သိမ်ငယ်ခြင်း ခံစားချက်များနောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်ထားသနည်း
ခေါင်းဆောင်အနေနဲ့ ကျွန်မ အလုပ်စလုပ်တော့၊ ညီမ ချင်းရှောင်နဲ့ တွဲလုပ်ရတယ်။ ချင်းရှောင်မှာ အစွမ်းအစကောင်းရှိပြီး သူ့အလုပ်မှာ ရဲရင့်၊...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်ကြောင်း လူသားက သက်သေခံ၏။ လူသားသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သက်သေခံသည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်၊ သူသည် လူသားကို ချစ်ခဲ့ပြီး ကယ်တင်ခဲ့သည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆဲမှုတို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားကို ယခင်က ကျိန်ဆဲခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မပစ်ချခဲ့ဘဲ၊ ယင်းနည်းလမ်းကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို သူစစ်ဆေးခဲ့သည်။ သူသည် လူသားကို မကွပ်မျက် ခဲ့သော်လည်း၊ လူသားကို စုံလင်အောင်ပြုရန် လုပ်ဆောင်ခဲ့သည်။ လူ့ဇာတိ၏အနှစ်သာရမှာ စာတန်၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က ထိုသို့ပင် အတိအကျပြောခဲ့သည်- သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဖြစ်ရပ်များသည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။ သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အနှစ်သာရကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ တရားစီရင်ခြင်းသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်”) လူတွေ ဘုရားသခင်ရဲ့မေတ္တာအကြောင်း ပြောကြ တဲ့အခါမှာ သူ့ရဲ့သနားကရုဏာနဲ့ကြင်နာမှု၊ သူ့ရဲ့ကျေးဇူး တော်နဲ့ ကောင်းချီးမင်္ဂလာတွေကို ပြောတာလို့ ကျွန်မ ထင်ခဲ့မိတယ်။ တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်းတွေနဲ့ ဆိုင်တဲ့ သူရဲ့ချစ်ခြင်းမေတ္တာကို ကျွန်မ တကယ်နားမလည်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ပြီးတဲ့ နောက်မှာ အဲဒါ ဘယ်လောက်အရေးကြီးမှန်း ကျွန်မတွေ့ခဲ့ရတယ်၊ ပြီးတော့ ဘုရားရဲ့နှုတ်ကပတ်တော်တွေဟာ အမှန်တရားတွေဖြစ်ပြီး၊ အားလုံးဟာ တကယ် လက်တွေ့ကျတယ်ဆိုတာကို ကျွန်မမြင်ခဲ့ရတယ်။ တရားစီရင်ခြင်းဟာ တကယ်ကို လူသားတွေ အပေါ်ထားတဲ့ ဘုရားရဲ့ချစ်ခြင်းမေတ္တာဖြစ်ပြီး အကောင်းဆုံးကယ်တင်ခြင်းလည်း ဖြစ်တယ်။
ရေလောင်းတဲ့အဖွဲ့အတွက် ကျွန်မတာဝန်ယူလေ့ ရှိခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ လက်တွေ့အလုပ် မလုပ်တဲ့အတွက် ကျွန်မ ထုတ်ပယ်ခံခဲ့ရတယ်။ ကျွန်မရဲ့အလုပ်ကို အစ်မဝမ် လွှဲပြောင်းတာဝန်ယူ ဖို့ အသင်းတော်ခေါင်းဆောင်က စီစဉ်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မအနေနဲ့ ပြောမထွက်နိုင်အောင် ခံစားခဲ့ရတယ်။ အရင်က အစ်မဝမ်ရဲ့အလုပ်ကို ကျွန်မက ကြီးကြပ်ခဲ့တာဖြစ်ပြီး၊ အခုတော့ သူက ကျွန်မရဲ့အလုပ်ကို ကြီးကြပ်တော့မှာ။ ကျွန်မက အစွမ်းအစမရှိတဲ့ပုံ ပေါ်မနေဘူးလား။ ကြီးကြပ်ရတဲ့လူတစ်ယောက်အဖြစ်ကနေ ရေလောင်းတဲ့အဖွဲ့ရဲ့ သာမန်အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားတယ်။ တကယ်လို့ ကျွန်မကိုသိတဲ့ ညီအစ်ကို မောင်နှမ တွေ သိသွားရင် ရှက်စရာ မကောင်းဘူးလား။ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်း မထမ်း ဆောင်မိခဲ့တဲ့အတွက် ကျွန်မ တကယ်နောင်တရ တယ်။ နောက်တော့ ကျွန်မတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ဆွေးနွေးမှုမှာ လူတိုင်းက ခဏလောက် နှုတ်ဆိတ်နေခဲ့ကြတယ်၊ ပြီးတော့ အချိန်ကုန်သွားတာကို ကျွန်မကြည့်ရင်း နဲ့ တွေးမိတယ်၊ ငါ့မှာ ကြီးကြပ်ဖို့တာဝန်မရှိတော့ပေမယ့်၊ ရေလောင်းတဲ့အလုပ်နဲ့ပတ်သက်ပြီး ငါ့မှာ အတွေ့အကြုံတချို့ရှိတယ်၊ ဒါကြောင့် ပိုပါဝင်ပြီး၊ ငါ့ရဲ့အတွေးတွေကို ဖော်ပြသင့်တယ်လို့ပေါ့။ အဲဒီလိုလုပ်ရင် ကျွန်မ အရေးကြီးတဲ့အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေသေးတယ်ဆိုတာကို အားလုံး တွေ့သွားမယ်၊ ပြီးတော့ အားလုံးက ကျွန်မကို အထင်ကြီးကြ မှာဖြစ်တယ်။ ဒါကြောင့် ကျွန်မရဲ့အတွေးတွေနဲ့ ထင်မြင်ယူဆ ချက်တွေကို ကျွန်မ စပြီးတက်တက်ကြွကြွနဲ့ ဝင်ပြောတယ်၊ ပြီးတော့ ဆွေးနွေးမှု အနည်းငယ်ပြုလုပ်ပြီးတဲ့ အခါမှာ လူအများစုက ကျွန်မနဲ့ သဘောတူ ကြတယ်။ ဆွေးနွေးမှုတိုင်းလိုလိုမှာ ကျွန်မရဲ့စိတ်ကူးတွေနဲ့ ဆွေးနွေးခဲ့တာကြောင့် ကျွန်မရဲ့စွမ်းဆောင်ရည်တွေဟာ အဖွဲ့ထဲမှာ တကယ်ထင်ပေါ်တယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မအနေနဲ့ ကြီးကြပ်သူတစ်ယောက်ရဲ့ အခန်းကဏ္ဍမှာ မပါဝင်ရပေမယ့်၊ အဲဒီလို အလုပ်မျိုးကို ကျွန်မ ကိုင်တွယ်နိုင်သေးတယ်။ အခြားလူတွေက ကျွန်မကို အထင်ကြီးမှာဖြစ်ပြီး တစ်နေ့မှာ ကျွန်မ ရာထူးပြန်တိုးလိမ့်မယ်လို့ ကျွန်မစဉ်းစားမိတယ်။ အဲဒီနောက်မှာ ကျွန်မ ပိုပြီးတက်တက်ကြွကြွ စပါဝင်ခဲ့တယ်၊ ပြီးတော့ တွေ့ဆုံပွဲတိုင်းမတိုင်ခင်မှာ လူတိုင်းရဲ့အခြေအနေအကြောင်းကို ကျွန်မ မေးမြန်းပြီး ဆီလျော်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မရှာတယ်။ အချိန်နဲ့အင်အားတွေ အများကြီးကုန်ပေမယ့်၊ ကောင်းကောင်းအလုပ်လုပ်တာက ကျွန်မရဲ့စွမ်းဆောင်ရည်ကို ပိုတက်လာစေမှာဖြစ် တာကြောင့် ပေးဆပ်ရတာ တန်တယ်လို့ ကျွန်မတွက်မိတယ်။
အဲဒီအချိန်အတွင်းမှာ ကျွန်မတို့ရဲ့အလုပ်ထဲ ပြဿနာတချို့ကို ကျွန်မရှာတွေ့ခဲ့ပြီး၊ ကျွန်မစဉ်းစားမိတဲ့ အဖြေတွေနဲ့အကြံပြု ချက်တွေကို အများစုက သဘောတူကြတယ်။ ကျွန်မ ဘယ်လောက်အလုပ်ကြိုးစားတယ် ဆိုတာကို အားလုံးက တွေ့မှာပဲ၊ ဒါကြောင့် ခေါင်းဆောင်က ကျွန်မတို့ရဲ့အလုပ်ကို ပြန်သုံးသပ်ပြီး ကျွန်မ ဘယ်လိုလုပ်နေတယ် ဆိုတာကို တွေ့တဲ့အခါ ကျွန်မကို ရာထူးတိုးပေး မှာပဲလို့ ကျွန်မခံစားရတယ်။ ဒါပေမယ့် အချိန်အနည်းငယ်ကြာသွားပြီး၊ ခေါင်းဆောင်က ကျွန်မကို ရာထူးတိုးပေးမယ့်ပုံ မပေါ်ဘူး။ အသင်းတော်ကို လူတွေ ပိုပြီးပိုပြီးပါဝင်လာကြ တာကြောင့် ရာထူးတွေထပ်ခန့်ဖို့ လူတွေပိုပြီး လိုအပ်လာပေမယ့် ကျွန်မကို ရာထူးတိုးပေးဖို့ လုံးဝစဉ်းစားထားပုံမပေါ်ဘူးဆိုတာ ကျွန်မ သတိထားမိတယ်။ ကျွန်မ စပြီးစိတ်ဓာတ်ကျလာတယ်။ ကျွန်မအနေနဲ့ ပြောင်းလဲမှုတချို့လုပ်ခဲ့ပြီး၊ ကျွန်မရဲ့တာဝန်မှာလည်း ကောင်းကောင်းလုပ်နေ တယ်လို့ ကျွန်မထင်ခဲ့တာ။ အသင်းတော်မှာ အကူအညီတွေ အရမ်းလိုနေမှ တော့၊ ကျွန်မကို ဘာဖြစ်လို့ နောက်ထပ်အခွင့်အ ရေး မပေးတာလဲ။ တစ်ကြိမ်ထုတ်ပယ်ခံပြီးတဲ့နောက်မှာ၊ ကြီးကြပ် သူဖြစ်ဖို့ နောက်ထပ်အခွင့်အရေးကို ကျွန်မ ဘယ်တော့မှ မရတော့ဘူးလား။ ကျွန်မအတွက်ကတော့ ဒါလုံးဝအဓိပ္ပာယ် မရှိဘူး။ ကျွန်မရဲ့အလုပ်ကြိုးစားမှုအားလုံးက ဘာလို့ အကျိုးမပေးခဲ့တာလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ ဘာလိုအပ်နေတာလဲ။ နောက်တော့ ကျွန်မအနေနဲ့ လုံလောက်အောင် အလုပ်မကြိုးစားခဲ့တာ၊ လုံလောက်အောင် မတော်ခဲ့တာ၊ လုံလောက်အောင် မစွမ်းဆောင်ခဲ့တာ ဖြစ်ရမယ် လို့ တွေးမိတယ်။ ကျွန်မအနေနဲ့ အလုပ်ကို ဆက်ကြိုးစားဖို့ လိုပြီး ကျွန်မရဲ့တာဝန်မှာ အောင်မြင်မှုတွေကိုပဲ အာရုံမစိုက်ဘဲ၊ အသက်ဝင်ရောက်မှုနဲ့ သမ္မာတရားနောက်ကို လိုက်တာတွေအပေါ်မှာပါ အာရုံစိုက်ဖို့လိုတယ်၊ ဒါမှ ကျွန်မရဲ့ကိုယ်ပိုင်တိုးတက်မှုကို အခြားလူ တွေက တွေ့နိုင်မှာလို့ ကျွန်မ တွက်ဆမိလိုက် တယ်။ အဲဒီလိုဆိုရင် ဘုရားသခင်က ကျွန်မကို ကရုဏာထားပြီး နောက်ထပ်အခွင့်အရေးတစ်ခု ပေးမှာပဲလို့ပေါ့။ မှန်မှန်ကန်ကန် “လိုက်စားအားထုတ်ခြင်း” နဲ့အတူ တစ်နေ့ကျ အပြောင်းအလဲတစ်ခုရှိမှာပဲ၊ ပြီးတော့ ငါရာထူးမတိုးခဲ့ရင်တောင်မှ ငါ့ရဲ့အဖွဲ့ထဲ မှာ ငါဟာ ထင်ပေါ်ပြီး အခြားညီအစ်ကိုမောင်နှမတွေရဲ့ လေးစားအားကျ မှု ရမှာပဲလို့ ကျွန်မစဉ်းစားမိတယ်။ ဒါကြောင့် ကျွန်မတို့အဖွဲ့ရဲ့ ရေလောင်းတဲ့အလုပ် ကို ကျွန်မ ခေါင်းမဖော်တမ်းလုပ်ခဲ့ပြီး၊ လူသစ်တွေ ပြဿနာတွေရှိတဲ့အခါမှာ ကျွန်မ အသေအချာစဉ်းစားတယ်၊ မိတ်သဟာယ ဖွဲ့ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာတယ်။ တစ်ခုခုကို ကျွန်မနားမလည်တဲ့အခါ ကျွန်မ လေးလေးနက်နက်ဆုတောင်းပြီး ရှာဖွေတယ်။ အချိန်အနည်းငယ်ကြာပြီးနောက်မှာ၊ ကျွန်မက လူသစ်တွေကို ရေလောင်းတဲ့နေရာမှာ ပိုပိုပြီး အောင်မြင်လာတယ်။ နောက်ပိုင်း တွေ့ဆုံပွဲတစ်ခုမှာ ကျွန်မက ကျွန်မရဲ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တော်တယ် လို့ အဖွဲ့ခေါင်းဆောင်က ပြောတယ်။ ကျွန်မကိုယ်ကျွန်မ အရမ်းကျေနပ်သွားတယ်။ ငါဘယ်လောက်ကောင်းကောင်းလုပ်နေတယ် ဆိုတာကို လူတိုင်းက စတွေ့ကြမှာပဲ၊ ပြီးတော့ ငါ့ရဲ့စွမ်းဆောင်မှုကို ငါပိုကောင်း အောင် လုပ်နိုင်ရင် လူတိုင်းရဲ့ လေးစားအားကျမှုကို ငါရမှာပဲလို့ ကျွန်မစဉ်းစားမိတယ်။ အဲဒီအခါကျရင် ကျွန်မရာထူးတိုးဖို့ အလားအလာ ရှိမှာဖြစ်တယ်ပေါ့။ အဲဒီနောက်မှာ ကျွန်မ တကယ်ကို ခေါင်းမဖော် တမ်းလုပ်ခဲ့တယ်။ ကျွန်မရဲ့ကိုယ်ပိုင်တာဝန်ဝတ္တရားတွေတင် မကဘဲ၊ အဖွဲ့ရဲ့တခြားအလုပ်ကိုလည်း ကျွန်မ တတ်နိုင်သမျှ ဝင်လုပ်တယ်၊ ပြီးတော့ ပြဿနာတွေကို ကျွန်မတွေ့တဲ့အခါ ကြီးကြပ်သူဆီကို တုံ့ပြန်ချက်တင်ပြပြီး ကူညီပံ့ပိုး ပေးတယ်။ သမ္မာတရားနောက် လိုက်တာကိုလည်း ကျွန်မ မလစ်ဟင်းသလို အားတဲ့အချိန်တိုင်းမှာလည်း ဘုရားနှုတ်ကပတ် တော်တွေကို ကျွန်မဖတ်တယ်။ ကျွန်မ ဘာလုပ်ရမှန်း မသိတဲ့အခါတိုင်းမှာ ဘုရားသခင်ရှေ့မှောက်ကိုသွားပြီး ဆုတောင်း ရှာဖွေသလို၊ တွေ့ဆုံပွဲတွေမှာလည်း မိတ်သဟာယဖွဲ့တာကို တက်တက်ကြွကြွနဲ့ ပါဝင်တယ်။
ဒါပေမယ့် အလုပ်တွေ တော်တော်လေးကြိုးစား လုပ်ပြီးတဲ့အခါမှာတောင် ကျွန်မ ရာထူးမတိုး သေးဘူး။ ကျွန်မ အလုပ်ကို ဘယ်လောက်ပဲကြိုးစား လုပ်လုပ်၊ ကျွန်မ ဘယ်လောက်ပဲကောင်းအောင် လုပ်လုပ်၊ ဘုရားသခင်က ကျွန်မကို ဘယ်တော့မှ ဆုချီးမြှင့် မှာမဟုတ်သလို၊ ခေါင်းဆောင်ကလည်း ကျွန်မကို ဘယ်တော့မှ ရာထူးတိုးပေးမှာ မဟုတ်ဘူးလို့ ကျွန်မခံစားရတယ်။ အဲဒီတော့ ဒီဟာတွေအားလုံးက ဘာအဓိပ္ပာယ်ရှိ လဲလို့ပေါ့။ အဲဒီနောက်မှာ ကျွန်မ အားသိပ်မထုတ်တော့ သလို၊ လူသစ်တွေ ပုံမှန်မတွေ့ဆုံနိုင်တာကို ကျွန်မ တွေ့တဲ့အခါမှာလည်း အသေးစိတ်စုံစမ်းတာ၊ ပံ့ပိုးပေးတာတွေ မလုပ်ဘဲ အဲဒါနဲ့ပတ်သက်ပြီး သာမန်ကာလျှံကာပဲ မေးလိုက်တယ်။ တစ်ခါတစ်လေ ညီအစ်ကိုမောင်နှမတွေရဲ့ သီးခြားအခြေအနေတွေအတွက် အစ်မဝမ်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေ ရှာခိုင်းတဲ့ အခါ၊ အဲဒါ ကျွန်မရဲ့အလုပ်မဟုတ်ဘူးလို့ ကျွန်မခံစားရ ပြီး၊ ကျွန်မ ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ်၊ ဘယ်သူမှ သတိထားမိမှာ မဟုတ်တာကြောင့် ဆင်ခြေတစ်ခုပေးပြီး ကျွန်မနှပ်လွှတ်လိုက်တယ်။ ကျွန်မရဲ့ကိုယ်ပိုင်အခြေအနေက စဆိုးလာပြီး ဆုတောင်းတဲ့အခါမှာလည်း ဘာပြောရမှန်း ကျွန်မ မသိတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တဲ့အခါမှာ အသိဉာဏ်ပွင့်လင်းတာ မခံစားရသလို၊ တစ်ခါတစ်လေ ကျွန်မအိပ်ချင်လာတယ်။ ကျွန်မရဲ့ဝိညာဉ်မှာ တကယ့်မှောင်မိုက်မှုကို ခံစားရပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ရဲ့ အမှုတော်ကိုလည်း ကျွန်မ မခံစားရတော့ဘူး။ သိပ်မကြာခင်မှာပဲ အခြားညီအစ်ကိုမောင်နှမတွေ ရာထူးတွေတက် သွားတာကို ကျွန်မ တွေ့ရပေမယ့်၊ ကျွန်မက ရေလောင်းတဲ့အဖွဲ့မှာ နိမ့်ကျတဲ့အဖွဲ့ဝင် တစ်ယောက်အနေနဲ့ပဲ ရှိနေတုန်းပဲ။ ကျွန်မ ပိုပြီးတောင်စိတ်ဓာတ်ကျလာတယ်။ ကျွန်မလိုမျိုး ယုံကြည်တဲ့သူတွေဟာ အသင်းတော်ခေါင်းဆောင်တွေနဲ့ အဖွဲ့ခေါင်းဆောင်တွေဖြစ်ပြီး အခြားလူတွေရဲ့ လေးစားအားကျမှုကို ရရှိကြပေမယ့်၊ ကျွန်မကတော့ ဘယ်တော့မှ ရာထူးမတိုးခဲ့ဘူး။ ကျွန်မက ယုံကြည်သူတစ်ယောက်အနေနဲ့ရော၊ ကျွန်မရဲ့တာဝန်မှာပါ မအောင်မြင်ဘူးဆိုတဲ့ သဘောလား။ ကျွန်မ အလုပ်တွေကို အရမ်းကြိုးစားလုပ်ခဲ့ပေ မယ့်၊ နေရာဟောင်းမှာပဲ ပိတ်မိနေခဲ့တယ်။ ကျွန်မအတွက် ရာထူးတိုးဖို့ မျှော်လင့်ချက်လုံးဝ မရှိဘူးလို့ ခံစားရတယ်။ ကျွန်မအနေနဲ့ အရမ်းအပျက်သဘောဆောင်လာ ခဲ့တာ ဘာကိုမှလုပ်ဖို့ စိတ်အားထက်သန်မှု မရှိတော့ဘူး။
အဲဒီအချိန်တုန်းက ကျွန်မ ဘာဖြစ်လို့ စိတ်ဓာတ်အရမ်းကျနေခဲ့တာလဲလို့ စဉ်းစားတယ်။ ဂုဏ်ဒြပ်တစ်ခုတည်းအတွက် ကျွန်မ ဘာဖြစ်လို့ အသက်ရှင်နေခဲ့တာလဲ။ ကျွန်မယုံကြည်ခဲ့တဲ့နှစ်တွေအားလုံးမှာ ဂုဏ်ဒြပ် နောက်ကိုပဲ လိုက်ခဲ့တာလား။ အချိန်ယူစဉ်းစားကြည့်တဲ့အခါမှာ ကျွန်မက ဘယ်လောက် သနားဖို့ကောင်းတယ်ဆိုတာကို အသိတရားရလိုက်တယ်။ လူသားတစ်ယောက်အနေနဲ့ ကျွန်မက ဘာဖြစ်လို့ ဂုဏ်ဒြပ်ကို စွဲလမ်းနေရတာလဲ။ ကျွန်မကိုယ်ကျွန်မ တကယ်မုန်းမိတယ်။ ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မ ဒူးထောက်ပြီး၊ “ဘုရားသခင် ကျွန်မအနေနဲ့ ယုံကြည်မှုမှာ သမ္မာတရားနောက် ကိုလိုက်ပြီး ကိုယ်တော်ရဲ့မေတ္တာကို ပြန်ဆပ်ချင် ပါတယ်၊ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင် ချင်ပါတယ်။ ကျွန်မက ဘာဖြစ်လို့ ဂုဏ်ဒြပ်ကိုပဲ အရမ်းအာရုံ ရောက်နေမိတာလဲ။ ကျွန်မ ဒီအခြေအနေထဲမှာ မနေချင်တော့ပေမယ့်၊ ကိုယ့်ကိုယ်ကိုယ် မတတ်နိုင်ပါဘူး။ ကျွန်မရဲ့ဂုဏ်ဒြပ်အပေါ် တပ်မက်မှုက ကျွန်မကို ဆုပ်ကိုင်ထားတယ်။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပွင့်စေပြီး ကယ်တင်ပေးပါ၊ အဲဒါမှ ကျွန်မအနေနဲ့ ကျွန်မရဲ့ပြဿနာကို နားလည်ပြီး ဖြေရှင်းနိုင်မှာဖြစ်တယ်”လို့ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့အခါမှာ ဘုရားနှုတ်ကပတ်တော် တွေထဲက ဒီအပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “အန္တိခရစ်တစ်ယောက်တွင် အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားနှင့် အနှစ်သာရရှိပြီး ဤသည်မှာ သာမန်လူတစ်ယောက်နှင့် ၎င်းတို့ ကွာခြားသည့်အရာဖြစ်သည်။ အပေါ်ယံတွင် ၎င်းတို့သည် ၎င်းတို့ထုတ်ပယ်ခံရခြင်းအား လိုလိုလားလား နာခံသည့် ပုံစံပေါ်နိုင်သည်။ ဤလက်တွေ့အရှိတရားကို လက်ခံနိုင်သည့် ပုံပေါ်သည်။ သို့သော် ၎င်းတို့ မည်သည့်အခါမျှ မပြောင်းလဲသည့်အရာ တစ်ခုရှိသည်။ တာဝန်တစ်ခုကို မည်သည့်နေရာတွင် ၎င်းတို့ အလုပ်လုပ်သည်ဖြစ်စေ၊ မည်သည့်လူအုပ်စုဖြင့် ၎င်းတို့ ရောနှောသည်ဖြစ်စေ ၎င်းတို့သည် လူစုထဲတွင် ထင်ပေါ်ချင်သည်။ သူတစ်ပါးတို့၏ အထင်ကြီးလေးစားမှုကို ခံလိုသည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အသင်းခေါင်းဆောင်အဖြစ် တရားဝင်ရာထူး၊ ဂုဏ်ပုဒ်မရှိလျှင်ပင် ရာထူးအဆင့်အတန်း၌ သူတစ်ပါးတို့ထက် သာလိုဆဲဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်နိုင်သည်ဖြစ်စေ၊ မည်သည့် လူ့သဘာဝမျိုး၊ သို့မဟုတ် ဘဝအတွေ့အကြုံမျိုးရှိသည်ဖြစ်စေ၊ လူတို့၏ လေးစားမှုကို ရရှိရန်အတွက် ၎င်းတို့ကိုယ်၎င်းတို့ မြှင့်တင်ဖို့ အခွင့်အလမ်းများရှာရန်၊ ငွေကြေးကို အသုံးချ၍ လူတို့၏ စိတ်နှလုံးအတွင်းသို့ ဝင်ရောက်ရန်၊ သူတစ်ပါးတို့အား စည်းရုံးရန်၊ လှည့်စားပြီး သွေးဆောင်ရန် နည်းလမ်းမျိုးစုံကို တီထွင်ဖန်တီးပြီး အလွန်အမင်း ကြိုးစားကြလိမ့်မည်။ ၎င်းတို့နှင့်ပတ်သက်ပြီး လေးစားစရာ မည်သည့်အရာရှိသနည်း။ ‘ဆင်ပိန်လျှင် ကျွဲလောက်တော့ ရှိပေမည်။’ ၎င်းတို့သည် ထုတ်ပယ်ခံရပြီးသည်ဖြစ်သည့်တိုင် ကြက်ကလေးများအပေါ်တွင် ပျံဝဲနေသည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ ဆက်လက်တည်ရှိနေသည်။ ဤသည်မှာ အန္တိခရစ်၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းဖြစ်ပြီး မိမိတို့ကိုယ်ကို အများနှင့်မတူဟု ယူဆခြင်း မဟုတ်သလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဆင့်အတန်းမရှိခြင်း၊ သာမန်ယုံကြည်သူတစ်ယောက်ဖြစ်ခြင်း၊ ပုံမှန်လူတစ်ယောက်သာ ဖြစ်ခြင်းအဖြစ် လက်မခံနိုင်ကြပေ။ ၎င်းတို့သည် အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်ဓာတ်ဖြင့် ၎င်းတို့နေရာ၌နေပြီး မိမိတို့၏တာဝန်ကို အလွယ်တကူ မလုပ်နိုင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်တာဝန်တွင် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ပေ။ မိမိတို့ကိုယ်ကို အပ်နှံပြီး အကောင်းဆုံး မလုပ်နိုင်ပေ။ ဤအရာတို့သည် ၎င်းတို့ကို နည်းနည်းမျှ စိတ်မကျေနပ်စေနိုင်ပေ။ ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်နေရာတွင် တည်ရှိသနည်း။ လေးစားခံရခြင်း၊ အထင်ကြီးခံရခြင်း၊ အာဏာကိုင်စွဲခြင်းတို့တွင် တည်ရှိသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် ၎င်း၏ နာမည်နှင့်ပူးတွဲ၍ သီးသန့်ရာထူးမရှိလျှင်ပင် ကြွားဝါဖို့အတွက်၊ ၎င်းတို့လုပ်နိုင်သည့်အရာကို ပြဖို့အတွက် ၎င်းတို့တတ်နိုင်သည့် အရာရာတိုင်းကို လုပ်ဆောင်လျက် မိမိကိုယ်တိုင်အတွက် ကြိုးပမ်းလိမ့်မည်။ မိမိကိုယ်တိုင်အတွက် ထုတ်ဖော်ပြောဆိုပြီး ကျိုးကြောင်းမှန်ကန်ကြောင်းပြလိမ့်မည်ဖြစ်ပြီး လူအမြင်မခံရမည်ကို ကြောက်လန့်ကြသည်။ ၎င်းတို့သည် ပို၍ လူသိများရန်အတွက်၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက်၊ ၎င်းတို့၏ ပါရမီများ၊ အားသာချက်များကို လူတို့ပို၍ မြင်စေရန်အတွက်၊ ၎င်းတို့သည် သူတစ်ပါးတို့ထက် သာလွန်သည်ကို မြင်ရန်အတွက် အခွင့်အလမ်းတိုင်းကို အမိအရဖမ်းလိမ့်မည်။ ၎င်းတို့လုပ်ဆောင်သည့် အရာရာတိုင်းတွင် အန္တိခရစ်တစ်ယောက်သည် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ပြီး ချီးကျူးရန်အတွက်၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ယောက်မဖြစ်လျှင်ပင်၊ အဆင့်အတန်းမရှိတော့လျှင်ပင် ၎င်းတို့သည် သာမန်လူတို့ထက် သာလွန်ဆဲဖြစ်သည်ဟု လူတိုင်းက ထင်မြင်စေရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် လိုလားသည်။ ဤနည်းလမ်းဖြင့် အန္တိခရစ်တစ်ယောက်သည် ၎င်း၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ပုံမှန်လူတစ်ယောက်၊ သာမန်လူတစ်ယောက်ဖြစ်ရန် မလိုလားပေ။ ၎င်းတို့သည် အာဏာနှင့် ဂုဏ်သိက္ခာကို လိုချင်ပြီး ဂုဏ်တင်ချီးကျူးခံလိုသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မ အတွက် တကယ်ထိတယ်။ ဘုရားသခင် ဒီမှာရှိနေပြီး ကျွန်မကို ဖော်ထုတ် လိုက်သလို ခံစားရတယ်။ အန္တိခရစ်တွေလို လူတွေက နာမည်နဲ့ဂုဏ်ဒြပ်ကို လိုချင်ကြပြီး၊ ဘာပဲဖြစ်ဖြစ်၊ အာဏာနဲ့ အခြားလူတွေရဲ့လေးစားအားကျမှုကို ရချင်ကြ တယ်လို့ ဘုရားသခင်က ပြောတယ်။ အဲဒီရိုင်းစိုင်းတဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့ အန္တိခရစ်တွေက သတိထားမိခံရဖို့နဲ့ သူတို့ကိုယ်သူတို့ မြှောက်စားပြီး လူတွေအပေါ် အနိုင်ယူနိုင်ဖို့အတွက် ဘာအဖိုးအခပဲ ပေးဆပ်ရ ပါစေ လုပ်မှာပဲဖြစ်တယ်။ ကျွန်မရဲ့လိုက်စားမှုကလည်း အန္တိခရစ်တွေလို တထေရာတည်းပဲဖြစ်နေတယ် ဆိုတာကို ကျွန်မတွေ့ရတယ်။ ကျွန်မရဲ့ယုံကြည်ခြင်းမှာ၊ ကျွန်မက ဂုဏ်ဒြပ်ကို လိုချင်ပြီး ခေါင်းဆောင်တစ်ယောက်၊ ဒါမှမဟုတ် ကြီးကြပ်သူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ကျွန်မရဲ့အဖွဲ့ထဲမှာ ကျွန်မက ထင်ပေါ်ချင်ပြီး တခြားလူတွေရဲ့လေးစားအားကျမှုနဲ့ပံ့ပိုးမှုကို လိုချင်ခဲ့တယ်။ ကျွန်မ ထုတ်ပယ်ခံရပြီးတဲ့နောက်၊ ကြီးကြပ်သူ တစ်ယောက်ဖြစ်ချင်တဲ့ ကျွန်မရဲ့လိုအင်ဆန္ဒကို ကျွန်မ မကိုင်တွယ်ခဲ့ဘူး။ အလုပ်ဆွေးနွေးပွဲတွေမှာ ကျွန်မ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ပြီး အကြံပြုချက်တွေ ပေးခဲ့တယ်၊ ပြီးတော့ ပြဿနာတွေကို တွေ့တွေ့ချင်း ခေါင်းဆောင်တွေကို ပြန်ပြီးတင်ပြခဲ့တယ်၊ ဒါမှ ကျွန်မက ပြဿနာတွေကို ရှာတွေ့နိုင်ရုံတင် မကဘဲ၊ ဖြေရှင်းချက်တွေကိုပါ ပေးနိုင်တယ်လို့ သူတို့သိမှာဖြစ်ပြီး၊ ကျွန်မ ဉာဏ်ရှိတယ်ဆိုတာကိုလည်း သိကြမှာ ဖြစ်တယ်။ အဲဒီအခါမှာဆိုရင် ကျွန်မမှာ ရာထူးတိုးဖို့လည်း အလားအလာရှိမှာဖြစ်တယ်။ ကျွန်မ လက်တွေ့အလုပ်ကို လုပ်နိုင်တယ်ဆိုတာ ကို အခြားညီအစ်ကိုမောင်နှတွေက တွေ့သွားပြီး၊ သူတို့ရဲ့ထောက်ခံမှုကို ရရှိတာနဲ့ ကျွန်မ ရာထူး တိုးနိုင်မှာဖြစ်လို့ ကျွန်မရဲ့တာဝန်မှာ အားထုတ်ပြီး ဆောင်ရွက် တယ်။ ကျွန်မရဲ့အဓိကတာဝန် မဟုတ်တဲ့အချိန်မှာတောင် အလုပ်ကို ကျွန်မ တက်တက်ကြွကြွလုပ်ပြီး၊ ကျွန်မရဲ့အချိန်နဲ့ အင်အားအများကြီးကို အသုံးပြုဖို့ အသင့်ဖြစ်နေ ခဲ့တယ်။ သမ္မာတရားနောက်လိုက်ရာမှာလည်း ကျွန်မ မခိုကပ်ခဲ့ဘူး။ အဲဒါက ကျွန်မအနေနဲ့ ဝန်ထုပ်ကို ထမ်းထားပြီး၊ လေးတဲ့ဝန်ထုပ်ကိုထမ်းရင်းနဲ့ သမ္မာတရားကို လည်း လိုက်စားအားထုတ်နိုင်သေးတာတာကို အားလုံးက တွေ့ပြီး၊ ကျွန်မကို လက်ခံကြဖို့ပါပဲ။ ကျွန်မကိုယ်ကျွန်မ သက်သေပြဖို့၊ ကြွားဝါဖို့၊ လူတွေကို သိမ်းသွင်းဖို့ အခွင့်အလမ်းတိုင်းကို ကျွန်မရှာဖွေတယ်။ ဒါဟာ ဘုရားသခင်က ဖော်ထုတ်တဲ့ အန္တိခရစ်ရဲ့ အပြုအမူမျိုး မဟုတ်လား။
အန္တိခရစ်တွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့အနှစ်သာရ ကို တကယ်နှံ့နှံ့စပ်စပ် ဖော်ပြပေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေထဲက နောက်အပိုဒ် တစ်ပိုဒ်ကို ကျွန်မဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်တစ်ယောက်ပြုလုပ်သည့်အရာရာတိုင်း၏ နောက်ကွယ်ရှိ ပန်းတိုင်နှင့် ရည်ရွယ်ချက်သည် ဤအရာနှစ်ခုဖြင့် ဆက်စပ်သည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အပြင်ပန်း စကားပြောသည့်၊ လုပ်ဆောင်သည့်၊ ပြုမူသည့်ပုံစံဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် စဉ်းစားပုံ၊ ရှုမြင်ပုံ အမျိုးအစားတစ်ခု၊ သို့မဟုတ် ရှာဖွေသည့် ပုံစံဖြစ်သည်ဖြစ်စေ၊ အရာရာတိုင်းသည် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့နှင့် ပတ်သက်သည်။ အန္တိခရစ်တစ်ယောက်အတွက် ၎င်း၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို တိုက်ခိုက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်းသည် ၎င်းတို့၏ အသက်ကိုယူဖို့ ကြိုးစာခြင်းထက်ပင် ပို၍ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို မည်မျှဖတ်သည်ဖြစ်စေ၊ ယင်းတို့က သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ အန္တိခရစ်တစ်ယောက်၏ သဘာဝ၊ အနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့ကို ဝမ်းနည်းစေခြင်း၊ သို့မဟုတ် နောင်တရခြင်းတို့ မဖြစ်ပေါ်စေနိုင်ပေ။ ယင်းအစား ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဂုဏ်သတင်းကို မြင့်တက်စေရန် နည်းလမ်းများကို ရှာဖို့အတွက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံစဉ်းစားကြသည်။ ဤသို့သောသူ လုပ်သမျှသောအရာတိုင်းသည် အခြားလူတို့ရှေ့တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားရှေ့တွင် လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဤအရာကို ငါ အဘယ့်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသို့သော သူတို့သည် အဆင့်အတန်းကို အလွန်ချစ်ပြီး ယင်းအား ၎င်းတို့၏ တကယ့်ဘဝအဖြစ်၊ ၎င်းတို့၏ ဘဝပန်းတိုင်နှင့် ဦးတည်ချက်အဖြစ် မှတ်ယူကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အဆင့်အတန်းကို အလွန်ချစ်သောကြောင့် သမ္မာတရား တည်ရှိမှုကို လုံးဝ မယုံကြည်ကြပေ။ တစ်နည်းအားဖြင့်ဆိုသော် ဤသို့သောသူတို့သည် ဤအနှစ်သာရနှင့် သဘာဝမျိုးရှိသောကြောင့် ၎င်းတို့တွင် ဘုရားသခင် တည်ရှိမှုကို ယုံကြည်လက်သင့်ခံခြင်း လုံးဝ မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် လူတို့နှင့် ဘုရားကို လှည့်စားရန် အတုအယောင် အသွင်အပြင်များကို အသုံးပြုဖို့ မည်မျှတွက်ချက်ပြီး မည်မျှကြိုးစားပါစေ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စိတ်ပူပင်မှုတစ်ခုခုမဆိုထားနှင့်။ လိပ်ပြာမလုံခြင်း၊ သို့မဟုတ် မည်သည့်အသိတရားမျှ မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို စဉ်ဆက်မပြတ်၊ မရိုးမဖြောင့် ရှာဖွေစဉ်တွင် ဘုရားသခင်လုပ်ဆောင်သမျှ အရာရာတိုင်းကိုလည်း ပစ်ပယ်နေကြသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင်၊ ၎င်းတို့၏ မသိစိတ်တွင် နားလည်မှုအချို့ရှိသည်။ ၎င်းတို့က ‘လူတစ်ယောက်၏ အဆင့်အတန်းနှင့် အရာရာတိုင်းသည် သူကိုယ်တိုင်၏ ကြိုးပမ်းမှုအပေါ်တွင် မူတည်သည်။ လူတို့ကြားတွင် နေရာရယူပြီး အလုံးစုံအာဏာနှင့် အမြင့်ဆုံးအဆင့်အတန်းကို ရရှိခြင်းအားဖြင့်သာ လူတစ်ယောက်၏ ဘဝက တန်ဖိုးတစ်ခုခုရှိနိုင်သည်။ ထိုအခါမှသာ လူသားတစ်ယောက်အဖြစ် ရှင်သန်နိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားနှုတ်ကပတ်တော်ထဲက အတိုင်း နာခံခြင်း၊ အရာရာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ဖြင့် နေထိုင်ခြင်း၊ ဖန်ဆင်းခံနေရာတွင် လိုလိုလားလား ရပ်တည်ခြင်း၊ သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်ခြင်းတို့ကဲ့သို့သော နည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခြင်းသည် သတ္တိနည်းခြင်း ဖြစ်လိမ့်မည်။ မည်သူကမျှ ၎င်းတို့ကို အထင်ကြီးလေးစားမည်မဟုတ်။ လူတစ်ယောက်၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ပျော်ရွှင်မှုတို့ကို ၎င်း၏ကိုယ်ပိုင် ရုန်းကန်ကြိုးစားမှုမှတစ်ဆင့် ရယူရမည်။ ၎င်းတို့ကို အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရယူရမည်။ မည်သူကမျှ ယင်းတို့ကို သင့်အား ပေးမည်မဟုတ်။ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းက အသုံးမဝင်ပေ။’ ဟူ၍ ထင်မြင်ကြသည်။...၎င်းတို့ ရှာဖွေရာတွင်၊ ၎င်းတို့၏ သိမြင်မှုနယ်ပယ်တွင် စစ်မှန်သည့် ဖန်ဆင်းခြင်း အရာဝတ္ထုများသည် အဆင့်အတန်းရှိသည့်သူများဖြစ်ပြီး၊ အဆင့်အတန်းရှိခြင်းဆိုသည်မှာ အရာရာကို ရယူနိုင်ခြင်းဖြစ်ကာ လူတစ်ယောက်အား လူသားပုံသဏ္ဌာန်ဖြင့် ရှင်သန်နိုင်စေခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်တို့သည် အဆင့်အတန်းအား မည်သည့်အရာအဖြစ် မြင်ကြသနည်း။ ယင်းအား သမ္မာတရားအဖြစ် မြင်ကြသည်။ ယင်းအား သာမန်လူများလိုက်စားရမည့် အမြင့်ဆုံးပန်းတိုင်အဖြစ် မှတ်ယူကြသည်။ သို့သော် ဤသည်မှာ ပြဿနာတစ်ခုမဟုတ်သလော။ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်ကို နာခံခြင်းအား ရှာဖွေခြင်း၊ ရိုးသားမှုကို ရှာဖွေခြင်းသည် အဓိပ္ပာယ်မရှိသည့် ဖြစ်စဉ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့ကို ဘုရားသခင်က မြင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး မိမိအတွက် ပြုမူရန် စံနှုန်းများမဟုတ်ဟု ယုံကြည်ကြသည်။ ဤနားလည်မှုသည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်စရာပင်ဖြစ်သည်။ သမ္မာတရားကို မချစ်သည့် အဓိပ္ပာယ်မရှိသူတို့သာ ဤသို့သော ရယ်ဖွယ်အယူအဆကို ထားရှိနိုင်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဒီဘုရားနှုတ်ကပတ်တော်စာပိုဒ်ကို ဖတ်ရတာဟာ ကျွန်မအတွက် တကယ်ကို စိတ်ထိခိုက်စေတယ်။ ကျွန်မရဲ့နှလုံးသားထဲမှာ ဝှက်ထားတဲ့အရာ အားလုံးကို ဘုရားက ဖွင့်ပြလိုက်တယ်လို့ ကျွန်မခံစားရတယ်။ ကျွန်မမှာ ပုန်းစရာ ဘယ်နေရာမှ မရှိတော့သလို ခံစားရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီးဆင်ခြင်သုံးသပ် တယ်၊ ကျွန်မ ပိုသုံးသပ်လေလေ၊ ကျွန်မစဉ်းစားပုံက အန္တိခရစ်တစ်ယောက်အတိုင်းပဲလို့ ကျွန်မခံစားမိ လေပဲ။ ကျွန်မရဲ့စကားလုံးတွေနဲ့လုပ်ရပ်တွေအားလုံးက ဂုဏ်ဒြပ်ကို ဗဟိုပြုထားပြီး ကျွန်မလုပ်သမျှ အားလုံးက လေးစားအားကျခံရ ဖို့အတွက် ဖြစ်တယ်။ ဂုဏ်ဒြပ်က ကျွန်မအတွက် အရာရာထက် ပိုအရေးကြီးခဲ့တယ်။ ယုံကြည်မှုမရခင်က ကျွန်မက လူတွေကြားထဲမှာ အမြဲထင်ပေါ်ချင်ခဲ့ပြီး အခြားလူတွေရဲ့ ထောက်ခံမှုနဲ့လက်ခံမှုရတာကို ကျွန်မနှစ်သက်ခဲ့တယ်။ ယုံကြည်မှုရပြီးတဲ့နောက်မှာ အထင်ကြီးခံရပြီး အသင်းတော်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ရှိဖို့အတွက် ခေါင်းဆောင် ရာထူးတွေနောက်ကိုပဲ ကျွန်မ အမြဲလိုက်နေခဲ့ တယ်။ ကြီးကြပ်သူတစ်ယောက်ရဲ့ရာထူးကို ကျွန်မ ဆုံးရှုံးသွားပြီးတဲ့နောက်မှာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကို ပြန်ရဖို့ အတွက် ကျွန်မရဲ့တာဝန်ကို ခေါင်းမဖော်တမ်း လုပ်ခဲ့ပြီး၊ အလုပ်ကြိုးစားခဲ့တယ်။ နည်းနည်းအလုပ်ကြိုးစားပြီးတဲ့နောက် အဲဒါကို မရတဲ့အခါ၊ ကျွန်မစိတ်ဓာတ်ကျလာခဲ့တယ်။ ဘယ်သူမှ သတိမထားမိဘဲ အရမ်းအားထုတ်လုပ် ကိုင်ပြီး အလုပ်ကို ကောင်းကောင်းလုပ်ပြီးတဲ့ နောက်မှာ ကျွန်မရဲ့တာဝန်ကို ကျွန်မ စိတ်မဝင်စားတော့ ဘူး။ ကျွန်မ ဘာဂုဏ်ဒြပ်ကိုမှ မရတဲ့အခါမှာ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းလုပ်ဖို့ စိတ်ပြင်းပြမှု ပျောက်ဆုံးသွားတယ်။ ဘုရားကိုတောင် နားလည်မှုလွဲခဲ့ပြီး အပြစ်တင် ခဲ့သလို၊ သူ့ကို ဆင်ခြေတွေပေးပြီး အာခံလာ တယ်။ နာမည်နဲ့ဂုဏ်ဒြပ်တွေနဲ့ပတ်သက်တဲ့ အတွေးတွေ က ကျွန်မကို စိတ်မထိန်းနိုင်သိမ်းမရ ဖြစ်စေခဲ့ တယ်။ ဖန်ဆင်းခံတစ်ယောက်မှာ ရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားတွေ ကျွန်မမှာ မရှိတော့ဘူး။ ကျွန်မက လက်တွေ့အလုပ်တွေကို မလုပ်တာ ကြောင့် ထုတ်ပယ်ခံရတာဖြစ်ပေမယ့်၊ အတိတ်က အမှားတွေကို ကျွန်မ နောင်တမရခဲ့ဘူး။ ဘယ်လိုနောင်တရပြီး ဘုရားကို အကြွေးပြန်ဆပ် ဖို့အတွက် ကျွန်မရဲ့တာဝန်ကို ဘယ်လို ကောင်းကောင်းလုပ်ရမယ်ဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘူး။ တာဝန်တစ်ခုကိုလုပ်ဖို့ ရတဲ့အခွင့်အရေးကို ကြွားဝါဖို့၊ ဂုဏ်ဒြပ်နောက်ကို စိတ်နှလုံး အကြွင်းမဲ့လိုက်ဖို့ အသုံးပြုခဲ့တယ်။ အဖွဲ့ရဲ့ သာမန်အဖွဲ့ဝင်တစ်ယောက် ဖြစ်နေတာကို ကျွန်မက မရောင့်ရဲခဲ့ဘဲ၊ အန္တိခရစ်တစ်ယောက်လို ဆိုးယုတ်ပြီး အရှက်မရှိ သလို၊ လုံးဝမလျော်မကန်ဖြစ်ခဲ့တယ်။ ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်အထောက်အကူပေးတယ်- “သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်ကို နာခံခြင်းအား ရှာဖွေခြင်း၊ ရိုးသားမှုကို ရှာဖွေခြင်းသည် အဓိပ္ပာယ်မရှိသည့် ဖြစ်စဉ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့ကို ဘုရားသခင်က မြင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး မိမိအတွက် ပြုမူရန် စံနှုန်းများမဟုတ်ဟု ယုံကြည်ကြသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) အဲဒါက ကျွန်မရဲ့မျက်နှာကို ဖြတ်ရိုက်သလို တကယ်ခံစားလိုက်ရတယ်။ သမ္မာတရားနောက်ကိုလိုက်ပြီး လက်တွေ့လုပ် ဆောင်တာဟာ အပြုသဘောဆောင်တဲ့အရာဖြစ် ပြီး လူတွေအနေနဲ့ ဒါဟာ ကျွန်မတို့ရဲ့တာဝန်လည်း ဖြစ်တယ်။ ကျွန်မတို့ရဲ့ဘဝတွေမှာ သမ္မာတရားကို လိုက်စား ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ အတိုင်း နေထိုင်ဖို့ လိုအပ်တယ်။ ဒါပေမယ့် သမ္မာတရားနောက်လိုက်တာနဲ့ လက်တွေ့လုပ် ဆောင်တာတွေကို ကျွန်မက ကိုယ်ပိုင်ဂုဏ်ဒြပ် အတွက် အပေးအယူတစ်ခုအနေနဲ့ အသုံးချခဲ့ တယ်။ အဲဒါကို ရာထူးတစ်ခုအတွက် ကျွန်မ အလဲအလှယ်လုပ်ချင်ခဲ့တယ်။ ဒါဟာ သမ္မာတရား ကို နင်းခြေလို့ရတဲ့ အရုပ်တစ်ခုလို သဘောထား နေတာ မဟုတ်ဘူးလား။ ကျွန်မရဲ့တာဝန်မှာ အဲဒီလိုဆိုးရွားတဲ့ ရည်ရွယ် ချက်ရှိတာဟာ ဘုရားသခင်ရဲ့လက်ခံမှုကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ကိစ္စတွေအပေါ် ကျွန်မရဲ့အမြင်က ဘယ်လောက် အဓိပ္ပာယ်မဲ့နေတယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပြပေးတယ်။ ဂုဏ်ဒြပ်နဲ့အာဏာရရှိတာ၊ လူတွေအထင်ကြီးခံရ တာ၊ လူသိများတာနဲ့လေးစားအားကျခံရတာတွေ အားဖြင့်ပဲ ကျွန်မဘဝက တန်ဖိုးရှိနိုင်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ ဂုဏ်ဒြပ်မရှိဘဲ သာမန်နောက်လိုက်တစ်ယောက်ဖြစ်တာဟာ သနားစရာကောင်းပြီး ရှုံးနိမ့်မှုတစ်ခုလို့ ကျွန်မ မြင်ခဲ့တယ်။ တော်တော်ရူးတဲ့အမြင်ပဲ။ ဒါဟာ ဆိုးယုတ်တဲ့ ဆင်ခြင်တွေးခေါ်မှုစနစ် စစ်စစ်ပဲ။ အရည်အသွေးပြည့်မီတဲ့ ဖန်ဆင်းခံတွေဖြစ်ဖို့၊ ကိုယ့်နေရာမှာကိုယ်နေဖို့၊ ဘုရားသခင်ရဲ့ စည်းမျဉ်းနဲ့အစီအစဉ်တွေကို တာဝန်သိသိနဲ့ နာခံဖို့၊ အဖန်ဆင်းခံတစ်ယောက် ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ဘုရားသခင်က ကျွန်မတို့ကို တောင်းဆိုတယ်။ ဒါပေမယ့် ကျွန်မက ကျွန်မတို့အတွက် ဘုရားသခင်က ချမှတ်ပေးတဲ့ လူကောင်း တစ်ယောက်ဖြစ်ဖို့အတွက် မူတွေကို ကျောခိုင်းခဲ့ တယ်။ ကျွန်မက ကိုယ့်ရဲ့နေရာမှာ မနေချင်ဘဲ အရေးကြီးတဲ့အလုပ်ကိုလုပ်တဲ့ ကြီးမြတ်တဲ့လူ တစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ မြင့်တဲ့ရာထူးရရှိပြီး အဲဒီလိုနဲ့ ပိုပြီးလေးစား အားကျခံရဖို့ လိုလားခဲ့တယ်။ ဒါဟာ ဆိုးယုတ်တဲ့ စိတ်သဘောထားပဲ။ ရေလောင်းတဲ့အလုပ်နဲ့ ကျွန်မက အတော်အတန်ရင်းနှီးတာကြောင့် ကျွန်မတို့ရဲ့ဆွေးနွေးမှုတွေမှာ အကြံဉာဏ်နဲ့ အကြံပြုချက်အချို့ကို ပေးနိုင်ခဲ့ တယ်။ ဒါဟာ လုံးဝသာမန်ပဲဖြစ်ပြီး ကျွန်မတာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်။ ဒါပေမယ့် ကြွာဝါပြီး ရာထူးတက်ဖို့ အဲဒါကို အသုံးပြုချင်တဲ့ ရူးသွပ်ဆန္ဒ ကျွန်မမှာ ရှိခဲ့တယ်။ ကျွန်မလိုချင်တာကို ကျွန်မ မရတော့၊ ကျွန်မ စိတ်မကောင်းဖြစ်ပြီး၊ ဘုရားသခင်က ကျွန်မ အလုပ်ကြိုးစားတာကို မမြင်ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ဂုဏ်ဒြပ်ကို မရတဲ့အခါမှာ ကျွန်မရဲ့ယုံကြည်ခြင်း မှာ ကျွန်မက ကျရှုံးတယ်လို့ ကျွန်မ ထင်ခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့တာဝန်ကို စိတ်ဝင်စားမှုလည်း ပျောက်ဆုံးသွားခဲ့ တယ်။ ဘုရားသခင်ကို ဆက်ကပ်အပ်နှံဖို့အတွက် ကျွန်မရဲ့ရည်ရွယ်ချက် မှားခဲ့တယ်။ ကျွန်မရဲ့ဆက်ကပ်အပ်နှံခြင်းဆိုတာဟာ အရမ်းရောနှောနေပြီး ရိုးသားမှု မရှိခဲ့သလို၊ အပေးအယူဆန်ခဲ့တယ်။ ဒါဟာ ဘယ်လိုလုပ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာနဲ့ တာဝန်ထမ်းဆောင် တာ ဖြစ်မှာလဲ။ ဒါဟာ ဘုရားသခင်ကို အသုံးပြုပြီး လှည့်စားဖို့ ကြိုးစားတာဖြစ်သလို၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ အန္တိခရစ် လမ်းကြောင်းပေါ်တည့်တည့်ကို ရောက်နေတာပဲ ဖြစ်တယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့နှလုံးသားနဲ့စိတ်တွေ ထဲကို မြင်ပြီး၊ သူဟာ ဖြောင့်မတ်၊ သန့်ရှင်းတယ်။ ကျွန်မက လမ်းကြောင်းမှားဆီကို ဒရောသောပါး ကျဆင်းနေတာပဲဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို ကျွန်မ ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။ ကျွန်မရဲ့အခြေအနေက ယိုယွင်းလာပြီး အမှောင်ထဲမှာ ကျွန်မ ရောက်နေခဲ့တယ်။ ဒါဟာ ဘုရားသခင်က ကျွန်မကို ပြစ်တင်ဆုံးမပြီး ဘေးဖယ်ထားနေတာပဲဖြစ်တယ်။ အဲဒီအခါမှာ နာမည်နဲ့ဂုဏ်ဒြပ်နောက်ကို လိုက်တာဟာ တကယ်ကို ဘယ်လောက် ကြောက်စရာကောင်းမှန်း ကျွန်မ တွေ့လိုက်ရ တယ်။ ကျွန်မကိုယ်ကျွန်မ မသိတော့သလို၊ လက်တွေ့အလုပ်ကို ကျွန်မ လုပ်နိုင်မယ်၊ မလုပ် နိုင်ဘူးဆိုတာလည်း မသိတော့ဘူး။ ပိုမြင့်တဲ့ရာထူးနောက်ကိုပဲ ကျွန်မ လိုက်နေမိခဲ့ တယ်။ စာတန်ကြောင့် ကျွန်မက အရမ်းဖောက်ပြန်ပျက် စီးခဲ့ပြီး ပုံမှန်ဆင်ခြင်တုံတရားနဲ့ ကိုယ့်ကိုယ်ကိုယ် သိစိတ် မရှိတော့ဘူး။ ကျွန်မရဲ့နေရာကို ကျွန်မ တကယ်မသိတော့ဘူး။ အဲဒါကြောင့် ကျွန်မဟာ တစ်လျှောက်လုံး ခလုတ် တိုက်ပြီး နာကျင်မှုနဲ့ ရုန်းကန်နေရတာဖြစ်တယ်။ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုက ကျွန်မကို ကစား နေပြီး နာကျင်အောင် လုပ်နေတယ်။ ကျွန်မတို့ရဲ့ နာမည်နဲ့ဂုဏ်ဒြပ်နောက်ကို လိုက်ခြင်းကနေတစ်ဆင့် စာတန်ဟာ ကျွန်မတို့ကို ဖောက်ပြန်ပျက်စီးစေပြီး အန္တရာယ်ပေးတယ်။ ဒါက သွားဖို့ကောင်းတဲ့လမ်းကြောင်း မဟုတ် ဘူး၊ ကျွန်မတို့အနေနဲ့ ဂုဏ်ဒြပ်ကို ရခဲ့ရင်တောင်၊ သမ္မာတရားကို မလိုက်စားဘဲနဲ့၊ အဆုံးမှာ ကျွန်မတို့ သုတ်သင်ဖယ်ရှင်းခံရမှာဖြစ်တယ်။ ကယ်တင်ခံရဖို့ ကျွန်မတို့အနေနဲ့ သမ္မာတရားကို လိုက်စားပြီး၊ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန် တွေကို လုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မစဉ်းစားမိတယ်- “သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) အဲဒါတွေက အရမ်းမှန်တယ်လို့ ကျွန်မခံစားရ တယ်။ ကျွန်မရဲ့စိတ်ဆင်းရဲမှုတွေအားလုံးဟာ စာတန် ကြောင့် ဖြစ်တယ်ဆိုတယ်ဆိုတာကို ကျွန်မတွေ့ လိုက်ရတယ်။ ကျွန်မက ဂုဏ်ဒြပ်နောက်ကို မရပ်မနားလိုက်နေ ပြီး စာတန်ရဲ့ ကစားတာ၊ ညှင်းပန်းနှိပ်စက်တာ ကို ခံခဲ့ရတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ကျွန်မဆုံးရှုံးခဲ့ပြီး အမှောင်ထဲမှာ အသက်ရှင်နေ ခဲ့တယ်။ ကျွန်မရဲ့ အဲဒီလိုအင်ဆန္ဒက ကျွန်မကို တကယ်ဒုက္ခပေးနေခဲ့တာဖြစ်တယ်။ ကျွန်မက ဘယ်လောက်ခေါင်းမာခဲ့ပြီး ခက်ထန်ခဲ့ တာကို မုန်းမိတယ်။ ကျွန်မက တစ်ချိန်လုံး အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ် ရှိနေခဲ့ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်နေခဲ့တယ်။ ကျွန်မအနေနဲ့ အပြစ်ဒဏ်ပေးခြင်းနဲ့ သုတ်သင် ဖယ်ရှင်းခြင်းကို ခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဘုရားသခင်က ကယ်တင်ခြင်းရရှိဖို့ ကျွန်မရဲ့အခွင့်အရေးကို ယူမသွားခဲ့ဘူး။ သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို စိတ်ရှည်ရှည် ရေလောင်းပြီး ပျိုးထောင်ပေးနေခဲ့ တယ်၊ တာဝန်တစ်ခုရရှိဖို့ အတွက် အခွင့်အလမ်း တစ်ခု ပေးနေခဲ့တယ်၊ ဒါမှသာ ကျွန်မအနေနဲ့ ကျွန်မရဲ့လိုက်စားမှုမှာ ရှိတဲ့ ပြဿနာကို တွေ့ပြီး နောက်ပြန်လှည့်နိုင် မှာဖြစ်တယ်။ ဒါပေမယ့် ကျွန်မ အဲဒါကို နားမလည်ခဲ့ဘူး။ ကျွန်မ ဆက်ပြီးအပျက်သဘောဆောင်ခဲ့သလို၊ ဘုရားသခင်ကို အပြစ်တင်ခဲ့တယ်။ ကျွန်မက အရမ်းမလျော်မကန်ဖြစ်ခဲ့တာ။ အဲဒါကို အသိတရားရလိုက်တဲ့အခါမှာ အပြစ်ရှိတဲ့ စိတ်နဲ့ ကျွန်မ မွှန်ထူသွားခဲ့ပြီး၊ ကျွန်မ ဒီလိုဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်မကိုယ်ကျွန်မ သိခွင့်ပေးခဲ့တဲ့ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ နာမည်နဲ့ဂုဏ်ဒြပ်နောက်ကို ကျွန်မ မလိုက်ချင် တော့ပါဘူး၊ ဒါပေမယ့် ကျွန်မရဲ့ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပြီး အမှန်တကယ် နောင်တရလိုပါတယ်” ဆိုပြီးတော့ပေါ့။
“လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်” ဆိုတာရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက နောက်ထပ်စာပိုဒ်တစ်ပိုဒ်ကို ကျွန်မဖတ်လိုက် တယ်။ “လူသားတို့အား ဘုရားသခင် တောင်းဆိုသောအရာသည် အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးနိုင်စွမ်းရှိခြင်း သို့မဟုတ် ဧရာမတာဝန်ယူမှုများကို ပြီးမြောက်ခြင်း မဟုတ်သကဲ့သို့ ကိုယ်တော်သည် ၎င်းတို့အား တာဝန်ကြီးတစ်ခုခုကို စတင်ပြုလုပ်စေလိုသည်လည်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် အလိုရှိသမျှအားလုံးမှာ သင့်အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်နှင့် နားဆင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို နှလုံးသွင်းရန်နှင့် လက်တွေ့ကျသောနည်းလမ်းဖြင့် သင် လက်တွေ့လုပ်ဆောင်ရင်း ၎င်းတို့ကို အလေးဂရုပြုရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်ရှင်နေထိုင်မှုနှင့် သင်၏အသက်တာ ဖြစ်လာစေရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာကို အစဉ်ရှာဖွေနေသည်။ သင်သည် ဂုဏ်သရေကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး မကြည့်လိုပေ။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ ဂရုပြုထိုက်သောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာပြီး စွန့်ပစ်လိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်အောင်နေလော့။ ဤသို့ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အကြင်သူသည် မည်သို့ ရရှိနိုင်သနည်း။ သမ္မာတရားကို မှန်မှန်ကန်ကန် လက်ခံခြင်းအားဖြင့်၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ခြင်းအားဖြင့်၊ ရိုးသားသောသူတစ်ဦးဖြစ်ပြီး မိမိ၏တာဝန်များကို ထမ်းဆောင်ဖို့ ဘုရားနှုတ်ကပတ်တော်အပေါ် ခိုင်မာစွာ မှီခိုခြင်းအားဖြင့်၊ ပြီးလျှင် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြစ်ပေသည်။ ဤသည်မှာ လုံလောက်ပေသည်။ ရည်မှန်းချက်များဖြစ်စေ၊ အခြေအမြစ်မရှိသော စိတ်ကူးယဉ်မျှော်မှန်းချက်များကိုဖြစ်စေ စိတ်ထဲမထည့်ထားလေနှင့်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို မရှာဖွေနှင့်၊ သို့မဟုတ် လူကြားထဲတွင် ထင်ပေါ်အောင် မလုပ်နှင့်။ ထို့အပြင် လူသားတို့အလယ်တွင် သာလွန်ပြီး အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် ထင်ရှားကျော်ကြားသူတစ်ဦး၊ သို့မဟုတ် စွမ်းအားရှင်တစ်ဦး ဖြစ်ဖို့ မကြိုးစားနှင့်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလိုဆန္ဒဖြစ်ပြီး ယင်းမှာ စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော ဖန်ဆင်းခံလူသားများကို မကယ်တင်ပေ။ အကယ်၍ လူအချို့က ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ သုတ်သင်ဖယ်ရှင်းခံရဖို့ ဖြစ်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားက ကျွန်မတို့ကို ကျော်ကြား၊ ကြီးမြတ်ပြီး ဘဝင်မြင့်တာတွေ မဖြစ်စေချင်ဘူးဆိုတာကို သူ့ရဲ့နှုတ်ကပတ်တော်တွေထဲကနေ ကျွန်မတွေ့ခဲ့ တယ်။ ကိုယ်တော်က ကျွန်မတို့ကို ချင့်ချိန်တတ်ပြီး၊ ကိုယ့်တာဝန်ကို လုပ်စေချင်သလို၊ သူ့ကို ကျိုးနွံနာခံစေချင်တယ်။ ဒါပေမယ့် ကျွန်မက ကိုယ့်ကိုယ်ကိုယ် နားမလည် ခဲ့သလို ကျွန်မရဲ့တာဝန်ကိုလည်း သစ္စာရှိရှိ မလုပ်ခဲ့ဘူး။ ကျွန်မက လေးစားအားကျမှုနဲ့ ချီးမွမ်းခံရမှုတွေ ကိုပဲ လိုချင်ခဲ့ပြီး အခြားသူတွေရဲ့စိတ်နှလုံးထဲမှာ နေရာတစ်ခု ရချင်ခဲ့တယ်။ ဒါဟာ ဘုရားတောင်းဆိုတာနဲ့ လုံးဝဆန့်ကျင်နေ တာပဲ။ ကျွန်မက စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်းခံရတဲ့ ဖန်ဆင်းခံ တစ်ယောက်ဖြစ်ပေမယ့်၊ သာမန်လူတစ်ယောက် ဖြစ်ရတာကို ကျွန်မ တင်းတိမ်ရောင့်ရဲမှု မရှိခဲ့ဘူး။ ဂုဏ်ဒြပ်ကိုပဲ လိုချင်ခဲ့ပြီး တခြားလူတွေထက် သာ ချင်ခဲ့တယ်။ ကျွန်မက ကိုယ့်အကြောင်းကိုယ် ဘာမှမသိဘဲ အရမ်းမာနထောင်လွှားခဲ့တယ်။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး၊ ပင်ကိုအားဖြင့် အရမ်းကြီးမြတ်သလို၊ ဘုန်းအာနုဘော်နဲ့ ပြည့်စုံတယ်။ သူဟာ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံပြီး လူသား မျိုးနွယ်ကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြဖို့ ကမ္ဘာကို လာခဲ့ပေမယ့်၊ တစ်ခါမှ မကြွားဝါခဲ့သလို၊ ဘုရားသခင်အနေနဲ့ လည်း မရပ်တည်ခဲ့ဘူး။ အဲဒီအစား လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရဲ့အမှုတော်ကို အရမ်းကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆောင်ရွက်ခဲ့ တယ်။ ဘုရားသခင်က အရမ်းနှိမ့်ချပြီး ကွယ်ဝှက်သလို၊ သူ့ရဲ့အနှစ်သာရက အရမ်းချစ်ခင်စရာကောင်း တယ်။ အဲဒီလိုစဉ်းစားလိုက်တဲ့အခါမှာ ကျွန်မ အရမ်းရှက်မိပြီး ကျွန်မရဲ့ဇာတိပကတိကို လုံးဝစွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
အဲဒီနောက်မှာ ကျွန်မရဲ့တာဝန်ကို စိတ်နှလုံး အကြွင်းမဲ့ ခေါင်းမဖော်တမ်းလုပ်ခဲ့ပြီး၊ ယုံကြည်သူအသစ်တွေကို ဘယ်လိုရေလောင်းရ မယ်ဆိုတာကို တကယ်စဉ်းစားခဲ့တယ်။ ကျွန်မရဲ့ဂုဏ်ဒြပ်အကြောင်း ကျွန်မမေ့သွားပေ မယ့်၊ သာမန်လူတစ်ယောက်ဖြစ်ရတာ ပျော်တယ် လို့ ခံစားရပြီး ကျွန်မရဲ့တာဝန်ကို တတ်နိုင်သမျှ ကောင်းကောင်း ထမ်းဆောင်နိုင်ခဲ့တယ်။ အဲဒီအထဲကို ကျွန်မစိတ်နှစ်လိုက်တဲ့အခါ ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်းပေးပြီး ကျွန်မရဲ့ရေလောင်းတဲ့အလုပ်မှာ ကျွန်မအတွက် လမ်းကြောင်းချပေးတယ်။ ကျွန်မ မသိလိုက်ခင်မှာပဲ၊ ကျွန်မရဲ့တာဝန်ကို ပိုပြီးကောင်းကောင်းလုပ်နေခဲ့တယ်။ အဲဒီလိုလက်တွေ့လုပ်ဆောင်မှုမျိုးနဲ့ ကျွန်မ အရမ်းနေလို့ကောင်းသွားတယ်။ ယုံကြည်သူအသစ်တွေအတွက် တွေ့ဆုံပွဲတစ်ခု စီစဉ်ဖို့ လိုအပ်ခဲ့တဲ့အချိန်တစ်ခုကို ကျွန်မသတိရ မိတယ်။ ဒါပေမယ့် ရေလောင်းအဖွဲ့မှာ အသစ်ဖြစ်နေတဲ့ အစ်မတစ်ယောက်က ယုံကြည်သူအသစ်တွေ ကို ကောင်းကောင်းနားမလည်သလို သူတို့ကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာကိုလည်း မသိဘူး။ ကျွန်မအနေနဲ့ တာဝန်ဝင်ယူပြီး ကူညီသင့်မှန်း သိပေမယ့်၊ လူတွေကို အဆက်အသွယ်လုပ်ဖို့ ကြိုတင်ပြင်ဆင်တဲ့အလုပ်ကို လုပ်ရတာ တကယ်နိမ့်ကျတဲ့အလုပ်တစ်ဖြစ်တယ်လို့ ကျွန်မတွေးမိတယ်။ အဲဒီလိုလုပ်ဖို့ ကျွန်မကမ်းလှမ်းလိုက်ရင် ကျွန်မ တစ်ဆင့်နိမ့်သွားသလို ဖြစ်မသွားဘူးလား။ အဲဒီအချိန်မှာ ကျွန်မမှားနေတယ်၊ တာဝန်တွေမှာ အရေးကြီးတာ ကွာခြားမှုမရှိ သလို၊ ဆက်သွယ်ဖို့ကလည်း တာဝန်တစ်ခုဖြစ်တယ် ဆိုတာ သိလိုက်တယ်။ ဒီတော့ ဒါကို ကျွန်မ ဘာဖြစ်လို့ မလုပ်နိုင်ရမှာ လဲ။ အဲဒီနောက်မှာ အခြားညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်ဖို့နဲ့ပတ်သက်ပြီး ကူညီပေးဖို့ ကျွန်မ ကမ်းလှမ်းလိုက်တယ်။ ဘာတာဝန်ပဲဖြစ်နေပါစေ ကိုယ့်မှာ မှန်ကန်တဲ့ရည်ရွယ်ချက်ရှိပြီး ကိုယ့်ရဲ့စိတ်နှလုံးနဲ့ လုပ်ဆောင်နေသရွေ့ ဘုရားသခင်နဲ့ရင်ဆိုင်တဲ့အခါမှာ သက်သောင့်သက်သာဖြစ်ပြီး စိတ်အေးချမ်းမှာ ဖြစ်တယ်လို့ ကျွန်မ သဘောပေါက်လိုက်တယ်။ တစ်ခါတလေမှာ ကြီးကြပ်သူက အရမ်းအလုပ် များနေပြီး ညီအစ်ကိုမောင်နှမတွေက ရေလောင်းတဲ့အလုပ်နဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ မေးတာကို ကျွန်မတွေ့တဲ့အခါ ကျွန်မရဲ့ဂုဏ်ဒြပ်အကြောင်းကို မစဉ်းစားဘဲ၊ လူတိုင်းနဲ့ ကောင်းကောင်းအလုပ်လုပ်ပြီး၊ ကိုယ်တာဝန်ကိုပဲ ကောင်းကောင်းလုပ်ချင်ခဲ့တယ်။ ဒါကြောင့် မိတ်သဟာယဖွဲ့ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မတတ်နိုင်သမျှ အားလုံးလုပ်ပေးခဲ့ တယ်။ အချိန်အနည်းငယ်ကြာပြီးတဲ့နောက် ကျွန်မရဲ့တွေးခေါ်ယူဆပုံကို ပြောင်းလိုက်တာ နဲ့ ကျွန်မရဲ့တာဝန်မှာလည်း အားလုံးပြောင်းလဲ သွားခဲ့တယ်။ ကျွန်မအနေနဲ့ တာဝန်တွေ ပိုယူလာရသလို၊ ပြဿနာတွေကို ပိုပြီးရှာတွေ့ခဲ့ပြီး၊ ကျွန်မရဲ့အခြေအနေက တဖြည်းဖြည်းပိုကောင်း လာတယ်။
တစ်နေ့မှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မကိုရှာပြီး တခြားအစ်မတစ်ယောက်နဲ့အတူ အသင်းတော်ရဲ့ အလုပ်တစ်ခုကို တာဝန်ယူစေချင်တယ်လို့ ပြောတယ်။ အဲဒါကို ကြားလိုက်ရတော့ ကျွန်မ အရမ်းအံ့ဩ သွားတယ်။ ကျွန်မရဲ့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမှန်း တောင် မသိဘူး။ ကျွန်မရဲ့ အထင်လွဲတာတွေ၊ ဘုရားသခင်နဲ့ ဝေးကွာနေတာတွေ အားလုံးဟာ တစ်ခဏအတွင်း ပျောက်ကွယ်သွားတယ်လို့ ခံစားလိုက်ရတယ်။ ကျွန်မက အမြဲအမြင်ကျဉ်းခဲ့ပြီး ဘုရားသခင်ကို အထင်လွဲခဲ့တယ်။ အရင်တုန်းကဆိုရင် ကျွန်မ တာဝန်မကျေခဲ့ဘူးလို့ ခံစားခဲ့ရတယ်၊ အဲဒီနောက်ပိုင်းမှာ ကျွန်မ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ၊ ဘယ်သူကမှ မမြင်ကြဘူး။ ဘုရားသခင်က ကျွန်မအပေါ် ကရုဏာထားမှာ မဟုတ်သလို၊ အခွင့်အရေးတွေ ထပ်ပေးမှာ မဟုတ်ဘူးလို့ ခံစားခဲ့မိတယ်။ ဒါပေမယ့် ဘုရားသခင်က ကျွန်မ ပြောင်းလဲလာဖို့ တစ်ချိန်လုံး စောင့်နေတာ ဖြစ်တယ်။ ကျွန်မရဲ့နေရာကို ကျွန်မတွေ့ပြီး ဖန်ဆင်းရှင်ရဲ့ အစီအစဉ်တွေကို လက်ခံနိုင်ဖို့ သူက ကိစ္စတွေကို ပြင်ဆင်ပေးနေခဲ့တယ်။ ကျွန်မက ကျွန်မရဲ့ကိုယ်ပိုင်ဂုဏ်ဒြပ်အတွက် အမြဲတိုက်ပွဲဝင်ဖို့ ကြိုးစားနေခဲ့ပြီး၊ ခြေလှမ်းတိုင်းမှာ မအောင်မြင်ခဲ့ဘူး။ အဲဒါကို စွန့်လွှတ်ပြီး ကျွန်မရဲ့ကိုယ်ပိုင်ရာထူးကို မစဉ်းစားတော့တဲ့အခါမှာ ဘုရားသခင်က ကျွန်မကို နောက်တာဝန်တစ်ခု ချပေးတယ်။ ဘုရားသခင်ရဲ့ အနှစ်သာရက ဘယ်လောက် ကြင်နာပြီး ချစ်စရာကောင်းတယ်ဆိုတာကို ကျွန်မ တွေ့လိုက်ရတယ်။ ဘုရားသခင်က တစ်ယောက်ယောက်ကို ဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့သလို၊ သူ့ရဲ့တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်းတွေမှာ အမျက်ဒေါသ ပါဝင်ပေမယ့်၊ သူ့ရဲ့နက်နဲသိမ်မွေ့တဲ့မျှော်လင့်ချက်တွေနဲ့လည်း ပြည့်နှက်နေတယ်။ သူ့ရဲ့ ပြစ်တင်ဆုံးမခြင်းနောက်မှာ၊ သူတို့ ဆင်းရဲ ဒုက္ခခံရပြီးတဲ့နောက်မှာ၊ အသက်တာမှာ သူတို့ ကြီးထွားလာမယ်လို့ သူ မျှော်လင့်နေတာ ဖြစ်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ အဖိုးတန်တဲ့ ချစ်ခြင်းမေတ္တာပဲ။ ကျွန်မအတွက် ဘုရားသခင်ရဲ့ကယ်တင်ခြင်း အတွက် ကျွန်မရဲ့အူလှိုက်သည်းလှိုက် ကျေးဇူးတင်တယ်။
ကျွန်မက အမြဲ နာမည်နဲ့ဂုဏ်ဒြပ်နောက်ကို မရပ်မနားလိုက်လေ့ရှိခဲ့တယ်၊ အဲဒါတွေက ကျွန်မကို ညှင်းပန်းနှိက်စက်ခံရပြီး ခြေကုန်လက်ပန်းကျစေခဲ့တယ်။ တရားစီရင်ခြင်း၊ စမ်းသပ်မှုတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ခြင်း တွေ မရှိဘဲနဲ့၊ ကျွန်မကို စာတန်က ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်းဖောက်ပြန်ပျက်စီးစေခဲ့တယ်၊ ကျွန်မက ဘယ်လောက်အထိ ဂုဏ်ဒြပ်ကို ဂရုစိုက်ခဲ့တယ်ဆိုတာကို ကျွန်မ ဘယ်တော့မှ မြင်မှာမဟုတ်ဘူး။ အဲဒီအရာတွေအတွက် ကျွန်မ ဆက်ပြီး တိုက်ပွဲဝင်နေမိမှာပဲ၊ စာတန်ရဲ့ကစားတာ ခံရပြီး လူသားဆန်မှုရှိမှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမ ခြင်းတွေဟာ သူ့ရဲ့ အကောင်းဆုံးကွယ်ကာမှုနဲ့ ကယ်တင်ခြင်း ဖြစ်သလို၊ သူ့ရဲ့ အစစ်မှန်ဆုံးချစ်ခြင်းမေတ္တာ ဖြစ်မှန်းကို ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ရတယ်။ ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ၊ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ခေါင်းဆောင်အနေနဲ့ ကျွန်မ အလုပ်စလုပ်တော့၊ ညီမ ချင်းရှောင်နဲ့ တွဲလုပ်ရတယ်။ ချင်းရှောင်မှာ အစွမ်းအစကောင်းရှိပြီး သူ့အလုပ်မှာ ရဲရင့်၊...
ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...
၂၀၀၂ ခုနှစ်ရဲ့ နှောင်းပိုင်းကာလ ရက်တစ်ရက်မှာ၊ ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေတုန်း ရုတ်တရက် ရဲအဖမ်းခံလိုက်ရတယ်။ သူတို့က ကျွန်တော့်ကို...
မုတုံ ဂျပန်နိုင်ငံ အသင်းတော်က အခုရက်ပိုင်းမှာ ခေါင်းဆောင်နေရာကို ဖြည့်ဖို့ အထူးရွေးကောက်ပွဲတစ်ခုလုပ်တယ်။ အထက်ခေါင်းဆောင်ပိုင်းက...