ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းကို ကုစားပြီးနောက်မှသာ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်သည်

22.12.2020

ကျင်းရှမ်း၊ ဂျပန်

သာမန်အားဖြင့်၊ အစည်းအဝေးအတွင်း သို့မဟုတ် ကျွန်တော့်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု လုပ်ဆောင်နေစဉ်အတွင်းတွင်၊ လူတို့ကို ဝတ်ကျေတမ်းကျေသာလုပ်ဆောင်ခြင်းနှင့် ဆက်နွယ်သော ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် မကြာခဏ ဖတ်ရှုခဲ့သော်လည်း၊ ကျွန်တော့်၏ ကိုယ်ပိုင်ဝင်ရောက်မှုကို များစွာ အာရုံမစိုက်မိခဲ့ပါ။ ကျွန်တော့် စိတ်နှလုံးတွင်၊ ဤအရာသည် ကျွန်တော့်တွင်ရှိသော စိုးရိမ်ရသည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟု မယုံကြည်ခဲ့ပါ။ ထို့ကြောင့် ကျွန်တော့်၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ဆောင်ရွက်ခြင်း ပြဿနာကို ကုစားဖို့ သမ္မာတရားကို ကျွန်တော် ရှာဖွေခဲလှပေသည်။ ယင်းမှာ ကျွန်တော့်၏ ကိုယ်ပိုင် ဝတ်ကျေတမ်းကျေသာလုပ်ဆောင်ခြင်းက ကျွန်တော့်အလုပ်တွင် အကြီးစား ပြဿနာများကို ဖြစ်စေသည်အထိ ဖြစ်ခဲ့သည်။ ဤဝတ်ကျေတမ်းကျေဖြစ်ခြင်းက အသင်းတော်၏ ဧဝံဂေလိ အလုပ်ကို ထိခိုက်လာသောအခါ၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတဆင့်သာ ကျွန်တော့်တာဝန်ကို ဆောင်ရွက်စဉ် ကျွန်တော့်၏ ကိုယ်ပိုင် ဝတ်ကျေတမ်းကျေဖြစ်ခြင်း၏ သရုပ်သကန်များနှင့် ဇာစ်မြစ်တို့နှင့်ဆိုင်သော အသိပညာအချို့ ကျွန်တော် ရခဲ့ခြင်း ဖြစ်ပါသည်။ မဖြေရှင်းလျှင်၊ ကျွန်တော့်၏ ဝတ်ကျတမ်းကျေဖြစ်ခြင်း ပြဿနာက ဘုရားသခင်၏ မုန်းတီးခြင်းနှင့် အထင်သေးခြင်းတို့ ကျရောက်စေမည်ဖြစ်ပြီး အနှေးနှင့်အမြန် သူ ကျွန်တော့်ကို ဖော်ထုတ်ပြီး ဖယ်ရှားလိမ့်မည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ထို့နောက်တွင်၊ ကျွန်တော့် တာဝန်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်ဖို့အလို့ငှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလိုက်စားခြင်းအပေါ် ကျွန်တော် စတင် အာရုံစိုက်ခဲ့ပါသည်။

တစ်နေ့တွင်၊ အခြားအသင်းတော်မှ ညီအစ်ကို မောင်နှမအချို့က ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် လက်တွေ့လုပ်ဆောင်ဖို့ ကောင်းမွန်သော လမ်းကြောင်းအချို့အကြောင်း ဆွေးနွေးကြသည်ကို ကျွန်တော် နားထောင်စဉ်၊ အလားတူအရာတစ်ခုကို ပြီးခဲ့သည့်နှစ်က ကျွန်တော် ကြားခဲ့ပြီးဖြစ်သည်ကို ကျွန်တော် နားလည်ခဲ့သည်။ ထိုအချိန်တုန်းက၊ ထိုသို့ လက်တွေ့လုပ်ဆောင်ခြင်းက ကျွန်တော်တို့၏ လက်ရှိလုပ်ဆောင်နည်းထက် များစွာ ပိုကောင်းသည်ဟု ကျွန်တော်လည်း ခံစားခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင်၊ ဧဝံဂေလိအဖွဲ့များ၏ တာဝန်ရှိပုဂ္ဂိုလ်များကို ဤလက်တွေ့လုပ်ဆောင်မှုများကို အကောင်အထည်ဖော်စေဖို့ ကြိုးစားသည့်အခါ၊ အကြောင်းပြချက် အမြောက်အများကြောင့် ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက ဖြစ်နိုင်ခြေမရှိဟု သူတို့ ပြောခဲ့ကြသည်။ သူတို့ ဤသို့ပြောသည်ကို ကြားခြင်းဖြင့် ကျွန်တော် အနည်းငယ် စိတ်ပျက်မိခဲ့သော်လည်း ဤပြဿနာကို ကျွန်တော် ဆက်၍ တွန်းအားမပေးခဲ့ပါ။ ထိုကဲ့သို့သာ ဖြစ်ခဲ့သည်။ အလားတူ ဆွေးနွေးမှုကို တစ်ဖန်ကြားရသည့်အခါ၊ ကျွန်တော် ထပ်လောင်းအတည်ပြုမိခဲ့သည်။ ဤဧဝံဂေလိ ဖြန့်ဝေမှုလမ်းကြောင်းက တကယ်ကောင်းမွန်သည်ဟု ကျွန်တော် တွေးမိခဲ့ပြီး အခြားသူများ၏ အားသာချက်များကို မည်သို့အသုံးချရမည်နှင့်ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးဖို့ စိတ်အားထက်သန်ခဲ့ပါသည်။ ထို့ကြောင့်၊ အစည်းအဝေးအတွင်းတွင်၊ တာဝန်ရှိပုဂ္ဂိုလ်များကို ကျွန်တော့်၏ ကိုယ်ပိုင် အမြင်များနှင့် အကြံပြုချက်များကို ပြောပြခဲ့သည်။ ထို့နောက်တွင်၊ သူတို့ထဲမှ အချို့က အလွန်စိတ်ဝင်စားပုံမပေါ်ခဲ့ဘဲ အခြားသူများကမူ ဤဧဝံဂေလိ ဖြန့်ဝေခြင်း နည်းစနစ်က ဤနေရာတွင် လက်တွေ့လုပ်ဆောင်၍ရနိုင်လိမ့်မည်မဟုတ်ကြောင်း အကြောင်းပြချက်များ ပေးခဲ့ကြသည်။ သူတို့တွင် လက်မလွှတ်ချင်သော ခေတ်မမှီတော့သည့် တွေးမြင်ပုံများနှင့် ရှုမြင်ပုံများစွာ ရှိပြီး ကျွန်တော့် မိတ်သဟာယက ဘာအကျိုးသက်ရောက်မှုမျှ မရှိဟု ကျွန်တော် ပြောနိုင်သည်။ သို့သော် ထို့နောက်တွင် ဤတာဝန်ရှိ ပုဂ္ဂိုလ်များက ဧဝံဂေလိဖြန့်ရာတွင် မည်မျှအတွေ့အကြုံရှိကြသည်ကို ကျွန်တော် တွေးမိခဲ့သည်။ သူတို့အလုပ်အတွက် ကျွန်တော် တာဝန်ရှိခဲ့သော်လည်း၊ ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ဆိုင်၍ ကျွန်တော် အတွေ့အကြုံများစွာ မရှိခဲ့ပါ။ လက်တွေ့ကျသော လမ်းကြောင်းတစ်ခုကို ကျွန်တော် မိတ်သဟာယပြုနိုင်စွမ်းမရှိခဲ့လျှင်၊ ရိုးရှင်းသော စကားအနည်းငယ်ဖြင့် သူတို့၏ တွေးခေါ်မှုနည်းလမ်းကို ပြောင်းလဲဖို့ အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။ ကျွန်တော့် စိတ်နှလုံးတွင်၊ “ဒီလက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းသစ်တွေကို သူတို့ လက်ခံအောင်လုပ်တာက လွယ်မှာမဟုတ်ဘူး။ ဒီနည်းစနစ်တွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အခြေပြုချက်တစ်ခုကို ရှင်ပြပြီး သူတို့ကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုဖို့ဆိုရင်၊ ကူညီဖို့ ပိုအတွေ့အကြုံရှိတဲ့ တခြားညီအစ်ကို မောင်နှမတွေကို ငါရှာပြီး ဒါကို အဖြေရှာဖို့ ကြိုးစားရမယ်။ ထိရောက်ဖို့အတွက် ဒါကို လူအများကြီးနဲ့ အသေးစိတ် ဆွေးနွေးပြီး အများကြီး ပြောကောင်းပြောရနိုင်တယ်။ အို။ ငါ့အနီးအနားမှာ အဲဒီလို ညီအစ်ကို မောင်နှမတွေမရှိသလို၊ တခြားနိုင်ငံတွေမှာလည်း တစ်ယောက်မှ ငါ မသိဘူး။ ငါ့အတွက်တော့၊ ဒီပြဿနာကို ဖြေရှင်းတာက အရမ်းခက်ခဲတော့မှာပဲ။ ဒါက အချိန်နဲ့ အားထုတ်မှုလိုပြီး မြင့်မားတဲ့ အဖိုးအခကို ငါ ပေးရမှာပဲ။ အရမ်း ဒုက္ခများလွန်းတယ်။ ငါ့မှာ လုပ်ရမယ့် တခြားအလုပ်တွေလည်း ရှိတယ်။ ဒီပြဿနာတစ်ခုကို ဖြေရှင်းရာမှာပဲ ငါ့အားထုတ်မှုအားလုံးကို မြှုပ်နှံလို့မရဘူး။ ငါ ပြောသင့်တာကို ပြောပြီးပြီ။ တခြားလူတွေ ဘယ်လောက်လက်ခံတယ်ဆိုတာ သူတို့ သဘောပဲ။ ဒါကို မေ့လိုက်တာ ပိုကောင်းပြီး ငါ အဲဒီလောက် မစိုးရိမ်သင့်ပါဘူးလေ။ ဒီအချက်ကိ ငါ ပြောတဲ့အခါမှာ အနည်းနဲ့အများတော့ လုံလုံလောက်လောက် လုပ်ပြီးပြီပဲလေ။” ဟု ကျွန်တော် တွေးမိခဲ့သည်။ ဤသို့ဖြင့် ဤပြဿနာကို အချိန်မီ မဖြေရှင်းသောကြောင့်၊ ဧဝံဂေလိအလုပ်တွင် တိုးတက်မှု မရှိခဲ့ပါ။

နောက်ရက်အနည်းငယ်တစ်လျှောက်တွင်၊ ဤအကြောင်းကို ကျွန်တော် စဉ်းစားသည့်အခါတိုင်း ကျွန်တော် နေမထိထိုင်မသာဖြစ်ခဲ့သည်။ ကျွန်တော့်အခြေအနေ မှားယွင်းသည်ကို နားလည်ရင်းဖြင့်၊ ဆုတောင်းပြီး ရှာဖွေဖို့ ဘုရားသခင်ရှေ့ ကျွန်တော် လာခဲ့ပါသည်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ပါသည်။ “အမှုအရာများကို လုပ်ဆောင်ပြီး သင်၏ တာဝန်များကို ဆောင်ရွက်သည့်အခါ၊ သင်၏ အပြုအမူနှင့် ရည်ရွယ်ချက်များအပေါ် မကြာခဏ သုံးသပ်ဆင်ခြင်သလော။ ထိုသို့ ရံဖန်ရံခါမျှသာ လုပ်ဆောင်လျှင်၊ သင်အမှားများ ပြုလုပ်ဖို့ အလားအလာ များစွာ ရှိလိမ့်မည်၊ ထို့နောက် ယင်းက သင်တို့၏ ဝိညာဉ်အသက်တာ၌ ပြဿနာတစ်ခု ရှိနေဆဲဖြစ်သည်ဟု ဆိုလို၏။ ထိုသို့ သင် လုံးဝ မလုပ်ဆောင်လျှင်၊ သင်သည် မယုံကြည်သူများနှင့် ဘာမျှမခြားပေ၊ သို့သော်၊ သင်သုံးသပ်ဆင်ခြင်သည့်အချိန်များ ရှိလျှင်၊ သင်သည် ယုံကြည်သူတစ်ဦး၏ ပုံပန်း အနည်းငယ်ရှိ၏။ သုံးသပ်ဆင်ခြင်ခြင်းအပေါ် သင် အချိန်ပိုယူရမည်။ အရာအရာတိုင်းအပေါ် သင် သုံးသပ်ဆင်ခြင်သင့်၏- ဘုရားသခင်ရှေ့မှောက် သင် အသက်ရှင် မရှင်၊ သင်၏ လုပ်ရပ်များ နောက်ကွယ်က သင်၏ ရည်ရွယ်ချက်များ မှန်သည် မမှန်သည်၊ သင်၏ လုပ်ရပ်များ၏ အရင်းခံအကြောင်းများနှင့် အရင်းအမြစ်တို့က ဘုရားသခင်၏ စစ်ဆေးပါက ခွင့်ပြုခံရနိုင်ခြင်း ရှိမရှိ ဆိုသည်နှင့် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို သင် လက်ခံပြီးသည် မပြီးသည်တို့ကို မြင်ဖို့ရန် သင်၏ ကိုယ်ပိုင်အခြေအနေအပေါ် ဆင်ခြင်သုံးသပ်လော့။ တစ်ခါတစ်ရံ၊ ‘အဲဒါကို ဒီနည်းနဲ့ လုပ်တာ ကောင်းပါတယ်။ ဒီလောက်ဆို တော်လောက်ရောပေါ့နော်၊ မဟုတ်လား’ ဟူသည့် အတွေး သင့်ဆီ ပေါ်လာလိမ့်မည်။ သို့သော်၊ ထိုအတွေးရှိ ရှိရင်းစွဲ ယူဆချက်က ကိစ္စရပ်များကို လူတို့ ကိုင်တွယ်ဖြေရှင်းသည့်အခါ ၎င်းတို့၌ရှိကြသည့် သဘောထားမျိုးအတန်ငယ်အပြင် မိမိတို့၏ တာဝန်များကို ၎င်းတို့ မြင်ပုံကို ထုတ်ဖော်ပြ၏။ ဤစိတ်နေစိတ်ထားသည် အခြေအနေ အမျိုးအစားတစ်ခု ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခုသည် လူတစ်ဦးက တာဝန်သိစိတ် ကင်းမဲ့ပြီး၊ တာဝန်ကို ကြည့်ရှုရာတွင် ဟန်ဆောင်လုပ်ပြရုံ သက်သက်ဖြစ်သည့် သဘောထားတစ်ခု မဟုတ်လော။ ဤအရာအပေါ် သင်တို့ ဆင်ခြင်သုံးသပ်ဖို့ လိုကောင်း လိုနိုင်သေးပြီး၊ ယင်းမှာ သဘာဝ အမူအရာဖြစ်သည်၊ လူသားသဘာဝ၏ သာမန် သရုပ်သကန်မျှသာဖြစ်ပြီး၊ ယင်းမှာ ဘာမျှမဟုတ်ဟု သင် ခံစားနိုင်သည်၊ သို့သော် ထိုသို့သော အခြေအနေတစ်ခု၊ ထိုသို့သော အနေအထားတစ်ခုတွင် သင် မကြာခဏ ရှိနေလျှင်၊ ယင်းနောက်ကွယ်တွင် သင့်ကို စိုးမိုးသည့် စိတ်သဘောထားတစ်ခု ရှိနေ၏။ ဤသည်ကို ဆန်းစစ်ထိုက်ပြီး အလေးအနက် ခံယူထိုက်၏၊ သင်ထိုသို့မပြုပါက သင့်အတွင်း၌ မည်သည့်အပြောင်းအလဲမျှ ဖြစ်ပေါ်မည် မဟုတ်ပေ။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”)သို့သော်၊ သင်၏ တာဝန်ထဲတွင် သင် စိတ်မပါသလို အရေးမထားလျှင်၊ အမှုအရာများကို သင်တတ်နိုင်သည့် အလွယ်ဆုံးနည်းလမ်းဖြင့်သာ လုပ်ဆောင်နေလျှင်၊ ဤသည်မှာ မည်သို့သော စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းမှာ သင်၏ တာဝန်အပေါ် သစ္စာမရှိ၊ တာဝန်သိစိတ်မရှိသလို တာဝန်နှင့်ဆိုင်သည့် သဘောထားမရှိဘဲလျက် အမှုအရာများကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်နေခြင်းတစ်ခုသာ ဖြစ်သည်။ သင်၏တာဝန်ကို လုပ်ဆောင်သည့်အကြိမ်တိုင်းတွင်၊ သင်၏ ခွန်အားကို ထက်ဝက်သာ သင်သုံးသည်၊ စိတ်မပါတပါနှင့် သင်လုပ်ဆောင်သည်။ စိတ်အား ထက်သန်မှု မရှိဘဲ ပြီးစီးဖို့သာ ကြိုးစားပြီး အနည်းဆုံးအနေဖြင့် တာဝန်သိခြင်းမရှိဘဲ လုပ်ဆောင်သည်။ သင်သည် ထိုအရာကို ဟိုဟိုသည်သည် ကစားနေသည့်အလား သက်သောင့်သက်သာ ပုံစံတစ်ခုဖြင့် သင် လုပ်ဆောင်သည်။ ဤအရာက ပြဿနာများဆီသို့ ဆိုက်ရောက်စေသည် မဟုတ်လော။ နောက်ဆုံးတွင်၊ သင်သည် တာဝန်ကို ညံ့ဖျင်းစွာ ဆောင်ရွက်ပြီး၊ ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေသည်ဟု လူတို့က ပြောလိမ့်မည်။ ဤအရာကို ဘုရားသခင်က အဘယ်သို့ပြောလိမ့်မည်နည်း။ သင့်ကို ယုံကြည်စိတ်ချ၍မရဟု သူပြောလိမ့်မည်။ အလုပ်တစ်ခု သင် အပ်နှံခံခဲ့ရလျှင်၊ အဓိက တာဝန်နှင့်ဆိုင်သော အလုပ်ဖြစ်စေ၊ သာမန် တာဝန်နှင့်ဆိုင်သော အလုပ်ဖြစ်စေ၊ ထိုအလုပ်ကို သင် စိတ်ပါလက်ပါ မလုပ်၊ သို့မဟုတ် သင်၏ တာဝန်နှင့် လျော်ညီအောင် အသက်မရှင်လျှင်၊ ပြီးလျှင် ယင်းကို ဘုရားသခင် သင့်ကို ပေးသည့် တာဝန်အဖြစ် သို့မဟုတ် သင့်ကို ဘုရားသခင် အပ်နှံသည့် ကိစ္စရပ်တစ်ခုအဖြစ် သင်မမြင်လျှင်၊ သို့မဟုတ် ယင်းကို သင်၏ ကိုယ်ပိုင် ဝတ္တရားနှင့် တာဝန်အဖြစ် သင် လက်သင့်မခံပါက၊ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်ပေလိမ့်မည်။ ‘ယုံကြည်စိတ်ချ၍မရ’- ဤစကားလုံးက သင်၏ တာဝန်နှင့် ပတ်သက်ပြီး သင် လုပ်ဆောင်ပုံကို အဓိပ္ပာယ်ဖွင့်လိမ့်မည်ဖြစ်ပြီး၊ သင်၏ စရိုက်က အဆင့်မမီဟု ဘုရားသခင် ပြောလိမ့်မည်။ သင့်ကို ကိစ္စရပ်တစ်ခု အပ်နှံထားသော်လည်း၊ ဤသည်မှာ ယင်းအပေါ် သင် ခံယူသော သဘောထားဖြစ်ပြီး၊ ဤသည်မှာ ယင်းကို သင် ကိုင်တွယ်သည့်ပုံဖြစ်ပါက၊ အနာဂတ်တွင် သင်သည် နောက်ထပ် တာဝန်များ တစ်ခုတစ်လေဖြင့် တာဝန်ပေးစေခိုင်းခံရလိမ့်မည်လော။ သင်သည် အရေးကြီးသည့် အရာတစ်ခုတစ်လေ အပ်နှံခံရနိုင်သလော။ သင် အပ်နှံခံရကောင်း အပ်နှံခံရနိုင်မည်ဖြစ်သော်လည်း၊ ယင်းမှာ သင် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် တည်မှီပေမည်။ သို့သော်၊ စိတ်ထဲတွင်၊ ဘုရားသခင်သည် သင့်အပေါ် မယုံကြည်မှုအချို့ အပြင်၊ မကျေနပ်မှုအချို့ အမြဲ သိုထားလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်လိမ့်မည် မဟုတ်လော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း”) ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းနှင့် ရင်ဆိုင်ရလျက်၊ ကျွန်တော့်စိတ်နှလုံးထဲတွင် ကြီးမားသော အပြစ်တင်မှုနှင့် စွပ်စွဲမှုတို့ကို ခံစားခဲ့ရသည်။ ကျွန်တော့်တာဝန်အပေါ် ကျွန်တော်၏ သဘောထားမှာ ဝတ်ကျေတမ်းကျေဖြစ်ပြီး အချောင်ခိုခြင်းတစ်ခုဖြစ်ခဲ့သည်ကို ကျွန်တော် တွေ့ခဲ့ရသည်။ ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် လမ်းကြောင်းကောင်းများအကြောင်း ကျွန်တော် ပထမဆုံး ကြားခဲ့သည့် အချိန်ကို ကျွန်တော်ပြန်တွေးမိခဲ့ပါသည်။ ဤလမ်းကြောင်းများကို ကျွန်တော် သဘောတူပြီး ထောက်ခံခဲ့ကာ ယင်းတို့ကို လက်ခံပြီး လက်တွေ့လုပ်ဆောင်သင့်သည်ဟု ကျွန်တော် ခံစားခဲ့သည်။ သို့သော်၊ ညီအစ်ကို မောင်နှမများနှင့် ဤနည်းစနစ်တို့ကို မိတ်ဆက်ခြင်းနှင့်ပတ်သက်ပြီး မိတ်သဟာယပြုဖို့ ကျွန်တော် တကယ် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့သည့်အခါ၊ သူတို့၏ တွေးခေါ်မှု နည်းလမ်းဟောင်းများနှင့် အမြင်များကို ပြောင်းပြန်လှန်ပစ်ဖို့ သမ္မာတရားကို သူတို့နှင့် မိတ်သဟာယပြုသင့်သည်ဟု ကျွန်တော် သတိပြုမိခဲ့သည်။ သို့သော် ဤပြဿနာကို ဖြေရှင်းဖို့ ကျွန်တော် ပေးရမည့် အဖိုးအခနှင့် ယင်းတွင် အချိန်နှင့် အားထုတ်မှု မည်မျှပါဝင်မည်ဆိုသည်တို့ကို စဉ်းစားကြည့်သောအခါ ဤသည်မှာ “ကြီးမားသော စီမံကိန်း” ဖြစ်ပြီး ချက်ချင်း ပြုပြင်၍ရသည့်အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ အလွန် ဒုက္ခများသည်ဟု ကျွန်တော် စဉ်းစားခဲ့ပြီး ခန္ဓာကိုယ်၏ ဒုက္ခဆင်းရဲကို ကျွန်တော် ကြောက်ရွံ့မိခဲ့သည်။ ထို့ကြောင့် ကျွန်တော် ဝတ်ကျေတမ်းကျေသာ လုပ်ခဲ့သည်။ “ကျွန်တော် ကြိုးစားခဲ့တယ်”၊ “အားထုတ်မှုတချို့ ကျွန်တော် လုပ်ခဲ့တယ်”၊ “ဒါက အနည်းနဲ့အများ လုံလောက်ပါတယ်” ဆိုသည်နှင့် “ဘယ်သူမှ အရာရာကို သန္နိဋ္ဌာန်ချပြီး မလုပ်နိုင်ဘူး” ဟု ယုံကြည်လျက် လုပ်လေ့လုပ်ထရှိသည့်အရာများကို လုပ်ဆောင်ခဲ့ပြီး ဟန်ဆောင်လုပ်ပြခဲ့သည်။ ကျွန်တော်သည် မိမိကိုယ်ကိုယ် ဘေးဖယ်ထားဖို့အတွက်၊ ဤပြဿနာကို သိသိကြီးနှင့် ဘာသိဘာသာ ကျော်ဖြတ်ဖို့အတွက် ဤအရာများကို အသုံးချခဲ့သည်။ ပြီးစီးဖို့အတွက် လုံလောက်သည်ဟု ယုံကြည်လျက် ကျွန်တော် ထိရောက်မှုရှိသည်၊ မရှိသည်ကိုလည်း ဂရုမစိုက်ခဲ့ပါ။ ထိုသို့သောအရာများမှာ ကျွန်တော် တောက်လျှောက် ပြုမူခဲ့သည့် စံနှုန်းစံထားများ ဖြစ်ကြသည်။ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကျွန်တော်၏ မိတ်သဟာယမှာ အပေါ်ယံမျှထက် မပိုခဲ့ပါ။ သူတို့၏ ပြဿနာများကို ဖြေရှင်းဖို့ ကျွန်တော် တကယ် ဒုက္ခမခံစားခဲ့သလို အဖိုးအခလည်း မပေးခဲ့ပါ။ ယင်းအစား ကျွန်တော် လုံလုံလောက်လောက် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ အမှန်တွင်၊ လူတို့ကို လိမ်လည်ဖို့ ရေတို၊ အပေါ်ယံနည်းစနစ်များကို ကျွန်တော် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုမှသာ နောက်ပိုင်းတွင်၊ တစ်ဦးတစ်ယောက်က ဤပြဿနာကို တင်ပြသည့်အခါ၊ သူတို့အတွက် ကျွန်တော် အဖြေတစ်ခု ရှိနေမည်ဖြစ်သည်။ ထို့အပြင်၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် ဆောင်ရွက်မှု ညံ့ဖျင်းခြင်းအတွက် တာဝန်ခံဖို့မှာ ကျွန်တော့် ကိစ္စမဟုတ်ပါ။ ယင်းက လက်တွေ့လုပ်ဆောင်ဖို့ ကောင်းမွန်သော လမ်းကြောင်းများကို သူတို့ လက်မခံခြင်း၏ ရလဒ်ဖြစ်သည်။ ဘုရားသခင်ကို အရူးလုပ်ရန်ပင် ကျွန်တော် ကြိုးစားခဲ့သည်။ “အို ဘုရားရှင်၊ ကျွန်တော် လုပ်နိုင်သမျှက ဒါပါပဲ။” ယခုတွင်မှ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ရန် ကျွန်တော် အမှန်တကယ် မကြိုးစားခဲ့ဘဲ အခက်အခဲ ကြုံရသည့်အခါတိုင်းတွင် ဘုရားသခင်တောင်းဆိုသည့်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး သူစိတ်ကျေနပ်စေဖို့ မကြိုးပမ်းခဲ့သည်ကို ကျွန်တော် နားလည်ခဲ့သည်။ ယင်းအစား၊ မကြာခဏ ကျွန်တော် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်ကို လှည့်ဖြားရန် ကြိုးစားခဲ့သည်။ မည်မျှပင် မယုံရပြီး ကောက်ကျစ်ခဲ့သော ကျွန်တော် ဖြစ်သနည်း။ ဧဝံဂေလိ ဖြန့်ဝေရာတွင် ညီအစ်ကို မောင်နှမများ၏ အခက်အခဲများကို မဖြေရှင်းရသေးကြောင်း နှင့် ကျွန်တော့် တာဝန်ကို ကျွန်တော် မဖြည့်ဆည်းခဲ့ကြောင်းကို ကျွန်တော် သိခဲ့ပါသည်။ သို့သော် ခန္ဓာကိုယ်၏ ဆင်းရဲဒုက္ခကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ ဧဝံဂေလိ အလုပ် ပိတ်ဆို့ခံရသည်ကို မြင်သည့်အချိန်တွင်ပင် ကျွန်တော် အရေးမစိုက်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို ရယ်စရာဖြစ်စေခြင်း မဟုတ်ပါလား။ ကျွန်တော်သည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်မျှမရှိသလို ကျွန်တော့်ကို လုံးဝ အားကိုး၍ မရနိုင်သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ နောက်တစ်ဖန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရှုခဲ့ရပါသည်။ “...သင်တို့ကို မဖန်ဆင်းမီတွင်၊ လူသား စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိခဲ့သည့် မတရားမှုကို ငါသိနှင့်ပြီးဖြစ်ကာ၊ လူသားစိတ်နှလုံးထဲက လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းများအားလုံးကို ငါသိခဲ့သည်။ ထို့ကြောင့် လူတို့က မတရားသောအမှုတို့ကို လုပ်ဆောင်သည့်အခါ သဲလွန်စများ လုံးဝမရှိသော်လည်း သင်တို့၏ စိတ်နှလုံးများထဲတွင် သိုထားသော မတရားမှုသည် ငါဖန်ဆင်းခဲ့သော အရာခပ်သိမ်း၏ ပေါများကြွယ်ဝမှုထက် သာလွန်ကြောင်းကို ငါသိနေဆဲဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့) ထိုအခိုက်အတန့်တွင်၊ ကျွန်တော့်အဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ကျွန်တော့်အပေါ် ရောက်လာခဲ့သည်မှာ သိသာလာခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်တော့်၏ အဆုံးစွန်ဖြစ်တည်မှုကို မြင်ခဲ့ပြီး၊ ကျွန်တော်၏ မရိုးသားသော အတွေးများကို မည်သည့် လူသားကမျှ မသိခဲ့သော်လည်း၊ ဘုရားသခင်အဖို့ ၎င်းတို့မှာ ရှင်းလင်းပြတ်သားသည်။ ကျွန်တော့်အပေါ် ဘုရားသခင် ပေးအပ်ထားသည့် စေခိုင်းမှုအတွက် ကျွန်တော် တာဝန်မယူခဲ့ပါ။ ကျွန်တော် မရိုးမသား ဖြစ်ခဲ့ပြီး၊ ယင်းက ဧဝံဂေလိအလုပ်ကို ပိတ်ဆို့ခဲ့ပါသည်။ ကြည့်ရသည်မှာ၊ ကျွန်တော့်တာဝန်ကို ကျွန်တော် ဆောင်ရွက်နေသကဲ့သို့ဖြစ်သော်လည်း၊ အမှန်တွင် ကျွန်တော် ဝတ်ကျေတမ်းကျေ လုပ်နေခဲ့ပြီး ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားနေခြင်းဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့မှု ကျွန်တော့်တွင် မရှိခဲ့ပါ။ ဘုရားနှုတ်ကပတ်တော်များရှေ့မှောက်တွင် ကျွန်တော် အရှက်ရခဲ့ပါသည်။

နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရှုခဲ့ပါသည်။ “အမှုအရာများကို သင်လုပ်ဆောင်သည့်အခါ၊ ယင်းတို့ထဲ သင့်စိတ်နှလုံး အနည်းငယ်အပြင် ကြင်နာမှု၊ တာဝန် နှင့် စဉ်းစားဆင်ခြင်ခြင်း အနည်းငယ်တို့ကို သင် ပိုထည့်မည်ဆိုလျှင်၊ သင်သည် လုံ့လပို၍ စိုက်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ ဤအရာကို သင်လုပ်ဆောင်နိုင်သည့်အခါ သင်ဆောင်ရွက်သည့် တာဝန်များ၏ ရလဒ်များ တိုးတက်လိမ့်မည်ဖြစ်၏။ သင်၏ ရလဒ်များ ပိုကောင်းလာလိမ့်မည်ဖြစ်ပြီး အခြားလူများနှင့် ဘုရားသခင်နှစ်ဦးလုံးကို သင် ကျေနပ်စေနိုင်လိမ့်မည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်”) မိတ်သဟာယတစ်ခုတွင် ပြောထားပါသည်။ “ဝတ်ကျေတမ်းကျေဖြစ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ရိုးရိုးလေးပြောရရင်၊ တခြားလူတွေ မြင်ဖို့ ဟန်ဆောင်လုပ်ပြတာကို ဆိုလိုပါတယ်။ ဒီတော့ သူတို့က ‘သူ ဒါမှမဟုတ် သူမ လုပ်ပြီးသွားပြီ’လို့ ထင်ကြတယ်လေ။ အဲဒီလို နည်းလမ်းက ရလဒ်တွေ ရရှိနိုင်ပါသလား။ (မရနိုင်ပါဘူး) အဲဒါက ဝန်တာမရှိတဲ့သူတွေ လုပ်တဲ့ ပုံစံဖြစ်တယ်။ ဒါက သူတို့တာဝန်ကို သူတို့ ဆောင်ရွက်တဲ့ ပုံစံဖြစ်ပါတယ်။ ဒီအလုပ်ရဲ့ ဝန်ကို သူတို့ တကယ်မထမ်းကြပေမယ့် အဲဒါကို မလုပ်ဘဲနဲ့ သူတို့ ထွက်သွားလို့မရဘူး။ ဒါကို သူတို့ မလုပ်ရင် လူတွေက ဒီခေါင်းဆောင်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုရှိတယ်လို့ မြင်လိမ့်မယ်။ ဒါကြောင့် အမြင်ကောင်းဖို့အတွက် သူတို့က ဟန်ဆောင်လုပ်ပြကြရတယ်။ ဘုရားသခင်က၊ ‘ဒါဟာ အစေခံမှု လုပ်ဆောင်နေတာဖြစ်တယ်။ သူတို့တာဝန်ကို သူတို့ ဆောင်ရွက်မနေကြဘူး’လို့ ပြောတယ်။ ဒီတော့၊ အစေခံမှုကို လုပ်ဆောင်ခြင်းနဲ့ တာဝန်ကို ဆောင်ရွက်ခြင်းတို့ကြားက ကွဲပြားမှုက ဘာလဲ။ သူတို့ တာဝန်ကို အမှန်တကယ် လုပ်ကြတဲ့ လူတွေက တာဝန်သိစိတ်တစ်ခု ရှိကြတယ်။ အဲဒါက ပြဿနာကို အမှန်တကယ် ကုစားချင်စိတ်ရှိခြင်း၊ ဒီအလုပ်ကို အမှန်တကယ် ကောင်းကောင်းမွန်မွန် လုပ်ချင်တဲ့စိတ်ရှိခြင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေချင်တဲ့စိတ်ရှိခြင်းနဲ့ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ပေးဆပ်ချင်စိတ်ရှိခြင်းကနေ လာပါတယ်။ ဒီတော့၊ ဒီအရာတွေကို သူတို့ လုပ်တဲ့အခါ သူတို့ရဲ့ စိတ်ဆုံးဖြတ်ချက်က ဘာများလဲ။ အဲဒါက ဒါတွေကို ပြီးစီးအောင်လုပ်ဆောင်ရမယ်၊ပြီးတော့ ကောင်းကောင်း ပြီးစီးရမယ်ဆိုတာပဲ။ ပြဿနာကို ဖြေရှင်းရပါမယ်။ ဒါကို လုပ်ဆောင်ပြီးတဲ့အထိ သူတို့ အနားယူမှာမဟုတ်ဘူး။ ပြုပြင်ပြီးတဲ့အထိ သူတို့ ရပ်မှာမဟုတ်ဘူး။ အဲဒါက သူတို့အလုပ်ကို သူတို့ ဆောင်ရွက်တဲ့ ဝန်ဖြစ်ပြီး၊ ဒါကြောင့် သူတို့အတွက် ထိရောက်ဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါက တာဝန်ကို ဆောင်ရွက်ခြင်းလို့ ဆိုလိုတဲ့အရာ ဖြစ်ပါတယ်။ သင့်အလုပ်နဲ့ သင့်ရဲ့တာဝန် ထမ်းဆောင်မှုက ထိရောက်တဲ့အခါမှပဲ သင့်ရဲ့ တာဝန်ကို သင် ဆောင်ရွက်နေတာ ဖြစ်တယ်။ ဘာထိရောက်မှုမှမရှိရင်၊ သင်က ဝတ်ကျေတမ်းကျေ လုပ်နေတာဖြစ်ပြီး ကြုံရာကျပန်းလုပ်နေတာပဲဖြစ်တယ်။ ဒါက အစေခံမှုကို လုပ်ဆောင်ခြင်းလို့ ခေါ်တဲ့အရာပဲ။ ထိရောက်မှုမရှိတဲ့ တာဝန် ထမ်းဆောင်မှုက အစေခံမှုကို လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သေချာပါတယ်။ ဒီအရာနဲ့ပတ်သက်ပြီး မှားတာ ဘာမှမရှိပါဘူး။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း ၁၁ တွင်ပါဝင်သော “အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို ပိုင်ခြားသိမြင်ခြင်းအတွက် သမ္မာတရားများထဲသို့ ဝင်ရောက်ရန် နည်းလမ်း”) ဘုရားနှုတ်ကပတ်တော်များနှင့် ဤမိတ်သဟာယမှ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့ပါသည်။ တာဝန်ကို ဆောင်ရွက်ရာတွင် စိတ်အားထက်သန်မှုနှင့် စစ်မှန်မှုတို့ လိုအပ်သည်။ အရာရာကို အလေးအနက် နှင့် တာဝန်သိသိ ကိုင်တွယ်လုပ်ဆောင်မှု လိုအပ်သည်။ ဤအရာကသာ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးလိမ့်မည်။ တကယ့် ပြဿနာများ ဖြေရှင်းခြင်းကို ရှောင်ရှားဖို့ ကြိုးစားခြင်း၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း နှင့် ဟန်ဆောင်လုပ်ပြခြင်းတို့မှာ ဘုရားသခင်ကို လှည့်ဖြားခြင်းနှင့် သူ့ကို ကစားနေခြင်းဖြစ်ပြီး၊ လုံးဝ မည်သည့် ထိရောက်မှုမှ ရှိလိမ့်မည်မဟုတ်ပါ။ ကျွန်တော့် တာဝန်ကို ဆောင်ရွက်စဉ်တွင် ဘုရားသခင်သည် ကျွန်တော် ဝတ်ကျေတမ်းကျေ လုပ်ခြင်းနှင့် သူ့ကို ဆန့်ကျင်ခြင်းအား မမြင်ချင်ပါ။ သူ၏ စေခိုင်းမှုကို ရိုးသားမှုဖြင့် ကျွန်တော် ချဉ်းကပ်နိုင်ပြီး၊ ကျွန်တော့် တာဝန်ဆောင်ရွက်ခြင်းအပေါ် ကျွန်တော့် သဘောထားကို ပြုပြင်ဖို့၊ အခက်အခဲအားလုံးကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့၊ ပြဿနာကို မည်သို့ ဖြေရှင်းမည်ဆိုသည်နှင့် ထိရောက်ရန် နည်းလမ်းတို့အကြောင်းကို အချိန်ပိုပေးကာ စဉ်းစားဖို့ သူ မျှော်လင့်ခဲ့ပါသည်။ ထိုသို့ လက်တွေ့လုပ်ဆောင်ခြင်းသည်သာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ကိုက်ညီပါသည်။ ထိုအခိုက်အတန့်တွင်၊ ဧဝံဂေလိ အဖွဲ့များနှင့် ပတ်သက်သည့် ပြဿနာများကိုဆက်ပြီး ဘေးဖယ်ထား၍ မရသည်ကို ကျွန်တော် နားလည်ခဲ့သည်။ မိတ်သဟာယပြုခြင်းနှင့် ဧဝံဂေလိအဖွဲ့များ၏ ခေတ်မမှီသော ရှုထောင့်အမြင်များကို ပြောင်းလဲခြင်းတို့က လွယ်ကူလိမ့်မည်မဟုတ်သော်လည်း၊ ယင်းကို ကျွန်တော် နောက်ထပ် မရှောင်လွဲချင်တော့ပါ။ နောက်တွင်၊ တာဝန်ရှိ ပုဂ္ဂိုလ်များဖြစ်ကြသည့် အစ်ကို ကျန်းနှင့် အစ်ကို ကျောင်းတို့နှင့်အတူ ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်ဆိုင်သော ပြဿနာများ၊ အခြားနေရာများတွင် ဧဝံဂေလိ ဖြန့်ဝေခြင်း နည်းစနစ်များကို မည်သို့ လိုက်လျောညီထွေစွာ ခံယူပြီး ၎င်းတို့၏ အကျိုးကျေးဇူးများကို မည်သို့ ပေါင်းစပ်ရမည်ကို အသေးစိတ် ဆွေးနွေးရန် အခွင့်အရေးကို ကျွန်တော် ရှာဖွေခဲ့သည်။ မိတ်သဟာယပြုပြီးနောက်တွင်၊ အစ်ကို ကျန်းနှင့် အစ်ကို ကျောင်းတို့က ဤအရာကို လက်ခံပြီး ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ စူးစမ်းရန် ပျော်ရွင်ပါသည်ဟု ပြောခဲ့ကြသည်။ နောက်ပိုင်းတွင်၊ ညီအစ်ကို မောင်နှမများသည် ဧဝံဂေလိကို ဖြန်ဝေသည့်အခါ ပိုမိုပေါ့ပါးဖျတ်လတ်ကြပြီး သူတို့၏ ထိရောက်မှုလည်း တိုးတက်ခဲ့လေသည်။

ဤကိစ္စရပ်ကို တွေ့ကြုံခြင်းဖြင့်၊ ကျွန်တော့် တာဝန်ကို ဆောင်ရွက်စဉ် ကျွန်တော်၏ ကိုယ်ပိုင် ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သိမြင်မှုအနည်းငယ်ကို ကျွန်တော်ရရှိနိုင်ခဲ့သည်။ ကျွန်တော့်၏ ဇာတိပကတိကို ကျွန်တော် သေသေချာချာ စတင်စွန့်လွှတ်ခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကျွန်တော့်တာဝန်ကို သစ္စာရှိရှိ ဆောင်ရွက်ခြင်းအပေါ် အာရုံစိုက်ခဲ့သည်။ သို့သော် ကျွန်တော့်၏ ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်း အကျိုးဆက်များ၏ အနှစ်သာရ၊ အရင်းအမြစ်နှင့် ပြင်းထန်မှုတို့နှင့်ဆိုင်သော အသိပညာများစွာ ကျွန်တော့်မှာ မရှိခဲ့သေးပါ။ နောက်ပိုင်းတွင်၊ ကျွန်တော့် သင်ခန်းစာကို ဆက်လက်သင်ယူရန်၊ ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်း ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော့်ကို ခွင့်ပြုရန် ဘုရားသခင်က အခြေအနေတစ်ခုကို ပြင်ဆင်ခဲ့သည်။

နောက်ပိုင်း အချိန်အနည်းငယ်အကြာတွင်၊ ဧဝံဂေလိအဖွဲ့များနှင့် ပတ်သက်သည့် ပြဿနာအချို့ကို ကျွန်တော် ရှာတွေ့ခဲ့သည်။ အလုပ်ကို ကြီးကြပ်ရသည့် လူတစ်ဦးအနေဖြင့်၊ အစ်ကို ကျန်းက အတော်လေး မာနထောင်လွှားသည်။ သူသည် သူ၏ စကားများနှင့် အပြုအမူဖြင့် ဗိုလ်ကျလွန်းပြီး အခြား ညီအစ်ကို မောင်နှမများ၏ အကြံပြုချက်များကို လက်ခံရန် ဝန်လေးတတ်လေသည်။ သူနှင့် အလုပ်အတူလုပ်သည့် အစ်ကို ကျောင်းအပေါ်လည်း ခြယ်လှယ်တတ်သော လွှမ်းမိုးမှုရှိလေသည်။ သူတို့နှစ်ဦးမှာ အတူတကွ ဧဝံဂေလိ အလုပ်ထဲက တကယ့်အခက်အခဲများကို ဖြေရှင်းရန် ဆွေးနွေးခြင်းနှင့် ရှာဖွေခြင်းတို့ကို မတတ်စွမ်းနိုင်ခဲ့ကြပါ။ အစ်ကို ကျောင်းက အလွန်ရှေးရိုးစွဲလည်းဆန်ပြီး သူ၏ ဧဝံဂေလိ ဖြန့်ဝေခြင်းတွင် အယူဝါဒများစွာကို လိုက်နာလေသည်။ ဤအကြောင်းရင်းနှစ်ခုက ဧဝံဂေလိအလုပ် တိုးတက်မှုကို တားဆီးထားလေသည်။ သူတို့၏ ပြဿနာများကို ထောက်ပြဖို့ရန် သူတို့နှင့် ကျွန်တော် သီးသန့် မိတ်သဟာယများ လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုတစ်လေမျှ မရှိခဲ့ပါ။ နောက်ပိုင်းတွင် သူတို့ကို လိုက်ဖက်ညီစွာ ပူပေါင်းလုပ်ဆောင်စေဖို့ ကြိုးစားခြင်းကို ကျွန်တော် ရပ်တန့်ခဲ့သည်။ အမှုအရာများကို အရှိအတိုင်းထားလိုက်ဖို့ လုံလောက်ခဲ့သည်။ အခြားသူများ၏ အကြံပြုချက်များကို လက်ခံဖို့ အစ်ကို ကျန်း၏ ဆန္ဒမရှိခြင်းအပေါ်၊ ကျွန်တော် အလျှော့ပေးဖို့ ရွေးချယ်ခဲ့သည့် အချိန်များ ရှိခဲ့သလို အမှုအရာများအပေါ် စောင့်ကြည့်ရုံစောင့်ကြည့်ခဲ့သည့် အချိန်များ ရှိခဲ့ပါသည်။ သို့သော် ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ကျွန်တော် မရှာဖွေခဲ့ပါ။ ယခင် လအနည်းငယ်တုန်းက၊ အစ်ကိုကျန်းမှ အယူဝါဒများကို တင်းမာစွာ စောင့်ထိန်းမက အလုပ်ကို အနှောင့်အယှက်ပေးခဲ့သည်။ ကျွန်တော် ဤအရာကို သူနှင့် မိတ်သဟာယပြုခဲ့ပြီး သူက လက်ခံခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အချို့နေရာများ၌ သူသည် အယူဝါဒကို ဖက်တွယ်နေသေးပြီး အလျှော့မပေးတတ်သည်ကို ကျွန်တော် ရှာတွေ့ခဲ့သည်။ တစ်ခါတစ်ရံ ဤအရာများကို ကျွန်တော် သူ့ထံ ထောက်ပြခဲ့သော်လည်း သူသည် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရာတွင် တော်လေသည်။ ကျွန်တော့် စိတ်နှလုံးထဲတွင်၊ ကျွန်တော် တွေးမိခဲ့သည်။ “သူ့အမြင်တွေကို ပြောင်းဖို့ အများကြီး အားထုတ်ရမှာပဲ။ ငါ စည်းမျဉ်းတချို့ရှာပြီး၊ သူ့မှာ တကယ်သိသာထင်ရှားတဲ့အရာအရ သူ့ကို စကားပြောဖို့လိုတယ်။ ထိရောက်မှုရှိဖို့အတွက် ဧဝံဂေလိ ဖြန့်ဝေရာမှာ အတွေ့အကြုံရှိတဲ့ တစ်ခြားညီအစ်ကို မောင်နှမတွေကို သူနဲ့အတူ ဆွေးနွေးဖို့ ငါ ရှာရမယ်။” ဤပြဿနာကို ဖြေရှင်းရာတွင် ပါဝင်မည့် ဒုက္ခကို တွေးသည့်အခါ၊ အမှုအရာများကို သူ့ဘာသာသူ ဖြစ်ခွင့်ပေးဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ အစ်ကို ကျန်းနှင့် အစ်ကို ကျောင်းတို့၏ ပြဿနာက ဧဝံဂေလိအလုပ်ကို ထိခိုက်မည်ကို ကျွန်တော် နားလည်ခဲ့သော်လည်း၊ လောလောဆယ် ဤစေခိုင်းချက်ကို တာဝန်ယူဖို့ ဧဝံဂေလိ အဖွဲ့များတွင် ပိုတော်သည့်သူ မည်သူမျှမရှိဟု ကျွန်တော် ခံစားမိခဲ့သည်။ သူတို့၏ တာဝန်ကို ဆောင်ရွက်ခြင်းက လုံးဝ မထိရောက်သည်တော့ မဟုတ်ဘဲ အသင့်အတင့်မျှ ဖြစ်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး အထက်ခေါင်းဆောင်များက ကျွန်တော့်ကို ပြောစရာဘာမျှ မရှိသရွေ့ ယင်းက အဆင်ပြေပါသည်။ သင့်ကို စိတ်ရှုပ်အောင် အမြဲလုပ်သည့် အရာအချို့ရှိပြီး ဘယ်တော့မှ ဖြေရှင်းလို့မရနိုင်သည့် ပြဿနာအချို့ ရှိတတ်ပေသည်။ ထို့ကြောင့် ဤညီအစ်ကို နှစ်ဦးနှင့်ဆိုင်သော ပြဿနာများနှင့် ပတ်သက်လာလျှင်၊ ဤအရာကို ကျွန်တော် မည်သို့ ချဉ်းကပ်သင့်သည်ကိုသာ ရှာဖွေရင်း ကျွန်တော် မည်သည့်အချိန်မျှ နောက်ထပ်မကုန်ခဲ့သလို၊ သူတို့တာဝန်ကို သူတို့ ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများက ချွတ်ယွင်းချက်များထက် အလေးသာသည် မသာသည်ကိုလည်း ကျွန်တော် အကဲမဖြတ်ခဲ့ပါ။

နောက်မကြာမီတွင်၊ အသင်းတော်က ပြည်သူ့အမြင် ဆန်းစစ်လေ့လာချက်တစ်ခုစီမံလုပ်ဆောင်ခဲ့သည်။ ရလဒ်များက ကျွန်တော့်ကို အလွန်အထိတ်တလန့်ဖြစ်ကျန်ရစ်စေခဲ့သည်။ အခြားလူတို့၏ အကြံပြုချက်များကို အစ်ကို ကျန်းက ဘယ်တော့မှ လက်မခံကြောင်း၊ မကြာခဏ ထင်ရာမြင်ရာ သူလုပ်တတ်ကြောင်း၊ နောက်ဆုံးဆုံးဖြတ်ချက်ကို သူ အမြဲတမ်းချတတ်ကြောင်း နှင့် အခြားလူများကို တင်စီးစွာ မကြာခဏ သြဝါဒပေးပြီး ဆက်ဆံတတ်သည်တို့ကို ညီအစ်ကို မောင်နှမများစွာက အသိပေးခဲ့ကြသည်။ အချို့ ညီအစ်ကို မောင်နှမများသည် သူ့ကို တွေ့ဆုံဖို့ ဝန်လေးခဲ့ကြသည်။ သူတို့အနေဖြင့် ချုပ်ချယ်မှုကိုခံစားရရင်းနှင့် အပျက်သဘောဆောင်ခြင်းအလယ်တွင် နေထိုင်ရင်းဖြင့်၊ သူ၏ စီမံခန့်ခွဲမှုများကို လက်ခံပြီး စိတ်မပါစွာဖြင့် လုပ်ဆောင်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပါ။ အချက်အလက်များက အစ်ကို ကျန်းသည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေသည်ကို ပြသခဲ့သည်။ အစ်ကို ကျောင်းနှင့် ပတ်သက်လာသည့်အခါ၊ သူသည် ခေါင်းမာပြီး အယူဝါဒကို တင်းမာစွာစွဲကိုင်နေသည်ဟု ညီအစ်ကို မောင်နှမများက သတင်းပို့ကြသည်။ ညီအစ်ကို မောင်နှမများကို စည်းမျဉ်းများထဲသို့ ဝင်ရောက်ခြင်းတွင် သူ ဦးဆောင်လမ်းမပြခဲ့ပါ။ ဧဝံဂေလိ ဖြန့်ဝေခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊သူသည် မည်သည့် ရည်ရွယ်ချက်ကိုမျှ ဖြည့်ဆည်းမပေးသည့် အလုပ်များစွာကို လုပ်ဆောင်ဖို့ ညီအစ်ကို မောင်နှမများကို ခိုင်းစေခဲ့သည်။ ဤအရာအားလုံးက စိတ်ဝိညာဉ်ကို သူနားမလည်သလို စည်းမျဉ်းကိုလည်း နားမလည်ကြောင်း ပြသနေသည်။ သူတို့၏ လုပ်ရပ်များက ဧဝံဂေလိ အလုပ်ကို အတော်အတန်ကြီးမားသော အတားအဆီးနှင့် အနှာင့်အယှက်တို့ပေးခဲ့သည်။ ဤအရာတို့က ညီအစ်ကို မောင်နှမများထံသို့ အချုပ်အချယ်များစွာနှင့် နာကျင်မှုတို့ကို ယူဆောင်လာခဲ့သည်။ စည်းမျဉ်းအရ၊ အစ်ကို ကျန်းနှင့် အစ်ကို ကျောင်းတို့ ဖယ်ရှားခံရမည်ဖြစ်သည်။

ကျွန်တော့်၏ ဝတ်ကျေတန်းကျေလုပ်ဆောင်ခြင်းနှင့် တကယ့်အလုပ်ကို မလုပ်ခြင်းက ဧဝံဂေလိအလုပ်ကို ထိခိုက်မှု ကျရောက်စေခဲ့သည်။ ယင်းက ညီအစ်ကို မောင်နှမများအတွက် အခက်အခဲများစွာလည်း ဖြစ်စေခဲ့သည်။ ဤအရာကို စဉ်းစားရင်း၊ ကျွန်တော့် စိတ်နှလုံးထဲတွင် ပြစ်တင်ရှုတ်ချမှု အလွန်ခံစားခဲ့ရသည်။ ဤတာဝန်ကို ကျွန်တော် ရှောင်၍မရနိုင်သည်ကို သိလျက် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့သည်။ “အို ဘုရားရှင်။ ကျွန်တော့်အတွက် ဒီနေ့ အသင်းတော်ရဲ့အလုပ်ကို ဒီလို ထိခိုက်မှုဖြစ်စေဖို့ဆိုတာ ကျွန်တော့်တာဝန်တွေမှာ ကျွန်တော့်ရဲ့ ပေါ့ဆမှု၊ ဝတ်ကျေတန်းကျေ ဖြစ်ခြင်း၊ ကျွန်တော့် အဆင့်အတန်းရဲ့ကောင်းကျိုးတွေထဲမှာ မွေ့လျော်မှု နဲ့ တကယ့်အလုပ် မလုပ်ဆောင်ခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ကိုယ်တော့်ကို ကျွန်တော် အကြွေးတင်ပါတယ်။ ပြီးတော့ ကျွန်တော့် ညီအစ်ကို မောင်နှမတွေအတွက် ကျွန်တော် ဝမ်းနည်းမှုကိုခံစားမိပါတယ်။ အို ဘုရားရှင်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပိုမိုနက်ရှိုင်းစွာ သိရှိဖို့နဲ့ ကိုယ်တော့်ထံ အမှန်တကယ် နောင်တရဖို့အတွက် ဒီကိစ္စမှာ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ကျွန်တော် လက်ခံပါမယ်။”

နောက်ပိုင်းတွင်၊ မိတ်သဟာယထဲ၌ ကျွန်တော် ဖတ်ခဲ့ရသည်။ “သင်က သူတို့တာဝန်မှာ ဖြစ်သလိုလုပ်ဆောင်ပြီး လိမ်လည်လှည့်ဖြားဖို့ ဖန်တီးတဲ့သူဆိုရင်၊ ဒါက သင်ဟာ စာတန်နဲ့သက်ဆိုင်တဲ့ လှည့်ဖြားတတ်ပြီး ကောက်ကျစ်တဲ့လူတစ်ဦးဖြစ်တယ်ဆိုတာ ပြပါတယ်” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) “လူတိုင်းက သူတို့ တာဝန်ကို ဖြည့်ဆည်းရာမှာ တူညီတဲ့ ပြဿနာ ရှိကြပြီး အဲဒါကတော့ ဝတ်ကျေတမ်းကျေ လုပ်တာပါပဲ။ ဒါက ဘယ်သူမှ သူတို့ရဲ့ တာဝန်ကျေမှုနဲ့ မထိုက်တန်သလိုပါပဲ။ တစ်ဦးတစ်ယောက်က လူတစ်ယောက်အတွက် တစ်ခုခုလုပ်ပြီး အဲဒါကို အရမ်းအလေးအနက်ထားရင်၊ အဲဒီလူက သူတို့ အရမ်းလေးစားရတဲ့သူတစ်ယောက်၊ သူတို့ကို အရမ်းကူညီနိုင်တဲ့သူတစ်ယောက် ဒါမှမဟုတ် သူတို့အပေါ် ကျေးဇူး ကြီးကြီးမား ရှိနေတဲ့သူတစ်ယောက်ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် သူတို့ အလေးအနက်ထားမှာ မဟုတ်ပါဘူး။ ‘အကျိုးအမြတ်’ ဆိုတဲ့ စကားလုံးက လူသားမျိုးနွယ်ရဲ့ သဘာဝအပေါ်မှာ အကြီးကြီး ရေးထားပါတယ်။ လူတွေက အကျိုးအမြတ်တစ်ခုခု ပြန်ရမှပဲ တစ်စုံတစ်ခုအပေါ် အလေးအနက်ထားတတ်ကြပါတယ်။ အဲဒါက သူတို့အပေါ် အကျိုးမရှိရင် ဝတ်ကျေတမ်းကျေ သဘောကို သူတို့ အသုံးပြုကြလိမ့်မယ်။ ဒါက လူသားတွေရဲ့ ဗီဇဖြစ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ စရိုက်လက္ခဏာတစ်ခုလည်း ဖြစ်တယ်။ လူအားလုံးက ကိုယ်ကျိုးရှာသူတွေဖြစ်တယ်။ ဒါကြောင့် လူအားလုံးက ဝတ်ကျေတမ်းကျေ ပြုမူကြပြီးဒီလိုနေရင်းနဲ့ပဲ သူတို့ ပျော်ကြတယ်။ လူသားမျိုးနွယ်အနေနဲ့ သူ့ရဲ့တာဝန် ဆောင်ရွက်တာကို ဘုရားသခင်အတွက် ဖြစ်ပြီး ဘုရားသခင်အတွက် အလေးအနက်ထားရမယ့်အရာအဖြစ် အမှန်တကယ်မြင်ရင် ပိုကောင်းမှာပဲ။ အကယ်၍ လူသားမျိုးနွယ်က ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး တကယ်ရှိရင်၊ လူတွေက သူတို့တာဝန်ကို ဆောင်ရွက်တဲ့အခါ ဝတ်ကျေတမ်းကျေ ပြုမူဖို့ အလားအလာရှိမှာ မဟုတ်ပါဘူး။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဤမိတ်သဟာယများဖြင့် ကျွန်တော့်ကိုယ်ကျွန်တော် တိုင်းတာပြီး ကျွန်တော့် ကိုယ်ပိုင် လုပ်ရပ်များအပေါ် သုံးသပ်ရင်း၊ ကျွန်တော် အလွန်အရှက်ရမိခဲ့ပါသည်။ ကျွန်တော့်၏ ကိုယ်ပိုင် ဗီဇမှာ အထူးသဖြင့် တကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်သည်၊ ကျွန်တော် လုပ်သမျှ အရာရာတိုင်းက ကျွန်တော့်၏ ကိုယ်ပိုင်အကျိုးများကို ကာကွယ်ဖို့ဖြစ်သည်ကို ကျွန်တော် တွေ့ခဲ့ရသည်။ ကျွန်တော်၏ ဂါထာဆောင်ပုဒ်မှာ “ဆက်စပ်သည့်အကျိုးကျေးဇူးမရှိပါက မည်သည့်အခါမျှ စောစောမထပါနှင့်” ဟူသည့် အသက်ရှင်သန်ရေး နိယာမ ဖြစ်ခဲ့ပေသည်။ အကျိုးအမြတ်ရှိသည့်အရာများကို လုပ်ဆောင်ပြီးစီးရမည်ဖြစ်ပြီး၊ အကျိုးအမြတ်မရှိသည့်အရာများကို မလုပ်ဆောင်ရ။ တာဝန်ကို ဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ မဟုတ်၊ သို့သော် ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ဖြစ်ခဲ့သည်။ အဖိုးအခ နည်းနည်းပေးပြီး ကောင်းကြီးမင်္ဂလာများများ ပိုရဖို့ ကျွန်တော် အမြဲကြိုးစားခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော် ဝတ်ကျေတမ်းကျေလုပ်တတ်ခဲ့ပြီး ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားခဲ့သည်။ အစ်ကို ကျန်းနှင့် အစ်ကို ကျောင်းတို့နှင့် ပတ်သက်သော ပြဿနာများကို ချဉ်းကပ်ရာတွင်၊ သူတို့ ဖော်ပြသည့်အရာက ဧဝံဂေလိအလုပ်ကို ဟန့်တားမည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိခဲ့ပုံကို ပြန်တွေးမိသည်။ သို့သော်လည်း တွေ့မြင်ရသလောက်တွင် သူတို့၏တာဝန်ကို သူတို့ဆောင်ရွက်လျက်ရှိကြသည်ကို မြင်ရလျက်၊ သူတို့ကို အစားထိုးဖို့အတွက် ပိုမိုကောင်းမွန်သည့်သူ မည်သူမျှမရှိဟု ခံစားရလျက်ဖြင့် ဤကိစ္စကို ဖြေရှင်းရန် မည်သည့် ကြီးမားသည့် အဖိုးအခကိုမျှ ပေးလိုသည့် ဆန္ဒမရှိဘဲ သူတို့နှင့် အကြိမ်အနည်းငယ်မျှ မိတ်သဟာယပြုခြင်းထက်ပိုပြီး ဘာမှမလုပ်ခဲ့ပါ။ ကျွန်တော့်တာဝန်ကို ဆောင်ရွက်သည့်အခါ၊ ကျွန်တော် ကောင်းမွန်စွာလုပ်ဆောင်ခဲ့သည်ဟု အခြားသူများ ထင်မြင်အောင်ပြုလုပ်ခြင်းမျှဖြင့် ကျွန်တော် စိတ်ကျေနပ်ခဲ့သည်၊ သို့မဟုတ် အထက် ခေါင်းဆောင်များက ကြီးမားသည့် ပြဿနာတစ်ခုခု ရှာမတွေ့နိုင်သည့်အခါ၊ ဘုရားသခင် မည်သည့်အရာတွေးသည် သို့မဟုတ် မည်သို့မြင်သည်ကို ကျွန်တော် လုံးဝ မစဉ်းစားခဲ့ပါ။ ပြဿနာကို ကျွန်တော် လုံးဝ မဖြေရှင်းခဲ့သလို သူတို့ ပြဿနာများ၏ အရင်းအမြစ်နှင့် အနှစ်သာရတို့က မည်သည့်ရာဖြစ်သည်ကို ကျွန်တော် သဘောပေါက်အောင် မကြိုးစားခဲ့သည်ကို ကျွန်တော် အပြည့်အဝ ကောင်းကောင်း သိခဲ့ပါသည်။ ထိုအရာက သူတို့ကို အစားထိုးဖို့အတွက် ဤမျှအချိန်ယူဖို့ ဖြစ်စေခဲ့သည်။ ယင်းက ဧဝံဂေလိအလုပ်အဖို့ ကြီးမားသော အတားအဆီးဖြစ်ခဲ့ပါသည်။ သူ၏ အလိုတော်ကို ကျွန်တော် အရေးစိုက်လိမ့်မည်ဟု မျှော်လင့်ရင်း ဘုရားသခင်က ထိုသို့သော အရေးကြီးသည့် တာဝန်တစ်ခုကို ပေးခြင်းဖြင့် ကျွန်တော့်ကို မြှင့်တင်ပေးခဲ့သည်။ သို့သော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်တော် မတွေးခဲ့ဘဲ၊ ယင်းအစား ဘုရားသခင်ကို အရူးလုပ်ပြီး လှည့်ဖြားဖို့ ကြိုးစားရင်းနှင့် ဘုရားသခင်၏ အမှုတော်အပေါ် ပျက်စီးခြင်း ကျရောက်စေရင်း စာတန်၏ လက်ပါးစေနေရာ၌ ကပြခဲ့သည်။ ကျွန်တော်သည် လူသားသဘာဝ နည်းနည်းမျှ မရှိပါ။ ကျွန်တော်သည် အမှန်ပင် စက်ဆုပ်စရာကောင်းပြီး မုန်းတီးစရာဖြစ်ခဲ့သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ကျွန်တော် အမှန်တကယ် မသင့်တော်ပါ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် လူသားအားဖြင့် ပုန်ကန်ပြစ်မှား၍ မရနိုင်ပါ။ ကျွန်တော့်၏ လုပ်ရပ်များသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို အဘယ်ကြောင့် မခံရနိုင်ပါမည်နည်း။

နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ပါသည်။ “လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ စိတ်နှလုံး၌ မည်သည့်အရာကို စွဲကိုင်ထားသည်၊ စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ ယနေ့တွင် သင်သည် သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံအား မပေးလျှင် နောက်ပိုင်းတွင် တစ်ခုခု မှားယွင်းသည့်အခါ၊ အကျိုးဆက်များ ဖြစ်ပေါ်သည့်အခါ၊ နောင်တရရန် အလွန်နောက်ကျလိမ့်မည် မဟုတ်လော။ သင်သည် ထာဝရ အကြွေးတင်လိမ့်မည်။ ယင်းသည် သင့်အပေါ်တွင် အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ မိမိ၏တာဝန် ထမ်းဆောင်မှုတွင် အစွန်းအထင်းတစ်ခုသည် ပြစ်မှားခြင်းဖြစ်သည်။ ထို့ကြောင့် သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင် ပြုလုပ်ရမည်ဖြစ်သော၊ လုပ်သင့်သော အမှုအရာအစိတ်အပိုင်းကို သင့်လျော်စွာ လုပ်ဆောင်ရန် ကြိုးပမ်းရမည်။ ထိုအမှုအရာများကို ပေါ့ဆစွာ သို့မဟုတ် ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ရပေ။ မည်သည့်နောင်တမျှ သင် မရှိရပေ။ ဤနည်းအားဖြင့် ဤအချိန်၌ သင် ထမ်းဆောင်သော တာဝန်များကို ဘုရားသခင်က အမှတ်ရလိမ့်မည်။ ဘုရားသခင်မှ အမှတ်ရသော အရာများသည် ကောင်းမှုများ ဖြစ်သည်။ ဤသို့ဆိုလျှင် အမှတ်ရခြင်းမခံရသော အရာများသည် အဘယ်အရာနည်း။ ၎င်းတို့သည် ပြစ်မှားမှုများဖြစ်သည်။ ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို လူတို့ လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်လာလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီး ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤပြဿနာ ဖြစ်လိမ့်မည်မဟုတ် ဟူ၍ တွေးမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် ဒုက္ခရောက်စေလိမ့်မည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”) ဘုရားနှုတ်ကပတ်တော်များကို တွေးဆရင်း၊ ကျွန်တော် အလွန်အမင်း တို့ထိခံခဲ့ရသည်။ ကျွန်တော်၏ ကိုယ်ပိုင် ကောက်ကျစ်ပြီး၊ တစ်ကိုယ်ကောင်းဆန်သော သဘာဝအားဖြင့် ကျွန်တော် မည်သို့ ညွှန်ကြားခံခဲ့ရပုံ၊ ကျွန်တော့်တာဝန်ကို ဆောင်ရွက်သည့်အချိန်တွင် အဖိုးအခပေးဆပ်ခြင်းကို ရှောင်လွဲဖို့ မရိုးသားစွာ ကြိုးစားခဲ့ပုံ၊ အသုံးပြုရန် မသင့်တော်သည့် ထိုတာဝန်ရှိ ပုဂ္ဂိုလ်များကို ချက်ချင်းပိုင်းခြားသိမြင်ပြီး နေရာပြောင်းရွှေ့ချထားခြင်းမရှိပုံ၊ ထိုသို့ဖြင့် ဧဝံဂေလိအလုပ်က ဟန့်တားခံရပြီး ညီအစ်ကို မောင်နှမများက အမှောင်နှင့် ချုပ်နှောင်မှုများအလယ် အသက်ရှင်ခဲ့ရပုံတို့ကို ကျွန်တော် တွေးမိခဲ့သည်။ ဘုရားသခင်ရှေ့တွင် ကျွန်တော် အပြစ်ပြုမိခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ အချိန်မီ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်တော့်၏ ဆိုးညစ်သော ခြေလှမ်းတို့ကို မစစ်ဆေးခဲ့ပါလျှင်၊ အနာဂတ်တွင် မည်သည့် ကြီးမားသော မကောင်းမှုကို ကျွန်တော် ကျုးလွန်လိမ့်မည်ကို မည်သူ သိမည်နည်း။ ထိုအခိုက်အတန့်တွင်၊ ဤအရာကို ကျွန်တော် စဉ်းစားလေလေ၊ ကျွန်တော် ပို၍စိုးရိမ်မိလေလေ ဖြစ်လာခဲ့သည်။ တာဝန်ကို ဆောင်ရွက်ရာတွင် ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းက အလွန်အန္တရာယ်များခဲ့ပါသည်။ ယင်းက အသင်းတော်၏ အလုပ်ကို အချိန်မရွေး နှောင့်ယှက်နိုင်သည်။ ဝတ်ကျေတမ်းကျေဖြစ်ခြင်း၏ အလွန်ဆိုးရွားသော အကျိုးဆက်များကို တွေ့မြင်ပြီးနောက်တွင်မှ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် ကျွန်တော် အာရုံမစိုက်ခဲ့လျှင်၊ ကျွန်တော့်တာဝန်ကို ဆောင်ရွက်ရာတွင် ပေါ့ပေါ့ဆဆဖြစ်ခဲ့လျှင်၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လွတ်မြောက်ခြင်း နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို မဆိုထားနှင့် ဘုရားသခင်ကို သစ္စာစောင့်သိမှုကိုပင် ကျွန်တော် စွမ်းဆောင်ရရှိနိုင်လိမ့်မည်မဟုတ်ကြောင်း နားလည်သိမြင်လာခဲ့သည်။ ထိုအခိုက်တွင်၊ သမ္မာတရားကို ရှာဖွေလိုက်စားပြီး ကျွန်တော့်တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာစောင့်သိမှုကို ရရှိဖို့ ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒအချို့ ကျွန်တော် ရှိခဲ့ပါသည်။

ထို့နောက်တွင်၊ အစ်ကို ကျန်းနှင့် အစ်ကို ကျောင်းတို့ကို အစားထိုးရန် ပိုပို သင့်တော်သော လူတို့ကို ရှာတွဖို့ စည်းမျဉ်းများကို ကျွန်တော်တို့ အသုံးပြုခဲ့ကြသည်။ သို့သော် ဧဝံဂေလိအဖွဲ့များထဲက ပြဿနာများမှာ ဆက်ရှိနေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့ပါသည်။ “အို ဘုရားရှင်။ ဧဝံဂေလိအဖွဲ့တွေမှာ မဖြေရှင်းရသေးတဲ့ ပြဿနာတွေ အများကြီး ရှိပါသေးတယ်။ ကောင်းမွန်တဲ့ လက်တွေ့လုပ်ဆောင်မှု နည်းစနစ်အချို့ကို အပြည့်အဝ အကောင်အထည်မဖော်ရသေးပါဘူး။ ဘာလို့လဲဆိုတော့ အရင်က သမ္မာတရားကို ရှာဖွေရာမှာ ကျွန်တော် ပေါ့လျော့ခဲ့လို့၊ ပြဿနာအချို့က ခုချိန်ထိ ရှိနေပါတယ်။ ဒီတစ်ခါ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မြင်ဖို့ မှန်မှန်ကန်ကန် ကျွန်တော် ရှာဖွေရပါမယ်။ အို ဘုရားရှင်။ ကိုယ်တော် ကျွန်တော့်ကို လမ်းပြတော်မူပါ။” နောက်ပိုင်းတွင်၊ ဧဝံဂေလိ ဟောပြောခြင်း လမ်းကြောင်းကို အသေးစိတ် ဆွေးနွေးရန် ပိုမိုစွမ်းဆောင်မှုကောင်းသည့် ညီအစ်ကို မောင်နှမအချို့ကို ဧဝံဂေလိအဖွဲ့များတွင် ကျွန်တော် ရှာတွေ့ခဲ့သည်။ ကျွန်တော် အများကြီး သင်ယူခဲ့ရသည်။ ထို့နောက်၊ ကျွန်တော် အယောက်တိုင်းနှင့် အစည်းအဝေးလုပ်ပြီး ကျွန်တော်တို့ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် ပြဿနာများကို မိတ်သဟာယပြုဖို့ ပြင်ဆင်ခဲ့သည်။ ထိုညနေတွင်၊ စာရွက်စာတမ်းများကို ကျွန်တော် ဖတ်ရှုသည့်အချိန်တွင် ပြင်ဆင်မှုများကို ထိရောက်စွာ မည်သို့လုပ်ဆောင်ရမည်ကို သဘောပေါက်ဖို့ ကြိုးစားရင်း အမှုအရာများကို ကျွန်တော် အချိန်ယူ စဉ်းစားခဲ့သည်။ ကဏ္ဍအချို့က ပြဿနာများကို ကျွန်တော် အနှစ်ချုပ်ခဲ့ပြီး အဖြေအတွက် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ကြည့်ရှုခဲ့သည်။ ကျွန်တော် ခရီးတစ်ဝက် ရောက်သည့်အချိန်တွင်၊ ဖော်ထုတ်ရမည့် အသေးစိတ်အချက်အလက်များစွာ ရှိသေးသည်ကို ကျွန်တော် နားလည်ခဲ့ရသည်။ နောက်ကျနေပြီဖြစ်သည်ကို မြင်ရသောအခါ၊ အလျော့ပေးခြင်း နှင့် ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်း အတွေးတို့က နောက်တစ်ဖန် အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။ “ဒီပြဿနာတွေက ကိုးကားချက်တွေတွေ့ရဖို့ အချိန်နဲ့ အားထုတ်မှု အများကြီး လိုမှာပဲ။ အို အရမ်းနောက်ကျနေပါပြီလေ။ ငါ အသေးစိတ်အချက်အလက်တွေအများကြီး မစူးစမ်းသင့်ဘူး ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ယေဘုယျ ဦးတည်ချက်ကို ငါ ရနှင့် ပြီပဲလေ။ ပြီးတော့ ညီအစ်ကို မောင်နှမတွေက ဒါကို နားလည်ကြမှာပါ။ ဒါ အလုပ်ဖြစ်မှာပါ။” သို့သော် အနားယူရန် ရပ်နားဖို့ ကျွန်တော် တွေးသည့်အချိန်တွင်၊ ကျွန်တော့် စိတ်နှလုံးထဲ၌ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ ထိုအခိုက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် တွေးမိခဲ့ပါသည်။ “သင် ခိုကပ်ချင်ပြီး ဟန်ဆောင်လုပ်ပြချင်သည့်အချိန်တိုင်း၊ အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင့်ကိုယ်သင် အာရုံပြောင်းခွင့်ပေးပြီး အပျော်သက်သက် လုပ်ဆောင်ချင်သည့်အချိန်တိုင်းတွင်၊ ထိုအရာကို သင် အစမှအဆုံး စဉ်းစားသင့်၏- ဤသို့ပြုမူခြင်းဖြင့်၊ ကျွန်ုပ်သည့် ယုံကြည်စိတ်ချ၍ မရ ဖြစ်နေပါသလော။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ် သစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့်၊ ကျွန်ုပ်အပေါ် ဘုရားသခင် ထားရှိသည့် ယုံကြည်မှုနှင့်လျော်ညီအောင် အသက်ရှင်ဖို့ ကျွန်ုပ် ပျက်ကွက်နေခြင်းလော။ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင့်အနေဖြင့်၊ ‘ဒီကိစ္စကို ငါ အလေးအနက် မထားဖူးဘူး။ အရင်တုန်းက၊ ပြဿနာတစ်ခုရှိတယ်လို့ ငါ ခံစားခဲ့ရပေမယ့် အဲဒါကို စိုးရိမ်ရတဲ့အရာဖြစ် ငါ သဘောမထားခဲ့ဘူး၊ အဲဒါကို ငါ အမှုမဲ့အမှတ်မဲ့ပဲ ဖော့ပြောခဲ့တယ်။ အခု ဒီပြဿနာက မပြေလည်သေးဘူး။ ငါ ဘယ်လိုလူမျိုးလဲ’ ဟု တွေးသင့်၏။ သင်သည် ပြဿနာကို သိမြင်ပြီး မိမိကိုယ်ကိုယ် အနည်းငယ် သိလာလိမ့်မည်။ အသိပညာအနည်းငယ် ရှိသည့်အချိန်တွင် သင် ရပ်သင့်သလော။ သင်၏ အပြစ်များကို ဝန်ချပြီးသည်နှင့်တပြိုင်နက် ပြီးစီးပြီလော။ သင် နောင်တရရမည်ဖြစ်ပြီး ပြောင်းလဲရမည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း”) ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က တဖန် ကျွန်တော် ဝတ်ကျေတမ်းကျေဖြစ်ခဲ့သည်ဆိုသည်နှင့် ဇာတိပကတိနောက်လိုက်ပြီး ဖြတ်လမ်းများကို လိုက်ဖို့ ကြိုးစားနေခဲ့သည်ကို ကျွန်တော့်ကို နားလည်စေခဲ့သည်။ တစ်ချိန်တည်းတွင်၊ အရေးကြီးသည့် ပြဿနာများကို ကျွန်တော် ပိုင်းခြားသိမြင်ပြီး ရည်ရွယ်ထားသည့် မိတ်သဟာယတစ်ခုကို မဆောင်ရွက်လျှင်၊ ဤအရာက အကျိုးထိရောက်မှုအပေါ်တွင် ဧကန်မုချ သက်ရောက်မှုတစ်ခု ရှိလိမ့်မည်ဆိုသည်ကို ကျွန်တော့် စိတ်နှလုံးထဲတွင် ရှင်းလင်းသွားခဲ့သည်။ အကောင်းဆုံး ထိရောက်မှုတစ်ခု ရရှိဖို့ရန်၊ ဇာတိပကတိကို ကျွန်တော် စွန့်လွှတ်ရမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ယင်းကို ကျွန်တော် များစွာတွေးခဲ့ပြီး ဖြေရှင်းဖို့ အရေးပေါ် အလိုအပ်ဆုံး ပြဿနာတစ်ခုစီကို ကျွန်တော် စာရင်းမှတ်ခဲ့သည်။ ဤအတွက်ကြောင့် ကျွန်တော် တော်တော်ညဉ့်နက်သွားသော်လည်း ကျွန်တော့်စိတ်နှလုံးထဲတွင် တည်ကြည်ခိုင်မာမှုကို ခံစားခဲ့ရသည်။ နောက်နေ့တွင်၊ တည်ရှိနေဆဲပြဿနာများကို မိတ်သဟာယပြုဖို့ ကျွန်တော်တို့ စည်းဝေးခဲ့ကြသည်။ ညီအစ်ကို မောင်နှမများက အသစ်သော လမ်းကြောင်းများနှင့် စီမံချက်များကို ခိုင်ခိုင်မာမာ ထောက်ခံခဲ့ကြသည်။ ကျွန်တော်တို့ကို အချိန်အလွန်ကြာမြင့်စွာ ဝေခွဲမရဖြစ်စေခဲ့သည့် ပြဿနာများ ပြေလည်သွားပြီး အယောက်တိုင်းက လွတ်မြောက်သွားကြသည်ကို မြင်ရသည့်အခါ၊ ကျွန်တော့် စိတ်နှလုံးတွင် အလွန်စိတ်ချမ်းသာမှုကို ခံစားခဲ့ရသည်။ ထို့နောက်တွင်၊ အသစ်သော လမ်းကြောင်းနှင့် နည်းစနစ်များအတိုင်း ကျွန်တော်တို့ စတင်လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ ဧဝံဂေလိအလုပ်က တဖြည်းဖြည်း ထိရောက်လာခဲ့ပြီး ဘုရားသခင်ကို ကျွန်တော့် စိတ်နှလုံးထဲတွင် ကျေးဇူးမတင်ဘဲ မနေနိုင်ခဲ့ပါ။

ဤအရာကို တွေ့ကြုံပြီးသည့်နောက်တွင်၊ စာတန်အားဖြင့် ကျွန်တော် မည်သို့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့ရပုံနှင့်ဆိုင်သည့် စစ်မှန်သော အသိစိတ်တစ်ခု ကျွန်တော် ရှိခဲ့သည်။ ကျွန်တော့်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ကျွန်တော် ဆုံးရှုံးခဲ့ရသည်။ အပြင်ပန်းတွင် အမှုအရာများကို ကျွန်တော် စွန့်လွှတ်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်သလို အချို့ကိစ္စရပ်များတွင် အဖိုးအခတစ်ခုပင် ပေးဆပ်နိုင်သော်လည်း၊ သမ္မာတရားနှင့် အသက်ကို ကျွန်တော် မရရှိခဲ့သောကြောင့်၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ကျွန်တော့်အတွင်းတွင် အာဏာစွဲကိုင်ဆဲဖြစ်ခဲ့သည်။ ကျွန်တော့်၏ ကိုယ်ပိုင် အကျိုးများမှလွဲ၍ မည်သည့်အရာကိုမျှ ကျိုးကြောင်းမမြင်ခဲ့သည့် ကျွန်တော့်၏ ဖောက်ပြန်ပြီး ကောက်ကျစ်သော သဘာဝက ကျွန်တော့ကို အချိန်တိုင်း ညွှန်ကြားနေခဲ့သည်။ ကျွန်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ယင်းက ကျွန်တော့် ကိုယ်ပိုင်အကျိုးအမြတ်အတွက် ဖြစ်ခဲ့သည်။ ကျွန်တော့် တာဝန်ကို ဆောင်ရွက်သည့်အချိန်တွင်၊ ကျွန်တော် အမြဲ မရိုးမသားဖြစ်ခဲ့ပြီး ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားခဲ့သည်။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်သင့်ပြီး ကိုယ်တော်၏ အလိုတော်ကို အရေးစိုက်သင့်သည်ဟူ၍ ကျွန်တော် အနည်းငယ်မျှ သဘောပေါက်မိခြင်း မရှိခဲ့ပါ။ ဘုရားသခင်၏ ထုတ်ဖော်ပြခြင်း ကျေးဇူးကြောင့်၊ ကျွန်တော် မည်မျှ အောက်တန်းကျပြီး ယုတ်ညံ့ခဲ့သည်ဆိုသည်နှင့် လူသား အသွင် အနည်းငယ်မျှ မရှိခဲ့သည်ကို ကျွန်တော် တွေ့မြင်ခဲ့ရပါသည်။ အထူးသဖြင့် ကျွန်တော့်၏ ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းကြောင့် ဘုရားအိမ်တော်၏ အမှုတော်ဆီ ကျွန်တော် ယူဆောင်ခဲ့သည့် အန္တရာယ်ကို ကျွန်တော် တွေးမိသည့်အချိန်တွင်၊ ကျွန်တော် အလွန်မယုံကြည်ထိုက်သလို ဘုရားသခင်ကို အလွန်နာကျင်စေခဲ့မိသည်ဟု ကျွန်တော် ခံစားခဲ့ရပါသည်။ ကိုယ့်ကိုယ်ကိုယ်အတွက် ပိုကြီးမားသော မုန်းတီးမှုကိုလည်း ခံစားခဲ့ရပြီး၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ခွာချပြီး ဘုရားသခင်အားဖြင့် ကယ်တင်ခံရဖို့ ပိုမိုခိုင်မာသည့် စိတ်ဆန္ဒတစ်ခု ကျွန်တော် ရှိခဲ့ပါသည်။ ကျွန်တော့်တာဝန်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ စိတ်နှလုံးတော်နှင့် အမြန်ဆုံး ကိုက်ညီနိုင်ဖို့အလို့ငှာ ကျွန်တော့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ နောက်ထပ် အခြေအနေများကို ဘုရားသခင် ထုတ်ဖော်ပါစေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ကျွန်တော့်ရဲ့ ခရီးပန်းတိုင်ကို ဘယ်တော့မှ နောက်တစ်ခါ ဦးစားပေးမှာ မဟုတ်တော့ပါ

မင်ကျစ် ကိုးရီးယားနိုင်ငံ ကျွန်တော် သရုပ်ဆောင်ရတဲ့ အရင်အခန်းတုန်းက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုအခြေအနေကို ကျွန်တော် သေချာမတွေးခဲ့သလို၊...

ကျွန်ုပ်၏ ရောဂါနှင့်ပတ်သက်သည့် သောကမှ လွတ်မြောက်ခြင်း

ကျွန်မအမေက ကင်ဆာဖြစ်ပြီး ကျွန်မအိမ်ထောင်မကျခင် ဆုံးပါးသွားခဲ့တယ်။ အဖေလည်း အသက် ၅၇နှစ်မှာ သွေးတိုးဖြစ်ပြီး သွေးကြောပေါက်သွားခဲ့တယ်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။