ကျွန်မသည် ဖာရိရှဲတို့၏ လမ်းကြောင်းကို လျှောက်နေခဲ့ကြောင်း သတိပြုမိခြင်း

05.09.2019

ရှန်ဇီနယ်မှ၊ ဝူဇင်ရေးသားသည်။

ယခင်တွေ့ဆုံစဉ်များက ကျွန်မတို့အမြဲတမ်းဆွေးနွေးဖြစ်ခဲ့သည့် အကြောင်းအရာမှာ ပေတရုနှင့်ပေါလုတို့ လျှောက်ခဲ့ကြသော လမ်းများအကြောင်းဖြစ်ပါသည်။ ရှင်ပေတရုသည် သမ္မာတရားကိုလိုက်လျှောက်ခြင်း၊ မိမိကိုယ်ကိုနှင့် ဘုရားသခင်ကိုသိခြင်း အပေါ်အာရုံစိုက်ခဲ့ခြင်း ဖြစ်သည့်အပြင် သူ၏လိုက်လျှောက်မှုကို ဘုရားသခင်ကသဘောကျခဲ့ပါသည်ဟု ဆိုကြပါသည်။ တစ်ဖက်တွင် ရှင်ပေါလုသည် သူ၏အလုပ်အပေါ် တွင်သာဦးတည်ပြီး၊ နာမည်ကောင်းနှင့်ရာထူးတို့ကို ရှာဖွေခဲ့ခြင်းကြောင့် ဖာရိရှဲများ၊ အန္တိခရစ်များ လမ်းကြောင်း ပေါ်ခြေချခဲ့ကာ ဘုရားသခင်စက်ဆုပ်သောသူတစ်ယောက် ဖြစ်ခဲ့ပါသည်။ ကျွန်မသည် ရှင်ပေါလု၏ လမ်းကြောင်းကိုလျှောက်မိမည်ကို အစဉ်ကြောက်ရွံ့နေခဲ့ပြီး၊ ထိုကြောင့်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအပြင် ရှင်ပေတရုသည်သမ္မာတရားကို မည်သို့လိုက်လျှောက်ခဲ့ ကြောင်းနှင့် ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခဲ့ကြောင်းကိုတွေ့မြင်ရန် ရှင်ပေတရုအတွေ့အကြုံနှင့် သက်ဆိုင်သည့် အသက်တာတွင်းသို့ဝင်ရောက်ခြင်းနှင့် ပတ်သတ်သော ဒေသနာ များကိုလည်း ပုံမှန်ဖတ်ရှုခဲ့ပါသည်။ ထို့နောက်ကျွန်မသည်ကျွန်မ၏ ကျင့်ကြံအားထုတ်မှုများ နှင့် ဝင်ရောက်မှုတို့တွင် ရှင်ပေတရုကို သတိရှိရှိအတုယူခဲ့ပါသည်။ ထိုသို့ခေတ္တကျင့်ကြံအားထုတ်ပြီး နောက်တွင် ကျွန်မသည်အရင်ကထက်ပိုပြီး နာခံမှုရှိလာသည်၊ နာမည်ကျော်ဇောလိုစိတ်နှင့် ရာထူးအတွက် ဆန္ဒတို့သည်မှေးမှိန်သွားပြီး၊ ကျွန်မကိုယ် ကျွန်မ အနည်းငယ် သိရှိလာသည်ဟု ခံစားလာမိပါသည်။ ကျွန်မသည် ရှင်ပေတရု၏ လမ်းပေါ်တွင် အပြည့်အဝရောက်မနေသော်လည်း ထိုလမ်းကိုလိုက်လျှောက်ရန် အတော်လေးနီးစပ်လာပြီဟု ကျွန်မ ယုံကြည်ခဲ့သည်။ အနည်းဆုံးကျွန်မသည် ရှင်ပေါလု၏လမ်းကြောင်းကို ဦးတည်သွားနေခြင်းမဟုတ်ဟု ဆိုနိုင်ပါသည်။

တစ်မနက်တွင် ကျွန်မသည်ဝိညာဉ်ရေးရာဝတ်ပြုမှုကို ကျင့်ကြံအားထုတ်ချိန်တွင် ဘုရား၏အောက်ပါ နှုတ်ကပတ်တော်တို့ကို တွေ့ခဲ့ရပါသည်၊ “ပေတရု၏ အလုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ခဲ့သည်။ သူသည် တမန်တော်တစ်ဦး၏ အခန်းကဏ္ဍဖြင့် အလုပ်မလုပ်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ခြင်းအား အားထုတ်နေစဉ်တွင် အလုပ်လုပ်ခဲ့သည်။ ပေါလု၏ အလုပ် ဆောင်ရွက်ပုံ နည်းလမ်းသည်လည်း သူ၏ကိုယ်ရေးကိုတာ လိုက်စားခြင်း ပါရှိခဲ့သည်။...သူ၏ အလုပ်တွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ ယင်းမှာ အားလုံးမှာ အလုပ် အတွက်သက်သက်သာ ဖြစ်ပြီး၊ ပြောင်းလဲခြင်းအား အားထုတ်ခြင်းအလယ်တွင် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အလုပ်ထဲရှိ အရာရာတိုင်းသည် အပေးအယူတစ်ခု ဖြစ်သည်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန် သို့မဟုတ် ကျိုးနွံနာခံခြင်း တစ်ခုမျှ မပါဝင်ပေ။ သူ၏ အလုပ်ဖြစ်စဉ်အတွင်းတွင်၊ ပေါလု၏ ဟောင်းသော စိတ်သဘောထားထဲတွင် မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပွားခဲ့ချေ။ သူ၏အလုပ်မှာ အခြားသူများအား အစေခံခြင်းမျှ ဖြစ်ခဲ့ပြီး၊ သူ၏ စိတ်သဘောထားထဲ ပြောင်းလဲမှုများ ဆောင်ကြဉ်းနိုင်စွမ်း မရှိခဲ့ချေ။...ပေတရုမှာ ကွဲပြားခြားနားသည်။ သူသည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံခဲ့ရသူ တစ်ယောက်ဖြစ်ပြီး၊ စစ်ဆေးခြင်းကို ကြုံပြီးခဲ့သူ ဖြစ်သည်။ ပေတရုအလုပ်၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်သည် ပေါလု အလုပ်၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်တို့နှင့် အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။ ပေတရုသည် ကြီးမားသည့် အလုပ်ပမာဏကို မလုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူ၏ စိတ်သဘောထားသည် ပြောင်းလဲမှုများစွာ ကြုံခဲ့ရပြီး၊ သူဖွေရှာခဲ့သည့် အရာမှာ သမ္မာတရားနှင့် စစ်မှန်သော ပြောင်းလဲမှု ဖြစ်သည်။ သူ၏ အလုပ်ကို အလုပ်အတွက် သက်သက် ဆောင်ရွက်ခဲ့သည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားသခင်၏နှုတ်ကပတ်တော်တို့သည် ကျွန်မ၏နှလုံးသားကိုနှိုးဆွခဲ့ပြီး၊ ကျွန်မတိတ်ဆိတ် သွားခဲ့ရပါသည်။ ကျွန်မ၏အသိစိတ်ကို ပြန်လည်မဆန်းစစ်ပဲ မနေနိုင်သဖြင့် “ရှင်ပေတရုဟာ ဖန်ဆင်းခံတစ်ဦးအနေနဲ့ သူ့တာဝန်ကိုပြည့်စုံအောင် အလုပ်လုပ်ခဲ့ပြီး၊ ဘုရားသခင်ကို ချစ်ရန် နည်းလမ်းကို ရှာဖွေခြင်းလုပ်ငန်းစဉ်ထဲမှာ အလုပ်လုပ်ဆောင်ခဲ့ပါတယ်။ တမန်တော်တစ်ဦးဖြစ်တဲ့ သူ့ရဲ့ရာထူးကိုအသုံးချပြီး အလုပ်မလုပ်ခဲ့ပါဘူး။ကျွန်မသည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိတာဝန်ကို ထမ်းဆောင်ဖို့အတွက် အလုပ်လုပ်နေပါသလား သို့မဟုတ် ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိအလုပ်ကိုသာ လုပ်ဆောင်နေခြင်း ဖြစ်ပါသလား။” ဟု မိမိကိုယ်ကိုပြန်ပြီးမေးခဲ့မိပါသည်။ ဤတွင် တာဝန်များကို ထမ်းဆောင်သည့်အချိန်က ကျွန်မ၏ ပုံစံအမျိုးမျိုးကို ပြန်စဉ်းစားကြည့်မိပါတယ်။ ဘုရားကျောင်းတွင် လုပ်ဆောင်ရန် အလုပ် အများကြီးရှိသည့်အချိန်၊ လုပ်ဖော်ကိုင်ဖက် ညီအစ်မနှင့် ကျွန်မတို့သည် လူများ၏ပြဿနာများကို မိုးသောက်မှ နေဝင်အထိ ဖြေရှင်းပေးရန် ဘုရားကျောင်းကို သွားရသည်ကို ညီအစ်ကိုမောင်နှမအချို့ကတွေ့ပြီး “အစ်မဟာ ဘုရားကျောင်းရဲ့ အလုပ်ဝန်ထုပ်ကို တကယ်ပဲပုခုံးပေါ်ထမ်းထားရတယ်နော်” ဟု ပြောလေ့ရှိ ပါသည်။ ထိုအချိန်တွင် ကျွန်မသည် “ကျွန်မတို့ခေါင်းဆောင်တွေဟာ ဒါတွေလုပ်ဖို့က လွဲလို့ အခြားရွေးချယ် စရာမရှိပါဘူး။” ဟု လွှတ်ခနဲ ပြောမိလေ့ရှိပါသည်။ တစ်ခါတစ်ရံတွင် ကျွန်မ၏ ညီအစ်ကိုမောင်နှမ နှင့် လုပ်ဖော်ကိုင်ဖက်များရှေ့တွင် ကျွန်မ၏ကိုယ်ခန္ဓာ အတွက်စဉ်းစားပြီး သက်တောင့်သက်သာ နေလိုက်လိုပါသည်။ သို့သော် “မဟုတ်သေးဘူး။ ငါဟာခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ငါဟာကောင်းမွန်တဲ့ ပုံဥပမာကိုဆောင်သင့်ပြီး၊ အကျင့်မပျက်သင့်ဘူး။” ဟုကျွန်မစဉ်းစားမိသည်။ ကျွန်မစိတ်အခြေအနေ မကောင်းသည့်အချိန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုချင်စိတ်မရှိသည့်အခါ “ငါဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယူတင်ဝတ်ဆင်ထားခြင်း မရှိဘူးဆိုရင် အခြားလူတွေရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးမလဲ။” ဟုကျွန်မစဉ်းစားလိုက်သည်။ ထို့ကြောင့် မိမိကိုယ်ကိုစွန့်လွှတ်ပြီး ဘုရား၏ နှုတ်ကပတ်တော်များကိုဖတ်ရှုပါသည်။ တစ်ခါတစ်ရံ တွင် ကျွန်မ၏လုပ်ဖော်ကိုင်ဖက်နှင့်အတူ သူမအတူနေသည့် အိမ်ရှင်မိသားစုထံအတူသွားပြီးလျှင် အိမ်ရှင်အမျိုးသမီးမှ ကျွန်မလုပ်ဆောင်ကိုင်ဖက်အား ဆက်ဆံသည့်နည်းတူ ကျွန်မကိုနွေးထွေးစွာ မဆက်ဆံသည်ကို တွေ့ရလျှင် ကျွန်မစိတ်ပျက်သွားပြီး “ရှင်က ကျွန်မဘယ်သူလည်းဆိုတာသိမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်မဟာ သူ့ခေါင်းဆောင်ပဲ။” ဆိုသည့်အတွေးတစ်ခုမတွေးမိပဲမနေနိုင်ခဲ့ပေ။ တစ်ခါတစ်ရံတွင် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ အိမ်ရှင်ညီအစ်ကို မောင်နှမများနှင့် ကျွန်မမိဿဟာယဖွဲ့လိုစိတ်မရှိပေ။ ထိုအခါ “ငါဟာ ခေါင်း ဆောင်တစ်ယောက်ဖြစ်တယ်။ အဲဒါကြောင့် ငါလာလည်ပြီးကာမှ သူတို့နဲ့ မိဿဟာယမဖွဲ့ခဲ့လျှင် သူတို့ဘာထင်ကြမလဲ။ ငါဟာ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတွက် အခြားသူများနဲ့ မိဿဟာယဖွဲ့ရ်မယ်။” စသည့်အတွေးများကို ကျွန်မစဉ်းစားမိပါသည်။ ထိုအပြုအမူ အမျိုးမျိုးသည် ကျွန်မကိုယ်ပိုင်ဝိညာဉ်ရေးရာ ဝတ်ပြုမှု အတွက်ဖြစ်စေ၊ လူများဖြင့် မိတ်သဟာယပြုသည်ဖြစ်စေ၊ အစည်းအဝေးများတက်သည်ဖြစ်စေ၊ သို့မဟုတ် အထွေထွေ ကိစ္စများကို ကိုင်တွယ်သည်ဖြစ်စေ ထိုအရာအားလုံးသည် ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းကြောင့်၊ တာဝန်အချို့ကို လုပ်ဆောင်ဖို့တာဝန်ရှိခြင်းသည်ဟု ခံစားရခြင်းကြောင့် အနည်းအကျဉ်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်မအလုပ်လုပ် နေခြင်းသည် ကျွန်မ၏ရာထူးအတွက် ကြောင့်ပင်ဖြစ်ပါသည်။ ယင်းသည် သမ္မာတရားကိုနားလည်ခြင်းကြောင့်၊ ကျွန်မတာဝန်ကို လုပ်ဆောင် နေရခြင်း၏ နောက်ကွယ်မှအဓိပ္ပါယ်ကို ရှင်းလင်းစွာတွေ့မြင်ခြင်းကြောင့် သို့မဟုတ် ဖန်ဆင်းခံတစ်ဦး၏ တာဝန်နှင့်မဖြစ်မနေလုပ်ဆောင်ရမည့် အရာကို သတိပြုမိခြင်းကြောင့် တက်ကြွစွာနှင့်အပြုသဘောဆောင်စွာ လုပ်ဆောင်နေခြင်းမဟုတ်ကြောင်းတို့ကို ကျွန်မအား သိမြင်လာစေသည်။ ထို့အပြင် ကျွန်မသည် ရှင်ပေတရုလုပ်ခဲ့သလိုမျိုး ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ရှာဖွေသည့် လုပ်ငန်းစဉ်တွင်းတွင် အလုပ်လုပ်နေခြင်းမဟုတ်ပေ။ အကယ်၍ ကျွန်မကိုတာဝန်မှဖယ်ရှားကာ တခြားလူအစားထိုးလိုက်မည့်နေ့ကို ရောက်လာမည်ဆိုလျှင် ခေါင်းဆောင်ရာထူးကို ဆုံးရှုံးလိုက်ရပြီး ယခုကျွန်မဘုရားသခင် အတွက်လုပ်ဆောင် နေသကဲ့သို့ မိမိကိုယ်ကို အသုံးခံမည် မဟုတ်ပါ။ ထိုအချိန်တွင်မှ ကျွန်မသည်သမ္မာတရားကို ကျင့်ကြံအားထုတ်သူ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို စဉ်းစားသူမဟုတ်ကြောင်း သတိပြုလိုက် မိပါသည်။ ကျွန်မသည် အကျိုးရဖို့သာ အစွဲရှိသော၊ သူတော်ကောင်းယောင်ဆောင်သော၊ ပြီးလျှင် နာမည်ကောင်း နှင့်ရာထူး အတွက်သာ အလုပ်လုပ်ဆောင်သော စက်ဆုပ်ဖွယ်ရာလူဆိုးတစ်ဦးဖြစ်ပါသည်။ ကျွန်မ၏ လုပ်ဆောင်မှု နည်းအတိုင်း ဘုရားသခင်ထံ ကိုယ်စိတ်အပ်နှံဖို့ မဖြစ်နိုင်ပါ။ အကြောင်းမှာ ကျွန်မသည် သမ္မာတရားကို မကျင့်ကြံသည့်အပြင်၊ ဘုရားသခင်၏ အလိုတော်ကိုလည်း ဆင်ခြင်တွေးတောခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ ထိုသို့ ကျင့်ကြံပြီး ဆင်ခြင်တွေးတောရမည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ထုတ်ဖော်ထားသည့်အတိုင်း “သူ၏ အလုပ်တွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ ယင်းမှာ အားလုံးမှာ အလုပ် အတွက်သက်သက်သာ ဖြစ်ပြီး၊ ပြောင်းလဲခြင်းအား အားထုတ်ခြင်းအလယ်တွင် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။” ဖြစ်ခဲ့ပါသည်။ ဤသို့အစေခံမှုသည် ဘုရားသခင်၏အလိုတော်နှင့် မည်သို့ကိုက်ညီနိုင်ပါမည်နည်း။ ရှင်ပေါလုသည် တမန်တော်တစ်ဦးအနေဖြင့် သူ၏ရာထူးအတွင်းတွင် အလုပ်လုပ်ဆောင်ခဲ့ပါသည်။ သူဖြတ်သန်းခဲ့ရသည့် ကြီးမားသည့်နာကျင်ခံစားမှုနှင့် အခြားသူများအပေါ်သူထားရှိခဲ့သည့် ကရုဏာများ ကို သက်သေခံခဲ့ပါသည်။ သူသည် ရှင်ပေတရုကိုပင်နှိမ့်ချပြီး မိမိကိုယ်ကို တမန်တော်အားလုံး၏ ခေါင်းဆောင်တစ်ဦးအဖြစ် ချီးမြှောက်ခဲ့ပါသည်။ သူသည် ခရစ်တော်နည်းတူရှင်သန်ခဲ့သည်ဟုလည်းပြောပြီး၊ သူ့ရှေ့မှလူများကို အမြဲဦးဆောင် ခဲ့ပါသည်။ ကျွန်မသည်လည်း ခေါင်းဆောင်တစ်ဦးကဲ့သို့ ရာထူးကိုအသုံးချပြီး အလုပ်လုပ်ခဲ့ပါသည်။ ထို့အပြင် ကျွန်မလုပ်သမျှအရာအားလုံးသည် ရာထူးနှင့် ကျွန်မညီအစ်ကိုမောင်နှမများ၏ နှလုံးသားထဲမှ ကျွန်မ၏ပုံရိပ်ကို ကာကွယ်ရန်သာဖြစ်ပါသည်။ ဤသို့သော စိတ်သဘောထားနှင့် ရည်ရွယ်ချက်သည် ရှင်ပေါလုစိတ်သဘောထားနှင့် မည်သို့ကွာခြားပါမည်နည်း။

ထိုအချိန်တွင်ကျွန်မ၏ လုပ်ရပ်များနှင့်အပြုအမူအတွက် အလွန်အရှက်ရမှုကို မခံစားရမနေနိုင်ပဲ- “အိုး၊ ဘုရားသခင် ကျွန်မရဲနုံအမှုမှ နိုးထခွင့်ပေးတဲ့ ကိုယ်တော့်နှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ စီရင်ဆုံးမမှု အတွက်၊ ကျွန်မရဲ့စစ်မှန်တဲ့အခြေကို သတိပြုမိစေခဲ့တဲ့အတွက်၊ ကျွန်မရဲ့ အလုပ်နဲ့ တာဝန် ထမ်းဆောင်ခြင်းဟာ ရှင်ပေါလုနဲ့ထပ်တူတူညီနေတယ်ဆိုတာကို ပြသပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။ ကျွန်မလျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ ရှင်ပေါလုက ဘုရားသခင်ကို အာခံနေတဲ့ လမ်းကြောင်းအတိုင်းတစ်ထစ်ချဖြစ်နေပြီး ဒါဟာကိုယ်တော်အင်မတန် ရွံရှာပါတယ်။ အိုး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်မရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်များနဲ့ အမြင်များကို ကိုယ်တော် နှုတ်ကပတ်တော်ရဲ့ စောင့်ရှောက်မှုအောက်မှာ ပြောင်းလဲပစ်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မရဲ့ ရာထူးကို ဖန်ဆင်းခံ တစ်ဦးအနေနဲ့ရယူလိုပြီး၊ ကိုယ်တော့်ကိုစိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ တာဝန်ကို ပြည့်ဝစွာဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့အပြင် ရှင်ပေတရုလမ်းကြောင်းထံသို့ ရှေ့ဆက်လှုပ်ရှားဖို့နဲ့ ရှာဖွေနိုင်ဖို့ အကောင်းဆုံးလုပ်ဆောင် လိုပါတယ်။ ဟု ဘုရားသခင်ရှေ့ ဒူးထောက်ပြီး ဆုတောင်းခဲ့ပါသည်။”

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နောက်လိုက်ခြင်းမှ ကျွန်ုပ်ကို မည်သည့်အရာက ဟန့်တားနေသည်း

ချန်မင် တရုတ်နိုင်ငံ အဲဒါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဖြစ်ပြီး၊ ကျွန်မတို့ ဘုရားကျောင်းက ခေါင်းဆောင် နှစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်။...

အရှိအတိုင်း ကျွန်မ ဖော်ထုတ်ခံရခြင်း

ဝေးရှောင် စပိန်နိုင်ငံ ဒီနှစ်အစောပိုင်းမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်တုန်းက ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မဝမ်က...

နာမကျန်းဖြစ်သည့် အချိန်များမှတစ်ဆင့် ဆင်ခြင်သုံးသပ်မှုများ

ရှီကျိ အမေရိကန်နိုင်ငံ ကျွန်မက ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာ လေ့ရှိတယ်။ ကျွန်မကို လမစေ့ခင်မွေးပြီး၊ အမေ့ဗိုက်ထဲက ထွက်လာကတည်းက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။