အခက်အခဲတွေတွေ့ရင် ကျွန်မ ဘာကြောင့် အမြဲ နောက်တွန့်နေခဲ့သလဲ။

17.06.2026

ဗာသာ၊ မြန်မာ

၂၀၂၂ ခုနှစ်၊ မေလမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကျွန်မကို ချီးမြှောက်မှုအတွက် အရမ်းကျေးဇူးတင်ခဲ့ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်မှဖြစ်မယ်လို့ ခံစားခဲ့ရတယ်။ အစပိုင်းမှာတော့ ကိုယ့်တာဝန်မှာ ကျွန်မ အရမ်းတက်ကြွခဲ့တယ်။ နားမလည်တာတွေ ကြုံရတိုင်း အထက်ခေါင်းဆောင်နဲ့ ဆက်သွယ်ပြောဆိုဖို့ ရှာဖွေခဲ့တယ်။ ပြီးတော့ နားလည်သွားတဲ့အခါ မိတ်သဟာယပြုပြီး ပြဿနာကို ဖြေရှင်းခဲ့တာပေါ့။ နောက်ပိုင်း ကိုဗစ် (COVID-19) ကန့်သတ်ချက်တွေ စပြီး ဖြေလျှော့လာတော့ လူသစ်အတော်များများက အလုပ်စဝင်ကြလို့ ပုံမှန် မစုဝေးနိုင်၊ တာဝန်တွေ မထမ်းဆောင်နိုင် ဖြစ်ခဲ့ကြတယ်။ ဒီအခြေအနေနဲ့ ကြုံရတော့ ကျွန်မ ဘာလုပ်ရမှန်းမသိသလို ဖြစ်သွားတယ်။ “ခေါင်းဆောင်တစ်ယောက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေကို ငါ ထောက်ပံ့ကူညီပေးသင့်တယ်။ ပြီးတော့ သူတို့ရဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသင့်တယ်” လို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ အဲဒီနောက် ညီအစ်ကိုမောင်နှမတွေကို တစ်ယောက်ချင်းစီ ကျွန်မ မိတ်သဟာယပြုပေးခဲ့တယ်။ ဒါပေမဲ့ ဒီကနေ ဘာရလဒ်မှ မရတော့ သူတို့ကို ဆက်ပြီး မထောက်ပံ့ပေးချင်တော့ဘူး။ “ငါ အလုပ်လည်းသွားရသေးတယ်၊ ဧဝံဂေလိတရားလည်း ဟောရသေးတယ်။ ပုံမှန် စုဝေးပွဲမတက်တဲ့ ညီအစ်ကိုမောင်နှမတွေကိုပါ ထောက်ပံ့ပေးနေရမယ်ဆိုရင် ငါ့အတွက် နားဖို့အချိန်တောင် သိပ်ရှိတော့မှာ မဟုတ်ဘူး” လို့ ခံစားခဲ့ရတယ်။ ကျွန်မ အရမ်းပင်ပန်းတယ်လို့ ခံစားရပြီး အသင်းတော်ခေါင်းဆောင် ဆက်မလုပ်ချင်တော့တဲ့အထိ ဖြစ်လာတယ်။ ငါ့အစွမ်းအစက မကောင်းဘူး၊ ပြဿနာတွေကို ငါမဖြေရှင်းနိုင်ဘူး၊ ငါ့မှာ အလုပ်လုပ်နိုင်စွမ်း မရှိဘူးလို့ တွေးရင်း အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ ကျွန်မ နေထိုင်နေခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ တာဝန်ကို အထက်ခေါင်းဆောင် ပြောင်းပေးတာကိုပဲ လိုချင်ခဲ့တာပေါ့။

နောက်တော့ ကျွန်မရဲ့ အတွေးတွေကို အထက်ခေါင်းဆောင်ကို ပြောပြလိုက်တယ်။ သူက နားထောင်ပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဆီ ပို့ပေးခဲ့တယ်။ “ရိုးသားသူတစ်ဦးဖြစ်ခြင်း၏ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါတပါ မဖြစ်ခြင်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ ဘုရားအိမ်တော်မှ သင့်အား အပ်နှံထားသော လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြှုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။ သင်သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို နားလည်ပြီး သိသော်လည်း ယင်းကို သင်မလုပ်ဆောင်လျှင် သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် ဉာဏ်များပြီး အချောင်ခိုရန် နည်းလမ်းများ ရှာနေခြင်းဖြစ်သည်။ မိမိတို့၏တာဝန်များကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ကြသောသူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသည့်အပြင် လှည့်ဖြားတတ်သောသူများကို အသုံးမပြုပေ။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ဘုရားသခင်သည် တာဝန်များကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသည်ပင် ရိုးသားရမည်။ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေလုပ်ကာ ဉာဏ်များပြီး အချောင်ခိုသော လူများအားလုံးသည် လှည့်ဖြားတတ်ကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ရိုးသားတဲ့သူတွေဟာ ကိစ္စရပ်တိုင်းမှာ သမ္မာတရားကို ရှာဖွေပြီး သူတို့တာဝန်ကို ထမ်းဆောင်တဲ့အခါ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုအားလုံးကို ကျိုးနွံနာခံတယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ပြောထားတယ်။ သူတို့တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ သူတို့ရဲ့ စိတ်နှလုံးနဲ့ ခွန်အားအားလုံးကို သုံးကြပြီး အမှုအရာတွေလုပ်ဖို့ တခြားသူတွေ အားကိုးနိုင်တဲ့သူတွေ ဖြစ်ကြတယ်။ လှည့်ဖြားတတ်တဲ့သူတစ်ယောက်က သူတို့တာဝန်ကို ထမ်းဆောင်ရာမှာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့အခါ ဒါမှမဟုတ် ဆင်းရဲဒုက္ခခံဖို့နဲ့ အားထုတ်ကြိုးပမ်းဖို့ လိုအပ်လာတဲ့အခါ တာဝန်ကို ခေါင်းရှောင်ဖို့ ဆင်ခြေတွေရှာကြတယ်။ သူတို့တာဝန်ကို ထမ်းဆောင်ရင်တောင်မှ အစွမ်းကုန် အားမထုတ်ဘဲ သူတို့ရဲ့ ခွန်အားတစ်စိတ်တစ်ပိုင်းကိုပဲ သုံးကြတယ်။ ဒါက ခိုကပ်ပြီး ပျင်းရိတာပဲလေ။ ဒါကို ကျွန်မရဲ့ ကိုယ်ပိုင် အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်လိုက်တယ်။ လူသစ်တွေ စုဝေးပွဲတွေကို ပုံမှန်မတက်တာကို မြင်ရတဲ့အခါ၊ ပြီးတော့ သူတို့ကို ကူညီဖို့နဲ့ မိတ်သဟာယပြုပေးဖို့ ကြိုးစားပြီးတဲ့နောက်မှာ ဘာရလဒ်မှ မတွေ့ရတဲ့အခါ၊ သူတို့ကို ထောက်ပံ့ပေးဖို့ နောက်ထပ် စိတ်ပိုင်းဆိုင်ရာ အားမထုတ်ချင်တော့ဘူး။ ဒါကဘာဖြစ်လို့လဲဆိုရင် သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ငါ့အစွမ်းအစက မပြည့်မီလို့၊ ပြီးတော့ ငါ့မှာ အလုပ်လုပ်နိုင်စွမ်း မရှိလို့ ဆိုပြီးတောင် ကျွန်မ ပြောခဲ့သေးတယ်။ ပြီးတော့ ကျွန်မအတွက် တခြားတာဝန်တစ်ခု အထက်ခေါင်းဆောင် တာဝန်ပေးတာကို လိုချင်ခဲ့တယ်။ တကယ်တမ်းကျတော့ ဒုက္ခဆင်းရဲကို ရှောင်လွှဲဖို့နဲ့ ဇာတိပကတိကို အလိုလိုက်ဖို့အတွက် တာဝန်ယူရမှာကို ရှောင်ရှားဖို့ဆိုတဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ဖို့ ဆင်ခြေတွေ ပေးနေခဲ့တာပါ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေကို သေချာရေလောင်းပြီး ထောက်ပံ့ပေးရမယ့် ကိုယ့်တာဝန်ကို ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းနေသင့်တာ။ ဒါပေမဲ့ ကျွန်မက ဆင်းရဲဒုက္ခ မခံချင်ခဲ့ဘူး၊ အဖိုးအခလည်း မပေးချင်ခဲ့ဘူး။ ကိုယ့်ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေကိုပဲ အမြဲတွေးနေပြီး သက်သောင့်သက်သာရှိမှုကိုပဲ မွေ့လျော်နေခဲ့တယ်။ ဒီလိုမျိုး တာဝန်ကို ထမ်းဆောင်တာဟာ ကျွန်မ ဝတ်ကျေတမ်းကျေ လုပ်နေတာ၊ ခိုကပ်နေတာနဲ့ ပျင်းဖို့ နည်းလမ်းတွေ ရှာနေတာပါပဲ။ ကျွန်မ ထုတ်ဖော်နေခဲ့တာက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့၊ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားပါပဲ။ ဒီအရာတွေကို သဘောပေါက်သွားတော့ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ လူသစ်တွေကို ထောက်ပံ့ပေးဖို့ ကျွန်မ ရင်ထဲက မပါခဲ့ဘဲ အဲဒီအစား ခိုကပ်ပြီး ပျင်းရိနေခဲ့တယ်။ ဒါဟာ ဘုရားသခင် စက်ဆုပ်ရွံရှာတဲ့ အရာပါပဲ။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ “ဘုရားသခင်၊ မကြာသေးခင်က စုဝေးပွဲတွေကို ပုံမှန်မတက်တဲ့ လူသစ်တွေ အများကြီးရှိနေပြီး ဧဝံဂေလိအမှုဆောင်တွေ အရမ်း နည်းပါးနေပါတယ်။ သူတို့နဲ့ သမီး မိတ်သဟာယပြုပေးခဲ့ပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ကြောက်ပြီး အဖိုးအခ မပေးချင်တဲ့အတွက် သူတို့ရဲ့ တကယ့်အခက်အခဲတွေကို ဖြေရှင်းပေးဖို့ သမီး အစွမ်းကုန် မကြိုးစားခဲ့ပါဘူး။ ကိုယ့်တာဝန်အပေါ်ထားတဲ့ ဝတ်ကျေတမ်းကျေ သဘောထားကို သမီး ပြောင်းလဲဖို့ လိုလားနေပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးပါ” ပေါ့။ အဲဒီနောက်မှာ စုဝေးပွဲတွေကို ပုံမှန်မတက်တဲ့ ညီအစ်ကိုမောင်နှမတွေကို တစ်ယောက်ချင်းစီ ကျွန်မ စပြီး ထောက်ပံ့ပေးခဲ့တယ်။ ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ သူတို့ရဲ့ အခြေအနေတွေနဲ့ အခက်အခဲတချို့အတွက်ဆို ကျွန်မရဲ့ တွဲဖက်နဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်။ ပြီးတော့ လူသစ်တွေနဲ့ မိတ်သဟာယပြုပေးဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ ဒီလိုမျိုး အချိန်အတိုင်းအတာတစ်ခုအထိ လုပ်ပြီးတဲ့နောက်မှာ လူသစ်တချို့ဟာ စုဝေးပွဲတွေကို ပုံမှန် တက်လာကြပြီး တာဝန်တချို့ကိုလည်း ထမ်းဆောင်နိုင်လာကြတယ်။ လူသစ်တစ်ယောက်ဆိုရင် ဧဝံဂေလိတရားဟောတဲ့နေရာမှာ အရမ်းတက်ကြွတော့ ဧဝံဂေလိတရားဟောဖို့ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်ခိုင်းလိုက်တယ်။ တဖြည်းဖြည်းနဲ့ လူတိုင်းက ဧဝံဂေလိတရားဟောတဲ့နေရာမှာ ပိုပြီး တက်ကြွလာကြတော့ အမှုအရာတွေက အရင်ကလောက် မခက်ခဲတော့ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကိုယ့်တာဝန်မှာ အစွမ်းကုန် အားထုတ်မယ်ဆိုရင် ဘုရားသခင်ကလည်း ကျွန်မကို လမ်းပြပေးမယ်ဆိုတာကို သဘောပေါက်သွားတယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်လိုက်တော့ ကျွန်မ မပင်ပန်းတော့ဘဲ စိတ်နှလုံးထဲမှာလည်း အေးချမ်းသွားတယ်။ ဒီကိစ္စကို ကြုံတွေ့ခဲ့ရလို့ ဇာတိပကတိ သက်သာမှုမှာ မွေ့လျော်တဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်မှုတချို့ ရသွားပြီ၊ ပြီးတော့ နည်းနည်းတော့ ပြောင်းလဲသွားပြီလို့ အစက ထင်ခဲ့တာပေါ့။ ဒါပေမဲ့ တကယ့်အခြေအနေတွေနဲ့ ကြုံလာရတဲ့အခါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ ထပ်ပြီး ထုတ်ဖော်မိပြန်တယ်။

တစ်ခါကဆိုရင် ခေါင်းဆောင်က ကျွန်မကို တရားဟောသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးချင်ခဲ့တယ်။ ပြီးတော့ အသင်းတော်အတော်များများရဲ့ ဧဝံဂေလိအလုပ်ကို အဓိက တာဝန်ယူခိုင်းချင်ခဲ့တယ်။ ဒါကို ကြားရတော့ ကျွန်မ ခံစားချက်တွေ ရောထွေးသွားတယ်။ ကျွန်မရဲ့ အလုပ်ချိန်ကလည်း ပုံမှန်မရှိဘဲ အချိန်မရွေး အလုပ်ဆင်းရနိုင်တဲ့အပြင် တရားဟောသူတစ်ယောက်ရဲ့ အလုပ်ပမာဏကလည်း ပိုများမှာဆိုတော့ ကျွန်မအတွက် အားလပ်ချိန် ပိုနည်းသွားမယ်လို့ ခံစားခဲ့ရတယ်။ အထူးသဖြင့် ဧဝံဂေလိတရားဟောတာနဲ့ ဘုရားသခင်အတွက် သက်သေခံတဲ့နေရာမှာ ကျွန်မ အများကြီး အားနည်းနေသေးတာလေ။ ပိုပြီး လေ့လာသင်ယူဖို့ လိုအပ်နေသေးတော့ အဲဒီအတွက်လည်း ကျွန်မ အချိန်တွေ အများကြီး ပေးရဦမှာလေ။ ဒီအရာတွေကို တွေးမိတော့ ဒီတာဝန်ကို ကျွန်မ ခေါင်းရှောင်ချင်ခဲ့တယ်။ ကျွန်မရဲ့ အတွေးတွေကို ဖွင့်ပြောပြလိုက်တော့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ခေါင်းဆောင်က ကြားပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြခဲ့တယ်။ “ဘုရားသခင်သည် သူ၏အလုပ်ကို မည်သည့်ကာလနှင့် မည်သည့်အဆင့်တွင် လုပ်သည်ဖြစ်စေ သူသည် သူနှင့်အတူလုပ်ဆောင်ရန် လူတစ်စုကို အစဉ်အမြဲလိုအပ်ကြောင်း သင်တို့နားလည်ထားရန် လိုအပ်သည်။ ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ကြသည့် သို့မဟုတ် ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် မိမိတို့၏ ကဏ္ဍကို လုပ်ဆောင်သည့် ဤလူတို့ကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ ဘုရားသခင်သည် သူ ကြိုတင်ပြဋ္ဌာန်းထားသော လူတစ်ယောက်ချင်းစီအတွက် တာဝန်ပေးစေခိုင်းချက် ရှိပါသလော။ လူတိုင်းတွင် အထူးတာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခု ရှိကြသည်။ လူတိုင်းတွင် တာဝန်ပေးစေခိုင်းချက် တစ်ခုရှိကြသည်။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းသည့်အခါ ယင်းသည် သင်၏ ဝတ္တရားဖြစ်လာသည်။ သင်သည် ဤဝတ္တရားကို တာဝန်ယူ ထမ်းဆောင်ဖို့လိုအပ်လေသည်။ ဤကား သင့်တာဝန်ပင်။ တာဝန်ဟူသည် အဘယ်နည်း။ ယင်းသည် ဘုရားသခင်က သင့်ကိုပေးထားသည့် အထူးတာဝန်ပင်ဖြစ်သည်။ အထူးတာဝန်ဟူသည် အဘယ်နည်း။ (ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်သည် လူသား၏ အထူးတာဝန်ဖြစ်သည်။ အကြင်လူ၏ အသက်တာကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် နေထိုင်သင့်သည်။ ဤတာဝန်ပေးစေခိုင်းချက်သည် သူ၏စိတ်နှလုံးအတွင်းရှိ တစ်ခုတည်းသော အရာဖြစ်ပြီး ၎င်းတို့သည် အခြားမည်သည့် အရာအတွက်မှ အသက်မရှင်သင့်ပေ။) ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်သည် လူသား၏ အထူးတာဝန်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောပေါက်မှုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေရန်အတွက် ကမ္ဘာမြေပေါ်သို့ စေလွှတ်ခံရခြင်းဖြစ်သည်။ သင်သည် ဤအသက်တာတွင် လူမှုအဆင့်အတန်းကို တိုးတက်စေရန်၊ ဥစ္စာပေါများရန်၊ ကောင်းမွန်သော ဘဝကိုနေထိုင်ရန်၊ မိသားစုနှင့် အတူရှိခြင်းကို မွေ့လျော်ရန်နှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတွင် ပျော်ရွှင်မြူးထူးရန်တို့ကိုသာ လိုက်စားကာ သင်သည် လူမှုအဆင့်အတန်း တိုးတက်၍ သင့်မိသားစုသည် ထင်ပေါ်ကျော်ကြားလာပြီး သင်၏ မိသားစုဝင်တိုင်းသည် လုံခြုံစိတ်ချလာသော်လည်း ဘုရားသခင်က သင့်ကိုပေးအပ်ထားသည့် အထူးတာဝန်ကို သင်ဥပက္ခာပြုပါက သင်အသက်ရှင်နေထိုင်နေသော သင်၏ ဤအသက်တာသည် တန်ဖိုးတစ်စုံတစ်ရာ ရှိပါ၏လော။ သင်သေလွန်ပြီးချိန်တွင် ဘုရားသခင်ကို သင်အဘယ်သို့ အဖြေပေးမည်နည်း။ သင်အဖြေပေးနိုင်မည်မဟုတ်။ ပြီးလျှင် ဤသည်မှာ အကြီးကျယ်ဆုံးသော ပုန်ကန်မှုဖြစ်သည်။ ဤသည်မှာ အကြီးကျယ်ဆုံးသော အပြစ်ဖြစ်သည်။ ယခု သင်တို့ထဲမှ မည်သူသည် ဘုရားသခင်အိမ်တော်ရှိ သင်၏တာဝန်ကို မတော်တဆ ထမ်းဆောင်မိသည့်သူ ရှိသနည်း။ သင်၏တာဝန်ကို ထမ်းဆောင်ရန် မည်သည့်နောက်ခံအခြေအနေမှ ရောက်ရှိလာသည်ဖြစ်စေ မည်သည်ကမျှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာသည်မရှိပေ။ ဤတာဝန်သည် ယုံကြည်သူအချို့ကို ကြုံသလိုရှာဖွေပေးရုံဖြင့် ထမ်းဆောင်၍မရပေ။ ဤသည်မှာ ခေတ်များမတိုင်မီကပင် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသော အရာတစ်ခုဖြစ်ခဲ့သည်။ တစ်စုံတစ်ခုကို ကြိုတင်ပြဋ္ဌာန်းထားသည်ဆိုသည်မှာ မည်သည့်သဘောဖြစ်သနည်း။ တိတိကျကျမှာ မည်သည်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးတွင် အချိန်ကြာမြင့်စွာကပင် သင် ကမ္ဘာပေါ်သို့ အကြိမ်မည်မျှ လာရောက်မည်၊ နောက်ဆုံးသောကာလတွင် သင်သည် မည်သည့်အမျိုးအနွယ်နှင့် မည်သည့် မိသားစုထဲတွင် မွေးဖွားမည်၊ ဤမိသားစု၏ အနေအထား မည်သို့ရှိမည်၊ သင်သည် ယောက်ျား သို့မဟုတ် မိန်းမ မည်သည်ဖြစ်မည်၊ သင်၏ အားသာချက်များမှာ မည်သည့်အရာများ ဖြစ်မည်၊ သင်သည် မည်သည့်ပညာအရည်အချင်း အဆင့်ရှိမည်၊ သင်သည် မည်မျှ ရှင်းလင်းစွာ ပြောဆိုနိုင်မည်၊ သင်၏အစွမ်းအစမှာ မည်သည်ဖြစ်မည်နှင့် သင်၏ အဆင်းမှာ မည်သို့ရှိမည်တို့ကို စီစဉ်ခဲ့သည်ဟူသည့် သဘောဖြစ်သည်။ သူသည် သင်ဘုရားသခင်၏ အိမ်တော်သို့ လာရောက်ကာ သင်၏တာဝန်ကို စတင်ထမ်းဆောင်ရမည့် အသက်အရွယ်နှင့် မည်သည့်အချိန်တွင် မည်သည့်တာဝန်ကို သင်ထမ်းဆောင်ရမည်ဟူ၍လည်း စီစဉ်ခဲ့သည်။ ဘုရားသခင်က သင့်အတွက် အဆင့်တစ်ခုချင်းစီကို အစောကတည်းက ကြိုတင်ပြဋ္ဌာန်းထားသည်။ သင် မမွေးဖွားမီနှင့် သင်ရှေးလွန်ခဲ့သော ဘဝများစွာက ကမ္ဘာသို့လာခဲ့စဉ်ကပင် အမှု၏ဤနောက်ဆုံးအဆင့် အတောအတွင်းတွင် မည်သည့်တာဝန် သင်ထမ်းဆောင်ရမည်ကို ဘုရားသခင်သည် စီစဉ်ပေးထားပြီး ဖြစ်သည်။ ဤသည်မှာ ဟာသတစ်ခုမဟုတ်ပေ။ ဤနေရာတွင် သင်ဒေသနာ ကြားနာနိုင်သည်ဟူသည့်အချက်သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ယင်းကို ပေါ့ပေါ့တန်တန် မှတ်ယူရမည့်အရာ မဟုတ်။ ထို့အပြင် သင်၏ အရပ်အမောင်းကိုလည်းကောင်း၊ သင်၏ အဆင်းသဏ္ဌာန်ကိုလည်းကောင်း၊ သင့်မျက်လုံးသည် ဘယ်ပုံရှိသည်ကိုလည်းကောင်း၊ သင်၏ ကိုယ်လုံးကိုယ်ပေါက်ကိုလည်းကောင်း၊ သင့်ကျန်းမာရေး အခြေအနေကိုလည်းကောင်း၊ သင့်ဘဝအတွေ့အကြုံများမှာ မည်သည်ဖြစ်သည်နှင့် အရွယ်တစ်ခုရောက်လျှင် သင်မည်သည့် တာဝန်များကို တာဝန်ယူထမ်းဆောင်နိုင်မည်ကိုလည်းကောင်း၊ မည်သည့် အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့ သင်ပိုင်ဆိုင်ထားသည်ကိုလည်းကောင်း ယင်းတို့ကို လွန်ခဲ့သည့် ကာလများစွာကတည်းက သင့်အတွက် ဘုရားသခင်က ကြိုတင်သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ယခုမှ စီစဉ်နေခြင်း လုံးဝမဟုတ်။ ဘုရားသခင်က သင့်အတွက် ကြိုတင်သတ်မှတ်ခဲ့သည်မှာ ကြာလှပေပြီ။ ဆိုလိုသည်မှာ အကယ်၍ သူသည် သင့်ကို အသုံးပြုရန် ရည်ရွယ်လျှင် သင့်ကို ဤတာဝန်ပေးစေခိုင်းချက်နှင့် ဤအထူးတာဝန်တို့ မပေးမီကပင် သူသည် သင့်ကို ကြိုတင်ပြင်ဆင်ပေးပြီး ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ယင်းမှ ရှောင်ပြေးသွားရန်ကား သင့်အတွက် လက်ခံဖွယ်ရှိသလော။ ယင်းအတွက် စိတ်မပါလက်မပါဖြစ်ခြင်းက သင့်အတွက် လက်ခံဖွယ်ရှိသလော။ နှစ်ခုလုံး လက်ခံဖွယ်မရှိ။ ယင်းမှာ ဘုရားသခင်ကို စိတ်ပျက်စေခြင်း ဖြစ်လိမ့်မည်။ မိမိတို့၏ တာဝန်ကို သစ္စာဖောက်ခြင်းသည် လူတို့အတွက် အဆိုးဆုံးသော ပုန်ကန်မှုမျိုးဖြစ်သည်။ ယင်းမှာ အလွန်ယုတ်မာသော လုပ်ရပ်ပင် ဖြစ်သည်။ ဘုရားသခင်သည် သင်ယနေ့အထိ အသက်ရှင်ပြီး ဤအထူးတာဝန်ကို ပေးအပ်ခံရစေရန် ရှေးပဝေသဏီကတည်းက ကြိုတင်သတ်မှတ်ထားလျက် အပင်ပန်းခံ တွေးတောခဲ့သည်။ သို့ဆိုလျှင် ဤအထူးတာဝန်သည် သင်၏ဝတ္တရား မဟုတ်သလော။ ယင်းသည် သင်၏ ဤအသက်တာကို နေထိုင်ရန် တန်ဖိုးရှိစေသည့်အရာ မဟုတ်သလော။ အကယ်၍ သင်သည် ဘုရားသခင်က သင့်ကို ပေးအပ်သည့် အထူးတာဝန်ကို မပြီးဆုံးပါက အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို သင်ဆုံးရှုံးကာ သင်နေထိုင်ခဲ့သည်မှာ အချည်းနှီးကဲ့သို့ပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတစ်ယောက်ဟာ အချိန်တစ်ခုမှာ ဘယ်လိုတာဝန်ကိုပဲ ထမ်းဆောင်ရပါစေ၊ အဲဒါတွေအားလုံးက ဘုရားသခင် အမိန့်နဲ့ပြဋ္ဌာန်းထားတာဖြစ်ပြီး လူ့တာဝန်ဖြစ်တဲ့အတွက် ကျွန်မ လက်ခံသင့်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်လာခဲ့တယ်။ ဒါပေမဲ့ ကိုယ့်တာဝန်နဲ့ ရင်ဆိုင်ရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ကြောက်လို့ ရှောင်လွှဲဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ဒီနေရာမှာ ကျွန်မက ကိုယ့်တာဝန်ကို ငြင်းပယ်နေခဲ့တာဖြစ်ပြီး ကျွန်မဟာ လုံးဝကို ပုန်ကန်နေခဲ့တာပဲ။ ဘုရားသခင်က လူတွေကို သူတို့အတွက် ခက်ခဲတဲ့အရာကို လုပ်ဖို့ အတင်းအကျပ် မခိုင်းသလို သူတို့ရဲ့ စွမ်းရည်ထက်ကျော်လွန်ပြီးတော့လည်း တွန်းအားမပေးပါဘူး။ ဧဝံဂေလိတရား စဟောခါစမှာ ချို့ယွင်းချက်တွေနဲ့ မပြည့်စုံမှုတွေ ရှိတာက ပုံမှန်ပါပဲ။ လေ့ကျင့်နေတဲ့အချိန်အတွင်းမှာ နားမလည်တာတစ်ခုခုရှိရင် မေးလို့ရတာပဲလေ။ ကိုယ့်တာဝန်တွေကို တကယ် ကောင်းကောင်း ဖြည့်ဆည်းမယ်ဆိုရင် ဘုရားသခင် စိတ်တော်ကျေနပ်မှာပါ။ အရင်တုန်းက ကိုယ့်တာဝန်တွေမှာ ကျွန်မ ဘယ်လို ဝတ်ကျေတမ်းကျေ လုပ်ခဲ့လဲဆိုတာနဲ့ အဲဒါကြောင့် ကျန်ရစ်ခဲ့တဲ့ အပြစ်ရှိတဲ့ ခံစားချက်တွေကို တွေးမိတယ်။ အခု တရားဟောသူတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရလာတာက တော်တော်လေးကို မျှော်လင့်မထားတဲ့အရာပါပဲ။ ကိုယ့်ကိုယ်ကိုယ် တကယ်ကို မထိုက်တန်ဘူးလို့ ခံစားရတယ်။ ကိုယ့်တာဝန်ကို ကျွန်မ ဆက်ပြီး ခေါင်းမရှောင်နိုင်တော့ဘူး။ ဇာတိပကတိ အကျိုးစီးပွားတွေကို စွန့်လွှတ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ အလေးထားမှဖြစ်တော့မယ်။

နောက်ပိုင်း ညီအစ်မတစ်ယောက်က သူ တာဝန်ကို ဘယ်လို ခေါင်းရှောင်ချင်နေခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲဒါကို သူ ဆင်ခြင်သုံးသပ်တာတို့၊ ပိုပြီး နားလည်လာတာတို့ မရှိခဲ့တဲ့အကြောင်း ကျွန်မကို ပြောပြခဲ့တယ်။ ကျွန်မလည်း ဆင်တူအခြေအနေမျိုးမှာ ရှိခဲ့တာကို တွေးမိတယ်။ ခက်ခဲတဲ့ တာဝန်တစ်ခုနဲ့ ရင်ဆိုင်ရတိုင်း ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ပထမဆုံး ထုတ်ဖော်မိတာက အဲဒါကို ခေါင်းရှောင်ချင်တဲ့ လိုအင်ဆန္ဒနဲ့ ကိုယ့်ဇာတိပကတိကို ဆင်းရဲဒုက္ခ မခံစေချင်တဲ့လိုအင်ဆန္ဒပါပဲ။ ဘာလို့ ကျွန်မမှာ ဒီလို သရုပ်သကန်တွေ ရှိနေရတာလဲ။ ဝတ်ပြုချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်အတောက်များဟူသည်မှာ အဘယ်နည်း။ ယင်းတို့ကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက လူတိုင်းက ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက် ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ စင်စစ်အားဖြင့် မိမိတို့အတွက်သာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စာတန်ဆန်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤစာတန်ဆန်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ် လုံးလုံး ဖြစ်လာခဲ့ပြီဖြစ်သည်။ နှစ်ထောင်ချီကြာအောင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်အတောက်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း)လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အခြေအမြစ်က လူ၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ သင်၏ ဇာတိပကတိက ဖြစ်စေလိုသည့်အတိုင်း လုံးလုံးလျားလျား ဖြစ်လာသည့်အခါတွင် သင်၏အသက်ကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်သည်။ ၎င်း၏ အတွင်းထဲတွင် အစဉ်သဖြင့် လွန်ကျူးသော လိုအင်ဆန္ဒများရှိသည်။ ၎င်းသည် ကိုယ့်အတွက်သာ အစဉ်သဖြင့် တွေးသည်။ အခက်အခဲမရှိမှုကို အစဉ် လိုအင်ဆန္ဒရှိပြီး သက်သာမှုတွင် မွေ့လျော်ခံစားလိုသည်။ စိုးရိမ်ကြောင့်ကြမှုဖြစ်စေ၊ အရေးတကြီးဖြစ်သည့်စိတ်ဖြစ်စေ ကင်းမဲ့ပြီး အချည်းနှီးနေထိုင်မှုတွင် အလေလိုက်နေသည်။ သင်က ၎င်းကို အတိုင်းအတာတစ်ခုအထိ ကျေနပ်စေလျှင် ၎င်းသည် အဆုံး၌ သင့်ကို ဝါးမျိုလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ၎င်းကို ဤအကြိမ်တွင် ကျေနပ်စေလျှင် နောက်တစ်ကြိမ်တွင် ၎င်းကို နောက်တစ်ဖန် ကျေနပ်စေရန် သင့်ကို တောင်းဆိုလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒများနှင့် တောင်းဆိုမှု အသစ်တို့ အစဉ်အမြဲ ရှိပြီး ၎င်းကို ပိုမို ချစ်မြတ်နိုးလာကာ ၎င်း၏ သာယာမှုများ၌ နေစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏ အလိုဖြည့်ဆည်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မည်သည့်အခါမျှ မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာ ဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် ပုန်ကန်မှုကို သင်မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သည် ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးချယ်ခဲ့ပြီး ရှေးမဆွက ကြိုတင်သတ်မှတ်ပေးခဲ့၏။ သို့တိုင်အောင် လက်ရှိတွင် သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒမရှိပါက၊ ပြီးလျှင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး အစစ်အမှန်ဖြင့် ကိုယ့်ဇာတိပကတိကိုယ် ပုန်ကန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင် ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော ဆင်းရဲဒုက္ခကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိကို အစဉ်သဖြင့် အလေးထားနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင့်အနေဖြင့် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သူသည် သင့်ကို အသက်မရှိတောင့်အောင်၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမရှိအောင် ဖြစ်သွားစေမည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) စာတန်ရဲ့ အဆိပ်အတောက်နဲ့ အသက်ရှင်တာဟာ လူတွေကို တစ်ကိုယ်ကောင်းဆန်စေပြီး သူတို့ ဘာပဲလုပ်လုပ် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကို အရင်ဆုံး စဉ်းစားစေတယ်၊ ဒါကြောင့် ဇာတိပကတိ ဆင်းရဲဒုက္ခခံရမယ့် ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် တာဝန်တွေကို ခေါင်းရှောင်စေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာပါ။ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေကို ဖြည့်ဆည်းဖို့ အရင်ဆုံး ရှာဖွေခဲ့တယ်။ ပြီးတော့ ဒီအမြင်တွေက မှန်ကန်တယ်လို့တောင် ထင်ခဲ့ပြီး အဲဒါတွေကို လိုက်နာတာက ကျွန်မကို သူများတွေထက် ပိုပါးနပ်စေတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် တာဝန်တွေနဲ့ ကြုံရတိုင်း ကိုယ့်ဇာတိပကတိ ဆင်းရဲဒုက္ခခံရမလားဆိုတာကို အရင်ဆုံး စဉ်းစားခဲ့တယ်။ တကယ်လို့ ကိုယ့်ဇာတိပကတိက ဆင်းရဲဒုက္ခခံရမယ် ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး ဖြစ်ရမယ်ဆိုရင် အဲဒီတာဝန်တွေကို ကျွန်မ ခေါင်းရှောင်ရင်ခေါင်းရှောင်တယ် ဒါမှမဟုတ် ဝတ်ကျေတမ်းကျေ လုပ်လိုက်တယ်။ လူသစ်တွေ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေဖြစ်နေပြီး သူတို့ကို ထောက်ပံ့ပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ မိတ်သဟာယ လိုအပ်နေတဲ့အခါ၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ တွေးဖို့ အဖိုးအခ မပေးချင်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့ ကျွန်မရဲ့ မိတ်သဟာယက ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ဘဲ လူသစ်တချို့ အချိန်မီ ထောက်ပံ့မှု မရခဲ့ဘူး။ ခေါင်းဆောင်က ကျွန်မကို တရားဟောသူတစ်ယောက်ရဲ့ တာဝန်ကို ယူဖို့ စီစဉ်ပေးတဲ့အခါ တရားဟောသူတစ်ယောက်ရဲ့ အလုပ်ပမာဏက ဘယ်လောက်တောင် ပိုများမလဲ၊ ပြီးတော့ အချိန်နဲ့ အားထုတ်မှု ပိုလိုလာမှာဖြစ်တဲ့အတွက် ကျွန်မရဲ့ ဇာတိပကတိကို အလိုလိုက်လို့ မရတော့ဘူးဆိုတာတွေကို တွေးမိတယ်၊ ဒါကြောင့် ကျွန်မရဲ့ တာဝန်ကို ခေါင်းရှောင်ဖို့ ထပ်ပြီး တွေးမိပြန်တယ်။ ကျွန်မဟာ ဒီစာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေပြီး ကိုယ့်ဇာတိပကတိကို အရမ်း တွယ်တာနေတာ၊ လက်ရှိအခြေအနေနဲ့ပဲ တင်းတိမ်ရောင့်ရဲပြီး တိုးတက်ဖို့ မကြိုးစားတာ၊ ပြီးတော့ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လာတာကို မြင်တွေ့ခဲ့ရတယ်။ ဒါဟာ ပုံမှန် လူ့သဘာဝရှိတဲ့သူတစ်ယောက် အသက်ရှင်နေထိုင်သင့်တဲ့ ပုံစံမဟုတ်ဘူးလေ။ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ပြီး ကျွန်မ လုပ်နိုင်တာကို မလုပ်ခဲ့တဲ့အတွက် အကျိုးဆက်အနေနဲ့ အသင်းတော်အလုပ် နှောင့်နှေးခဲ့ရတယ်။ ကျွန်မလို လူမျိုးကို ဘုရားသခင်က စက်ဆုပ်ရွံရှာပါတယ်။ ဒါကြောင့် ကိုယ့်တာဝန်တွေအပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားကို ပြောင်းလဲချင်ပြီး ဇာတိပကတိ သက်သာမှုကို ထပ်မမက်မောချင်တော့ဘူး။ “ဘုရားသခင်၊ သမီးရဲ့ ဇာတိပကတိကို ထပ်ပြီး ကျေနပ်အောင် မလုပ်ချင်တော့ပါဘူး။ သမီးရဲ့ အခြေအနေကို ပြောင်းလဲပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့လိုလားနေပါတယ်” လို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးတစ်ယောက် လိုအပ်နေတဲ့ ဝစကားပြောတဲ့ အသင်းတော်တစ်ပါး ရှိလာတယ်။ အဲဒီအသင်းတော်က အလုပ်ကို ကျွန်မ နောက်ဆက်တွဲလုပ်ဖို့ ညီအစ်မတစ်ယောက်က အကြံပြုခဲ့တယ်။ ဒီအကြံပြုချက်ကို စကြားရချင်းမှာ ကျွန်မ ခေါင်းရှောင်ချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဝစကားပြောတဲ့ အသင်းတော်ကို တာဝန်ယူရတာက အချိန်နဲ့ ဇာတိပကတိ ဆင်းရဲဒုက္ခ အများကြီး လိုအပ်မှာမို့လို့ပါ။ ပြီးတော့ ကျွန်မက ဝလူမျိုးဖြစ်ပေမဲ့ ဝစကားကို မပြောတတ်ဘူး၊ နေ့စဉ်သုံး အခြေခံစကားလောက်ပဲ နားလည်တာလေ။ ကြီးကြပ်ရေးမှူးဖြစ်လာရင် အခက်အခဲတွေ အများကြီးရှိမှာဖြစ်ပြီး စကားသင်ဖို့လည်း အားမထုတ်ချင်ခဲ့ဘူး။ ဒါကြောင့် နောက်တစ်ကြိမ် ကျွန်မရဲ့တာဝန်ကို ခေါင်းရှောင်ဖို့ တွေးမိပြန်တယ်။ ကျွန်မရဲ့ အခြေအနေက မှားယွင်းနေတယ်ဆိုတာ သဘောပေါက်တော့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့နဲ့ ဒီတာဝန်ကို လက်ခံဖို့ သမီးရဲ့ ဇာတိပကတိကို ပုန်ကန်ဖို့အတွက် ကျေးဇူးပြုပြီး သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ နောက်တော့ ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဆီ ပို့ပေးခဲ့တယ်။ “သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့) ကျွန်မတို့ရဲ့ တာဝန်တွေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ပိုပြီး အလေးထားလေလေ၊ သူက ကျွန်မတို့အပေါ် ဝန်ထုပ်ဝန်ပိုးတွေ ပိုချပေးလေလေပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်ခဲ့တယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝန်တာထားတဲ့စိတ် တစ်ခု ဖြစ်ပေါ်လာပြီး ဒီလိုနည်းနဲ့ ကျွန်မတို့ရဲ့ တာဝန်တွေမှာ စိတ်ပါလက်ပါနဲ့ စိတ်နှစ်မြှုပ်လာမှာပါပဲ။ ကျွန်မတို့ ကြုံတွေ့ရတဲ့ ကိစ္စအမျိုးမျိုးမှာ သမ္မာတရားကို ရှာဖွေခြင်းခြင်းကနေ ကျွန်မတို့ရဲ့ အသက်တာမှာ ပိုမြန်မြန် ကြီးထွားလာမှာပဲလေ။ ဒါကို စိတ်ထဲမှတ်ထားပြီး ဝစကားပြောတဲ့ အသင်းတော်ကို ကြီးကြပ်ဖို့ ညီအစ်မရဲ့ အကြံပြုချက်ကို ကျွန်မ လက်ခံလိုက်တယ်။ အစပိုင်း အလုပ်စလုပ်တုန်းကတော့ ခက်ခဲတယ်လို့ ထင်ခဲ့ပေမဲ့ အသင်းတော်က ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကျွန်မရဲ့ တာဝန်တွေက သိပ်မခက်ခဲတော့ဘူးလို့ ခံစားလာရတယ်။ ဘုရားသခင်ကို အရမ်းကျေးဇူးတင်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရတာက ကျွန်မကို ပိုပြီး စိတ်အေးချမ်းစေခဲ့တယ်။

ဒီအတွေ့အကြုံတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဇာတိပကတိ သက်သာမှုမှာ မွေ့လျော်တာဟာ ကိုယ့်တာဝန်တွေအတွက် ဝန်တာထားတဲ့စိတ်ကို ဆုံးရှုံးစေပြီး ဆင်းရဲဒုက္ခခံဖို့ လိုအပ်တဲ့ ခက်ခဲတဲ့ တာဝန်တွေကို ခေါင်းရှောင်စေတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုမှာ ဆက်မွေ့လျော်နေပြီး ကိုယ့်ဇာတိပကတိကို မပုန်ကန်ဘူးဆိုရင် နောက်ဆုံးမှာ ကိုယ့်တာဝန်တွေကို ဆုံးရှုံးပြီး ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေမှာပါပဲ။ ဇာတိပကတိ အကျိုးစီးပွားတွေကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်တွေကို လက်ခံလိုက်တဲ့အခါ၊ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်လာတဲ့အခါ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်ရတာ ပိုပြီး စိတ်အေးချမ်းတယ်လို့ ခံစားရပြီး တိုးတက်မှုလည်း ပိုမြန်လာခဲ့ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဘာကြောင့် သူများတွေကို အမြဲတမ်းမှီခိုနေရတာလဲ

ဝူနန်၊ တရုတ်ပြည်၂၀၂၃ မေလမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ခေါင်းဆောင်ဆိုတာဟာ အလုပ်ရဲ့ ကဏ္ဍပေါင်းစုံအတွက်...

နာကျင်ဖွယ် ကျရှုံးမှုမှ ရရှိခဲ့သော သင်ခန်းစာများ

ဂါဘရီအယ်လ်လာ၊ အီတလီ၂၀၁၄ ခုနှစ်မှာ ကျွန်မ အသင်းတော်မှာ သရုပ်ဆောင်တာဝန်ကို စပြီးထမ်းဆောင်ခဲ့တယ်။ သရုပ်ဆောင်တာနဲ့ ကိုယ့်ရဲ့အရည်အချင်း...

ဉာဏ်များပြီး စိတ်မချရခြင်းက ကိုယ့်တာဝန်ကို ကောင်းစွာမထမ်းဆောင်နိုင်စေရန် တားဆီးသည်

လင်ဒါ၊ အီတလီ၂၀၂၀ ပြည့်နှစ်မှာ အနုပညာနဲ့ ဒီဇိုင်းပိုင်းက အလုပ်ကို ခေါင်းဆောင်တွေက ကျွန်မကို တာဝန်ယူခိုင်းခဲ့တယ်။ အစပိုင်းမှာ ခေါင်းဆောင်တွေက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။