တာဝန်တစ်ခုတွင် အခြားသူများအပေါ် မှီခိုခြင်း၏ အကျိုးဆက်များ
ပိုင်ရွှဲ အီတလီနိုင်ငံ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ၊ ဗီဒီယိုတွေအတွက် ပုံတွေလုပ်ဖို့ ငါ့ကို အစ်မဆန်ဒရာနဲ့ တွက်ဖက်ပေးဖို့ ခေါင်းဆောင်က စီစဉ်တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ မေလမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ခေါင်းဆောင်ဆိုတာဟာ အလုပ်ရဲ့ ကဏ္ဍပေါင်းစုံအတွက် တာဝန်ယူရမယ်ဆိုတာရယ်၊ အရင်က ခေါင်းဆောင် လုံးဝ မလုပ်ဖူးတဲ့အပြင် အလုပ်အမျိုးမျိုးနဲ့လည်း စိမ်းနေတာရယ်ကို စဉ်းစားပြီး ဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့ ဘယ်လောက်တောင် အားထုတ်ရမလဲ၊ ဘယ်လို အဖိုးအခမျိုး ပေးဆပ်ရမလဲဆိုပြီး ကျွန်မ တွေးကြည့်မိတယ်။ ဒီတာဝန်ကို ငြင်းဖို့ ဆင်ခြေပေးချင်ပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ရွေးထားတာဖြစ်ပြီးတော့ ဆင်ခြေပေးပြီးငြင်းတာက တော်တော်ကို မသင့်တော်ဘူးဖြစ်နေမှာ။ ဒီလိုတွေးမိပြီး ကျွန်မ ဘာမှထပ်မပြောတော့ဘူး။ ကျွန်မနဲ့ အတူတွဲပြီးလုပ်တဲ့ ညီအစ်မ ချန်ဂျင်က ခေါင်းဆောင်ဖြစ်တာ နှစ်တွေကြာပြီဖြစ်တဲ့အပြင် အလုပ်ရဲ့ ကဏ္ဍပေါင်းစုံနဲ့ ရင်းနှီးကျွမ်းဝင်တာ တွေ့ရတော့ ကျွန်မမှာ မေးစရာရှိတိုင်း ချန်ဂျင်ကို မေးဖြစ်တယ်၊ သူကလည်း ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်မကို ပြောပြတယ်။ သူ့အကူအညီရတာ ကျွန်မ အရမ်းကံကောင်းတယ်လို့ ခံစားရတာပေါ့။ အရင်တုန်းက တာဝန်တစ်မျိုးပဲပါတဲ့အလုပ်ကို လုပ်တုန်းကတော့ ကျွန်မက အဓိကတာဝန်ယူရတဲ့သူဖြစ်ပြီး အရာရာကို ကိုယ်တိုင် စိတ်ပူခဲ့ရတာ။ အခုကျတော့ ချန်ဂျင်က ကျွန်မနဲ့ တွဲလုပ်နေတော့ ခက်ခဲပြီး ရှုပ်ထွေးတဲ့ ပြဿနာတွေကို သူပဲ ကိုင်တွယ်ဖြေရှင်းပေးတယ်၊ ဒီတော့ ကျွန်မက သူ့နောက်လိုက်ပြီး ကူပေးရုံပဲပေါ့။ အလုပ်က တော်တော်များပေမဲ့ ချန်ဂျင်ရှိနေတော့ သိပ်ခက်တယ်လို့ ကျွန်မ မခံစားရဘူး။ ချန်ဂျင်က ကျွန်မထက် အလုပ်ပိုတာဝန်ယူရပြီး တစ်ခါတလေ သူ အလုပ်ဝန်ပိနေတာ တွေ့ရတယ်။ အဲဒီအခါ “ချန်ဂျင် တာဝန်ယူထားတဲ့အလုပ်နဲ့ ငါက မရင်းနှီးတော့ ငါ သူ့ကို မကူညီနိုင်ပါဘူးလေ၊ ဘာပဲဖြစ်ဖြစ် သူက ခေါင်းဆောင်ဖြစ်တာ ကြာပြီဆိုတော့ ပိုလုပ်နိုင်တဲ့လူက ပိုလုပ်သင့်တာပေါ့” လို့ ကျွန်မ တွေးမိတယ်။ ဒါကြောင့် ချန်ဂျင် သူ့အလုပ်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်မက တစ်ခါတလေလောက်ပဲ အမြင်တချို့ ဝင်ဆွေးနွေးပေးပြီးတော့ အဲဒီကိစ္စတွေအပေါ် တကယ်တမ်း အာရုံမစိုက်ခဲ့ပါဘူး။
ဩဂုတ်လရဲ့ ရက်တစ်ရက်မှာ ချန်ဂျင် ရုတ်တရက် ရာထူးတိုးသွားတယ်။ ချန်ဂျင် ပြောင်းရတော့မယ်ဆိုတာ ကြားလိုက်တာနဲ့ ကျွန်မ ချက်ချင်း ဖိအားများသွားတယ်။ ကျွန်မက လေ့ကျင့်နေတာ လပိုင်းပဲ ရှိသေးတဲ့အပြင် ဘယ်လိုကိုင်တွယ်ရမှန်းမသိတဲ့ ကိစ္စတွေက အများကြီးရှိသေးတာလေ။ ချန်ဂျင်ရှိတုန်းကတော့ အခက်အခဲကြုံရင် သူ့ကို မေးလို့ရတာကိုး၊ ဒီတော့ သူထွက်သွားရင် ဒီတာဝန်တွေကို ကျွန်မ ဘယ်လို ထမ်းရွက်နိုင်မှာလဲ။ ချန်ဂျင်ကို မထွက်သွားစေချင်ပေမဲ့ အထက်ခေါင်းဆောင်တွေက စီစဉ်ပြီးသားဆိုတော့ ကျွန်မ လက်ခံလိုက်ရတယ်။ ဒါပေမဲ့ အလုပ်အားလုံးကို ကိုယ့်ဘာသာ ကိုင်တွယ်ရတော့မယ်လို့ တွေးမိလိုက်တာနဲ့ ကျွန်မ စိတ်ဖိစီးပြီး စိတ်ဓာတ်အရမ်းကျသွားတယ်။ “ချန်ဂျင် တာဝန်ယူခဲ့တဲ့ အလုပ်ကို ငါ နားမလည်ဘူး။ အကုန်လုံးနဲ့မစိမ်းအောင် အစကနေပြန်ပြီး လုပ်ရဦးမှာ။ ငါ ဘယ်လောက်တောင် ဒုက္ခခံရမလဲ။ ဘယ်လို အဖိုးအခမျိုး ငါပေးဆပ်ရမလဲ” လို့ ကျွန်မ တွေးမိတယ်။ ကျွန်မ အရမ်းကို မွန်းကျပ်နေခဲ့တယ်။ ချန်ဂျင် ထွက်သွားပြီးတဲ့နောက် အလုပ်ကိစ္စတွေကို ကျွန်မကိုယ်တိုင် အစီရင်ခံရတော့တယ်၊ ဒါပေမဲ့ ချန်ဂျင်ရှိတုန်းက အလုပ်တော်တော်များများကို ကျွန်မ သိပ်မမေးမြန်းခဲ့တော့၊ ဂရုလည်းမစိုက်ခဲ့မိတော့ ဒီအလုပ်တွေနဲ့ မရင်းနှီးဘူးဖြစ်နေပြီး အဲဒါတွေကို လေ့လာဖို့၊ သဘောပေါက်နားလည်ဖို့ အချိန်အများကြီး ပေးလိုက်ရတယ်။ လူပင်ပန်းတဲ့အပြင် စိတ်က ပိုတောင် ပင်ပန်းတော့ အထက်ခေါင်းဆောင်တွေအပေါ် အတိုက်အခံဖြစ်ပြီး မကျေမနပ်ဖြစ်မိတာကို မထိန်းနိုင်တော့ဘူး။ “ကျွန်မဘက်ကနေ ရှင်တို့ ဘာလို့ ဝင်မစဉ်းစားပေးကြတာလဲ။ ကျွန်မက အရင်က ခေါင်းဆောင် မလုပ်ဖူးတဲ့အပြင် လေ့ကျင့်ထားတာလည်း ခဏလေးပဲ ရှိသေးတော့ ဒီတာဝန်ကို တစ်ယောက်တည်း မလုပ်နိုင်ဘူးလေ။ ချန်ဂျင်က ခေါင်းဆောင်ဖြစ်တာ နှစ်တွေကြာပြီဖြစ်တဲ့အပြင် အလုပ်ကဏ္ဍစုံမှာလည်း တော်တဲ့သူပါ၊ ဘာလို့ သူ့ကို ရွှေ့ပြီး ကျွန်မကိုကျ ဒီမှာ တစ်ယောက်တည်း ထားခဲ့ရတာလဲ” လို့ တွေးမိတာပေါ့။ တွေးလေလေ၊ ကျွန်မ ပိုနာကျင်ပြီး မွန်းကျပ်လေလေပဲ။ ရင်ဘတ်ထဲမှာ ကျောက်တုံးကြီးတစ်ခု ဖိထားသလိုမျိုးဖြစ်ပြီး အသက်ရှူရတောင် ခက်နေတယ်။ ကျွန်မ ကိုယ့်ဇာတိပကတိအလိုကို လိုက်နေမိမှန်း သတိပြုမိလိုက်တော့ စိတ်ထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ ကိုယ့်ကိုယ်ကိုယ် သိမြင်ပြီး ကျိုးနွံနာခံအောင် ဉာဏ်ပွင့်စေဖို့နဲ့ လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။
ကျွန်မ ဘုရားဝတ်ပြုတဲ့အချိန်တစ်ချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပါတယ်။ “ခရစ်တော်၏ စကားများ၊ အမိန့်များ သို့မဟုတ် သူ မိတ်သဟာယပြုသည့် စည်းမျဉ်းများနှင့် ရင်ဆိုင်ရသည့်အခါ ယင်းက ၎င်းတို့အား အခက်အခဲများကို ဖြစ်စေသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ကို ဆင်းရဲဒုက္ခခံစားရစေဖို့ဖြစ်စေ၊ အဖိုးအခပေးဖို့ဖြစ်စေ လိုအပ်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ၎င်းတို့၏ စိတ်နှလုံးများတွင် စက်ဆုပ်မှုကို ခံစားလျက် အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာများ သို့မဟုတ် ၎င်းတို့ကို အကျိုးပြုသည့်အရာများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ သဘောထားက မတူပေ။ အန္တိခရစ်တို့သည် ဇိမ်ခံစရာကို မွေ့လျော်ခံစားရန်နှင့် ထင်ပေါ်ရန် လိုအင်ဆန္ဒရှိကြသော်လည်း ဇာတိခန္ဓာ၏ ဆင်းရဲဒုက္ခ၊ အဖိုးအခပေးရန် လိုအပ်ချက် သို့မဟုတ် အခြားသူများကို စိတ်အနှောင့်အယှက်ပေးမိမည့် အန္တရာယ်ကိုပင် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဝမ်းသာပြီး ပျော်ရွှင်စွာ လက်ခံရန် လိုလားနေကြသလော။ ထိုအခါ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ကြသလော။ စိုးစဉ်းမျှ မရှိပေ။ ၎င်းတို့၏ သဘောထားမှာ လုံးလုံးလျားလျား မနာခံမှုနှင့် ပေခံနေခြင်း သဘောထားတစ်ခု ဖြစ်လေသည်။ အန္တိခရစ်များကဲ့သို့ လူတို့သည် ၎င်းတို့ မလုပ်ဆောင်လိုသည့်အရာများ၊ ၎င်းတို့၏ နှစ်သက်မှုများ၊ အကြိုက်များ သို့မဟုတ် ကိုယ်ကျိုးများနှင့်မကိုက်သည့် အရာများကို ရင်ဆိုင်ရသည့်အခါ ခရစ်တော်၏ စကားများအပေါ် ၎င်းတို့၏ သဘောထားမှာ ကျိုးနွံနာခံမှု စိုးစဉ်းမျှမရှိဘဲ အကြွင်းမဲ့ ငြင်းပယ်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း သဘောထားတစ်ခု ဖြစ်လာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) အန္တိခရစ်တွေက ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီမံထားတဲ့ အခြေအနေတွေကို သူတို့ရဲ့ နှစ်သက်မှုတွေ၊ ဆန္ဒတွေအတိုင်း သဘောထားပြုမူကြတယ်၊ သူတို့ရဲ့ ဇာတိပကတိအတွက် အကျိုးရှိမရှိကို အမြဲ တွက်ချက်ကြတယ်၊ သူတို့အတွက် အကျိုးရှိတာကိုပဲ လက်ခံပြီး ကျိုးနာခံကြတယ်၊ ပြီးတော့ အခြေအနေတစ်ခုက သူတို့အတွက် အကျိုးမရှိရင် ဒါမှမဟုတ် သူတို့ကို ဆင်းရဲဒုက္ခခံရစေရင် သူတို့ ကျိုးနွံနာခံနိုင်တာမျိုး မရှိကြဘူး၊ ပြီးတော့ သူတို့က ညည်းညူပြီး အတိုက်အခံတောင် ဖြစ်ကြတယ်၊ ဘုရားသခင်အပေါ် မကျေနပ်ချက်တွေကို ထုတ်ဖော်ကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကျွန်မ အန္တိခရစ်တစ်ယောက်လိုမျိုး ပြုမူနေမိခဲ့တာပဲ။ ကိုယ့်တာဝန်တွေမှာ ကိုယ့်ဇာတိပကတိ အကျိုးစီးပွားကိုပဲ ဦးစားပေး စဉ်းစားခဲ့တယ်။ ချန်ဂျင်နဲ့ တွဲလုပ်တုန်းက အခက်အခဲမှန်သမျှကို သူပဲ ကိုင်တွယ်ဖြေရှင်းပေးခဲ့တော့ ကျွန်မဘက်က သိပ်ပြီး အားစိုက်ထုတ်စရာ မလိုခဲ့ဘူးလေ၊ ဒါကြောင့် ကျွန်မ လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်ခဲ့တာ။ ချန်ဂျင် ရာထူးတိုးသွားပြီး အသင်းတော်အလုပ်ကို ကျွန်မတစ်ယောက်တည်း ကိုင်တွယ်ရတဲ့အခါကျတော့ အလုပ်ကဏ္ဍစုံမှာ ကျွန်မ တကယ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမယ်၊ ဒါကြောင့် ကျွန်မ ကျိုးနွံနာခံနိုင်တာမျိုး မရှိခဲ့ဘူး။ ချန်ဂျင်ကို မထွက်သွားစေချင်ခဲ့ဘူး၊ ခေါင်းဆောင်တွေက ကျွန်မရဲ့ အခက်အခဲတွေကို ကိုယ်ချင်းမစာဘူးဆိုပြီးတော့လည်း ညည်းညူခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကျွန်မက တာဝန်တွေနဲ့ အလုပ်ရှုပ်နေပုံပေါက်ပေမဲ့ စိတ်ထဲမှာတော့ အတိုက်အခံဖြစ်စိတ်တွေ၊ စောဒကတွေနဲ့ ပြည့်နေခဲ့တာ၊ ဒီတာဝန်ကို လုပ်ရတဲ့ ဖိအားက အရမ်းကြီးတယ်လို့ အမြဲ ခံစားနေရတယ်။ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်အရ အထက်ခေါင်းဆောင်တွေက ချန်ဂျင်ကို ရွှေ့လိုက်တာကို ဆင်ခြင်သုံးသပ်ပြီး ဒီအစီအစဉ်တွေက စည်းမျဉ်းတွေနဲ့ ကိုက်ညီမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကျွန်မက အတိုက်အခံဖြစ်ပြီး မကျေမနပ်ဖြစ်ခဲ့တယ်။ ဒါဟာ သမ္မာတရားကို ကျိုးနွံနာခံတာ မဟုတ်ဘဲ ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။
ပြီးတော့ ကျွန်မ တွေးမိတယ်၊ ကျွန်မ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်လာတာ သုံးလကျော်နေပြီ၊ ဒါပေမဲ့ အသင်းတော်ခေါင်းဆောင်တစ်ယောက် လုပ်ဖို့ လိုအပ်တဲ့ အလုပ်ကို နားမလည်နိုင်သေးဘူး။ ချန်ဂျင် တာဝန်ယူခဲ့တဲ့ အလုပ်တွေကို ထားလိုက်ဦး။ ကျွန်မ တာဝန်ယူထားတဲ့ အလုပ်ကိုတောင် တစ်ဝက်တစ်ပျက်ပဲ နားလည်တာ။ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလမှာ ကျွန်မဟာ သက်သောင့်သက်သာရှိတာကို မွေ့လျော်ပြီး သိပ်နားမလည်ဘဲ ဖြစ်ကတတ်ဆန်းလုပ်တဲ့ အခြေအနေမှာ နေနေခဲ့တာပဲ။ ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ကြည့်လိုက်တယ်။ “လူတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် ပျော်ရွှင်မှုကို စဉ်ဆက်မပြတ် ရှာဖွေလျှင်၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနှင့် သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားလျှင်၊ ဒုက္ခမခံလိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်၊ သူတစ်ပါးတို့ထက် အနည်းငယ်ပို၍ ဒုက္ခခံခြင်း၊ သို့မဟုတ် ပုံမှန်ထက် အနည်းငယ်ပို၍ အလုပ်ပိသည်ဟု ခံစားရခြင်းသည်ပင် ၎င်းတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေလိမ့်မည်။ ဤသည်မှာ ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်စေသည့်အရာတစ်ခုဖြစ်သည်။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်ကို အလွန်ဆိုးရွားသည်ဟု မသတ်မှတ်လျှင်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မလိုက်စားဘဲ ဘုရားသခင်အား ကျေနပ်စေရန်အတွက် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် သမ္မာတရားအား လိုက်စားပြီး ရှာဖွေလျှင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို မကြာခဏ ခံစားရမည်မဟုတ်ပေ။ ၎င်းတို့သည် အနည်းငယ်အလုပ်ရှုပ်ခြင်း၊ ပင်ပန်းခြင်း၊ သို့မဟုတ် အားကုန်ခြင်းကို ရံဖန်ရံခါ ခံစားရလျှင်ပင် အိပ်ပျော်ပြီးနောက်တွင် နိုးထသောအခါ သက်သာလိမ့်မည်။ ထို့နောက် ၎င်းတို့၏ အလုပ်ကို ဆက်လက် လုပ်ဆောင်လိမ့်မည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် ၎င်းတို့၏တာဝန်နှင့် အလုပ်အပေါ်တွင် ရှိလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ကို သိသာထင်ရှားသော ပြဿနာတစ်ခုအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ သို့ရာတွင် လူတို့၏ အတွေးထဲတွင် ပြဿနာတစ်ခုပေါ်လာပြီး ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားသောအခါ ၎င်းတို့၏ ရုပ်ခန္ဓာက အနည်းငယ် နစ်နာခြင်း၊ သို့မဟုတ် စိတ်ကျေနပ်မှုကို ရှာမတွေ့နိုင်ခြင်းဖြစ်သည့် မည်သည့်အချိန်မဆိုတွင် ၎င်းတို့အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ ဖြစ်ပေါ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) “မည်သည့်အလုပ်ကို ၎င်းတို့အား ပေးသည်ဖြစ်စေ၊ အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ် ဝတ်ကျေတမ်းကျေဆန်ပြီး စိတ်မချရကာ အချောင်ခိုကြသည်။ ပြဿနာများဖြစ်ပေါ်သောအခါ ၎င်းတို့၏တာဝန်ကို အခြားလူများဆီသို့ တွန်းပို့၍ ခေါင်းရှောင်ဖို့ ကြိုးစားပြီး တာဝန်ယူခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့၏ ကပ်ပါးရပ်ပါးဘဝများကို ဆက်လက်အသက်ရှင်လိုသည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များ မဟုတ်လော။ လူ့အဖွဲ့အစည်းတွင် ငွေရှာရန် မည်သူက မိမိကိုယ်ကို မမှီခိုရသနည်း။ လူတစ်ဦးသည် အရွယ်ရောက်သည်နှင့် ကိုယ့်ဝမ်းစာကိုယ် ရှာရမည်။ သူ၏ မိဘများက ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်သည်။ သူ၏မိဘများက သူ့အား ထောက်ပံ့လိုစိတ်ရှိလျှင်ပင် သူသည် ယင်းနှင့်ပတ်သက်ပြီး စိတ်အေးလိမ့်မည်မဟုတ်။ သူ၏မိဘများသည် သူ့ကို ပျိုးထောင်သည့်တာဝန်ကို ပြီးဆုံးသွားပြီဖြစ်သည်ကိုလည်းကောင်း၊ သူသည် ကျန်းမာသန်စွမ်းသော အရွယ်ရောက်သူတစ်ဦးဖြစ်ပြီး အမှီအခိုကင်းစွာ အသက်ရှင်နိုင်သင့်သည်ကိုလည်းကောင်း သဘောပေါက်နိုင်အပ်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ဦးတွင် အနည်းဆုံးရှိသင့်သည့် ဆင်ခြင်တုံတရားမဟုတ်လော။ တစ်စုံတစ်ယောက်က အမှန်ပင် ဆင်ခြင်တုံတရားရှိလျှင် သူ၏မိဘများထံ ဆက်လက်၍ ကပ်စားနေဖို့ မဖြစ်နိုင်ပေ။ သူသည် အခြားလူများက လှောင်ပြောင်မည်ကိုဖြစ်စေ၊ သူ သိက္ခာကျမည်ကိုဖြစ်စေ ကြောက်ရွံ့လိမ့်မည်။ ထို့ကြောင့် သက်သာခြင်းကို ခုံမင်နှစ်သက်ပြီး အလုပ်ကိုမုန်းတီးသောသူသည် ဆင်ခြင်တုံတရားရှိသလော။ (မရှိပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကား လိုချင်သည်။ မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ ဖြည့်ဆည်းလိုခြင်း လုံးဝ မရှိဘဲ ချိုချဉ်များက ကောင်းကင်မှ ကြွေကျပြီး ၎င်းတို့၏ ပါးစပ်ထဲသို့ ကျရောက်စေလိုသည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ရက်တွင် သုံးနပ်ကောင်းကောင်း စားလိုသည်။ တစ်စုံတစ်ယောက်အား ၎င်းတို့ကို အစဉ် လိုလေသေးမရှိ ပြုစုပေးစေလိုသည်။ ပြီးလျှင် အလုပ် တစ်စက်မျှ မလုပ်ဘဲ အစားအသောက်ကောင်းတို့ကို မွေ့လျော်လိုသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်နေစိတ်ထားမဟုတ်လော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသလော။ လုံးဝမရှိ။ ၎င်းတို့အားလုံးသည် ကပ်စားသည့် အသုံးမကျသောလူများ ဖြစ်ကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော သားရဲတိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှ ဘုရားအိမ်တော်တွင် ကျန်ရှိနေဖို့ မထိုက်တန်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ပုံမှန်ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်ဟာ အရွယ်ရောက်လာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အခါ ကိုယ့်လုပ်အားနဲ့ကိုယ် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သင့်တယ်၊ ဒါပေမဲ့ သက်သာတာကိုကြိုက်ပြီး အလုပ်လုပ်ရမှာကို မုန်းတဲ့သူကတော့ သူ အသက်ရှင်ရပ်တည်နိုင်စွမ်း ရှိရင်တောင်မှ အလုပ်မလုပ်ချင်ဘဲ မိဘလုပ်စာထိုင်စားပြီး အသက်ရှင်လိမ့်မယ်လို့ ဘုရားသခင်က ပြောထားတယ်။ အဲဒီလိုလူတွေက ကပ်ပါးကောင်တွေနဲ့ တူတယ်။ သူတို့မှာ တည်ကြည်မှုနဲ့ သိက္ခာဆိုတာ မရှိတဲ့အပြင် အသက်ရှင်ဖို့ မထိုက်တန်ဘူး။ ဘုရားသခင် ဖော်ထုတ်ထားသလိုပဲ ကျွန်မက မိဘလုပ်စာထိုင်စားတဲ့ လူတွေလို ပြုမူနေခဲ့တာ။ ချန်ဂျင်နဲ့ တွဲလုပ်တုန်းက ကျွန်မမှာ တက်ကြွမှုမရှိဘဲ အရာရာ သူ့ကိုပဲ မှီခိုခဲ့တယ်၊ အသင်းတော်အလုပ်မှာ အခက်အခဲတွေ၊ ပြဿနာတွေ ပေါ်လာရင် ကျွန်မ ကိုယ်တိုင် အားစိုက်စရာမလိုဘဲ အေးဆေးနေလို့ရအောင် ချန်ဂျင်ကိုပဲ ထိုးပေးပြီး ဖြေရှင်းခိုင်းခဲ့တယ်။ ချန်ဂျင် ပြောင်းသွားပြီးတဲ့နောက် အလုပ်အားလုံးကို ကျွန်မကိုယ်တိုင် စိတ်ပူပြီး ဂရုစိုက်ရတော့မယ်ဆိုတာ မြင်လိုက်တော့ ကျွန်မ နာကျင်ပြီး မွန်းကျပ်သလို ခံစားရတယ်၊ လက်မခံချင်ဘူး၊ မကျိုးနွံနာခံချင်တာမျိုး မရှိဘူး၊ ကျွန်မ ဒုက္ခမခံရအောင်၊ အဖိုးအခ မပေးဆပ်ရအောင် ချန်ဂျင်ကို ဆွဲထားချင်တဲ့စိတ်တောင် ရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့၏ အာရုံစိုက်မှုသည် ၎င်းတို့၏တာဝန်နှင့် အလုပ်အပေါ်တွင် ရှိလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ကို သိသာထင်ရှားသော ပြဿနာတစ်ခုအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ သို့ရာတွင် လူတို့၏ အတွေးထဲတွင် ပြဿနာတစ်ခုပေါ်လာပြီး ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားသောအခါ ၎င်းတို့၏ ရုပ်ခန္ဓာက အနည်းငယ် နစ်နာခြင်း၊ သို့မဟုတ် စိတ်ကျေနပ်မှုကို ရှာမတွေ့နိုင်ခြင်းဖြစ်သည့် မည်သည့်အချိန်မဆိုတွင် ၎င်းတို့အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ ဖြစ်ပေါ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ကျွန်မရဲ့ ဇာတိပကတိက အရမ်းပျင်းလွန်းတော့ အလုပ်ဖိအား များလာတာနဲ့ ကျွန်မ မွန်းကျပ်ပြီး အတိုက်အခံဖြစ်တော့တာပဲ။ ကျွန်မရဲ့ အဓိကပြဿနာက ကျွန်မရဲ့ အတွေးအမြင်တွေထဲမှာ ရှိနေတာ။ “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ” “အသက်ရှင်နေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် ကောင်းစွာဆက်ဆံပါ” ဆိုတဲ့ စာတန်က သွတ်သွင်းထားတဲ့ အတွေးအခေါ်တွေက ကျွန်မကို ထိန်းချုပ်ထားတယ်၊ အဲဒါတွေကြောင့် ကျွန်မကို အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ပျင်းရိလာတယ်၊ ဇာတိပကတိကိုပဲ မွေ့လျော်ခံစားချင်တယ်၊ သူများတွေကို မှီခိုပြီး သူများလုပ်အားကရတဲ့ အကျိုးအမြတ်ကိုပဲ ကပ်ခံစားချင်လာတယ်။ ကျွန်မကိုယ်တိုင် ဘာဒုက္ခမှ မခံချင်ဘဲ ကပ်ပါးကောင်တစ်ကောင်လို၊ ဒါမှမဟုတ် မိဘလုပ်စာထိုင်စားတဲ့သူလိုပဲ နေချင်ခဲ့တယ်၊ ဒီလိုနေရတာက သက်သောင့်သက်သာရှိတယ်လို့ ယုံကြည်နေခဲ့တာလေ။ လွန်ခဲ့တဲ့ လတွေမှာ ကျွန်မရဲ့ ဇာတိပကတိကတော့ သက်သာခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မတာဝန်မှာ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး၊ သမ္မာတရား ရရှိတာလည်း အရမ်းနည်းတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက တွဲဖက်နဲ့အတူ အလုပ်အားလုံးကို အတူတကွ ထမ်းဆောင်သင့်တာ၊ ဒါပေမဲ့ ကျွန်မက ပျင်းရိပြီး ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားနေခဲ့တယ်၊ ကိုယ့်တာဝန်မှာ ပါဝင်ကူညီတာလည်း နည်းသလို စံနှုန်းပြည့်မီအောင်တောင် အလုပ်မလုပ်ပေးခဲ့ဘူး။ လောကီမှာ မိဘလုပ်စာထိုင်စားတဲ့ အချောင်နေအချောင်စားသူတွေက ဇာတိပကတိကို မွေ့လျော်ခံစားကြပေမဲ့ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာမရှိဘဲ နေထိုင်ကြလို့ လူတိုင်းရဲ့ အထင်သေးတာ ခံရတယ်၊ သူတို့မိဘတွေလည်း အဲဒီလိုသားသမီးမျိုးရှိတာ ရှက်ကြတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ဒီလို ပျင်းရိပြီး ကပ်ပါးကောင်ဆန်တဲ့ စိတ်ဓာတ်ကို ကျွန်မ မပြောင်းလဲရင် ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာကို ခံရပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့ အတန်းအစားထဲကနေ ဖယ်ရှားရှင်းလင်းခံရမှာ၊ ပြီးတော့ ကယ်တင်ခံရမယ့် အခွင့်အရေးကိုလည်း ဆုံးရှုံးရမှာ သေချာတယ်။ စာတန်ရဲ့ အတွေးအခေါ်တွေ၊ အမြင်တွေနဲ့ အသက်ရှင်တဲ့အခါ အကျိုးဆက်တွေက ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို မြင်လိုက်ရတော့ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့ အခြေအနေပြောင်းလဲဖို့အတွက် ဘုရားသခင်ကို အားကိုးချင်စိတ် ဖြစ်မိတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် စိတ်ဓာတ်ကြံ့ခိုင်မှုရှိသူတစ်ယောက်ဖြစ်လျှင်၊ လူတို့ ခံယူသင့်သည့် တာဝန်များနှင့် ဝတ္တရားများ၊ ပုံမှန်လူ့သဘာဝရှိသောသူများ ရရှိရမည့်အရာများ၊ သင့်လိုက်စားမှု၏ ဦးတည်ချက်နှင့် ပန်းတိုင်အဖြစ် အရွယ်ရောက်သူများ အောင်မြင်ရမည့်ထိုအရာများကို သင် ကိုင်တွယ်နိုင်လျှင်၊ သင်၏ တာဝန်များကို တာဝန်ယူ ထမ်းရွက်နိုင်လျှင် သင်သည် မည်သည့်အဖိုးအခကို ပေးဆပ်သည်ဖြစ်စေ၊ မည်သည့်စိတ်ဆင်းရဲမှုကို ခါးစည်းခံရသည်ဖြစ်စေ ညည်းညူမည်မဟုတ်ပေ။ ပြီးလျှင် ထိုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များအဖြစ် သင် သိမြင်သရွေ့ မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံနိုင်ပြီး သင်၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်လိမ့်မည်။ ထိုအချိန်တွင် သင်၏ စိတ်အခြေအနေက ကွဲပြားလိမ့်မည်ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် တည်ငြိမ်ခြင်းကို ခံစားရမည်၊ ပြီးလျှင် ပျော်ရွှင်ဝမ်းမြောက်မှုကို တွေ့ကြုံခံစားရမည်။ သင်တွေ့သလော။ လူတို့သည် မိမိတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်လျှင်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထမ်းရွက်နိုင်ပြီး အသက်တာ၌ မှန်ကန်သော လမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းနိုင်လျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပြီး တည်ငြိမ်မှုနှင့် ပျော်ရွှင်ဝမ်းမြောက်မှုတို့ကို တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် သမ္မာတရားကို ဆက်လက်၍ လိုက်စားနိုင်ပြီး စည်းမျဉ်းများနှင့်အညီ ၎င်းတို့ ပြုမူဆောင်ရွက်ကာ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအထိ ရောက်ရှိနိုင်လျှင် ၎င်းတို့သည် ပြောင်းလဲမှု အနည်းငယ်ကို ကြုံတွေ့ပြီးဖြစ်လိမ့်မည်။ ဤသို့သောသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောသူများဖြစ်သည်။ ၎င်းတို့သည် မည်သည့် အခက်အခဲကိုမဆို ကျော်လွှားပြီး မည်သည့်အလုပ်ကိုမဆို ထမ်းရွက်နိုင်သော တည်ကြည်သောသူများ ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ စစ်သားကောင်းများ ဖြစ်သည်။ ၎င်းတို့သည် လေ့ကျင့်မှုများကို လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အခက်အခဲကမျှ ၎င်းတို့ကို အနိုင်မယူနိုင်ပေ။ ငါ့ကို ပြောလော့။ ဤသို့သော ကိုယ်ပိုင် ကျင့်ကြံပြုမူခြင်းကို သင်တို့ မည်သို့ ထင်သနည်း။ ဤလူများသည် ခံနိုင်ရည်မရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် အမှန်ပင် ခံနိုင်ရည်ရှိပြီး လူတို့က ၎င်းတို့ကို လေးစားသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု ညွှန်ပြပေးခဲ့ပါတယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ အလုပ်မှာ ဘာအခက်အခဲတွေပဲ ပေါ်လာပါစေ၊ ဖိအားကို ကြံ့ကြံ့ခံသင့်ပြီး အလုပ်ကို တာဝန်ယူသင့်တယ်။ ဖန်ဆင်းခံတွေအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်တဲ့သူတွေကသာ ရိုးသားဖြောင့်မတ်ပြီး သင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ နောဧကို သင်္ဘောဆောက်ဖို့ ဘုရားသခင် အမိန့်ပေးတုန်းက နောဧဟာ သင်္ဘောပုံစံ ဘယ်လိုရှိမှန်းတောင် တစ်ခါမှ မမြင်ဖူးခဲ့တဲ့အပြင် မကြုံစဖူး အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပုံကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ သူ ဘယ်လောက်တောင် ဒုက္ခခံရမလဲ၊ ဘယ်လို အဖိုးအခမျိုး ပေးဆပ်ရမလဲဆိုတာကို သူ မတွေးခဲ့ဘဲ ဘုရားသခင်ပေးတဲ့ တာဝန်ပေးစေခိုင်းချက်ကို ဘယ်လို ပြီးမြောက်အောင် လုပ်မလဲဆိုတာကိုပဲ အာရုံစိုက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ခေတ်မီစက်ကိရိယာတွေ မရှိဘူး၊ နောဧက သစ်တွေရှာရတယ်၊ သစ်ပင်တွေခုတ်ရတယ်၊ ပြီးတော့ သင်္ဘောဆောက်တဲ့ ပစ္စည်းတွေဖြစ်အောင် လုပ်ရတယ်၊ ဒီအဆင့်တွေ တစ်ခုမှ ကျွန်မတို့ စိတ်ကူးသလောက် ရိုးရှင်းလွယ်ကူတာ မဟုတ်ဘူး။ ဒါပေမဲ့ နောဧရဲ့ စိတ်ထဲမှာတော့ အတွေးတစ်ခုပဲ ရှိတယ်၊ အဲဒါက ဘုရားသခင် သတ်မှတ်ချက်တွေအတိုင်း သင်္ဘောကို မြန်နိုင်သမျှ အမြန်ဆုံး ဘယ်လိုဆောက်မလဲ ဆိုတာပါပဲ။ နောဧရဲ့ ကိုယ်ကျင့်စရိုက်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တော့ ကျွန်မ ရှက်မိတယ်။ ကျွန်မရဲ့ ဒီတာဝန်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေအားလုံးအကြောင်းကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ မသေချာတာတွေ ရှိရင်လည်း အထက်ခေါင်းဆောင်တွေဆီက လမ်းပြမှု ရယူလို့ရတဲ့အပြင် ကိုးကားလေ့လာစရာ ပညာရပ်ပိုင်းဗဟုသုတတွေလည်း အများကြီးရှိတယ်။ ကျွန်မက အချိန်နဲ့ လူအင်အား ပိုစိုက်ထုတ်လိုက်ရုံနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာပါ။ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရာမှာ ကျွန်မက အလုပ်အမျိုးမျိုးကို လုပ်သင့်တာ၊ ဒါပေမဲ့ ကျွန်မရဲ့ ပျင်းရိမှုနဲ့ တက်ကြွမှု မရှိတာတွေကြောင့် ချန်ဂျင် တာဝန်ယူထားတဲ့ အလုပ်အပေါ် လစ်လျူရှုမိခဲ့ပြီး ကျွန်မ ဝင်မပါဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အခု ချန်ဂျင် ပြောင်းသွားတော့၊ အလုပ်တွေကို နောက်ဆက်တွဲ လိုက်လုပ်ဖို့နဲ့ ပြဿနာဖြေရှင်းဖို့အတွက် ဝန်တာစိတ်ထားဖို့ ကျွန်မ အခြေအနေက တွန်းအားပေးလာတယ်။ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ စည်းမျဉ်းတွေထဲ ဝင်ရောက်ဖို့ ကျွန်မကို ကူညီအားပေးမှာပဲ။ တကယ်လို့သာ ချန်ဂျင် မပြောင်းသွားရင် ကျွန်မက သူများတွေကို မှီခိုတဲ့ အခြေအနေမှာပဲ ဆက်ပြီး နေနေမိဦးမှာ၊ ပြီးတော့ ဘာတိုးတက်မှုမှ ရှိမှာမဟုတ်သလို ကိုယ့်ဘာသာစဉ်းစားပြီး ပြဿနာဖြေရှင်းတတ်လာမှာလည်း မဟုတ်ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နည်းနည်းပိုနားလည်လာတာက ကျွန်မရဲ့ မွန်းကျပ်တဲ့ ခံစားချက်တွေကို အများကြီး လျော့ပါးသွားစေတယ်။
စက်တင်ဘာလရဲ့ တစ်ရက်မှာတော့၊ ညီအစ်ကိုမောင်နှမ တော်တော်များများ တစ်ချိန်တည်းမှာပဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ သိလိုက်ရတဲ့အခါ ကျွန်မ ချက်ချင်း ဗျာများသွားပြီး တွေးမိတယ်၊ “အရင်တုန်းက အသင်းတော်မှာ ဖမ်းဆီးမှုတွေဖြစ်ရင် နောက်ဆက်တွဲကိစ္စတွေကို ချန်ဂျင်ပဲ အမြဲ ကိုင်တွယ်ခဲ့တာ၊ အခုတော့ နောက်ဆက်တွဲကိစ္စတွေကို ငါကိုယ်တိုင် ကိုင်တွယ်ရတော့မယ်၊ ပြီးတော့ ကြောက်နေရတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို သမ္မာတရား မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးဖို့လည်းလိုတယ်။ ငါ အများကြီး အားစိုက်ပြီး အဖိုးအခ တော်တော်ပေးဆပ်ရမှာပဲ။ ဒါက တကယ့်ကို ဒုက္ခများမယ့်ကိစ္စ။ ချန်ဂျင်သာ မထွက်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဒါဆို ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုန်းကန်စရာ မလိုတော့ဘူးလေ” ပေါ့။ ဒီလိုတွေးမိလိုက်တဲ့အခါ ကျွန်မက ကိုယ့်ဇာတိပကတိအလိုကို လိုက်တဲ့ အခြေအနေမှာ နောက်တစ်ကြိမ် ပြန်နေနေမှန်း သတိပြုမိလိုက်တယ်၊ ဒါကြောင့် ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေ ဖမ်းဆီးခံရတာကို တွေးမိတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့၊ အပျက်သဘောဆောင်ပြီး အားနည်းနေတဲ့ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့ကူညီဖို့အတွက် နောက်ဆက်တွဲကိစ္စတွေကို မြန်နိုင်သမျှ အမြန်ဆုံး သေချာကိုင်တွယ်ဖို့က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်ဆိုတာ တွေးမိတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနိုင်ပေမဲ့ ဒီရုတ်တရက်ဖြစ်လာတဲ့ အခြေအနေက ကျွန်မအတွက် စမ်းသပ်မှုတစ်ခုပါ၊ ပြီးတော့ ဒါက ကိစ္စရပ်တွေကို ကိုယ်တိုင်ကိုင်တွယ်နိုင်စွမ်းရှိဖို့ ကျွန်မကို လေ့ကျင့်ပေးနိုင်တယ်။ ဒီလိုတွေးပြီးတော့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ အမြန်ဆွေးနွေးပြီး ကိစ္စတွေကိုစီစဉ်တယ်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ လုံခြုံမှုရှိမရှိ မေးမြန်းတယ်၊ အန္တရာယ်ရှိတဲ့သူတွေကို နေရာရွှေ့ပြောင်းဖို့ ချက်ချင်း စီစဉ်တယ်၊ ပြီးတော့ မသေချာတာတွေရှိရင် အထက်ခေါင်းဆောင်တွေဆီက လမ်းပြမှု ရယူတယ်။ နောက်ဆက်တွဲကိစ္စတွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ခဲ့ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားတွေ ဆုံးရှုံးမှု ကြီးကြီးမားမား မရှိခဲ့ဘူး။ နောက်ပိုင်း အသင်းတော်မှာ ဖမ်းဆီးမှုတွေ ထပ်ကြုံရတဲ့အခါ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်မ သိသွားပြီ။
ကျွန်မတွဲဖက်ရဲ့ တာဝန်ကို ဒီလိုပြန်လည်နေရာချထားလိုက်တာက သက်သောင့်သက်သာရှိတာကို မွေ့လျော်တဲ့ ကျွန်မရဲ့ သဘာဝကို ထုတ်ဖော်လိုက်တာဖြစ်တဲ့အပြင် ကျွန်မက သူများတွေကို ဘယ်လောက်တောင် မှီခိုနေခဲ့လဲဆိုတာကိုလည်း ပြသလိုက်တာပါပဲ။ ဒီလိုအခြေအနေမျိုးကိုသာ မဖြတ်သန်းခဲ့ရရင် အခုချိန်ထိ ကျွန်မ ဘာတိုးတက်မှုမှ ရှိလာမှာ မဟုတ်ဘူး။ ကျွန်မရဲ့ လက်ရှိ သိနားလည်မှုနဲ့ ရရှိမှုတွေဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရလဒ်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်ရှင်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ပိုင်ရွှဲ အီတလီနိုင်ငံ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ၊ ဗီဒီယိုတွေအတွက် ပုံတွေလုပ်ဖို့ ငါ့ကို အစ်မဆန်ဒရာနဲ့ တွက်ဖက်ပေးဖို့ ခေါင်းဆောင်က စီစဉ်တယ်။...
လီဂျင်ရှင်း၊ တရုတ်ပြည်အသင်းတော် ဗီဒီယိုတွေ ထုတ်လုပ်တဲ့နေရာမှာသုံးတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို အချက်အလက်ကုန်ကြမ်းတွေ ရိုက်ကူးဖို့ ကျွန်မ...
ကျန်လင်း စပိန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က၊ ဂရပ်ဖစ်ဒီဇိုင်းတာဝန်ကို ကျွန်မယူခဲ့ပြီး တခြားလူတချို့ရဲ့ အလုပ်အတွက်လည်း တာဝန်ယူခဲ့တယ်။ ပထမတော့၊...
ရီဟန်၊ တရုတ်ပြည်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ဗီဒီယိုတွေစစ်ဆေးတာကို ကျွန်မ စလေ့ကျင့်ခဲ့ပါတယ်။ အစပိုင်းမှာ ကျွန်မ စိတ်နှလုံးအပြည့်နဲ့...