာဖွေကာ ရရှိနိုင်ဖို့၊ ကျွန်မ၏ ဖောက်ပြန်သော စိတ်သဘောထားကို စွန့်ပစ်ပြီး၊ ဘုရားသခင်အားဖြင့် ကယ်တင်ခံရနိုင်ဖို့ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ရန် အခွင့်အရေးတစ်ခု ဘုရားသခင် ပေးခဲ့သည်။ သို့သော် သမ္မာတရား ရှာဖွေမည့်အစား၊ ကျွန်မက ဘုရားသခင်ကို နှပ်ချကာ လှည့်ဖြားရင်း ဇာတိပကတိအကြောင်းကိုသာ ဂရုစိုက်ခဲ့သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အလွန်ကြီးမားသော အရှက်ကွဲခြင်းနှင့် နာကျင်မှုကို ကြံ့ကြံ့ခံရင်း၊ မည်သို့ လူ့ဇာတိခံလာခဲ့သည်၊ အစိုးရ၏ လိုက်လံ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်၊ လူတို့၏ ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံခဲ့ရသော်လည်း လူတို့ကို ကယ်တင်ဖို့ သမ္မာတရားကို သူ အမြဲဖော်ပြပြီး အလုပ်လုပ်သည်ကို ကျွန်မ တွေးမိခဲ့သည်။ ကျွန်မတို့၏ အရည်အချင်း ချို့တဲ့နေသောကြောင့် သမ္မာတရားကို နှေးကွေးစွာ နားလည်ကြသည်။ ဘုရားသခင်သည် ကျွန်မတို့ကို မစွန့်ပစ်ခဲ့သည်သာမက၊ အဘက်ဘက်မှ ကျွန်မတို့ကို အလေးအနက် မိတ်သဟာယဖွဲ့ပေးခဲ့သည်။ သူသည် သမ္မာတရားအားလုံးကို အလွန် အသေးစိတ်ရှင်းပြခဲ့သည်။ ကျွန်မတို့ကို နားလည်ရန် ကူညီဖို့ ပုံပြင်များကို သူ ပြောပြသည်၊ ဥပမာများပေးကာ တင်စားမှုများကို အသုံးပြုသည်။ အချို့သော သမ္မာတရားများက ရှုပ်ထွေးပြီး အကြောင်းအရာများစွာနှင့် ပတ်သက်သည်၊ ထို့ကြောင့် ဘုရားသခင်က ခွဲတမ်းချပြီး ကျွန်မတို့ကို အနှစ်ချုပ်များ ပေးလေသည်။ သူသည် စိတ်ရှည်စွာနှင့် စနစ်ကျစွာ သမ္မာတရားကို နည်းနည်းချင်း နားလည်ရန် ကျွန်မတို့ကို မိတ်သဟာယမှတစ်ဆင့် လမ်းပြသည်။ ဘုရားသခင်က ကျွန်မတို့၏ အသက်တာများအတွက် ကြီးမားသော တာဝန်ယူသညဆောင်သည်ကို မြင်နိုင်သည်။ သို့သော် ကျွန်မ၏ တာဝန်ကို ကျွန်မ မည်သို့သဘောထားခဲ့ပါသနည်း။ ပိုစဉ်းစားကာ အားထုတ်ဖို့ မတန်ဟု ကျွန်မ တွေးခဲ့သည်။ စာရွက်စာတမ်းများကို ပြန်လည်သုံးသပ်ချိန်တွင် မလေးနက်ခဲ့ပါ သို့မဟုတ် တာဝန်မသိတတ်ခဲ့ပါ။ ရလဒ် သို့မဟုတ် အကျိုးဆက်ကို မကြည့်ဘဲ အတိုက်အခံ အနည်းဆုံးလမ်းကို ကျွန်မ လျှောက်ခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို တက်သုတ်ရိုက်သာ လုပ်ဆောင်ရင်း ပေါ့ပေါ့တန်တန် သဘောထားနေမိပြီ ဖြစ်သည်။ ကျွန်မ၏ အသိစိတ် အဘယ်မျာ ရှိခဲ့သနည်း။ ဘုရားသခင်၏ အပြစ်ပေးခြင်းနှင့် ကျွန်မ ထိုက်တန်ခဲ့ပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်မကို ကယ်တင်ခြင်းနှင့်ပတ်သက်၍ လုံးဝ လက်မလျှော့ခဲ့ပါ။ သူသည် ကျွန်မကို အသိဉာဏ်ပွင့်လင်းစေကာ ဦးဆောင်ဖို့ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်၊ မိမိကိုယ်ကိုယ် သိရှိဖို့နှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ ကျွန်မကို သူ ကူညီခဲ့သည်။ ကျွန်မ၏ တာဝန်တွင် ကျွန်မ အချောင်ခိုမြဲခိုနေပြီး ဟန်ဆောင်လုပ်ပြမြဲ လုပ်ပြနေပါက၊ အသက်ရှင်ဖို့ သို့မဟုတ် လူသားဟု အခေါ်ခံရဖို့ ကျွန်မ ထိုက်တန်မည် မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်- “အနန္တတန်ခိုးရှင်ဘုရားသခင်။ ကျွန်မရဲ့သိမ်ဖျင်းမှုက အရမ်းဆိုးရွားလွန်းပါတယ်။ ကျွန်မအနေနဲ့ ဒီလိုရှက်စရာကောင်းပြီး သိက္ခာမဲ့တဲ့ပုံစံနဲ့ ဆက်အသက်ရှင်ဖို့ လိုလားမနေတော့ပါဘူး။ စစ်မှန်တဲ့ လူသားသဏ္ဍာန် အသက်ရှင်နေထိုင်ပြီး ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်မ ဖြည့်ဆည်းနိုင်အောင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို ခွန်အားပေးတော်မူပါ။”
နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်- “လူသားတစ်ဦးအနေဖြင့်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံဖို့၊ ဆက်ကပ်ရမည်ဖြစ်သည်။ ဘုရားသခင်ထံ လုံးဝ ဆက်ကပ်ရမည်ဖြစ်ပြီး စိတ်မပါ့တပါ ဖြစ်၍ မရ၊ တာဝန်ယူရန် ပျက်ကွက်၍ မဖြစ်၊ သို့မဟုတ် မိမိ၏ အကျိုးစီးပွား သို့မဟုတ် စိတ်နေစိတ်ထားများပေါ် အခြေခံကာ လုပ်ဆောင်၍ မရပေ။ ဤသည်မှာ လုံးလုံးလျားလျား မြှုပ်နှံထားခြင်း မဟုတ်။ လုံးလုံးလျားလျား မြှုပ်နှံထားခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ တာဝန်များကို ဖြည့်ဆည်းနေစဉ်တွင်၊ သင်သည် စိတ်နေစိတ်ထားများ၊ ပတ်ဝန်းကျင်များ၊ လူများ၊ ကိစ္စရပ်များ သို့မဟုတ် အမှုအရာများ၏ လွှမ်းမိုးမှုနှင့် ဘောင်ခတ်ခြင်း မခံရသည်ကို ဆိုလိုပေသည်။ ‘ကျွန်ုပ်သည် ဤတာဝန်ပေးစေခိုင်းချက်ကို ဘုရားသခင်ထံမှ ရရှိထားသည်။ သူသည် ထိုအရာကို ကျွန်ုပ်အား ပေးပြီးလေပြီ။ ဤသည်မှာ ငါ လုပ်ဆောင်သင့်သော အရာဖြစ်သည်။ ထို့ကြောင့် ယင်းကို ငါ၏ ကိုယ်ပိုင် အရေးကိစ္စကဲ့သို့ သဘောထားရင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအပေါ် အလေးထားလျက်၊ မည်သည့်နည်းနှင့်မဆို ကောင်းမွန်သော ရလဒ်များကို ဖြစ်ထွန်းစေကာ ငါ လုပ်ဆောင်မည်။’ သင်၌ ဤအခြေအနေ ရှိသည့်အခါတွင်၊ သင်သည် သင်၏ အသိတရား၏ ထိန်းချုပ်ခြင်း ခံရလျက်ရှိသည်သာမက၊ လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားခြင်းလည်း ပါဝင်ပေသည်။ သင်သည် ကျွမ်းကျင်ပြီး အကျိုးရလဒ်များ စွမ်းဆောင်ရရှိဖို့ စိတ်ပြင်းပြခြင်းမရှိဘဲ၊ ပြီးမြောက်ခြင်းဖြင့်သာ စိတ်ကျေနပ်ပြီး၊ အားထုတ်မှုအချို့သာ စိုက်ထုတ်ဖို့ လုံလောက်သည်ဟု ခံစားရပါက၊ ဤသည်မှာ အသိစိတ်၏ အဆင့်အတန်းမျှသာ ဖြစ်ပြီး အစဉ်ချစ်ခင်၍ သစ္စာရှိမှုအဖြစ် ယူဆ၍ မရပေ။ သင်သည် ဘုရားသခင်အပေါ် အစဉ်ချစ်ခင်၍ သစ္စာရှိသည့်အခါတွင်၊ ဤအဆင့်အတန်းသည် အသိစိတ်၏ အဆင့်အတန်းထက် အနည်းငယ် သာ၍ မြင့်မားလေသည်။ ထို့ကြောင့် ဤသည်မှာ အားထုတ်မှုအချို့ စိုက်ထုတ်ခြင်းကိစ္စတစ်ခုသာ မဟုတ်တော့ပေ။ သင်၏ စိတ်နှလုံးတစ်ခုလုံးကိုလည်း ထိုအရာထဲသို့ သင် ထားရှိရမည်ဖြစ်သည်။ သင်၏ တာဝန်ကို သင်၏ ကိုယ်ပိုင်အလုပ်ကဲ့သို့ လုပ်ဆောင်ဖို့ သင် အမြဲ သဘောထားရမည်၊ ဤအလုပ်အတွက် ဝန်ထုပ်များကို လက်ခံရမည်၊ နည်းနည်းလေးမျှ သင် အမှား လုပ်မိပါက သို့မဟုတ် နည်းနည်းလေးမျှ ပေါ့ပေါ့ဆဆ ဖြစ်မိပါက ပြစ်တင်မှုကို ခံစားရမည်၊ ယင်းက သင့်ကို ဘုရားသခင်နှင့် အလွန်မထိုက်တန်စေသောကြောင့် သင့်အနေဖြင့် ဤလူစားမျိုး ဖြစ်၍မရဟု ခံစားရမည်ဖြစ်သည်။ အသိစိတ် စစ်မှန်စွာရှိသည့်လူများသည် တစ်ဦးတစ်ယောက်က ကြီးကြပ်နေသည်ဖြစ်စေ ၎င်းတို့၏ တာဝန်များကို မိမိတို့ကိုယ်တိုင်၏ လုပ်ဆောင်စရာအလုပ်များအလား၊ ဖြည့်ဆည်းကြလေသည်။ ဘုရားသခင်သည် ၎င်းတို့နှင့် ပတ်သက်၍ ပျော်ရွှင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေနှင့် ၎င်းတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းဖို့နှင့် ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် စေခိုင်းချက်တာဝန်ကို ပြည့်စုံစေဖို့ မိမိတို့ကိုယ်ကိုယ် တင်းကျပ်သည့် တောင်းဆိုမှုများ အမြဲရှိကြလေသည်။ ဤသည်မှာ အစဉ်ချစ်ခင်၍ သစ္စာရှိမှုဟု ခေါ်ဆိုပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ပြခဲ့သည်။ ကျွန်မတို့၏ တာဝန်တွင် ကျွန်မတို့ လုပ်ချင်သည့်အရာ မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ ကျွန်မတို့၏ စိတ်အခြေအနေနှင့် နှစ်သက်မှုများဖြင့် လုပ်၍ မရပါ။ တစ်စုံတစ်ခုက အလုပ်ကြိုးစားမှု လိုအပ်နေချိန်တွင် ကျွန်မတို့ အိုနင်းခွက်နင်းဖြင့် ပြီးစေ၍မရဘဲ၊ ကျွန်မတို့၏ တာဝန်ကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကဲ့သို့၊ ကျွန်မတို့၏ ကိုယ်ပိုင်တာဝန်ဝတ္တရားကဲ့သို့ သဘောထားရမည်ဖြစ်သည်။ အကောင်းဆုံးရလဒ်များအတွက် ကျွန်မတို့ စဉ်းစားကာ အားထုတ်သင့်သည်။ မည်သို့ ခက်ခဲသည်ဖြစ်စေ၊ ကျွန်မတို့ ကြီးကြပ်ခံရသည်ဖြစ်စေ၊ ကြီးကြပ်မခံရသည်ဖြစ်စေ၊ ကျွန်မတို့၏ တာဝန်ကို ကျွန်မတို့၏ နှလုံးသား၊ စိတ်နှင့် ခွန်အား အားလုံးဖြင့် အမြဲ ဆောင်ရွက်သင့်ပါသည်။ ဤအရာကို ကျွန်မ သတိပြုမိချိန်တွင်၊ နောင်တရကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ လိုလားရင်း၊ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ထို့နောက်တွင်၊ ဘာသာပြန်မှုများတွင် ကြုံရသည် ဘုံပြဿနာများကို အကျဉ်းချုပ်ခဲ့ပြီး၊ အာရုံစိုက်ဖို့လိုသည့် အရာရာတိုင်းကို ရေးမှတ်ထားခဲ့သည်။ မည်သည့်အရာမျှ မလွဲချော်ဖို့အလို့ငှာ၊ စာရွက်စာတမ်း ပြန်လည်သုံးသပ်သည့် ကာလအတွင်းတွင် ဤအရာကို ကျွန်မ စစ်ခဲ့သည်။ ညီအစ်ကိုမောင်နှမတစ်ဦးက သူ၏တာဝန်နှင့် ပတ်သက်၍ မေးခွန်းမေးလာသည့်အခါ၊ ကျွန်မသည် ပြီးစလွယ်ကြည့်ပြီး ဖြေဖို့ ကျွန်မ၏ စိတ်ကူးကို အသုံးမပြုတော့သည်သာမက၊ သူတို့၏ မေးခွန်းကို ဂရုတစိုက် စဉ်းစားခဲ့သည်၊ သူတို့ကို ဖြေဖို့အတွက် အခြေခံသဘောတရားများကို အသုံးပြုပြီး ကျွမ်းကျင်မှုဆိုင်ရာ အသိပညာကို အသုံးပြုဖို့ ရှာဖွေခဲ့သည်။ တစ်စုံတစ်ရာကို ကျွန်မ နားမလည်သည့်အခါ၊ ဘုရားသခင်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြခြင်းတို့ ပူးတွဲလျက် တကယ့်အားထုတ်မှုမှတစ်ဆင့် ထိုအရာကို ကျွန်မ တဖြည်းဖြည်း နားလည်လာခဲ့သည်။ ကျွန်မ၏ တာဝန်တွင် ကျွန်မ၏ မမှန်ကန်သော ရည်ရွယ်ချက်များအပေါ်တွင်လည်း ကျွန်မ များစွာ သုံးသပ်ခဲ့သည်။ ကျွန်မ အခက်အခဲများ ကြုံရပြီး တက်သုတ်ရိုက်သာ လုပ်ဆောင်ချင်ခဲ့ချိန်တွင်၊ ထိုပြဿနာများကို လိုအပ်သည့် စစ်မှန်သော အားထုတ်မှု ပမာဏဖြင့် ကျွန်မ ဖြေရှင်းနိုင်ဖို့အလို့ငှာ ဇာတိပကတိကို စွန့်လွှတ်ဖို့ ဘုရားသခင်ထဲ ကျွန်မ ဆုတောင်းခဲ့သည်။ တဖြည်းဖြည်းဖြင့်၊ ကျွန်မ၏ အမှုအရာများကို အိုးနင်းခွက်နင်း ပြီးမြောက်ခြင်း လျော့နည်းသွားခဲ့သည်။ ကျွန်မ၏တာဝန်ကို တည်ငြိမ်သော ပုံစံဖြင့် ကျွန်မ ဆောင်ရွက်လာနိုင်ခဲ့သည်။ ကျွန်မ အထဲက ဤအပြောင်းအလဲသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ရလဒ် သက်သက် ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။