လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

27.02.2021

ထားရှီ ကနေဒါနိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။...အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) လူများအပေါ် ကျေးဇူးတော်နှင့် ကောင်းချီမင်္ဂလာများ ပေးအပ်နှင်းခြင်းအားဖြင့် ဘုရားသခင်က သူ၏ ချစ်ခြင်းမေတ္တာကို ပြသသည်ဟု ကျွန်မ တွေးခဲ့ဖူးသည်။ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကလည်း ချစ်ခြင်းမေတ္တာ ဖြစ်သည်ဟု ဘုရားသခင် အဘယ့်ကြောင့် ပြောသည်ကို ကျွန်မ နားမလည်ခဲ့ပါ။ သို့သော်လည်း ကျွန်မက ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့ကို ခံရခြင်းအား ကြုံတွေ့ခဲ့ရပြီး၊ ကျွန်မ၏ မာနထောင်လွှားသော၊ မိမိကိုယ်ကိုယ် ရေးကြီးခွင့်ကျယ် လုပ်သည့် ဆိုးယုတ်သော သဘာဝနှင့် ပတ်သက်ပြီး နားလည်မှု အချို့ ရခဲ့သည်။ ကျွန်မက ရိုင်းပျခြင်း နည်းလာပြီး ပြဿနာတစ်ခုကို ရင်ဆိုင်ရာတွင် သတိရှိစွာ ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေလာနိုင်သည်။ အခြားသူများ၏ အကြံပေးချက်များကို နားထောင်နိုင်ပြီး လူသားပုံသဏ္ဌာန်တစ်ခုကိုလည်း အသက်ရှင်နေထိုင်နိုင်လာသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းသည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကျွန်မ အမှန်တကယ် ကြုံတွေ့ရသည့်ပုံ ဖြစ်ကာ၊ ယင်းတို့သည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာမျိုးဖြစ်လေသည်။

ပြီးခဲ့သည့်နှစ်က အသင်းတော်က ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေခဲ့သောကြောင့်၊ ညီအစ်ကို မောင်နှမများက ဒါရိုက်တာတာဝန်ကို ယူဖို့ ကျွန်မကို အကြံပေးခဲ့ကြသည်။ ရုပ်ရှင်ဇာတ်ကားများကို မည်သို့ ဖန်တီးသည့်အကြောင်းကို ကျွန်မ သင်ယူပြီး ကြိုးစားလေ့လာသည်၊ ပြီးလျှင် ထိုအတတ်ပညာအချို့ကို တဖြည်းဖြည်း သဘောပေါက် လာခဲ့သည်။ ထို့နောက် ညီအစ်ကို မောင်နှမများက ကျွန်မ၏ အကြံများကို အမြဲတမ်း လက်ခံခဲ့ကြသည်။ ကျွန်မ ဒါရိုက်တာလုပ်ခဲ့သည့် ရုပ်ရှင်ကို မြင်ပြီးသည့်နောက်၊ ယင်းကို သူတို့ အရမ်းအထင်ကြီးကြသည်။ ကျွန်မက ဒါရိုက်တာဖြစ်ဖို့ အရည်အချင်းမီသည်ဟု ခေါင်းဆောင်က ပြောသည်။ ယင်းကို ကြားတော့ ကျွန်မ အရမ်းပျော်ပြီး မိမိဘာသာ တွေးမိသည်၊ အနည်းငယ် ထပ်လေ့ကျင့်လိုက်သည်နှင့် ကျွန်မ ကျွမ်းကျင်လာမည်မှာ သေချာသည်။ ထိုအချိန်ကစပြီး ညီအစ်ကို မောင်နှမများနှင့် အလုပ်လုပ်သည့်အခါ၊ ယခင်ကလောက် ကျွန်မ မဝံ့မရဲ ဖြစ်မနေတော့ဘဲ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် စကားပြောပြီး ခေါင်းကို မြင့်မြင့်မော့ ထားခဲ့သည်။ အရာရာမှာလည်း ကျွန်မ အဆုံးအဖြတ်ပေးချင်ခဲ့ပြီး အခြားမည်သူ့ကိုမျှ မစဉ်းစားခဲ့ပါ။ ကျွန်မ၏ စိတ်ကူးကို တစ်ယောက်ယောက် မေးခွန်း ထုတ်သည့်အချိန် သို့မဟုတ် အခြား အကြံပြုချက် ပေးသည့်အချိန်မှာ ကျွန်မ အလျှော့မပေးဘဲ၊ သည်းမခံခဲ့ဘဲ သူတို့ကို အထင်သေးခဲ့သည်။ အရာရာမှာ သူတို့ထက် ကျွန်မ သာလွန်သည်၊ ဤကဲ့သို့ ရေးကြီးခွင်ကျယ်လုပ်မည့်အစား ကျွန်မ ပြောသည့်အရာကို သူတို့ လုပ်သင့်သည်ဟု တွေးမိခဲ့သည်။ ကျွန်မ အမြင်မှာ သူတို့က ဆွေးနွေးဖို့ မတန်သည့် တကယ့် အသေးအဖွဲ အရာများကို တင်သွင်းနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ကို တိတ်သွားစေဖို့ “ဒါ အခြေခံစည်းမျဉ်းနဲ့ဆိုင်တဲ့ မေးခွန်းလား။” ဟု ကျွန်မ အမြဲမေးခဲ့သည်။ တစ်ကြိမ်မှာ အဓိက ဇာတ်ဆောင်ဖြစ်သည့် အစ်မကျန်းက သူမ ယူခဲ့သည့် ဝတ်စုံကို ကျွန်မကို ကြည့်ခိုင်းသည်။ ကျွန်မ “ဘယ်လိုဖြစ်ပြီး ရှင်က အဲဒီလောက်ဆိုးတဲ့ အမြင်ရှိနိုင်ရတာလဲ။” ဟု တွေးမိသည်။ သူမကို ကျွန်မ အားလုံး အသစ်ရွေးခိုင်းခဲ့သည်။ သူမ ရွေးထားသည့် အဝတ်များစွာကို ကျွန်မ နှစ်ပြားမတန်အောင် ပြောခဲ့သည်။ ဒါရိုက်တာတစ်ဦးဖြစ်ခြင်း ဆိုသည့် ဤစိတ်ကူးဖြင့် ကျွန်မက ပြည့်နှက်နေသောကြောင့်၊ ကျွန်မ၏ အသိစိတ်က မှန်ကန်ပြီး သူတို့က ကျွန်မ စကားနားထောင်သင့်သည်ဟုသာ ကျွန်မ ထင်နေခဲ့သည်။ ညီအစ်ကို မောင်နှမများက နောက်ဆုံးတော့ ကျွန်မကြောင့် ချုပ်ချယ်ခံရသလို ခံစားရပြီး အကြံပြုချက်များ မပေးချင်ကြတော့ပါ။ ဤသည်ကို ကျွန်မ မြင်သည့်အခါ၊ တကယ်အားနာမိခဲ့သည်၊ သို့သော်လည်း ကျွန်မတို့ အလုပ်အတွက် ကျွန်မ စဉ်းစားနေခြင်းဖြစ်ပြီး ဤကိစ္စမှာ ကျွန်မ အရမ်းကြီးမလွဲနိုင်ပါဟု တွေးခဲ့သည်။ ထို့ကြောင့် ကျွန်မ ယင်းကို သိပ်မတွေးခဲ့ပါ။ ထိုအချိန် အတောအတွင်းမှာ ကျွန်မ၏ ခေါင်းဆောင်က ကျွန်မကို မိတ်သဟာယပြုပေးခဲ့ပြီး ကျွန်မက အရမ်းကို မာနကြီးလွန်းသလို လူများကို ထိန်းချုပ်ချင်သည်ဟု ပြောပြီး ကျွန်မကို ဖော်ထုတ်ခဲ့သည်၊ ပြီးလျှင် အခြားလူများကို ကြည့်မနေဘဲ၊ မိမိကိုယ်ကိုယ် ဆန်းစစ်ပြီး ကျွန်မ၏ ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သတိပေးခဲ့သည်။ သို့သော်လည်း ထိုအချိန်က ကျွန်မ၏ ကိုယ်ပိုင်သဘာဝကို ကျွန်မ နားလည်ခြင်းတစ်ခုမျှ မရှိခဲ့ပါ။ ကျွန်မ၏အလုပ်မှာ ကျွန်မက တကယ်ကို တာဝန်ရှိသည်ဟု ခံစားခဲ့ရသည်။ ထိုကဲ့သို့ ပုန်ကန်ပြီး ခေါင်းမာနေသည့် အခြေအနေထဲမှာ ဆက်ရှင်သန်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမများနှင့် ကျွန်မ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါ။ အချိန်ကြာလာသည့်အခါ ကျွန်မတို့၏ တိုးတက်မှုကို တားဆီးသည့် ပြဿနာများက ရုတ်တရက် ပေါ်ပေါ်လာခဲ့သည်။

တစ်နေ့မှာ မာနထောင်လွှားပြီး သမ္မာတရားကို လက်မခံနိုင်သလို ညီအစ်ကို မောင်နှမများကို ချုပ်ချယ်ရာမှ အလုပ်ကို နှောင့်နှေးစေသောကြောင့်၊ ကျွန်မသိသည့် အဖွဲ့ခေါင်းဆောင် တစ်ယောက် အလုပ်ထုတ်ခံခဲ့ရသည်ကို ကျွန်မ ကြားရသည်။ ယင်းက ကျွန်မကို အနည်းငယ် ကြောက်သွားစေခဲ့သည်။ ထိုအဖွဲ့ခေါင်းဆောင်ကဲ့သို့ ကျွန်မ ပြုမူနေခဲ့သည်ကို ကျွန်မ သိသည်။ ဘုရားသခင်က ကျွန်မကို သတိပေးနေမှန်း ကျွန်မ ရိပ်မိခဲ့သည်။ ထို့ကြောင့် ထိုကဲ့သို့ ဩဇာဆက်သုံးနေ၍မဖြစ်ဟု ကျွန်မ ဆုံးဖြတ်ခဲ့သည်။ ထိုအစား ကျွန်မ မိမိကိုယ်ကိုယ် ထိန်းချုပ်သင့်သည်၊ ပို၍ ကြင်ကြင်နာနာ စကားပြောသင့်ပြီး အခြားသူများနှင့် ဆက်သွယ်ပြီး ဆွေးနွေးဖို့ အကောင်းဆုံး လုပ်သင့်သည်။ သို့သော်လည်း ကျွန်မ၏ ကိုယ်ပိုင် သဘောသဘာဝနှင့် သက်ဆိုင်သည့် သိနားလည်မှုတစ်ခုမျှ ကျွန်မမှာ မရှိခဲ့သေးပါ၊ ထို့ကြောင့် ဤအရာကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ပါ။

တစ်ခဏကြာပြီးသည့်နောက်မှာ၊ ကျွန်မတို့အဖွဲ့ထဲမှာ တိုးတက်မှု အရမ်းနှေးသည့်အတွက်၊ အစ်မလျူကို ကျွန်မနှင့်အလုပ်လုပ်ဖို့ ခေါင်းဆောင်က စီစဉ်ခဲ့သည်။ ပထမတော့ ကျွန်မ လက်မခံနိုင်ခဲ့ပါ။ ကျွန်မ၏ လုပ်နိုင်စွမ်းကို ခေါင်းဆောင်က သံသယရှိခြင်း ဖြစ်သည်ဟု ကျွန်မ တွေးခဲ့သည်၊ သို့သော်လည်း စီစဉ်ထားပြီဖြစ်သောကြောင့်၊ ကျွန်မ အင်တင်တင်နှင့် လက်ခံခဲ့သည်။ ထိုအချိန်ကစပြီး အလုပ်ဆွေးနွေးရာမှာ ခေါင်းဆောင်က အစ်မလျူ၏ အကြံကို အမြဲတောင်းသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ကျွန်မ တကယ်ကို ဘဝင်မကျဖြစ်ခဲ့ပြီး ခေါင်းဆောင်က ကျွန်မကို သိပ်မစဉ်းစားပါဟု ကျွန်မ ခံစားခဲ့ရသည်။ သူမကို ကျွန်မ စပြီး မကျေမချမ်း ဖြစ်လာခဲ့သည်။ သို့သော်လည်း ထို့ထက်ပို၍ပင် အစ်မလျူကို ကျွန်မ အာခံခဲ့သည်။ သူမကို လက်မခံနိုင်ခဲ့ပါ။ ထို့ကြောင့် ကျွန်မတို့အလုပ်ကို ကျွန်မတို့ ဆွေးနွေးသည့်အခါတိုင်း၊ ကျွန်မ မျက်မှောင်ကြုတ်ပြီး တိတ်တဆိတ်နှင့်ပဲ ထိုင်နေခဲ့သည်။ တစ်ကြိမ်မှာ အဖွဲ့၏ အလုပ်နှင့်ပတ်သက်ပြီး ပြဿနာတစ်ခုကို သူမက ရှာတွေ့ပြီး ကျွန်မတို့ ညီအစ်ကို မောင်နှမများအားလုံး ကြိုက်ကြသည့် အကြံပြုချက်အချို့ကို ပေးခဲ့သည်၊ သို့သော်လည်း ထိုအကြံပြုချက်များ တစ်ခုကိုမျှ ကျွန်မ လက်မခံခဲ့ပါ။ သူမ၏ အကြံပြုချက် တစ်ခုတစ်လေကိုပင် လက်ခံဖို့ ကျွန်မ ငြင်းခဲ့သည်။ ကျွန်မ၏ အယူအဆကို လူတိုင်း မေးသည့်အချိန်မှာ၊ ကျွန်မ ဒေါသကို မျိုသိပ်ပြီး “ဘာပဲဖြစ်ဖြစ်ပေါ့” ဟု ပြောလိုက်သည်။ ထိုနောက် ဘုရားသခင့် အိမ်တော်၏ အလုပ်ကိုကျွန်မ မထိန်းသိမ်းပါဟုပြောပြီး ခေါင်းဆောင်က ကျွန်မကို ဖြေရှင်းသည်။ ကျွန်မ တကယ်ကို ဆိုးဆိုးရွားရွား ခံစားရပြီး မည်သည့်အရာဖြစ်စေ ဘုရားသခင့် အိမ်တော်၏ အလုပ်မှာ ကျွန်မ၏ စိတ်ပျက်မှုကို ကျွန်မ ဆက်ထုတ်ပြ၍ မဖြစ်တော့သည်ကို သိခဲ့သည်။ သို့သော်လည်း ကျွန်မ တကယ်ကို မထိန်းနိုင်ခဲ့ပါ- “ရှင်က အစ်မလျူကိုပဲ တစ်ချိန်လုံး နားထောင်နေမှတော့ ဆွေးနွေးစရာ ဘာရှိတော့လို့လဲ။” ဟု ကျွန်မ တွေးခဲ့သည်။ အရာရာမှာ ကျွန်မ မှန်သည်ဟု ဆက်တွေးနေမိခဲ့သည်၊ နောက်ထပ် အလုပ်ဆွေးနွေးမှု အနည်းငယ်မှာ ကျွန်မ၏အယူအဆများကို ကျွန်မ ဖက်တွယ်ခဲ့ပြီး အစ်မလျူ၏ အကြံပြုချက်များ ကျိုးကြောင်းဆီလျော်သည့်အချိန်မှာ ကျွန်မ သူမနှင့် သဘောမတူခဲ့ပါ။ သူမက ကြွားဝါနေသည်ပဲဟု ကျွန်မ ထင်ခဲ့သည်။ တစ်ချိန်မှာ သရုပ်ဆောင်တစ်ယောက်ကို သူမ ထောက်ခံခဲ့ပြီး ကျွန်မက ထိုသရုပ်ဆောင်နှင့် ပတ်သက်သည့် ပြဿနာမျိုးစုံကို တင်ပြခဲ့သလို သူ့၏ အကြံပြုချက်ကို ကဖျက်ယဖျက် လုပ်ခဲ့သည်။ သူပြောသည်ကို ကျွန်မ နားကို မထောင်ချင်ခဲ့ခြင်း ဖြစ်သည်။ အလုပ်အားလုံးမှာ ကျွန်မ ကွပ်ကဲသူ ဖြစ်ချင်ခဲ့သည်။ အစ်မလျူက ကျွန်မကြောင့် ချုပ်ချယ်ခံရသလို ခံစားရပြီး အကြံပြုချက်များ ထပ်မပေးတော့ပါ။ ထိုအချိန် အတောအတွင်းမှာ၊ ကျွန်မက မောက်မာပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု ယူမှတ်သည့် စိတ်သဘောထားနှင့် အသက်ရှင်ပြီး သမ္မာတရားကို မရှာဖွေခဲ့သည့်အတွက်၊ ကျွန်မ၏ စိတ်က အမှောင်ထဲကို တဖြည်းဖြည်း ကျဆင်းသွားခဲ့သည်။ နေ့တိုင်း ကျွန်မ စိတ်မချမ်းမသာ ဖြစ်ခဲ့ပြီး ဘုရားသခင်က သူ့ကိုယ်သူ ကျွန်မထံမှ ပုန်းကွယ်နေသလို ဖြစ်ခဲ့သည်။ ဆုတောင်းရာမှာ ဘုရားသခင်ကို ကျွန်မ ပြောစရာတစ်ခုမျှ မရှိခဲ့သလို၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ နားမဝင်ခဲ့ပါ။ ကျွန်မ စိတ်က ဗလာဖြစ်ခဲ့ပြီး ကျွန်မ၏တာဝန်မှာ ထုံထိုင်းခဲ့သည်။ မည်သည့်ပြဿနာကိုမျှ ကျွန်မ မမြင်နိုင်ခဲ့ပါ။ ပူပန်သည့် အခြေအနေတစ်ခုမှာ ကျွန်မ အသက်ရှင်နေခဲ့ပြီး၊ တစ်ခုခု ဖြစ်တော့မလို အမြဲခံစားနေခဲ့ရသည်။

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာ၊ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မတို့နှင့် အစည်းအဝေးလုပ်ဖို့ လာခဲ့သည်။ ကျွန်မ၏ စိတ်သဘောထားကို သူက ဖော်ထုတ်ပြီး ကျွန်မ အရမ်း မောက်မာသည်၊ အာဏာနှင့်အုပ်ချုပ်သူဖြစ်ပြီး ကျွန်မတာဝန်ကို ထင်ရာမြင်ရာလုပ်သလို ကျွန်မတို့၏ အလုပ်ကို တကယ် နှောင့်ယှက်သည့်အကြောင်း ပြောခဲ့သည်။ အိမ်ပြန်ပြီး သေချာ ဝတ်ပြုဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ကျွန်မကို ပြောသည် ယင်းကို ကြားတော့ ကျွန်မ အရမ်းအံ့အားသင့်ခဲ့သော်လည်း၊ “အို ဘုရားသခင်၊ ကျွန်မ ဘယ်လိုအခြေအနေကိုပဲ ကြုံရပါစေ၊ အားလုံးကို ကိုယ်တော် ပြင်ဆင်ပေးတာဖြစ်တယ်လို့ ကျွန်မ ယုံကြည်သလို ကျိုးနွံနာခံဖို့ ကျွန်မ ဆန္ဒရှိပါတယ်။” ဟု ဘုရားသခင်ထံ လေးလေးနက်နက် ကျွန်မ ဆုတောင်းခဲ့သည်။ ထိုည တစ်ညလုံး ကျွန်မ အိပ်၍ မရခဲ့ပါ။ ဒါရိုက်တာတစ်ယောက်အဖြစ် အချိန်အကြာကြီး ကျွန်မ ရှိခဲ့သော်လည်း၊ မနက်ဖြန်ကစပြီး ကျွန်မ ဤနေရာမှ ထွက်သွားရတော့မည့် အကြောင်းကို စဉ်းစားနေမိခဲ့သည်။ ဤသည်ကို ကျွန်မ လက်မလွတ်နိုင်ခဲ့သလို တကယ်ကို စိတ်ညစ်ခဲ့သည်၊ ကျွန်မ မျက်ရည်များကို မထိန်းနိုင်ခဲ့ပါ။ ကျွန်မ လဲကျခဲ့သည့် နေရာမှ မိမိကိုယ်ကိုယ် ပြန်ထူနိုင်ဖို့ ထိုအခွင့်အရေးကို ကျွန်မ၏ ဝတ်ပြုခြင်းများနှင့် မိမိကိုယ်ကိုယ် ဆန်းစစ်ဖို့အတွက် အသုံးပြုချင်ခဲ့သည်။ သို့သော်လည်း အိမ်ပြန်ရောက်သောကြောင့်၊ ဘုရားသခင့် နှုတ်ကပတ်တော်များကို ကျွန်မ အာရုံမစိုက်နိုင်ခဲ့သလို ခက်ခဲသည့်အချိန်ကို ကျွန်မ ကြုံနေခဲ့ရသည်။ ကျွန်မ လုပ်နိုင်သမျှက ဘုရားသခင်ရှေ့ကိုလာပြီး အကြိမ်ကြိမ် သူ့ကို အော်ခေါ်ဖို့ဖြစ်သည်။ ကျွန်မက “ဘုရားသခင်၊ ကျွန်မ အရမ်းနာကျင်လှပါတယ်။ ဒီအခြေအနေမှာ ကိုယ်တော့်ရဲ့ အလိုတော်ကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် သိရှိနိုင်ဖို့ ကျွန်မရဲ့ စိတ်နှလုံးကို မစပြီး ကွယ်ကာပေးတော်မူပါ။” ဟု ကျွန်မ ပြောခဲ့သည်။ ဘုရားသခင်ကို စဉ်ဆက်မပြတ် ဆုတောင်းရာမှ၊ နောက်ဆုံးမှာ ငြိမ်သက်မှုအချို့ကို ကျွန်မ ခံစားနိုင်ခဲ့သည်။

နောက်နေ့မှာ ညီအစ်ကို မောင်နှမအချို့က ကျွန်မကို စစ်ဆေးဖို့၊ ကျွန်မကို မိတ်သဟာယပြုပေးပြီး ကူညီဖို့ လာကြသလို သူတို့က ကျွန်မ၏ ပြဿနာအချို့ကို ပြောပြခဲ့ကြသည်။ ညီအစ်မတစ်ယောက်က၊ “ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရှင့်ရဲ့ တာဝန်မှာ ရလဒ်အချို့ ရပြီးတဲ့နောက် ရှင် မာနထောင်လွှားလာပြီး၊ အရာရာမှာ အဆုံးအဖြတ် ပေးချင်တယ်။ ရှင်က တကယ်ကို ထိန်းချုပ်နေပြီး ရှင်နဲ့အတူ ဘယ်လိုမှကို အလုပ်လုပ်လို့ မရဘူး။” ဟု ပြောသည်ကို ကျွန်မ မှတ်မိသည်။ နောက်ထပ် ညီအစ်ကို တစ်ယောက်က၊ “အလုပ် ဆွေးနွေးတာတွေမှာ၊ အစ်မမရှိတဲ့ အချိန်ဆို ကျွန်တော်တို့အားလုံး သက်သောင့်သက်သာ ဖြစ်ကြတယ်၊ ဒါပေမဲ့ အစ်မ ပေါ်လာတာနဲ့ ကျွန်တော်တို့ရဲ့ အတွေးနဲ့ စိတ်ကူးတွေကို ကဖျက်ယဖျက်လုပ်မှာ ကြောက်ပြီး အားလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ရောပဲ။” ဟု ပြောသည်။ သူတို့ နှုတ်က စကားလုံးတိုင်းက ကျွန်မ နှလုံးသားထဲမှာ ဓါးတစ်စင်းလို ခံစားခဲ့ရသည်။ သူတို့ကို ရင်ဆိုင်ဖို့ ကျွန်မ ရှက်မိခဲ့ပြီး အရမ်းကို ကြောက်လန့်သွားခဲ့သည်။ ကျွန်မ တစ်ဘဝလုံးမှာ လူတစ်ဦးအနေနှင့် ထိုကဲ့သို့ ကျရှုံးမှုကို လုံးဝ မခံစားဖူးပါ။ ကျွန်မ အရမ်းဆိုးခဲ့သောကြောင့်၊ ညီအစ်ကို မောင်နှမများက ကျွန်မကို မချဉ်းကပ်ဝံ့သလို ကျွန်မကို မြင်သည့်အခါ ကြောက်လန့်ကြသည့်အထိ ဖြစ်သည်။ “ငါက သင့်တင့်လျောက်ပတ်တဲ့ လူတစ်ယောက် ဖြစ်သေးရဲ့လား ငါ ဘယ်လိုလုပ်ပြီး အရမ်းကို စာနာစိတ်ကင်းမဲ့နိုင်ခဲ့ရတာလဲ။” ဟု ကျွန်မ စဉ်းစားမိသည်။ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားက အခြားသူများကို ဘောင်ခတ်ပြီး ထိုကဲ့သို့ အန္တရာယ်ပေးနိုင်သည်ကို ကျွန်မ လုံးဝ မသိခဲ့ပါ။ ကျွန်မ မောက်မာခဲ့သည်ကို ကျွန်မ သိနှင့်ပြီးဖြစ်သလို၊ ခေါင်းဆောင်က ကျွန်မကို မကြာခဏ မိတ်သဟာယပြုပေးခဲ့သော်လည်း၊ ဤသည်ကို ကျွန်မ မည်သည့်အခါမျှ သိပ်ပြီးမစဉ်းစားခဲ့ပါ။ ထိုအစား ကျွန်မ၏ မောက်မာမှုက အရည်အချင်း ရှိခြင်းမှ လာမှန်း ကျွန်မ တွေးမိခဲ့သည်။ ဆုကျေးဇူးရှိပြီး အရည်အချင်း ရှိပါက၊ မည်သူက မမောက်မာဘဲ နေမည်နည်း။ ထို့ကြောင့် ဤသည်ကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ လုံးဝ မရှာဖွေရခဲ့ပါ။ သို့သော်လည်း ညီအစ်ကို မောင်နှမများ၏ အကူအညီနှင့် မိတ်သဟာယမှတစ်ဆင့်၊ ငြိမ်သက်ခြင်းကို နောက်ဆုံး ကျွန်မ စိတ်နှလုံးထဲမှာ ရှာတွေ့ခဲ့ပြီး ကျွန်မ၏ ကိုယ်ပိုင်အပြုအမူကို ဆန်းစစ်ဖို့ မိမိကိုယ်ကိုယ် ငြိမ်သက်စေနိုင်ခဲ့သည်။

ကျွန်မ ဆင်ခြင်သုံးသပ်ရင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့သည်။ ဘုရားသခင်က ပြောသည်မှာ၊ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”)မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ကျွန်မ၏ မောက်မာမှုနှင့် စိတ်ကြီးဝင်မှုများက ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်စေပြီး အာခံစေခဲ့ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည်ခဲ့သည်။ ဒါရိုက်တာတစ်ဦးအနေနှင့် ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ကတည်းက၊ အောင်မြင်မှုအချို့ ရသည့်အခါ၊ ယင်းက ကျွန်မ၏ အလုပ်ကြိုးစားမှုကြောင့် ဖြစ်သည်၊ ကျွန်မက အခြားသူများထက် ပိုတော်သည်ဟု ကျွန်မ တွေးခဲ့သည်။ အခြားသူများကို လျစ်လျူရှုပြီး အရာရာမှာ ကျွန်မ ဆုံးဖြတ်ချင်သောကြောင့်၊ ခေါင်းမာမာနှင့် မိမိကိုယ်ကိုယ်သာ အားကိုးခဲ့သည်။ ကျွန်မ၏ တာဝန်မှာ ရလဒ်များ မရနိုင်သည့်အခါမှာ၊ ပြဿနာက ကျွန်မနှင့် ဆိုင်သည် မဆိုင်သည်ကို လုံးဝ မဆင်ခြင်ခဲ့ဘဲ၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများအပေါ်ကိုသာ အာရုံစိုက် နေခဲ့သည်။ ကျွန်မက တင်တင်စီးစီးနှင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ဩဝါဒ ပေးခဲ့သည်။ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်းများနှင့် အယောက်တိုင်းကို ကျွန်မ အထင်သေးခဲ့သည်။ အခြားမည်သူမျှ၏ အားသာချက်ကို မမြင်နိုင်ခဲ့သလို၊ ကျွန်မ၏ စိတ်ကူးများက အကောင်းဆုံးဟု တွေးခဲ့သည်။ အကြိမ်တိုင်းမှာ လူတိုင်း၏ အကြံများကို ကျွန်မ ကဖျက်ယဖျက်လုပ်ခဲ့ပြီး ထိန်းချုပ်နေခဲ့သည်။ ကျွန်မ၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်ခြင်းများကြောင့်၊ မိမိကိုယ်ကိုယ် မသိနိုင်ခဲ့သလို အကြိမ်အများကြီး ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးသည့် နောက်တွင်ပင်၊ လက်မခံနိုင်ခဲ့ပါ။ မိမိကိုယ်ကိုယ် မဆင်ခြင်နိုင်ခဲ့ပါ။ ကျွန်မမှာ ရှာဖွေဖို့အတွက် လိုအင်ဆန္ဒ မရှိခဲ့ပါ။ ကျွန်မအလုပ်၏ တိုးတက်မှု နှောင့်နှေးပြီး အလုပ်ကို ကျွန်မ မစီမံနိုင်မှန်း သိသာလာသည့်အချိန်မှာ အခြားသူများနှင့် ကျွန်မ အလုပ်မလုပ်ချင်ခဲ့သေးသလို၊ ကျွန်မ၏ အလုပ်များမှာ သူတို့ကို ဝင်စွက်ဖက်စေခဲ့သည်။ ယင်းက ကျွန်မ၏အာဏာကို ထိခိုက်ပြီး ကျွန်မ၏ နာမည်နှင့် ရာထူးကို ခြိမ်းခြောက်မည်ဟု ထင်ခဲ့သည်။ ကျွန်မ လုံးဝ ကွပ်ကဲသူဖြစ်ချင်ခဲ့ပြီး အဆုံးအဖြတ်ပေးသူ ဖြစ်ချင်ခဲ့သည်။ ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်သည့်လမ်းကြောင်း လျှောက်နေခြင်း မဟုတ်ပါလား။ အစ်မလျူက သူမ၏တာဝန်မှာ ကျွန်မ၏ ရာထူးကို ခြိမ်းခြောက်သည့် အောင်မြင်မှုအချို့ ရခဲ့ချိန်မှာ သူမက မှန်ကန်ခဲ့ပြီး သူမ အကြံပေးသည့်အရာက ဘုရားသခင့်အိမ်တော်၏ အမှုကို အကျိုးပြုမည်ကို ကျွန်မ ကောင်းစွာ သိခဲ့သော်လည်း၊ ကျွန်မ လက်မခံခဲ့ပါ။ ထိုအစား ချစ်တီးခေါင်းသန်းရှာလုပ်ခဲ့ပြီး ညီအစ်ကို မောင်နှမများက သူမအား သဘောတူကြသည်ကို မြင်သည့်အခါ၊ ကျွန်မ ခံကို မခံနိုင်ခဲ့သလို အသင်းတော်၏ အမှုမှာ ကျွန်မ၏ ခံပြင်းမှုကို ထုတ်ပြခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် နာမည်ကောင်းနှင့် အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဘုရားသခင့် အိမ်တော်၏ အမှုထိခိုက်မည်ကို မြင်ရဖို့ ကျွန်မ တွန့်ဆုတ်မနေခဲ့ပါ။ ဘုရားသခင်ကို ကျွန်မ၏ ကြောက်ရွံ့ခြင်းက အဘယ်နည်း။ ကျွန်မ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက အဘယ်နည်း။ ကျွန်မ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် ဆိုးယုတ်သည့် စိတ်သဘောထားနှင့် အသက်ရှင်နေခဲ့သည်ကို ကျွန်မ မြင်ခဲ့သည်၊ ကျွန်မ၏ ကိုယ်ပိုင် အတွေးများနှင့် အယူအဆများကို သမ္မာတရားလို ညီအစ်ကို မောင်နှမများအပေါ် ဖိအားပေးခဲ့သည်။ အရာရာမှာ လူများကို ကျွန်မပြောသည် နားထောင်စေခဲ့သည်။ ယင်းက ဘုရားသခင်နှင့် တန်းတူဖြစ်ချင်ပြီး အခြားသူများကို ထိန်းချုပ်လိုနေခြင်း မဟုတ်ပါလား။ ကျွန်မက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြာမြင့်သော အချိန်ကတည်းက ချိုးဖောက်ခဲ့ပြီးဖြစ်သည်။ “လူသားသည် မိမိကိုယ်ကိုယ် မကြီးမြတ်စေသင့်သကဲ့သို့၊ မိမိကိုယ်ကိုယ် မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ကျွန်မက မရေမရာ အနေအထား တစ်ခုမှာ ရှိခဲ့တာကို ကျွန်မ နောက်ဆုံးမှာ နားလည်လိုက်သည်။ ကျွန်မတာဝန်ကို နေ့တိုင်း လုပ်နေခဲ့သည်၊ မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ စိတ်ပြင်းပြနေခဲ့သည့် ပုံပေါက်ခဲ့သော်လည်း၊ နည်းလမ်းမျိုးစုံနှင့် ဆိုးယုတ်သည့် စိတ်သဘောထားကို ဖော်ပြနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ လုပ်ရပ်အားလုံးက သမ္မာတရားနှင့် ဆန့်ကျင်ခဲ့သည်၊ ကျွန်မက အသင်းတော်၏ အလုပ်ကို နှောင့်ယှက်နေခဲ့ခြင်း ဖြစ်သည်။ မကောင်းမှု၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သူ့၏ စိတ်သဘောထားကို ပြစ်မှားခြင်းများ ကျွန်မ လုပ်နေခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေထိ ကျွန်မ မည်သို့ရောက်ခဲ့သည်ကို အံ့ဩမိသည်။ ကျွန်မဟာ သိပ်ကို မာနထောင်လွှားပြီး မာကျောသည့် သဘာဝ ရှိခဲ့သောကြောင့် ဖြစ်သည်။ သမ္မာတရားကို လုံးဝ လက်မခံခဲ့သောကြောင့်၊ ဘုရားသခင်၏ ဒေါသကို မိမိအပေါ် ကျရောက်စေခြင်းနှင့် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မက စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရပြီး၊ သမ္မာတရား၏ စစ်မှန်မှု လုံးဝကင်းမဲ့သည်ကို ကျွန်မ မြင်ခဲ့သည်။ ထိုကဲ့သို့ အရေးပါသည့် တာဝန်တစ်ခုကို ယူဖို့ဆိုသည်မှာ ဘုရားသခင်က ကျွန်မကို ချီးမြှောက်နေခဲ့ခြင်း ဖြစ်သည်၊ ကျွန်မ၏တာဝန်မှာ အောင်မြင်မှုအချို့ကို ရခြင်းက သန့်ရှင်းသောဝိညာဉ်တော်ကြောင့်သာ လုံးဝ ဖြစ်သည်။ ကျွန်မမှာ အရည်အချင်းတစ်ခုတစ်လေ ရှိ၍ လုံးဝ မဟုတ်ခဲ့ပါ။ ကျွန်မ၏တာဝန်မှာ ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကို မှီခိုသည့်အခါ၊ သန့်ရှင်း‌သော ဝိညာဉ်တော်က အလုပ်လုပ်ခြင်း ရပ်လိုက်ပြီး မည်သည့်အရာကိုမျှ ကျွန်မ နားမလည်နိုင်သလို၊ မည်သည့်အရာကိုမျှ မဖြေရှင်းနိုင်ခဲ့သည်ကို ကျွန်မ တွေ့ရသည်၊ သို့သော်လည်း ထိုကဲ့သို့အချိန်တွင်ပင် ကျွန်မ အဆင်ပြေသလို ခံစားရဆဲ ဖြစ်သည်။ ကျွန်မက မိမိကိုယ်ကိုယ် သိသည့်စိတ် တစ်စက်မျှမရှိဘဲ၊ ဆင်ခြင်တုံတရားကို ကျော်လွန်ပြီး မာနထောင်လွှားခဲ့သည်။ ထိုအခါမှ ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝအတွက် စက်ဆုပ်မှုနှင့် မုန်းတီးမှုကို ကျွန်မ စတင် ခံစားခဲ့ရသည်။

နောက်ပိုင်းမှာ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်- “သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မကြည့်နိုင်သည်သာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အမှန်တကယ် နက်နဲသော ကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ထိုသို့သော ကယ်တင်ခြင်းသည် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ မနာခံသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်ကြိမ် ကျွန်မ ဖတ်ခဲ့သည်။ နွေးထွေးသည့် ခံစားချက်ကို ကျွန်မ ရရှိခဲ့ပြီး အရမ်းတို့ထိခံစားခဲ့ရသည်။ ဘုရားသခင်က ဒီလို ဖွင့်ပြနေခြင်းက ကျွန်မကို ရှုတ်ချခြင်း၊ ပယ်ရှင်းခြင်းပြုနေခြင်း မဟုတ်သလို၊ ကျွန်မအတွက် အမှုအရာများ ခက်ခဲအောင် တမင်သက်သက် လုပ်နေခြင်း မဟုတ်မှန်း ကျွန်မ သိခဲ့သည်။ ကျွန်မ၏ ကယ်တင်ခြင်းအတွက် သူ တကယ် လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ မာနထောင်လွှားပြီး မာကျောသည့် သဘာဝ ကျွန်မရှိခဲ့ပြီး ကျွန်မ လိုအပ်သည်ကို ဘုရားသခင် သိခဲ့သည်။ ကျွန်မ၏ တာဝန်ကို ဆုံးရှုံးပြီး ညီအစ်ကို မောင်နှမများ၏ ပြုပြင်ပေးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းများကို ခံရခြင်းအားဖြင့်၊ ကျွန်မ၏ ကိုယ်ပိုင် မာနထောင်လွှားသည့် စိတ်သဘောထားကို ကျွန်မ သိလာခဲ့ပြီး ကျွန်မ လျှောက်ခဲ့သည့် လမ်းကြောင်းကို ဆင်ခြင်နိုင်ခဲ့သလို၊ ဘုရားသခင်ထံသို့ အမှန်တကယ် နောင်တရနိုင်ခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်ကို ကျွန်မ ထပ်၍ ဆန့်ကျင် အာခမည် မဟုတ်တော့ပါ။ ဤဖြစ်စဉ်မှ နာကျင်မှုနှင့် အပျက်သဘောဆောင်မှုများကို ကျွန်မ ကြုံခဲ့ရသော်လည်း၊ ဤကဲ့သို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မရှိဘဲ၊ ကျွန်မ၏ ထုံထိုင်းသည့် နှလုံးသားက နိုးထနိုင်မည် မဟုတ်ပါ။ ကျွန်မ၏ အပြုအမူနှင့်ပတ်သက်ပြီး ဆင်ခြင်နိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိနိုင်မည် မဟုတ်ပါ။ ဘုရားသခင်ဆီကို အမှန်တကယ် နောင်တရနိုင်မည် မဟုတ်ဘဲ၊ သူနှင့်အတူ ဆက်၍ ဖက်ပြိုင်နေသလို သူ့ကို ဆန့်ကျင်နေဆဲသာ ဖြစ်မည်။ နောက်ဆုံးမှာ သူ့၏ စိတ်သဘောထားကို ပြစ်မှားမိပြီး ပြစ်ဒဏ်ပေးခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းနှင့် ထုတ်ဖော်ပြခြင်းများက ကျွန်မအတွက် သူ့၏ ကွယ်ကာမှုနှင့် အစစ်မှန်ဆုံး မေတ္တာဖြစ်သည်ကို နောက်ဆုံးမှာ ကျွန်မ တွေ့ကြုံခံစားခဲ့ရသည်။ ဤသည်ကို ကျွန်မ နားလည်သည့်အချိန်မှာ ဘုရားသခင်ကို အရမ်း ကျေးဇူးတင်မိခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖယ်ရှားပြီး မကြာမီ လူသားပုံသဏ္ဌာန် တစ်ခုအတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့ အနာဂတ်မှာ သမ္မာတရားကို လေးလေးနက်နက် လိုက်စားသင့်သည်ကို ကျွန်မ ခံစားခဲ့ရသည်။

ထိုနောက် ကျွန်မ ဆက်ပြီး ဆုတောင်း၊ ရှာဖွေနေခဲ့သည်။ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားနှင့် အသက်ရှင်သည်၊ ပြီးလျှင် ဘုရားသခင်ကို အာခံခြင်းကို မည်သို့ ရပ်နိုင်မည်ကို ကျွန်မ သိချင်ခဲ့သည်။ ရှာဖွေနေစဉ် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်- “မာနထောင်လွှားသောသဘာဝက သင့်ကို ခေါင်းမာစေသည်။ လူတို့က ဤခေါင်းမာသော စိတ်သဘောထား ရှိသောအခါ သူတို့သည် တစ်ဇွတ်ထိုးလုပ်တတ်သည် မဟုတ်လော။ သို့ပြုလျှင် သင်သည် သင်၏တစ်ဇွတ်ထိုးလုပ်တတ်ခြင်းကို မည်သို့ဖြေရှင်းသနည်း။ သင်၌ စိတ်ကူးတစ်ခုရှိသောအခါ ဤကိစ္စအကြောင်း သင်ထင်မြင်ယုံကြည်သည့်အရာကို သင်ထုတ်ပြောသည်၊ ထို့နောက် ထိုအကြောင်းကို လူတိုင်းအား သင်ပြောပြသည်။ ပထမဦးစွာ သင့်အမြင်ကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာ ဤတစ်ဇွတ်ထိုးလုပ်ခြင် စိတ်သဘောထားကို အောင်နိုင်ရန်အတွက် လက်တွေ့လုပ်ဆောင်ရမည့် ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်- ထင်ရာမြင်ရာနှင့် မဆင်မခြင်လုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ပထမအနေဖြင့် ၎င်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ ဆုတောင်းတော့သည်။ သင်သည် အမှားနှင့်အမှန်ကို မသိသောကြောင့် အကောင်းဆုံး၊ အသင့်တော်ဆုံး ပြုလုပ်ရမည့်အရာကို ထုတ်ဖော်ရန်နှင့် ပြောပြရန် သင်က ဘုရားသခင်ကို အခွင့်ပေးသည်။ အယောက်တိုင်းက မိတ်သဟာယတွင် ပါဝင်လာကြသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်း အားလုံးကို ယူဆောင်လာပေးသည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ကျွန်မ ရှာတွေ့ခဲ့သည်။ မာနထောင်လွှားမှုနှင့် အသက်မရှင်လိုပါက သို့မဟုတ် ကျွန်မ၏ တာဝန်မှာ ထင်ရာမြင်ရာ မလုပ်လိုပါက၊ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ကျွန်မ ရှိရမည်ဖြစ်သည်။ ညီအစ်ကို မောင်နှမများနှင့် ကျွန်မ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်ပြီး အယူအဆကွဲပြားမှု ရှိသည့်အခါ၊ မိမိကိုယ်ကိုယ် ငြင်းပယ်ပြီး ကျွန်မ၏ အတ္တကို ဘေးဖယ်ထားနိုင်ရမည် ဖြစ်သလို၊ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေနိုင်ရမည် ဖြစ်သည်။ ဤကဲ့သို့ စိတ်ထားနှင့်မှ ကျွန်မက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရမည် ဖြစ်သည်။ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ဖို့၊ ကျွန်မ၏ ကိုယ်ပိုင် အယူအဆများကို ဖက်တွယ်နေခြင်းကြောင့်၊ ဘုရားသခင်၏ အိမ်တော်ကို ထိခိုက်ဖို့အထိ ကျွန်မ လုပ်မိမည်မဟုတ်ပါ။ ဤအရာအားလုံးကို နားလည်လိုက်သည်က ကျွန်မ စိတ်နှလုံးထဲကို အလင်း ထွန်းလင်းလိုက်သလို ဖြစ်ခဲ့သည်။ ဤဆုတောင်းချက်ကို ကျွန်မ- “ဘုရားသခင်၊ ခုချိန်ကစပြီး၊ ကျွန်မတို့ အတူတကွ သမ္မာတရားကို ရှာဖွေပြီး အခြေခံစည်းမျဉ်းတွေနဲ့အညီ ကျွန်မတို့ တာဝန်ကို လုပ်ဆောင်နိုင်ဖို့ ညီအစ်ကို မောင်နှမတွေနဲ့ သင့်သင့်မြတ်မြတ် အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်။” ဟု လုပ်ဆောင်ခဲ့သည်။

ထိုနောက် မကြာမီ ကျွန်မတာဝန်အတွက် စာလုံးလှ စာကြောင်းနည်းနည်းရေးဖို့ ကျွန်မ အခိုင်းခံရသည်။ ဤသည်ကို ကျွန်မ ကြားသည့်အချိန်မှာ၊ “စာလုံးလှစာ နည်းနည်းလောက်က ကိစ္စမရှိပါဘူး။ ဒါကို ငါ လေ့လာခဲ့တော့ ဒါလုပ်ရတာကို ငါအတော်လေး ကိုယ့်ကိုယ်ကိုယ် စိတ်ချတယ်။” ဟု တွေးမိသည်။ ပုံစံနည်းနည်းလောက် ရေးသားလိုက်ပြီး ယင်းတို့ကို အစ်မလျူက ကြည့်ပြီး၊ “မဆိုးဘူးလို့ ထင်တာပဲ။” ဟု ပြောသည်။ ထိုနောက်မှာပဲ သူ့အပေါ် မနှစ်သက်သလို ကျွန်မ ခံစားရပြီး၊ “ရှင်က အရမ်းကို အင်တင်တင်နဲ့ ပြောတယ်။ ကျွန်မရဲ့ လက်ရေးလက်သားက အဲဒီလောက် တကယ်ပဲ ဆိုးနေလို့လား။ ငါ ဒါကို လေ့လာခဲ့တယ်။ ဒါ ငါ ကျွမ်းကျင်တဲ့ဟာပဲ။ ကျွန်မက ရှင့်ထက်ပိုသိတယ် မဟုတ်ဘူးလား ဒီလိုမျိုးအရာအတွက် ရှင့်မှာ အမြင်မရှိဘူးဆိုတာ ပြောလို့ရတယ်၊ ရှင်က တမင် ချစ်တီးခေါင်း သန်းရှာနေတာပဲ။” ဟု တွေးမိခဲ့သည်။ သို့သော်လည်း ထိုအတွေးများ ကျွန်မစိတ်ထဲ ရောက်နေချိန်မှာ၊ ကျွန်မ မှားမှန်း ရုတ်တရက် နားလည်လိုက်သည်။ ယင်းက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ပြန်ပြီး ထုတ်ဖော်ပြခြင်း မဟုတ်ပါလား။ ကျွန်မ ချက်ချင်း ဘုရားသခင်ရှေ့ကို လာပြီး “အို ဘုရားသခင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားဖို့နဲ့ ကျွန်မတာဝန်အတွက် ကျွန်မရဲ့ရှိသမျှကို ပေးဖို့ ရှာဖွေ၊ နာခံတတ်တဲ့ သဘောထား ကျွန်မ ရှိချင်ပါတယ်။” ဟု ဆုတောင်းခဲ့သည်။ ထို အတွေးနှင့် နောက်ထပ် ပုံစံတစ်ခုကို ကျွန်မ ရေးလိုက်သည်၊ ယင်းကို အစ်မလျူ တွေ့သည့်အချိန်မှာ ပိုသပ်ရပ်အောင် လုပ်နိုင်မလားဟု မေးပြီး အကြံဉာဏ်ထပ်ပေးခဲ့သည်။ ညီအစ်ကို မောင်နှမများအများကြီးက အဲဒါ ကောင်းသည့်ပုံဖြစ်သည်ဟု တကယ်ပြောကြတာလေ။ ယခင်က ပုံစံအတိုင်းဆိုရင်၊ ကျွန်မ မှန်သည်ဟုတွေးပြီး အခြားလူများကလည်း ကျွန်မကို သဘောတူပါက၊ နောက်ထပ်ပြောစရာမရှိသလို ပိုပြီး ခေါင်းမာခဲ့မိမည် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်က ကျွန်မ၏ အတွေးမဟုတ်ခဲ့ပါ။ “ညီအစ်ကို မောင်နှမတွေက ငါ့ရဲ့တာဝန်ကို တွေးနေကြတာနဲ့အမျှ ကွဲပြားတဲ့ အမြင်တွေ တင်ပြလာနေကြတာပဲ။ ဘယ်သူကမှ ဘယ်သူအတွက်မှ ကိစ္စတွေကို ခက်ခဲအောင် လုပ်နေတာ မဟုတ်ဘူး။ ပြီးတော့ ငါ့ရဲ့ စိတ်ကူးတွေက သေချာပေါက် မှန်နေတာမျိုးမဟုတ်ပါဘူးလေ။ နောက်ဆုံးတော့လည်း ငါတို့ တာဝန်မှာ ဘယ်အရာက အကောင်းဆုံးရလဒ်ကို ရစေမလဲဆိုတာ ငါတို့ ဆုံးဖြတ်ရမှာပါ” ဟု တွေးမိသည်။ ဤသည်ကို စိတ်ထဲမှာထားရင်း ကျွန်မက အရင်စပြီး “ကျွန်မ နောက်ထပ် ပုံစံတစ်ခုကို ဆွဲလိုက်ရင်ရော၊ ပြီးရင် ဘယ်ဟာ အကောင်းဆုံးလဲဆိုတာကို ရှင်တို့ ဆုံးဖြတ်နိုင်တယ်လေ။ ရှင်တို့ ပိုကြိုက်တဲ့ဟာကို သုံးလိုက်ပေါ့” ဟု ပြောလိုက်သည်။ ဤအတွေးနှင့် ကျွန်မ ရေးသည့်အချိန်မှာ ကျွန်မအဖို့ မျက်နှာပျက်စရာပင် မဖြစ်တော့ဘဲ၊ အရမ်း တည်ငြိမ်ပြီး အေးချမ်းသည်ကို ခံစားခဲ့ရသည်။ ကျွန်မ ပြီးသွားသည့်နောက်မှာ၊ နောက်ထပ် တုန့်ပြန်ချက်များကို သူတို့ဆီ ကျွန်မ တောင်းခဲ့ပြီး ညီအစ်ကို မောင်နှမများကို အကြံဉာဏ်များ ပိုပေးခဲ့ကြသည်။ ယင်းတို့အားလုံးက ကျိုးကြောင်းညီညွတ်သည့် အချက်များဖြစ်သည်။ ထိုနောက် ကျွန်မ တကယ်ကို အမှားများစွာ ရှိခဲ့ပြီး ညီအစ်ကိုမောင်နှမများက ကျွန်မ မပိုင်ဆိုင်သည့် အားသာချက်များစွာ ရှိကြသည်ကိုကျွန်မ ခံစားခဲ့ရသည်။ သူတို့၏ စိတ်ကူးများနှင့် အကြုံပြုချက်များစွာ ကျွန်မ၏ အားနည်းချက်များကို ပြင်စေခဲ့သည်။ ထို့ကြောင့် အယောက်တိုင်း၏ အကူအညီမှတစ်ဆင့်၊ အချင်းချင်း၏ အားနည်းချက်များကို ပြုပြင်ပေးခြင်းမှတစ်ဆင့်၊ နောက်ဆုံး ကျွန်မတို့က ကျွန်မတို့၏ တာဝန်မှာ ပိုပြီး အောင်မြင်ခဲ့ကြသည်။ ထိုနည်းလမ်းနှင့် ညီအစ်ကိုမောင်နှမများနှင့် ခဏ လုပ်ပြီးသည့်နောက်မှာ ကျွန်မ တကယ်ကို အေးချမ်းမှု စတင် ခံစားခဲ့ရပြီး အယောက်တိုင်းနှင့် များစွာ ပို၍ ရင်းနှီးလာခဲ့သည်။ ကျွန်မက ယခင်က မရိုင်းပျပါ။ ကြီးလည်းမကြီးကျယ်သလို၊ အခြားသူများ ကျွန်မနှင့် ရင်းနှီးသည့်အခါ၊ ကျွန်မ ဆက်ဆံရ မခက်တော့ပါ။ ညီအစ်ကို မောင်နှမများ၏ အကြံပြုချက်များကိုလည်း လက်ခံဖို့ သိပ်မခက်တော့သည်ကို ကျွန်မ တွေ့ခဲ့ရပြီး၊ ကျွန်မ၏ ဟာကွက်များနှင့်ပတ်သက်ပြီး မှန်ကန်သည့်နည်းနှင့် သူတို့ ပြောသည်ကို ကျွန်မ လက်ခံနိုင်ခဲ့သည်။ ကျွန်မ မနှစ်သက်သည့် ကိစ္စအချို့ ဖြစ်ပျက်ခဲ့ပြီး မာနထောင်လွှားမှုအချို့ကို ကျွန်မ ပြခဲ့သော်လည်း၊ ညီအစ်ကို မောင်နှမများ၏ သတိပေးချက်များနှင့် ဘုရားသခင်၏ရှေ့ကို ကျွန်မ ချက်ချင်း လာနိုင်ခဲ့သည်။ ကျွန်မ မိမိကိုယ်ကိုယ် ဘေးဖယ်ဖို့၊ သမ္မာတရားကို ရှာဖွေပြီး အခြေခံသဘောတရားများနှင့်အညီ ကျွန်မ၏တာဝန်ကို ဆောင်ရွက်ဖို့ လိုလားနေခဲ့သည်။ ဤအရာအားလုံးကို ဖြတ်သန်းပြီးသည့်နောက်မှာ၊ ကျွန်မ စိတ်နှလုံးမှ တကယ် ကျွန်မ တွေ့ကြုံခဲ့ရသည်က၊ စစ်မှန်သည့် ပျော်ရွှင်ခြင်း အသိဖြစ်ပါသည်။ အရင်က ကျွန်မအတွက် အရမ်းကို ခက်ခဲခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို နောက်ဆုံး ကျွန်မ လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပြီ ဆိုသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ မိမိကိုယ်ကိုယ် ဘေးဖယ်ထားဖို့နှင့် အခြားသူများ၏ အကြံပြုချက်ကို လက်ခံဖို့က အရမ်း ခက်ခဲခဲ့ခြင်း ဖြစ်သည်၊ သို့သော်လည်း ယခု ဘုရားသခင်၏ နှုတ်ကပတ်တော် အနည်းအကျဉ်းကို ကျွန်မ လက်တွေ့လုပ်နိုင်ပြီ ဖြစ်သည်။ နောက်ဆုံးမှာ လူသားပုံသဏ္ဌာန်ကို ကျွန်မ အနည်းငယ် အသက်ရှင်နိုင်ပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ ကျွန်မ မရိုင်းပျပါ၊ ဘုရားသခင်အဖို့ ကျွန်မက အရမ်းကို စက်ဆုပ်စရာမဖြစ်သလို၊ ယခင်က လုပ်ခဲ့သလို အခြားသူများကို ကျွန်မ ချုပ်ချယ်မနေတော့ပါ။ ယင်းတို့အားလုံးကို ကျွန်မ တွေးသည့်အခါတိုင်းမှာ၊ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်မိသည်။ ကျွန်မကို ဘုရားသခင်က ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းများကြောင့်သာ မဟုတ်ပါက၊ သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်း မရှိဘဲ၊ ကျွန်မ ယခု မည်မျှ မာနထောင်လွှားလိုက်မည်နည်း သို့မဟုတ် မည်မျှ အကျင့်ပျက်လိုက်မည်ကို ကျွန်မ မသိပါ။ ယနေ့ ကျွန်မ ရရှိခဲ့သည့် သေးနုပ်သည့် သိနားလည်မှုနှင့် ပြောင်းလဲမှုက ဘုရားသခင့် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကြောင့်သာ ဖြစ်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်ကို ဖော်ထုတ်သည့် သုံးသပ်ချက်တစ်ခု

ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ ခုနှစ်၊ မေလလယ်မှာ ခေါင်းဆောင်ဖြစ်တဲ့ အစ်မချန်က ကျွန်မကို စကားလာပြောပြီး အစ်မလုအကြောင်း အများကြီးသိထားလား၊...

အလှည့်အပြောင်း

ဝမ်ရှင်း တောင်ကိုရီးယားနိုင်ငံ ကျွန်မမှာ ပျော်ရွှင်စရာ မိသားစု ရှိနေကျဖြစ်ပြီး ကျွန်မယောက်ျားက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တော်တော်လေး...

ကျွန်ုပ်၏ မာနကြီးသောပုံစံများကို ပြောင်းလဲခဲ့ပုံ

ဘားနဒ် ကင်မာရွန်းနိုင်ငံ အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့...

လူ့သဘာဝကို အပြင်ပန်းသဏ္ဌာန်အားဖြင့် ပိုင်းခြားမသိမြင်နိုင်ပေ

ရန်ရွယ်၊ ယူဆီမြို့၊ ရှန်စီမြို့နယ် ကျွန်မ၏ နှလုံးသားထဲတွင် ကျွန်မ ဖခင်သည် လူကောင်းတစ်ယောက်ဟု ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့သည်။ တစ်နေ့သောအခါ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။