ကိုယ်စိတ်ချမ်းသာမှုကို တပ်မက်ခြင်း၏ အကျိုးဆက်များ
ချစ်လှစွာသော လင်းရီ၊အစ်မရဲ့စာကို ကျွန်မ ရပါတယ်။ အချိန်ကုန်တာ သိပ်မြန်တာပဲ။ မျက်စိတစ်မှိတ်မှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၀ခုနှစ်၊ နိုဝင်ဘာလတုန်းက အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ တာဝန်ထမ်းဆောင်နေပြီးတော့ အသစ်ရွေးကောက်ခံရတဲ့ ညီအစ်မဝမ်ချန်နဲ့ တွဲလုပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အသင်းတော်က စီစီပီရဲ့ ဖမ်းဆီးမှုတွေကို ရင်ဆိုင်နေရတယ်၊ ညီအစ်ကိုမောင်နှမတချို့ ဖမ်းခံထားရပြီးတော့ ကိုင်တွယ်ဖို့လိုတဲ့ နောက်ဆက်တွဲအလုပ် ရှိခဲ့တယ်။ ဒီကိစ္စကြောင့်ပဲ ကျွန်မ နေ့တိုင်း အရမ်းအလုပ်များခဲ့တယ်။ ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်းက သိပ်မရှိသလို ကျန်းမာရေးကလည်း သိပ်မကောင်းတော့၊ တော်တော်လေး ဖိအားများတယ်လို့ ခံစားရတယ်။ တွေးမိတာက “ငါ့အလုပ်လုပ်နှုန်းနဲ့ နေ့တိုင်း ပြီးအောင်လုပ်ရမဲ့ ဒီအလုပ်တာဝန်တွေနဲ့ဆိုရင် ဒါတွေအားလုံးက အချိန်နဲ့ အားအင် ဘယ်လောက်လိုမှာလဲ။ ငါ့ခန္ဓာကိုယ်ကလည်း အားနည်းနေတာ၊ ဒီပုံစံအတိုင်း ရေရှည် ဆက်လုပ်နိုင်ပါ့မလား” လို့ပေါ့။ ဒီလိုတွေးပြီးတော့ ကိုယ့်တာဝန်တွေကို ကျွန်မ ဝတ်ကျေတမ်းကျေ စလုပ်လာတယ်၊ ပြီးတော့ ကျွန်မ ဂရုစိုက်သင့်တဲ့ အလုပ်တာဝန်တွေအပေါ်မှာ သိပ်အားမစိုက်တော့ဘူး။ ကျွန်မက အဓိကအားဖြင့် ဧဝံဂေလိအလုပ်နဲ့ ရေလောင်းတဲ့အလုပ်အတွက် တာဝန်ယူရတယ်။ အဲဒီအချိန်တုန်းက ဧဝံဂေလိအမှုဆောင်တွေနဲ့ ရေလောင်းသူတွေကို ကျွန်မတို့ ပျိုးထောင်ပေးဖို့ လိုနေခဲ့တာ။ ဒီအလုပ်ကို အရေးတကြီး အကောင်အထည်ဖော်ဖို့ လိုမှန်း ကျွန်မ သိပေမဲ့ သင့်တော်တဲ့ အမှုဆောင်ကို ရှာဖို့လိုပြီး၊ သူတို့ကို ထိထိရောက်ရောက် မိတ်သဟာယဖွဲ့ပြီး လေ့ကျင့်ပေးဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကိုပါ စဉ်းစားရတာတွေက အားထုတ်မှုနဲ့ အင်အားတွေ အများကြီးလိုတာကြောင့် အသေးစိတ်ကို ကျွန်မ မလိုက်တော့ဘဲ ဧဝံဂေလိနဲ့ ရေလောင်းတဲ့ သင်းထောက်တွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်တယ်။ တစ်ခါတော့ အလုပ်အစီရင်ခံတဲ့အခါ လမ်းလွဲတာတွေ၊ ပြဿနာတွေတချို့ကို ကျွန်မ သတိထားမိတယ်။ အလုပ်မနှောင့်နှေးစေဖို့အတွက် အမြန် မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းရမယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုစီအတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတွေနဲ့ ဖြေရှင်းနည်းတွေကို ရှာတာက အချိန်နဲ့အားထုတ်မှု အများကြီးလိုမယ်လို့ တွေးမိတဲ့အခါ ကျွန်မ စိတ်ဖိစီးပြီး ရင်မဆိုင်ချင်ခဲ့ဘူး။ အဲဒီအစား လုပ်ဖို့ ပိုလွယ်တဲ့ အလုပ်တာဝန်တွေကိုပဲ ရွေးလုပ်လိုက်တယ်။ နောက်ပိုင်းမှာ ဝမ်ချန်က ဒီပြဿနာတွေကို သတိပြုမိပြီး သူ့ဘက်ကစပြီး မိတ်သဟာယဖွဲ့ ဖြေရှင်းပေးခဲ့ပြီး နှောင့်နှေးတာတွေ တားဆီးခဲ့တယ်။ လူတွေကို ရှင်းလင်းပစ်ဖို့အတွက် အချက်အလက်တချို့ကို ကျွန်မ စစ်ဆေးပေးဖို့ လိုအပ်တဲ့ သန့်စင်ခြင်း အလုပ်လည်း ရှိပေမဲ့ ကျွန်မက ဒုက္ခမခံချင်တော့ ရတဲ့အခါတိုင်း အချိန်ဆွဲခဲ့တယ်။ တစ်ခါတလေ အချက်အလက်တွေ များနေတဲ့အခါ ကျွန်မက အင်အားသိပ်မစိုက်ချင်ဘူး၊ သေချာပြန်မစစ်ချင်ဘူး။ တစ်ခါဆို ရှင်းလင်းပစ်ဖို့ စံသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ လူတစ်ယောက်ကိုတောင် ကျွန်မ ရှင်းလင်းပစ်လုနီးပါး ဖြစ်ခဲ့တယ်။ အလုပ်တစ်ခုတည်းရှိတဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေက အလုပ်မများတာ၊ အပင်ပန်းမခံရတာကို မြင်တဲ့အခါ ကျွန်မ အားကျမိတယ်။ ခေါင်းဆောင်ဖြစ်ရတာ အရမ်းပင်ပန်းပြီး အလုပ်ရှုပ်လွန်းတယ်၊ ကျွန်မ လုံးဝ ခြေကုန်လက်ပန်းကျသွားရင် ဘယ်လိုလုပ်မလဲလို့ တွေးမိတယ်။ အထူးသဖြင့် အခက်အခဲတွေ တိုးလာတဲ့အခါ ကျွန်မ ပိုသည်းမခံနိုင်ဖြစ်ပြီး ဒီအလုပ်တာဝန်တွေကနေ ထွက်ပြေးချင်ခဲ့တယ်။ ဖြုတ်ချခံရတဲ့သူတွေက အိမ်မှာ ဝတ်ပြုဆုတောင်းတာတွေ လုပ်နိုင်တာကို တွေ့တော့ ကျွန်မလည်း ဘယ်တော့ အိမ်မှာ အနားယူနိုင်မလဲလို့ တွေးမိတယ်။ အဲဒါဆိုရင် ဒီကိစ္စတွေအကြောင်း တွေးစရာ မလိုတော့ဘူး၊ ဒီဒုက္ခကို ခံစရာ မလိုတော့ဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ အသင်းတော်အလုပ်အတွက် တာဝန်ယူရတာ ကျွန်မတို့နှစ်ယောက်တည်း ရှိတယ်ဆိုတာ၊ ဝမ်ချန်ကလည်း ရွေးကောက်ခံရကာစပဲ ရှိသေးတယ်ဆိုတာနဲ့၊ လုပ်ဖို့လိုတဲ့ အလုပ်အရမ်းများတယ်ဆိုတာတွေကို တွေးမိတယ်။ ကိုယ့်တာဝန်တွေကို မလုပ်တော့ဘူးလို့ ပြောလိုက်ရင် အဲဒါက ကျွန်မမှာ အသိစိတ်မရှိတာကို ပြရာရောက်မှာပေါ့။ ဒါကို တွေးမိတော့ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ ဒါပေမဲ့ အလုပ်ဖိအား များလာတဲ့အခါ ကျွန်မက ကိုယ့်ဇာတိပကတိကို အနိုင်မယူနိုင်သေးသလို၊ ကိုယ့်တာဝန်တွေကို မလုပ်ချင်ဖြစ်မိတုန်းပဲ။ ညီအစ်မတစ်ယောက်က ကျွန်မ တာဝန်မှာ အရမ်း မတက်မကြွဖြစ်နေတာကို တွေ့တော့ ကျွန်မမှာ ဝန်တာထားတဲ့စိတ်မရှိဘဲ ဇာတိပကတိကို ငဲ့ကွက်နေတယ်လို့ ထောက်ပြတယ်။ ကိုယ့်တာဝန်ကို ဒီလိုသဘောမထားသင့်ဘူးလို့ တွေးမိပြီး ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်ရတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ မသိလိုက်ဘာသာ ဇာတိပကတိထဲမှာပဲ အသက်ရှင်နေမိတုန်းပဲ။ ဒီတာဝန်က အရမ်းနာကျင်စရာကောင်းပြီး ပင်ပန်းတယ်လို့ ခံစားရတယ်။
နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ကျွန်မကို တိုင်ကြားလိုက်တယ်၊ အထက်ခေါင်းဆောင်ပိုင်းက အခြေအနေကို စစ်ဆေးအတည်ပြုပြီးတဲ့နောက် ကျွန်မရဲ့ တစ်လျှောက်လုံး အပြုအမူအပေါ် မူတည်ပြီး တာဝန်ကနေ ဖြုတ်ချလိုက်တယ်။ ခေါင်းဆောင်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြခဲ့တယ်။ “လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားများကို သူ့အား မပေးပါက၊ ၎င်းတို့၏ နှလုံးသားများသည် သူနှင့်အတူ မရှိသကဲ့သို့ သူ၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ ဝန်ထုပ်ဝန်ပိုးကဲ့သို့ ၎င်းတို့ သဘောမထားပါက သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်စစ်စစ်ဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို ရမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သောသူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ထိုသူသည် ဘုရားသခင်၏အလုပ်အတွက် အဖြည့်ခံတစ်ဦးအဖြစ်သာ အစေခံနိုင်သည်။ ဤလူတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အဆင်တန်ဆာများကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် လူအရေအတွက် များရန် အစားထိုးပေးသောသူများ သလိုပြီး အမှိုက်များဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အသုံးမချပေ။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့၌ အလုပ်လုပ်ဖို့ ဖြစ်နိုင်စရာအကြောင်း မရှိရုံမကဘဲ ၎င်းတို့ကို စုံလင်စေခြင်းတွင်လည်း အကျိုးမရှိပေ။ ဤလူအမျိုးအစားသည် လမ်းလျှောက်နေသော အလောင်းကောင်သဖွယ်ဖြစ်သည်။ ၎င်းတို့၏ မည်သည့်အပိုင်းကိုမျှ သန့်ရှင်းသောဝိညာဉ်တော်က အသုံးမပြုနိုင်ပေ။ ၎င်းတို့သည် စာတန်၏ အုပ်စိုးခြင်းနှင့် နက်ရှိုင်းစွာ ဖျက်ဆီးခြင်းတို့ကို လုံးလုံးလျားလျား ခံထားရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ဖယ်ရှားရှင်းလင်းလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏) “အဖြည့်ခံ”၊ “အဆင်တန်ဆာ” နဲ့ “အမှိုက်” ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးပြီး ဘုရားသခင် ဖော်ထုတ်ထားတာကို မြင်တော့ ကျွန်မ တကယ်ကို ထိခိုက်နာကျင်ပြီး စိတ်ဆင်းရဲရတယ်။ ခေါင်းဆောင်ဖြစ်လာကတည်းက ကျွန်မက ကိုယ့်တာဝန်တွေကို စိတ်နှလုံးထဲကနေ လက်မခံခဲ့ဘူး။ ဇာတိပကတိကိုပဲ အမြဲ အလေးထားပြီးတော့ တိကျတဲ့ အလုပ်တာဝန်တွေအများကြီးကို လျစ်လျူရှုထားခဲ့တယ်။ ကျွန်မက အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု လုံးဝမရှိတဲ့ အမည်ခံ ခေါင်းဆောင်တစ်ယောက်ပဲ ဖြစ်ခဲ့တယ်။ တကယ့်အလုပ်မှာ မပါဝင်တဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၊ အမှိုက်တစ်ခု ဖြစ်မှန်း ကျွန်မ မြင်လာတယ်။ ကျွန်မက တာဝန်တွေကို လက်ခံခဲ့ပေမဲ့ တာဝန်မဲ့ခဲ့တယ်။ ဒုက္ခဆင်းရဲနဲ့ ပင်ပန်းနွမ်းနယ်မှုတွေအကြောင်း အမြဲ ညည်းညူပြီးတော့ အပင်ပန်းခံချင်စိတ်မရှိဘူး။ အလုပ်တွေ များလာတဲ့အခါမှာလည်း ကျွန်မက အတိုက်အခံလုပ်ချင်စိတ် ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေကို မဖြည့်ဆည်းခဲ့သလို ကိုယ့်တာဝန်တွေကိုလည်း ကောင်းကောင်း မထမ်းဆောင်ခဲ့ဘူး။ ဒါက အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့ ဆက်ဆံပုံက ဘုရားသခင်ကို သစ္စာဖောက်တာ၊ ဘုရားသခင်ကို ဆန့်ကျင်နေတာပဲ။ ဖြုတ်ချခံရတဲ့သူတွေကိုတောင် ကျွန်မ အားကျခဲ့တယ်။ ငါသာ ဖြုတ်ချခံရရင် ဒီလောက် အလုပ်များစရာ လိုမှာမဟုတ်ဘူးလို့ တွေးမိတယ်။ အခုတော့ ကျွန်မ ဆန္ဒပြည့်သွားပြီ、 အခု ဖြုတ်ချခံလိုက်ရပြီဆိုတော့ ကျွန်မ အိမ်မှာနေပြီး ဇာတိပကတိ ဒုက္ခမခံရတော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်မစိတ်နှလုံးက အမှောင်ကျနေတယ်။ ဘုရားသခင်က ကျွန်မကို ဘေးဖယ်ထားပြီး ကျွန်မကို စွန့်ပစ်တော့မယ်လို့ ခံစားရတဲ့အပြင် ကျွန်မ အရမ်းကို စိတ်မသက်မသာခံစားရတယ်။ အဲဒီအချိန်မှာ ကျွန်မ စပြီး ကြောက်လာပြီး ဘုရားသခင်ဆီ ပြန်လှည့်ပြန်ချင်စိတ် ဖြစ်မိတယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စားသောက်ရမဲ့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေရင်းနဲ့ ကျွန်မကို အရမ်း တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် တာဝန်ယူစိတ် အမှန်တကယ် ရှိလျှင် ယင်းမှာ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိကြောင်း ပြလေသည်။ တာဝန်က မည်မျှကြီးသည်၊ ငယ်သည်ဖြစ်စေ၊ မည်သူက သင့်အား ထိုတာဝန်ကို ချပေးသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သင့်ကို အပ်နှံသည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က သင့်ကို တာဝန်ချပေးသည်ဖြစ်စေ သင်၏ သဘောထားက ‘ငါ့ကို ဒီတာဝန် ချပေးတဲ့အတွက် အဲဒါဟာ ဘုရားရဲ့ ချီးမြှောက်ခြင်း၊ ကျေးဇူးတော်ပဲ။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ကောင်းကောင်းလုပ်သင့်တယ်။ ငါက သာမန်အစွမ်းအစ ရှိပေမဲ့ ဒီတာဝန်ကို ယူပြီး ကောင်းကောင်းလုပ်ဖို့ အစွမ်းကုန်လုပ်ချင်စိတ်ရှိတယ်။ ငါလုပ်တာ မကောင်းရင် တာဝန်ခံသင့်တယ်။ ငါလုပ်တာကောင်းရင် ဒါဟာ ငါ့အတွက် နာမည်ကောင်း ရဖို့ မဟုတ်ဘူး။ ဒါ ငါလုပ်သင့်တဲ့အရာပဲ’ ဟူ၍ ဖြစ်သင့်သည်။ မိမိတာဝန်အပေါ် သဘောထားသည့်ပုံစံသည် စည်းမျဉ်းနှင့်ဆိုင်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ သင်သည် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိပြီး တာဝန်သိတတ်သောသူဖြစ်လျှင် အသင်းတော်အလုပ်ကို တာဝန်ယူနိုင်မည်ဖြစ်ပြီး သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏တာဝန်ကို ပေါ့ပေါ့တန်တန် မှတ်ယူပါက ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ အမြင်သည် မမှန်ကန်ပေ။ ဘုရားသခင်နှင့် သင်၏တာဝန်အပေါ် သင်၏ သဘောထားတွင် ပြဿနာရှိပေသည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏အမြင်မှာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ရန်နှင့် အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားရန်သာ ဖြစ်ပြီး ယင်းသည် သင်လုပ်ဆောင်လိုသည့်အရာဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင် ကျွမ်းကျင်သည့်အရာဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင်သည် တော်စွလျော်စွ ကြုံရာကျပန်းလုပ်သည့် သဘောထားဖြင့် အမြဲချဉ်းကပ်သည်။ ထို့ကြောင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ဘဲ အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် မထိုက်တန်ပေ။ ထို့အပြင် အလွန် တဲ့တိုးပြောရလျှင် သင်တို့ကဲ့သို့ လူများသည် အသုံးမကျသူများ၊ မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိဖို့ သေချာပြီး အသုံးမကျသော လူများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) “ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်လက်တွေ့ကျသည့် အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် မွေ့လျော်ခံစားရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မထိုက်တန်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်တွေက လူနှစ်မျိုးအကြောင်းနဲ့ သူတို့တာဝန်တွေအပေါ်ထားတဲ့ မတူညီတဲ့ သဘောထားတွေကို ဖော်ပြထားတယ်။ တစ်မျိုးက သူတို့ရဲ့ အစွမ်းအစကို အလေးမထားဘူး။ သူ့ရဲ့ စိတ်နေစိတ်ထားကို အရင်ပြင်ပြီး သူတို့ တာဝန်တွေကို စိတ်နှလုံးထဲ ထည့်ထားကြတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ပူးပေါင်းဆောင်ရွက်ပြီး သူတို့တာဝန်တွေကို ထမ်းဆောင်ဖို့ အကောင်းဆုံး လုပ်ကြတယ်။ ဒါက လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်ပဲ။ နောက်တစ်မျိုးကတော့ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားဖို့ပဲ သိတယ်။ သူတို့က ဘာဒုက္ခမှ မခံချင်ကြဘူး။ အလုပ်များလာတဲ့အခါ၊ ပင်ပန်းလာတဲ့အခါ သူတို့က ထွက်ပြေးပြီး ခိုကပ်ချင်ကြတယ်။ ဒီလိုလူတွေက အစွမ်းအစရှိရင်တောင်မှ သူတို့တာဝန်တွေကို ကောင်းကောင်း မလုပ်နိုင်ကြသေးဘူး။ ဒီပုဂ္ဂိုလ်တွေမှာ ကိုယ်ကျင့်စရိုက် ပြဿနာတွေ ရှိတယ်၊ ဘာမှ လုပ်နိုင်စွမ်း မရှိဘူး၊ အမှိုက်တွေပဲ ဖြစ်တယ်။ ပြီးတော့ သူတို့ဟာ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတာ ခံရလိမ့်မယ်။ ဒါနဲ့ ကိုယ့်အပြုအမူကို ယှဉ်ကြည့်လိုက်တော့ ကျွန်မက ဘုရားသခင် ဖော်ထုတ်ထားတဲ့ ပျင်းတဲ့လူတွေထဲက တစ်ယောက်ဖြစ်ပြီး အမှိုက်ဖြစ်မှန်း မြင်ခဲ့ရတယ်။ ခေါင်းဆောင်ဖြစ်လာကတည်းက အလုပ်ဖိအားများလာပြီး အားထုတ်မှုနဲ့ စွန့်လွှတ်စတေးဖို့ လိုအပ်လာတဲ့အခါ ကျွန်မ သည်းမခံနိုင်ဖြစ်လာတယ်၊ ညည်းညူပြီး ကိုယ့်ခန္ဓာကိုယ် ခြေကုန်လက်ပန်းကျမှာကို စိုးရိမ်ခဲ့တယ်။ ကိုယ့်တာဝန်တွေအပေါ် ဝတ်ကျေတမ်းကျေ သဘောထားကို လက်ခံကျင့်သုံးပြီး တတ်နိုင်သမျှ အချိန်ဆွဲခဲ့တယ်။ ကျွန်မ အဓိက တာဝန်ယူရတဲ့ ဧဝံဂေလိအလုပ်နဲ့ ရေလောင်းတဲ့အလုပ်အတွက် ဝန်တာထားတဲ့စိတ်、 ဒါမှမဟုတ် တာဝန်သိစိတ် လုံးဝ မရှိခဲ့သလို ဧဝံဂေလိအမှုဆောင်တွေနဲ့ ရေလောင်းသူတွေကို ပျိုးထောင်တဲ့အလုပ်ကိုလည်း လိုက်မလုပ်ခဲ့ဘူး၊ အကောင်အထည် မဖော်ခဲ့ဘူး။ ဒါက ဧဝံဂေလိအလုပ်ရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ အလုပ်အစီရင်ခံတဲ့အခါ ကျွန်မတွေ့ရတဲ့ ပြဿနာတွေကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းဖို့အတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတွေကို ရှာဖွေဖို့ ကျွန်မ ဒုက္ခအဖြစ်မခံနိုင်ခဲ့ဘူး။ အသင်းတော်ရဲ့ သန့်စင်ခြင်းအလုပ်မှာ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း ကျွန်မ တာဝန်မသိတတ်ခဲ့ဘဲ ဇာတိပကတိကို အလေးထားခဲ့တယ်။ လူတွေကို ရှင်းလင်းပစ်ဖို့အတွက် အချက်အလက်တွေကို သေချာ မစစ်ဆေးခဲ့တဲ့အတွက် မရှင်းလင်းပစ်သင့်တဲ့ လူတစ်ယောက်ကို ကျွန်မ ရှင်းလင်းပစ်လုနီးပါး ဖြစ်ခဲ့တယ်။ တာဝန်တွေမှာ ကျွန်မရဲ့ တစ်လျှောက်လုံး အပြုအမူအပေါ် မူတည်ပြီး ကြည့်ရင် ကျွန်မဟာ ကိုယ်ကျင့်စရိုက် ပြဿနာရှိတယ်လို့ ဘုရားသခင် ဖော်ထုတ်ထားတဲ့ လူစားမျိုးပါပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ အလေးမထားခဲ့ဘူး၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို မထိန်းသိမ်းခဲ့ဘူး။ ပြီးတော့ ကျွန်မက လက်တွေ့အလုပ်မှာ မပါဝင်တဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်တွေ ဘယ်လောက် အလုပ်များပါစေ၊ အလုပ်က ဘယ်လောက် အရေးကြီးပါစေ ကျွန်မက ကိုယ့်ဇာတိပကတိကိုပဲ ဖြည့်ဆည်းချင်ခဲ့တယ်။ ပုံမှန်ထက် အလုပ်နည်းနည်း ပိုများရင် ကျွန်မ ညည်းညူပြီး မကျေမနပ် ပြောဆိုတယ်။ ကိုယ့်တာဝန်တွေကို ခေါင်းရှောင်ဖို့အတွက် ကျန်းမာရေး မကောင်းတာကို အကြောင်းပြချက်အဖြစ် သုံးလေ့ရှိတယ်။ နောက်ဆုံးတော့ ကျွန်မက ကိုယ့်တာဝန်တွေကို တစ်ခုမှ မဖြည့်ဆည်းခဲ့ဘဲ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ အလုပ်လုပ်ပေးဖို့ ကျွန်မရဲ့ ကြိုးပမ်းအားထုတ်မှုတွေကတောင် စံနှုန်းမမီခဲ့ပါဘူး။ ကျွန်မ ကျန်းမာရေး သိပ်မကောင်းပေမဲ့ ဆိုးရွားတဲ့ ရောဂါတစ်ခုမှ မရှိခဲ့ဘူး။ ကိုယ့်တာဝန်မှာ စိတ်ထည့်ထားမယ်ဆိုရင် ကျွန်မ လုပ်နိုင်ပါတယ်။ အရင် ကိုယ့်တာဝန်တွေမှာ စိတ်သဘောထား မှန်ကန်ခဲ့တုန်းက ခက်ခဲတဲ့ အခြေအနေတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဘုရားသခင်ကို ကျွန်မ မှီခိုနိုင်ခဲ့တယ်၊ အလုပ်ထဲက ပြဿနာတချို့ကို ဖြေရှင်းနိုင်ပြီး ပြဿနာတွေကို တိတိကျကျ အကဲဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဇာတိပကတိကို အလေးထားတဲ့ အခြေအနေမှာ ကျွန်မ အသက်ရှင်ခဲ့တယ်၊ အားထုတ်ဖို့နဲ့ အနစ်နာခံဖို့ လိုအပ်တဲ့ အလုပ်တာဝန်တွေနဲ့ ကြုံရတဲ့အခါ ကျွန်မ ရှောင်လွှဲချင်ခဲ့တယ်။ ကျွန်မ လုပ်ရမဲ့ အလုပ်တာဝန်တွေကို မလုပ်ဆောင်ခဲ့ဘူး၊ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ ဝိညာဉ်က ပိုပိုပြီး ထုံထိုင်းလာတယ်။ ပြဿနာတွေကို မဖော်ထုတ်နိုင်ရုံမက အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ဘုရားသခင်က ညီအစ်ကိုမောင်နှမတွေကို အသုံးပြုပြီး ကျွန်မကို တိုင်ကြားစေခဲ့တယ်၊ နောက်ဆုံးမှာ ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ထုတ်ဖော်ပြသလိုက်တာပဲ။ ကျွန်မရဲ့ တည်ကြည်မှုနဲ့ သိက္ခာကို လုံးဝ ဆုံးရှုံးခဲ့ရပြီ။ လူတွေက ကျွန်မကို မနှစ်သက်ကြဘူး၊ ဘုရားသခင်က ကျွန်မကို မျက်နှာသာမပေးဘူး။ ကျွန်မ လုပ်နိုင်စွမ်းရှိတဲ့ တာဝန်တွေကိုတောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်မက တကယ်ကို အမှိုက်သရိုက်နဲ့ မယုံကြည်ရတဲ့ လူတစ်ယောက် ဖြစ်ခဲ့တယ်။
အဲဒီနောက် ကျွန်မ ဆက်ပြီး ရှာဖွေခဲ့တယ်။ “ငါ ဘာလို့ အမြဲတမ်း သက်သောင့်သက်သာရှိတာကို မွေ့လျော်ပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း မလုပ်နိုင်ရတာလဲ။ ကိုယ့်ဇာတိပကတိကို အလွန်အကျွံ အလေးထားနေရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်။ တစ်နေ့မှာ ဒီပြဿနာရဲ့ အရင်းအမြစ်ကို ရှာတွေ့ဖို့ ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) “ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ဒေါသထွက်သည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို ပုန်ကန်သည်အထိ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်မှုကို မွေ့လျော်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မထောက်ထားဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး ‘ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း’ ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အာသာဆန္ဒပြေစေပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။...လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အခြေအမြစ်က လူ၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ သင်၏ ဇာတိပကတိက ဖြစ်စေလိုသည့်အတိုင်း လုံးလုံးလျားလျား ဖြစ်လာသည့်အခါတွင် သင်၏အသက်ကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်သည်။ ၎င်း၏ အတွင်းထဲတွင် အစဉ်သဖြင့် လွန်ကျူးသော လိုအင်ဆန္ဒများရှိသည်။ ၎င်းသည် ကိုယ့်အတွက်သာ အစဉ်သဖြင့် တွေးသည်။ အခက်အခဲမရှိမှုကို အစဉ် လိုအင်ဆန္ဒရှိပြီး သက်သာမှုတွင် မွေ့လျော်ခံစားလိုသည်။ စိုးရိမ်ကြောင့်ကြမှုဖြစ်စေ၊ အရေးတကြီးဖြစ်သည့်စိတ်ဖြစ်စေ ကင်းမဲ့ပြီး အချည်းနှီးနေထိုင်မှုတွင် အလေလိုက်နေသည်။ သင်က ၎င်းကို အတိုင်းအတာတစ်ခုအထိ ကျေနပ်စေလျှင် ၎င်းသည် အဆုံး၌ သင့်ကို ဝါးမျိုလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ၎င်းကို ဤအကြိမ်တွင် ကျေနပ်စေလျှင် နောက်တစ်ကြိမ်တွင် ၎င်းကို နောက်တစ်ဖန် ကျေနပ်စေရန် သင့်ကို တောင်းဆိုလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒများနှင့် တောင်းဆိုမှု အသစ်တို့ အစဉ်အမြဲ ရှိပြီး ၎င်းကို ပိုမို ချစ်မြတ်နိုးလာကာ ၎င်း၏ သာယာမှုများ၌ နေစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏ အလိုဖြည့်ဆည်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မည်သည့်အခါမျှ မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ဇာတိပကတိကို အလေးထားပြီး အဲဒီလို အကျင့်ပျက်တဲ့နည်းနဲ့ အသက်ရှင်ခဲ့ရတဲ့ အကြောင်းရင်းက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေ ကျွန်မထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလို့ပဲ။ ဇာတိပကတိ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားတာက ကျွန်မရဲ့ ဘဝပန်းတိုင်လို့ မှတ်ယူခဲ့တယ်၊ အသက်ရှင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံပြီး ဇာတိပကတိကို သက်တောင့်သက်သာ နေခွင့်ပေးတာလို့ ထင်ခဲ့တယ်။ ကိုယ့်တာဝန်တွေမှာ ဖိအားတချို့ ပါဝင်လာပြီး ပိုစဉ်းစားဖို့ လိုအပ်လာတဲ့အခါ ကျွန်မ စိတ်မပါ ဖြစ်လာတယ်။ ဇာတိပကတိကို ဒုက္ခခံစေပြီး ဝန်တာထားတာကိုလည်း ကျွန်မ အတိုက်အခံလုပ်ခဲ့တယ်။ ဒီလိုလုပ်တာက ဆုံးရှုံးမှုတစ်ခုပဲလို့ ခံစားခဲ့တယ်။ ဥပမာ၊ ပြဿနာတွေကို အကျဉ်းချုပ်ပြီး ဖြေရှင်းတာက အချိန်နဲ့ အားစိုက်ထုတ်မှု လိုအပ်တယ်။ ဒါကြောင့် အဲဒီအလုပ်တွေကို ဘေးဖယ်ထားပြီး ပိုလွယ်တဲ့ အလုပ်တွေကို ကျွန်မ ရွေးလုပ်ခဲ့တယ်။ ဒီပြဿနာတွေကို ချက်ချင်း မဖြေရှင်းတာက အလုပ်ကို ထိခိုက်မလားဆိုတာ လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ သန့်စင်ခြင်းအလုပ်မှာ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း ဒီလိုပါပဲ။ ဇာတိပကတိကို ကျွန်မ အလေးထားလို့ လူတွေကို ရှင်းလင်းပစ်ဖို့အတွက် စာရွက်စာတမ်းတွေကို စစ်ဆေးတဲ့အခါ ကျွန်မ တာဝန်သိစိတ်မရှိခဲ့ဘူး။ ရှင်းလင်းမခံရသင့်တဲ့ လူတစ်ယောက်ကို ရှင်းလင်းပစ်လုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မက ဘယ်လိုနည်းနဲ့ တာဝန်ထမ်းဆောင်နေတာလဲ။ မကောင်းမှုကို ကျွန်မ ကျူးလွန်နေတာသက်သက်ပါပဲ။ ဒါပေမဲ့ ကိုယ့်ပြဿနာတွေကို ကျွန်မ ပြန်မဆင်ခြင်ခဲ့တဲ့အပြင်၊ အလုပ် ပိုများလာတဲ့အခါ ညည်းညူခဲ့တယ်။ စိုးရိမ်စရာမလိုအောင်၊ အများကြီး အလုပ်လုပ်စရာ မလိုအောင်လို့ ဖြုတ်ချခံရဖို့တောင် မျှော်လင့်ခဲ့တယ်။ ကိုယ့်ဇာတိပကတိကို အချိန်တိုင်း ထည့်စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် အမြဲ အလိုလိုက်ခဲ့တယ်။ ကျွန်မက စာတန်ဆန်တဲ့ အဆိပ်တွေက ထိခိုက်တာကို နက်နက်ရှိုင်းရှိုင်း ခံထားရပြီး ပိုအကျင့်ပျက်သထက်ပျက်လာတယ်ဆိုတာ မြင်ခဲ့ရတယ်။ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်လာတယ်၊ လှည့်ဖြားတတ်လာပြီး လူ့သဘာဝ ကင်းမဲ့လာတယ်။ ခေါင်းဆောင်ဖြစ်ခွင့်ရတာက လူတွေ၊ အဖြစ်အပျက်တွေနဲ့ အမှုအရာတွေကို ထိတွေ့ဆက်ဆံတာပါဝင်ပြီး သမ္မာတရား စည်းမျဉ်းတွေကို ပိုရှာဖွေ၊ ဝင်ရောက်ခွင့်ရတဲ့အပြင်၊ လူတွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို သင်ယူခွင့်ရတာ ဖြစ်တယ်။ ဒါ့အပြင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေလည်း ဖော်ထုတ်ခံရမှာ ဖြစ်တယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိအောင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲအောင် လှုံ့ဆော်ပေးမှာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မ သမ္မာတရားကို မလိုက်စားခဲ့ဘူး။ စာတန်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်ခဲ့တယ်။ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခဲ့တယ်။ ကိုယ့်တာဝန်တွေမှာ တာဝန်မသိတတ်ခဲ့ဘူး။ ဇာတိပကတိကို ထပ်ခါတလဲလဲ အလေးထားပြီး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဘုရားသခင်က ညီအစ်ကိုမောင်နှမတွေကို အသုံးပြုပြီး ကျွန်မကို ပြုပြင်၊ မိတ်သဟာယဖွဲ့ပေးတဲ့အခါ ကျွန်မက ခေါင်းမာပြီး လက်မခံခဲ့ဘူး။ ရလဒ်အနေနဲ့ ကျွန်မရဲ့ အဓိက အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘဲ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကိုယ့်တာဝန်အပေါ် ကျွန်မ ဆက်ဆံပုံက ပြစ်မှားခြင်းတွေနဲ့ ဒုစရိုက်အမှုတွေ ဖြစ်စေခဲ့တယ်။ ဒီအချိန်မှာ ကျွန်မ သဘောပေါက်လိုက်တယ်၊ ဇာတိပကတိကို အလေးထားပြီး သက်သောင့်သက်သာရှိမှုကို မွေ့လျော်ရင်းနဲ့ တာဝန်ထမ်းဆောင်တာက ကိုယ့်ကိုယ်ကိုယ်ရော သူတစ်ပါးကိုပါ တကယ် ထိခိုက်စေတယ်ဆိုတာနဲ့ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းဘဲ၊ အရင်ကလိုပဲ သက်သောင့်သက်သာနေဖို့ ရည်ရွယ်ရင်းနဲ့ နားဝေတိမ်တောင်ဖြစ်ပြီး တာဝန်မသိတတ်တဲ့ပုံစံနဲ့ တာဝန်ဆက်ထမ်းဆောင်နေမယ်ဆိုရင် ဒုစရိုက်တွေ ပိုပြုမိပြီး နောက်ဆုံးမှာ ဘုရားသခင်က ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းတာ ခံရမယ်ဆိုတာတွေပေါ့။ တာဝန်တွေမှာ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးဆက်တွေကို မြင်ပြီးတဲ့နောက်မှာ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ဒီလို မပုန်ကန်တော့ဘဲ ဘုရားသခင်ဆီ နောင်တရချင်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ အခြေအနေ နည်းနည်း ပြန်ကောင်းလာပြီး အသင်းတော်ခေါင်းဆောင်အဖြစ် ပြန်ရွေးကောက်ခံရတယ်။ ဒါက ကျွန်မ နောင်တရဖို့ ဘုရားသခင် ပေးတဲ့ အခွင့်အရေး ဖြစ်မှန်း ကျွန်မ သိခဲ့ပြီး ဘုရားသခင်ကို အရမ်း ကျေးဇူးတင်ခဲ့တယ်။ မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မက ဧဝံဂေလိအလုပ်အတွက် အဓိက တာဝန်ယူရတယ်။ နေရာသစ်တစ်ခုကို ရောက်ခါစဆိုတော့ အရာရာမှာ အခြေအနေ စိမ်းနေခဲ့တယ်။ ဒါကြောင့် အလုပ်ကို ကောင်းကောင်း လုပ်နိုင်ဖို့အတွက် ကျွန်မ အဖိုးအခ ပိုပေးဆပ်ဖို့ လိုအပ်တယ်။ အထူးသဖြင့် နေ့တိုင်း လိုက်လုပ်ရမဲ့ အလုပ်တာဝန်တွေက အရမ်းများနေတော့၊ အချိန်တစ်ခုကြာ ပူးပေါင်းဆောင်ရွက်ပြီးနောက်မှာ ကျွန်မ နည်းနည်း ပင်ပန်းလာတယ်။ ဇာတိပကတိ ဒုက္ခခံရမယ့်အရေး တွေးမိတော့ တာဝန်တစ်ခုတည်း လုပ်ရတဲ့အလုပ်ကို လုပ်တာက ပိုကောင်းမယ်လို့ ခံစားမိတယ်။ ဒါဆိုရင် အများကြီး စဉ်းစားပြီး အားစိုက်ထုတ်စရာ မလိုတော့ဘူးလေ။ ဒီအတွေးတွေ ဝင်လာတော့ ကျွန်မ အခြေအနေ မမှန်မှန်း သဘောပေါက်သွားလို့ ဘုရားသခင်ဆီ အသိတရားရှိရှိ ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ပြောထားတာကို ကျွန်မ ဖတ်ရတယ်။ “သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ ကယ်တင်ခြင်းကို ရရှိလိုပါက သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ပထမဦးစွာ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် တာဝန်ယူစိတ်တစ်ခုကို သင် မွေးမြူပြီး သင် အကောင်းဆုံး အားထုတ်ရမည်။ ဘုရားသခင်က သင့်ကို လူကောင်းတစ်ဦးအဖြစ် မြင်သည့်အခါ သင်သည် ထိုနေရာသို့ လမ်းခုလတ်တွင် ရှိနေပြီဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားနိုင်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မည်မျှ ပေါ်လွင်သည်ဖြစ်စေ၊ အခက်အခဲမည်မျှ သင် ရင်ဆိုင်ရသည်ဖြစ်စေ ထိုအရာများကို ဖြေရှင်းဖို့ သမ္မာတရားကို သင် ရှာဖွေနိုင်ဆဲ ဖြစ်သည်။ ပြီးလျှင် သင်ပြုပြင်ခြင်းခံရသည့်အခါ လက်ခံပြီး ကျိုးနွံနာခံတတ်သော သဘောထားတစ်ခုရှိပါက ကယ်တင်ခြင်း ရရှိဖို့ သင်၏ မျှော်လင့်ချက်သည် ပကတိအတိုင်း အပြည့်အဝ ဖြစ်လိမ့်မည်။ သမ္မာတရား လိုက်စားသည့် တစ်စုံတစ်ဦးအဖြစ် ဘုရားသခင်၏ အမြင်ခံရရန်မှာ သင် ပြည့်မီကောင်း ပြည့်မီနိုင်ဦးမည် မဟုတ်သည့် မြင့်မားသော သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ သင်သည် အလိုဆန္ဒနှင့် ဝိညာဉ်ရင့်ကျက်မှု ချို့တဲ့ပြီး သင်၏ ယုံကြည်ခြင်းသည် အလွန်အားနည်း၏။ ထို့ကြောင့် သင့်အနီးအနားရှိ ညီအစ်ကို မောင်နှမများအား သင်ကို လူကောင်းတစ်ဦးအဖြစ်၊ မှန်ကန်သည့် လူတစ်ဦး၊ အပြုသဘောဆောင်သည့် အရာများကို အတော်အတန် ချစ်သောသူ၊ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်သောသူနှင့် အတော်အတန် တည်ကြည်သောသူအဖြစ် မြင်ခွင့်ပေးခြင်းအားဖြင့် အစပြုလော့။ သင် အမှားများ ပြုလုပ်မိသည့်အခါ ထိုအမှားများကို သင်ပြုပြင်သည်။ သင်၏ ပုန်ကန်တတ်သော အခြေအနေကို သတိပြုမိသည့်အခါ ထိုအခြေအနေကို အမြန် ပြောင်းလဲသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ရှာဖွေတွေ့ရှိသည့်အခါ ချက်ချင်း သမ္မာတရားကို ရှာဖွေပြီး အခြားသူများနှင့် သင်မိတ်သဟာယပြုသည်။ သင်သည် သိနားလည်မှု ရရှိသည်နှင့်တစ်ပြိုင်နက် နောင်တရနိုင်ပေသည်။ ဤသို့ သင်လိုက်စားခြင်းအားဖြင့် သင် တိုးတက်မှု ရှိလာဖို့ သေချာပေသည်။ ပထမဦးစွာ သင်၏ ညီအစ်ကို မောင်နှမများအား သင့်ကို လူကောင်းတစ်ဦးအဖြစ်၊ မှန်ကန်သည့် လူတစ်ဦး၊ အသက်ဝင်ရောက်မှု ရှိသူတစ်ဦးအဖြစ် မြင်ခွင့်ပေးလော့။ ထို့နောက် တစ်ဆင့်ပြီးတစ်ဆင့် သမ္မာတရားကို ချစ်ပြီး လိုက်စားသည့် လူတစ်ဦး ဖြစ်လာရန် ကြိုးပမ်းလော့။ ဤအရာကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဝင်ရောက်မှုကို ရရှိရန် သာ၍ လွယ်ကူလာလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို ထိုသို့သော တောင်းဆိုချက်များကို ပြုလုပ်ရန် သင့်အတွက် ပို၍ လက်တွေ့ကျပေလိမ့်မည်။ ဦးစွာပထမ သင်၏ ညီအစ်ကို မောင်နှမများအား သင့်ကို လူကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုလာအောင် သင်အားထုတ်ရမည်ဖြစ်သည်။ လူကောင်းတစ်ဦး ဖြစ်ခြင်းအတွက် စံများမှာ အဘယ်နည်း။ ပထမဦးစွာ သင်၏ တာဝန် ထမ်းဆောင်ခြင်းကို သင် ကြည့်ရမည်။ သင်၏ တာဝန် ထမ်းဆောင်ခြင်းတွင် စံနှုန်းများနှင့် သတ်မှတ်ချက်များ မည်မျှ ပြည့်မီသင့်သနည်း။ သင်သည် အခက်အခဲကို သည်းညည်းခံရန် လိုလားလျက်၊ အဖိုးအခပေးရန် လိုလားလျက် လုံ့လဝီရိယရှိရမည်၊ တာဝန်ယူတတ်ရမည်ဖြစ်ပြီး အရေးကိစ္စများကို ကိုင်တွယ်သည့်အခါ ဝတ်ကျေတမ်းကျေ ပြုမူခြင်းမရှိဘဲ စေ့စပ်တိကျရမည်။ အနည်းငယ် သာ၍ မြင့်မားသော အဆင့်အနေဖြင့် သင်သည် ကိစ္စရပ်တိုင်းတွင် မှန်ကန်သည့် စည်းမျဉ်းများကို သင် ရှာတွေ့နိုင်ရမည်ဖြစ်ပြီး ဤစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ မည်သူ စကားပြောသည်ဖြစ်စေ၊ သင် လေးစားမှု အနည်းဆုံးဖြစ်သော ညီအစ်ကိုတစ်ဦး၊ သို့မဟုတ် ညီအစ်မတစ်ဦးက မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် စည်းမျဉ်းတစ်ခုကို ဖော်ပြပါက သင်နားထောင်သင့်သည်၊ လက်ခံရန် ကြိုးစားသင့်ပြီး၊ သင်၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် အယူအဆများကို ပုန်ကန်ရန် ကြိုးပမ်းသင့်ပေသည်။ ဤသဘောထားအပေါ် သင် မည်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်ဟု ပြောဆိုဖို့မှာ လွယ်ကူ၏၊ ထိုအရာသည် ပြောဆိုရန် လွယ်ကူသည့်အရာတစ်ခု ဖြစ်သည်။ သို့ရာတွင် မိမိတာဝန်ကို စံမီအောင် အမှန်တကယ် ထမ်းဆောင်ရန်မှာ ခက်ခဲ၏။ ထိုအရာက သင့်အနေဖြင့် အဖိုးအခပေးပြီး အချို့သော အရာများကို စွန့်ရန် လိုအပ်သည်။ မည်သည့်အရာကို သင် ပေးသင့်သနည်း။ အခြေခံအကျဆုံး အဆင့်တွင် အချိန်နှင့် အားအင်အချို့ကို သင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ နေ့စဉ် အခြားသော လူများထက် သင်သည် အချိန်ပိုမို ကုန်ဆုံးပြီး အားအင် ပိုမို စိုက်ထုတ်သင့်ပေသည်။ သင်သည် အနည်းငယ် သာ၍ ကြာရှည်စွာ ဆက်လက်လုပ်ဆောင်သင့်ပြီး အနည်းငယ် ပို၍ အားထုတ်သင့်ပေသည်။ တာဝန်သိစိတ်ကို မွေးမြူပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုပါက သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်ကို စဉ်ဆက်မပြတ် တွေးဆနေရန် လိုအပ်သည်။ မည်သည့် သမ္မာတရားများဖြင့် မိမိကိုယ်ကို ပြင်ဆင်ရမည်ဆိုသည်နှင့် မည်သည့် ပြဿနာမျိုးများကို ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုသည်တို့ကို သင်စဉ်းစားရန် လိုအပ်သည်။ ထို့နောက် သင်၏ စိတ်ပြင်းပြမှုများကို ဘုရားသခင်ထံ ဖော်ပြလျက် ဆုတောင်းခြင်းမှတစ်ဆင့် သမ္မာတရားကို ရှာဖွေပြီး သင့်ကို ဉာဏ်အလင်းပေးကာ လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ကို လေးနက်စွာ အသနားခံလော့။ ညအချိန်တွင် အခြားသူများ အနားယူနေစဉ် ထိုနေ့တွင် သင်၏ တာဝန်ကို ထမ်းဆောင်စဉ်၌ ရှိနေခဲ့သည့် ပြဿနာများနှင့် မည်သည့် ဖောက်ပြန်ပျက်စီးမှုကို သင် ထုတ်ဖော်ပြခဲ့သည်ဆိုသည်တို့ကို တွေးဆရင်း သင် အချိန်ပိုမိုကုန်ဆုံးသင့်ပေသည်။ ထိုနေ့ရက်သည် အကျိုးဖြစ်ထွန်းကာ အချည်းနှီးမဖြစ်ခဲ့ကြောင်း ခိုင်လုံစေဖို့အလို့ငှာ ဤအရာများအပေါ် သင် သုံးသပ်ဆင်ခြင်သင့်ပြီး ရှေ့ဆက်ရမည့် လမ်းတစ်ခုကို သဘောပေါက်ပြီးသည့်နောက်တွင်သာ သင်အနားယူသင့်ပေသည်။ ဤပြဿနာများအား မည်သို့ ဖြေရှင်းရမည်ကို သင် ချင့်ချိန်စဉ်းစားခြင်း မရှိပါက သင် ကောင်းစွာ စားနိုင်၊ အိပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဆင်းရဲဒုက္ခဖြစ်သည်၊ သင်ပေးသည့် အဖိုးအခဖြစ်သည်။ သင်သည် အခြားသူများထက် အခက်အခဲများကို ပိုမို သည်းညည်းခံရမည်ဖြစ်ပြီး ပိုကြီးမားသည့် အဖိုးအခကို ပေးရမည်ဖြစ်ကာ သမ္မာတရားအတွက် ကြိုးပမ်းရာတွင် ပိုများသည့် အချိန်နှင့် အားအင်တို့ကို ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ဤသည်မှာ ပေးဆပ်ရန် လက်တွေ့ကျသော အဖိုးအခဖြစ်သလော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှဖြင့် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက် ကောင်းမကောင်း ဆုံးဖြတ်ဖို့ အဓိက စံနှုန်းတွေက အဲဒီလူအနေနဲ့ သမ္မာတရားကို ချစ်ပြီး လိုက်စားခြင်း ရှိမရှိ၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သတိပြုမိတာနဲ့ ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေနိုင်ခြင်းရှိမရှိ၊ ပြီးတော့ သူတို့တာဝန်တွေအပေါ် ဘယ်လို ဆက်ဆံတယ်၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေ၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ သူတို့တာဝန်တွေကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ တာဝန်ကျေပွန်ပြီး တာဝန်သိတတ်တဲ့အပြင် ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးလိုစိတ် ရှိခြင်း ရှိမရှိဆိုတာနဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိဆိုတာတွေပဲ ဖြစ်တယ်။ ဒီလို မှန်ကန်တဲ့ ကိစ္စရပ်တွေကို ဆင်ခြင်စဉ်းစားနိုင်ပြီး ကိုယ့်တာဝန်တွေကို ဦးစားပေးနိုင်ရင်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားတဲ့ စိတ်နှလုံးရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကိုယ့်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်နိုင်ရင် ဘုရားသခင်ရဲ့ အမြင်မှာ ဒီလိုလူမျိုးကို လူ့သဘာဝ ကောင်းမွန်ပြီး ယုံကြည်စိတ်ချရတဲ့သူအဖြစ် သတ်မှတ်တယ်။ ဒီအချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ အဝေးကြီး လိုနေသေးမှန်း ကျွန်မ မြင်တယ်။ အထူးသဖြင့် ဇာတိပကတိကို အလေးထားခဲ့တာကြောင့် အလုပ်ကို နှောင့်နှေးစေခဲ့ပြီး ပြစ်မှားတာတွေ ဖြစ်စေခဲ့တဲ့အပြင်၊ အခု ဒီလောက် အရေးကြီးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ အခွင့်အရေး ထပ်ရထားတာကို တွေးမိတဲ့အခါ အရင်ကလို ဆက်လုပ်လို့ မရတော့ဘူးဆိုတာနဲ့ တကယ် နောင်တရရမယ်ဆိုတာတွေကို ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းက နည်းနည်း လိုအပ်ချက် ရှိနေတော့ ကျွန်မက အချိန်၊ အတွေးနဲ့ အားထုတ်မှု ပိုစိုက်သင့်တယ်။ ပူးပေါင်းဆောင်ရွက်ဖို့ ဘုရားသခင်ကို မှီခိုအားထားပြီး နားမလည်တာတွေ ရှိရင် မိတ်သဟာယ ရှာဖွေသင့်တယ်။ နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်မှာ သမ္မာတရား စည်းမျဉ်းတွေအပေါ် ပိုကြိုးစားဖို့ လိုအပ်တဲ့ ကျွန်မ သိပ်မတော်တဲ့ အလုပ်တာဝန်တစ်ခု ရှိခဲ့တယ်။ ဒါကြောင့် ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မထက် အချိန်နဲ့ အားထုတ်မှု ရင်းနှီးဖို့ ပိုလိုအပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုနဲ့ အလုပ်မှာ ပြဿနာတွေကို သတိထားမိတဲ့အခါ ကျွန်မလည်း ဒီကိစ္စတွေကို အစွမ်းကုန်ကူညီဖြေရှင်းဖို့ လေးလေးနက်နက် ဆင်ခြင်သုံးသပ်ပြီး နည်းလမ်းတွေ ရှာခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တဲ့အခါ ကျွန်မ စိတ်အေးရပြီး စိတ်နှလုံးထဲမှာ အေးချမ်းသွားတယ်။
အရင်တုန်းကတော့ အသက်ရှင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဆက်ဆံပြီး သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး နေရတာက အရေးအကြီးဆုံးလို့ အမြဲ ထင်ခဲ့တယ်။ တကယ် တန်ဖိုးရှိတဲ့ နည်းလမ်းနဲ့ ဘယ်လို အသက်ရှင်နေထိုင်ရမယ်ဆိုတာ ကျွန်မ နားမလည်ခဲ့ဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ဒီကိစ္စတချို့ကို ကျွန်မ စနားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။ ပြောလော့။ လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံးတွင် သူ၏ နေ့စဉ်ပြုမူဆောင်ရွက်မှုများ၊ အတွေးများသည် ဖျားနာခြင်း၊ သေခြင်းတို့အား ရှောင်ကြဉ်ခြင်း၊ သူ၏ ကိုယ်ခန္ဓာကို ကျန်းမာစေပြီး ရောဂါဘယကင်းဝေးစေခြင်း၊ အသက်ရှည်ဖို့အတွက် ကြိုးပမ်းခြင်းတို့ကိုသာ အာရုံစိုက်လျှင် ဤသည်မှာ လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမဟုတ်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမှာ အဘယ်နည်း။...တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် သဘောတရားများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော အထူးတာဝန်၊ တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည် မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။ ဥပမာ အသင်းတော်တွင် လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကို အားကုန်စိုက်ထုတ်၍ လုပ်ဆောင်ကြပြီး ၎င်းတို့ တစ်ဘဝလုံး၏ အားအင်ကို ဆက်ကပ်အပ်နှံကြသည်။ အဖိုးအခ ကြီးစွာပေးဆပ်ပြီး လူများစွာကို ရရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဘဝများသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းမရှိ၊ ၎င်းတို့သည် တန်ဖိုးရှိပြီး ကိုယ်စိတ်ချမ်းသာမှု ရှိသည်ဟူ၍ ၎င်းတို့က ခံစားရသည်။ ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ တစ်ဘဝလုံးကို အနှစ်ချုပ်ပြီး ၎င်းတို့ အစဉ်လုပ်ဆောင်ခဲ့သမျှတိုင်းကို၊ ၎င်းတို့ လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်သက်သာမှုကို တွေ့ရှိကြသည်။ အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ မခံစားရပေ။ လူအချို့သည် အသင်းတော်ကို ဦးဆောင်စဉ်တွင်၊ သို့မဟုတ် အလုပ်ကဏ္ဍတစ်ခုအတွက် တာဝန်ခံရစဉ်တွင် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စွမ်းရည် အပြည့်အဝကို ထုတ်လွှတ်ကြပြီး အားကုန် ထုတ်သုံးကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်အတွက် အားအင်အလုံးစုံကို အသုံးပြုပြီး အဖိုးအခပေးဆပ်ကြသည်။ ၎င်းတို့သည် အားကြီးပြီး ခိုင်မာစွာ ရပ်တည်ရန်၊ နောက်မဆုတ်ရန်၊ ထိုအစား ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာပြီး နောက်ဆုံး၌ ဘုရားသခင်အတွက်ပင် သက်သေခံရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့အလယ်တွင် ၎င်းတို့၏ ရေလောင်းခြင်း၊ ခေါင်းဆောင်ခြင်း၊ ကူညီပံ့ပိုးခြင်းမှတစ်ဆင့် လူများစွာကို ကူညီကြသည်။ ထို့အပြင် ၎င်းတို့ ခေါင်းဆောင်သည့် အချိန်ကာလအတွင်းတွင် အရေးပါသော အလုပ်များစွာကို ပြီးမြောက်ကြပြီး ဆိုးယုတ်သောသူ တော်တော်များများကို ရှင်းလင်းပစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည်။ ကြီးမားသော ဆုံးရှုံးမှုအချို့ကို ပြန်လည် ရယူပေးသည်။ ဤအောင်မြင်မှုအားလုံးသည် ၎င်းတို့ ခေါင်းဆောင်သည့်အချိန်အတွင်းတွင် ဖြစ်ပေါ်သည်။ ၎င်းတို့လျှောက်ခဲ့သည့်လမ်းကြောင်းကို ပြန်ကြည့်လျှင်၊ ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ပေးဆပ်ခဲ့သည့် အဖိုးအခကို ပြန်ပြောင်းတွေးကြည့်လျှင် ၎င်းတို့သည် နောင်တရခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်းကို မခံစားရပေ။ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ မည်သည့်နောင်တမျှ မခံစားရဘဲ တန်ဖိုးရှိသည့်အသက်တာကို အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ စိတ်နှလုံးတွင် တည်ငြိမ်မှုနှင့် ကိုယ်စိတ်ချမ်းသာမှုတို့ ရှိကြသည်ဟု ယုံကြည်ကြ၏။ ယင်းမှာ ကောင်းလှပါတကား။ ဤသည်မှာ ၎င်းတို့ ရရှိပြီးဖြစ်သည့် အသီးအပွင့်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတည်ငြိမ်ပြီး သက်သာသည့် ခံစားချက်သည်၊ ဤနောင်တများမရှိခြင်းသည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လိုက်စားခြင်း၏ ရလဒ်နှင့် ရိတ်သိမ်းမှုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ အဓိပ္ပာယ်ရှိတဲ့ ဘဝဆိုတာ ဘာလဲဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင် ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့ အသက်ရှင်တာက ဘဝကို တန်ဖိုးရှိစေတာပါ။ ဒီနေ့ ကျွန်မတို့ ထမ်းဆောင်တဲ့ တာဝန်တွေက ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို တိုးချဲ့ဖို့အတွက် ဆောင်ရွက်နေတာ၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းနိုင်ပြီး ကျွန်မတို့ရဲ့ အင်အားအနည်းငယ်ကို ပေးလှူနိုင်တာက ဘုရားသခင် အမှတ်ရတဲ့အရာဖြစ်ပြီး အဓိပ္ပာယ်အရှိဆုံး အရာတစ်ခုပါပဲ။ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်ဖို့လောက်ပဲ အသက်ရှင်နေတဲ့ ဘာသာတရား မရှိသူတွေကို ကျွန်မ ပြန်တွေးမိတယ်။ သူတို့က ဇာတိပကတိမှာ မွေ့လျော်ပြီး ဘာဒုက္ခမှ မခံစားရတဲ့အပြင်၊ ဒီလောကမှာ အသက်ရှင်ရင်းနဲ့ ဝဖြိုးပြီး ဖောသွပ်သွပ်ဖြစ်နေတဲ့အထိ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ထားရင်တောင် ဘဝက တကယ်တမ်းမှာ ဘာအတွက်ဖြစ်တယ်၊ အဓိပ္ပာယ်ရှိရှိ ဘယ်လို အသက်ရှင်ရမယ်ဆိုတာကို သူတို့ မသိဘူး။ အဲဒီလိုဘဝက တန်ဖိုးမရှိတဲ့အပြင် အချည်းနှီး အသက်ရှင်တာပဲ။ ကိုယ့်တာဝန်တွေ ထမ်းဆောင်ခဲ့ချိန်ကို ပြန်တွေးကြည့်ရင် ကျွန်မက ဇာတိပကတိကိုပဲ အမြဲ စဉ်းစားခဲ့တယ်။ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးချင်ခဲ့ပြီး ကိုယ်လုပ်နိုင်တာကို မလုပ်ခဲ့ဘူး။ ကျွန်မရဲ့ ဇာတိပကတိက သိပ်ဒုက္ခမခံခဲ့ရပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာ ပြန်မကုစားနိုင်တဲ့ နောင်တတွေနဲ့ အကြွေးတွေ ကျန်ရစ်ခဲ့တယ်။ ပျော်ရွှင်မှု၊ ဒါမှမဟုတ် သက်သောင့်သက်သာရှိမှုက ဘယ်လောက်ပဲ ကြီးမားပါစေ၊ ဒါတွေက စစ်မှန်တဲ့ ပျော်ရွှင်မှုကို မပေးနိုင်တဲ့အပြင်၊ ကိုယ့်ဝတ္တရားတွေနဲ့ တာဝန်တွေကို ဖြည့်ဆည်းတာကသာ ငြိမ်သက်ခြင်း၊ စိတ်ချရခြင်းနဲ့ အသက်ရှင်စေတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဒါကို တွေးမိတော့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ ကျွန်မ တွန်းအားရခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့အတွက် ဇာတိပကတိ ဒုက္ခခံဖို့ လိုအပ်တဲ့အခါ ဒါဟာ ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ်ဆိုတာ၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ အကောင်းဆုံးလုပ်ရမယ်ဆိုတာတွေကို ကျွန်မ ပိုတွေးမိတယ်။ တစ်ခါတလေ အလုပ်များတဲ့အခါ၊ ဒါမှမဟုတ် ပင်ပန်းတဲ့အခါ သင့်လျော်သလို အနားယူပြီး၊ ကိုယ့်ရဲ့ ရုပ်ပိုင်းအခြေအနေအရ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ တာဝန်က အရမ်းခက်ခဲတယ်၊ နာကျင်စရာဖြစ်တယ်လို့ မခံစားခဲ့ရဘူး။ တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်မှာ ခေါင်းဆောင်ဖြစ်ရတာက လူတစ်ယောက်အနေနဲ့ ပိုပြီး စိတ်ပူရမယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်လာတယ်။ ဒါပေမဲ့ အလုပ်ထဲက ပြဿနာအမျိုးမျိုးကို ဖြေရှင်းတာ၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေမှာ ကြုံရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ကူညီပေးတာကြောင့် ကျွန်မ သမ္မာတရားကို ပိုနားလည်ပြီး ရရှိနိုင်ခဲ့တယ်။ ဒီအရာတွေမှာ ဘုရားသခင်က ကျွန်မကို မျက်နှာသာ အရမ်းပေးခဲ့ပါတယ်။ ဒီလို နားလည်သဘောပေါက်မှု ရရှိပြီး ဒီအပြောင်းအလဲကို ကြုံတွေ့ရတာက လုံးဝ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ချစ်လှစွာသော လင်းရီ၊အစ်မရဲ့စာကို ကျွန်မ ရပါတယ်။ အချိန်ကုန်တာ သိပ်မြန်တာပဲ။ မျက်စိတစ်မှိတ်မှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ...
ချန်ကျင့် ကိုးရီးယားနိုင်ငံ ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။...
ဘိုင်ချူး တောင်ကိုရီးယားနိုင်ငံကျွန်မက ၂၀၁၉ခုနှစ်မှာ အသင်းတော်ရဲ့ ဗီဒီယိုအလုပ်အတွက် တာဝန်ယူရပြီး အသင်းတော်ခေါင်းဆောင်အဖြစ်လည်း အစေခံရတယ်။...
ဝမ်လင်း တောင်ကိုရီးယားနိုင်ငံ ကျွန်တော် “ဂဟေ” ပညာ အနည်းငယ် တတ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အသင်းတော်ရဲ့အရေးကိစ္စတချို့ကို ကိုင်တွယ်ဖို့...