ကိုယ့်တာဝန်မှာ တာဝန်ယူတတ်လာခဲ့ခြင်း

04.07.2026

ကျင့်ရီ၊ တရုတ်နိုင်ငံ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းက ကျွန်မကို အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “အသက်ခြောက်ဆယ်ကျော်မှာ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်တာဟာ တကယ်ကို ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းပဲ” လို့ပေါ့။ ဒီတာဝန်ကို အကောင်းဆုံးထမ်းဆောင်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မဟာ တာဝန်ထဲမှာပဲ နစ်မြုပ်နေခဲ့တယ်၊ အဖွဲ့လိုက်စုဝေးပွဲတွေကို တက်တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးတယ်၊ နေ့တိုင်း အလုပ်များနေခဲ့တာပေါ့။ ခဏအကြာမှာတော့ အသင်းတော်ရဲ့ လုပ်ငန်းအမျိုးမျိုးမှာ တိုးတက်မှုတချို့ စပြလာပြီး ကျွန်မ တော်တော်လေး ပျော်မိတယ်။ နောက်တစ်နှစ်၊ သြဂုတ်လမှာ ကျွန်မကို တရားဟောဆရာမအနေနဲ့ ရွေးချယ်ပြီး အသင်းတော်နှစ်ခုရဲ့ အလုပ်အတွက် တာဝန်ပေးပြန်ရော။ ကျွန်မ တွေးမိတယ်၊ “အသင်းတော်တစ်ခုတည်းနဲ့တောင် အလုပ်များလှပြီ၊ အခု နောက်ထပ်အသင်းတော်တစ်ခုအတွက်ပါ တာဝန်ယူရမယ်ဆိုတော့ ငါ ပိုပြီး ပင်ပန်းကုန်မှာ မဟုတ်ဘူးလား။ ဒီအတိုင်းဆက်သွားရင် ငါ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား။ နောက်ပြီး တခြားအသင်းတော်ရဲ့ အလုပ်ကလည်း ရလဒ်ကောင်း သိပ်မထွက်ဘူးဆိုတော့ ငါ့မှာ စိတ်ပူစရာတွေ ပိုပြီးတော့တောင် များလာမှာပဲ” ပေါ့။ စဉ်းစားပြီးတဲ့နောက်မှာတော့ ဒီတာဝန်ကို လက်မခံချင်ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ တွေးမိတယ်၊ “ငြင်းဖို့အတွက် ဘာဆင်ခြေသုံးရမလဲ။ ငါက အရမ်း အသက်ကြီးပြီ၊ နောက်ထပ်အသင်းတော်တစ်ခုအတွက် တာဝန်ယူဖို့ ခွန်အားရော၊ အင်အားရော မရှိတော့ဘူး၊ အလုပ်တွေ နောက်ကျသွားလိမ့်မယ်လို့ ပြောလိုက်မယ်၊ ပြီးမှ လူငယ်တစ်ယောက်ယောက်ကိုပဲ ရှာလိုက်ပါလို့ အကြံပေးလိုက်ရင် ကောင်းမလား” ပေါ့။ ဒါပေမဲ့ ဒီလိုတွေးလိုက်တော့ စိတ်ထဲမှာ နည်းနည်း မလုံမလဲ ဖြစ်လာတယ်။ ဒါ တာဝန်ကို ခေါင်းရှောင်တာပဲ မဟုတ်လား။ စကားလုံးတွေက လျှာဖျားပေါ်ရောက်နေပေမဲ့ ကျွန်မ ပါးစပ်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တရားဟောဆရာမ တာဝန်ကို ကျွန်မ လက်ခံလိုက်တယ်။

အဲဒီနောက်မှာတော့ နေ့တိုင်း တစ်နေကုန် အစီအစဉ်တွေနဲ့ ပြည့်နေခဲ့တယ်၊ တစ်ခါတလေဆို ထမင်းကိုတောင် အမြန်စားပြီး ဖြတ်လမ်းနည်းတွေ သုံးခဲ့ရတယ်။ ဒီလိုအလုပ်များနေရင်းနဲ့ ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး၊ “ငါက အသက်ကြီးနေပြီ၊ ငါ့ခန္ဓာကိုယ်က ဒီလို ဆက်သွားနိုင်ပါ့မလား။ ပင်ပန်းပြီး လဲကျသွားရင် ဘယ်လိုလုပ်မလဲ။ အသင်းတော်နှစ်ခုလုံးမှာ ခေါင်းဆောင်တွေရှိတာပဲ၊ သူတို့ကလည်း အလုပ်တွေကို လိုက်လုပ်ရာမှာ တော်တော် တက်ကြွကြတယ်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုရှိနေတော့ ငါက အသေးစိတ်လိုက်ကြည့်နေစရာ မလိုလောက်ပါဘူး။ ငါ ပိုပြီး အနားယူသင့်တယ်။ ငါ့အသက်အရွယ်နဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်ပေးသင့်တာပေါ့။ ဒီလိုမျိုး အချိန်ပြည့် စိတ်ပူနေရတာက ငါ့ကို ပိုပြီး အိုစာစေမှာပဲ မဟုတ်ဘူးလား” လို့ပေါ့။ ဒီလိုတွေးပြီးတော့ ကျွန်မ သက်ပြင်းချလိုက်မိတယ်၊ “ငါသာ ဒါကို စောစောလုပ်ခဲ့ရင် ဒီလောက် အလုပ်များမှာ မဟုတ်ဘူး။ ငါက အချိန်ဇယားဆွဲမတတ်လို့နေမှာပါလေ။ ငါသာ အစီအစဉ်ကို ကောင်းကောင်းဆွဲတတ်ရင် ဒီတာဝန်က ငါထင်သလောက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မဟုတ်ပါဘူး” လို့ တွေးလိုက်တာပေါ့။ အဲဒီနောက်မှာတော့ ဧဝံဂေလိအလုပ်နဲ့ ရေလောင်းခြင်းအလုပ်ကို ကျွန်မ သိပ်မလိုက်တော့ဘူး။ စုဝေးပွဲပြီးလို့ အိမ်ပြန်ရောက်ရင်လည်း အလုပ်အကြောင်း သိပ်မစဉ်းစားတော့ဘူး၊ အသင်းတော်ခေါင်းဆောင်တွေ လိုက်လုပ်နေမှာပဲလို့ ယုံကြည်ထားလိုက်တယ်။ ကျွန်မက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေကြည့်လိုက်၊ ညီအစ်ကိုမောင်နှမတွေရဲ့ မေးခွန်းတွေကို ပြန်ဖြေလိုက်နဲ့ ဖိအားတွေလည်း အများကြီး လျော့သွားသလို ခံစားရပြီး ကိုယ့်ကျန်းမာရေးအတွက် အရသာရှိပြီး အာဟာရဖြစ်တဲ့အစားအစာတွေ ဘယ်လိုလုပ်စားရမလဲဆိုတာကိုပဲ စဉ်းစားနေခဲ့တယ်။ သတိမထားမိခင်မှာပဲ တစ်လ ကုန်သွားတယ်။ ကျွန်မ အသင်းတော်တွေကို အလုပ်ကိစ္စသွားကြည့်တဲ့အခါမှာတော့ အသင်းတော်နှစ်ခုလုံးမှာ အဲဒီလအတွင်း ယုံကြည်သူအသစ် တစ်ယောက်မှမရခဲ့ဘူးဆိုတာကို သိလိုက်ရတယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ တော်တော် အံ့ဩသွားတယ်၊ “ဘာတွေဖြစ်နေတာလဲ။ အသင်းတော်ခေါင်းဆောင်တွေလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေကြတာပဲ၊ ဧဝံဂေလိအလုပ်က ဘာလို့ ဘာရလဒ်မှ ထွက်မလာရတာလဲ။ အရင်တုန်းက ငါ အသင်းတော်ခေါင်းဆောင်အနေနဲ့ လုပ်တုန်းက ဒီလောက်အထိ အလုပ်မဖြစ်တာမျိုး မရှိခဲ့ပါဘူး” လို့ တွေးမိခဲ့တယ်။ ကျွန်မ အမြန်ဆုံး ဘုရားသခင်ရှေ့ကိုလာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီလအတွင်း အသင်းတော်နှစ်ခုလုံးရဲ့ ဧဝံဂေလိအလုပ်မှာ ဘာရလဒ်မှ မထွက်ခဲ့ပါဘူး၊ ပြဿနာက ဘယ်နေရာမှာရှိလဲဆိုတာ သမီးမသိပါဘူး။ ဒီပြဿနာ အကြောင်းရင်းကိုရှာတွေ့ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မဟာ ခုတစ်လော ကိုယ့်ဇာတိပကတိအတွက် အသက်ရှင်နေခဲ့တယ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး အနားယူဖို့ပဲ တွေးနေခဲ့တယ်၊ ကိုယ့်တာဝန်အပေါ်မှာ ဘာဝန်တာထားတဲ့စိတ်မှ မရှိခဲ့ဘူးဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မဟာ အလုပ်ထဲက ပြဿနာတွေကို အချိန်မီ စုံစမ်းတာ၊ ဖြေရှင်းတာတွေ မလုပ်ခဲ့ဘူး၊ အလုပ်မှာ ရလဒ်မထွက်တာအတွက် ကျွန်မမှာ တိုက်ရိုက်တာဝန်ရှိနေတာပဲ။ ဒါနဲ့ ကျွန်မ အမြန်ဆုံး အသင်းတော်ခေါင်းဆောင်တွေဆီကို အကြောင်းရင်းတွေ သုံးသပ်ဖို့ သွားခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တွေက အလုပ်ကို အကောင်အထည်ဖော်ခဲ့ပေမဲ့ တာဝန်တွေကိုပဲ ခွဲဝေပေးပြီး နောက်ဆက်တွဲလုပ်ဆောင်တာတွေ၊ ကြီးကြပ်တာတွေ မလုပ်ခဲ့တဲ့အတွက် အလုပ်က အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ဘူးဆိုတာကို ကျွန်မ တွေ့ရှိခဲ့တယ်။ ဒါက ဧဝံဂေလိအလုပ်မှာ တော်တော်လေး ထင်ရှားတယ်၊ ညီအစ်ကိုမောင်နှမတွေက အခက်အခဲတွေထဲမှာ နစ်နေကြပြီး၊ အသင်းတော်ခေါင်းဆောင်တွေကလည်း ဒါတွေကို တကယ့်အခက်အခဲတွေလို့မြင်ပြီး ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ကြဘူး။ အခြေအနေကို နားလည်သွားပြီးတဲ့နောက်မှာ ကျွန်မဟာ ကိုယ့်တာဝန်တွေကို ပျက်ကွက်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်၊ ဒါနဲ့ သူတို့ကို ကျွန်မရဲ့ လတ်တလော အခြေအနေအကြောင်း ဖွင့်ဟပြောပြပြီး အလုပ်တွေကို ဘယ်လိုလိုက်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အသင်းတော်ခေါင်းဆောင်တွေနဲ့ ချက်ချင်းပဲ မိတ်သဟာယဖွဲ့ခဲ့တယ်၊ နောက်ထပ် နှောင်င့်နှေးအောင် မလုပ်ရဲတော့ဘူး။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်၊ “ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အဖွဲ့တစ်ခုချင်းစီ၏ အလုပ်ကို တက်ကြွစွာ စစ်ဆေးသင့်သည်၊ အဖွဲ့ဝင်တစ်ဦးချင်းစီ၏ အခြေအနေများကို မှန်မမှန် စစ်ဆေးသင့်သည်၊ အရေအတွက် ဖြည့်ပေးရုံမျှသာ ရှိနေသော မယုံကြည်သူတစ်ဦးတလေ ရှိမရှိကိုဖြစ်စေ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ရန် အပျက်သဘောဆောင်ခြင်းနှင့် အယူအဆများကို ဖြန့်ဝေနေသော မယုံကြည်သူများ ရှိမရှိကိုဖြစ်စေ စစ်ဆေးသင့်ပြီး တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ဤလူတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်၊ ၎င်းတို့သည် ဘာသိဘာသာ မနေသင့်ပေ၊ အလုပ်လုပ်ရန် အထက်မှ အမိန့်များနှင့် တိုက်တွန်းချက်များကို စောင့်မနေသင့်ပေ၊ ညီအစ်ကိုမောင်နှမများအားလုံးက တောင်းဆိုသည့်အခါမှသာ အနည်းငယ် လုပ်ဆောင်ခြင်းမျိုးလည်း မဖြစ်သင့်ပေ။ ၎င်းတို့၏ အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး ကိုယ်တော်အပေါ် သစ္စာစောင့်သိသင့်သည်။ ၎င်းတို့ ပြုမူရန် အကောင်းဆုံးနည်းလမ်းမှာ ပြဿနာများကို တက်ကြွစွာ သိရှိပြီး ဖြေရှင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် အထူးသဖြင့် ဤမျက်မှောက်ခေတ် နှုတ်ကပတ်တော်များနှင့် မိတ်သဟာယဖွဲ့ခြင်းကို အခြေခံအဖြစ် လုပ်ဆောင်ရန် ရှိသည့်အခါတွင် ဘာသိဘာသာ မနေရပေ။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် လက်တွေ့ကျသော ပြဿနာများနှင့် အခက်အခဲများကို စေ့စေ့စပ်စပ် ဖြေရှင်းရန်နှင့် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်သင့်သည့်အတိုင်း အတိအကျ လုပ်ဆောင်ရန် အလျင်ဦးအောင် လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် အလုပ်၏ တိုးတက်မှုကို မဆိုင်းမတွ လက်ဦးမှုယူကာ နောက်ဆက်တွဲလုပ်ဆောင်သင့်သည်၊ အထက်မှ အမိန့်များနှင့် တိုက်တွန်းချက်များကို အမြဲ စောင့်နေကာ ထိုအခါမှ အင်တင်တင်ဖြင့် ဆောင်ရွက်ခြင်းကို အစဉ်သဖြင့် ပြု၍မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိဘဲ စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံရန် မထိုက်တန်ပေ၊ ပြီးလျှင် ဖြုတ်ချခြင်း ခံရသင့်ပြီး ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ခြင်း ခံရသင့်သည်။ ယခုအခါ များစွာသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် အလွန်ပင် ဘာသိဘာသာနိုင်ကြသည်။ ၎င်းတို့သည် အထက်မှ အမိန့်များပို့ပြီး ၎င်းတို့ကို တိုက်တွန်းအားပေးပြီးနောက်တွင်သာ အလုပ်အနည်းငယ်ကို အစဉ်သဖြင့် လုပ်ဆောင်ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ခိုကပ်ပြီး အချိန်ဆွဲကြသည်။...အထက်က အလုပ်ကို စီစဉ်ပြီးနောက် ၎င်းတို့သည် ခဏတာ အလုပ်များကြလိမ့်မည်၊ သို့သော် ထိုအလုပ်အနည်းငယ် ပြီးသွားသည်နှင့် ၎င်းတို့သည် မည်သည့်တာဝန်များကို လုပ်ဆောင်သင့်သည်ကို နားမလည်သောကြောင့် နောက်ဆက်တွဲ ဘာလုပ်ရမည်ကို မသိကြတော့ပေ။ ၎င်းတို့သည် မိမိတို့ ထမ်းဆောင်သင့်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ နယ်ပယ်အတွင်း ကျရောက်သော အလုပ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ရှင်းလင်းခြင်း မရှိကြပေ၊ ၎င်းတို့၏ အမြင်တွင် လုပ်ဆောင်ရန် လိုအပ်သော အလုပ် မရှိပေ။ လူတို့က လုပ်ဆောင်ရန် လိုအပ်သော အလုပ် တစ်ခုမျှ မရှိဟု တွေးထင်သည့်အခါတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးကို မထမ်းကြပါ။) တိတိကျကျ ပြောရလျှင် ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးကို မထမ်းကြပေ၊ ၎င်းတို့သည် အလွန် ပျင်းရိပြီး သက်သောင့်သက်သာရှိမှုကို တပ်မက်ကြသည်၊ တတ်နိုင်သည့်အခါတိုင်း တတ်နိုင်သမျှ အနားယူကြပြီး အပိုအလုပ်များကို ရှောင်ရန် ကြိုးစားကြသည်။ ဤပျင်းရိသော လူတို့သည် မကြာခဏ ဤသို့ တွေးကြသည်၊ ‘ငါ အဘယ့်ကြောင့် ထိုမျှ စိတ်ပူသင့်သနည်း။ များစွာ စိုးရိမ်ပူပန်ခြင်းက ငါ့ကို အမြန်အိုမင်းခြင်းသာ ဖြစ်စေမည်။ ယင်းကိုလုပ်ဆောင်ခြင်းမှလည်းကောင်း၊ အလွန်ပင် ပြေးလွှားသွားလာ အလုပ်များခြင်းမှလည်းကောင်း၊ ကိုယ့်ကိုယ်ကိုယ် အလွန်ပင် ခြေကုန်လက်ပန်းကျအောင် လုပ်ဆောင်ခြင်းမှ ငါသည် မည်သို့ အကျိုးအမြတ် ရမည်နည်း။ ငါ အလွန်နွမ်းနယ်သွားကာ နေထိုင်မကောင်းဖြစ်လျှင် မည်သည့်အရာ ဖြစ်မည်နည်း။ ကုသမှုအတွက် ပေးချေရန် ငါ့တွင် ပိုက်ဆံမရှိ။ ပြီးလျှင် ငါအသက်ကြီးသည့်အခါတွင် မည်သူက ငါ့ကို ပြုစုစောင့်ရှောက်မည်နည်း’ ဟူ၍ ဖြစ်သည်။ ဤပျင်းရိသော လူတို့သည် ဤမျှ ဘာသိဘာသာနေပြီး ခေတ်နောက်ကျနေကြသည်။ ၎င်းတို့တွင် သမ္မာတရား တစ်စက်မျှ မရှိဘဲ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သော လူတစ်စုသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို သတိမမူကြဘဲ ယင်း၌ စိတ်ဝင်စားမှု မရှိကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် မည်သို့ ကယ်တင်ခြင်း ခံရနိုင်မည်နည်း။ အဘယ်ကြောင့် လူတို့သည် သက်ရှိလူသေများကဲ့သို့ အမြဲတမ်း စည်းကမ်းမရှိဘဲ ပျင်းရိနေကြသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝပြဿနာနှင့် သက်ဆိုင်သည်။ လူ့သဘာဝတွင် ပျင်းရိခြင်းတစ်မျိုး ရှိသည်။ လူတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေပါစေ ၎င်းတို့ကို ကြီးကြပ်ပြီး တိုက်တွန်းရန် တစ်စုံတစ်ဦးကို အမြဲ လိုအပ်ကြသည်။ တစ်ခါတစ်ရံ လူတို့သည် ဇာတိပကတိကို အလေးထားကြသည်၊ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိမှုကို တပ်မက်ကြပြီး မိမိတို့ကိုယ်တိုင်အတွက် တစ်စုံတစ်ခုကို အမြဲ ထိမ်ချန်ထားကြသည်၊ ဤလူတို့သည် နတ်ဆိုးဆန်သော ရည်ရွယ်ချက်များ၊ စဉ်းလဲသော အကြံအစည်များဖြင့် ပြည့်နေကြသည်၊ ၎င်းတို့သည် အမှန်တကယ် လုံးဝ မကောင်းကြပေ။ ၎င်းတို့သည် မည်သည့် အရေးကြီးသော တာဝန်ကို လုပ်ဆောင်နေပါစေ ၎င်းတို့၏ အကောင်းဆုံး လုပ်ဆောင်နိုင်သည်ထက် လျှော့လုပ်ဆောင်ကြသည်။ ဤသည်မှာ တာဝန်မဲ့ခြင်းနှင့် သစ္စာမစောင့်သိခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆)) ဘုရားသခင်က ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို အလုပ်တွေကို တက်တက်ကြွကြွ လိုက်လံလုပ်ဆောင်ဖို့၊ ပြဿနာတွေကို တက်တက်ကြွကြွ ဖြေရှင်းပြီး အလုပ်အမျိုးမျိုးကို အကောင်အထည်ဖော်နိုင်အောင် သေချာလုပ်ဖို့ တောင်းဆိုတယ်ဆိုတာကို ကျွန်မ တွေ့မြင်ခဲ့တယ်။ ဒါဟာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ တာဝန်ပဲ။ ကျွန်မ အသင်းတော်ခေါင်းဆောင်အနေနဲ့ ပထမဆုံး ရွေးချယ်ခံရတုန်းက အချိန်ကို ပြန်တွေးမိတယ်။ ကျွန်မမှာ တာဝန်အပေါ် ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ်ရှိခဲ့တယ်၊ တာဝန်ထမ်းဆောင်ရင်း ဘုရားသခင်ရဲ့ လမ်းပြမှုကိုလည်း ခံစားခဲ့ရတယ်။ အလုပ်ထဲက ပြဿနာတွေကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ခဲ့တယ်၊ စိတ်ထဲမှာလည်း ပြည့်စုံမှုကိုခံစားရပြီး စိတ်ချလက်ချနဲ့ အသက်ရှင်ခဲ့ရတယ်။ အသင်းတော်နှစ်ခုရဲ့ အလုပ်အတွက် တာဝန်ယူရပြီးတဲ့နောက်မှာတော့ နေ့တိုင်း အလုပ်များနေခဲ့တယ်၊ ပြီးတော့ ကိုယ့်အသက်အရွယ်နဲ့ ဒီလောက်ပင်ပန်းရင် ခန္ဓာကိုယ်က မခံနိုင်မှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ဒီတာဝန်ကို ထမ်းဆောင်ဖို့ အင်တင်တင်ဖြစ်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တွေက အလုပ်ကို အကောင်အထည်ဖော်နေတာကို မြင်တော့ အခြေအနေကို အခွင့်ကောင်းယူပြီး ခေါင်းဆောင်တွေက အလုပ်လုပ်နေတာပဲ၊ ငါနည်းနည်းလောက်ပဲ လိုက်လုပ်ရင် အထက်က ခေါင်းဆောင်တွေ သိမှာမဟုတ်ဘူးလို့ တွေးခဲ့တယ်။ ကျွန်မက စားဖို့၊ သောက်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲ အာရုံစိုက်ခဲ့တယ်၊ ရလဒ်ကတော့ တစ်လကြာသွားတဲ့အခါ အသင်းတော်နှစ်ခုလုံးရဲ့ ဧဝံဂေလိအလုပ်မှာ ဘာရလဒ်မှ ထွက်မလာခဲ့ဘူး။ ကျွန်မက အလုပ်ကို နှောင့်နှေးစေခဲ့တာ မဟုတ်ဘူးလား။ မူလကတည်းက ကျွန်မရဲ့ အစွမ်းအစက သာမန်ပဲရှိတယ်၊ ထူးခြားတဲ့ အရည်အချင်းတွေလည်း မရှိဘူး၊ ဒီလောက်အရေးကြီးတဲ့ တာဝန်နဲ့ ကျွန်မ တကယ်ကို မထိုက်တန်ပါဘူး။ ဘုရားသခင်က ကျွန်မကို လေ့ကျင့်ဖို့ အခွင့်အရေးပေးပြီး ချီးမြှောက်ခဲ့ပေမဲ့ ကျွန်မက တန်ဖိုးမထားတတ်ခဲ့ဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ဘဲ ကိုယ့်ဇာတိပကတိကိုပဲ အမြဲထည့်စဉ်းစားပြီး အလိုလိုက်ခဲ့တယ်၊ တာဝန်ထမ်းဆောင်ရာမှာလည်း တာဝန်မဲ့ခဲ့တယ်။ ကျွန်မက လူပျင်းတစ်ယောက်သက်သက်ပဲ၊ သစ္စာစောင့်သိမှု လုံးဝ မရှိခဲ့ဘူး။ နောဧအကြောင်းကို ကျွန်မ တွေးမိတယ်၊ သူက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရရှိတဲ့အချိန်မှာ အသက်တော်တော်ကြီးနေပြီ၊ ဒါပေမဲ့ သူက ကိုယ့်ခန္ဓာကိုယ်ကိုလည်း ထည့်မစဉ်းစားခဲ့ဘူး၊ ကိုယ့်အခက်အခဲတွေကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။ နေ့တိုင်း ဇွဲလုံ့လနဲ့ အလုပ်လုပ်တယ်၊ သင်္ဘောဆောက်ရင်း ဧဝံဂေလိတရားကို ဟောပြောတယ်၊ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ၊ သူဟာ မဖောက်မပြန်ရှိခဲ့တယ်။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို သူ နှလုံးပိုက်ထားခဲ့တယ်၊ ဘုရားသခင်က သူ့ကို သင်္ဘောဆောက်ဖို့ ညွှန်ကြားပြီးတဲ့နောက်မှာ ထက်သန်တဲ့စိတ်၊ တာဝန်ယူစိတ်နဲ့ ဘုရားသခင်မိန့်မှာတဲ့အတိုင်းပဲ လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ပြီးတော့ အသင်းတော်ထဲက သက်ကြီးရွယ်အို ညီအစ်ကိုမောင်နှမတချို့အကြောင်းကိုလည်း ကျွန်မ တွေးမိသေးတယ်၊ သူတို့ထဲက တချို့ဆို အသက်ရှစ်ဆယ်ကျော်နေပြီ၊ ဒါပေမဲ့ ဧဝံဂေလိတရားကို ဟောနေတုန်းပဲ။ ကျွန်မက အသက်ခြောက်ဆယ်ကျော်ပဲရှိသေးပြီး ကျန်းမာရေးလည်း ကောင်းတယ်။ အသင်းတော်နှစ်ခုရဲ့ နယ်ပယ်ကလည်း မကျယ်ပြန့်ဘူး၊ ကျွန်မကို ပင်ပန်းပြီး နာမကျန်းဖြစ်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မက ကိုယ်တတ်နိုင်တဲ့ ဝန်ကိုတောင် ထမ်းဖို့ မလိုလားခဲ့ဘူး။ သူတို့နဲ့ယှဉ်လိုက်ရင် ကျွန်မ တကယ်ကို ရှက်မိပါတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး ဒီတာဝန်ကို ထမ်းဆောင်နိုင်တာဟာ ကိုယ်တော့်ရဲ့ ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်ကြောင့်ပါ၊ ဒါပေမဲ့ သမီးက ပေါ့ဆပြီး ကလိမ်ကကျစ်ကျခဲ့တယ်၊ အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေခဲ့ပါတယ်။ သမီးမှာ တကယ်ကို လူ့သဘာဝ ကင်းမဲ့နေခဲ့ပါတယ်။ ဒါဟာ သမီးကို ကိုယ်တော်က ထုတ်ဖော်ပြီး ကယ်တင်နေတာပါပဲ၊ သမီး နောင်တရချင်ပါတယ်။ နောက်တစ်ခါ သမီးသာ ဇာတိပကတိရဲ့ သက်သာမှုကို အလိုလိုက်နေဦးမယ်ဆိုရင် ကိုယ်တော်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်း သမီးအပေါ် ကျရောက်ပါစေ” လို့ပေါ့။

အဲဒီနောက်မှာတော့ ဇာတိပကတိကို အလိုလိုက်တဲ့ ကျွန်မရဲ့အခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အခြေအမြစ်က သူ၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ ယင်းက ဖြစ်စေလိုသည့်အတိုင်း လုံးလုံးလျားလျား ဖြစ်လာသည့်အခါတွင် သင်၏အသက်ကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်သည်။ ၎င်း၏ အတွင်းထဲတွင် အစဉ်သဖြင့် လွန်ကျူးသော လိုအင်ဆန္ဒများရှိသည်။ ၎င်းသည် ကိုယ့်အတွက်သာ အစဉ်သဖြင့် တွေးသည်။ အခက်အခဲမရှိမှုကို အစဉ် လိုအင်ဆန္ဒရှိပြီး သက်သာမှုတွင် မွေ့လျော်ခံစားလိုသည်။ စိုးရိမ်ကြောင့်ကြမှုဖြစ်စေ၊ အရေးတကြီးဖြစ်သည့်စိတ်ဖြစ်စေ ကင်းမဲ့ပြီး အချည်းနှီးနေထိုင်မှုတွင် အလေလိုက်နေသည်။ သင်က ၎င်းကို အတိုင်းအတာတစ်ခုအထိ ကျေနပ်စေလျှင် ၎င်းသည် အဆုံး၌ သင့်ကို ဝါးမျိုလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ၎င်းကို ဤအကြိမ်တွင် ကျေနပ်စေလျှင် နောက်တစ်ကြိမ်တွင် ၎င်းကို နောက်တစ်ဖန် ကျေနပ်စေရန် သင့်ကို တောင်းဆိုလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒများနှင့် တောင်းဆိုမှု အသစ်တို့ အစဉ်အမြဲ ရှိပြီး ၎င်းကို ပိုမို ချစ်မြတ်နိုးလာကာ ၎င်း၏ သာယာမှုများ၌ နေစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏ အလိုဖြည့်ဆည်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မည်သည့်အခါမျှ မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာ ဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် ပုန်ကန်မှုကို သင်မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သည် ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးချယ်ခဲ့ပြီး ရှေးမဆွက ကြိုတင်သတ်မှတ်ပေးခဲ့၏။ သို့တိုင်အောင် လက်ရှိတွင် သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး အစစ်အမှန်ဖြင့် ကိုယ့်ဇာတိပကတိကိုယ် ပုန်ကန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင် ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော ဆင်းရဲဒုက္ခကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိကို အစဉ်သဖြင့် အလေးထားနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင့်အနေဖြင့် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သူသည် သင့်ကို အသက်မရှိတောင့်အောင်၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမရှိအောင် ဖြစ်သွားစေမည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်)လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။...စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့်၊ ကျွန်မဟာ ဇာတိပကတိကို အလိုလိုက်ခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးဆက်တွေကို နားလည်လာခဲ့တယ်။ လူတစ်ယောက်က ဇာတိပကတိကို အလိုလိုက်ပြီး တန်ဖိုးထားလေလေ၊ သူ့ရဲ့ လိုအင်ဆန္ဒတွေက ပိုကြီးမားလာလေလေဖြစ်ပြီး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျက်စီးခြင်းဆီ ဦးတည်သွားစေတာပါပဲ။ ကျွန်မဟာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ။” နဲ့၊ “ဘဝဆိုသည်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်ဖို့သာ ဖြစ်သည်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေအတိုင်း အသက်ရှင်ခဲ့တယ်။ အဲဒါတွေက ကျွန်မရဲ့ အတွေးအမြင်တွေကို လွဲမှားစေခဲ့ပြီး၊ ဘဝဆိုတာ အရမ်းမပင်ပန်းသင့်ဘူး၊ ဇာတိပကတိရဲ့ သက်သောင့်သက်သာဖြစ်မှုနဲ့ သာယာမှုကမှ တကယ့်ပျော်ရွှင်မှု၊ ကောင်းမွန်တဲ့ဘဝရဲ့ အခြေခံအုတ်မြစ်လို့ ထင်မြင်စေခဲ့တယ်။ အခွင့်အရေးရတာနဲ့ ကျွန်မက ကိုယ့်ဇာတိပကတိအတွက်ပဲ စဉ်းစားခဲ့တယ်။ ဘုရားသခင်ကို မယုံကြည်ခင်က ကျွန်မ ဒီလိုပဲ အသက်ရှင်ခဲ့တယ်၊ ကုတင်ပေါ်မှာထိုင်၊ သစ်သီးနဲ့ အစေ့အဆံတွေစားရင်း တီဗီကြည့်ရတာက ပျော်စရာကောင်းတဲ့ဘဝရဲ့ တကယ့်အထွတ်အထိပ်ပဲလို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်မက တတ်နိုင်သလောက် အလုပ်ကိုရှောင်ပြီး အချိန်ရတိုင်း အနားယူခဲ့တယ်။ တစ်ခါတလေ သစ်ပင်အောက်မှာ အနားယူပြီး ယပ်ခပ်နေတဲ့ အဘိုးအဘွားတွေကို တွေ့ရင် ကျွန်မ အရမ်းကို အားကျမိတယ်၊ တစ်နေ့နေ့မှာ အဲဒီလို နေထိုင်ချင်တဲ့ ဆန္ဒရှိခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာတော့ တာဝန်တွေနဲ့ အလုပ်များနေတဲ့အခါတိုင်း ကျွန်မ စိတ်မချမ်းမသာဖြစ်ခဲ့တယ်၊ ဒုက္ခဆင်းရဲနဲ့ ပင်ပန်းမှုကို အမြဲကြောက်ပြီး စိတ်ပူစရာတွေ အများကြီး မယူချင်ခဲ့ဘူး။ ကိုယ့်တာဝန်အပေါ် ပေါ့ဆပြီး ဘာတာဝန်ယူစိတ်မှ မရှိခဲ့ဘူး။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်စရာကောင်းတယ်၊ လူ့သဘာဝကင်းမဲ့ပြီး ဘုရားသခင်ရှေ့မှာ အသက်ရှင်ဖို့ မထိုက်တန်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မက ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခဲ့ပေမဲ့ အသင်းတော်အလုပ်ကိုတော့ နှောင့်နှေးစေခဲ့တယ်။ ဒါဟာ မကောင်းမှုပြုခြင်းပဲ။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ စာတန်ဆန်သော စိတ်သဘောထားနဲ့အသက်ရှင်ပြီး ဇာတိပကတိ သာယာမှုကိုပဲ အာရုံစိုက်နေရင် လူတွေက တဖြည်းဖြည်း ပိုပျင်းလာမယ်၊ တကယ့်အလုပ်ကို မလုပ်တော့ဘူး၊ နောက်ဆုံးမှာတော့ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမယ့် အယောင်ဆောင်ခေါင်းဆောင်၊ အယောင်ဆောင်အမှုဆောင်တွေ ဖြစ်လာမယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဒီအချက်တွေကို သဘောပေါက်သွားတဲ့အခါ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး နောင်တရခဲ့တယ်၊ “ဘုရားသခင်၊ သမီး ကိုယ့်တာဝန်ကို ကောင်းကောင်းမဖြည့်ဆည်းခဲ့ပါဘူး၊ ကိုယ်တော့်အပေါ် အကြွေးတင်ပြီး ညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း အားနာပါတယ်။ အခု ဇာတိပကတိကို အလိုလိုက်ခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးဆက်တွေကို သမီးနားလည်ပါပြီ၊ နောက်တစ်ခါ ဇာတိပကတိကို အလိုလိုက်ပြီး အသင်းတော်အလုပ်ကို နှောင့်နှေးအောင် လုပ်လိုစိတ် မရှိတော့ပါဘူး” လို့ပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။ ပြောလော့။ လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံးတွင် သူ၏ နေ့စဉ်ပြုမူဆောင်ရွက်မှုများ၊ အတွေးများသည် ဖျားနာခြင်း၊ သေခြင်းတို့အား ရှောင်ကြဉ်ခြင်း၊ သူ၏ ကိုယ်ခန္ဓာကို ကျန်းမာစေပြီး ရောဂါဘယကင်းဝေးစေခြင်း၊ အသက်ရှည်ဖို့အတွက် ကြိုးပမ်းခြင်းတို့ကိုသာ အာရုံစိုက်လျှင် ဤသည်မှာ လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမဟုတ်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမှာ အဘယ်နည်း။ ယခုပင် တစ်ယောက်က ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းကို ပြောခဲ့သည်။ ယင်းသည် အသေးစိတ်အချက်တစ်ခုဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ ဆုတောင်းစဉ်တွင်၊ သို့မဟုတ် သန္နိဋ္ဌာန်ချစဉ်တွင် သင်တို့၌ ထားလေ့ရှိသော ရည်မှန်းချက်များကို ပြောလော့။ (ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံရန်ဖြစ်သည်။) (ဘုရားသခင်က ကျွန်ုပ်တို့အတွက် တာဝန်ချပေးသည့် ကဏ္ဍကို ကောင်းစွာ လုပ်ဆောင်ရန်၊ ကျွန်ုပ်တို့၏ စေခိုင်းချက်နှင့် တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။) အခြား မည်သည့်အရာရှိသေးသနည်း။ တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် သဘောတရားများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော အထူးတာဝန်၊ တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည် မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။...လူတစ်ယောက်သည် ဤလောကသို့ ရောက်လာသောအခါ ဇာတိပကတိ ပျော်မွေ့မှုအတွက် မဟုတ်သကဲ့သို့ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းအတွက်လည်း မဟုတ်ပေ။ ထိုအရာများအတွက် အသက်မရှင်သင့်ပေ။ ဤသည်မှာ လူသားဘဝ၏ တန်ဖိုးမဟုတ်သကဲ့သို့ မှန်ကန်သော လမ်းကြောင်းလည်းမဟုတ်ပေ။ လူသားဘဝ၏ တန်ဖိုးနှင့် လိုက်လျှောက်ရန် လမ်းမှန်တွင် တန်ဖိုးရှိသောအရာတစ်ခုကို ဖြစ်မြောက်ခြင်းနှင့် တန်ဖိုးရှိသော အလုပ်တစ်ခု၊ သို့မဟုတ် များစွာကို ပြီးမြောက်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ အသက်မွေးအလုပ်ဟု မခေါ်ပေ။ လမ်းမှန်ဟု ခေါ်ပြီး သင့်လျော်သော အလုပ်တာဝန်ဟုလည်း ခေါ်သည်။ ပြောလော့။ လူတစ်ယောက်သည် တန်ဖိုးရှိသောအလုပ်အချို့ကို ပြီးမြောက်ရန်၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော ဘဝကို အသက်ရှင်ရန်၊ သမ္မာတရားကို လိုက်စားပြီး ရယူရန်အတွက် အဖိုးအခပေးဆပ်ဖို့ ထိုက်တန်သလော။ သင်သည် အမှန်တကယ်ပင် သမ္မာတရားကို နားလည်ခြင်းအား လိုက်စားရန်၊ ဘဝတွင် လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းရန်၊ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ရန် ဆန္ဒရှိလျှင် သင်၏ အားအင်အလုံးစုံကို ပေးဆပ်ရန်၊ အဖိုးအခများအားလုံးပေးဆပ်ရန်၊ သင်၏အချိန်နှင့် ဘဝသက်တမ်း တစ်ခုလုံးကို ပေးဆပ်ရန် တွန့်ဆုတ်မည်မဟုတ်။ ဤအချိန်ကာလအတွင်းတွင် ဖျားနာခြင်းအနည်းငယ်ကို သင်ကြုံတွေ့ရလျှင် ယင်းသည် အရေးကြီးမည်မဟုတ်၊ သင့်အား ဒုက္ခပေးမည်မဟုတ်ပေ။ ဤသည်မှာ ဘဝတစ်လျှောက်လုံး အေးဆေးပြီး လွတ်လပ်ခြင်း၊ အလဟဿနေထိုင်ခြင်း၊ အာဟာရကောင်းကောင်း ပြည့်ဝပြီး ကျန်းမာသည်အထိ ရုပ်ခန္ဓာကို ပျိုးထောင်၍ အဆုံး၌ အသက်ရှည်ခြင်းတို့ထက် အလွန်ပင်ပို၍ သာလွန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤရွေးချယ်စရာနှစ်ခုထဲမှ မည်သည့်တစ်ခုက တန်ဖိုးရှိသောဘဝ ဖြစ်သနည်း။ လူတို့သည် အဆုံးတွင် သေခြင်းကို ရင်ဆိုင်ရသောအခါ မည်သည့်တစ်ခုက ၎င်းတို့ကို သက်သာခြင်း၊ နောင်တမရှိခြင်းကို ယူဆောင်လာနိုင်သနည်း။ (အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်း ဖြစ်သည်။) အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေခြင်းဖြစ်သည်။ ဤအရာက သင်၏ စိတ်နှလုံးထဲတွင် သင်သည် တစ်စုံတစ်ခုကို ရရှိပြီးဖြစ်ကာ စိတ်သက်သာရာရပြီးဖြစ်သည်ဟု ဆိုလိုသည်။ ကောင်းစွာစားသောက်ပြီး သေသည်အထိ ပန်းသွေးရောင် အသားအရည်ကို ထိန်းသိမ်းထားသူများကမူ အဘယ်သို့ ရှိသနည်း။ ၎င်းတို့သည် အဓိပ္ပာယ်ရှိသောဘဝကို မလိုက်စားပေ။ ထို့ကြောင့် သေဆုံးသောအခါ ၎င်းတို့သည် မည်သို့ ခံစားရသနည်း။ (အချည်းနှီး အသက်ရှင်ခဲ့သကဲ့သို့ ခံစားရသည်။) ‘အချည်းနှီး အသက်ရှင်ခြင်း’ ဟူသည့် ဤစကားနှစ်လုံးသည် ပြတ်သားသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းမှသာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝကို အသက်ရှင်နိုင်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒါဟာ အမှန်ကန်ဆုံး ရွေးချယ်မှုလည်း ဖြစ်တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်တော့ ကောင်းကောင်းဂရုစိုက်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ခဲ့ဘူး။ ဒီလိုနည်းနဲ့ ကျွန်မဘဝကို အလဟဿ ဖြုန်းတီးနေတာပဲ မဟုတ်လား။ ကျွန်မ သေဆုံးရမယ့်နေ့ ရောက်လာတဲ့အခါ နောင်တတွေ၊ ဝမ်းနည်းပူဆွေးမှုတွေပဲ ကျန်ခဲ့မှာပဲ။ လောကီလူတွေလိုပေါ့၊ သူတို့ဟာ ဇာတိပကတိ သာယာမှုတွေကို ပိုခံစားရပြီး သက်သောင့်သက်သာ နေထိုင်ကြပေမဲ့၊ သူတို့ဟာ ဘဝရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကို နားမလည်ဘဲ ဦးတည်ချက်၊ ပန်းတိုင်မရှိဘဲ အသက်ရှင်ကြတယ်။ ကျွန်မဟာ ဘဝရဲ့မှန်ကန်တဲ့လမ်းကြောင်းကို ရှာတွေ့ခဲ့ပြီး ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို သိခဲ့ပြီ၊ ဒီလိုနည်းနဲ့ ကိုယ့်ဇာတိပကတိအတွက် ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်တယ်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝနဲ့ ရှင်သန်ချင်တယ်၊ ကိုယ့်ဘဝကို အလဟဿ မဖြစ်စေချင်တော့ဘူး။ တကယ်တော့ ခေါင်းဆောင်နဲ့ တရားဟောသူရဲ့ တာဝန်တွေမှာ လေ့ကျင့်ရင်း၊ အလုပ်တွေကို အကောင်အထည်ဖော်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ မိတ်သဟာယဖွဲ့ရင်းနဲ့ အရင်က ကျွန်မနားမလည်ခဲ့တဲ့ သမ္မာတရားတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာခဲ့တယ်။ ခန္ဓာကိုယ်ပင်ပန်းတာတွေနဲ့ ဆင်းရဲဒုက္ခတချို့ ရှိခဲ့ပေမဲ့ တကယ်တမ်းမှာ အဲဒီလောက် ဆင်းရဲဒုက္ခခံနေရသလို မခံစားခဲ့ရဘူး၊ ကိုယ့်တာဝန်မှာ အစွမ်းကုန်ပေးဆပ်နိုင်တာက ကျွန်မကို တည်ငြိမ်ပြီး ပြည့်စုံတယ်လို့ ခံစားစေခဲ့တယ်။ တကယ့် ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုရားသခင်အပေါ် ကိုးစားခြင်းကနေ အခက်အခဲအများကြီးက ကျွန်မတောင် သတိမထားမိလိုက်ဘဲ ပြေလည်သွားခဲ့တယ်၊ တာဝန်ထမ်းဆောင်မှုကလည်း ရလဒ်တွေထွက်လာတော့ စိတ်နှလုံးထဲမှာ ဝမ်းမြောက်မှုတွေ ရရှိခဲ့တယ်။ ကိုယ့်ဇာတိပကတိကို ပုန်ကန်ပြီး တကယ့်အလုပ်ကို လုပ်မှသာ ကျွန်မနှလုံးသားက ပျော်ရွှင်မှုနဲ့ ပြည့်ပြီး စစ်မှန်တဲ့ တည်ငြိမ်ငြိမ်းချမ်းမှုကို ရရှိနိုင်တယ်။ ဒီအရာတွေကို နားလည်သွားတော့ ကျွန်မစိတ်နှလုံးဟာ ပိုပြီးလင်းလင်းထင်းထင်းရှိပြီး တည်ငြိမ်လာတယ်။

ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် မည်သည့်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ ဤအလုပ်၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ၎င်းတို့၏ ပထမဦးစားပေးမှာ အလုပ်က မည်သို့သောအခြေအနေရှိနေသည်ကိုနားလည်ပြီး သဘောပေါက်ရန် ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို နောက်ဆက်တွဲ လိုက်လုပ်ပြီး မေးခွန်းများမေးကာ သတင်းအချက်အလက်များကို ကိုယ်တိုင်ရယူရန်အတွက် ထိုနေရာတွင် ရှိနေရပေမည်။ ၎င်းတို့သည် တစ်ဆင့်စကားကိုသာ ယတိပြတ် အမှီပြု၍ မရပေ၊ သို့မဟုတ် အခြားလူတို့၏ အစီရင်ခံချက်များကိုသာ နားထောင်ခြင်း မပြုလုပ်ရပေ။ ထိုအစား ၎င်းတို့သည် အလုပ်လုပ်သူများ၏ အခြေအနေကိုလည်းကောင်း အလုပ်က မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း မိမိတို့ကိုယ်တိုင် ကြည့်ရှုလေ့လာရမည်။ ပြီးလျှင် မည်သည့်အခက်အခဲများရှိသည်ကိုဖြစ်စေ၊ အထက်၏ တောင်းဆိုမှုများနှင့် မကိုက်ညီသည့် ကဏ္ဍတစ်ခုတလေ ရှိမရှိကိုဖြစ်စေ၊ စည်းမျဉ်းများ ချိုးဖောက်ခြင်း ရှိမရှိကိုဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များ တစ်ခုတလေ ရှိမရှိကိုဖြစ်စေ၊ အတတ်ပညာပိုင်းဆိုင်ရာအလုပ်နှင့် စပ်လျဉ်း၍ ပစ္စည်းကိရိယာ လိုအပ်မှုရှိမရှိကိုဖြစ်စေ၊ ဆီလျော်သော သင်ကြားပို့ချမှုဆိုင်ရာ ပစ္စည်းများ လိုအပ်မှု ရှိမရှိကိုဖြစ်စေ နားလည်ရမည်။ ၎င်းတို့သည် ဤအရာအားလုံးကို နိုင်နိုင်နင်းနင်းဖြစ်ရမည် ဖြစ်သည်။ မည်မျှ များပြားသော အစီရင်ခံချက်များကို ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ တစ်ဆင့်စကားမှ ၎င်းတို့ မည်မျှ ကောက်ယူသည်ဖြစ်စေ ဤအရာတို့သည် ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းလောက် မကောင်းပေ။ ၎င်းတို့အနေဖြင့် ကိုယ့်မျက်လုံးများဖြင့် အမှုအရာများကို တပ်အပ်မြင်ခြင်းသည် ပိုမို တိကျမှုရှိပြီး ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် အခြေအနေ၏ ကဏ္ဍအားလုံးကို အကျွမ်းဝင်သွားသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာဖြစ်ပျက်နေသည်ကို ကောင်းစွာ သိရှိလိမ့်မည်။ သူတို့သည် အစွမ်းအစကောင်းပြီး ပျိုးထောင်ရန် ထိုက်တန်သောသူသည် မည်သူဖြစ်သည်ကို အထူးသဖြင့် ရှင်းလင်းပြီး တိကျမှန်ကန်စွာ သိရှိနားလည်ထားရမည်။ ဤအရာကသာ သူတို့အား လူတို့ကို တိကျမှန်ကန်စွာ ပျိုးထောင်၍ အသုံးပြုနိုင်စေမည်ဖြစ်သဖြင့် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် အလွန်အရေးကြီးပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၌ အစွမ်းအစကောင်းသော လူတို့ကို ပျိုးထောင်ပြီး လေ့ကျင့်ပေးရန်အတွက် လမ်းကြောင်းနှင့် စည်းမျဉ်းများ ရှိသင့်သည်။ ထို့အပြင် သူတို့သည် အသင်းတော် အလုပ်တွင် ရှိသော အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို သိရှိနားလည်ထားပြီး ယင်းတို့ကို မည်သို့ ဖြေရှင်းရမည်ကို သိသင့်သည်။ ပြီးလျှင် အလုပ်ကို မည်သို့ တိုးတက်အောင် လုပ်ဆောင်ရမည် သို့မဟုတ် ၎င်း၏ အနာဂတ် အလားအလာများနှင့် ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင် အတွေးအမြင်များနှင့် အကြံပြုချက်များလည်း ရှိသင့်ပေသည်။ သူတို့သည် ထိုသို့သောအရာများကို မျက်စိမှိတ်၍ပင် သံသယ သို့မဟုတ် မဝံ့မရဲဖြစ်ခြင်း တစ်စုံတစ်ရာမရှိဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုနိုင်ပါက အလုပ်ကို လုပ်ဆောင်ရန် များစွာ ပို၍ လွယ်ကူလာပေလိမ့်မည်။ ပြီးလျှင် ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းအားဖြင့် ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနေမည်ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့သည် အထက်တွင်ဖော်ပြခဲ့သော အလုပ်ထဲရှိ ကိစ္စရပ်များကို မည်သို့ဖြေရှင်းရမည်ကို ကောင်းစွာ သိရှိရမည်ဖြစ်ပြီး ဤအရာများကို မကြာခဏ တွေးတောဆင်ခြင်ရမည်ဖြစ်သည်။ ၎င်းတို့ အခက်အခဲများ ကြုံတွေ့သည့်အခါ ကိစ္စရပ်များကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို ရှာဖွေလျက် ဤအရာများကို လူတိုင်းနှင့် မိတ်သဟာယဖွဲ့ကာ ဆွေးနွေးရမည်ဖြစ်သည်။ ဤသို့ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ခြင်းအားဖြင့် ဖြေရှင်း၍မရနိုင်သော အခက်အခဲများ ရှိမည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ တကယ်ကောင်းတဲ့ခေါင်းဆောင်တစ်ယောက်ဟာ ဘုရားသခင်အိမ်တော်ရဲ့အလုပ်ကို စိတ်ရင်းမှန်နဲ့ တာဝန်သိသိကိုင်တွယ်တယ်၊ ဇာတိပကတိကို အလိုမလိုက်ဘူး၊ အရာရာမှာ ဘုရားသခင်အိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး အလုပ်အစီအစဉ်တွေအတိုင်း ကိုယ့်တာဝန်ကို ထမ်းဆောင်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ အလုပ်တစ်ခုမှာ အခက်အခဲတွေပေါ်လာတိုင်း၊ သူတို့က အဲဒါတွေကိုဖြေရှင်းဖို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ သမ္မာတရားကို ရှာဖွေကြတယ်။ ခေါင်းဆောင်တစ်ယောက်၊ အမှုဆောင်တစ်ယောက်အနေနဲ့ အလုပ်ကောင်းကောင်းလုပ်ချင်ရင်၊ နယ်ပယ်ထဲကို အပြည့်အဝဆင်းပြီး အလုပ်ကို အသေးစိတ် စုံစမ်းပြီး လိုက်လံဆောင်ရွက်ရမယ်၊ ပြဿနာတွေကို ချက်ချင်း ရှာဖွေပြီး ဖြေရှင်းရမယ်၊ အမိန့်ပေးတာ ဒါမှမဟုတ် အစီရင်ခံစာတွေ နားထောင်ရုံနဲ့ မပြီးဘူး။ ဒီလိုချဉ်းကပ်နည်းကတော့ ရလဒ်ကောင်းတွေ ရရှိမှာမဟုတ်ဘူး။ ကျွန်မ ကိုယ့်တာဝန်ကို ဘယ်လိုထမ်းဆောင်ခဲ့လဲဆိုတာကို ပြန်တွေးမိတယ်၊ ဇာတိပကတိကို အလိုလိုက်ပြီး ဖြစ်ကတတ်ဆန်းလုပ်ခဲ့တယ်၊ ပြဿနာတွေကို တွေ့ရင်တောင် အသေးစိတ်မစုံစမ်းဘူး၊ မဖြေရှင်းခဲ့ဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်တွေကို ကျွန်မ မဖြည့်ဆည်းခဲ့ဘူး၊ အဆင့်အတန်းရဲ့ အကျိုးကျေးဇူးကိုပဲ ခံစားတဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်သက်သက်ဖြစ်ပြီး ဘုရားသခင် စက်ဆုပ်ရွံရှာပြီး မုန်းတီးအောင် ဖြစ်စေခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ ကျွန်မဟာ နယ်ပယ်ထဲမှာ အချိန်ပေးပြီး ပြဿနာတွေကို စုံစမ်းဖြေရှင်းလာတယ်၊ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေရဲ့ အခက်အခဲတွေကို အသေးစိတ်သုံးသပ်ပြီး ဖြေရှင်းနည်းတွေအကြောင်း မိတ်သဟာယဖွဲ့ခဲ့တယ်။ အချိန်အတန်ကြာ ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်မှာတော့ အသင်းတော်ရဲ့ လုပ်ငန်းအမျိုးမျိုးရဲ့ ရလဒ်တွေဟာ နည်းနည်း တိုးတက်လာခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ နောက်ထပ်အသင်းတော်တချို့ကိုပါ တာဝန်ယူခဲ့ရပြီး အဓိကအားဖြင့် ဧဝံဂေလိအလုပ်ကိုပဲ အာရုံစိုက်ခဲ့ရတယ်၊ နေ့တိုင်းနီးပါး မနက်အစောကြီးကနေ ညနက်တဲ့အထိ အလုပ်များခဲ့တယ်။ တစ်ခါတလေ ကျွန်မ တွေးမိတယ်၊ “ငါလည်း အခု တော်တော် အသက်ကြီးနေပြီ၊ သွေးတိုးလည်း နည်းနည်းရှိနေတော့ ဒီလိုဆက်သွားရင် ခန္ဓာကိုယ်က တကယ်ခံနိုင်ပါ့မလား” လို့ပေါ့။ ဧဝံဂေလိ သင်းထောက်တွေနဲ့ အဖွဲ့ခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်နေတာကို မြင်တဲ့အခါ၊ ကျွန်မ အသေးစိတ် လိုက်မလုပ်ချင်တော့ဘူး၊ ဒါမှ ကိုယ့်ဇာတိပကတိက ဒီလောက်မပင်ပန်းတော့မှာလေ။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ အမှတ်ရလိုက်တယ်။ “သင်၏ တာဝန်နှင့် တာဝန်ဝတ္တရားများနှင့် ပတ်သက်လာသည့်အခါတွင်လည်ကောင်း၊ ပို၍ ကျယ်ပြန့်သော အမြင်ဖြင့်ဆိုရလျှင် ဘုရားသခင်က သင့်အား ပေးအပ်သော တာဝန်ပေးစေခိုင်းချက်၊ ဘုရားသခင်က သင့်အား ခွဲဝေပေးသော အရေးကြီးသည့် အလုပ်အချို့တို့နှင့် ပတ်သက်လာသည့်အခါတွင်လည်ကောင်း သင်သည် အစဉ်သဖြင့် အဖိုးအခကို ပေးဆပ်သင့်သည်ဟူ၍ ဖြစ်သည်။ ယင်းမှာ မည်မျှပင် ခက်ခဲစေကာမူ သင်သည် အလွန်တရာ ကြိုးပမ်းအားထုတ်ရန် လိုအပ်သည်ဖြစ်စေ၊ ညှဉ်းပန်းနှိပ်စက်ခြင်း သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ သင်၏အသက်ကိုပင် အန္တရာယ်ဖြစ်စေသည်ဖြစ်စေ သင်သည် အဖိုးအခကို မငြိုငြင်ဘဲ သင်၏ သစ္စာစောင့်သိခြင်းကို ပူဇော်ဆက်ကပ်လျက် အသေခံသည်အထိ ကျိုးနွံနာခံရန် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၏ တကယ့် သရုပ်သကန်တစ်ခု၊ တကယ့် ပေးဆပ်စိုက်ထုတ်ခြင်းတစ်ခုနှင့် စစ်မှန်သော လက်တွေ့လုပ်ဆောင်ခြင်းတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး ဇာတိပကတိကို အလိုလိုက်ဖို့ သွေးဆောင်ခံနေရပြန်ပါပြီ၊ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်ရင် အလုပ်ကို နှောင့်နှေးစေမယ်ဆိုတာ သမီးသိပါတယ်။ သမီး ဇာတိပကတိနောက်ကို မလိုက်လျောချင်ပါဘူး၊ ကိုယ်တော်ရဲ့ တောင်းဆိုချက်တွေနဲ့ စံနှုန်းတွေအတိုင်း ကြိုးစားအားထုတ်ပြီး အစွမ်းကုန် ကြိုးစားဖို့ ဆန္ဒရှိပါတယ်။ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ ဒီလိုနဲ့ ကျွန်မ ပါဝင်လိုက်တယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဧဝံဂေလိအလုပ်မှာရှိတဲ့ ပြဿနာတွေကို အသေးစိတ် မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးခဲ့ကြတယ်။ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ကြတော့ ဧဝံဂေလိအလုပ်ရဲ့ ရလဒ်တွေက အရင်လ ရလဒ်တွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာ တိုးတက်လာခဲ့တယ်။ ကျွန်မ ကိုယ့်ဇာတိပကတိရဲ့ အကျိုးစီးပွားကို ထည့်မစဉ်းစားတော့ဘဲ ကိုယ့်စိတ်နှလုံးကို တာဝန်ထဲမှာ နှစ်မြှုပ်လိုက်တဲ့အခါမှာတော့ အရင်လောက် မပင်ပန်းတော့ဘူး၊ စိတ်နှလုံးထဲမှာ ပြည့်စုံမှုနဲ့ ပျော်ရွှင်မှုကို ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပေါ့ပေါ့ဆဆ လုပ်ဆောင်မှု နောက်ကွယ်တွင် အမှန်တကယ် ရှိနေသည့်အရာ

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ အရင်တစ်ခါတုန်းက ဗီဒီယိုတွေကို စစ်တဲ့ အစ်မက ပြောတယ်။ အခုနောက်ပို်ငး ကျွန်မလုပ်တဲ့ ဗီဒီယိုတွေရဲ့...

သက်သာမှုကို မွေ့လျော်ခံစားခြင်းက မိမိအသက်သေဆုံးခြင်းကို ဆောင်ကြည်းပေးလိမ့်မည်

ဂရေးဆန်၊ အမေရိကန်ပြည်ထောင်စု၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ ခေါင်းဆောင်တွေက ကျွန်တော့်ကို ဗီဒီယိုအလုပ် ကြီးကြပ်ဖို့ တာဝန်ပေးခဲ့တယ်။ ပုံမှန်ဆိုရင်...

ကျွန်မတာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ခဲ့တဲ့ အကြောင်းရင်း

ချန်ကျင့် ကိုးရီးယားနိုင်ငံ ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။